← Chapters

ကျင့်ကြံသူများ  

Vol. 161 Ch. 2290

ကျင့်ကြံသူများ  

Vol. 161 Ch. 2290

နတ်ဆိုးကလန်၏ မဟာအကြီးအကဲ သတ်ဖြတ်ခံရပြီးနောက် ရီဖူရှင်းနှင့် အခြားသူများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်လာကြသော်လည်း ထိုအဖြစ်အပျက်က မူလဘုံအတွင်း အတော်လေး မုန်တိုင်းထန်သွားစေသည်။

ဗဟိုအင်ပါယာဘုံမှ ထိပ်သီးကျင့်ကြံသူများစွာက တိုက်ပွဲကို အာရုံစိုက်ထားကြပြီး သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရီဖူရှင်းနှင့် အခြားလူများက ပြန်ရောက်လာခဲ့သည်။ သူတို့သည် စီ​ဝေ့ကြယ်ကမ္ဘာသို့ မထွက်ခွာရသေးခင် အချို့သော ကျင့်ကြံသူများက သူတို့ထံ သူနှင့် တွေ့ဆုံရန် ရောက်လာကြပေသည်။

ပင်မခန်းမရှေ့တွင် ရီဖူရှင်းသည် နတ်အာရုံနှင့် စူးစမ်းကြည့်လိုက်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော် ရှေ့မှ လူတစ်စုကို မြင်လိုက်ရသည်။

ရောက်လာသူများကို ကြည့်ပြီး ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးမာနှင့် မျက်မမြင်ထျယ်ကဲ့သို့ သူများသည်ပင် မျက်ခုံးများကို ပင့်လိုက်ကြသည်။ ထို့နောက် မျက်မမြင်ထျယ်က ဟမ့်ခနဲ အထင်အမြင်သေးစွာ နှာမှုတ်ရင်း ပြောလိုက်သည်။ "သူတို့က ဒီနေရာကို ဘာလာလုပ်တာလဲ။"

"သူတို့ ရောက်နေပြီဆိုမှတော့ ဝင်လာဖို့ ပြောလိုက်ပါ။" ရီဖူရှင်းက ဂရုမစိုက်ဘဲ ညွှန်ကြားချက်တစ်ခု ပေးလိုက်သည်။ ချက်ချင်းပင် တစ်စုံတစ်ယောက်က အမိန့်ကို သယ်ဆောင်သွား၏။

တခဏကြာပြီးနောက် တစ်စုံတစ်ယောက် ရောက်ရှိလာကာ ရီဖူရှင်းသည် ထိုလူက မုယွင်လုံ ဖြစ်နေခဲ့သည်။ သူ့နောက်တွင် မုယွင်လန် ရှိနေသော်လည်း သူက စိတ်ပါဝင်စားမှု မရှိပုံရသည်။ သူက လက်နှစ်ဖက်ကို နောက်သို့ပစ်ထားကာ ရီဖူရှင်းနှင့် မျက်မမြင်ထျယ်တို့ထံ ကြည့်လိုက်သည်။ သူ့အမူအရာသည် ဇဝေဇဝါအချို့ ဖြစ်နေပုံရသည်။

"ဒီနေရာမှာ ဘယ်လိုများ မျက်နှာလာပြရဲသေးတာလဲ။" ဖန်းကိုင့်က ထေ့ငေါ့ကာ ပြောလိုက်သည်။ အတိတ်တွင် ဖြစ်ခဲ့သည့် အားလုံးသော ပြဿနာများက မုယွင်လုံကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က ရွာတွင် ကျင့်ကြံနေဆဲ ဖြစ်လိမ့်မည် ဖြစ်ကာ ထိုအဖြစ်အပျက်၏ အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်လည်း မဟုတ်ပေ။ မုယွင်လုံသည် ရည်မှန်းချက်ကြီးလှပြီး ရွာကို စိုးမိုးကာ ဆရာသခင်အား အစားထိုးရန်ပင် အကြံအစည်ရှိခဲ့သည်။

သို့သော် ယခုတွင် ထိုရည်မှန်းချက်က အတော်လေး ရယ်ရွှင်ဖွယ် ဖြစ်နေခဲ့သည်။ မုယွင်လုံတစ်ယောက်တည်းနှင့် ဆရာသခင်၏ နေရာကို အစားထိုးနိုင်ပါမည်လား။

