← Chapters

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အခန်း ၅၃၅ - လျှို့ဝှက်ဆန်းကြယ်အင်အားစု၏ လှုပ်ရှားမှုများ

"ဟမ့်...မင်းကလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုအကြောင်းကိုပြောနေတာလား"

ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ဝိုင်နီကိုအရသာခံနေလိုက်သည်။သူသည် အလွန်ပင်တည်ငြိမ်နေခဲ့ကာ ပြည်မကြီး၏အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်နေပုံမရပေ။

အဘယ်ကြောင့်ဆိုသော် သူသည်သတင်းကောင်းတစ်ခုအား ရရှိလိုက်၍ဖြစ်သည်။သူ၏ကွပ်ကဲမှုအောက်၌ရှိနေသော သူရဲကောင်းများစွာသည် ဤတိုက်ပွဲအပြီးတွင် ဆဌမအဆင့်သို့ရောက်ရှိသွားခဲ့သည်။

ဆဌမအဆင့်သို့ရောက်သွားသူများတွင် ဂရင်း၊ခိုင်ရင်း၊အီလီဒမ်၊အန်တိုနီဒက်စ်နှင့်ကဲလ်သက်တို့ပါဝင်ပေသည်။သို့သော်လည်း သရောလ်၊အူသာ၊ဝါစီချီ၊မဲလ်ဖြူရီယန်၊တိုင်ရန်ဒီနှင့်မိုင်ယဗ်တို့သည် ဆဌမအဆင့်သို့မရောက်သေးပေ။

ဂရင်း၊ခိုင်ရင်း၊ချန်းနှင့်အီလီဒမ်တို့သည် ဤတိုက်ပွဲတစ်ခုလုံးတွင် အဓိကပါဝင်တိုက်ခိုက်ခဲ့ကြသည်။သူတို့သတ်ဖြတ်ခဲ့သော ရန်သူအရေအတွက်သည် အလွန်များပြားသည့်အတွက်ကြောင့် အဆင့်တက်သွားသည်မှာ မထူးဆန်းလှပေ။ကဲလ်သက်နှင့်အန်တိုနီဒက်စ်တို့သည် မှော်ဆရာများဖြစ်ကြသည့်အတွက်ကြောင့် သူတို့သည် ထူထပ်သောဇတ်ဂ်အုပ်စုများကို အဓိကထားတိုက်ခိုက်ခဲ့ကြသည်။

အခြားသောသူရဲကောင်းများအတွက်မူ အဆင့်တက်ရန်အခြားတိုက်ပွဲများကို စောင့်ဆိုင်းရမည်ဖြစ်သည်။ထို့ပြင် ချန်နှင့်မဲလ်ဖြူရီယန်တို့သည် လွန်စွာအဆင့်နိမ့်ကြပေသည်။

ဆဌမအဆင့်သို့ရောက်ရှိပြီးနောက်တွင် ထိုသူရဲကောင်းသည်ပြန်လည်မွေးဖွားလာခဲ့ကာ အခြားအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။တစ်နည်းအားဖြင့်ဆိုရသော် အလွန်အစွမ်းထက်သော ဆဌမအဆင့်သူရဲကောင်းများမှလွဲ၍ ၎င်းတို့အားမည်သူကမှ ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤသူရဲကောင်းများ၏ ပင်က်ုယ်အစွမ်းသည် အလွန်ပြင်းထန်လှပေသည်။

ဆဌမအဆင့် သူရဲကောင်းများ၏ အကူအညီဖြင့်ဆိုပါက သူ၏တပ်ဖွဲ့သည် စစ်မြေပြင်၌အနိုင်မယူနိုင်သော အခြေအနေသို့ရောက်လာမှာဖြစ်သည်။

သူရဲကောင်းများအပြင် အလွန်ဆိုသည် အူသာ၏လမ်းညွန်မှုကြောင့် ဆဌမအဆင့်သို့ရောက်ရှိသွားခဲ့သည်။အူသာသည် ဆဌမအဆင့်သို့မရောက်ရှိသေးသော်လည်း အလွန်ဆို၏အဆင့်တက်ခြင်းအပေါ် အနှောင့်အယှက်မဖြစ်စေခဲ့ပေ။

အူသာနှင့်ရေရှည်ဆက်ဆံမှုကြောင့် အလွန်ဆို၏အခြေအနေအရပ်ရပ်သည် ပိုမိုအခြေခိုင်လာခဲ့ပြီး အူသာအပေါ်သူ၏ရူးသွပ်သောယုံကြည်မှုများက သူ၏ခွန်အားကိုအလွန်ပင်မြင့်မားလာစေခဲ့သည်။ငွေရောင်လက်၏ စစ်သည်တော်များကလည်း သူတို့၏ခွန်အားကို မြင့်တင်ပေးနိုင်ခဲ့သည်။

ရှောင်ယုသည် တပ်သားများကိုငွေလက်အဖွဲ့နှင့်ပူးပေါင်းပြီး ပါလာဒင်များဖြစ်လာစေရန် အားပေးအားမြှောက်လုပ်ဆောင်ခဲ့သည်။ယခုအခါ ငွေရောင်လက်၏အဖွဲ့ဝင်သည် ၃၀၀၀၀ကျော်ထိရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထိုလူများထဲမှ အချို့သည်အနည်းငယ်အစွမ်းထက်ကြပေသည်။သူတို့သည် နေ့တိုင်းလိုလိုပင် အူသာ၏ဘုန်းကျက်သရေအောက်၌ ခွန်အားမည်မျှထိတိုးလာသည်ကို ဆုံးဖြတ်ရန်ခက်ခဲနေခဲ့သည်။

အထူးသဖြင့် အလွန်ဆိုနှင့်အတူအူသာ၏လက်အောက်သို့ ခိုဝင်လာသူများအနက် ပဥ္စမအဆင့်သို့ရောက်ရှိနေသူ ရာနှင့်ချီနေပြီဖြစ်သည်။ရှောင်ယုသည် ၎င်းတို့ကိုကြည့်ရင်း ဘုရားကျောင်း၏တယူသန်သော ယုံကြည်မှုကိုအနည်းငယ်သဘောပေါက်လာခဲ့သည်။သူတို့အဆင့်တက်ခြင်းသည် အလွန်ပင်မြန်ဆန်လှသော်လည်း သူတို့၏ခွန်အားကိုတိုးမြင့်ရန်အတွက်မူ သူတို့၏စိတ်ဓာတ်ခွန်အားကိုမြင့်တင်ခြင်းက အခြေခံကျပေသည်။

