← Chapters

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း ၅၅၀ - ဘုရားကျောင်းတပ်ဖွဲ့ရောက်ရှိလာခြင်း

လွန်ခဲ့သောရက်အနည်းငယ်အတွင်း ခြင်္သေ့မြို့တော်သည် စစ်ပွဲအတွက် ပြင်ဆင်မှုများကိုပြုလုပ်ရင်း အလုပ်များနေခဲ့သည်။

အချို့သောလူများသည် စိုးရိမ်ပူပန်နေခဲ့ကြပြီး အချို့မှာစစ်ဘေးမှလွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် အနောက်တိမ်တိုက်အင်ပါယာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။

ရှောင်ယုသည် ထိုလူများကိုမတားခဲ့ပေ။ယင်းအစား သူသည်ခြင်္သေ့မြို့တော်၌ ဖျော်ဖြေပွဲများ၊အထူးပွဲလမ်းသဘင်များ ကျင်းပပေးခြင်း စသည်ဖြင့် နေ့စဉ်ဖျော်ဖြေရေးအစီအစဉ် အမျိုးမျိုးကိုကျင်းပပေးခဲ့သည်။

ထိုနည်းလမ်းသည် လူတိုင်း၏စိတ်နှလုံးကို တည်ငြိမ်စေခဲ့ကာ လက်ရှိအခြေအနေသည် လွန်စွာဆိုးဝါးခြင်းမရှိကြောင်း လူတိုင်းကိုခံစားရစေသည်။သူတို့၏သခင်သည် အရာအားလုံးကိုစီစဉ်ထားပြီးဖြစ်ကြောင်း သူတို့၏စိတ်၌ခံစားရစေခဲ့သည်။

ရှောင်ယုသည် လူအများကို ဆက်လက်စိတ်ဓာတ်တက်ကြွစေရန် လုပ်ဆောင်ခဲ့သည်။မကြာသေးခင်က မှော်ဆရာကြီး၃ယောက်သည် ခြင်္သေ့မြို့တော်သို့လာရောက်လည်ပတ်ခဲ့ပြီး ဘုရားကျောင်း၏စစ်တပ်ကို ခုခံနိုင်မယ့်အရာများကို ချန်ထားခဲ့သည်။

အေဂါဝမ်၏ဆက်ဆံရေးကြောင့် ခြင်္သေ့မြို့တော်နှင့်မှော်ဆရာကြီး၃ဦးအကြားဆက်ဆံရေးသည် အလွန်ပင်နီးကပ်ကြောင်း လူတိုင်းသိထားကြပေသည်။ထိုအကြောင်းကြောင့် ခြင်္သေ့မြို့တော်ရှိပြည်သူများသည် ကြီးမားသောယုံကြည်မှုကို ရရှိထားခဲ့သည်။အထူးသဖြင့် ရှောင်ယုချမှတ်ထားသောမူဝါဒများ၏လွှမ်းမိုးမှုအောက်တွင် လူတိုင်းသည်စစ်ဘက်ဆိုင်ရာကို ကြီးကြီးမားမားထောက်ပံ့ပေးခဲ့ကြသည်။

ရှောင်ယုဘက်တွင် ဘုရားကျောင်း၏များပြားလှသောတပ်သားများကို ခုခံရန်အတွက် ပထဝီဆိုင်ရာအားသာချက်ရှိထားပေသည်။ဘုရားကျောင်း၏တပ်သားများသည် သန်းချီသော်လည်း ၎င်းတို့အားလုံးသည်တပြိုင်တည်းမတိုက်ခိုက်နိုင်ပေ။

ထိုအချိန်အတောအတွင်း ရှောင်ယုသည်စကားလက်စ်နှင့်အခြားသူများမှတဆင့် အခြားသောအင်အားစုများကိုချိတ်ဆက်ခဲ့ပြီး ဘုရားကျောင်းအားချုပ်နှောင်ရာ၌ အကူအညီပေးရန်တောင်းဆိုခဲ့သည်။

