← Chapters

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း ၅၃၈ - ရှေးနဂါး၏အမွေ

ထို့ပါဟောင်နှင့်နီကိုးလပ်စ်တို့သည် အပေါ်သို့စိုးရိမ်တကြီးမော့ကြည့်လိုက်ကြသည်။

ထို့ပါဟောင်သည် အမှန်တကယ်စိတ်ရင်းအမှန်ဖြင့် ရှောင်ယုကို ကယ်တင်နိုင်ရန်မျှော်လင့်နေခဲ့သည်။ရှောင်ယုသည် သူ့အပေါ်၌ကြင်နာမှုပြခဲ့သည်မှာ အလွန်များပြားနေပြီဖြစ်သည်။သူသည် ထိုကျေးဇူးကိုပြန်မဆပ်နိုင်သေးပေ။ထို့ပြင်သူသည် ရှောင်ယုနှင့်အတူတွဲလုပ်ရာမှ အကျိုးစီးပွားအနည်းငယ်ဖြစ်ထွန်းခဲ့သည်။

ယခုအခါတွင် သူသည်အနောက်တိမ်တိုက်အင်ပါယာ၏ ဧကရာဇ်ဖြစ်နေပြီဖြစ်သည်။အကယ်၍ သူသာကောင်းကင်ခြင်္သေ့မင်းဆက်အားကျူးကျော်လိုပါက ရှောင်ယုမရှိခဲ့လျှင်ပင် ကောင်းကင်ခြင်္သေ့မင်းဆက်၏ကိုယ်ပိုင်တပ်ဖွဲ့များသည် အားမနည်းသည့်အတွက် ထို့ပါဟောင်သည်ထိုအကြံအစည်အား စွန့်လွှတ်ထားပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ယုနှင့်အတူ ခြင်္သေ့မြို့တော်နှင့်အနောက်တိမ်တိုက်အင်ပါယာသည် အပြန်အလှန်အကျိုးရှိသောဆက်ဆံရေးဖြင့် ခင်မင်ရင်းနှီးသောအိမ်နီးချင်းများဖြစ်လာမည်ဖြစ်သည်။

နီကိုးလပ်စ်၏စိတ်အခြေအနေသည် ပိုမိုရှုပ်ထွေးနေခဲ့သည်။ရှောင်ယုသာ အမှန်တကယ်ကျရှုံးသွားခဲ့ပါက သူ၏အကြီးမားဆုံးပြိုင်ဘက်ပြိုလဲသွားသည့်အတွက် သူဝမ်းသာရမည်ဖြစ်သည်။သို့သော်လည်း ရှောင်ယုသာအမှန်တကယ်သေဆုံးသွားခဲ့မည်ဆိုပါက သူ့ရင်ထဲ၌သူကိုယ်တိုင်ပင် နားမလည်နိုင်သောဆုံးရှုံးသွားသည့်ခံစားချက်ကို ရရှိလိမ့်မည်ဟု သူသဘောပေါက်ထားခဲ့သည်။

ထိုအရာသည် သူရဲကောင်းတစ်ယောက်အပေါ် စာနာမှုဖြစ်သည်။

လူတိုင်းသည် ထိုမြင်ကွင်းကိုကြည့်၍ အမျိုးမျိုးခန့်မှန်းပြောဆိုနေကြသည့်အချိန်တွင် ပိုးကောင်တံတိုင်း၏အပေါ်၌ ဧရာမရုပ်သွင်ပြင်၃ခုထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ရှေးနဂါး၃ကောင်၏ပုံရိပ်ဖြစ်သည်။

ထိုရှေးနဂါး၃ကောင်သည် အလွန်ကြီးမားသည့်အတွက်ကြောင့် ၎င်းတို့၏အရွယ်အစားသည် လူတိုင်း၏နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့သည်။ပုံရိပ်တစ်ခုစီသည် ကီလိုမီတာအနည်းငယ်မျှရှည်လျားပြီး ကောင်းကင်တစ်ခုလုံးကို လုံးဝနီးပါးဖုံးလွှမ်းထားခဲ့သည်။သူတို့၏တည်ရှိမှုက ဧရာမတိမ်တိုက်ကဲ့သို့ဖြစ်နေကာ အလင်းရောင်ကိုပင်ဖုံးကွယ်ထားခဲ့သည်။

နဂါး၃ကောင်သည် ပိုးကောင်တံတိုင်း၏အထက်တွင် လွှင့်မျောနေရင်း သူတို့၏အကြည့်များကရှောင်ယုနှင့်နဂါးလေးထံ ကျရောက်လာခဲ့သည်။သူတို့၏ကြီးမားသောမျက်လုံးများက ဧရာမရှာဖွေရေးမီးလုံးနှစ်ခုနှင့် ဆင်တူနေခဲ့သည်။

ရှောင်ယုသည် ရှေးနဂါးများ၏အသွင်အပြင်ကိုမြင်သောအခါတွင် သူသည်ကြီးမားသောအန္တာရယ်နှင့်ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ ကြီးမားသောအခွင့်အရေးတစ်ရပ်ကို ရရှိတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည့်အတွက် စိတ်သက်သာရာရသွားခဲ့သည်။

နဂါးလေးတွင်ရှိနေသော နဂါးသွေးကထိုရှေးနဂါး၃ကောင်၏ ဝိညာဉ်များအား လှုံဆော်ပေးခဲ့ပုံရသည်။

"မျိုးဆက်သစ်လူငယ်လေးတွေ...ငါတို့ဟာမင်းရဲ့နှလုံးသားထဲက တရားမျှတမှုကိုခံစားမိနေတယ်...ငါတို့ဟာအရင်ကတိုက်ကြီးရဲ့အုပ်ထိန်းသူတွေဖြစ်ကြတယ်...ဒီတိုက်ကြီးအတွက် ငါတို့ရဲ့အသက်တွေကိုစတေးဖို့ဆန္ဒရှိနေသေးပေမဲ့ ငါတို့ရဲ့အချိန်ဟာကျော်လွန်သွားခဲ့တာ အတော်ကြာနေခဲ့ပြီ...ဒီတိုက်ကြီးကိုဆက်လက်ကာကွယ်ဖို့အတွက် ငါတို့ရဲ့ကိုယ်ပိုင်စွမ်းအားကိုအသုံးပြုနိုင်တော့မှာမဟုတ်ဘူး...မင်းတို့မှာရိုးသားဖြူစင်တဲ့နှလုံးသားရှိတဲ့အတွက် မင်းကိုငါတို့ရဲ့ခွန်အားတွေအပ်နှင်းလိုက်မယ်...ဒီတိုက်ကြီးကိုငါတို့ကိုယ်စားကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ရှေးနဂါး၃ကောင်အနက်မှ တစ်ကောင်သည်ညည်းညူလိုက်သည်။၎င်းသည် နဂါးဘာသာစကားဖြင့်ပြောနေခြင်းဖြစ်သော်လည်း သူ၏အသံသည်အလွန်အားမာန်ပြည့်ဝနေကာ လူတိုင်းပြတ်ပြတ်သားသားကြားနေရသည်။

