အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အခန်း ၅၂၉ - အနူးဘစ်
ဖာဂူဆန်သည် လေရူးဓားသွားကိုထုတ်ဖော်ပြီးနောက်တွင် သီအိုဒိုးကလည်း ဆန်းကြယ်စွမ်းအင်လုံးများကို ထုတ်ဖော်ခဲ့သည်။
သီအိုဒိုးသည် ကြီးမားသောဆန်းကြယ်စွမ်းအင်လုံးများအား ဇတ်ဂ်အုပ်စုအတွင်းသို့ ပစ်ချခဲ့သည်။ထိုဆန်းကြယ်စွမ်းအင်လုံးများသည် လေထုထဲတွင်ဆက်တိုက်ပေါက်ကွဲနေရင်း တစ်နေရာမှတစ်နေရာသို့ လွှင့်မျောပျံသန်းနေခဲ့ကြသည်။သီအိုဒိုး၏နည်းစနစ်သည် အလွန်ပင်အံ့သြဖွယ်ကောင်းလှပေသည်။ဇတ်ဂ်လေတပ်မှ ပိုးကောင်များစွာသည် ဖရိုဖရဲဖြစ်သွားခဲ့ကာ အတောင်ပံများကျိုးပဲ့သွားခဲ့သည်။သူတို့သည် နာကျင်စွာအော်ငြီးလိုက်ကြပြီး ကောင်းကင်ပေါ်မှပြုတ်ကျလာကြသည်။
သီအိုဒိုး၏မှော်ပညာသည် အလွန်အစွမ်းမထက်သော်လည်း အကျိုးသက်ရောက်မှုက အလွန်အံ့သြဖွယ်ကောင်းလှပေသည်။ဤဆန်းကြယ်စွမ်းအင်လုံးကို သံချပ်ဝတ်ဝတ်ဆင်ထားသော တပ်သားများအကြား၌ ထိခိုက်မှုများစွာဖြစ်ပေါ်စေမည်မဟုတ်သော်လည်း ပါးလွှာသောအတောင်ပံများကိုပိုင်ဆိုင်ထားသည့် ဇတ်ဂ်များကို ကိုင်တွယ်ရာ၌အကောင်းဆုံးဖြစ်ပေသည်။အတောင်မရှိတော့သောဇတ်ဂ်များသည် ပျံသန်းနိုင်စွမ်းမရှိကြတော့ပေ။
အင်းဆက်များသည် မြေပြင်ပေါ်သို့ပြုတ်ကျလာသည့်အခါတွင် သူတို့သည်အရှိန်အဟုန်ဖြင့် ချီတက်နေသောဧကရာဇ်ကျားတပ်ဖွဲ့၏ ချီတက်မှုကြောင့်အသားပြားများ ဖြစ်သွားကြမှာဖြစ်သည်။
သီအိုဒိုး၏မှော်အစွမ်းသည် မှော်စွမ်းအင်များစွာကုန်ဆုံးခြင်းမရှိသော်လည်း ၎င်း၏အကျိုးသက်ရောက်မှုက အလွန်ပင်ကောင်းမွန်ပေသည်။
အကယ်၍ သင်သာသာမန်မှော်ဆရာတစ်ယောက်ဖြစ်ခဲ့ပါက သင်သည် ဆန်းကြယ်စွမ်းအင်လုံးအားအသုံးပြုထားခဲ့လျှင်ပင် ယခုလိုတူညီသောရလဒ်ကို ရရှိနိုင်မည်မဟုတ်ပေ။စွမ်းအင်လုံးသည် ဇတ်ဂ်များ၏တောင်ပံကိုရိုက်ချိုးနိုင်မှာမဟုတ်သလို အကွာအဝေးထိရောက်မှုကလည်း ဤမျှကြီးမားမည်မဟုတ်ပေ။သီအိုဒိုး၏ဆန်းကြယ်စွမ်းအင်လုံးသည် ထိရောက်မှုအကွာအဝေးကြီးမားသလို ထိန်းချုပ်နိုင်စွမ်းကလည်း ကောင်းမွန်ပေသည်။ဤအရာသည်အံ့သြဖွယ်ကောင်းသော တိုက်ခိုက်မှုဖြစ်သော်လည်း ဖာဂူဆန်၏အစွမ်းထက် လေရူးဓားသွားကပိုမိုအားကောင်းနေဆဲဖြစ်သည်။
ဖာဂူဆန်က ထိုမြင်ကွင်းကိုကြည့်၍ ရုတ်တရက်ပြုံးလိုက်မိသည်။
ချတ်ခ်သည် သီအိုဒိုး၏မှော်အစွမ်းကိုကြည့်ပြီး မူလကအသုံးပြုရန်ပြင်ဆင်ထားသော မှော်မန္တန်အားရုတ်သိမ်း၍ အခြားမှော်အစွမ်းတစ်ခုအား အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။
ထိုမန္တန်သည် ရိုးရှင်းသောသာမန်မီးတောက်မန္တန်တစ်ခုသာဖြစ်ပြီး ပျက်စီးနိုင်စွမ်းမမြင့်မားသော်လည်း ဇတ်ဂ်များ၏အတောင်ပံသည် အလွန်နုနယ်သည့်အတွက်ကြောင့် မီးလောင်လွယ်ကူပေသည်။မီးတောက်များသည် ဇတ်ဂ်များ၏တောင်ပံကိုလောင်ကျွမ်းစေခဲ့သည့်အတွက် ဇတ်ဂ်များသည်ဖက်ထုပ်များကဲ့သို့ ကောင်းကင်ပေါ်မှပြုတ်ကျလာခဲ့သည်။
ဤသို့ဖြင့် မှော်ဆရာကြီး၃ယောက်လုံး၏ ရိုးရှင်းသောတိုက်ခိုက်မှုအောက်တွင် ဇတ်ဂ်များ၏လေကြောင်းခိုးဝင်တိုက်ခိုက်မှု အစီအစဉ်အောက်၌ လုံးဝပျက်စီးသွားခဲ့ရသည်။
ရှောင်ယုသည် မှော်ဆရာကြီး၃ယောက်၏ အကူအညီကိုရရှိထားခြင်းကြောင့် ဝမ်းသာအားရဖြစ်သွားခဲ့သည်။ထိုသို့မဟုတ်ခဲ့ပါက ယခုလိုအားကောင်းသည့်ဇတ်ဂ်စစ်တပ်၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအချိန်တွင် သူတို့ထံ၌ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