ယခင်ကဆိုလျှင် လူတိုင်းသည် ဘုရားကျောင်းကိုထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒမရှိခဲ့ကြဘဲ သူတို့၏ရန်သူများကိုတစ်ဖက်လှည့်ဖြင့်ဖြေရှင်းနိုင်ရန် မျှော်လင့်ခဲ့ကြသည်။သို့သော်လည်း ဘုရားကျောင်းသည်အလွန်အစွမ်းထက်ကာ ကြီးမားသောရည်မှန်းချက်ရှိကြောင်း သိလိုက်ရသည့်အချိန်တွင် သူတို့သည်အလွန်ပင်စိုးရိမ်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် ပုပ်ရဟန်းမင်းသည်ခြင်္သေ့နယ်မြေအားတိူက်ခိုက်ရန် တပ်သား၅သန်းမှ၆သန်းခန့်ထိစေလွှတ်လိမ့်မည်ဟု ရှောင်ယုခန့်မှန်းထားခဲ့သည်။အကယ်၍ ရှောင်ယုသာဤတိုက်ပွဲတွင်အနိုင်ရပြီး ဘုရားကျောင်းအားရှုံးနိမ့်စေခဲ့မည်ဆိုပါက လူတိုင်းသည်ဘုရားကျောင်းသိမ်းပိုက်ထားသော နယ်မြေများကို လိုချင်သည့်အတွက်ကြောင့် အခြားတပ်ဖွဲ့များက ချက်ချင်းတိုက်ခိုက်မှာဖြစ်သည်။

လက်ရှိအချိန်တွင် အခြေအနေများက မရှင်းလင်းသည့်အတွက်ကြောင့် လူတိုင်းကဘေးထွက်၍ စောင့်ကြည့်နေခဲ့ကြသည်။ရှောင်ယုသာ ဘုရားကျောင်း၏တပ်ဖွဲ့ကို အနိုင်ယူပြီးသည်နှင့် လူတိုင်းကချက်ချင်းတိုက်ခိုက်ကြမည်ဖြစ်သည်။

ထိုအတွက်ကြောင့် ရှောင်ယုသည် မြို့ရိုးခံစစ်ကိုတည်ဆောက်ကာ ခံစစ်တိုက်ပွဲဆင်နွဲရန် ပြတ်ပြတ်သားသားပင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နေ့တွင် ရှောင်ယုသည်မြို့ရိုးပေါ်၌ငြိမ်သက်စွာထိုင်နေစဉ် ဂရစ်ဖင်တစ်ကောင်က ရှောင်ယုရှေ့သို့ရုတ်တရက်ရောက်ရှိလာခဲ့သည်။

"အရှင်...ဘုရားကျောင်းရဲ့စစ်တပ်ကဝေပြည်နယ်ကိုချေမှုန်းပြီးသွားပြီ...သူတို့ကခုပြင်ဆင်ထားတဲ့ခံစစ်လမ်းကြောင်းကို မကြာခင်ရောက်လာတော့မှာပါ"

"သေစမ်း...လူတိုင်းအဆင်သင့်ဖြစ်ကြပြီလား"

ရှောင်ယုသည် ထိုင်ခုံပေါ်မှမထဘဲ အမိန့်ပေးလိုက်သည်။

ရှောင်ယုမျှော်လင့်ထားသည့်အတိုင်း မကြာခင်ဘုရားကျောင်း၏စစ်တပ်အား လှမ်းမြင်လိုက်ရသည်။

"ဟဲဟဲ...နောက်ဆုံးတော့ရောက်လာပြီပေါ့...ဘုရားကျောင်းရဲ့စစ်တပ်ကိုအပြတ်ချေမှုန်းနိုင်မှ ငါ့ရဲ့စိုးရိမ်မှုတွေအကုန်လုံး ပြီးဆုံးသွားမှာပဲ"

ပထမဆုံးနေ့တွင် ဘုရားကျောင်း၏တပ်ဖွဲ့သည် ဟန်ဆောင်တိုက်ခိုက်ရန်အတွက် သောင်းနှင့်ချီသောတပ်သားများကို စေလွှတ်ခဲ့သည်။သူတို့၏အစစ်အမှန်ရည်ရွယ်ချက်မှာ ရှောင်ယု၏ခံစစ်မည်မျှခိုင်ခံ့ကြောင်း စမ်းသပ်လိုခြင်းဖြစ်သည်။