ရှေးနဂါးများ၏စွမ်းအားကို သာမန်အသိညဏ်ဖြင့်တိုင်းတာရန်မဖြစ်နိုင်ပေ။

ယခုအခါတွင် လူတိုင်းသည်အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားခဲ့ကြသည်။ရှေးနဂါး၃ကောင်၏ဝိညာဉ်ကို ပိုးကောင်တံတိုင်းအတွင်း တံဆိပ်ခတ်ထားခြင်းဖြစ်ပြီး ယခုအခါသူတို့သည် သူတို့၏စွမ်းအားများကို ရှောင်ယုနှင့်နဂါးလေးထံ လွဲပြောင်းပေးတော့မည်ဖြစ်သည်။

လူတိုင်းသည် ခွေးကောင်နဂါးလေးကို အလွန်မနာလိုဖြစ်နေကြသည်။ထိုကောင်သည် ရှေးနဂါးများ၏အမွေကိုမည်သို့ဆက်ဆံရရှိခွင့်ရှိခဲ့သနည်း။

အဝေးတွင်ရှိနေသောရောဘတ်သည် အဖြစ်အပျက်အလုံးစုံကို မုန်းတီးစိတ်ဖြင့်ကြည့်ရှုနေရင်း သူ့စိတ်ထဲ၌ဒေါသတကြီးရေရွတ်လိုက်သည်။

"ခဏစောင့်ရှောင်ယု...ငါသာဂေါ်ဒန်နဲ့မဟာမိတ်ဖွဲ့ပြီး အောစ့်စစ်တပ်ကိုဦးဆောင်နိုင်တဲ့အခါကျရင် မင်းရဲ့ခြင်္သေ့မြို့တော်ကိုဖြိုခွဲဖို့အရောက်လာခဲ့မယ်...အဲ့ဒီအခါကျရင် မင်းရဲ့မိန်းမအပါအဝင် မင်းပိုင်ဆိုင်သမျှအရာအားလုံးကို မင်းဆီကနေဖယ်ထုတ်ပစ်မယ်"

ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ချိန်တွင် လီယိုနာဒိုကလက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။မူလကသူသည် သူ့ကိုယ်သူကောင်းကင်ဘုံ၏သားတော်အဖြစ်မှတ်ယူခဲ့သည်။သူသည်မည်သူ့ကိုမှ မနာလိုမဖြစ်ခဲ့သလို မည်သူ့ကိုမှအရှုံးမပေးခဲ့ရပေ။သူသည် အမြဲလိုလိုပင်အခြားသူများ၏ မနာလိုဖြစ်မှုကိုခံခဲ့ရသော်လည်း ယခုအချိန်တွင် သူ၏ချစ်လှစွာသောမိန်းမသည် အခြားယောကျာင်္းတစ်ယောက်အနားရှိနေသည်ကို တွေ့လိုက်ရသည်။ယခုအခါ သူမသည်ဆဌမအဆင့်မှော်ဆရာတစ်ယောက်ဖြစ်နေခဲ့ပြီဖြစ်သည်။ထို့ပြင် ရှောင်ယု၏ဆိုးသွမ်းသောနဂါးသည် ရှေးနဂါး၏အမွေကိုပင်ရရှိခဲ့လေသည်။အဘယ်ကြောင့်နတ်ဘုရားများသည် သူ့အားလုံးဝမျက်နှာသာမပေးခဲ့ရသနည်း။

အောက်ဖော်ပြပါလူများ၏ ရှုပ်ထွေးသောခံစားချက်များကို ထပ်မံပြောနေရန်မလိုအပ်တော့ပေ။ရှေးနဂါးများသည် ထိုစကားကိုပြောပြီးပြီးချင်း စကားအပိုမပြောတော့ပေ။ရှေးနဂါး၃ကောင်သည် ချည်မျှင်များကိုထုတ်ဖော်လိုက်ကာ နဂါးလေးနှင့်ချိတ်ဆက်လိုက်သည်။

နဂါးလေးသည် ယခုအချိန်၌အတန်ငယ်စိတ်ရှပ်ထွေးနေသော်လည်း သူ၏နဂါးအသွေးအသားသည် ဤရှေးနဂါး၃ကောင်နှင့် အလွန်နီးစပ်နေကြောင်းခံစားမိပေသည်။ထို့ကြောင့်သူသည် ရှေးနဂါး၃ကောင်၏အမွေကို ပွင့်ပွင့်လင်းလင်းနားလည်ခဲ့သည်။

ဝေါင်း...

ရှေးနဂါးများ၏စွမ်းအားသည် အလွန်အားကောင်းသည့်အတွက်ကြောင့် ကောင်းကင်နှင့်မြေကြီးသည်ပင် အရောင်ဖျော့တော့သွားခဲ့ရသည်။ဟင်းလင်းပြင်သည် အဆက်မပြတ်တုန်ခါလာခဲ့ပြီး ဟင်းလင်းပြင်အက်ကြောင်းများ အဆက်မပြတ်ဖြစ်ပေါ်လာခဲ့သည်။အချို့သောအပျက်အစီးများကို ဟင်းလင်းပြင်အက်ကြောင်းများက ဝါးမြိုသွားခဲ့သည့်အတွက် မျက်စိတစ်မှိတ်အတွင်း မည်သည့်အရာမှမကျန်ခဲ့တော့ပေ။

အစွမ်းထက်သောစစ်သည်တော်များသည်ပင် ဟင်းလင်းပြင်အက်ကြောင်းများကို မခုခံနိုင်သည့်အတွက်နောက်သို့ဆုတ်ခွာပေးခဲ့ရသည်။

ဝေါင်း...

