← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း ၅၄၁ - အော်ဆီရီယန်နှင့်တိုက်ခိုက်ခြင်း

"နောက်ဆုံးတော့ ငါတို့ဒီကိုရောက်လာခဲ့ပြီဘဲ..."

"ငါတို့အော်ဆီရီယန်ကိုသတ်ဖြတ်ပြီးတာနဲ့ ထို့ပါကွေ့ကိုသတ်ဖြတ်ဖို့အတွက် ထို့ပါဟောင်ကိုသွားပြီးကူညီရမယ်...အဲ့လူတွေကိုဒီအတိုင်းလွှတ်ပေးထားရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မသေမျိုးကပ်ဘေးက တဖန်ပြန်ဖြစ်လာလိမ့်မယ်"

ထိုသို့ပြောပြီးနောက်တွင် ရှောင်ယုသည် တပ်များကိုဦးဆောင်ကာ အင်ကာရက်ဂ်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ယခုအခါ အင်ကာရက်ဂ်အပျက်အစီးတစ်ခုလုံးအား ရှင်းလင်းထားပြီဖြစ်ကာ အင်ကာရက်ဂ်ဘုရားကျောင်းတစ်ခုသာ ကျန်ရစ်တော့သည်။

ရှောင်ယုသည် အင်ကာရက်ဂ်ဘုရားကျောင်းထဲသို့ ဝင်ရောက်လာသည့်အခါတွင် ရုတ်တရက်သက်ပြင်းချသံကိုကြားလိုက်ရသည်။ထိုသက်ပြင်းချသံသည် အချိန်နှင့်အာကာသကိုကျော်လွန်ကာ အခြားကမ္ဘာမှဆင်းသက်လာပုံရပြီး လူတိုင်းလိုလိုပင် အလွန်တရာစိတ်လေးလံလာသလို ခံစားလိုက်ရသည်။

မှော်ဆရာကြီး၃ယောက်သည်လည်း ထိုအဖွဲ့နှင့်အတူလိုက်ပါလာသည့်အတွက် ထိုသက်ပြင်းချသံကိုကြားလိုက်ရချိန်တွင် သူတို့၏အမူအရာသည် တည်ကြည်လေးနက်သွားခဲ့သည်။

"ဒါက သတ္တမအဆင့်ရဲ့စွမ်းအားဖြစ်ရုံတင်မကဘူး သတ္တမအဆင့်အထွတ်အထိပ်ကိုရောက်နေခဲ့ပြီ...ဒီလိုစွမ်းအားမျိုးကဒီတိုက်ကြီးပေါ်ရှိမနေသင့်ဘူး...ဒါကနတ်ဘုရားတွေရဲ့တန်ခိုးစွမ်းအားပဲ"

ချတ်ခ်က တိုးတိုးလေးရေရွတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်း၌ ရှုပ်ထွေးသောအရိပ်အယောင်အချို့ရှိနေခဲ့သည်။

ရှောင်ယုသည်ဤနေရာနှင့်လွန်စွာမရင်းနှီးပေ။ထို့ကြောင့်ရှောင်ယုသည် စွန့်စားသူများကိုဦးဆောင်ကာ တစ်နေရာလုံးအားဖြေးညင်းစွာရှာဖွေရုံသာ တတ်နိုင်ခဲ့သည်။

လမ်းတလျှောက်တွင် သူတို့သည်ဇတ်ဂ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။သို့သော် ရှောင်ယုတို့အဖွဲ့၏ခွန်အားသည် လွန်စွာမြင့်မားနေသည့်အတွက် ခိုးဝင်တိုက်ခိုက်မှုများကို ကြောက်ရွံ့စရာမလိုဘဲ ဇတ်ဂ်များကိုအလွယ်တကူသုတ်သင်နိင်ခဲ့သည်။

ရှောင်ယုနှင့်အခြားသူများသည် ထိုသို့ဆက်လက်ရှာဖွေနေရင်း သူတို့၏ရှေ့မှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများကို ကြားလိုက်ရသည်။

"ပြေး...ပြေး...ဒီသားရဲကအရမ်းကိုသန်မာတယ်...ငါတို့မသတ်နိုင်ဘူး"

အား..

ရှောင်ယုသည် အသံထွက်ပေါ်လာရာဆီ သွားကြည့်လိုက်ချိန်တွင် ထိုစွန့်စားသူများ သေဆုံးနေကြပြီဖြစ်သည်။

ရှောင်ယုသည် ခန်းမထဲသို့ရောက်သွားသည့်အခါတွင် လူသားအသွင်ရှိသောဇတ်ဂ်နှစ်ကောင်ကို တွေ့လိုက်ရသည်။ထိုဇတ်ဂ်နှစ်ကောင်သည် ရတနာအချို့အားရှာဖွေရန်အတွက် ရှောင်ယုနှင့်အခြားသူများမှ ခွဲထွက်သွားခဲ့သည့်စွန့်စားသူများကို သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုဇတ်ဂ်နှစ်ကောင်သည် မေထုန်ဧကရာဇ်များဖြစ်ကြောင်း ရှောင်ယုလျင်မြန်စွာနားလည်လိုက်သည်။

ရှောင်ယုသည် မေထုန်ဧကရာဇ်နှစ်ပါးကို ချက်ချင်းဝိုင်းထားရန် အမိန့်ပေးလိုက်သည်။များမကြာမှီတွင် လူသားအသွင်ရှိနေသောဇတ်ဂ်နှစ်ကောင်အား လူများစွာကဝိုင်းရံထားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ စတင်မတိုက်ခိုက်ဝံ့ကြပေ။

လီယိုနာဒိုနှင့်ရောဘတ်တို့အပါအဝင် ကျန်လူများသည်ဘေးမှနေ၍ အခြေအနေကိုစောင့်ကြည့်နေခဲ့ကာ အလျင်စလိုမလုပ်ဆောင်ခဲ့ကြပေ။ယခုပင် လူအချို့သည် မေထုန်ဧကရာဇ်များကိုဒေါသထွက်စေခဲ့၍ သတ်ဖြတ်ခံလိုက်ရသည်။

ထိုမေထုန်ဧကရာဇ်နှစ်ပါးသည် အမှန်တကယ်ပင်အားကောင်းလှပေသည်။

"အဲ့နှစ်ကောင်ကို ဘယ်လိုတိုက်ခိုက်ကြမှာလဲ"