ယခုအခါ လင်းမူရွယ်၊အလွန်ဆိုနှင့်ကာဆိုတို့အပါအဝင် ရှောင်ယု၏လက်အောက်၌ ဆင့်ခေါ်ခံထားရသူမဟုတ်သော ဆဌမအဆင့်ကျွမ်းကျင်သူ ၃ယောက်ရှိလာခဲ့သည်။

ထိုသို့ခွန်အားတိုးမြင့်လာသည့်အတွက်ကြောင့် သူသည်မပျော်ဘဲမနေနိုင်တော့ပေ။ထို့ပြင် ကမ္မကုသိုလ်များအဆက်မပြတ်ရရှိနေခြင်းကြောင့် သူ၏ရာထူးသည်မကြာမှီ နောက်တစ်ဆင့်သို့ရောက်တော့မည်ဟု ခံစားမိလာခဲ့သည်။ထိုအခါရှောင်ယုသည် သူ၏အခြေစိုက်စခန်းကို အဆင့်၃သို့မြင့်တင်နိုင်မည်ဖြစ်သည်။

ယခုအခါ ကမ္ဘာကြီးတစ်ခုလုံးသည် ကမောက်ကမဖြစ်နေသည့်အတွက်ကြောင့် ရှောင်ယုသည်သူ၏ခွန်အားကို အချိန်တိုင်းမြင့်တင်နေရသည်။

"အဲ့ဒီတပ်ဖွဲ့ဟာ အရမ်းကိုလျှို့ဝှက်ဆန်းကြယ်ပြီးတော့ သူတို့ဟာဒီနေ့တိုက်ကြီးမှာ အင်အားအကောင်းဆုံးတပ်ဖွဲ့ဖြစ်နိုင်တယ်လို့ ငါအမြဲလိုလိုခံစားမိနေခဲ့တယ်...ငါတို့သာသတိမထားလိုက်ဘူးဆိုရင် သူတို့ကျော်တက်သွားတာကိုခံရနိုင်တယ်"

နီကိုးလပ်စ်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။သူသည် ဤလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားအကြောင်းကို စုံစမ်းသိရှိထား၍ ရှောင်ယုကိုသတိပေးနေခြင်းဖြစ်သည်။လက်ရှိအခြေအနေသည် သူတို့အတွက်အလွန်ပင်ပြသနာများနေခဲ့သည်။

"ခုဆိုရင် ဂေါ်ဒန်ရဲ့အောစ့်တွေ၊လျှို့ဝှက်ဆန်းကြယ်အင်အားစုရယ်အပြင် ဘုရားကျောင်းလည်းရှိသေးတယ်မလား...မင်းရဲ့မြေပုံပေါ်က အနီရောင်နယ်မြေဟာ ဘုရားကျောင်းကထိန်းချုပ်ထားတဲ့နယ်မြေလား"

ရှောင်ယုက မြေပုံပေါ်ရှိအမှတ်အသားကိုကြည့်ရင်း မေးလိုက်သည်။

"ဟုတ်တယ်...အဲ့ဒါကဘုရားကျောင်းကသိမ်းပိုက်ထားတဲ့နယ်မြေပဲ...သူတို့ကအဲ့ဒီဒေသတွေမှာရှိတဲ့အင်အားစုလေးတွေကို အခြေခံအားဖြင့်ထိန်းချုပ်ထားတယ်...ဒါပေမဲ့အချို့အင်အားစုတွေကိုတော့ ခုထိအလွတ်ပေးထားတုံးပဲ...အဲ့ဒါကိုတချက်သတိထားရမယ်...ဘုရားကျောင်းကတကယ်လှုပ်ရှားတော့မယ်ဆိုရင် မင်းဆီကိုဦးတည်လာဖို့ဖြစ်နိုင်ခြေအရမ်းမြင့်တယ်"

နီကိုးလပ်စ်က ရှောင်ယုအားစူးစူးဝါးဝါးစိုက်ကြည့်ရင်းပြောလိုက်သည်။

ရှောင်ယုက သူ၏လက်ကိုဝှေ့ယမ်းရင်း ပြောလိုက်သည်။

"သူတို့မှာအစွမ်းအစရှိတယ်ဆိုရင် စမ်းကြည့်လိုရတယ်...ငါကသူတို့ကိုကြောက်နေမယ်လို့ထင်လား...ဒါ့အပြင်ငါ့ရဲ့နယ်မြေနဲ့ဘုရားကျောင်းအကြားမှာ အင်အားစုကြီးတွေအများကြီးရှိနေသေးတယ်....ဘုရားကျောင်းကသူတို့ကိုတိုက်ခိုက်ဝံ့မှာတဲ့လား"

နီကိုးလပ်စ်က လေးနက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး...ဘုရားကျောင်းရဲ့ရည်မှန်းချက်တွေက အကန့်အသတ်ရှိမနေဘူး...သူတို့ဟာနယ်မြေတစ်ခုကိုသိမ်းပိုက်ပြီးသွားရင် အဲ့နယ်မြေရဲ့အခြေအနေကိုတည်ငြိမ်စေပြီးတော့ အရင်းအမြစ်တွေကိုကြေညက်အောင်ဝါးမြိုတယ်...သူတို့ရဲ့နောက်ဆုံးပန်းတိုင်က သူတို့ရဲ့အကြီးမားဆုံးရန်သူကိုဖျက်ဆီးဖို့ဘဲ...မင်းကိုသတ်ဖြတ်လိုက်မှ သူတို့တွေဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်"