ကောင်းကင်ပေါ်၌ တိမ်မည်းများစုဝေးလာကာ ကောင်းကင်ပေါ်ရှိရေလှောင်ကန်ကြီး အက်ကွဲသကဲ့သို့ ရုတ်တရက်မိုးရွာချလာခဲ့သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူအနည်းငယ်သည် မူးဝေသွားခဲ့ကြသည်။

တိမ်စိုင်များနှင့်မိုးခြိမ်းသံများအကြားတွင် ရှေးနဂါး၃ကောင်၏အရိပ်များသည် ရုတ်တရက်ထွက်ပေါ်လာကာ ကမ္ဘာတစ်ခုလုံးကိုလင်းထိန်သွားစေခဲ့သည်။ထိုအခိုက်အတန့်တွင် လူအားလုံးသည်ရှေးနဂါး၃ကောင်၏ ဘုန်းကျက်သရေကို ခံစားသိမြင်နိုင်ခဲ့ကြသည်။

နာရီဝက်ခန့်အကြာတွင် ထိုမြင်ကွင်းသည်ရုတ်တရက်ပြောင်းလဲသွားခဲ့ကာ မြေပြင်တစ်ခုလုံးအက်ကွဲသွားသကဲ့သို့ ကွဲအက်သံများထွက်ပေါ်လာခဲ့သည်။

ဝေါင်း...

ရှေးနဂါး၃ကောင်၏အရိပ်များသည် တဖြည်းဖြည်းပိုမိုမှိန်ဖျော့လာခဲ့ပြီး အဆုံးသတ်တွင် သူတို့အားမမြင်နိုင်လုနီးပါးအခြေအနေထိ ရောက်ရှိလာခဲ့သည်။အဆုံးသတ်တွင် အရိပ်၃ခုသည်ရောင်ခြည်၃ဖြာအဖြစ်သို့ပြောင်းလဲသွားခဲ့ကာ နဂါးလေး၏ကိုယ်ထဲသို့တိုးဝင်သွားခဲ့ကြသည်။လူတိုင်းသည် နဂါးလေး၏ခန္ဓာကိုယ်တွင်းမှ ပြင်းထန်သောဟိန်းဟောက်သံကို လူတိုင်းကြားလိုက်ရသည်။

နဂါးလေး၏ခန္ဓာကိုယ်သည် မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ယခင်ကထက်အဆပေါင်းများစွာ ကြီးထွားလာခဲ့သည်။

ယခုအခါ နဂါးလေးသည် မိတာရာနှင့်ချီကာရှည်လျားနေခဲ့ပြီး သူ၏ကြီးမားလှသောအတောင်ပံများက လေထဲ၌လွှင့်မျောနေခဲ့သည်။သူသည် အောက်ဘက်ရှိလူအုပ်ကြီးအား အေးစက်စွာစိုက်ကြည့်လိုက်သည်။လူတိုင်းသည် နဂါးလေး၏အကြည့်နှင့်ရင်ဆိုင်ရသောအခါတွင် သူတို့၏ဝိညာဉ်သည် ပြင်းထန်စွာရိုက်ခတ်သွားသည်ကို ခံစားမိလိုက်သည်။

နဂါးလေး၏ကျောထက်တွင်ရပ်နေသောရှောင်ယုသည် ယခုအချိန်တွင် အဆင့်၅ဖျက်ဆီးသူချပ်ဝတ်အစုံကို ဝတ်ဆင်ထားခဲ့ပြီး သူ၏လက်ထဲတွင် ဆန်းကြယ်ပုဆိန်အား ကိုင်ဆောင်ထားခဲ့သည်။သူ၏ဆံပင်များကလည်း လေထဲပျံ့လွှင့်နေခဲ့သည်။

ရှောင်ယု၏ခန္ဓာကိုယ်မှနေ၍ စွမ်းအားကြီးသောအော်ရာများက ဖြာထွက်နေခဲ့ကာ လူအများ၏စိတ်နှလုံးကိုတုန်ခါစေခဲ့သည်။

"ဆဌမအဆင့်...သူကဆဌမအဆင့်ကိုရောက်သွားခဲ့ပြီ"

နီကိုးလပ်စ်က တိုးတိုးလေးရေရွတ်လိုက်သည်။

ရှေးနဂါး၃ကောင်သည် နဂါးလေးထံသို့ သူ၏တန်ခိုးစွမ်းအားကိုလွဲပြောင်းပေးလိုက်သောအခါ ရှောင်ယုသည်လည်းနဂါးလေး၏ကျောပေါ်ရှိနေသောကြောင့် အကျိုးခံစားခွင့်အချို့ရရှိခဲ့သည်။

သူရရှိခဲ့သောစွမ်းအားပမာဏသည် သေးငယ်သော်လည်းထိုသေးငယ်သောစွမ်းအားကပင် ရှောင်ယုအားဆဌမအဆင့်သို့တွန်းပို့ပေးနိုင်လောက်သည်အထိ ပြင်းထန်သောအရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုဖြစ်ပေါ်စေခဲ့သည်။

လက်ရှိအချိန်တွင် ရှောင်ယုသည်စစ်နတ်ဘုရားတစ်ပါးနှင့်မခြားသော အခြေအနေတွင်ရှိနေခဲ့သည်။

အခန်း ၅၃၉ - ထူးဆန်းသောစွမ်းအား

"လူသားစစ်သည်တွေအားလုံး...ငါတို့ရဲ့တိုက်ကြီးကိုကာကွယ်ဖို့အတွက် ငါ့နောက်ကိုလိုက်ခဲ့ကြ"

ရှောင်ယုကကျယ်လောင်စွာအော်ဟစ်လိုက်သည်။ထိုအခိုက်အတန့်တွင် လူတိုင်း၏သွေးများသည်ပွက်ပွက်ဆူနေခဲ့ကာ တိုက်ပွဲအရှိန်အဟုန်က အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။

ရှောင်ယုသည် အင်ကာရက်ဂ်ရှိရာသို့ ဦးဆောင်၍ချီတက်နေစဉ် အခြားသောသူများသည် တိုက်ကြီး၏အုပ်စိုးသူနောက်သို့လိုက်ပါသွားသကဲ့သို့ လှိုင်းလုံးကြီးများသဖွယ်ရှောင်ယု၏နောက်မှ လိုက်ပါလာကြသည်။

နဂါးလေးသည် ယခုအချိန်တွင် ယုံကြည်မှုအပြည့်အဝရှိနေပြီဖြစ်သည်။ယခုအခါ သူသည်ပဥ္စမအဆင့်သို့ရောက်နေပြီဖြစ်၍ သူ၏အင်အားသည်အဆင့်သစ်တစ်ခုထိတိုးမြင့်လာခဲ့သည်။ထိုခံစားချက်ကြောင့် နဂါးလေးသည်လုံးဝရပ်တန့်၍မရတော့သလိုခံစားနေရသည်။