နီကိုးလပ်စ်က မေထုန်ဧကရာဇ်နှစ်ပါးကိုကြည့်၍ မေးမြန်းလိုက်သည်။

ရှောင်ယုက မချိပြုံးပြုံး၍ ပြန်ဖြေလိုက်သည်။

"ဘာနည်းလမ်းမှမရှိဘူး...ငါတို့ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့လိုအပ်တယ်"

နီကိုးလပ်စ်၏အကြည့်များက ချက်ချင်းတည်ကြည်သွားခဲ့သည်။ရှောင်ယုပင်မသိသောကိစ္စတစ်ခုအား ဖြေရှင်းရလွယ်ကူမည်မဟုတ်ပေ။

"မင်းတို့က အန်ကာရက်ဂ်ဘုရားကျောင်းကိုကျူးကျော်ရဲတယ်ပေါ့...မင်းတို့အားလုံးသေချင်နေကြတာလား"

မေထုန်ဧကရာဇ်နှစ်ပါးက ရှောင်ယုနှင့်အခြားသူများကိုမြင်တွေ့ချိန်တွင် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

"မင်းတို့တွေစကားလုံးအသစ်ကို မသုံးနိုင်ကြဘူးလား"

ရှောင်ယုသည် မေထုန်ဧကရာဇ်နှစ်ပါးကိုကြည့်ကာ ငြီးငွေ့သောလေသံဖြင့်ပြောလိုက်သည်။

ထိုသို့စကားမျိုးကိုပြောဆိုလိုက်ခြင်းက လူတိုင်းအားကြောက်လန့်သွားစေခဲ့သည်။

အုန်း...

နဂါးလေးသည် သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့တိုး၍ဆက်လက်တိုက်ခိုက်နေခဲ့သည်။နဂါးလေး၏ထိုးနှက်ချက်အပြီးတွင် တိုက်ပွဲကစတင်ခဲ့သည်။

လူတိုင်းလိုလို တိုက်ပွဲ၌ပါဝင်လာကြသည့်အတွက် လူတိုင်း၏ပေါင်းစပ်တိုက်ခိုက်မှုက အလွန်ပင်ပြင်းထန်နေခဲ့သည်။များမကြာမှီတွင် မေထုန်ဧကရာဇ်နှစ်ပါးသည် အလွန်ဆိုးရွားသောအခြေအနေသို့ ကျရောက်သွားခဲ့သည်။

ရှောင်ယုသည် ဖိအားလုံးဝကိုမခံစားရဘဲ တိုက်ပွဲကိုတည်ငြိမ်စွာစိုက်ကြည့်နေခဲ့သည်။လက်ရှိအခြေအနေအရ အချိန်ခဏကြာပြီးနောက်တွင် ထိုလူနှစ်ယောက်သတ်ဖြတ်ခံရမည်ဖြစ်သည်။

အချိန်တချို့ကြာမြင့်အပြီးတွင် မေထုန်ဧကရာဇ်နှစ်ပါးသည် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရှင်းလင်းသုတ်သင်ခံလိုက်ရသည်။လူတိုင်းသည် မေထုန်ဧကရာဇ်များ၏အလောင်းကိုကြည့်ရင်း အနည်းငယ်စိတ်သက်သာရာရသွားကြသည်။

ရှောင်ယုသည် အရာအားလုံးကိုချောမွေ့စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။အရာအားလုံးသည် သူတို့စိတ်ကူးယဉ်ထားသည်ထက် ချောမွေ့စွာပြီးဆုံးနေခဲ့၍ ရတနာများဝေငှအပြီး၌ လူတိုင်းကဆက်လက်လှုပ်ရှားခဲ့ကြသည်။

အချိန်အတော်ကြာ ဆက်လက်ရှာဖွေအပြီး၌ အဆုံးသတ်တွင် လူတိုင်းသည် ကြီးမားလှသောလှိုဏ်ဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ဂူ၏အလယ်တည့်တည့်၌ ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေခဲ့သည်။

"အမေရေ...ရှေးနတ်ဘုရားတွေက ဘာလို့အဲလောက်တောင်ရုပ်ဆိုးနေရတာလဲမသိဘူး"

ရှောင်ယုသည် သူ့ရှေ့တွင်ရပ်နေသော ဧရာမပုံရိပ်ကြီးကိုကြည့်လိုက်မိသည်။အဆုံးသတ်၌ ထိုကောင်ကြီးရှိရာသို့ရောက်လာခဲ့ပြီဖြစ်ရာ အဆုံးသတ်တိုက်ပွဲစတင်တော့မည်ဖြစ်သည်။

ဟုတ်တယ်...ဒီကောင်ကြီးကိုသတ်ပြီးရင် ပြဿနာကိုဖြေရှင်းပြီးပြီ…

"ကောင်းပြီ...စည်းမျည်းဟောင်းတွေအတိုင်းပဲ...ဒီကောင်ကြီးကိုသတ်ဖြတ်ပြီးပြီဆိုတာနဲ့ လူတိုင်းရဲ့ပါဝင်ကူညီပေးမှုအပေါ် အဆင့်သတ်မှတ်ပေးမယ်"

ရှောင်ယုကကျယ်လောင်သောအသံဖြင့် အော်ပြောလိုက်သည်။

အနူးဘစ်ကြီးနှင့်နောက်ဆုံးတိုက်ပွဲအပြီးမှစ၍ အင်ကာရက်ဂ်ဘုရားကျောင်းတိုက်ပွဲခေါင်းဆောင်အဖြစ် ရှောင်ယုကိုလူတိုင်းကန့်ကွက်ခဲ့ခြင်းမရှိပေ။

မှော်ဆရာကြီး၃ယောက်သည် ရှောင်ယု၏ဘေးတွင်ရပ်နေခဲ့ပြီး ရှောင်ယု၏ခွန်အားကလည်း အလွန်အားကောင်းနေပြီဖြစ်သည်။ထို့ကြောင့်ရှောင်ယုက ရတနာများကိုဦးဆောင်ဝေမျှပေးမည့်သူဖြစ်လာခဲ့သည်။