ဤနေရာတွင် မှော်ဆရာကြီး၃ယောက်၏အခန်းကဏ္ဍသည် ရှောင်ယု၏စစ်တပ်နှင့်ဧကရာဇ်ကျားတပ်ဖွဲ့ထက် များစွာပိုမိုအရေးကြီးကြောင်း သိသာပေသည်။သူတို့သည် တားမြစ်မှော်ပညာကဲ့သို့သော အကုန်အကျကြီးမားသည့် အစွမ်းထက်သည့်တိုက်ခိုက်မှုမျိုးကိုပင် မလုပ်ဆောင်ရသေးပေ။
ဇတ်ဂ်စစ်တပ်သည် ဧကရာဇ်ကျားတပ်ဖွဲ့၏လမ်းကိုပိတ်ဆို့ရန်အတွက် ကျိုင်းကောင်များကဲ့သို့ ရုတ်တရက်စုရုံးလာခဲ့ကြသည်။ခိုင်မဲရာများ၏ မီးတောက်မှုတ်ထုတ်ခြင်းသို့မဟုတ် လင်းနို့စီးနင်းသူများ၏ဗုံးကြဲချခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေသည်တောင်မှ သူတို့အားမြန်မြန်ဆန်ဆန်မရှင်းလင်းနိုင်သေးပေ။သို့သော်လည်း မှော်ဆရာကြီး၃ယောက်၏အကူအညီဖြင့် ဤပြဿနာကိုအလွယ်တကူဖြေရှင်းနိုင်ခဲ့သည်။သူတို့သည် မှော်မန္တန်တစ်ခုကို ရိုးရိုးရှင်းရှင်းထုတ်ဖော်လိုက်ကာ ထောင်သောင်းချီသောကျိုင်းကောင်များကို တိုက်ရိုက်သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့် မှော်ဆရာကြီး၃ယောက်၏ကူညီပေးမှုအောက်တွင် သူတို့၏စစ်ဆင်ရေးသည် ပို၍အဆင်ပြေချောမွေ့လာခဲ့သည်။အဆုံးသတ်တွင် ဇတ်ဂ်များသည်ပြင်းထန်သောအသေအပျောက်ကိုစတင်ရင်ဆိုင်လာခဲ့ရပြီး ဆုတ်ခွာရန်ဆုံးဖြတ်ခဲ့ကြသည်။ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ယုသည်မြေပြင်သို့ဆင်းသက်လာခဲ့ကာ ထို့ပါဟောင်အား ဧကရာဇ်ကျားတပ်ဖွဲ့ကို အဖွဲ့၃ဖွဲ့ခွဲကာ ဆုတ်ခွာသွားသည့်ဇတ်ဂ်များနောက်သို့လိုက်၍ အပြီးသတ်ချေမှုန်းပစ်ရန်အတွက် စစ်ကြောင်း၃သွယ်ခွဲထုတ်ခိုင်းလိုက်သည်။
ထို့ပါဟောင်သည် ခေါင်းညိတ်ပြလိုက်ကာ ဧကရာဇ်ကျားများကို၃ဖွဲ့ခွဲထုတ်လိုက်သည်။ရှောင်ယု၏ညွန်ကြားချက်များအရ မှော်ဆရာကြီး၁ယောက်စီသည် လေကြောင်းတပ်များနှင့်အတူ သက်ဆိုင်ရာစစ်ကြောင်းများနောက် လိုက်ပါသွားကြမှာဖြစ်သည်။
စစ်သားများသည် ပင်ပန်းနွမ်းနယ်နေမှုကို လုံးဝသတိမထားမိဘဲ ပြင်းထန်စွာဆက်လက်တိုက်ခိုက်နေခဲ့ပြီး အသက်ဝိညာဉ်ကင်းမဲ့သည်အထိတိုင်အောင် တိုက်ခိုက်လိုစိတ်ပြင်းထန်နေကြသည်။အောင်ပွဲမျှော်လင့်ချက်ကြောင့် သူတို့သည်အားအင်အပြည့်ရှိနေကြသည်။
စစ်ကြောင်း၃ခုသည် ဆုတ်ခွာသွားသည့်ဇတ်ဂ်စစ်တပ်နောက်သို့ လိုက်၍အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။ထိုသို့လိုက်လံတိုက်ခိုက်သည့်ဖြစ်စဉ်အတွင်း ဇတ်ဂ်စစ်တပ်သည် မရေမတွက်နိုင်အောင်များပြားလှသည့် ဆုံးရှုံးမှုများကို ရင်ဆိုင်ခံစားခဲ့ရသည်။ယနေ့စစ်ပွဲတွင် သေဆုံးသွားသည့်ဇတ်ဂ် အရေအတွက်သည် ယမန်နေ့ကထက်ပိုများနေခဲ့ပြီး ၂သန်းနီးပါးရှိနေခဲ့သည်။
သို့သော်လည်း ဇတ်ဂ်စစ်တပ်အား အင်ပါယာ၏နယ်နမိတ်မှမောင်းထုတ်နိုင်တော့မည်ဟု လူတိုင်းတွေးတောနေကြသည့်အချိန်တွင် ထူးဆန်းသောပြောင်းလဲမှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ဇတ်ဂ်များ၏ အခြေစိုက်စခန်းမှနေ၍ ကြီးမားသောတိုင်အများအပြားသည် ရုတ်တရက်စတင်ရွေ့လျားလာခဲ့သည်။
တိုင်များသည် သဘာဝကျစွာပင်မရွေ့လျားနိုင်ပေ။ရှောင်ယုသည် တိုင်များရွေ့လျားနေသောလမ်းကြောင်းကိုကြည့်ပြီး ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
"အနူးဘစ်..."