ဘုရားကျောင်း၏တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့် ရှောင်ယုကတန်ပြန်တိုက်ခိုက်ခဲ့သည်။ခိုင်မဲရာများ၊လင်းနို့စီးနင်းသူများနှင့်ဂရစ်ဖင်များက လေထဲ၌ဝဲပျံနေခဲ့ကြသည်။ထို့နောက် မှင်စာများကဟစ်ဂင်နှင့်အတူ ပူးပေါင်းပြုလုပ်ထားသော တင့်ကားများကိုစစ်မြေပြင်သို့ ပို့လွှတ်ခဲ့သည်။

အကယ်၍ ရှောင်ယုနေရာတွင်အခြားတစ်ယောက်ဆိုပါက အဆိုပါတင့်ကားများက ရန်သူများအံ့အားသင့်စေရန် ဝှက်ဖဲအနေဖြင့်အသုံးပြုမည်ဖြစ်သော်လည်း ရှောင်ယုကမူထိုသို့မလုပ်ဆောင်ခဲ့ပေ။

ယခုတစ်ကြိမ်၌ ခြွင်းချက်ဟူ၍မရှိပေ။မူလက တိုက်ပွဲအတွက်ပြင်ဆင်ထားပြီးသော တပ်များအားလုံးသည် မြို့ရိုးပေါ်သို့တက်ကာ အတူတကွခုခံခဲ့ကြသည်။တင့်ကားများကိုမူ အကာများဖြင့်ဖုံးအုပ်ထားခဲ့ကာ မြို့ရိုးအောက်၌ငြိမ်သက်စွာရှိနေကြသည်။

ရှောင်ယု၏အမိန့်ကိုရရှိပြီးနောက်တွင် မြို့တံခါးကအလုံးစုံဖွင့်ဟလာခဲ့ပြီး တင့်ကားအစီးရေ၁၀၀၀ခန့်ထွက်ပေါ်လာခဲ့သည်။ရန်သူများသည် ဤသို့သံမဏိလက်နက်များကို တစ်ခါမှမမြင်ဖူးပေရာ ယခုလိုအရေအတွက်များစွာ ရုတ်တရက်တွေ့လိုက်ရ၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ရှောင်ယုသည် သူ၏တပ်သားများနှင့်ပတ်သက်လာလျှင် ဆုံးရှုံးမှုများခံစားရမည်ကို အလွန်ပင်ဝန်လေးနေတတ်သော်လည်း တင့်ကားများဆုံးရှုံးရမည်ကို ရှောင်ယုမကြောက်ခဲ့ပေ။၎င်းတို့ဖျက်ဆီးခံရပါက တဖန်ပြန်လည်ထုတ်လုပ်သွားမည်ဖြစ်သည်။တင့်ကားများထုတ်လုပ်ရသည်မှာ ကုန်ကျစရိတ်မနည်းပါးသော်လည်း ယခုအချိန်တွင်ရှောင်ယုအတွက် ပြဿနာမဟုတ်တော့ပေ။

ခြင်္သေ့မြို့တော်၏အပြင်ဘက်တွင် ကာကွယ်ရေးခံစစ်ကြောင်းကိုတည်ဆောက်ထားသောကြောင့် ဖျက်ဆီးရန်မလွယ်ကူပေ။ထို့ကြောင့် ဘုရားကျောင်းသည် ခံစစ်မြို့ရိုးကိုဖျက်ဆီးရန် မရည်ရွယ်ခဲ့ပေ။အနီးကပ်ကြည့်ရသလောက် ဘုရားကျောင်း၏တပ်သားအများစုမှာ မြင်းတပ်သားများဖြစ်ကြသည်။

ရှောင်ယု၏အမြင်အရ ဘုရားကျောင်းသည် သူတို့၏အဓိကတပ်ဖွဲ့ကြီးအား ချက်ချင်းတိုက်ခိုက်ရန် မစေလွှတ်ခဲ့ပေ။ထို့ပြင်သူတို့သည် လုံးဝတိုက်စစ်ဆင်ခဲ့ခြင်းဖြစ်ပြီး လုံးဝကြိုတင်ပြင်ဆင်ထားခြင်းမျိုးမရှိခဲ့ပေ။

