ကျင့်ကြံခြင်း
Vol. 1 Ch. 1
အဇူရာတိမ်တိုက်ဂိုဏ်း၏ တောင်နှလုံးသားခန်းမဆောင်ပေါ်တွင် တည်ရှိသော သေးငယ်၍ ဟောင်းနွမ်းနေသည့် တဲအိမ်လေးတစ်လုံးအတွင်း၌ လူငယ်လေးတစ်ဦးသည် ခြောက်သွေ့သော အရွက်များဖြင့် ယာယီပြုလုပ်ထားသည့် အိပ်ရာပေါ်တွင် ပက်လက်လှန်ကာ လဲလျောင်းနေသည်။ ဤဟောင်းနွမ်းနေသော အိမ်ကလေးက သက်တောင့်သက်သာဖြစ်မှု နည်းပါးလှသည်။ ၎င်း၏ သစ်သားကြမ်းခင်းများက ဟောင်းနွမ်းအေးစက်နေပြီး နံရံများသည်ပင် တောင်ပေါ်မှ အအေးဒဏ်ကို မနည်းတားဆီးပေးထားရသည်။ သို့သော် ထိုကောင်လေးသည် ပတ်ဝန်းကျင်၏ ကြမ်းတမ်းမှုဒဏ်ကို မခံရသူပမာ မလှုပ်မယှက်လှဲနေကာ အကာအကွယ်မဲ့၍ ပစ်ပယ်ထားသည့်ပုံစံဖြင့် ရှိနေခဲ့သည်။
ဤငြိမ်းချမ်းသော မြင်ကွင်းက ကြာရှည်မခံခဲ့ချေ။ ထိုလူငယ်လေး၏ ခန္ဓာကိုယ်က စတင်ကာ တဆတ်ဆတ်တုန်လာသည်။ သိမ်မွေ့သော လှုပ်ရှားမှုများက ပြင်းထန်သောအကြောဆွဲမှုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ နဖူးတစ်လျှောက် ချွေးများ စီးကျကာ သူ၏ ရိုးရှင်းသောအဝတ်အစားများက ချွေးများဖြင့်ရွှဲနှစ်နေခဲ့သည်။ သူ၏မျက်နှာသည် ပြင်းထန်သောဝေဒနာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အိပ်မက်နှင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြား နယ်နိမိတ်ကို ကျော်လွန်သွားသည့် ထိတ်လန့်ဖွယ် အိပ်မက်ဆိုးတစ်ခုတွင် ပိတ်မိနေသည့်အလားပင်။
လူငယ်လေးသည် အားကုန်ထုတ်၍ မောဟိုက်စွာ အသက်ရှူရင်း ရေနစ်သူတစ်ဦး ရေမျက်နှာပြင်သို့ ရောက်လာသကဲ့သို့ လေကို အငမ်းမရ ရှူသွင်းရင်း ထထိုင်လိုက်သည်။ သူသည် အံအားသင့်နေသော မျက်လုံးများဖြင့် မရင်းနှီးသော နေရာတစ်ဝိုက်ကို ထိတ်လန့်တကြားဖြင့် လှည့်ပတ်ကြည့်ရှုနေပြီး သူ၏ကြောက်ရွံ့တုန်လှုပ်နေသောစိတ်အား အသက်ရှူသံတိုင်းတွင် ထင်ရှားစွာကြားနေရသည်။ ခဏအကြာတွင် သူ၏ အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး စကားပြောနိုင်လောက်အောင် တည်ငြိမ်လာသည်။
“ငါ... ဘယ်ရောက်နေတာလဲ”
သူသည် အသံသြသြဖြင့် တိုးတိုးလေး မေးလိုက်သည်။ ထိုအသံက အနည်းငယ်ကွဲအက်
နေသည်။
“ငါ အလုပ်မှာ မဟုတ်ဘူးလား”