ရှောင်ယုက ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။

"ဘုရားကျောင်းကိုနှစ်သက်တဲ့သူတွေ အများကြီးရှိနေမယ်လို့မင်းထင်နေတာလား...ဘုရားကျောင်းကသူတို့ရဲ့ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်လိုက်ပြီဆိုရင် မရေမတွက်နိုင်တဲ့လူတွေက ဘုရားကျောင်းကိုမုန်းတီးပြီးတော့ တရှိန်ထိုးချေမှုန်းပစ်ဖို့ကြိုးစားကြလိမ့်မယ်...ဒါ့ကြောင့်အရမ်းကြီးစိုးရိမ်နေစရာမလိုတော့ဘူး...ငါကသူတို့ရဲ့ထိုးစစ်ကိုတွန်းလှန်ပြီးတော့ သူတို့ငါ့ကိုမသတ်ဖြတ်နိုင်အောင်ကာကွယ်ဖို့ဘဲလိုအပ်တယ်"

နီကိုးလပ်စ်ကပြုံး၍ ရှောင်ယုကိုစိုက်ကြည့်လိုက်သည်။

"မင်းကအရမ်းယုံကြည်မှုပြင်းထန်နေတာပဲ"

ရှောင်ယုက သူ၏မေးစေ့ကိုမြှောက်၍ ပြန်ပြောလိုက်သည်။

"အဲ့ဒါ ငါဖြစ်နေလို့ပဲ"

"မင်းရဲ့သူရဲကောင်းအချို့က ဆဌမအဆင့်ကိုရောက်နေကြပြီဘဲ...ဒါဟာမင်းအတွက်တော့တကယ်ပျော်စရာပဲ...သူတို့ကိုသာအချိန်လုံလုံလောက်လောက်ပေးလိုက်ရင် သတ္တမအဆင့်ကိုတောင်ရောက်သွားနိုင်တယ်မလား..."

နီကိုးလပ်စ်သည် ထိုသို့ပြောနေစဉ်အတွင်း သူ၏အကြည့်များကတောက်ပနေခဲ့သည်။ဤသို့အဆင့်မြင့်တင်မှုအရှိန်အဟုန်သည် အလွန်ပင်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

ဆဌမအဆင့်သို့ရောက်ရန် သာမန်သူရဲကောင်းတစ်ယောက်သည် နှစ်အတော်ကြာလိုအပ်ပေသည်။ယခုရှောင်ယု၏သူရဲကောင်းများအတွက်မူ ရှေးခေတ်သူရဲကောင်းများဖြစ်ကြသည်ဟူသော ရှင်းပြချက်သာရှိပေသည်။ထိုသို့သောအခြေအနေတွင် ဤလူများသည် ဒဏ္ဍုာရီလာသတ္တမအဆင့်သို့ အမှန်တကယ်ရောက်ရှိနိုင်ခြေရှိပေသည်။

ထိုသူရဲကောင်းများ၏ခွန်အားသည် လုံးဝကြောက်စရာကောင်းလှပေသည်။

"ဟဲဟဲ...သူတို့ကသတ္တမအဆင့်ကိုအနှေးနဲ့အမြန်ဆိုသလိုရောက်လာမှာပါ...မင်းအရမ်းကြီးစိတ်ပူနေစရာမလိုပါဘူး...မင်းအကူအညီလိုတယ်ဆိုရင်ငါ့ကိုပြောလို့ရတယ်...ငါမင်းကိုကူညီမှာပေါ့"

ရှောင်ယုက နီကိုးလပ်စ်၏ပုခုံးကိုပုတ်ရင်းပြောလိုက်သည်။

နီကိုးလပ်စ်၏မျက်လုံးများက ချက်ချင်းပြူးကျယ်သွားခဲ့သည်။

"အခုအချိန်မှာ တိုက်ကြီးရဲ့အရှေ့မြောက်ဘက်ကို လျှို့ဝှက်ဆန်းကြယ်အင်အားစုက လုံးဝကိုသိမ်းပိုက်ထားလိုက်ပြီ...သူတို့ရဲ့ခွန်အားနဲ့သာဆိုရင် ရေရှည်စီမံချက်တွေရေးဆွဲပြီး တစ်ခုခုကျိန်းသေပေါက်လုပ်လာလိမ့်မယ်...သူတို့ကအလင်းထဲရောက်လာပြီဆိုတော့ လုံလောက်တဲ့ပြင်ဆင်မှုတွေလုပ်ထားတာ ကျိန်းသေတယ်"

ထိုလျှို့ဝှက်ဆန်းကြယ်အင်အားစုသည် သူ၏အကြီးမားဆုံးရန်သူဖြစ်သည်ဟု ရှောင်ယုကအမြဲလိုလိုခံစားမိနေခဲ့သည်။

အခန်း ၅၃၆ - အင်ကာရက်ဂ်ကိုစတင်တိုက်ခိုက်ခြင်း

"ပိုကောင်းတဲ့နည်းလမ်းဆိုတာ အမြဲရှိနေတာပဲ...ငါတို့ကဘုရားကျောင်းကိုပစ်မှတ်ထားပြီးတော့ သူတို့ကိုအရင်ဖယ်ရှားရမယ်...

"အဲ့ဒါပြီးရင်တော့ဂေါ်ဒန်ကိုဖယ်ရှားဖို့ ငါတို့အတူတူလုပ်ဆောင်ရမယ် နီကိုးလပ်စ်...အဆုံးသတ်မှာတော့ဒီလျှို့ဝှက်ဆန်းကြယ်အင်အားစုကို ဖယ်ထုတ်ဖို့အတွက် အင်အားစုတွေအကုန်လုံးပူးပေါင်းဆောင်ရွက်နိုင်မှဖြစ်မယ်...ငါ့အကြံဘယ်လိုလဲ"

ရှောင်ယုက သူ၏အစီအစဉ်အားရှင်းပြလိုက်သည်။

နီကိုးလပ်စ်သည် ရှောင်ယုကိုကြည့်ရင်း သူ၏မျက်လုံးများကအနည်းငယ်မှိန်ဖျော့သွားခဲ့သည်။ခဏအကြာတွင် သူသည်ခေါင်းကိုဖြေးညင်းစွာခါ၍ ပြောလိုက်သည်။

"ငါတို့နှစ်ယောက်ကဘယ်တော့မှ သူငယ်ချင်းအစစ်အမှန်မဖြစ်လာနိုင်ဘူး...ငါတို့ကသာ သူတို့အားလုံးကိုရှင်းလိုက်ရင် ဘယ်သူကတိုက်ကြီးရဲ့အုပ်စိုးသူဖြစ်လာမှာလဲ"