ယခုအချိန်၌ သူ့ကဲ့သို့အလွန်သင့်တော်သောခေါင်းဆောင်အား ရှာဖွေရန်အလွန်ခက်ခဲနေခဲ့သည်။

ဤနေရာတွင် စွမ်းအားကြီးအဖွဲ့အမြောက်များရှိနေပေရာ ရှောင်ယုမှလွဲ၍ သူတို့အားမည်သူကမှ အမိန့်မပေးဝံ့ပေ။

ရှောင်ယုသည် လူတိုင်းအားစိတ်ကျေနပ်စွာကြည့်လိုက်ပြီး တိုက်ခိုက်မှုများအား စတင်ရန်ပြင်ဆင်လိုက်ချိန်တွင် အော်ဆီရီယန်ကရုတ်တရက်အော်ဟစ်လိုက်ပြီး ဂူတစ်ခုလုံးတုန်ခါသွားခဲ့သည်။အော်ဆီရီယန်၏အကြည့်များက လူတိုင်းအားအလင်းဖြင့် ရိုက်ခတ်သွားခဲ့သည်။

"လူတိုင်းရှောင်ကြ..."

ရှောင်ယုကအော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပင်ဘေးသို့ရှောင်တိမ်းလိုက်သည်။သို့သော်လည်း ရှောင်တိမ်းရန်အချိန်မရလိုက်သူများက ချက်ချင်းသေဆုံးသွားခဲ့ကြသည်။

"သေစမ်း...ရုတ်တရက်အလိုက်ဖမ်းတိုက်ခိုက်တာပဲ..."

ရှောင်ယုသည် အလွန်ဒေါသထွက်သွားခဲ့သည်။ထိုကောင်သည် အမှန်ပင်သူတို့၏အလစ်ကိုစောင့်ဖမ်းကာ လူများစွာကိုရုတ်တရက်သတ်ဖြတ်လိုက်သည်။

ဒီရှေးနတ်ဘုရားက တကယ်ယုတ်မာလွန်းတယ်...

"သတိထားကြ...အဲ့အလင်းတန်းကိုအထိမခံကြနဲ့...မှော်ဆရာတွေကတည်နေရာရွေ့ပြောင်းပြီးတော့ ရှောင်ဖို့လုပ်ကြ..မင်းတို့သာအဲ့အလင်းတန်းနဲ့အထိခံမိပြီဆိုရင် ဆဌမအဆင့်ကျွမ်းကျင်သူဖြစ်နေရင်တောင် မင်းသေသွားလိမ့်မယ်...သူ့ဘေးနားမှာစက်ကွင်းတွေအများကြီးရှိနေတယ်...အဲ့ဒါတွေကိုသွားမထိမိစေနဲ့"

တိုက်ပွဲစနေပြီဖြစ်ရာ စကားများများစားစားပြောနေရန် အချိန်မရှိတော့ပေ။

အော်ဆီရီယန်အား တိုက်ခိုက်ရသည်မှာ အမှန်ပင်မလွယ်ကူပေ။သူသည်ရှေးခေတ်နတ်ဘုရားဖြစ်ရာ စွမ်းအားမရှိလျှင်ထူးဆန်းနေမည်ဖြစ်သည်။

အခန်း ၅၄၂ - တားမြစ်မှော်အစွမ်းကိုအသုံးပြုခြင်း

အော်ဆီရီယန်မှ ယခင်အသုံးပြုခဲ့သောတိုက်ခိုက်မှုအား ဖျက်ဆီးခြင်းအလင်းဟုခေါ်ပြီး မည်သူကမှတောင့်ခံနိုင်ခြင်းမရှိပေ။

ကံကောင်းထောက်မစွာဖြင့် အော်ဆီရီယန်သည် ဖျက်ဆီးခြင်းအလင်းကိုအသုံးမပြုမှီတွင် လက္ခဏာအချို့အားပြသမည်ဖြစ်ကာ လူအများကိုရှောင်တိမ်းရန်အတွက် အချိန်ခဏပေးမည်ဖြစ်သည်။ဖျက်ဆီးခြင်းအလင်းကို သတ်မှတ်ထားသောပုံသေလမ်းကြောင်းအတိုင်းထုတ်လွှတ်နိုင်ပြီး ၎င်း၏အမြန်နှုန်းမှာလည်း အတော်လေးနှေးကွေးပေသည်။

ဝုန်း...

ရှောင်ယု၏အော်ဟစ်သံနှင့်အတူ မှော်ဆရာကြီး၃ယောက်ကဦးဆောင်ခဲ့ပြီး အော်ဆီရီယန်အပေါ်သို့ မှော်အစွမ်းများဖြင့်တိုက်ခိုက်ခဲ့ကြသည်။

သူတို့သည် အော်ဆီရီယန်၏ဖျက်ဆီးခြင်းအလင်း မည်မျှအစွမ်းထက်ကြောင်း တွေ့မြင်ဖူးသည့်အတွက် အော်ဆီရီယန်သည် သူတို့အားအသက်အန္တာရယ် ဖြစ်စေနိုင်သည့်ခြိမ်းခြောက်မှုဖြစ်စေနိုင်ကြောင်း သူတို့နားလည်ထားပေသည်။အကယ်၍ သူတို့သာသတိမထားမိပါက အော်ဆီရီယန်၏သတ်ဖြတ်ခြင်းကို ခံရနိုင်ပေသည်။

"မကြောက်ကြနဲ့...ဒီကောင်ကတော်တော်အစွမ်းထက်တယ်ဆိုပေမဲ့ မင်းတို့ထင်ထားသလောက်တော့ ကြောက်စရာမကောင်းဘူး...သူ့ရဲ့ဖျက်ဆီးခြင်းအလင်းက အရမ်းကိုနှေးကွေးတဲ့အတွက် ကြိုပြီးရှောင်တိမ်းနိုင်ရင် မင်းတို့အတွက်ပြသနာမဟုတ်ဘူး..."

ထိုအချိန်တွင် ရှောင်ယုသည် လူတိုင်း၏စိတ်ဓာတ်ကိုမြင့်တင်ပေးရန်အတွက် ကျယ်လောင်သောအသံဖြင့် စကားအနည်းငယ်ပြောလိုက်သည်။

ဝုန်း...ဗုံး...