သူသည် ကြမ်းပြင်ကို အားပြုကာ မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း သူ၏ ကိုယ်လက်အင်္ဂါများသည် မွေးခါစ သားပေါက်တစ်ကောင်ကဲ့သို့ တဆတ်ဆတ်တုန်နေ၏။ တစ်ကြိမ် နှစ်ကြိမ်ခန့် ယိုင်နေပြီးမှ နောက်ဆုံးတွင် ဟန်ချက်ကို ရှာတွေ့ကာ တဲအိမ်၏ ဟောင်းနွမ်းနေသော ပျဉ်ပြားများပေါ်တွင် တုံ့ဆိုင်းစွာ လျှောက်လှမ်းလိုက်သည်။
သူ လှုပ်ရှားနေစဉ် တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်ကာ သေးငယ်သော မှန်ပြတင်းပေါက်မှာ ဝေဝါးနေသော်လည်း ထိတ်လန့်စရာကောင်းသော အမှန်တရားကို ဖော်ပြရန်အတွက် လုံလောက်စွာ ကြည်လင်လွန်းလှသည်။
သူ့အားပြန်ကြည့်နေသော မျက်နှာမှာ သူ့မျက်နှာ မဟုတ်ပေ။ ထို့ထက်ပို၍ဆိုရလျှင် ၎င်းသည် သူ၏မျက်နှာ ဖြစ်သော်လည်း အခြေခံအားဖြင့် ပြောင်းလဲသွားခဲ့ခြင်းပင်။
မတူညီသော အရိုးဖွဲ့စည်းပုံ၊ မတူညီသော မျက်နှာသွင်ပြင်များနှင့် တူညီသော အသိဉာဏ်
သာလျှင် သူစိမ်းတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည်ကို တွေ့လိုက်ရခြင်းပင်။
“ဘာတွေ ဖြစ်နေတာလဲ”
သူသည် အသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။ ထိုစကားများ ပြောလို့ မဆုံးမီမှာပင် သူ၏ဦးခေါင်းခွံကို ဖြတ်၍ ဝင်လာသော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ ၎င်းသည် အရည်ပျော်နေသော သတ္တုကို ဦးနှောက်ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး အာရုံကြောတိုင်းက တုန်ခါနေသလိုပင်။
သူသည် လက်နှစ်ဖက်ကြားတွင် သူ့ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး အာခေါင်ခြစ်သံဖြင့် အော်ဟစ်လိုက်ကာ ဒူးထောက်လဲကျသွားတော့သည်။ ထိုနာကျင်မှုက သတိလစ်မူးမေ့သွားလောက်အောင် ပြင်းထန်လွန်းသည်။ သူ၏ ခန္ဓာကိုယ်က ကြမ်းပြင်မာပေါ်တွင် ပြင်းထန်စွာ တလှဲကျသွားပြီး သူ၏ခြေလက်များမှာ ထိန်းချုပ်၍မရဘဲ တဆတ်ဆတ်တုန်နေတော့သည်။
ထို့နောက် နာကျင်မှုက ဖြည်းဖြည်းလျော့နည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသောနာကျင်မှုမှ တဖြည်းဖြည်းစိတ်ကြည်လင်လာခဲ့သည်။ သူသည် ဖြည်းဖြည်းချင်းထကာ ထိုင်လိုက်ပြီးနောက် အရာရာကိုနားလည်လာတော့သည်။
သူ၏ နာမည်မှာရှန်းယွီဖြစ်ပြီး သမိုင်းဝင် စစ်သူကြီး မဟုတ်ဘဲ သာမန်ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။