အမှန်တော့နဂါးလေးသာ အမွေကိုအပြည့်အဝဆက်ခံနိုင်ခဲ့မည်ဆိုပါက သူသည်ဆဌမအဆင့်သို့ တစ်ခါတည်းရောက်ရှိသွားမှာဖြစ်သည်။သို့သော်လည်း ရှေးနဂါး၃ကောင်သည် နဂါးလေး၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲမှုများရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်ကိုစိုးရိမ်ကြောက်ရွံ့သည့်အတွက်ကြောင့် သူတို့သည်စွမ်းအားအများစုကို တံဆိပ်ခပ်နှံလိုက်ကာ နဂါးလေးမှထိုစွမ်းအားကိုဖြေးညင်းစွာစုပ်ယူရန် ပြုလုပ်ပေးခဲ့သည်။

သို့သော်လည်း အင်ကာရက်ဂ်အတွင်းသို့ ရောက်ရှိလာပြီးနောက်တွင် လူတိုင်းသည်ကံစမ်းရန်စတင်စဉ်းစားလာကြသည့်အတွက် သူတို့၏အာရုံများကတဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။အင်ကာရက်ဂ်သည် အလွန်ကြီးမား၍ ရတနာအချို့ကိုရှာဖွေနိုင်မည်ဟု တွေးလာကြသည်။

ထို့ကြောင့် ရှောင်ယု၊ထို့ပါဟောင်၊နီကိုးလပ်စ်တို့ဦးဆောင်သောလူများသည် အဓိကအင်အားစုများဖြစ်လာကြပြီး အချို့သည်ကား အခြားသောလမ်းကြောင်းများသို့ ဖြည်းဖြည်းချင်းစတင်ထွက်ခွာလာကြသည်။

မှော်ဆရာကြီး၃ယောက်သည် ရှေးနဂါးကြီးများ၏အသွင်အပြင်ကို လေ့လာပြီးနောက်တွင် တရားအားထုတ်မှုပြုလုပ်ရန်အတွက် မျက်စိမှိတ်၍ငြိမ်သက်နေကြသည်။ရှောင်ယုသည် သူတို့အားအနှောင့်အယှက်မပေးဘဲ ငြိမ်းချမ်းစွာအားထုတ်ခွင့်ပြုလိုက်သည်။

လူတိုင်းသည် အထဲသို့ရောက်ပြီးနောက်ပြန့်ကျဲသွားခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် မရေမတွက်နိုင်သောစွန့်စားသူများ ရောက်ရှိလာသည့်အတွက်ကြောင့် သူတို့၏အလုံးစုံစွမ်းအားသည် အလွန်အားကောင်းနေခဲ့သည်။သို့ဖြစ်ရာ သာမန်ဇတ်ဂ်များနှင့်ဆက်ဆံရာ၌ ပြဿနာမရှိနိုင်ဟုရှောင်ယုက ယုံကြည်နေခဲ့သည်။

ဤနေရာတွင် ဧကရာဇ်ကျားအစောင့်တပ်နှင့်အခြားသောမြင်းတပ်များသည် မြေပြင်အသာစီးရကြမည်မဟုတ်ပေ။ရှောင်ယုသည် ဧကရာဇ်ကျားအစောင့်တပ်အား နောက်တန်း၌အသင့်ပြင်ထားကာ လိုအပ်လာပါကကူညီပေးရန် ထို့ပါဟောင်အားတောင်းဆိုခဲ့သည်။

ဧကရာဇ်ကျားအစောင့်တပ်သည် အစောပိုင်းရက်များက ရှေ့တန်း၌ဦးဆောင်တိုက်ခိုက်ခဲ့၍ သူတို့၏ခွန်အားစိုက်ထုတ်မှုက အလွန်ပင်ကြီးမားပေသည်။သို့ဖြစ်ရာ သူတို့၌အနားယူချိန်ရှိသင့်ပေသည်။မည်သို့ပင်ဆိုစေ အင်ကာရက်ဂ်ဘုရားကျောင်းအား တစ်နေ့တည်းဖြင့်ရှင်းလင်းရန်မှာ လုံးဝမဖြစ်နိုင်ပေ။ရှောင်ယု၏အစီအစဉ်မှာ ဤနေရာတစ်ခုလုံးအား ဦးစွာရှာဖွေ၍တိုက်ခိုက်ရန် အကောင်းဆုံးလမ်းကြောင်းကိုရှာဖွေရမည်ဖြစ်သည်။

အဆုံးသတ်တွင် အင်ကာရက်ဂ်ဘုရားကျောင်းက ခြားနားသည့်နေရာတစ်ခုဖြစ်သည်။ထိုနေရာတွင် သူတို့အားစောင့်ဆိုင်းနေသော စွမ်းအားအမြင့်ဆုံးဘောစ့်ဖြစ်သည့် အော်ဆီရီယန်ရှိနေကြောင်းသိထားရမည်ဖြစ်သည်။

ရှောင်ယုသည် နဂါးလေးကိုစီးနင်းကာ သူ့တပ်များကိုဦးဆောင်၍ တိုက်ခိုက်နေခဲ့သည်။သူတို့သည် ဇတ်ဂ်ကိုတွေ့ဆုံချိန်တိုင်း ခဏကြာအချိန်ပေးတိုက်ခိုက်ခဲ့ကြသည်။ရှောင်ယုသည် ဂိမ်းကစားစဉ်က ဤနေရာသို့ရောက်ဖူးခဲ့သော်လည်း အခြေအနေများကယခင်နှင့်မတူတော့ကြောင်း သိသာပေသည်၊

ရှောင်ယုသည် ယနေ့တွင် ဘုရားကျောင်းပတ်လည်ကိုရှင်းလင်းရေးလုပ်ဆောင်စေကာ မနက်ဖြန်တွင်အင်ကာရက်ဂ်ဘုရားကျောင်းရှေ့၌ စုရုံးနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။

ဇတ်ဂ်များကို အမြစ်ပြတ်ချေမှုန်းရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ အင်ကာရက်ဂ်ဘုရားကျောင်းရှိ ဘောစ့်ဖြစ်သော အော်ဆီရီယန်ကိုသတ်ဖြတ်ရန်ဖြစ်သည်။