သူတို့၏တပ်စခန်းသည် ခံစစ်မြို့ရိုးနှင့်ဆယ်မိုင်ခန့်အကွာတွင်ရှိပြီး ထိုမျှသောအကွာအဝေးက ရှောင်ယုအတွက် ကြီးမားသောအမဲလိုက်မှုကိုဆင်နွဲရန် လုံလောက်ပေသည်။

"အား...အဲ့ဒါကဘာတွေလဲ...အဲ့ဒီနတ်ဆိုးတွေက ဘာကောင်တွေလဲ"

"အား...ကောင်းကင်မှာဘာတွေလဲ...အဲ့ဒါကနဂါးတွေလား...နဂါးတွေကဘာလို့အဲလောက်တောင်များနေရတာလဲ"

"အဲ့ဒါနဂါးတွေမဟုတ်ဘူး...ခိုင်မဲရာတွေကအရမ်းကိုအစွမ်းထက်တယ်...မြန်မြန်ပြန်ဆုတ်ကြ"

သွေးနီရောင်ခရူးဆိတ်၏ခေါင်းဆောင်က ချက်ချင်းပြန်ဆုတ်ရန်အမိန့်ပေးခဲ့သည်။သို့သော်လည်းသူတို့သည် လေကြောင်းတပ်များထက်ပိုမိုမြန်ဆန်နိုင်မည်လား။

ခိုင်မဲရာ၏မီးတောက်များ၊လင်းနို့များ၏ဗုံးများနှင့်ဂရစ်ဖင်များ၏ လျှပ်စီးကြောင်းများအောက်တွင် ဘုရားကျောင်း၏ သောင်းနှင့်ချီသောတပ်သားများကို စိတ်ပျက်အားလျော့စေခဲ့သည်။ထိုသို့သောဗုံးကြဲတိုက်ခိုက်မှုများက သူတို့၏အရှိန်နှုန်းကိုလွန်စွာကျဆင်းသွားစေခဲ့သည်။

တင့်ကားများ၏မြန်ဆန်သောအရှိန်ကြောင့် ရှောင်ယုကမထင်မှတ်ဘဲအံ့သြသွားခဲ့သည်။သံချပ်ကာများစွာကို တပ်ဆင်ပြီးသည့်နောက်တွင်ပင် အဆိုပါတင့်ကားများ၏အရှိန်သည်နှေးကွေးသွားခြင်းမရှိဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ထွက်ပြေးလွတ်မြောက်လာလည့် ဘုရားကျောင်း၏တပ်သားများကို လိုက်မှီခဲ့သည်။

ထိုအချိန်တွင် တင့်ကားများသည်သူတို့၏ပင်မအမြှောက်ဖြင့် အဆက်မပြတ်ပစ်ခတ်လိုက်သောအခါတွင် များပြားသည့်အမြှောက်ဆန်များက အရှေ့ဘက်ဧရိယာတဝိုက်၌ ကြီးမားသောပေါက်ကွဲမှုများကိုဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် တင့်ကားများသည်ဒုတိယအမြှောက်ကို ထုတ်လွှတ်ကာမီးတောက်များကို ပစ်လွှတ်လိုက်သည်။ထိုမီးတောက်များက ရှေ့မှထွက်ပြေးနေသောသွေးနီရောင်ခရူးဆိတ်များကို လောင်ကျွမ်းစေခဲ့သည်။

အခန်း ၅၅၁ - မသေမျိုးများကို ထပ်မံထုတ်သုံးခြင်း

နဂါးလေးကိုစီးနင်းနေသောရှောင်ယုသည် သူ၏တပ်ဖွဲ့များကို ခရူးဆိတ်များ၏ တပ်စခန်းအနီးထိ ဦးဆောင်လာခဲ့သည်။

ထို့နောက်တွင် ရှောင်ယုကကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"နှိမ့်ကျတဲ့ခရူးဆိတ်တွေ...ငါတို့ရဲ့အလင်းအောက်မှာသန့်စင်ဖို့ အသင့်ပြင်ထားကြ"