ဆရာသခင်သည် ရွာ၏ အဓိကပုဂ္ဂိုလ်ဖြစ်ကာ စစ်မှန်သော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သူက ထိုနေရာ၌ ရှိနေသရွေ့ လေးမျက်နှာကျေးရွာသည် အမြဲတမ်း ထိုကဲ့သို့သာ တည်ရှိနေလိမ့်မည်ဖြစ်ပြီး မည်သူကမှ စိန်ခေါ်နိုင်လိမ့်မည် မဟုတ်ပေ။

အမှန်တွင် မုယွင်လုံသည် အလွန် ရှက်ရွံ့နေသော်လည်း သူက ဤနေရာသို့ လာနေဆဲ ဖြစ်သည်။ သူသည် ဆရာသခင်က မူလဘုံ၏ နယ်မြေသို့ ဆင်းသက်လာပြီး မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ကာ ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ပွဲစွမ်းအားကို ထုတ်ဖော်ခဲ့သည်။ အချို့သည် ဆရာသခင်က မဟာအင်ပါယာအဆင့်၌ ရှိနေသည်ဟု ခန့်မှန်းမိလိုက်သည့်အခါ သူသည် ကြီးစွာသော ထိတ်လန့်တုန်လှုပ်ခြင်းနှင့်အတူ အဆုံးမဲ့ နောင်တတရားတို့ကို ခံစားလိုက်ရသည်။

ထိုအချိန်က သူတို့သည် လေးမျက်နှာကျေးရွာကို ဆန့်ကျင်၍ ထွက်ခွာလာခဲ့ခြင်းမှာ ရယ်စရာကောင်းလှပြီး ပို၍ ရယ်စရာကောင်းသည်မှာ သူသည် တစ်ချိန်က ရွာအတွင်း၌ ဆရာသခင်၏ နေရာကို အစားထိုးရန် တွေးမိခဲ့ခြင်း ဖြစ်လေသည်။

ယခု သူတို့သည် မျက်မမြင်ထျယ်က အဆင့်တက်သွားကာ အထွတ်အထိပ်အဆင့်မှ ရန်ဟောင်တစ်ပါးကို သတ်ဖြတ်ခဲ့သည်အား မျက်မြင်တွေ့ခဲ့ကြရသည်။ မုယွင်လုံ၏ ကျင့်ကြံခြင်းက မျက်မမြင်ထျယ်ထက် ပိုမို နက်ရှိုင်းပြီး သူ၏ သားအကြီးဆုံး မုယွင်လန်သည်ပင် မျက်မမြင်ထျယ်ထက် မနိမ့်ကျသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ ရှန်ချင်းနယ်မြေအတွင်းရှိ တိုက်ပွဲတွင် သူက မျက်မမြင်ထျယ်ကို ဖိနှိပ်နိုင်စွမ်း မရှိခဲ့သော်လည်း အတော်လေး ကောင်းမွန်သည့် ရလဒ်ရရှိခဲ့သည်။

သို့သော် ယခု သူတို့ကြားမှ ကွာခြားချက်က အလွန် ကြီးမားလှပြီး သေချာပေါက်ပင် သူသည် ယခု ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်များကြောင့် သူက ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ သူတို့က ရွာ၌ ကျင့်ကြံနေဆဲ ဖြစ်လျှင် ဆရာသခင်နှင့် ကြယ်ကောင်းကင်ကမ္ဘာအတွင်းမှ အင်ပါယာကြယ်အား ဆက်သွယ်၍ နားလည်သဘောပေါက်ရန် ကြိုးစားနိုင်ပေလိမ့်မည်။

သို့သော် သူတို့က ရွာမှ ထွက်သွားရုံမျှမက ရီဖူရှင်းနှင့် ရန်ငြိုးကိုပင် ဖန်တီးခဲ့မိသည်။ နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲ၏ သေဆုံးခြင်းက သူတို့ကို သတိထားမိစေခဲ့၏။ ထို့ကြောင့် ဤတစ်ကြိမ်၌ သည်ခရီးကို သေချာပေါက် စွန့်စားလာခဲ့ခြင်းပင်။