ရှောင်ယုက နီကိုးလပ်စ်အနားတိုးကပ်သွားကာ ပုခုံးကိုလက်ဖြင့်ပုတ်၍ပြောလိုက်သည်။

"မင်းကဘာတွေစိုးရိမ်နေတာလဲ....သူတို့ကိုရှင်းလင်းပြီးတဲ့အခါကျမှ ငါတို့ပြန်တိုက်ကြတာပေါ့"

"ငါတို့သာအဲ့အခြေအနေထိရောက်လာရင် မင်းရဲ့ခွန်အားကငါ့ထက်သာမှာသေချာတယ်"

နီကိုးလပ်စ်က ပြောလိုက်သည်။

"အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင် မင်းနဲ့ငါနဲ့မဟာမိတ်ဖွဲ့ကြတာပေါ့...မင်းကိုဘုရင်ခံရာထူးပေးမယ်"

ရှောင်ယုက ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်တွင် ရှောင်ယုသည်ထို့ပါဟောင်အား တည်ငြိမ်စွာစိုက်ကြည့်လိုက်ပြီး ထို့ပါဟောင်ကလည်းပြန်ပြုံးပြလိုက်သည်။

နီကိုးလပ်စ်က မကျေမနပ်ပြန်ပြောလိုက်သည်။

"မင်းကငါ့ကိုမဟာမိတ်ဖွဲ့ဖို့ဖိအားပေးလို့မရဘူး...ဖြစ်လာခဲ့ရင်လည်းမင်းကငါ့ရဲ့ဘုရင်ခံဖြစ်လာမှာပဲ"

ရှောင်ယုက သက်ပြင်းချဟန်ဆောင်၍ ပြောလိုက်သည်။

"ဟေး...မင်းကဘာလိုအဲလောက်ထိစိတ်ဓာတ်ပြင်းပြနေရတာလဲ...မင်းကငါ့ကိုအနိုင်ယူလို့မရဘူး"

နီကိုးလပ်စ်က ပြန်လည်လှောင်ပြောင်လိုက်သည်။

"အဲ့ဒါက လုံးဝဖြစ်လာမှာမဟုတ်ဘူး"

"အဲ့အကြောင်းကို ခဏထားလိုက်...လောလောဆယ်ငါတို့အချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့လိုတယ်...အဲလိုမလုပ်ဘူးဆိုရင် ငါတို့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ လျှိ့ဝှက်ဆန်းကြယ်အင်အားစုကို သိမ်းပိုက်ဖို့လုပ်ဆောင်နိုင်မှာမဟုတ်ဘူး"

ရှောင်ယုက ပြက်ရယ်ပြုကာပြောလိုက်သည်။

ပြင်ဆင်ချိန်ရရက်ခန့်ယူပြီးနောက်တွင် လူသားမဟာမိတ်တပ်ဖွဲ့သည် အင်ကာရက်ဂ်ဘုရားကျောင်းကို စတင်တိုက်ခိုက်ခဲ့သည်။လူသားမဟာမိတ်တပ်ဖွဲ့ဟု ခေါ်ရသည့်အဓိကအကြောင်းရင်းမှာ အခြားမျိုးစိတ်တစ်ခုအား လူသားများကပူးပေါင်းဆန့်ကျင်သည့်တိုက်ပွဲဖြစ်နေ၍ဖြစ်သည်။

ဇတ်ဂ်စစ်တပ်သည် လူသားကမ္ဘာကြီးအား ဖျက်ဆီးပစ်လိုခဲ့သည်။ဤသည်မှာ မိမိတို့၏ကမ္ဘာကိုကာကွယ်ရန်အတွက် လူသားမျိုးနွယ်၏တိုက်ပွဲဖြစ်သည်။သို့သော်လည်း လူအနည်းငယ်ကသာ ဤအစီအစဉ်၌ အမှန်တကယ်ပါဝင်ခဲ့ကြသည်။ကျန်လူများမှာ ရှောင်ယု၏ချမ်းသာခြင်းသီအိုရီအောက်၌ နစ်မြောပါဝင်လာကြသူများဖြစ်သည်။

ဖာဂူဆန်သည် အခါအားလျော်စွာပင် ရှုပ်ထွေးသည့်ခံစားချက်များ ပါဝင်နေသည့်အကြည့်ဖြင့် ရှောင်ယုအား ကြည့်နေတတ်သည်။ရှောင်ယုသည် တိုက်ကြီးအားကာကွယ်သည့်လုပ်ငန်းစဉ်တွင် ကြီးမားသောပံ့ပိုးကူညီမှုကိုလုပ်ဆောင်ခဲ့ကြောင်း သူနက်နက်ရှိုင်းရှိုင်းနားလည်ထားပေသည်။ထိုကောင်လေးသည် အနည်းငယ်ရယ်စရာကောင်းပုံရပြီး ရံဖန်ရံခါတွင်လူဆိုးတစ်ယောက်လိုပြုမူတတ်သည်။သူ့ထံတွင် တော်ဝင်မျိုးနွယ်၏သွေးတစ်စက်မှမပါဝင်သော်လည်း ယခုလိုအချိန်မျိုးတွင် တိုက်ကြီးနှင့် လူသားအားလုံးကိုကာကွယ်ရန်အတွက် အစွမ်းကုန်အားထုတ်ကြိုးပမ်းနေခဲ့သည်။

ကောင်လေးနီကိုးလပ်စ်သည်လည်း ဆိုးဝါးခြင်းမရှိပေ။သူသည် အေဂါဝမ်၏ရုပ်တုအမြန်ဆုံးပြီးမြောက်စေရန်အတွက် ငွေကြေးအမြောက်အများစိုက်ထုတ်ပေးခဲ့သည်။ထိုအဖြစ်အပျက်ကိုကြည့်ခြင်းဖြင့် ထိုကောင်လေးသည်တစ်ကိုယ်ကောင်းမဆန်ကောင်း နားလည်နိုင်ပေသည်။နီကိုးလပ်စ်၏အမြင်အာရုံသည် သာမန်လူများထက်များစွာနက်နဲပေသည်။

သို့သော်လည်း သူကာကွယ်ပေးနေသောတော်ဝင်မိသားစုသည် ပြန်လည်ထမြောက်ရန် အခွင့်အလမ်းမရှိတော့ပေ။

ဖာဂူဆန်သည် အမှန်တရားကို နားလည်ထားသော်လည်း တော်ဝင်မိသားစု၏အစွမ်းအထက်ဆုံးသော မှော်ဆရာတစ်ယောက်အနေဖြင့် သူအသက်ရှင်နေသရွေ့ တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။သူသည် သူစီးနင်းနေသောခိုင်မဲရာကိုတစ်ချက်ကြည့်လိုက်ပြီး ပရောဖက်ပြုချက်ကိုသတိရမိလိုက်သည်။

တိုက်ကြီးရှိမျိုးနွယ်အားလုံးကိုစုစည်းကာ ရှေးခေတ်မှသူရဲကောင်းများအား ပြန်လည်ဆင့်ခေါ်နိုင်သူ...