ဤအရာသည် ရှောင်ယုအတွက် အထူးအဆန်းမဟုတ်တော့ပေ။အတိတ်ကဆိုလျှင် ဤပြဿနာကိုကိုင်တွယ်ရန်အတွက် အစွမ်းကုန်အားထုတ်ကြိုးပမ်းရမည်ဖြစ်သည်။
ထိုအရာသည် ဆယ်မီတာကျော်မြင့်ကာ အချို့တောင်ဘီလူးများထက်အရွယ်အစားကြီးမားပေသည်။သူ့ထံတွင် ခွေးခေါင်း၊ဘီလူးကိုယ်ထည်ရှိပြီး အလွန်ပင်အစွမ်းထက်လှကာ တပ်ဖွဲ့ငယ်များအား တစ်ကိုယ်တော်ချေမှုန်းနိုင်စွမ်းရှိသည်။
အစောပိုင်းတွင် သူသည်ဇတ်ဂ်စစ်တပ်ကို အလွန်အာရုံစိုက်နေခဲ့ပြီး အရေးအကြီးဆုံးအရာကို မေ့လျောသွားခဲ့သည်။ထို့ပြင်ရှောင်ယုသည် အနူးဘစ်ထံ၌ ဖျက်ဆီးခြင်းရုပ်တုများရှိနေသည်ကို သတိရသွားခဲ့သည်။
ရှောင်ယု၏မသေမျိုးတပ်ဖွဲ့၌လည်း ဖျက်ဆီးခြင်းရုပ်တုများရှိနေသော်လည်း ၎င်းတို့နှစ်ခုသည် အတိအကျတူညီနေခြင်းမရှိပေ။ဤနေရာရှိ ဖျက်ဆီးခြင်းရုပ်တုများက များစွာပိုမိုအစွမ်းထက်ပေသည်။
ဖျက်ဆီးခြင်းရုပ်တုများသည် နဂါးများကိုတိုက်ခိုက်ရန်အတွက် မဟာဗတ်လောခ့်မှ တီထွင်ခဲ့သောစက်ကရိယာတစ်ခုဖြစ်သည်။ထိုမကောင်းသောလက်နက်သည် အလွန်ကြီးမားသောအမှောင်စွမ်းအင်ကိုသိုလှောင်ထားပြီး အလွန်ပင်အစွမ်းထက်သည်ဟု ဆိုစမှတ်ပြုကြသည်။
ထိုကဲ့သို့အစွမ်းထက်သောလက်နက်မျိုးဖြင့်ဆိုပါက အင်ကာရက်ဂ်အား ကိုင်တွယ်ရန်မှာထင်သလောက်မလွယ်ကူကြောင်း ရှောင်ယုတွေးမိလာခဲ့သည်။
မကြာမှီ အနူးဘစ်၏မျက်နှာကထွက်ပေါ်လာခဲ့သည်။လူတိုင်းသည် အနူးဘစ်၏အစွမ်းသတ္တိကိုတွေ့မြင်ပြီးနောက် သူတို့၏မျက်လုံးများပြူးကျယ်လာခဲ့ကာ မယုံကြည်နိုင်လောက်အောင် ခံစားလိုက်ရသည်။
သူတို့သည် ဤဧရာမအကောင်ကြီးကို မည်သို့တိုက်ခိုက်ရမည်နည်း။
ဧကရာဇ်ကျားတပ်ဖွဲ့သည်ပင် အနူးဘစ်ကိုတိုက်ခိုက်ရန်နည်းလမ်းမရှိဟု တွေးမိရသည်အထိ စိတ်ပိုင်းဆိုင်ရာထိုးနှက်ခံလိုက်ရသည်။
"ဘာဆက်လုပ်ကြမလဲ..."
အနူးဘစ်၏ကြောက်မက်ဖွယ်ကောင်းသည့်သွင်ပြင်ကြောင့် ထိပ်တန်းဧကရာဇ်ကျားအစောင့်တပ်သားများသည်ပင် မျက်လုံးများပြူးကျယ်သွားခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအရ အကြီးအကျယ်ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ရှောင်ယုသည် ချက်ချင်းဆိုသလို ကောင်းကင်ပေါ်မှနေ၍ဆင်းသက်လာခဲ့သည်။
"ဒီကောင်ကြီးကို အနူးဘစ်လို့ခေါ်တယ်...ဒါကအဲလောက်ကြီးအစွမ်းထက်တာတော့မဟုတ်ဘူး...သူ့မှာကြီးမားပြီးအစွမ်းထက်တဲ့ခန္ဓာကိုယ်တစ်ခုပဲရှိတယ်...သူ့ရဲ့လှုပ်ရှားမှုက အတော်လေးနှေးကွေးတယ်...ငါတို့သာလုံလုံလောက်လောက် လိုက်လျောညီထွေတိုက်ခိုက်နိုင်ရင် သူ့ကိုမြန်မြန်ဆန်ဆန်ဖယ်ရှားနိုင်တယ်"
လက်ရှိအချိန်တွင် အရေးအကြီးဆုံးအချက်မှာ တပ်ဖွဲ့အားတည်ငြိမ်မှုရရှိအောင် ပြုလုပ်နိုင်ရန်ဖြစ်သည်။လူတိုင်းသည် အနူးဘစ်အားစတင်တွေ့မြင်ချိန်၌ ထိုအရာ၏တည်ရှိမှုကိုနားမလည်သည့်အတွက် ကြက်သေသေသွားခဲ့ကြသည်။အမည်မသိသောအရာများသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သော်လည်း ရှောင်ယုကထိုအရာ၏အမည်ကိုထုတ်ဖော်ခဲ့ပြီး အနူးဘစ်၏အားနည်းချက်ကို ပြတ်ပြတ်သားသားထောက်ပြလာချိန်တွင် သူတို့၏စိတ်ဓာတ်သည် ချက်ချင်းတည်ငြိမ်သွားခဲ့သည်။
အခန်း ၅၃၀ -
ဝေါင်း...