ထိုစကားလုံးသည် ခရူးဆိတ်များပြောနေကျစကားဖြစ်သော်လည်း ရှောင်ယုကခိုးယူသွားခဲ့သည်။

ရှောင်ယုသည် သူတို့၏တပ်စခန်းသို့ရောက်သည်အထိ တပ်ဖွဲ့များကိုစေလွှတ်ဝံ့မည်ဟု ခရူးဆိတ်များကတွေးထား၍ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပေ။ယခုအခါ ရှောင်ယု၏သံမဏိဘီလူး(တင့်ကား)များသည် အရာအားလုံးအားချေမှုန်းနေသည်ကို တွေ့မြင်လိုက်ရသည်။ထိုသို့သောစွမ်းအားသည် အမှန်တကယ်အံ့သြဖွယ်ကောင်းလှပေသည်။

ထို့ကြောင့် ခရူးဆိတ်များသည် ရှောင်ယုကိုကြည့်၍ အံကြိတ်မိလိုက်ကြသည်။သို့သော်လည်း မည်သူတစ်ယောက်ကမှ ရှောင်ယုအားနှင်ထုတ်ရန် မဝံ့ရဲကြပေ။

အဓိကအကြောင်းရင်းမှာ သူတို့၏စစ်သေနာပတိသည် ဤနေရာ၌ရှိမနေ၍ဖြစ်သည်။အချို့သောတပ်မှူးများသည် ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို လုံးဝလက်မခံဝံ့ကြပေ။

ရှောင်ယုနှင့်အတူ နဂါးလေးကိုစီးနင်းလိုက်ပါလာသည့်အူသာသည် သူလက်ထဲရှိတူကိုကိုင်မြှောက်လိုက်ရာ ရှေးဟောင်းနတ်ဘုရားကဲ့သို့ မြင့်မြတ်သောအလင်းရောင်ကထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏စိတ်ကိုတုန်လှုပ်စေခဲ့သည်။

ထို့နောက်ရှောင်ယုသည် ကာကွယ်ရေးခံစစ်ကြောင်းဆီပြန်လည် ဆုတ်ခွာသွားခဲ့သည်။သံမဏိဘီလူး(တင့်ကား)များသည် လူတိုင်း၏နှလုံးသားပေါ်၌ အရိပ်ကြီးတစ်ခုကိုချန်ထားခဲ့လိုက်ပြီး ထိုအရာ၏တည်ရှိမှုကို သူတို့နားမလည်နိုင်ကြပေ။ရှောင်ယုသည် ခံစစ်ကြောင်းသို့ပြန်ရောက်လာပြီးနောက်တွင် ရန်သူများသည် မကြာမှီအတွင်း တိုက်ခိုက်လာမည်မဟုတ်ကြောင်း သိရှိထား၍ဂရုမစိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။

ညနေပိုင်းတွင် ရှောင်ယုသည် မသေမျိုးတပ်ဖွဲ့အားအမိန့်ပေးကာ ဘုရားကျောင်း၏တပ်ဖွဲ့အား တိုက်ခိုက်ရန် တိတ်တဆိတ်အမိန့်ပေးခဲ့သည်။

အားသက်စ်၏ဦးဆောင်မှုအောက်တွင် ရှောင်ယု၏မသေမျိုးစစ်တပ်သည် မည်သည့်ပြဿနာမှမကြုံတွေ့ရဘဲ အဆင့်တက်သွားခဲ့သည်။မသေမျိူးတပ်ဖွဲ့သည် ယခုအချိန်၌အတော်လေးအားကောင်းနေသော်လည်း လူထု၏အမြင်ကြောင့် လျှို့ဝှက်စွာအသုံးပြုခဲ့ရသည်။

ယခုတစ်ကြိမ်တွင် ဘုရားကျောင်းရောက်ရှိလာသည့်အတွက် မသေမျိူးတပ်ဖွဲ့၏စွမ်းအားကို သဘာဝကျစွာပင်မြည်းစမ်းခိုင်းရမည်ဖြစ်သည်။ဘုရားကျောင်းသည် လူသတ်သမားဟုနာမည်ကျော်ကြားပေရာ သူတို့အားပျော်ရွှင်စရာများပေးစွမ်းရမည်ဖြစ်သည်။

ညအမှောင်ထုကို အကာအကွယ်ယူကာ ရှောင်ယုသည်မသေမျိုးတပ်ဖွဲ့များကို ဘုရားကျောင်း၏တပ်စခန်းသို့ ဖြေးညင်းစွာခေါ်ယူသွားခဲ့သည်။ဘုရားကျောင်း၏တပ်ဖွဲ့များသည် အလွန်များပြားသည့်အတွက်ကြောင့် သူတို့၏တပ်စခန်းကို မိုင်ပေါင်းများစွာဖြန့်ကျက်ထားခဲ့ပေသည်။