သူ၏ သက်တောင့်သက်သာရှိပြီး ကြိုတင်ခန့်မှန်းနိုင်သော ဘဝမှ ဆွဲထုတ်ခံရပြီး... ဤနေရာထဲသို့ ပစ်ချခံလိုက်ရသူ ဖြစ်သည်။ ဤနေရာသည် သူနေထိုင်ခဲ့သောကမ္ဘာနှင့် လုံးဝကွဲပြားသော နေရာဖြစ်ပြီး ရိုးရိုးကမ္ဘာ မဟုတ်ဘဲ ထိုကမ္ဘာရှိ မသေမျိုးနတ်ဘုရားများက ကောင်းကင်ယံတွင်ပျံဝဲနေကြပြီး နတ်ဆိုးများက ရှေးဟောင်းသစ်တောများတွင် ပုန်းအောင်းနေသည့် ကျင့်ကြံရေးလောကတစ်ခုသို့ရောက်သွားခြင်းပင်။
ဒါက အိပ်မက်ထဲက အခြေအနေ ဖြစ်သင့်တာ မဟုတ်ဘူးလား။ ပျင်းရိနေတဲ့ ရုံးဝန်ထမ်းတိုင်း စာရင်းဇယားတွေကို ကြည့်ရင်း တိတ်တိတ်လေး မျှော်လင့်ထားတဲ့ စိတ်ကူးယဉ်မှု မဟုတ်ဘူးလား။
ထိုသို့ဖြစ်သွားခြင်းက ရှန်ယွီအတွက် အိပ်မက်ဆိုးတစ်ခုပင်။
သူ၏ အိပ်မက်များက ရိုးရှင်းလွန်းလှသည်။ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ကာ သူမြတ်နိုးရသောဇနီးသည်လေးနှင့် အေးအတူပူအမျှနေထိုင်ကာ သားသမီးများကို ပြုစုပျိုးထောင်ဖို့ပင်။
ယခုသူသည် အစစအရာရာကွဲပြားခြားနားသောကမ္ဘာတစ်ခုသို့ရောက်သွားခြင်းပင်။
ဘာပဲဖြစ်ဖြစ်လေ ငါ ဒီကမ္ဘာမှာ သာမန်ဘဝနဲ့ပဲနေလို့မရဘူးလား။ ဒီကမ္ဘာကြီးမှာ ငါဘယ်လို အသက်ရှင်အောင် နေထိုင်ရမှာလဲ။ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ ကမ္ဘာမှာ စိတ်ဝိညာဉ်အမြစ်မရှိတဲ့ သာမန်လူတစ်ယောက်က ဘယ်လို အသက်ရှင်နိုင်မှာလဲ။ ငါလေး ဒီသနားစရာကောင်းတဲ့ တဲအိမ်အပြင်ကို ခြေချတာနဲ့ ချက်ချင်း အသတ်ခံရမှာ သေချာတယ်…..
စိတ်ပျက်အားငယ်မှုက သူ့ကို လွှမ်းမိုးတော့မည့်အချိန်တွင် မျက်နှာပြင်တစ်ခုက သူ၏မျက်လုံးများရှေ့၌ ပေါ်လာသည်။
[အနန္တ နိုးထခြင်းစနစ်က လက်ခံသူနှင့် ချိတ်ဆက်နေပါသည်]
[ခဏစောင့်ပါ...]
ထိုစာသားသည် လေထဲတွင် ပျံဝဲနေသည်ကို ရှန်ယွီတစ်ယောက် တုန်လှုပ်စွာ ကြည့်နေမိသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အသိပေးချက် နောက်တစ်ခု ပေါ်လာသည်။
[စနစ် ချိတ်ဆက်မှု အောင်မြင်ပါသည်]
မျက်နှာပြင်က ပိုမိုကျယ်ပြန့်လာပြီး သူ၏ သနားစရာကောင်းသော အခြေအနေများကို ပြသနေသည်။
[အမည်: ရှန်ယွီ]
[နယ်ပယ်: သေမျိုး]
[မျိုးစိတ်: လူသား]
[ဝိညာဉ်အမြစ်: မရှိ]
[နည်းစနစ်များ: မရှိ]
[ကျမ်းဂန်များ: မရှိ]
[စနစ်လုပ်ဆောင်ချက်: အတွေ့အကြုံ နှစ်ဆတိုးခြင်းနည်းစနစ် (ပြန်လည်အသုံးပြုချိန်: ၂၄ နာရီ)]