ဧရာမအနူးဘစ်သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် စစ်သားများထံသို့အပြေးအလွှား ချီတက်လာသည်ကိုမြင်သောအခါ ရှောင်ယုကထို့ပါဟောင်ကိုကြည့်၍ ပြောလိုက်သည်။
"ဧကရာဇ်ကျားအစောင့်တပ်ကို ၁၀ဖွဲ့ခွဲထုတ်လိုက်ပြီး အခြားဇတ်ဂ်တွေကိုဆက်လက်တိုက်ခိုက်ခိုင်းလိုက်...ဒါပေမဲ့အချိန်အကြာကြီးမတိုက်ခိုက်စေနဲ့...ငါ့ရဲ့အမိန့်ကိုသေချာလိုက်နာပြီးတော့ အနူးဘစ်ရဲ့တိုက်ခိုက်မှုတွေကို ဂရုတစိုက်ရှောင်ခိုင်းလိုက်...ဧကရာဇ်ကျားအစောင့်တပ်က အနူးဘစ်ကိုကိုင်တွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူး...ဒီကောင်ကြီးကိုကိုင်တွယ်ဖို့အတွက် တောင်ဘီလူးတွေကို ငါအမိန့်ပေးလိုက်မယ်"
ရှောင်ယု၏စကားကိုကြားသောအခါ ထို့ပါဟောင်ကခေါင်းညိတ်ပြလိုက်ပြီး ဘာမှဆက်မပြောခဲ့ပေ။သူသည် ချက်ချင်းအမိန့်ထုတ်ပြန်လိုက်ကာ ဧကရာဇ်ကျားအစောင့်တပ်အား တပ်သား၁၅၀၀စီပါဝင်သည့် အဖွဲ့၁၀ဖွဲ့အဖြစ် ဖြန့်ခွဲလိုက်သည်။
ရှောင်ယုသည် ဧကရာဇ်ကျားအစောင့်တပ်များကို လမ်းပြပေးရန်အတွက် ဂရစ်ဖင်များကိုအဖွဲ့ငယ်များ ခွဲထုတ်ပေးလိုက်သည်။သူသည် ဧကရာဇ်ကျားအစောင့်တပ်အား ပံ့ပိုးကူညီပေးရန်အတွက် သူ၏လေတပ်ကိုအပိုင်းများစွာခွဲထုတ်ထားလိုက်သည်။မှော်ဆရာကြီး၃ယောက်ကလည်း နိုးနိုးကြားကြားရှိနေကြသည်။
မှော်ဆရာကြီး၃ယောက် ရှိနေသည့်အတွက်ကြောင့် ရှောင်ယုသည် အနူးဘစ်အားမကြောက်ရွံ့ပေ။သို့သော်လည်း ရှောင်ယုကအသေအပျောက်ကြီးကြီးမားမားကြုံတွေ့ရမည်ကို စိုးရိမ်နေခဲ့သည်။တောင်ဘီလူးများသည် အလွန်နှေးကွေးစွာလျှောက်လှမ်းလာသည့်အတွက်ကြောင့် သူတို့အားနောက်သို့ဆွဲထားခဲ့သည်။ထို့ပြင် မြို့တော်ကိုကာကွယ်ရန်အတွက် ရှောင်ယုသည်တောင်ဘီလူးများစွာကို မခေါ်ခဲ့ရပေ။
ယခုအချိန်အတော်ကြာပြီးနောက်တွင် တောင်ဘီလူး၅၀သည် တိုက်ပွဲဝင်ရန်အတွက် ရှေ့တန်းသို့ရောက်ရှိလာကြသည်။ရှောင်ယုသည် အနူးဘစ်နှင့်ရင်ဆိုင်လာရသည့်အခါတွင် သူတို့မည်မျှထိရုန်းကန်တိုက်ခိုက်နိုင်မည်ကို သိချင်နေခဲ့သည်။
"လူတိုင်းသတိထားကြ...အရမ်းကြီးစုမနေကြနဲ့...အနူးဘစ်ကိုတိုက်ခိုက်တဲ့နေရာမှာ ပြောက်ကျားတိုက်ခိုက်မှုကိုအသုံးပြုဖို့လိုအပ်တယ်...တာဝေးပစ်တိုက်ခိုက်မှုက အဓိကတိုက်ခိုက်ရေးစွမ်းအားဖြစ်လာလိမ့်မယ်...မှော်မြှားတွေကိုသာအဓိကသုံးကြ...သာမန်မြှားတွေက သူတို့မထိခိုက်စေဘူး"
ရှောင်ယုသည် ဝေဟင်၌ပျံသန်းနေရင်း အနူးဘစ်အားကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းကို ကျယ်လောင်စွာရှင်းပြလိုက်သည်။
ရှောင်ယု၏အသံကိုကြားသောအခါ တပ်သားများသည် ချက်ချင်းပင်ငြိမ်သက်သွားခဲ့ကြသည်။ထိုကောင်ကြီးသည် အနိုင်ယူနိုင်စွမ်းမရှိသည့်အရာမဟုတ်ပေရာ သူတို့ထံ၌အောင်ပွဲခံနိုင်ရန် အခွင့်အလမ်းရှိပေသည်။အနောက်တိမ်တိုက်အင်ပါယာ၏ တပ်သားများသည် လေးပစ်ကျွမ်းကျင်သည့်အတွက်ကြောင့် အချို့သောမှော်မြှားများကိုအသုံးပြုရန်မှာ သူတို့အတွက်မခက်ခဲပေ။
နှစ်ဖက်တိုက်ပွဲများကို ခေတ္တရပ်တန့်ပြီးနောက်တွင် ဧကရာဇ်ကျားအစောင့်တပ်များသည် ညွန်ကြားချက်များကိုလိုက်နာခဲ့ကြပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့သည်။တပ်သားများသည် သူတို့၏ဖွဲ့စည်းပုံအတိုင်း နေရာယူထားလိုက်ကြပြီး အချိန်မရွေးတိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြပြီဖြစ်သည်။
မကြာမှီတိုက်ပွဲကြီးတစ်ခု စတင်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် ဇတ်ဂ်များဘက်မှ ဖြေးညင်းစွာဖြင့်စတင်ရွေ့လျားလာခဲ့ကြသည်။သူတို့အားကြည့်ရသည်မှာ ဒီရေလှိုင်းနှင့်တူပေသည်။အရပ်မြင့်သောအနူးဘစ်သည် ၎င်းတို့အကြားတွင်ထင်ရှားပေါ်လွင်နေခဲ့ကာ လူအများကိုစိတ်ဖိအားဒဏ် ကြီးစွာသက်ရောက်ခံစားရစေခဲ့သည်။
ထိုအချိန်တွင် ဇတ်ဂ်စစ်တပ်မှနေ၍ ထူးဆန်းသောအော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ထို့နောက်တွင် ဇတ်ဂ်များသည်ချက်ချင်းခွဲထွက်သွားကြကာ လမ်းကြောင်းတစ်ခုဖန်တီးလိုက်ကြသည်။ထိုလမ်းကြောင်းမှနေ၍ ၅၆မီတာမြင့်သောဘီလူးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
"ဗိုလ်ချုပ်ရာဂျက်..."