ရှောင်ယုသည်သာလျှင် ထိုလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ပုံရသည်။

"အနောက်တိမ်တိုက်အင်ပါယာအတွက် တိုက်ကြီးရဲ့လုံခြုံမှုကိုကာကွယ်ဖို့အတွက် ဧကရာဇ်ကျားအစောင့်တပ်နဲ့အခြားတပ်သားတွေ ငါ့နောက်ကလိုက်ခဲ့ကြ"

ထို့ပါဟောင်၏အသံသည် စစ်မြေပြင်၌ပျံ့နှံ့သွားခဲ့ကာ လူတိုင်းပြတ်ပြတ်သားသားကြားနိုင်ခဲ့ကြသည်။

"တိုက်ကြ..."

ဧကရာဇ်ကျားအစောင့်တပ်နှင့်အခြားတပ်ဖွဲ့များသည် ပြိုင်တူဟစ်ကြွေးလိုက်ကြသည်။သူတို့၏ကြွေးကြော်သံသည် လူတိုင်း၏နှလုံးသားကိုတုန်ခါစေခဲ့သည်။

ဤနေရာရှိစွန့်စားသူများသည် တိုက်ကြီးတစ်ခွင်မှရောက်ရှိလာသူများဖြစ်ကြပြီး အချို့မှာအလွန်အစွမ်းထက်ကြသည်။သို့သော်လည်း သူတို့သည်ဤမြင်ကွင်းကိုတွေ့မြင်လိုက်ချိန်တွင် ရင်ထဲမှနေ၍ထိတ်လန့်သွားခဲ့ကြသည်။

ဒါက ဘယ်လိုစစ်တပ်ကြီးလဲ...ငါ့မှာသာဒီလိုတပ်ဖွဲ့မျိုးပိုင်ဆိုင်ထားရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ...

လူတိုင်းသည် တူညီသောအတွေးမျိုးဝင်လာကြသည်။

ထို့နောက်တွင် ဧကရာဇ်ကျားအစောင့်တပ်များက ရှေ့ဆုံးမှနေ၍ ဇတ်ဂ်စစ်တပ်အားတိုက်ခိုက်ခဲ့ကြသည်။ကောင်းကင်ပေါ်တွင် ရှောင်ယု၏လေတပ်ကိုအဖွဲ့၃ဖွဲ့ခွဲထုတ်လိုက်ပြီး တစ်ဖွဲ့စီ၌မှော်ဆရာကြီးတစ်ယောက်စီ လိုက်ပါလာကြသည်။သူတို့၏တာဝန်မှာ ဧကရာဇ်ကျားအစောင့်တပ်နှင့်အောက်ခြေတပ်သားများ၏ ချီတက်မှုကိုလုံးဝအဟန့်အတားမဖြစ်ရအောင် ဇတ်ဂ်များကိုချေမှုန်းပစ်ရန်ဖြစ်သည်။

ဒိုင်း...

ဇတ်ဂ်နှင့်လူသားစစ်တပ်နှစ်ခု ထိပ်တိုက်တွေ့မိသည်နှင့်အမျှ သံပီတုံးများကို ကြီးမားသောအရှိန်အဟုန်ကဦးစွာတိုက်ရိုက် သက်ရောက်လာခဲ့သည်။လူသားစစ်တပ်သည် မရပ်တန့်နိုင်သောရထားတစ်စင်းကဲ့သို့ လုပ်ဆောင်ခဲ့ကြသည်။

ခိုင်မဲရာ၏မီးတောက်မှုတ်ထုတ်ခြင်း၊လင်းနို့များ၏ဗုံးကြဲချခြင်းနှင့်မှော်ဆရာကြီး၃ယောက်တို့၏ မှော်မန္တန်များကလည်း ကောင်းကင်ပေါ်မှဆင်းသက်လာခဲ့သည်။ထိုပေါင်းစပ်မှုသည် ဇတ်ဂ်စစ်တပ်၏ရှေ့တန်းကို ချက်ချင်းသေဆုံးမှုနှင့်ဒဏ်ရာများစွာ ဖြစ်ပေါ်စေခဲ့သည်။

ဧကရာဇ်ကျားအစောင့်တပ်နှင့်အခြားတပ်သားများသည် သိုးအုပ်ထဲကျားဝင်ဆွဲသကဲ့သို့ တိုက်ခိုက်နေခဲ့ကြသည်။

ရှောင်ယုသည် ကောင်းကင်ပေါ်မှနေ၍ ထိုမြင်ကွင်းကိုစိတ်လှုပ်ရှားစွာကြည့်နေခဲ့သည်။

"နဂါးလေး...တိုက်ခိုက်ဖို့လုပ်တော့"

ရှောင်ယုကနဂါးလေးအား အခြားတပ်ဖွဲ့များနှင့်အတူ လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

နဂါးလေးသည် ယခုအခါတွင် စတုတ္ထအဆင့်အထွတ်အထိပ်သို့ရောက်ရှိနေကာ ပဥ္စမအဆင့်သို့ရောက်ရှိတော့မှာဖြစ်သည်။