ထိုသို့သောအခြေအနေမျိုးတွင် သူတို့သည်အချိန်မှီမတုံ့ပြန်နိုင်ခဲ့ကြပေ။ဤသည်မှာ ရှောင်ယုက မသေမျိုးတပ်ဖွဲ့အား တိုက်ခိုက်ရန်စေလွှတ်ရဲသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

အဝေးမှနေ၍ ဘုရားကျောင်း၏တန်းလျားများကို လှမ်းမြင်နေရပြီး လူရိပ်လူခြေအနည်းငယ်ကိုတွေ့မြင်နေရသည်။ဘုရားကျောင်း၏တပ်ဖွဲ့သည် ယခုမှရောက်ရှိလာသည့်အတွက်ကြောင့် ဤနေရာ၏အခြေအနေနှင့်ပတ်သက်၍ မည်သည့်သတင်းမှမရရီသေးကြောင်း သိသာထင်ရှားပေသည်။

ဤသို့ဖြစ်ရခြင်းမှာ ဘုရားကျောင်းသည် မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲနေခြင်း သို့မဟုတ် မည်သည့်ပြင်ဆင်မှုမှမရှိဘဲ အလျင်စလိုရောက်ရှိလာခြင်းကြောင့်ဖြစ်သည်။သူတို့၏စစ်တန်းလျားကိုပင် သစ်သားများဖြင့် ရိုးရှင်းစွာတည်ဆောက်ထားခဲ့သည်။

ယင်းအတွက်ကြောင့် ရှောင်ယုသည် လက်ရှိအခြေအနေအားအခွင့်ကောင်းယူကာ အလွယ်တကူခိုးဝင်တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဘန်း...

သစ်သားခြံစည်းရိုးသည် မသေမျိုးတပ်များ၏လက်ချက်ကြောင့် ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။

"အာ..ဒါတွေကဘာတွေလဲ"

ဘုရားကျောင်း၏တပ်သားများသည် မသေမျိုးများကိုသတ်ဖြတ်ရမည်ဟူ၍ တင်းကျပ်သောအယူဝါဒကို ဆုပ်ကိုင်ထားခဲ့သော်လည်း အမှန်တော့သူတို့ထဲမှအများစုသည် မသေမျိုးများကိုတွေ့မြင်ဖူးခြင်းမရှိပေ။

ယနေ့တွင် သူတို့သည်မသေမျိုးများစွာကို ရုတ်တရက်ကြုံတွေ့ခဲ့ရပြီး ပရမ်းပတာဖြစ်သွားခဲ့သည်။အထူးသဖြင့် အားသက်စ်သည်မကြာသေးမှီက ဧရာမသားရဲများကို မသေမျိုးသားရဲအဖြစ်သို့ပြောင်းလဲခဲ့သည်။ထိုသို့သော ဧရာမမသေမျိုးသားရဲများသည် ပို၍ပင်အစွမ်းထက်သည့်အတွက် ဘုရားကျောင်း၏တပ်သားများသည် အလွန်ပင်ထိတ်လန့်သွားကြသည်။

ဧရာမမသေမျိုး ကြံ့ဘီလူးကြီးတစ်ကောင်စီတိုင်းသည် အမြင့်၂၁မီတာခန့်ရှိပြီး မီတာ၁၀ဂဏန်းခန့်အရှည်ရှိကာ ထရပ်ကားနှင့်ဆင်တူပေသည်။ထိုကောင်ကြီးသည် ဘုရားကျောင်း၏တပ်စခန်းတွင်းသို့ ဝင်ရောက်မွှေနှောက်ကာ သူ၏လမ်းကြောင်း၌ပိတ်ဆို့နေသော အရာမှန်သမျှကို ဖျက်ဆီးခဲ့သည်။စခန်းတစ်ခုလုံး ချက်ချင်းဖရိုဖရဲဖြစ်သွားခဲ့ပြီယ ကြံ့ကြီးအားရပ်တန့်ရန်ကြိုးပမ်းခဲ့သည့် ခရူးဆိတ်များက ချက်ချင်းနင်းခြေခံလိုက်ရသည်။