လူတိုင်းသည် အင်ကာရက်ဂ်အပျက်အစီးကို အချိန်အတော်ကြာအောင်ရှာဖွေခဲ့ကြပြီးနောက် စိတ်ဝင်စားစရာကောင်းသည့်နေရာများကို ရှာတွေ့ခဲ့ကြသော်လည်း အဆုံးသတ်တွင်အလွန်အသုံးဝင်သော မည်သည့်အရာကိုမှရှာမတွေ့နိုင်ခဲ့ကြပေ။

သူတို့အတွက် အသုံးဝင်သော အရာများများစားစားမရှိခဲ့သော်လည်း ရတနာအချို့တော့ရှိနေသေးသည်။၎င်းတို့အနက် အင်ကာရက်ဂ်ဘုရားကျောင်းတွင် ယခင်ကကျန်ရှိနေခဲ့သော ချပ်ဝတ်တန်ဆာများ၊လက်နက်များပါဝင်ပေသည်။ထိုအရာများသည် ဇတ်ဂ်များအတွက်အသုံးမဝင်နိုင်သော်လည်း စွန့်စားသူများအတွက်မူ ကောင်းမွန်သောပစ္စည်းများဖြစ်ကြသည်။

အထူးသဖြင့် ရှေးခေတ်ကတည်းကကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ်မှော်စာလိပ်များ၊မှော်လက်နက်များစသည်တို့ကိုလည်း ရှာတွေ့ခဲ့ပြီး ၎င်းတို့အားလုံးသည်အလွန်အဖိုးတန်ပေသည်။

ထိုအရာများကို မရရှိခဲ့လျှင်ပင် ချပ်ဝတ်တန်ဆာများကိုပြုလုပ်ရန်အတွက် ကောင်းမွန်သောပါဝင်ပစ္စည်းဖြစ်သော သံပီတုံးကဲ့သို့ဇတ်ဂ်များ၏အလောင်းအချို့ကိုစုဆောင်းကာ စျေးကောင်းကောင်းဖြင့် ပြန်လည်ရောင်းချနိုင်သည်။

ဇတ်ဂ်တို့၏ အဆိပ်ရှိသောပစ္စည်းအချို့ကလည်း အဂ္ဂရိတ်ပြုလုပ်ရန် ကောင်းမွန်သောပစ္စည်းများဖြစ်ကြသည်။

ထို့ကြောင့် ပထမဆုံးနေ့တွင် အခြေအနေတစ်ခုလုံးသည် အလွန်ပင်ကောင်းမွန်နေပုံရကာ လူတိုင်းလူတိုင်းအလွန်ပင်ပျော်ရွှင်နေခဲ့ကြသည်။

ယနေ့တိုက်ခိုက်မှုအပြီးတွင် အင်ကာရက်ဂ်ဘုရားကျောင်း၏တည်နေရာကိုလည်း ရှောင်ယုကရှာဖွေတွေ့ရှိခဲ့သည်။ဤတိုက်ပွဲသည် အင်ကာရက်ဂ်အပျက်အစီးတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက်တွင် သူတို့သည်အင်ကာရက်ဂ်ဘုရားကျောင်းထဲသို့ အဆင့်ဆင့်ဝင်ရောက်ရှင်းလင်းရန် လိုအပ်လာခဲ့သည်။

မည်သို့ပင်ဆိုစေ အင်ကာရက်ဂ်ဘုရားကျောင်းသည် ထိုနေရာ၌သာရှိနေမည်ဖြစ်ကာ အခြားမည်သည့်နေရာကိုမှ ထွက်ခွာသွားမည်မဟုတ်ပေ။

စွန့်စားသူများစွာအတွက် ဤခရီးစဉ်သည်အဖိုးထိုက်တန်သည်ဟု ယူဆခဲ့ကြပြီး ရှောင်ယုကောက်ခံလိုက်သောဝင်ကြေးသည် အလဟဿဖြစ်မသွားခဲ့ဟုယူဆခဲ့ကြသည်။

ညနေဘက်သို့ရောက်ချိန်တွင် ရှောင်ယုသည်ထို့ပါဟောင်နှင့်ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့သည်။သူသည် အင်ကာရက်ဂ်ဘုရားကျောင်းကိုဖွင့်လှစ်ရန် လူတိုင်းကိုအသုံးပြု၍မရပေ။အဆုံးသတ်တွင် အင်ကာရက်ဂ်ဘုရားကျောင်းက မြင်းတပ်များတိုက်ခိုက်နိုင်သည့်နေရာမဟုတ်ပေ။

ထို့ကြောင့်အစစ်အမှန်ကျွမ်းကျင်သူများကသာ ဝင်ခွင့်ရကြမည်ဖြစ်သည်။

"အရှင်မင်းကြီ...ရှေ့တန်းစစ်ဦးစီးချုပ်ချင်ချဲက အကြောင်းကြားစာပို့ပေးလာပါတယ်...မနေ့ကသူတို့ဟာ ယီပေမြစ်ကြောမှာ ထို့ပါကွေ့ရဲ့စစ်တပ်ကိုအနိုင်ရခဲ့ပြီးတော့ တပ်သား၈၀၀၀၀ကိုသတ်ဖြတ်နိုင်ခဲ့ပြီး လက်နက်ချလာသူတွေကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်...ဒါပေမဲ့ရုတ်တရက်အပြောင်းအလဲတစ်ခုဖြစ်ပွားခဲ့ပါတယ်...အနောက်တိမ်တိုက်အင်ပါယာရဲ့နိုင်ငံသားတွေဟာ မကောင်းဆိုးဝါးမှော်အစွမ်းနဲ့ထိန်းချုပ်ခံထားရပုံပေါ်တယ်...သူတို့ဟာတစ်ယောက်ပြီးတစ်ယောက်စဉ်းစားနိုင်စွမ်းဆုံးရှုံးသွားပြီးတော့ သာမန်လူသားတွေကိုသေဆုံးစေတဲ့အထိ ရူးသွပ်စွာတိုက်ခိုက်ခဲ့ကြတယ်...အဲ့ဒီကိစ္စရဲ့ထူးဆန်းမှုကြောင့်ဧကရာဇ်မင်းကိုအစီရင်ခံတင်ပြလိုက်တာဖြစ်ပါတယ်"

ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် ဝိုင်သောက်ရင်းစကားစမြည်ပြောဆိုနေစဉ် ထိုအကြောင်းကိုသတင်းရရှိခဲ့သည်။

"ဘာပြောတယ်..."