အကယ်၍ နဂါးလေးသာ ပဥ္စမအဆင့်သို့ရောက်ရှိသွားခဲ့ပါက နဂါးလေး၏စွမ်းအားသည် ဆဌမအဆင့်ကျွမ်းကျင်သူအများစုကို ကျော်လွန်သွားမှာဖြစ်သည်။ထိပ်တန်းမှော်ဆရာကြီး၃ဦးကသာ သူ့ထက်သာလွန်နေပေလိမ့်မည်။အကယ်၍ နဂါးလေးသာဆဌမအဆင့်သို့ရောက်ရှိခဲ့ပါက တိုက်ကြီး၏စွမ်းအားအကောင်းဆုံးသော ဖြစ်တည်မှုများအနက်တစ်ခုဖြစ်လာမည်ဖြစ်သည်။

ရှောင်ယုသည် နဂါးလေးကိုဖြည့်စွက်ရတနာများစွာ ပေးအပ်ခဲ့သည်။နဂါးလေး၏ကြီးထွားမှုကို အထောက်အကူပြုစေမယ့်မည်သည့်ရတနာကိုမဆို ရှောင်ယုကကျိန်းသေပေါက်ရယူသွားမည်ဖြစ်သည်။ထိုအတွက် သူငွေကြေးမည်မျှကုန်ကျပါစေ လုံးဝအရေးမကြီးပေ။

ထို့ကြောင့်လည်း နဂါးလေးသည်လက်ရှိအဆင့်သို့ရောက်သည်ထိ မြန်မြန်ဆန်ဆန်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ရှောင်ယုကသူ့အားရံဖန်ရံခါ ဆိုးဆိုးရွားရွားပြုမူမိခဲ့လျှင်တောင်မှ ရှောင်ယုအားကပ်တွယ်နေခြင်းဖြစ်သည်။

ရှောင်ယုသည် တင်းကြပ်သောဖခင်တစ်ယောက်ကဲ့သို့ နဂါးလေး၏လေ့ကျင့်ရေးအစီအစဉ်ကို အမြဲလိုလိုတင်းကျပ်နေခဲ့သည်။သို့သော်လည်း အမှန်တကယ်တွင်မူ သူသည်နဂါးလေးအားသူ့နှလုံးသားထဲ၌ အလွန်ဂရုစိုက်ပေသည်။

အခန်း ၅၃၇ - ပိုးကောင်တံတိုင်းအတွင်းမှအော်ရာ

ဝေါင်း...

စစ်မြေပြင်၌ နဂါးလေးသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် အဆက်မပြတ်ဟိန်းဟောက်နေခဲ့ကာ ရှောင်ယုသင်ပေးထားသောသီချင်းကို မကြာခဏသီဆိုနေခဲ့သည်။

"နံချပ်ကူလေးကိုမြန်မြန်သုံး...ရန်သူတွေကိုချေမှုန်းကြ"

ဇတ်ဂ်စစ်တပ်သည် လုံးဝပျက်စီးခြင်းသို့ရောက်ရှိနေခဲ့သည်။မှော်ဆရာကြီးသုံးယောက်၏ ကာကွယ်ပေးမှုအောက်တွင် လူသားစစ်တပ်သည် အင်ကာရက်ဂ်အပျက်အစီး၏ မဟာတံတိုင်းကြီးထံသို့ အရောက်ချီတက်လာခဲ့ကြသည်။ထိုအချိန်တွင် ဇတ်ဂ်များအားလုံးသည် တံတိုင်းအတွင်းဘက်သို့ဆုတ်ခွာသွားပြီဖြစ်သည်။

"နွားချေးပိုးတံတိုင်းကြီး..."

ရှောင်ယုသည် အလွန်မြင့်မားသောနံရံတံတိုင်းကြီးအား ခံစားချက်မျိုးစုံဖြင့် ကြည့်လိုက်မိသည်။ဤနံရံတံတိုင်းကြီးသည် မာလင်၊ယုရေးဂိုစ့်နှင့်ကိုင်စထရာဟုခေါ်သော နဂါးသုံးကောင်ကိုယဇ်ပူဇော်ကာ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ နဂါးမျိုးနွယ်က ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ဤတံတိုင်းကြီးသည် ဇတ်ဂ်များကိုပိတ်ဆို့နိုင်ခြင်းမရှိတော့ဘဲ ဤတိုက်ကြီးအားကာကွယ်ရန်အတွက် လူသားများ၏စွမ်းအားကို ကာကွယ်ရန်လိုအပ်နေပြီဖြစ်သည်။လူသားများသည် ကမ္ဘာပေါ်၌အစွမ်းအထက်ဆုံးသောမျိုးနွယ်စုမဟုတ်ကြသော်လည်း အရေးကြုံလာသည့်အခိုက်အတန့်တွင် လူသားများသည် တိုက်ကြီး၏ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် သူတို့၏သွေးကိုအသုံးပြုလိုကြသည်။

လူသားမဟာမိတ်တပ်ဖွဲ့များသည် ပိုးကောင်တံတိုင်း၏အပြင်ဘက်၌စခန်းချထားကြသည်။စစ်မှန်သော အင်ကာရက်ဂ်ဘုရားကျောင်းသည် ပိုးကောင်တံတိုင်း၏အတွင်း၌ရှိနေဆဲဖြစ်သည်။ယခုအခါ လူသားတပ်ဖွဲ့သည် တစ်ဆင့်ပြီးတစ်ဆင့်တိုက်ခိုက်ခဲ့ပြီးနောက်တွင် ထပ်မံ၍ချီတက်ခဲ့ခြင်းမရှိတော့ပေ။

ထိုအချိန်တွင် လူသားစစ်တပ်သည် တဖြည်းဖြည်းခွဲထွက်လာကြပြီး ရတနာများကိုရှာဖွေရန် အဖွဲ့လေးများဖွဲ့စည်းလိုက်ကြသည်။ရှောင်ယုသည် ထိုအကြောင်းကိုသိပ်ပြီးဂရုမစိုက်ပေ။မည်သို့ပင်ဆိုစေကာမူ မှော်ဆရာကြီး၃ယောက်က သူနှင့်အတူရှိနေခဲ့သည်။သူတို့သည် အင်ကာရက်ဂ်ကိုတိုက်ခိုက်ရန် အဓိကအင်အားစုဖြစ်သလို ရရှိထားသောဘဏ္ဍာအခွန်အများစုကလည်း သူ့လက်ထဲ၌ရှိနေပေသည်။