ထိုအချိန်တွင် မြေပြင်မှနေ၍ ရေဘဝဲကဲ့သို့ လက်တံများအမြောက်အများ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ အရပ်ရပ်မှလူများကိုချက်ချင်းတိုက်ခိုက်လိုက်သည်။လူများစွာသည် အချိန်မှီတုံ့ပြန်နိုင်ခြင်းမရှိဘဲ လေပေါ်သို့မြှောက်တက်သွားကြရသည်။

သို့သော်လည်း လုပ်ကြံသူများနှင့်သွက်လက်သောသူရဲကောင်းများသည် လက်တံများကိုရှောင်တိမ်းပြခဲ့ကြပြီး ထိုလက်တံများသည် လုံးဝကိုအစွမ်းထက်နေခြင်းမရှိကြောင်း သက်သေပြနိုင်ခဲ့ကြသည်။

"အနီးကပ်တိုက်ခိုက်ရေးသမားတွေ ရွက်ဖျင်တဲတွေကိုဖျက်ဆီးပစ်လိုက်...သူတို့ကအဲလောက်ထိအစွမ်းထက်နေတာမဟုတ်ဘူး...သူရဲကောင်းအချို့ကအဲ့ဒါတွေကိုပိတ်ဆို့ပေးထားပြီးတော့ အဝေးပစ်သမားတွေအကွာအဝေးတစ်ခုခြားပြီး ပစ်ခတ်ကြ"

ရှောင်ယုကကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ရှောင်ယု၏အော်သံကိုကြားလိုက်ရချိန်တွင် လူတိုင်း၏တိုက်ခိုက်လိုစိတ်မြင့်တက်လာခဲ့ကာ တိုက်ပွဲအတွင်း၌အာရုံစူးစိုက်လာခဲ့ကြသည်။

"လူတိုင်း...ပြင်းပြင်းထန်ထန်သာတိုက်ခိုက်ကြ...ငါတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကိုဖန်တီးနိုင်ဖို့ အဲ့ကောင်ကြီးကိုသတ်ကြ...အဲလိုဆိုရင်မင်းတို့အားလုံးအနာဂတ်မှာ ဝင်ကြေးအခမဲ့နဲ့ခြင်္သေ့ဘုရင်မြို့တော်ထဲဝင်ခွင့်ရလိမ့်မယ်"

ရှောင်ယုသည် တိုက်ပွဲကိုညွန်ကြားနေသော်လည်း လူတိုင်းအားဆွဲဆောင်ရန်မမေ့ခဲ့ပေ။

လူတိုင်းသည် အမြတ်အစွန်းအတွက်ဤနေရာသို့ရောက်လာကြောင်း သူသိထားပေသည်။တိုက်ကြီးအားအကာအကွယ်ပေးရန်ဟူသော စကားမျိုးကသူတို့အားလှုပ်လှုပ်ရှားရှားဖြစ်စေမှာမဟုတ်သော်လည်း အကျိုးအမြတ်များရရှိမည်ဟု ကတိပေးခဲ့ပါကသူတို့အားလှုံဆော်ပေးနိုင်မည်ဖြစ်သည်။

ရှောင်ယု၏ကတိကိုကြားပြီးနောက် လူတိုင်းစိတ်ဓာတ်တက်ကြွလာကြပြီး ကျယ်လောင်စွာမာန်သွင်းအော်ဟစ်ကာ လက်တံများကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖျက်ဆီးလိုက်ကြသည်။

"သတိထားကြ...အဲ့ကောင်ကဖျက်ဆီးခြင်းအလင်းကိုထပ်သုံးဖို့စီစဉ်နေပြီ...ဖျက်ဆီးခြင်းအလင်းကအရမ်းကိုနှေးကွေးတယ်...မင်းသာခရုတစ်ကောင်မဟုတ်ရင် မင်းရှောင်နိုင်လိမ့်မယ်...ဒါပေမဲ့အမှုမဲ့အမှတ်မဲ့လျှောက်မပြေးကြနဲ့"

ရှောင်ယုသည် အော်ဆီရီယန်ကို နောက်တစ်ကြိမ်ကြည့်လိုက်ကာ ကျယ်လောင်စွာသတိပေးလိုက်သည်။

ထိုအချိန်တွင် အော်ဆီရီယန်၏မျက်လုံးများမှနေ၍ နောက်ထပ်ဖျက်ဆီးခြင်းအလင်းကို ပစ်လွှတ်လိုက်သည်။

"သေစမ်း...ဒီတစ်ခါဖျက်ဆီးခြင်းအလင်းကနှစ်ခုတောင်လား...ဒါပေမဲ့နှစ်ခုလုံးရဲ့အရှိန်ကအရမ်းကိုနှေးကွေးနေတုံးပဲ...လူတိုင်းသေချာအာရုံစိုက်ကြ"

ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ဖျက်ဆီးခြင်း၏အလင်းသည် ထူးဆန်းသောကျွမ်းကျင်မှုတစ်ခုသာမကပေ။၎င်းသည် ဤနေရာ၌ရုတ်တရက်ထွက်ပေါ်လာခြင်းသို့မဟုတ် ထိုနေရာမှရုတ်တရက်ထွက်ပေါ်လာခြင်းတို့ဖြစ်နိုင်သော်လည်း ၎င်း၏အရှိန်နှုန်းကနှေးကွေးနေဆဲဖြစ်သည်။

"မဟာမှော်ဆရာကြီး၃ယောက်...မင်းတို့ရှောင်ဖို့အချိန်မရှိဘူးဆိုရင် တည်နေရာရွေ့ပြောင်းဖို့လုပ်ပါ...ဒီဖျက်ဆီးခြင်းအလင်းက တည်နေရာရွေ့ပြောင်းတာကိုမသက်ရောက်နိုင်ဘူး"

ရှောင်ယုသည် မှော်ဆရာကြီး၃ယောက်အား လှမ်း၍သတိပေးလိုက်သည်။ဤတိုက်ပွဲတွင် မှော်ဆရာကြီး၃ယောက်သည် အဓိကအင်အားစုကြီးဖြစ်သည်။