ရှောင်ယုသည် ထိုကောင်ကိုမြင်သည်နှင့်ချက်ချင်းမှတ်မိလိုက်သည်၊ရာဂျက်သည် ကိုင်တွယ်ရန်အလွန်ပင်ခက်ခဲသော ဘောစ့်တစ်ကောင်ပင်ဖြစ်သည်။
ယနေ့တွင် သူ့အားကူညီရန်အတွက်မှော်ဆရာကြီး၃ယောက်ရှိမနေခဲ့ပါက ပျော်စရာကောင်းတော့မှာမဟုတ်ပေ။
သို့သော် မှော်ဆရာကြီး၃ယောက်၏အကူအညီဖြင့် ရှောင်ယုသည်ထိုအကြောင်းကို စိတ်ပူနေစရာမလိုတော့ပေ။ဗိုလ်ချုပ်ရာဂျက်အတွက် မှော်ဆရာကြီး၃ယောက်သည် တစ်ယောက်ကိုမှော်မန္တန် ၁ခုအားအသုံးပြုရန်သာ လိုအပ်ပေသည်။
"ဧကရာဇ်ကျားအစောင့်တပ်တွေက တိုက်ခိုက်ဖို့အဆင်သင့်ပြင်ထားကြ...တာဝေးပစ်တပ်ဖွဲ့တွေ မင်းတို့ကိုယ်မင်းတို့ကာကွယ်ပြီး ပစ်မှတ်ကိုသေချာအာရုံစိုက်ထားကြ"
ထို့ပါဟောင်သည် သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
ထို့ပါဟောင်၏အမိန့်နှင့်အတူ ဤနေရာရှိ တင်းမာမှုအချို့သည် ချက်ချင်းလျော့ပါးသွားခဲ့သည်။ဧကရာဇ်သည် ရှေ့တန်းမှနေ၍ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည်။
ထိုအချိန်တွင် ရှောင်ယု၏တောင်ဘီလူးများကလည်း ရှေ့တန်းသို့ရောက်ရှိလာခဲ့သည်။တောင်ဘီလူးတစ်ကောင်စီတိုင်းသည် ဧရာမတူကြီးတစ်ချောင်းစီကိုကိုင်ဆောင်ထားကြပြီး ၎င်းတို့အတွက်ရှောင်ယုကအထူးထုတ်လုပ်ပေးထားသော အမာခံချပ်ဝတ်ကိုဝတ်ဆင်ထားကြသည်။
ထိုတူများနှင့်သံချပ်ကာများသည် တောင်ဘီလူးများ၏ခုခံစွမ်းအားကို တိုးမြင့်စေခဲ့သည်။၎င်းတို့သည် တောင်ဘီလူးများ၏လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားပြီး သူတို့အားပိုမိုနှေးကွေးစွာရွေ့လျားစေသော်လည်း ၎င်းတို့အားစတင်ဆင့်ခေါ်စဉ်ကပင် အမြန်နှုန်းဦးစားပေးရန်မရည်ရွယ်ထားသောကြောင့် များစွာအရေးမကြီးလှပေ။
သူတို့အား မြန်မြန်ဆန်ဆန်ရွေ့လျားစေရန် လိုအပ်မည်လား...သူတို့၏ပင်ကိုယ်အစွမ်းကပင် တိုက်စစ်နှင့်ခံစစ်ကိုပိုမိုအားကောင်းစေသည်။ထိုအချက်နှစ်ချက်ကပင် ဤတိုက်ပွဲအတွက်လုံလောက်နေမည်ဖြစ်သည်။
သူတို့၏မူရင်းလက်နက်နှင့် သူတို့လက်ရှိကိုင်ဆောင်ထားသော လက်နက်ကအတန်ငယ်ကွဲပြားပေသည်။ထို့ပြင် သူတို့ဝတ်ဆင်ထားသော ချပ်ဝတ်များကိုလည်း ပစ္စည်းကောင်းများစွာကိုအသုံးပြုကာ မှင်စာများကအထူးပြုလုပ်ပေးထားခြင်းဖြစ်သည်။သူတို့၏တူများသည် မြေပြင်ကိုထိမိသည်နှင့် ငလျင်အသေးစားတစ်ခုကိုပင် ဖြစ်ပေါ်စေနိုင်သည်။
ထို့နောက်တွင် သံမဏိရဲတိုက်များကဲ့သို့ တောင်ဘီလူးအကောင်၅၀သည် ရှေ့ဆုံးမှနေ၍ ဦးတည်သွားခဲ့ကြသည်။
ဇတ်ဂ်များ၏ဉာဏ်ပညာသည် အလွန်နိမ့်ပါးပေသည်။လူသားတို့၏အကြီးမားဆုံးသော အားသာချက်မှာ လက်နက်ကိရိယာများကို အသုံးပြုနိုင်ခြင်းဖြစ်သည်။လူသားများ၏အကြီးမားဆုံးအားသာချက်မှာ အခြားသောသားရဲများနှင့်ကွဲပြားခြင်းဖြစ်ပြီး လက်နက်ကိရိယာများကို ထုတ်လုပ်ခြင်းနှင့်အသုံးချနိုင်ခြင်းဖြစ်သည်။
ရှောင်ယုသည် ထိုထူးခြားချက်ကို ကောင်းစွာအသုံးပြုနိုင်ခြင်းမရှိပါက တောင်ဘီလူးများကို သံချပ်ကာဆင်ပေးနိုင်မည်မဟုတ်ပေ။ဤတိုက်ပွဲတွင် အနူးဘစ်သည် တောင်ဘီလူးများထက် ပိုမိုအစွမ်းထက်ကြောင်း ရှင်းရှင်းလင်းလင်းသိသာနေသော်လည်း ယခုအခါတွင် တောင်ဘီလူးများသည် အစွမ်းထက်သော စက်ကိရိယာများကိုတပ်ဆင်ထားပြီဖြစ်ရာ ပုံမှန်ထက်ပိုမိုစွမ်းဆောင်နိုင်ပြီဖြစ်သည်။
ဝေါင်း...
ဧရာမတောင်ဘီလူးကြီးသည် အနူးဘစ်အားပထမဆုံးအကြိမ်တွေ့မြင်လိုက်ချိန်၌ ဒေါသထွက်သွားပုံရကာ ဟိန်းဟောက်လိုက်သည်။တောင်ဘီလူးများသည် ယခုလိုကြီးမားသောပြိုင်ဘက်မျိုးကို ပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရသည့်အတွက်ကြောင့် သူတို့၏စွမ်းအားကို သဘာဝကျစွာပင်သက်သေပြလိုခဲ့သည်။သို့သော်လည်း အနူးဘစ်၏အရွယ်အစားက တောင်ဘီလူးကြီးထက်သိသိသာသာကြီးမားနေခဲ့သည်။
ဝေါင်း...
နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဟိန်းဟောက်ရန်စနေခဲ့သည်။လူသားများသည် ခုခံကာကွယ်နေသည့်အချိန်တွင် ဇတ်ဂ်များကတိုက်ခိုက်နေခဲ့သည်။ဇတ်ဂ်များသည် မီတာ၅၀၀အကွာသို့ရောက်ရှိလာသောအခါ ဧကရာဇ်ကျားအစောင့်တပ်က စတင်လှုပ်ရှားလာခဲ့သည်။သူတို့သည် တိုက်ခိုက်မှုများကိုစတင်ခဲ့သော်လည်း အနူးဘစ်၏တိုက်ခိုက်မှုစက်ကွင်းကို ရှင်းရှင်းလင်းလင်းရှောင်တိမ်းခဲ့သည်။
လက်ရှိအချိန်တွင် သူတို့သည်အဖွဲ့ငယ်လေးများအဖြစ် ဖြန့်ခွဲတိုက်ခိုက်နေသော်လည်း ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့သည်။သူတို့သည် အမှားအယွင်းမရှိကောင်းစွာ ညှိနှိုင်းတိုက်ခိုက်ခဲ့ကြသည်။သာမန်ဇတ်ဂ်များသည် ဧကရာဇ်ကျားအစောင့်တပ်၏တိုက်ခိုက်မှုကို တောင့်မခံနိုင်ကြပေ။
ထိုသို့အဖွဲ့ငယ်တစ်ခုစီ၏အထက်တွင် ၎င်းတို့အတွက်ဦးတည်ချက်ကို ပြသနိုင်ရန်အတွက် ဂရစ်ဖင်အဖွဲ့ငယ်တစ်ခုရှိပေသည်။သူတို့သည် တိုက်ပွဲအခြေအနေကို အမြဲတစေစောင့်ကြည့်နေကြပြီး ဇတ်ဂ်များပိတ်ဆို့မခံရအောင် တားဆီးခဲ့ကြသည်။
အခန်း ၅၃၁ - အမျိုးမျိုးသော တိုက်ပွဲများ
များမကြာမှီတွင် အနူးဘစ်နှင့်တောင်ဘီလူးများက စတင်၍တိုက်ခိုက်လာခဲ့ကြသည်။
ဧရာမတောင်ဘီလူးကြီး၏တူများသည် အနူးဘစ်အားပြင်းထန်စွာရိုက်နှက်မိ၍ အနူးဘစ်ထံမှ နာကျင်စွာအော်ဟစ်သံကထွက်ပေါ်လာခဲ့သည်။
တောင်ဘီလူးကြီးအား လက်နက်ချပ်ဝတ်တပ်ဆင်ပေးရန်အတွက် ရှောင်ယုအသုံးပြုခဲ့သော ငွေကြေးအမြောက်အများသည် အဆုံးသတ်၌ အသုံးဝင်လာခဲ့ပြီဖြစ်သည်။ဤတောင်ဘီလူးကြီ၏ ချပ်ဝတ်တန်ဆာများကို ရှားပါးသောသတ္တုများဖြင့်ပြုလုပ်ထားပြီး ၎င်းကိုင်ဆောင်ထားသော ဧရာမတူကြီးသည်လည်းစျေးမနည်းလှပေ။ဤအခိုက်အတန့်တွင် အနူးဘစ်နှင့်တောင်ဘီလူးကြီးများ ထိပ်တိုက်ရင်ဆိုင်မိကြချိန်၌ တောင်ဘီလူးများကလုံးဝအသာစီးရနေခဲ့သည်။
အကယ်၍ တောင်ဘီလူးများကသာ သံချပ်ကာနှင့်ဧရာမတူများအစား သစ်ပင်ပင်စည်ကြီးများကိုသာ ဆက်လက်အသုံးပြုနေမည်ဆိုပါက သူတို့သည်အနူးဘစ်အားရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း ရှောင်ယုစိုးရိမ်မိပေသည်။သို့သော်လည်း ယခုအခါသူတို့ကိုင်ဆောင်ထားသော သံချပ်ကာနှင့်တူ၏အကူအညီဖြင့် အခြေအနေများကလုံးဝကွာခြားသွားခဲ့ပြီဖြစ်သည်။
အနူးဘစ်များသည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့်အတွက် ဤတိုက်ပွဲတွင်တောင်ဘီလူးများကို တိုက်ခိုက်ရန်သူ၏လက်သီးများကိုသာ အသုံးပြုခဲ့ရသည်။
အနူးဘစ်သည် အလွန်ပင် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသော သတ္တဝါတစ်မျိုးဖြစ်ကာ အတိုင်းအတာတစ်ခုထိ တုံးအသည့်ဘောစ့်တစ်ကောင်ဖြစ်သည်။သူသည် ရန်သူကိုတိုက်ခိုက်ရာ၌မည်သည့်ဗျူဟာနှင့်ကျွမ်းကျင်မှုကိုမှ အသုံးပြုခြင်းမရှိပေ။တောင်ဘီလူး၏အဓိကအစိတ်အပိုင်းများကို သံချပ်ကာဖြင့်ဖုံးလွှမ်းထားသော်လည်း ချပ်ဝတ်မပါရှိသောအစိတ်အပိုင်းများစွာလည်း ရှိနေသေးသည်။
အဆိုပါအစိတ်အပိုင်းများကို ဦးတည်တိုက်ခိုက်မည်ဆိုပါက ရလဒ်ကောင်းအချို့အားရရှိနိုင်မည်ဖြစ်သော်လည်း အနူးဘစ်သည်ထိုအချက်ကိုသတိမပြုမိခဲ့ပေ။အနူးဘစ်၏တိုက်ခိုက်မှုအများစုသည် သံချပ်ကာဖြင့်ကာရံထားသော အစိတ်အပိုင်းများအပေါ်သို့သာ ကျရောက်နေခဲ့သည်။
ထို့ကြောင့် သူ၏တိုက်ခိုက်မှုသည် တောင်ဘီလူးများကို ထိခိုက်မှုကြီးကြီးမားမားမဖြစ်ပေါ်စေဘဲ သူတို့အားပိုမိုဒေါသထွက်စေခဲ့သည်။