ရှန်ယွီသည် သူ့ရှေ့တွင် ပျံဝဲနေသော တောက်ပသည့် မျက်နှာပြင်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။ ထိုအပြာရောင် မျက်နှာပြင်သည် အွန်လိုင်းဝတ္ထုထဲရှိ ဇာတ်လိုက်များစွာ ခံစားခဲ့ရသည့်အရာကို အတည်ပြုပေးလိုက်ခြင်းပင်။ သူသည် ဘဝကူးပြောင်းလာသည့်အခါ စနစ်တစ်ခုကို တကယ်ပင် ရရှိခဲ့ခြင်းပင်။
အွန်းလိုင်းဝတ္ထုထဲက နတ်ဘုရားတွေက အလိမ်အညာမဟုတ်ဘူးပဲ။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုစနစ်အကြောင်း နားလည်မှုက သူ့ဦးနှောက်ထဲသို့ တိုက်ရိုက် အပ်လုဒ်လုပ်လိုက်သကဲ့သို့ သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူ၏ စနစ်သည် အတွေ့အကြုံမှတ်များကို ဗဟိုပြုထားခြင်းပင်။
သူသည် ကျင့်ကြံရေးနည်းစနစ်များ လေ့ကျင့်သောအခါ သို့မဟုတ် ကျမ်းဂန်များ လေ့လာသောအခါ သက်ဆိုင်ရာ အတွေ့အကြုံများကို ရရှိမည်ဖြစ်သည်။ စစ်မှန်သော အစွမ်းမှာ ၎င်း၏ ထူးခြားသော လုပ်ဆောင်ချက်တွင် တည်ရှိနေခြင်းပင်။ နာရီ ၂၄ နာရီတိုင်းတွင် စုဆောင်းထားသော အတွေ့အကြုံအားလုံးက အလိုအလျောက် နှစ်ဆတိုးသွားမည် ဖြစ်သည်။ ထိုနှစ်ဆတိုးခြင်းက အကန့်အသတ်မရှိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ရာ သီအိုရီအရ နက္ခတ္တဗေဒဆိုင်ရာ အဆင့်များအထိ ရောက်ရှိနိုင်သော ဆတိုးတိုးတက်မှုကို ဖန်တီးပေးမည်ဖြစ်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သောအပြုံးတစ်ခု ပေါ်လာသည်။
ဒါက အရာအားလုံးကို ပြောင်းလဲပေးလိုက်တာပဲ မဟုတ်ဘူးလား။ စနစ်တစ်ခုက ငါရဲ့ကျောထောက်နောက်ခံအဖြစ်ရှိနေတော့ ငါက ဒဏ္ဍာရီလာ အခွင့်အရေးတွေကို ရှာဖွေနိုင်သလို ရှေးဟောင်းဘဏ္ဍာတွေကိုလည်း တူးဖော်နိုင်မှာပဲ။
နောက်ဆုံးကျရင် ငါက ဒီကျင့်ကြံရေးလောကတစ်ခုလုံးကို သိမ်းပိုက်နိုင်မှာပေါ့ ဟားဟား….
ထပ်ပြီးတော့ ပေါက်ကရတွေတွေးမိပြန်ပြီ။
ထိုအပြုံးသည် ခေတ္တခဏပေါ်လာသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ငါ့ရဲ့ ကိုယ်ရေးအကျဉ်းမှာ ဝိညာဉ်အမြစ် လုံးဝမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသထားတာလေ။ ငါက ဘယ်လိုလုပ်ပြီး ဆတိုးတိုးတက်မှုရှိရင်တောင်မှ သုညကို နှစ်ဆတိုးရင် သုညပဲ ရှိနေသေးမှာ။ ဘယ်လောက်ပဲ မြှောက်မြှောက် ဘာမှ မရှိတဲ့ဟာကို တစ်စုံတစ်ရာအဖြစ် ပြောင်းလဲလို့ရမှာမဟုတ်ဘူး။
သူသည် သက်ပြင်းချကာ သူ့နားထင်ကို နှိပ်နယ်လိုက်သည်။