မှော်ဆရာကြီး၃ယောက်လုံးက လေးနက်စွာခေါင်းညိတ်ပြလိုက်သည်။သူတို့သည် ဖျက်ဆီးခြင်းအလင်းကိုရှောင်တိမ်းနေစဉ်အတွင်း အော်ဆီရီယန်၏မျက်လုံးများကို ထိခိုက်မှုအချို့ဖြစ်ပေါ်စေရန်အတွက် သေးငယ်သောမှော်အစွမ်းအချို့ကို ဆက်တိုက်ထုတ်ဖော်နေခဲ့ကြသည်။

"သီအိုဒိုး...ငါတို့အဲ့ဒါကိုသုံးကြည့်ရအောင်...ဒီကောင်ကတကယ်အစွမ်းထက်လွန်းတယ်...ငါတို့သာအဲ့ဒါကိုမသုံးရင်တကယ်ထိခိုက်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး"

ထိုအချိန်တွင် ဖာဂူဆန်ကသီအိုဒိုးကိုပြောလိုက်သည်။

သီအိုဒိုးကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...ဒီကောင်ကမြန်ဆန်တဲ့ပြန်လည်ကုသနိုင်စွမ်းရှိတယ်...တားမြစ်မှော်အစွမ်းကပဲ ဒီကောင်ကိုထိခိုက်စေနိုင်မှာငါစိုးရိမ်မိတယ်"

"ဘယ်သူအရင်လုပ်မှာလဲ..."

ချတ်ခ်သည် သူတို့နှစ်ယောက်၏စကားကိုနားထောင်ပြီးနောက် ယခုအချိန်၌တားမြစ်မှော်ပညာအား ထုတ်ဖော်အသုံးပြုရန်လိုအပ်ကြောင်း နားလည်သွားခဲ့သည်။သို့သော် တားမြစ်မှော်ပညာကိုအသုံးပြုခြင်းက အသုံးပြုသူမှော်ဆရာကိုယ်တိုင်အတွက် အလွန်အန္တာရယ်များပေသည်။

"ငါတို့၃ယောက်ထဲမှာ ငါကအသက်အကြီးဆုံးဆိုသော ငါ့ကိုအရင်ဆုံးလုပ်ခွင့်ပြုပါ...ငါကအသက်ကြီးနေပါပြီ"

ချတ်၏မေးခွန်းကိုကြားသောအခါ သီအိုဒိုးကပြုံးပြလိုက်ပြီး ဖျက်ဆီးခြင်းအလင်းကွယ်ပျောက်သွားချိန်ကို စောင့်နေလိုက်သည်။ထို့နောက်အချိန်ကျရောက်လာသည့်အခါတွင် သူသည်အနေအထားကိုစတင်ချိန်ညှိလိုက်ကာ ပြင်ဆင်ထားသည့်မှော်စာလိပ်အားထုတ်ယူလိုက်ပြီး မှော်မန္တန်အားစတင်ရွတ်ဆိုလိုက်သည်။

"လူတိုင်းမှော်ဆရာကြီးသီအိုဒိုးကိုကာကွယ်ပေးကြပြီး...မှော်ဆရာကြီးအတွက် နည်းနည်းလောက်အချိန်ဆွဲပေးကြ"

ရှောင်ယုသည် ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ချိန်၌ အလွန်အရေးကြီးသောအခိုက်အတန့်ကိုရောက်ရှိလာပြီဖြစ်ကြောင်း နားလည်လိုက်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထိုအချိန်တွင် သီအိုဒိုးသည်အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုအားပြင်ဆင်နေကြောင်း သဘာဝအတိုင်းခံစားမိသည့်အတွက်ကြောင့် အော်ဆီရီယန်သည် သူ၏လက်တံများစွာကိုဆန့်ထုတ်လိုက်ကာ သီအိုဒိုးအားတိုက်ခိုက်လိုက်သည်။

သို့သော်လည်း နဂါးလေး၊ဂရင်းနှင့်အခြားသောဆဌမအဆင့်သူရဲကောင်းများသည် သီအိုဒိုးအားကာကွယ်ပေးရန်အတွက် အဆိုပါလက်တံများ၏တိုက်ခိုက်မှုအား ကြံ့ကြံ့ခံ၍တွန်းလှန်လိုက်ကြသည်။

တစ်ချိန်တည်းတွင် ဖာဂူဆန်နှင့်ချတ်ခ်တို့သည် မှော်တိုက်ခိုက်မှုများကိုပြုလုပ်ကာ အော်ဆီရီယန်အားထိန်းချုပ်ရန် ကြိုးစားခဲ့ကြသည်။

လူတိုင်းသည် အလွန်ပြင်းထန်သော မှော်စွမ်းအင်အတက်အကျများက သီအိုဒိုး၏ပတ်ဝန်းကျင်၌စုရုံးဖြစ်တည်လာကြောင်း ခံစားမိလာကြသည်။သူတို့၏ပတ်ဝန်းကျင်လေထုမှ မှော်စွမ်းအင်များသည် သီအိုဒိုး၏အနီးသို့တဟုန်ထိုးစီးဝင်လာကြသည်။

မှော်စာလိပ်၏အကူအညီဖြင့်ပင် သီအိုဒိုးသည်တားမြစ်မှော်ပညာက်ုထုတ်ဖော်ရန် မိနစ်အနည်းငယ်ခန့်လိုအပ်နေပေသေးသည်။

သီအိုဒိုးသည် တားမြစ်မှော်အစွမ်းအားထုတ်ဖော်တော့မည်ကို သတိပြုမိသောကြောင့် ချတ်ခ်ကျယ်လောင်စွာသတိပေးလိုက်သည်။

"လူတိုင်းပြန်ဆုတ်ခဲ့ကြတော့"

ချတ်ခ်၏အော်သံကိုကြားချိန်တွင် လူတိုင်းသည်အခြေအနေကိုချက်ချင်းသဘောပေါက်နားလည်သွားကြသည်။သီအိုဒိုးသည် တားမြစ်မှော်ကိုအသုံးပြုတော့မည်ဖြစ်၍ တစ်ယောက်ပြီးတစ်ယောက်နောက်ဆုတ်သွားခဲ့ကြသည်။

ထိုအချိန်တွင် အော်ဆီရီယန်သည် သူ၏လက်တံများကိုပိုမိုဆန့်ထုတ်ကာ သီအိုဒိုးအားသတ်ဖြတ်လိုခဲ့သည်။သို့သော်လည်း သီအိုဒိုး၏တားမြစ်မှော်အစွမ်းက လက်ရှိအချိန်၌အကောင်အထည်ပေါ်နေပြီဖြစ်သည်။

ဒိုင်း...