အစောပိုင်းတွင် လူတိုင်းသည် လွန်စွာအရပ်မြင့်သော အနူးဘစ်ကိုကြည့်ကာ ကြောက်လန့်နေကြသော်လည်း တောင်ဘီလူးကြီးများ၏တိုက်ခိုက်မှုအား မြင်တွေ့လိုက်ရသောအခါတွင် လူတိုင်း၏ကြောက်ရွံ့မှုများက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။လူတိုင်းသည် အနူးဘစ်အားတတ်နိုင်သမျှ အမြန်ဆုံးသတ်ဖြတ်နိုင်ရန် မျှော်လင့်ထားကြသည်။ထို့ပြင် ဇတ်ဂ်တို့ထံ၌ယခုလိုအရာမျိုး မည်မျှရှိနေသေးကြောင်းသူတို့မသိခဲ့ကြပေ။အကယ်၍ ယခုကပင်ကြိုတင်မရှင်းလင်းထားပါက နောင်တွင်ပြဿနာဖြစ်လာမည်ဖြစ်သည်။
တောင်ဘီလူးများမှလွဲ၍ ကျန်လူများသည်အနူးဘစ်အား ကိုင်တွယ်နိုင်စွမ်းမရှိပေ။သို့သော်လည်း ဂရင်းသည် အနူးဘစ်အားသူ၏ဓားရှည်ဖြင့်တိုက်ခိုက်ခဲ့ရာ အနူးဘစ်၏ခန္ဓာကိုယ်ပေါ်၌ နက်ရှိင်းသောဒဏ်ရာတစ်ခုကို ချန်ရစ်ထားခဲ့သည်။
ဂရင်း၏တိုက်ခိုက်မှုတိုင်းသည် အနူးဘစ်ကိုကြီးစွာထိခိုက်နာကျင်စေခဲ့သည်။ဂရင်းသည် သူ၏တိုက်ခိုက်ခြင်းကိုမရပ်တန့်ခဲ့ရာ အနူးဘစ်၏ခန္ဓာကိုယ်မှ အနက်ရောင်အရည်များထွက်ပေါ်လာပြီး အနူးဘစ်သည်အလွန်နာကျင်သွားခဲ့ပြီး ဂရင်းအားသူ၏လက်ဖြင့်ရိုက်သတ်ရန်ကြိုးစားလိုက်သည်။
ဝေါင်း...
ဂရင်းသည် အခြေအနေကိုလိုက်လျောညီထွေဖြစ်နေသော မျောက်တစ်ကောင်နှင့်ဆင်တူနေကာ အနူးဘစ်၏တိုက်ခိုက်မှုကိုအသာအယာရှောင်တိမ်းလိုက်ပြီး အနူးဘစ်၏လည်ပင်းကိုဦးတည်၍ ဖြတ်တောက်လိုက်သည်။
ဝုန်း...
ပေါက်ကွဲမှုနှင့်အတူ ဂရင်း၏ဓားရှည်သည် အနူးဘစ်၏လည်ပင်းကိုခုတ်ဖြတ်လိုက်ချိန်တွင် ဓားဒဏ်ရာမှနေ၍ အနက်ရောင်အရည်များ ချက်ချင်းထွက်ပေါ်လာခဲ့သည်။အနူးဘစ်သည် ဂရင်းအားသူ့လက်များဖြင့်ဖမ်းဆုပ်ရန် အသည်းအသန်ဆက်လက်ကြိုးစားနေသော်လည်း ဂရင်း၏သွက်လက်မြန်ဆန်မှုကြောင့် မအောင်မြင်ခဲ့ပေ။
ဂရင်းသည် အနူးဘစ်၏လည်ပင်းမှဒဏ်ရာကို ပြင်းပြင်းထန်ထန်ဆက်လက်တိုက်ခိုက်နေခဲ့ရာ လည်ပင်းမှနေ၍ စမ်းရေတွင်းကဲ့သို့သွေးများ အဆက်မပြတ်စီးကျလာခဲ့ပြီး အနူးဘစ်၏ဦးခေါင်းပြတ်ကြီးက လေထဲသို့လွှင့်တက်သွားခဲ့သည်။
အုန်း...
အနူးဘစ်၏ဦးခေါင်းသည် မြေပြင်ပေါ်သို့ပြုတ်ကျလာသည်နှင့် သူ၏ခန္ဓာကိုယ်ကလည်း လဲပြိုသွားခဲ့သည်။
"ဒါပဲကွ...."
ထိုမြင်ကွင်းကို လူတိုင်းတွေ့လိုက်ကြသောအချိန်တွင် သူတို့အားလုံးသည် ဂရင်းကိုကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြသည်။ယခုအချိန်တွင် လူမျိုးရေးကွဲပြားမှုကိုမေ့ထားကြပြီး ဘုံရန်သူအားရင်ဆိုင်နေရသည့်အချိန်တွင် လူတိုင်းသည်ရဲဘော်ရဲဘက်များဖြစ်ကြသည်။
ဂရင်းသည် အနူးဘစ်အားကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းများအကြောင်းကို လူတိုင်းအားသရုပ်ပြပေးခဲ့သည်ဟုဆိုလျှင် မမှားပေ။သူသည်လိုက်လျောညီထွေရှိသော လှုပ်ရှားမှုများဖြင့် လူတိုင်းအားအနူးဘစ်ကိုသတ်ဖြတ်နိုင်မယ့် အခွင့်အရေးကိုပြသခဲ့သည်။
သို့သော်လည်း ဤသို့သောတိုက်ခိုက်မှုမျိုးကို သာမန်လူများလုပ်ဆောင်နိုင်စွမ်းမရှိဘဲ ဂရင်းကသာလျှင် သေသေသပ်သပ်နှင့်လွယ်လွယ်ကူကူလုပ်ဆောင်နိုင်မည်ဖြစ်သည်။သာမန်စစ်သားတစ်ယောက်သည် ဂရင်းကဲ့သို့လုပ်ဆောင်ရန် ကြိုးစားပါက အနူးဘစ်၏ရိုက်သတ်ခြင်းကိုခံရမည်ဖြစ်သည်။