ဒါပေမဲ့လည်း လုံးဝမျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပါဘူး။
မွေးရာပါ စိတ်ဝိညာဉ်ပါရမီ မရှိရင်တောင်မှ ငါ ပြင်ပ နည်းစနစ်တွေဖြစ်တဲ့ ဝိညာဉ်အမြစ် မလိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ သန့်စင်ရေးနည်းလမ်းတွေကို ကျင့်ကြံနိုင်သေးတယ်။
စနစ်ရှိနေသရွေ့ နှစ်တစ်ထောင်ပဲကြာကြာ ဘီလျံနဲ့ချီပြီး ကြာကြာ ဘာမှမဖြစ်ဘူး။
နောက်ဆုံးကျရင် တဖြည်းဖြည်းနဲ့ အင်အားကြီးမားလာပြီး ဘယ်သူမှ မတိုက်နိုင်တဲ့သူ ဖြစ်လာနိုင်တာပဲဟာ။
အဲဒီလိုဖြစ်မှပဲ ကျင့်ကြံရေးလောကထဲကို ရဲရဲဝံ့ဝံ့ ဝင်ပြီး စွန့်စားရဲမှာလေ။
အင်း... အခု လောလောဆယ် အသက်ရှင်ဖို့က အဓိကပဲ။
ဒီကျင့်ကြံသူရေးလောကရဲ့ စည်းမျဉ်း ၁၀၁ ချက်ကို လိုက်နာရင်ကို အဆင်ပြေတယ်။
ပထမဆုံး ချန်းမိုဆိုတဲ့ နာမည်ကြားတာနဲ့ ရှောင်ရမယ် (သူက အခုလောလောဆယ် အမှိုက်
ပါရမီရှင်ဖြစ်နေပေမဲ့ နောက်ဆုံးကျရင် ကြီးကျယ်ခမ်းနားတဲ့ ဇာတ်လိုက်ဖြစ်လာမှာ သူ့ကို သွားပြီး ရန်မစမိစေဖို့ပဲ)
နောက်တစ်ချက်ကျ ဂိုဏ်းတွေနားမှာ အလုပ်ကြမ်းတွေလုပ်နေတဲ့ လင်ဖုန်းလို အစေခံတွေကို သွားမစော်ကားမိစေဖို့ပဲ (ဒီလိုလူတွေက ဖုံးကွယ်ထားတဲ့ နဂါးတွေ တစ်ချိန်ချိန်မှာ သူတို့ရဲ့ တကယ့်စွမ်းအားတွေ ထွက်လာဖို့ စောင့်နေတာ)
နောက်ဆုံး အရေးအကြီးဆုံးကတော့ လီယောင်းဆိုတဲ့ မိန်းကလေးပဲ။ ယောင်လို့တောင် မကြည့်မိစေနဲ့ (သူမက အနာဂတ်မှာ ကျင့်ကြံရေးလောကရဲ့ ဧကရီဘုရင်မ ဖြစ်လာမှာ သေချာတယ်။ သူမနောက်မှာ အင်အားကြီးတဲ့ ပရိသတ်တွေချည်းပဲ)
ဒီသုံးချက်ကို လိုက်နာရင်တော့ လောလောဆယ် အသက်ရှင်ဖို့ အေးဆေးပဲ။
ဤအတွေးများ သူ့စိတ်ထဲတွင် ပေါ်လာချိန်တွင်ပင် နူးညံ့သောအမျိုးသမီးသံက သူ၏ အာရုံကို ဖြတ်တောက်လိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်မ ဝင်လာတော့မယ်နော်”
ရှန်ယွီ မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်မီမှာပင် တံခါးပွင့်သွားပြီး သူ့အသက်ရှူသံကိုပင် ရပ်တန့်သွားစေနိုင်သော အလှလေးတစ်ယောက်ကိုမြင်လိုက်ရသည်။ သူ၏ အရင်ဘဝတွင် သူသည် ဤမျှ သိမ်မွေ့လှပသောမိန်းကလေးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ ကုမ္ပဏီဝန်ထမ်းဘဝက ထူးချွန်သော အလှပဂေးများနှင့် ရောနှောဖို့ အခွင့်အရေး မပေးခဲ့ပေ။