အချင်းဆယ်မီတာခန့်ရှိသော မှော်စွမ်းအင်လုံးကြီးသည်ဧရာမအမြှောက်ဆံကြီးကဲ့သို့ ချက်ချင်းဖြစ်တည်လာခဲ့ကာ ကောင်းကင်ပေါ်မှဆင်းသက်လာပြီး အော်ဆီရီယန်ထံတည့်တည့်တိုးဝင်သွားခဲ့သည်။

ကျယ်လောင်သောပေါက်ကွဲသံကြောင့် လူတိုင်းနားစည်ကွဲတော့မတတ်ခံစားလိုက်ရပြီး အဖြူရောင်အလင်းတန်းက လူတိုင်းအားမျက်စိကွယ်လုနီးပါး ခံစားရစေခဲ့သည်။

"သေစမ်း...အနူမြုဗုံးပေါက်ကွဲတဲ့အခါ လူတွေဘယ်လိုခံစားကြရလဲဆိုတာကို နောက်ဆုံးတော့ငါနားလည်ခဲ့ပြီ"

ရှောင်ယုက ထိုသို့အတွေးဝင်လာခဲ့ပြီးနောက် မြေပြင်ပေါ်သို့မှောက်ချလိုက်ကာ လက်နှစ်ဖက်ဖြင့်ခေါင်းကိုအုပ်ထားလိုက်သည်။ထိုမြင်ကွင်းသည် အမှန်ပင်ထိတ်လန့်စရာကောင်းလှပေသည်။

အခန်း ၅၄၃ - မှော်ဆရာ၃ဦး၏ တားမြစ်မှော်အစွမ်းများ

ထိုမှော်အစွမ်းသည် ပစ်မှတ်တစ်ခုတည်းကိုသာဦးတည်သော တားမြစ်မှော်အစွမ်းဖြစ်သည်။

၎င်း၏သက်ရောက်မှုဧရိယာသည် ကြီးမားခြင်းမရှိသည့်အတွက် အခြေခံအားဖြင့် အော်ဆီရီယန်အားသတ်ဖြတ်ရန် ထိုတားမြစ်မှော်ကိုအသုံးပြုခဲ့သည်။သို့သော်လည်း လူတိုင်းသည် ရန်သူ၏တန်ပြန်တိုက်ခိုက်ခြင်းကိုခံရနိုင်သည်ဟု ခံစားနေကြရဆဲဖြစ်သည်။

အကယ်၍ ထိုတားမြစ်မှော်ပညာသည် သူတို့၏ခန္ဓာကိုယ်ပေါ်သို့သာ ကျရောက်လာခဲ့မည်ဆိုပါက သူတို့သည်လုံးဝခုခံနိုင်စွမ်းမရှိဘဲ ကျိန်းသေပေါက်အသက်ဆုံးရှုံးသွားရမည်ဖြစ်သည်။တားမြစ်မှော်ပညာသည် ၎င်း၏အမည်နှင့်လိုက်အောင် အမှန်တကယ်ပင်အစွမ်းထက်လှပေသည်။

အဖြူရောင်အလင်းတန်းသည် ၁၀စက္ကန့်ကြာသည်အထိ တောက်ပနေခဲ့ပြီး လူတိုင်းမျက်လုံးဖွင့်ကြည့်လိုက်သောအချိန်တွင် အော်ဆီရီယန်၏ခန္ဓာကိုယ်သည် တစ်ဝက်တစ်ပျက် ပျက်စီးနေခဲ့ကာ ထိုနေရာ၌ဧရာမတွင်းပေါက်ကြီးတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

"သေစမ်း...တားမြစ်မှော်အစွမ်းကတောင်မှ အော်ဆီရီယန်ကို တစ်ကြိမ်တည်းနဲ့မသတ်ဖြတ်နိုင်ခဲ့ဘူးလား"

တားမြစ်မှော်ပညာသည် အလွန်ပင်အစွမ်းထက်သော်လည်း အော်ဆီရီယန်ကိုသတ်ဖြတ်ရန် မလုံလောက်သည့်အတွက်ကြောင့် ရှောင်ယုအံ့သြသွားခဲ့ရသည်။

မည်သို့ပင်ဆိုစေ အော်ဆီရီယန်သည် ရှေးခေတ်နတ်ဘုရားတစ်ပါးဖြစ်သည်။

ရှောင်ယု စိတ်မသက်မသာဖြစ်နေချိန်တွင် ရုတ်တရက်ဆိုသလိုပင် ဧရာမလက်တံကြီးများက မြေကြီးအောက်မှတိုးထွက်လာခဲ့သည်။ထိုလက်တံကြီးများတွင် အစက်အပြောက်များပြည့်နှက်နေကာ မီတာရာနှင့်ချီ၍ရှည်လျားကာ တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် မီတာရာနှင့်ချီ၍လွှင့်ထွက်သွားခဲ့သည်။

ဝေါင်း...

အော်ဆီရီယန်သည် အလွန်ဒေါသထွက်နေပုံရပြီး ဒေါသတကြီးဟိန်းဟောက်လိုက်သည်။တားမြစ်မှော်အစွမ်းသည် အလွန်ပြင်းထန်လှကာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းအား ချက်ချင်းပျက်စီးစေခဲ့သည်။

"အဲ့ကောင်ကြီးက ခုဆိုရင်ဒုတိယအဆင့်ကိုရောက်နေပြီ သတိထားကြ...အဲ့ကောင်ရဲ့လက်တံတွေကိုပိုင်းဖြတ်လိုက်...မသနားကြနဲ့"

ရှောင်ယု၏အော်ဟစ်သံအဆုံးတွင် အော်ဆီရီယန်၏ ကြီးမားသောမျက်လုံးများသည် နောက်ထပ်တစ်ကြိမ်လေပါ်တက်သွားခဲ့ပြီး ယခုတစ်ကြိမ်တွင်သေးငယ်သောမျက်လုံးများစွာက ၎င်းကိုဝိုင်းရံထားခဲ့သည်။

၎င်းသည် ဖျက်ဆီးခြင်းအလင်းအမြှောက်အများကို ထုတ်ဖော်ခဲ့ပြီး လူတိုင်းအားကြီးကြီးမားမားထိခိုက်မှုဖြစ်စေခဲ့သည်။

"လူတိုင်းသတိထားပြီးရှောင်ကြ..."