ထိုသတင်းကိုရရှိချိန်တွင် ထို့ပါဟောင်သည်ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။

ထို့ပါဟောင်သည် ထိုကိစ္စ၏အရေးပါပုံကို သဘာဝကျစွာပင်နားလည်သဘောပေါက်ထားခဲ့သည်။ထိုသို့မကောင်းသောမှော်အစွမ်းဖြင့် ထိန်းချုပ်ခံရခြင်းသည် အခြေခံအားဖြင့်ဆင်ခြင်တုံတရားဆုံးရှုံးခြင်းဖြင့် ညီမျှပေသည်။သူတို့သည် အတိုင်းအတာတစ်ခုထိတိုင်အောင် လူသားတစ်ယောက်မဟုတ်ကြတော့ပေ။

"သူတို့ကအနက်ရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီ...မျက်လုံးတွေနက်မှောင်နေလား..."

ထိုအချိန်ကနီကိုးလပ်စ်က မေးမြန်းလိုက်သည်။

"ဟုတ်တယ်...အဲလိုပဲ"

ကင်းထောက်က ယဉ်ကျေးပြူငှါစွာပြန်ဖြေလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ..."

ထို့ပါဟောင်က နိကိုးလပ်စ်အားချက်ချင်းမေးမြန်းလိုက်သည်။

နိကိုးလပ်စ်က ဝိုင်တစ်ခွက်ကိုဖြေးညင်းစွာသောက်၍ ပြန်ဖြေလိုက်သည်။

"အဲ့ဒါကလျှို့ဝှက်ဆန်းကြယ်အင်အားစုရဲ့လက်ချက်ပဲ...ငါ့ရဲ့ကင်းထောက်တွေက အဲ့ဒီအင်အားစုအကြောင်းကိုစုံစမ်းတဲ့အခါ အလားတူရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်...သူတို့ဟာသူတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကိုဆုံးရှုံးလိုက်ရပြီး မသေမျိုးတွေလိုဖြစ်သွားကြတယ်"

"တကယ်သူတို့ဖြစ်နေတာပဲ..."

ထို့ပါဟောင်၏မျက်လုံးများ၌ ဒေါသမီးလျှံများတောက်ပလာကာ အဖိုးတန်ဝိုင်ခွက်ကိုရိုက်ချိုးလိုက်သည်။ထို့ပါကွေ့၏နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့တစ်ခုက ထောက်ပံ့ပေးထားသည်။ထိုအကြောင်းကို သူသိရှိထားပြီးဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့သည် အနောက်တိမ်တိုက်အင်ပါယာ၏ပြည်သူများကို ယခုလိုအဖြစ်ဆိုးရောက်အောင် ပြောင်းလဲဝံ့သည်အထိယုတ်မာခဲ့လိမ့်မည်ဟု ထို့ပါဟောင်လုံးဝမျှော်လင့်မထားခဲ့ပေ။

"သူတို့က ဒီလိုတွေထိတောင်လုပ်ရဲလာကြပြီလား"

ရှောင်ယုက မျက်မှောင်ကြုတ်မိလိုက်သည်။လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့သည် အချို့သောနည်းလမ်းများကိုအသုံးပြုကာ လူအင်အားတိုးပွားလာအောင် စုဆောင်းလာသည်ဟု ယခင်ကပင်သူခန့်မှန်းထားပြီးဖြစ်သည်။

အခန်း ၅၄၀ - အင်ကာရက်ဂ်ဘုရားကျောင်းရှေ့တိုက်ပွဲ

"ငါတို့ဘာဆက်လုပ်ကြမလဲ..."

ထို့ပါဟောင်သည် ယခုအချိန်တွင် စိတ်အေးအေးထားရန်လိုအပ်ကြောင်း နားလည်ထားသည့်အတွက်ကြောင့် လျင်မြန်စွာပြန်လည်တည်ငြိမ်သွားခဲ့ကာ ရှောင်ယုအားအကြံညဏ်တောင်းခံလိုက်သည်။

"မင်းက အနောက်တိမ်တိုက်အင်ပါယာရဲ့ဧကရာဇ်မဟုတ်ဘူးလား...ငါ့ကိုဘာလို့မေးနေတာလဲ"

ရှောင်ယု၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ထို့ပါဟောင်သည် သူ့အားဦးနှောက်ပညာရှင်အဖြစ် အမှန်တကယ်မှတ်ယူနေသည်လား...

"ဒီအရာကနည်းနည်းလေးပဲဆိုရင်တောင် တိုက်ကြီးတစ်ခုလုံးရဲ့လုံခြုံရေးနဲ့သက်ဆိုင်နေတယ်...အဲ့ဒါက ငါ့ရဲ့ကိုယ်ပိုင်ပြဿနာလို့မင်းထင်လား..."

ထို့ပါဟောင်က အေးအေးဆေးဆေးပြန်လည်မေးခွန်းထုတ်လိုက်သည်။

"အင်ကာရက်ဂ်ရဲ့ပြဿနာကို ငါကိုယ်တိုင်ကိုင်တွယ်လိုက်မယ်...မင်းကဧကရာဇ်ကျားအစောင့်တွေကိုခေါ်ပြီး ချင်ချဲကိုသွားကူလိုက်"

ရှောင်ယုက ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။

ယခုအခါ တိုက်ပွဲအခြေအနေသည် ဧကရာဇ်ကျားအစောင့်တပ်ကို အလွန်အကျွံလိုအပ်နေခြင်းမရှိတော့ပေရာ ၎င်းတို့အားထို့ပါဟောင်ကိုဦးဆောင်စေပြီး အခြားသောစစ်မျက်နှာတစ်ခုအား တိုက်ခိုက်ရန်စေလွှတ်လိုက်ခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ထို့ပါဟောင်က ခေါင်းညိတ်၍ပြန်ပြောလိုက်သည်။

"ဟုတ်တယ်...အရမ်းနောက်မကျသေးခင် ငါချက်ချင်းသွားမှရမယ်...ဒီပြဿနာကိုတတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းမှရမယ်"

ထို့ပါဟောင်သည် အလွန်အလျင်လိုနေခဲ့သည်။လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့ကိုသာ ဤအတိုင်းဆက်လုပ်ခိုင်းလိုက်ပါက အင်ပါယာတစ်ခုလုံး ပြီးဆုံးသွားမည်ဖြစ်သည်။အင်ကာရက်ဂ်ပြဿနာမပြီးသေးမှီ နောက်ထပ်ပြဿနာတစ်ခုပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဧကရာဇ်ဖြစ်ရသည်မှာ အမှန်ပင်မလွယ်ကူလှပေ။