ထိုမိန်းမငယ်လေးသည် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပြင်ဘက်အဝတ်အစားအရောင်က နက်ရှိုင်းနေသော ပင်လယ်ပြာရောင်ဖြစ်ကာ သူမ၏ လှုပ်ရှားမှုတိုင်းနှင့်အတူ လှိုင်းထနေသကဲ့သို့ ထင်ရသော ရှုပ်ထွေးလှပသည့် ငွေရောင် တိမ်ပုံများဖြင့် အလှဆင်ထားသည်။ သူမ၏ နက်ရှိုင်းကာတောက်ပသော ဆံပင်ရှည်များအား ဦးခေါင်းထိပ်တွင် ထုံးဖွဲ့ထားပြီး လှပသော ဆံထိုးများဖြင့် အလှဆင်ထားသည်။ သေးငယ်သော အိတ်တစ်လုံးက သူမ၏ သွယ်လျသော ခါး၏ တစ်ဖက်ခြမ်းတွင် ချိတ်ဆွဲထားပြီး သူမ၏တင်ပါးဘေးတွင် လှပသော ဓားတစ်လက်အား ဟန်ချက်ညီစွာ ချိတ်ဆွဲထားသည်။
အသက်ရှုသံအနည်းငယ်အတွင်းမှာပင် သူမသည် သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို ဖြတ်ကျော်လာပြီး ရုတ်တရက် သူ့ကိုယ်ပေါ် ရောက်လာကာ သူမ၏ နူးညံ့သော လက်များက သူ့မျက်နှာ၊ ပခုံး၊ ရင်ဘတ်တို့ကို စိုးရိမ်ပူပန်ဟန်ဖြင့် ပွတ်သပ်နေသည်။
“စီနီယာအစ်ကိုကြီး နေလို့ကောင်းရဲ့လား။ ဘာဖြစ်သွားတာလဲ။ ကျွန်မ ကြားတာတော့ အစ်ကိုဒဏ်ရာရသွားတာဆို….”
ထိုမေးခွန်းများက သူမနှုတ်ခမ်းဖျားမှ အဆတ်မပြတ်ထွက်လာလာသည်။
ရှန်ယွီသည် သူမ၏ ပခုံးများအား အသာအယာတွန်းထုတ်ကာ အကွာအဝေးတစ်ခု ဖန်တီးရန် ကြိုးစားလိုက်သည်။
ဒီကျင့်ကြံရေးလောကမှာ ကိုယ်ပိုင်နေရာဆိုတာ မရှိဘူးလား။
“တစ်ကြိမ်ကို တစ်ခုပဲပဲ မေးပါ”
သူသည် နောက်ဆုံးတွင် သူမကို လက်တစ်ကမ်း အကွာအဝေးတွင် ထားကာ ပြောလိုက်သည်။ ထိုအခါမှသာ သူမ ခေါ်လိုက်သည့် နာမ်စားကိုသတိထားမိသွားသည်။
“ခဏလေးနေပါဦး စီနီယာအစ်ကိုကြီးတဲ့လား”
မူလခန္ဓာကိုယ်ပိုင်ရှင်ထံမှ ပြန့်ကျဲနေသော မှတ်ဉာဏ်များ ပေါ်ထွက်လာမှသာ သဘောပေါက်သွားတော့သည်။
ဒီ လှပလွန်းတဲ့ မိန်းကလေး က... သူ့ရဲ့ ဂျူနီယာညီမလေးလား။
ငါ မှတ်မိသလောက်ဆိုရင် သူ့နာမည်က... လီယောင်လို့ ထင်တယ်။
(မဖြစ်နိုင်တာ… အဲဒီ လီယောင်းဆိုတာက နောင်တစ်ချိန်မှာ ဇာတ်လိုက် ချန်းမိုရဲ့ မိန်းမတစ်
ယောက် ဖြစ်လာမှာလေ။ စလာကတည်းက အန္တရာယ်ကွင်းဆက်တွေ များလိုက်တာ)
“လီယောင်း”
သူသည် တုံဆိုင်းခြင်းမရှိဘဲ ထိုနာမည်ကို အသံထွက်၍ ပြောလိုက်သည်။
မိန်းမငယ်လေး၏ ပါးပြင်က နူးညံ့စွာ ပန်းရောင်သန်းလာသည်။
“အရင်တုန်းက အစ်ကိုက ကျွန်မကို ယောင်းယောင်းလို့ မခေါ်ခဲ့ဘူးလား။ စီနီယာအစ်ကိုကြီး တစ်ခုခု ဖြစ်သွားတာလား”