အခြေအနေတစ်ခုလုံးသည် ရှုပ်ထွေးနေခဲ့ကြပြီး အော်ဆီရီယန်၏လက်ချက်ကြောင့် အသေအပျောက်အများကြီးဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ဖာဂူဆန်သည် တားမြစ်မှော်ပညာအား အသုံးပြုရန်အတွက် စတင်ပြင်ဆင်နေပြီဖြစ်သည်။လက်ရှိအချိန်တွင် တားမြစ်မှော်ပညာကိုအသုံးမပြုပါက အော်ဆီရီယန်အားသတ်ဖြတ်ရန် အမှန်တကယ်မဖြစ်နိုင်ပေ။

ထို့နောက် မန္တန်ရွတ်ဆိုသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် ဒေါသထွက်နေသော အော်ဆီရီယန်သည် အလွန်အစွမ်းထက်မည်မှာသေချာပေသည်။သူ၏လက်တံတစ်ခုချင်းစီတိုင်းသည် ဆဌမအဆင့်အထွတ်အထိပ်သူရဲကောင်းများထက် မနိမ့်ကျပေ။စွန့်စားသူများသည် ဤလက်တံများကို အစွမ်းကုန်နှိမ်နင်းကာ ဖာဂူဆန်အတွက် တားမြစ်မှော်ပညာအားအသုံးပြုစေနိုင်ရန် စွန့်စားသွားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် လူတိုင်းသည် ဤလက်တံများကိုတွန်းလှန်ရန်အတွက် အတူတကွလုပ်ဆောင်နေကြခြင်းဖြစ်သည်။

ဖာဂူဆန်သည် သူ၏လက်ထဲ၌ တားမြစ်မှော်စာလိပ်အားကိုင်ဆောင်ထားသည့်အပြင် ထူးဆန်းသောသံလိုက်အိမ်မြှောင်ကိုလည်း ကိုင်ဆောင်ထားပေသည်။ထိုသံလိုက်အိမ်မြှောင်၏အကူအညီဖြင့် သီအိုဒိုးသည် မန္တန်အသုံးပြုရန် လိုအပ်သောအချိန်ကိုတစ်ဝက်လျော့ချကာ သူ၏မန္တန်ရွတ်ဖတ်နှုန်းကလည်း ပိုမိုမြန်ဆန်လာခဲ့သည်။မန္တန်ရွတ်ဖတ်ပြီးချိန်တွင် လူတိုင်း၏ခေါင်းပေါ်၌ ကြီးမားသောဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။လူတိုင်းသည် ဟင်းလင်းပြင်အက်ကြောင်းမှစုပ်ယူသွားသကဲ့သို့ အားပြင်းသောစုပ်အားကို ရုတ်တရက်ခံစားလိုက်ရသည်။

သို့သော်လည်း ဖာဂူဆန်၏ထိန်းချုပ်မှုအောက်၌ မည်သူ့ကိုမှမစုပ်ယူခဲ့ပေ။

ပြင်းထန်လှသော ဟင်းလင်းပြင်မှော်အစွမ်းကို ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည့်အတွက်ကြောင့် အော်ဆီရီယန်သည် ဒေါသတကြီးဟိန်းဟောက်ကာ မရေမတွက်နိုင်သောလက်တံများကိုဖြန့်ကျက်၍ ဖာဂူဆန်ကိုသတ်ဖြတ်ရန် ကြိုးစားနေခဲ့သည်။

ရှောင်ယုနှင့်အခြားသူများသည် လက်တံများစွာကိုကြည့်လိုက်ပြီးနောက် ဖာဂူဆန်အားကာကွယ်ရန်အတွက် ထိုလက်တံများကိုတတ်နိုင်သမျှ အမြန်ဆုံးဖျက်ဆီးရန်ကြိုးစားခဲ့ကြသည်။

ဝုန်း...ဝုန်း...ဗုံး

ထိုအချိန်တွင် ဖာဂူဆန်ဖန်တီးထားသော ဟင်းလင်းပြင်အက်ကြောင်းသည် အော်ဆီရီယန်၏အထက်ကောင်းကင်ယံဆီသို့ ရောက်ရှိလာခဲ့သည်။ထို့နောက်တွင် ဟင်းလင်းပြင်အက်ကြောင်းသည် တဖြည်းဖြည်းပိုမိုကြီးမားလာပြီး အော်ဆီရီယန်အား ဖြေးညင်းစွာဝါးမြိုသွားခဲ့သည်။

အော်ရီဆီယန်သည် နာကျင်စွာဟိန်းဟောက်လိုက်ကာ ဟင်းလင်းပြင်အက်ကြောင်းထဲ ပြုတ်ကျသွားခဲ့သည်။၎င်း၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သောဓားများဖြင့် လှီးဖြတ်ခံလိုက်ရသကဲ့သို့ လူးလိမ့်နေခဲ့သည်။

ဟင်းလင်းပြင်အက်ကြောင်း ပျောက်ကွယ်သွားသည့်အချိန်တွင် အော်ဆီရီယန်၏ခန္ဓာကိုယ်တစ်ဝက်သည် လုံးဝပျက်စီးသွားသည်ကို လူတိုင်းတွေ့မြင်လိုက်ရသည်။

"သူက သူ့ရဲ့ခွန်အားကို အပြည့်အဝမထုတ်ဖော်နိုင်တော့ဘူး...အဲ့ဒါကြောင့်ငါ့ရဲ့မှော်အစွမ်းက သူ့အပေါ်သက်ရောက်ခဲ့တာပဲ...ရှောင်ယု သူ့ရဲ့ပြန်လည်ကောင်းမွန်လာမှုကိုတားဆီးလို့ရအောင် သူ့ရဲ့ကျန်နေတဲ့ခန္ဓာကိုယ်တစ်ဝက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်လုပ်လိုက်"

ဖာဂူဆန်သည် တားမြစ်မှော်အစွမ်းအားအသုံးပြုပြီးနောက်တွင် သူ၏မျက်နှာသည်ဖြူဖျော့သွားခဲ့ကာ ရှောင်ယုအားလှမ်းပြောလိုက်သည်။

ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် ကဲလ်သက်၊အန်တိုနီဒက်စ်၊လင်းမူရွယ်နှင့် နီကိုးလပ်စ်တို့မိသားစုမှအစွမ်းထက်မှော်ဆရာများကိုဦးဆောင်ကာ ဖာဂူဆန်၏လက်ချက်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် အော်ဆီရီယန်ကိုတိုက်ခိုက်လိုက်သည်။

"အစ်ကိုချတ်ခ်...တိုက်ခိုက်ဖို့အချိန်ရောက်ပြီ"

ဖာဂူဆန်က ချတ်ခ်အားတိုက်ခိုက်ရန် တိုက်တွန်းလိုက်သည်။

ချတ်ခ်သည် အချိန်မဖြုန်းခဲ့ပေ။သူသည် ချက်ချင်းဆိုသလိုပင် မှော်စာလိပ်ကိုယူကာ မန္တန်ကိုစတင်ရွတ်ဆိုခဲ့သည်။ချတ်ခ်သည် မန္တန်ရွတ်ဆိုရာတွင် သီအိုဒိုးထက်အချိန်ကြာမြင့်စွာပိုယူခဲ့သည်။အဘယ်ကြောင့်ဆိုသော် ဤတားမြစ်မှော်မန္တန်၏အစွမ်းသတ္တိသည် သီအိုဒိုးထက်ပိုမိုသာလွန်ကြောင်း သိသာထင်ရှားနေခဲ့သည်။

ယခုအခါ အိုဆီရီယန်သည် ဒဏ်ရာအပြင်းအထန်ရရှိနေပြီဖြစ်သည်။ယခုလိုတားမြစ်ထားသော မှော်မန္တန်၏အစွမ်းကြောင့် အော်ဆီရီယန်၏အဆုံးသတ်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။ဤအရာသည် တရားမျှတသည့်တိုက်ပွဲမဟုတ်ပေ။မှော်ဆရာကြီး၃ဦး၏တည်ရှိမှုကြောင့် အင်ကာရက်ဂ်ဘုရားကျောင်းတိုက်ပွဲသည် ပိုမိုလွယ်ကူစေခဲ့သည်။

အမှန်တော့ သူတို့ကသာ ရှောင်ယုနှင့်စွန့်စားသူများ၏ကိုယ်ပိုင်ခွန်အားကို အားကိုးခဲ့မည်ဆိုပါက အော်ဆီရီယန်အား အောင်မြင်စွာအနိုင်ယူနိုင်ခဲ့မည်ဆိုလျှင်တောင်မှ အလွန်ကြီးလေးသောတန်ဖိုးတစ်ရပ်ကို ပေးချေရမည်ဖြစ်သည်။

အဆုံးသတ်တွင် ချတ်ခ်၏တားမြစ်မှော်မန္တန်သည် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်ကာ ကောင်းကင်တခွင်လုံး၌ မီးတောက်နေသောအနီရောင်တိမ်တိုက်များက ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။လူတိုင်းသည် ကြောက်မခန်းလိလိအပူချိန်တိုးတက်လာမှုကို ခံစားမိလိုက်သည်။

ထိုအရာသည် လူသားများအသုံးပြုနိုင်သည့် မှော်ပညာတစ်ခုမဟုတ်တော့ဘဲ နတ်ဘုရားများ၏အပြစ်ပေးခြင်းနှင့်ပိုမိုဆင်တူပေသည်။

ဤတားမြစ်မှော်ပညာသည် အလွန်ပင်ကြောက်စရာကောင်းလှပြီး လက်ရှိအချိန်တွင် သူတို့သည် လင်းယုန်ငှက်ကိုမျက်နှာမူနေရသည့် ကြွက်တစ်ကောင်ကဲ့သို့ တောင့်မခံနိုင်တော့ပေ။သူတို့သည် လယ်ကွင်းခေါင်ခေါင်တွင် ကိုယ်လုံးတီးမတ်တပ်ရပ်ကာ အဆုံးမဲ့မုန်တိုင်းအား ရင်ဆိုင်နေရသည်ဟုခံစားမိပေသည်။

ဂျိမ်း...

မိုးခြိမ်းသံနှင့်အတူ ထူထပ်သောအနီရောင်တိမ်တိုက်များသည် တဖြည်းဖြည်းစုဝေးလာကာ မီးတောက်များဖြစ်ပေါ်လာစေခဲ့သည်။ထိုမီးတောက်၏အလယ်ဗဟိုတွင် ဧရာမတွင်းနက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

တွင်းနက်ကြီးဖွင့်ဟလာသောအချိန်တွင် ထိုအရာသည် အော်ဆီရီယန်၏ခေါင်းပေါ်သို့ ရောက်နေပြီဖြစ်သည်။

အော်ဆီရီယန်သည် မီးတောက်မီးဖိုကြီးကိုကြည့်ရင်း သူ၏မျက်နှာပေါ်၌ ထိတ်လန့်နေသောအမူအရာများဖြစ်ပေါ်လာခဲ့သည်။သို့သော်လည်း ယခုတစ်ကြိမ်တွင် အရာအားလုံးနောက်ကျသွားခဲ့ပြီဖြစ်ကာ ကြီးမားသောမီးတိုင်တစ်ခုက အော်ဆီရီယန်၏ကိုယ်ပေါ်သို့ ချက်ချင်းကျရောက်လာခဲ့သည်။

ဒိုင်း...

မီးတိုင်၏အလင်းရောင်သည် အလွန်ပြင်းထန်သည့်အတွက်ကြောင့် လူတိုင်းသည် မသိစိတ်ကြောင့် ခဏလောက်မျက်လုံးမှိတ်မိလိုက်ကြသည်။

လက်ရှိအချိန်တွင် လူတိုင်းသည်အကာအကွယ်တစ်စုံတစ်ရာမရှိဘဲ မွေးကင်းစကလေးသဖွယ်ဖြစ်နေပုံရသည်။

သူတို့သာထိုမီးတိုင်နှင့်အနည်းငယ်နီးကပ်နေခဲ့ပါက ချက်ချင်းပြာဖြစ်သွားမည်ကို သံသယဖြစ်နေစရာမလိုပေ။

All Chapters