လမင်းသည်ကောင်းကင်၌ထိန်လင်းနေချိန်မှာပင် ထို့ပါဟောင်သည်ဧကရာဇ်ကျားအစောင့်တပ်နှင့် အင်ပါယာ၏လက်ရွေးစင်မြင်းတပ်အချို့ကိုခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ရှောင်ယုသည် သူတို့အဝေးသို့ထွက်ခွာသွားသည်ကို အချိန်အတော်ကြာစောင့်ကြည့်နေပြီးမှ လက်ကိုဝှေ့ယမ်းလိုက်သည်။

"အားလုံးအိပ်ဖို့လုပ်ကြတော့ မနက်စောစောလုပ်စရာရှိသေးတယ်"

နောက်တစ်နေ့နံနက်တွင် ကောင်းကင်ယံ၌ နေ့အလင်းရောင်စတင်ထွက်ပေါ်လာပြီး နေ့သစ်ရောက်ရှိလာကြောင်း ညွန်ပြနေခဲ့သည်။ရှောင်ယုသည် လူတိုင်းအားအင်ကာရက်ဂ်ဘုရားကျောင်းရှေ့သို့ ဦးဆောင်ခေါ်လာခဲ့သည်။မှော်ဆရာ၃ယောက်သည် မနေ့ကတွေ့ကြုံခဲ့ရသော ရှေးနဂါး၏စွမ်းအားကို တစ်ညလုံးခံစားကျင့်ကြံနေခဲ့သည်။ရှောင်ယုသည် သူတို့၃ယောက်၏ပြောင်းလဲမှုအနည်းငယ်ကိုပင် ခံစားနိုင်ခဲ့သည်။ထိုသို့သိမ်မွေ့သောပြောင်းလဲမှုသည် ၎င်းတို့၏ခွန်အားကိုပိုမိုအားကောင်းစေခြင်း သို့မဟုတ် ပိုမိုများပြားသောပြောင်းလဲမှုများကိုဖြစ်ပေါ်စေသည်။

ရှောင်ယုသည် နဂါးလေးကိုစီးနင်းကာ ရှေ့ဆုံးမှနေ၍ အင်ကာရက်ဂ်ဘုရားကျောင်းကို စတင်တိုက်ခိုက်ခဲ့သည်။ထိုအချိန်တွင် မရေမတွက်နိုင်သောဇတ်ဂ်များက ပြေးထွက်လာကာအသေခံဖောက်ခွဲတိုက်ခိုက်ခဲ့သည်။သူတို့၏တိုက်ခိုက်မှုက ရှောင်ယု၏တိုက်ခိုက်မှုအရှိန်အား နှေးကွေးစေရန်မျှော်လင့်ထားခဲ့ကြသည်။

ရှောင်ယုသည် ရှေ့သို့တိုးဝင်သွားသည့်အချိန်တွင် ထူးထူးခြားခြားကြီးမားလှသည့် အနူးဘစ်ကြီးအား သလင်းကျောက်တိုင်များစွာက ဝိုင်းရံထားသည်ကိုတွေ့လိုက်ရသည်။

"လူတိုင်းအဝေးမှာနေကြ...အရမ်းကြီးစုမနေကြနဲ့...မဟုတ်ဘူးဆိုရင်မင်းတို့မြန်မြန်သေသွားလိမ့်မယ်"

ရှောင်ယုသည် ထိုနေရာ၌ရှိနေသောလူများကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"လူတိုင်း မင်းတို့ရှေ့ကသလင်းကျောက်တိုင်တွေကို သေချာအာရုံစိုက်ထားကြ...အဲ့ကောင်ကြီးက သလင်းကျောက်တိုင်အနားကိုရောက်လာပြီဆိုရင် မင်းကအဲ့ဒီသလင်းကျောက်တိုင်ကိုချိုးဖျက်ပြီးတော့ နောက်ထပ်သလင်းကျောက်တိုင်ဆီပြေးဝင်သွားရမယ်...အဲ့ကောင်ကြီးရဲ့စွမ်းအားက အဓိကအားဖြင့်အဲ့ဒီသလင်းကျောက်တိုင်တွေကလာတယ်...မင်းတို့ကသလင်းကျောက်တိုင်တွေကို ဖျက်ဆီးဖို့လိုတယ်ဆိုပေမဲ့ ကြိုတင်ပြီးတော့လုပ်လို့မရဘူး...အနူးဘစ်ကအဲ့သလင်းကျောက်တိုင်နဲ့နီးလာပြီဆိုမှ မင်းတို့ကအဲ့ဒါကိုချိုးဖျက်လို့ရမယ်...မဟုတ်ရင်မင်းတို့ကံဆိုးပြီဘဲ"

ရှောင်ယုသည် လူတိုင်းအားသတိထားရန်အတွက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

လူတိုင်းသည် ရှောင်ယု၏အော်သံကိုကြားလိုက်ရသောအခါ အနူးဘစ်ကိုတိုက်ခိုက်မယ့်အစား သလင်းကျောက်တိုင်များထံ ပြေးဝင်သွားခဲ့ကြသည်။

အနူးဘစ်တွင် အကာအကွယ်အလွှာတစ်ခု လွှမ်းခြုံထားခဲ့သည်။အကယ်၍ လူများသည် ဧရာမအနူးဘစ်ကိုဦးတည်တိုက်ခိုက်မည်ဆိုပါက ထိုအကာအကွယ်အလွှာကိုဖျက်ဆီးရန် မဖြစ်နိုင်သည့်အတွက်ကြောင့် လူများစွာအချည်းနှီးသေဆုံးသွားရမှာဖြစ်သည်။အနူးဘစ်၏ အကာအကွယ်ကိုအားနည်းသွားစေရန်အတွက် အနူးဘစ်ကတိုးကပ်သွားသည့် သလင်းကျောက်တိုင်အား ဦးစွာတိုက်ခိုက်ဖျက်ဆီးရမည်ဖြစ်သည်။

ဝေါင်း...

သလင်းကျောက်တိုင်များသည် တစ်ခုပြီးတစ်ခုပြိုကျလာသည်နှင့်အမျှ အနူးဘစ်အားကာကွယ်ထားသည့် အကာအကွယ်လွှာသည် အဆက်မပြတ်အားနည်းလာခဲ့သည်။

"ကဲ...ခုမီးမှော်ကိုအသုံးပြုပြီးတော့တိုက်ခိုက်ကြတော့...သူ့ရဲ့မီးမှော်ခုခံမှုကအနိမ့်ဆုံးကိုရောက်နေပြီ"

ရှောင်ယုက လူတိုင်းအားတိုက်ခိုက်ရန် ချက်ချင်းအမိန့်ပေးလိုက်သည်။

ထို့နောက်တွင် အနူးဘစ်၏ရေခဲခုခံနိုင်စွမ်းက အနိမ့်ဆုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"ခုပဲ...ရေခဲမှော်ကိုအသုံးပြုလိုက်တော့..."