ရှန်ယွီသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသလိုခံစားလိုက်ရပြီး သူ၏ သွေးများက သွေးကြောထဲတွင် ရေခဲအဖြစ် ပြောင်းသွားသလို ခံစားလိုက်ရသည်။
“ငါတော့ အဆုံးသတ်ပြီ”
သူ၏ စိတ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ ဘဝသစ်၌ ပထမအခန်းသာ ရှိသေးသော်လည်း ဤကျင့်ကြံရေးလောက၏ ထင်ရှားသော ဇာတ်လိုက်မနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေပြီဖြစ်သည်။
ဒါက ငါကိုယ်ငါ သေတွင်းထဲအရောက်ပို့နေမိသလိုပဲ။
ဇာတ်လိုက်မနဲ့ နီးစပ်လွန်းတဲ့ အမျိုးသား ဇာတ်ကောင်တိုင်းက နောက်ဆုံးမှာ အလဟဿ အသတ်ခံရမဲ့ စစ်သားအဖြစ် အဆုံးသတ်သွားရမှာလေ။
“နေဦး.. မပြီးသေးဘူး။ ငါဒီလိုမျိုး အဆုံးသတ်ခွင့် မပြုနိုင်ဘူး”
သူသည် ထိုကဲ့သို့ သန္နိဋ္ဌာန်ချကာ ချက်ခြင်းပင် လီယောင်းကို ဖြည်းဖြည်းချင်းတွန်းထုတ်လိုက်ပြီးနောက် ရည်ရွယ်ချက်ရှိရှိပင် သူ့မျက်နှာကို ဘေးဘက်သို့ လှည့်ကာ ခပ်ခွာခွာနေသည့် အမူအရာကို ဖော်ပြလိုက်သည်။
“ဂျူနီယာညီမလေး ဒါက မသင့်တော်ဘူး”
ရှန်းယွီက ပြောလိုက်သည်။
လီယောင်၏ မျက်ခုံးများ ချက်ခြင်းကျူံ့သွားတော့သည်။ သူမ၏ အမူအရာသည် ရှုပ်ထွေးမှုမှ သဘောပေါက်မှုသို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အသက်အန္တရာယ်ရှိသော သတိကြီးမှုဖြင့် တည်ငြိမ်သွားသည်။ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် သူမသည် သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ဓားသွားက ပြတင်းပေါက်မှ စိမ့်ဝင်လာသော အလင်းရောင်ကို ဖမ်းယူလိုက်သည်။
“ရှင်…”
သူမ စတင်ပြောဆိုလိုက်သည်။ ထိုစကားလုံး တစ်လုံးတည်းမှာပင် ရှန်ယွီ၏ ကျောရိုးကို တုန်ခါသွားစေသည့် ခြိမ်းခြောက်မှုများ ပါဝင်နေသည်။
“ရှင်က စီနီယာအစ်ကိုကြီး မဟုတ်ဘူး”
သူမ ဓား ပိုနီးကပ်လာသောအခါ ဓားသွားက အန္တရာယ်ရှိစွာ တောက်ပနေ၏။
“စီနီယာအစ်ကိုကြီးကို ရှင်ဘာလုပ်လိုက်တာလဲ”
ရှန်ယွီသည် ထိတ်လန့်တကြားနှင့် သူမကို စိုက်ကြည့်နေသည်။
သူမက ငါဘယ်သူလဲ ချက်ချင်း သိသွားပြီလား။
ငါ့သရုပ်ဆောင်မှုက အဲဒီလောက်တောင် ဆိုးရွားနေတာလား။ ဒါမှမဟုတ် သူမကပဲ ဒီလောက်အထိ ထိုးထွင်းဉာဏ် ရှိနေတာလား။
ငါ့ရဲ့ ဘဝကူးပြောင်းမှု ဇာတ်လမ်းရဲ့ ပထမအခန်းမှာပဲ ငါ တကယ် သေရတော့မှာလား။ ဇာတ်လိုက်မကို ထိပြီး အသက်ရှင်ကျန်ရစ်ဖို့ဆိုတာ တကယ် မဖြစ်နိုင်ဘူး။