ထိုအရာသည် ခွန်အားကွာဟချက်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဂရင်းသည်လူတိုင်းအား အနူးဘစ်နှင့်တိုက်ခိုက်ဝံ့စေရန်အတွက် ယုံကြည်မှုပေးစွမ်းနိုင်ခဲ့သည်။အသေအပျောက်အနည်းငယ်ရှိခဲ့သည်တိုင်အောင် လူတိုင်းသည်အနူးဘစ်အားရင်ဆိုင်ရာ၌ ပိုမိုကောင်းမွန်စွာလုပ်ဆောင်လာနိုင်ခဲ့သည်။စစ်သားများသည် အချင်းချင်းကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။အချို့သည် အနူးဘစ်ကိုအာရုံပြောင်းစေခဲ့ကာ အချို့ကမူစစ်မှန်သောတိုက်ခိုက်မှုအချို့ကို လုပ်ဆောင်ခဲ့ကြသည်။ထို့ပြင် အနူးဘစ်၏ဂွကြားသည် သူတိုက်ခိုက်မှုပြုလုပ်ချိန်တိုင်း မျက်ကွယ်ဖြစ်နေသည့်အတွက်ကြောင့် ထိုနေရာသည် သူ၏အကြီးမားဆုံးအားနည်းချက်ဖြစ်ကြောင်း လူတိုင်းသိရှိသွားခဲ့ကြသည်။
နောက်ဆုံးတွင် တိုက်ပွဲဒီရေသည် အနောက်တိမ်တိုက်အင်ပါယာအတွက် ကောင်းမွန်သောအလှည့်အပြောင်းကို စတင်ဖော်ဆောင်လာခဲ့သော်လည်း ကြီးမားသည့်အသွင်အပြင်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ထိုကောင်ကြီးသည် လူအုပ်ကြားထဲသို့တိုးဝင်လာကာ သူ၏ကြီးမားသောဦးချိုတစ်စုံကိုဝှေ့ယမ်းလိုက်ပြီး သူ၏ပတ်ပတ်လည်ရှိစတုရန်းမီတာဒါဇင်အတွင်းမှ လူတိုင်းကိုသတ်ဖြတ်လိုက်သည်။
ထိုကောင်ကြီးသည် ဗိုလ်ချုပ်ရာဂျက်ဖြစ်ပြီး ယခုအခါတွင်သူသည်ဒေါသကြီးသောနွားရိုင်းတစ်ကောင်ကဲ့သို့ အရူးအမူးတိုက်ခိုက်နေကာ လူတိုင်းကိုကြီးမားသောဆုံးရှုံးမှုဖြစ်စေခဲ့သည်။
ဗိုလ်ချုပ်ရာဂျက်သည် ယခင်လိုရဲရင့်နေဆဲဖြစ်ကာ ယခုလိုတိုက်ပွဲမျိုးအတွက် အကောင်းဆုံးသူရဲကောင်းလည်းဖြစ်သည်။
ရာဂျက်သည် သူတို့အားဆုံးရှုံးမှုအချို့ဖြစ်ပေါ်စေသည်ကိုမြင်သောအခါတွင် ရှောင်ယုသည်ညွန်ကြားချက်အချို့ကိုထုတ်ပြန်လိုက်သည်။ခဏအကြာတွင် ဧရာမပုံရိပ်ကြီးတစ်ခုသည် ရာဂျက်၏ရှေ့သို့ရုတ်တရက်ခုန်ဆင်းသွားခဲ့ကာ သူ၏ပုဆိန်ကြီးအားဝှေ့ယမ်း၍ ရာဂျက်အားပြင်းထန်စွာတိုက်ခိုက်လိုက်သည်။
ခိုင်ရင်း...
ခိုင်ရင်းသည် ဤသို့သောပြိုင်ဘက်များနှင့်ရင်ဆိုင်ရသည်ကို အကြိုက်ဆုံးဖြစ်သည်။ယခုလိုခွန်အားသက်သက်ဖြင့်တိုက်ခိုက်ခြင်း၊မဆင်မခြင်တိုးဝင်တိုက်ခိုက်ခြင်းတို့က သူ့အားအလွန်စိတ်လှုပ်ရှားစေခဲ့သည်။ခိုင်ရင်းသည် ရာဂျက်၏တိုက်ခိုက်မှုများကို အမှန်တကယ်ခုခံနိုင်သော်လည်း ရာဂျက်နှင့်ထိပ်တိုက်ရင်ဆိုင်ရာတွင် သိသိသာသာအားနည်းပေသည်။သို့သော်လည်း ရာဂျက်သည်ခိုင်ရင်းကို အချိန်တိုအတွင်း အနိုင်ယူနိုင်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင် နဂါးလေးသည်အလွန်စိတ်လှုပ်ရှားနေခဲ့ကာ တိုက်ပွဲ၌ပါဝင်ရန်တောင်းဆိုလိုက်သော်လည်း ရှောင်ယုကပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည်။သူသည် နဂါးတစ်ကောင်ပေါ်၌ပျံသန်းနေရသောခံစားချက်ကို အမှန်တကယ်နှစ်သက်မိသည့်အတွက် နဂါးလေးအားတိုက်ပွဲအတွင်းသို့ ဝင်ရောက်ကူညီခွင့်မပေးနိုင်ပေ။
ရုတ်တရက်ဆိုသလိုပင် မြေပြင်သည်တုန်ခါလာခဲ့ကာ မြေပြင်ထဲမှတစ်စုံတစ်ခုတိုးထွက်လာခဲ့သည်။ထို့နောက်ဧရာမအမြီးတစ်ခုက မြေကြီးအောက်မှထွက်ပေါ်လာကာ စစ်သားတစ်စုအားသတ်ဖြတ်လိုက်ပြီးနောက် မြေပြင်တစ်ခုလုံးသဲနှုန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ထိုနေရာရှိလူများစွာသည် သတိမမူမိလိုက်၍ သဲနှုန်းအတွင်းပိတ်မိသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းသဲထဲနစ်ဝင်ပျောက်ကွယ်သွားခဲ့သည်။
"အဲ့ဒါ ကူရီးနက်စ်..."
ရှောင်ယုသည် ထိုကောင်အားချက်ချင်းအသိအမှတ်ပြုလိုက်သည်။ထိုကောင်သည် ဘုရားကျောင်း၏တံခါးစောင့်တစ်ဖြစ်လဲ ကင်းမြီးကောက်ကူရီးနက်စ်ဖြစ်သည်။၎င်းသည် သဲနှုန်းထောင်ချောက်ကဲ့သို့သောအစွမ်းများကို ကျွမ်းကျင်မှုရှိကာ အုပ်စုလိုက်တိုက်ခိုက်သောအခါတွင် ရန်သူအားကြီးကြီးမားမားဒုက္ခပေးနိုင်စွမ်းရှိသည်။