ရီဖူရှင်းနှင့် အနာဂတ်၌ သူတို့ကို လက်စားချေလာလျှင် မည်သို့လုပ်ရမည်နည်း။

ယနေ့ ပြသသွားခဲ့သော ကောင်းကင်အာဏာစက်ကျောင်းတော်၏ ခွန်အားနှင့် နန်ဟိုင်မိသားစုသည်ပင် သူတို့၏ ဒေါသကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်း၏ စရိုက်အရ သူက သူတို့၏ တံခါးကို လာခေါက်ကာ လက်တုန့်ပြန်ရန် ဖြစ်နိုင်ချေ အလွန် များပေသည်။

"အစပိုင်းမှာ ဖြစ်ခဲ့သမျှက ကျုပ်ရဲ့ အမှားတွေချည်းပါပဲ။ ကျုပ် ဝန်ခံပါတယ်။ ​ဒါပေမယ့် ကျုပ်တို့ အားလုံးက တစ်ရွာတည်းသားချင်းတွေဖြစ်ပြီး တူညီတဲ့ မျိုးဆက်သွေးတွေ စီးဆင်းနေကြတာ။ ဘယ်သူမှ ဒါကို မငြင်းနိုင်ဘူး။ အဘိုးမာ ကျုပ်တို့ရဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ မိတ်ဆွေဆက်ဆံရေးအတွက် ဆရာသခင်ဆီကနေ ခွင့်လွှတ်မှုတောင်းခံနိုင်ဖို့ မေးပေးနိုင်မလား။ ကျုပ် ရွာကို ပြန်လာပြီး ကျင့်ကြံဖို့ ဆန္ဒရှိပါတယ်။" မုယွင်လုံသည် သူတို့၏ တစ်ချိန်တစ်ခါက ဆက်ဆံရေးကို ပြန်လည်ဖွင့်ဟကာ တောင်းဆိုချက်ကို ပြုလုပ်လာသည်။

သို့သော် လူတိုင်းသည် သူ မည်သည့်အရာအတွက် ရောက်လာသည်ကို သိရှိပေသည်။ သူက ကျင့်ကြံရန် ပိုမို ကောင်းမွန်သည့် အရင်းအမြစ်တို့အား ရှာဖွေရန် လာခြင်းသာ ဖြစ်သည်။ ထပ်ပြောရလျှင် သူသည် ယခုအချိန်၌ ရီဖူရှင်းကို ထိတ်လန့်နေပြီး ရန်ကြွေးများ ဖြေရှင်းခံရမည်ကို ကြောက်ရွံ့နေသည်။

"မင်း ထွက်သွားချင်တဲ့အချိန်က ထွက်သွားပြီး အခု မင်း ပြန်လာချင်တဲ့ အချိန်ကျမှ ပြန်လာဖို့ မေးနေတာ။ မင်းက ကျုပ်တို့ ရွာကို ဘယ်လို နေရာမျိုးလို့ ထင်နေလို့လဲ။" အဘိုးမာက ထေ့ငေါ့ကာ ပြောလိုက်သည်။ ထိုအချိန်က မုယွင်လုံနှင့် အခြားလူများသည် ရီဖူရှင်းအား ဆွဲချချင်ခဲ့ပြီး သူ့ကို တိုက်ခိုက်ခဲ့ကြသည်။

မုယွင်လုံ၏ အငယ်ဆုံးသား မုယွင်ရှုက ပို၍ပင် ရက်စက်သေးသည်။ သူက မျက်မမြင်ထျယ်၏ သား ထျယ်ထိုကို သေစေနိုင်သော တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခဲ့ပြီး အညှာအတာလုံးဝ မရှိခဲ့ပေ။

ထို့ပြင် မုယွင်လန်ကိုယ်တိုင်က နန်ဟိုင်မိသားစု၏ သားမက် ဖြစ်သည်။

ယခု သူက ရွာသို့ ပြန်လာချင်နေသည်လား။

"ကျုပ်က ဆန့်ကျင်မိခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျုပ်တို့က ဇာစ်မြစ်တူတွေပဲလေ။ ဆရာသခင်က ကျုပ်တို့ကို အပြစ်ပေးချင်တယ်ဆိုရင် ကျုပ် လက်ခံမှာပါ။ အနာဂတ်မှာ ကျုပ်တို့က ခင်ဗျားတို့ ရဲ့ စကားတွေကို လိုက်နာဖို့ ဆန္ဒရှိပါတယ်။" မုယွင်လုံသည် ခေါင်းကို ငုံ့ကာ သူ ယခင်က ကျူးလွန်ခဲ့သော အပြစ်များအား ဝန်ခံနေခဲ့သည်။ သူက ရွာသို့ ပြန်ခွင့်ရရန်အတွက် ဂုဏ်သိက္ခာကို ဘေးချိတ်ထားခဲ့ပေသည်။