"လူတိုင်းသတိထားကြ...ငါစုံစမ်းမှုပြုလုပ်ပြီးရင် အထဲဝင်ကြမယ်"

ရှောင်ယုသည် အပြင်ဘက်၌တန်းစီနေသောလူအုပ်ကြီးကိုကြည့်ကာ အော်ဟစ်လိုက်သည်။ထို့နောက်သူသည် ပတ်ဝန်းကျင်အားစတင်စူးစမ်းခဲ့သည်။သူသည်နဂါးလေးအား စီးနင်းထားသည့်အတွက်ကြောင့် အသွားအလာပြုလုပ်ရသည်မှာ အဆင်ပြေသည်။

ထို့ကြောင့်ရှောင်ယုသည် နဂါးလေးကိုစီးနင်းပြီး အတွင်းဘက်ကိုစူးစမ်းရန်အတွက် ပိုးကောင်တံတိုင်းကိုအမြန်ဖြတ်ကျော်လာခဲ့သည်။ပိုးကောင်တံတိုင်းသည် အလွန်မြင့်မားပြီး တံတိုင်းအမြင့်မီတာမည်မျှရှိကြောင်း အတိအကျမသိရပေ။နဂါးလေးသည် ပိုးကောင်တံတိုင်းအားဖြတ်ကျော်ရန်အတွက် အချိန်ခဏကြာပျံသန်းခဲ့ရသည်။

နဂါးလေးသည် ပိုးကောင်တံတိုင်းကိုဖြတ်ကျော်ပျံသန်းပြီးနောက်တွင် အတွင်းဘက်သို့တစ်ချက်ကြည့်လိုက်ရာ ဇတ်ဂ်တပ်ဖွဲ့သည် အဖွဲ့ငယ်လေးများအဖြစ်ခွဲထုတ်ထားကာ နေရာများစွာ၌သိုဝှက်ထားကြောင်း တွေ့လိုက်ရသည်။သူတို့သည် လူသားတပ်ဖွဲ့အားခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းထင်ရှားပေသည်။

အမှန်တော့စွန့်စားသူအများစုသည် ယခုလိုအခြေအနေ၌ ကောင်းစွာလုပ်ဆောင်နိုင်သည့်အတွက်ကြောင့် ခြုံခိုတိုက်ခိုက်ခံရမည်ကို ရှောင်ယုမစိုးရိမ်ပေ။

ဤတိုက်ပွဲတွင် အပြင်းထန်ဆုံးတိုက်ခိုက်ရမည့်သူများမှာ အတွင်းဘက်အကျဆုံးနေရာ၌ပုန်းအောင်းနေသော ဘောစ့်များကိုဖြစ်သည်။ဇတ်ဂ်များသည် ပြန်လည်ရှင်သန်နိုင်စွမ်းရှိသည့်အတွက် ဇတ်ဂ်ဘောစ့်များလည်းပြန်လည်ရှင်သန်လာလိမ့်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။ဇတ်ဂ်မိခင်သည် ထိုဘောစ့်များကိုပြန်လည်ရှင်သန်စေနိုင်စွမ်းရှိပေသည်။

ထိုဇတ်ဂ်သည် သာမန်ဘောစ့်တစ်ကောင်မဟုတ်ဘဲ ရှေးဟောင်းနတ်ဆိုးနတ်ဘုရားဖြစ်သည်။မှော်ဆရာကြီး၃ယောက်ကြောင့်သာမဟုတ်ပါက ရှောင်ယုကအတွင်းသို့ဝင်ရဲမှာမဟုတ်ပေ။

ထိုကောင်သည် ဂေါ်ဒန်ထက်ပင်ပို၍အစွမ်းထက်ကာ အမှောင်ဗိမာန်တော်ထက် အန္တာရယ်များသည်ဟု ဆိုလျှင်မမှားနိုင်ပေ။

ရှောင်ယုသည် လူသားတပ်ဖွဲ့ထံသို့ပြန်လည်ပျံသန်းရန် အဆင်သင့်ဖြစ်နေသည့်အချိန်တွင် သူ့အောက်ရှိနဂါးလေး၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားခဲ့သည်။ထို့နောက်တွင် ပိုးကောင်တံတိုင်း၏အတွင်းဘက်မှ လွန်စွာအစွမ်းထက်သောအော်ရာတစ်ခုထွက်ပေါ်လာခဲ့သည်။ထိုအော်ရာသည် သူနှင့်နဂါးလေးကိုစေ့စေ့စပ်စပ်လွှမ်းခြုံထားလိုက်ကာ လုံးဝလှုပ်ရှားခွင့်မပြုတော့ပေ။

"သေစမ်း...ကူညီကြပါဦး"

ရှောင်ယုသည် စိတ်မသက်မသာဖြစ်သွားကာ ချက်ချင်းကျယ်လောင်စွာအော်ဟစ်လိုက်သည်။

မှော်ဆရာကြီး၃ယောက်လုံးသည် ရှောင်ယု၏အော်သံကိုကြားပြီးနောက် ပုံမှန်မဟုတ်သောအခြေအနေကို သတိပြုမိလိုက်၍ သူတို့အားလုံးတုန်လှုပ်သွားခဲ့သည်။သူတို့သည်ရှောင်ယုအား သွားရောက်ကယ်တင်ရန်အတွက် ခိုင်မဲရာများကို ချက်ချင်းစီးနင်းလိုက်ကြသော်လည်း ခိုင်မဲရာများ၏ပျံသန်းနှုန်းသည် အလွန်မမြန်သလို ပိုးကောင်တံတိုင်းကလည်းအလွန်မြင့်မားနေ၍ အချိန်ယူခဲ့ရသည်။

ထို့ပြင်သူတို့သည် ပိုးကောင်တံတိုင်းအနီးသို့ ချည်းကပ်မိသည့်အခါတွင် သူတို့၃ယောက်သည် အလွန်ပင်အစွမ်းထက်လှသောအော်ရာကိုခံစားလိုက်ရပြီး သူတို့၏စိတ်ဝိညာဉ်များ ပေါက်ကွဲထွက်တော့မတတ် ပြင်းထန်သောနာကျင်မှုဝေဒနာကိုခံစားလိုက်ရသည်။

"အဲ့ဒါကဘယ်လိုအော်ရာကြီးလဲ...ဘာလို့အဲလောက်တောင်အစွမ်းထက်နေရတာလဲ..."