သို့သော် စိတ်ပျက်အားငယ်မှုက သူ့ကို လွှမ်းမိုးတော့မည့်အချိန်တွင် မျှော်လင့်မထားသော ရှင်းလင်းပြတ်သားမှုဖြင့် စိတ်ကူးစိတ်သန်းတစ်ခု ဝင်လာသည်။
ငါသေလို့မဖြစ်ဘူး။ ဒီနေရာမှာ မဟုတ်ဘူး… အခုအချိန်မှာတော့ မဟုတ်သေးဘူး။ ကျင့်ကြံဖို့ အခွင့်အရေးလေးတောင် မရဘဲနဲ့တော့ သေလို့ မဖြစ်ဘူးလေ။
ဒါဆိုရင်... ကျင့်ကြံခြင်း နိယာမ ၁၀၁ ရဲ့ အဓိက စည်းမျဉ်းကြီးတစ်ခုကို ချိုးဖောက်မှ ရတော့မယ် ထင်တယ်။
မတတ်နိုင်ဘူး။ အသက်ရှင်ဖို့က ပိုအရေးကြီးတယ်။
“ယောင်းယောင်း မင်း ဘာတွေပြောနေတာလဲ”
သူ၏ အသံက နူးညံ့စွာ တီးတိုးပြောသည့်အသံကဲ့သို့ ပြောင်းလဲသွားပြီး ချစ်ရသော ဂျူနီယာညီမလေးကို နှစ်သိမ့်သကဲ့သို့ သူမ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ရန် ဂရုတစိုက် လက်လှမ်းလိုက်သည်။
“အစ်ကို နည်းနည်း ပင်ပန်းနေလို့ ထူးဆန်းတာတွေ ပြောမိသွားတာပါ။ တောင်းပန်ပါတယ်ကွာ”
ထိုပြောင်းလဲမှုက ချက်ချင်းဖြစ်ပေါ်လာသည်။ သူမ၏ အသက်အန္တရာယ်ရှိသော အမူအရာက ပြင်းထန်သော နေရောင်အောက်မှ မနက်ခင်း မြူများကဲ့သို့ လျှင်မြန်စွာပျောက်ကွယ်သွားသည်။ ဓားသည် သတ္တုသံ တိုးတိုးလေးဖြင့် ဓားအိမ်ထဲသို့ ပြန်ဝင်သွားပြီး သူ တုံ့ပြန်နိုင်ခြင်းမပြုမီမှာပင် သူမသည် သူ့ဆီသို့ သူမကိုယ်ကိုပစ်ဝင်ကာ သူ့အားတင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
“ကျွန်မ သိသားပဲ။ စီနီယာအစ်ကိုကြီးက ကျွန်မကို အချစ်ဆုံးပဲဆိုတာ”
သူမက လုံးဝ ခိုင်မာသော ယုံကြည်ချက်ဖြင့် ကြေညာလိုက်ပြီး သူမ၏ မျက်နှာဖြင့် သူ့ရင်ဘတ်ကို ဖိကပ်ထားသည်။
ရှန်ယွီ၏ အတွေးများက ထပ်မံ၍ ထိတ်လန့်လာသည်။
“ဒီတစ်ခါတော့ ငါ တကယ် ပြီးပြီ။ မူလပိုင်ရှင်ရယ် ငါ့ကို ဘယ်လိုများ ဒီလိုလုပ်ရက်တာလဲ” မူလခန္ဓာကိုယ် ပိုင်ရှင်သည် လီယောင်းနှင့် မောင်နှမဆက်ဆံရေးထက် ကျော်လွန်သည့် ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း တည်ဆောက်ထားခဲ့သည်။
ဒါက အမြင့်ဆုံးအဆင့် သေခြင်းတရား အလံပဲ။
“နောက်တစ်ကြိမ်လောက် အစကနေ ပြန်စလို့ရမလား”
သူသည် နားထောင်နေနိုင်သည့် စကြဝဠာဆိုင်ရာ စနစ်ကို တိတ်တဆိတ် တောင်းပန်လိုက်ပြီး ပြန်လည်စတင်ရန် ခလုတ်ကို စိတ်အားထက်သန်စွာ နှိပ်ဖို့ ဆန္ဒပြုနေမိသည်။