ရီဖူရှင်းက သူ့နောက်မှ မုယွင်လန်ကို ကြည့်လိုက်ပြီး ထိုသူက နောက်တွင် မည်သည့်စကားမှ မဆိုဘဲ ရပ်နေသည်ကို မြင်လိုက်ရသည်။ သိသာစွာပင် အပြစ်ကို လာဝန်ခံပြီး ရွာသို့ ပြန်ရန်မှာ သူ့အကြံအစည်မဟုတ်ဘဲ သူက မုယွင်လုံ၏ ဆွဲခေါ်လာခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ မဟုတ်လျှင် မုယွင်လန်၏ မောက်မာတတ်သော သဘာဝအရ သူက ဤနေရာသို့ လာပြီး ခေါင်းငုံ့သည်းခံရန်မှာ ​ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

အဆုံးမှာတော့ သူတို့၏ ခေါင်းများကို နှိမ့်ချထားလျှင်ပင် ရလဒ်အား အာမခံနိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပါချေ။

သူက ရီဖူရှင်း၏ အကြည့်များကို သတိထားမိလိုက်ပြီး မုယွင်လန်ကလည်း ရီဖူရှင်းအား ပြန်ကြည့်လိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများထဲမှ နက်ရှိုင်းသော တစ်နေရာတွင် မည်သည့် လှုပ်ခတ်မှုမှ ရှိမနေဘဲ ခံစားချက်မဲ့နေပြီး ပကတိ တည်ငြိမ်နေ၏။ ထိုသည်မှာ သူက မုယွင်လန်၏ တည်ရှိမှုကို လုံးဝ ဂရုမစိုက်သလိုပင် ဖြစ်သည်။ ထိုအကြည့်များကို သေချာပေါက် ရင်းနှီးပေသည်။ တစ်ချိန်က သူသည်လည်း ရီဖူရှင်းအား ထိုသို့သော အကြည့်မျိုးနှင့် ကြည့်ခဲ့ဖူးသည်။

၎င်းက လျစ်လျူရှုကာ ဂရုမစိုက်သော အကြည့်တို့ ဖြစ်သည်။ ယခု သူ့ကို ထိုကဲ့သို့ ကြည့်လာသူမှာ ရီဖူရှင်း ဖြစ်နေခဲ့သည်။ ယခုအချိန်၌ ရီဖူရှင်း၏ မျက်လုံးများထဲတွင် မုယွင်လန်က မည်သည့် ထိုက်တန်မှုမှ ရှိမနေပေ။ ရီဖူရှင်း၏ လက်ထံတွင် ထိန်းချုပ်ထားသော အင်အားအပြင် ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်ကလည်း အားကောင်းလှကာ မုယွင်လန်က သူနှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

ရီဖူရှင်း၏ အကြည့်များက မုယွင်လုံထံသို့ တဖြေးဖြေး ရွှေ့သွားကာ ပြောလိုက်သည်။ "ပထမဆုံး မုယွင်ရှုကို ခေါ်လာပြီး သူ့ရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပစ်ရမယ်။ မုယွင်ကလန်ရဲ့ ရိုးသားစစ်မှန်မှုကို ပြသပေး။"

မုယွင်လုံ၏ မျက်လုံးများက ထက်ရှလာပြီး သူ့မျက်နှာထက်မှ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားပေသည်။ သူသာလျှင် မဟုတ်ဘဲ မုယွင်လန်သည်ပင် ရီဖူရှင်းအား အေးစက်စွာ ကြည့်နေခဲ့သည်။ သူက သူတို့အား မုယွင်ရှု၏ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ရန် ပြောနေသည်လား။