မှော်ဆရာကြီး၃ယောက်သည် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်လိုက်ကြသည်။သူတို့သည် ရှောင်ယု၏လုံခြုံရေးကိုအလွန်စိုးရိမ်နေကြသော်လည်း မည်သို့မှမတတ်နိုင်ခဲ့ပေ။

ဤကြီးစိုးသောအော်ရာ၏အောက်တွင် သူတို့၏မှော်ဒြပ်စင်များသည် လုံးလုံးလျားလျားဖိနှိပ်ခံထားရကာ မှော်ပညာအားလုံးဝအသုံးမပြုနိုင်ဟု ခံစားနေကြရသည်။

"အိုး...တိုက်ကြီးမှာငါတို့ကိုခုလိုအန္တာရယ်ခံစားရအောင် လုပ်နိုင်တဲ့အရာရှိနေသေးတာပဲ...ဒီအော်ရာကိုငါတို့တောင့်မခံနိုင်ဘူး"

သီအိုဒိုး၏မျက်နှာသည် အနည်းငယ်ဖြူဖျော့နေခဲ့သည်။သူသည်ရှောင်ယုအပေါ် မြင့်မားသောမျှော်လင့်ချက်ကိုပိုင်ဆိုင်ထားပေသည်။ယခုအချိန်တွင် ရှောင်ယုသည်အန္တာရယ်ကျရောက်နေခဲ့သော်လည်း သူ့အားကယ်ဆယ်ရန်အတွက်နည်းလမ်းရှာမရခဲ့ပေ။

"အရမ်းကြီးလည်းစိတ်ဓာတ်မကျပါနဲ့...ဒီအော်ရာကအရမ်းကိုအစွမ်းထက်တယ်ဆိုပေမဲ့ ဆိုးယုတ်တဲ့ခံစားချက်မျိုူမရဘူးဆိုတာကို ငါခံစားမိတယ်...အဲလိုမှမဟုတ်ရင်ဒီလိုအစွမ်းထက်တဲ့အော်ရာရဲ့ဖိနှိပ်မှုအောက်မှာ ငါတို့အတူတူပူးပေါင်းထားရင်တောင်မှ ချေမှုန်းခံရလိမ့်မယ်..."

ထိုအချိန်တွင် ချတ်ခ်ကရုတ်တရက်ဝင်ပြောလိုက်သည်။

သီအိုဒိုးသည် ချတ်ခ်၏စကားကိုနားထောင်ပြီးနောက် ထပ်တူခံစားလိုက်ရသည်။ထို့နောက်သူသည် တစ်စုံတစ်ခုကိုသတိရသွားကာ သူတို့အားဖိနှိပ်ထားသောအော်ရာကို ညွန်ပြလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဆိုလိုက်သည်။

"ဒီ...ဒီစွမ်းအားက"

"ဟုတ်တယ်...ဒါကနဂါးရဲ့စွမ်းအားပဲ...ဒါကရှေးနဂါးတွေရဲ့စွမ်းအားဖြစ်တယ်...ရှေးနဂါးတွေကသာဒီလိုအစွမ်းထက်တဲ့အော်ရာကိုပိုင်ဆိုင်နိုင်စွမ်းရှိတယ်...ငါကနဂါးတွေအများကြီးနဲ့ကြုံတွေ့ဖူးတယ်ဆိုပေမဲ့ ဒီလိုအစွမ်းထက်တဲ့အော်ရာကိုတော့မခံစားခဲ့ဖူးဘူး...ဒီစွမ်းအားဟာဆဌမအဆင့်ရဲ့ကန့်သတ်ချက်ကိုကျော်လွန်ပြီးတော့ သတ္တမအဆင့်ကိုရောက်နေပြီ...ဒါကငါတို့အမြဲအိပ်မက်မက်ခဲ့ရတဲ့စွမ်းအားပဲ...တကယ်လို့ငါတို့သာဒီစွမ်းအားကို သေချာဂရုတစိုက်ခံစားကြည့်လိုက်မယ်ဆိုရင် သတ္တမအဆင့်ကိုတိုးမြင့်တဲ့နေရာမှာ ငါတို့ကိုကြီးကြီးမားမားအထောက်အကူပြုလာနိုင်တယ်"

ချတ်ခ်သည် အပေါ်မှဖိနှိပ်ထားသောအော်ရာကိုခံစားရင်း ဖြေးညင်းစွာမျက်လုံးမှိတ်ထားလိုက်သည်။

သီအိုဒိုးနှင့်ဖာဂူဆန်တို့ကလည်း မျက်လုံးကိုချက်ချင်းမှိတ်လိုက်ကာ အစွမ်းထက်သောရှေးနဂါး၏အော်ရာကို ခံစားနားလည်လိုက်ကြသည်။

သို့သော်အောက်မှလူတိုင်းသည် ဖြစ်ပျက်နေသောအရာမှန်သမျှကိုမသိကြပေ။သူတို့သည် မူမမှန်သောတစ်စုံတစ်ရာကိုခံစားမိသည်နှင့် ပြဿနာကိုရှောင်ရှားရန်နောက်သို့ဆုတ်ခွာလိုက်ကြသည်။

ရှောင်ယု၏တပ်သားများသည် စိုးရိမ်နေသောအကြည့်ဖြင့်ပိုးကောင်တံတိုင်းကိုကြည့်လိုက်ကြသည်။သို့သော်လည်း သရောလ်ကသူတို့အားလုံးအား ရှေ့ဆက်မတိုးရန်ပြတ်ပြတ်သားသား တားဆီးလိုက်သည်။မှော်ဆရာကြီး၃ယောက်ရှေ့တက်သွားပြီဖြစ်ရာ သူတို့ပင်မည်သို့မှမတတ်နိုင်ပါက သူတို့ဆိုလျှင်ပို၍ဆိုးရွားမည်ဖြစ်သည်။

ရှောင်ယုက သူရှိမနေသည့်အချိန်များတွင် သရောလ်သည်တပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်ကြောင်း မကြာခဏအမိန့်ပေးထားခဲ့ဖူးသည်။

All Chapters