ဘန်း...ဘန်း

လင်းမူရွယ်နှင့်အန်တိုနီဒက်စ်တို့သည် ဧရာမရေခဲတုံးကြီးနှစ်ခုအားဖန်တီးလိုက်ကြပြီး အနူးဘစ်ထံသို့ပစ်လွှတ်လိုက်ကြသည်။ထိုအခိုက်အတန့်တွင် အကာအကွယ်အလွှာသည်ဖျတ်ခနဲ့ဆိုသလို တစ်ချက်တစ်ချက် ပျောက်ကွယ်လာခဲ့သည်။

မှော်ဆရာကြီး၃ယောက်သည် ယခုတစ်ကြိမ်၌ ဝင်ရောက်စွက်ဖက်ခြင်းမရှိကြတော့ပေ။ရှောင်ယုသည် အနူးဘစ်အားသတ်ဖြတ်ရန် နည်းလမ်းရှာတွေ့ထားသည့်အတွက်ကြောင့် သူတို့ဝင်ရောက်တိုက်ခိုက်စရာမလိုတော့ဘဲ နောက်ဆုံးသောတိုက်ပွဲအတွက် သူတို့၏စွမ်းအင်ကိုစုဆောင်းထားကြသည်။

မှန်ကန်သောတိုက်ပွဲနည်းဗျူဟာအောက်တွင် အနူးဘစ်၏အကာအကွယ်အလွှာသည် တဖြည်းဖြည်းအားနည်းသထက် အားနည်းလာခဲ့ပြီး အဆုံးသတ်တွင်သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းနိုင်ခဲ့သည်။

ရှောင်ယုသည် အခြေအနေပိုပိုဆိုးလာနေသော အနူးဘစ်ကိုကြည့်ရင်း အလျင်စလိုလှုပ်ရှားလိုက်ပြီး ဆန်းကြယ်ပုဆိန်အားဝှေ့ယမ်းလိုက်သည်။နဂါးလေးကလည်း နံချပ်ကူဖြင့်ပြေးဝင်တိုက်ခိုက်လိုက်ရာ အနူးဘစ်ကနာကျင်စွာအော်ငြီးလိုက်သည်။နဂါးလေးသည် ပဥ္စမအဆင့်သို့ရောက်ရှိပြီးနောက်တွင် သူ၏ပထမဆုံးတိုက်ပွဲဖြစ်၍ အလွန်ပင်စိတ်လှုပ်ရှားနေခဲ့သည်။

ဘန်း...

အဆုံးသတ်တွင်နဂါးလေးသည် ရှေ့သို့တက်လာပြီး နံချပ်ကူဖြင့်ရိုက်ချလိုက်ချိန်တွင် အနူးဘစ်၏ဧရာမခန္ဓာကိုယ်ကြီးက လဲပြိုကျလာခဲ့သည်။

လူတိုင်းသည် ချက်ချင်းဆိုသလိုပျော်ရွှင်သွားခဲ့ကြပြီး အနူးဘစ်ထံမှရရှလာမယ့် အဖိုးတန်ရတနာများကိုလုယူရန် ပြင်ဆင်လိုက်ကြသည်။သို့သော်လည်းရှောင်ယုနှင့်နဂါးလေးတို့က ထိုနေရာ၌ရပ်နေ၍ သူတို့ကရှေ့ဆက်မတိုးဝံ့တော့ပေ။

"ဒီအလောင်းကိုငါဝေငှပေးမယ်...မင်းတို့အမြင်ကဘယ်လိုလဲ"

ရှောင်ယုကပျင်းရိစွာမေးမြန်းလိုက်သည်။

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အချို့က မကျေမနပ်ဖြင့်ကန့်ကွက်ကြသည်။

"မင်းဘာလို့အဲလိုလုပ်ရတာလဲ"

ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ငါ့ရဲ့လက်ထဲကပုဆိန်နဲ့နဂါးလေးရဲ့လက်ထဲကနံချပ်ကူကိုအားကိုးပြီး အဲ့စကားကိုပြောတာပဲ...မင်းမကျေနပ်ဘူးဆိုရင်ငါနဲ့နဂါးလေးကိုလာတိုက်လို့ရတယ်....မင်းသာအနိုင်ရရင်မင်းကြိုက်တာလုပ်"

ရှောင်ယု၏ယုတ္တိကင်းမဲ့သောတုံ့ပြန်မှုကို လူတိုင်းကြားလိုက်ရချိန်တွင် မယုံကြည်နိုင်လောက်အောင် ခံစားမိလိုက်ကြသော်လည်း နဂါးလေး၏ကြီးမားသောမျက်လုံးများကိုကြည့်လိုက်မိချိန်တွင် လူတိုင်းလိုလိုပင်တုန်လှုပ်ခြောက်ခြားသွားကာ အရှုံးပေးလာခဲ့ကြသည်။

လူတိုင်းသည်ပတ်ဝန်းကျင်အားတစ်ချက်ကြည့်လိုက်ရာ ကန့်ကွက်မည့်သူမရှိတော့၍ တိုက်ရိုက်ပြောလိုက်သည်။

"အကုန်လုံးကိုရိုးရိုးရှင်းရှင်းလေးလုပ်ကြရအောင်...ဒီပစ္စည်းတွေကိုလေလံစျေးအမြင့်ဆုံးပေးနိုင်တဲ့သူကရမယ်"

လေလံပွဲစတင်ပြုလုပ်ခဲ့ပြီးနောက်တွင် လေလံဆွဲနိုင်သူများအား သက်ဆိုင်ရာထောက်ပံ့ကူညီမှုများအလိုက် ရွေးချယ်ခဲ့သည်။ထိုဆုံးဖြတ်ချက်အား ရှောင်ယုကိုယ်တိုင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လေလံပွဲပြီးဆုံးသွားချိန်၌ လူတိုင်းလိုလိုပင် ကျေနပ်နေခဲ့ကြသည်။ထိုအချိန်တွင် လူတိုင်းသည်အင်ကာရက်ဂ်ဘုရားကျောင်းကိုလှမ်းကြည့်လိုက်ကြပြီး နောက်တစ်ဆင့်အနေဖြင့် ဘုရားကျောင်းအားရှင်းလင်းတော့မည်ဖြစ်သည်။

Thank For Reading.

All Chapters