သူတို့က ထိုသည်ကို မည်ကဲ့သို့ သဘောတူရန် ဖြစ်နိုင်ပါမည်နည်း။

"အင်ပါယာရီ ကျုပ်တို့က ဖြစ်ပျက်ခဲ့တာတွေအတွက် စစ်မှန်ရိုးသားစွာနဲ့ တောင်းပန်နေတာပါ။ မင်း အဲဒီလောက်ထိ ရက်စက်ဖို့ မလိုပါဘူး။" မုယွင်လုံက ပြန်ဖြေလိုက်သည်။

"ကျုပ်လည်း အတော်လေး စစ်မှန်ပါတယ်။" ရီဖူရှင်းက မုယွင်လုံကို ကြည့်လိုက်သည်။ "ကျုပ် အရင်တုန်းက ခင်ဗျားတို့ လုပ်ခဲ့တာတွေကို ထပ်မပြောတော့ဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ အငယ်ဆုံးသား မုယွင်ရှုက အရမ်းရက်စက်ပြီး ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အကွက်ဆင်တတ်နေပြီ။ ကျုပ်တို့က သူ့ရဲ့ ကျင့်ကြံခြင်းကို မဖျက်ဆီးဘဲ ဘယ်လိုလုပ် ရွာဆီပြန်ပြီး ကျင့်ကြံခွင့်ပြုလို့ရမှာလဲ။ ကျုပ်တို့က ခင်ဗျားလိုလူမျိုး နောက်တစ်ယောက်ကို ပျိုးထောင်ပေးမယ်လို့တော့ တကယ် ထင်မနေဘူးမလား။"

ရီဖူရှင်း၏ အသံက လုံလောက်အောင် တည်ငြိမ်နေသော်လည်း သူ၏ စကားလုံးများထဲတွင် အလွန် သိသာနေသော ဂရုမစိုက်ခြင်းတို့ ရှိနေသည်။ ရှင်းလင်းစွာပင် ၎င်းက မဖြစ်နိုင်ပေ။

"ခင်ဗျားတို့ကို အနှောက်အယှက်ပေးမိတာ အားနာပါတယ်။" မုယွင်လုံက ပြောလိုက်သည်။ သူက ပြန်လှည့်ထွက်သွား၏။

"အနာဂတ်မှာ အခွင့်အရေးရရင် ကျုပ် မုယွင်ကလန်ကို လာလည်ပါဦးမယ်။" ရီဖူရှင်းက သာမန်ကာလျှံကာ ပြောလိုက်သော်လည်း မုယွင်လုံအား တုန့်ခနဲ ရပ်တန့်သွားစေခဲ့သည်။ သူက ခေတ္တ ရပ်လိုက်ပြီးနောက် ထွက်ခွာရန် စတင်လှုပ်ရှားလိုက်ပြီး လေးလံသော ခြေလှမ်းများနှင့် ထွက်ခွာသွားသည်။

ရီဖူရှင်း ပြောသည့်စကားက အတော်လေး အဓိပ္ပါယ်ရှိပေသည်။

မုယွင်လုံ ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်က နောက်တစ်ခါ လာရောက် တင်ပြပြန်သည်။ "ကောင်းကင်​ဒေသက အင်အားစုတွေ အပြင်ဘက်မှာ ရောက်နေပြီး တွေ့ဆုံခွင့်တောင်းနေပါတယ်။"

ရီ​ဖူရှင်း၏ နတ်အာရုံက ကောင်းကင်အာဏာစက်ကျောင်းတော် အပြင်ဘက်သို့ မျောလွင့်သွားပြီး ရောက်ရှိနေသည့် ထိပ်သီးအင်အားစုများစွာကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ကြည့်ရသည်မှာ ၎င်းက ထိုတိုက်ပွဲကြောင့် ဖြစ်ပုံရသည်။ သူသည် ဦးလေးထျယ်၏ အဆင့်တက်မှုက ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများအပေါ် ထိုမျှ အကျိုးသက်ရောက်မှု ရှိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ကြည့်ရသည်မှာ ထိုအဖြစ်အပျက်၏ အလှည့်အပြောင်းကြောင့် ကိုယ်ပိုင် အတွေးအမြင်တချို့ ရှိလာကြပုံရသည်။

အဆုံးမှာတော့ ၎င်းသည် ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ခြင်း ​ဖြစ်သည်။ သူက ကောင်းကင်ဒေသ၏ ထိပ်ဆုံး၌ ရပ်တည်နေသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပြီး ဖြစ်ပေသည်။

All Chapters