ဘုရားကျောင်းမှတပ်သားများ၏ လက်နက်များသည် ကြံ့ကြီးကိုထိမှန်သော်လည်း ကြံ့ကြီးများ၏အရေပြားသည် အလွန်ထူသည့်အတွက်ကြောင့် သာမန်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများက သူ့အားအနည်းငယ်သာသက်ရောက်မှုရှိပေသည်။အထူးသဖြင့် ယခုလက်ရှိဘုရားကျောင်းတပ်သားများသည် အလင်းမှော်အားအသုံးပြုရာ၌ များစွာမကျွမ်းကျင်ပေရာ မသေမျိူးသတ္တဝါများနှင့်ဆက်ဆံရာ၌ ပုံမှန်အနည်းငယ်ထက်ပိုကောင်းပေသည်။သို့ဖြစ်ရာ ကြံ့ကြီးများကအတားအဆီးမကြုံတွေ့ခဲ့ရပေ။

ထို့ကြောင့် ဘုရားကျောင်းသည် ကြီးမားသောဆုံးရှုံးမှုကိုခံစားခဲ့ရကာ တခဏအတွင်းလူစုကွဲသွားကြသည်။သူတို့သည် ဦးနှောက်ဆေးခံထားရပြီး သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်၌ပင် အကြောက်အလန့်မရှိကြပေ။သို့သော်လည်း သူတို့မသတ်ဖြတ်နိုင်သော မသေမျိုးသတ္တဝါများနှင့်ရင်ဆိုင်လာရသည့်အခါတွင် သူတို့၏စိတ်ဝိညာဉ်အတွင်း ပုန်းကွယ်နေသည့်အကြောက်တရားကပြန်လည်ထွက်ပေါ်လာခဲ့သည်။

"ဘုရားကျောင်းကို ဘယ်သူကစပြီးတိုက်ခိုက်ဝံ့တာလဲ"

ထိုအချိန်တွင် ခရူးဆိတ်အမြောက်အများသည် လက်ထဲတွင်ဓားများ၊စစ်တူများကိုင်ဆောင်၍ လျင်မြန်စွာထွက်ပေါ်လာကြသည်။သူတို့အားလုံးကို တောက်ပသောအလင်းရောင်ကဖုံးလွှမ်းခြယ်လှယ်ထားခဲ့သည်။

သူတို့သည် အလွန်အစွမ်းထက်သည်ဟုထင်ရသော်လည်း တကယ်တမ်းတွင်မူထင်သလောက်မဟုတ်ခဲ့ပေ။သူတို့သည် အလင်းမှော်စွမ်းအင်ကို အကန့်အသတ်တစ်ခုဖြင့်သာ ထိန်းချုပ်နိုင်ပေသည်။ထိုသို့အပြန်အလှန် ထိန်းချုပ်ချယ်လှယ်နိုင်ခြင်းကြောင့် သူတို့၏ခွန်အားထက်ကျော်လွန်၍ တိုက်ခိုက်နိုင်သော်လည်း ရန်သူနှင့်သူတို့အကြားတွင် အဆမတန်ခွန်အားကွာဟလာပါက ထိုအချက်သည်သိသာခြင်းမရှိတော့ပေ။

အချို့သောခရူးဆိတ်များက အလင်းမှော်အစွမ်းအားစတင်ထုတ်ဖော်လာချိန်တွင် အားသက်စ်သည်ရှေ့သို့ပြေးတက်လာခဲ့ကာ သူ၏တိုက်ခိုက်မှုအားစတင်ခဲ့သည်။

ယခုအခါ နာရက်စ်မန်း၏လွှမ်းမိုးမှုအောက်၌ အားသက်စ်၏စွမ်းအားသည် ဆဌမအဆင့်ထိရောက်ရှိသွားခဲ့သည်။သူသည် ရှေ့သို့တိုးလာရင်း ခုခံနိုင်စွမ်းအနည်းငယ်မျှပင်မရှိသည့် ခရူးဆိတ်များကိုပုရွက်ဆိတ်များသဖွယ် သတ်ဖြတ်လိုက်သည်။

"အားသက်စ်က တကယ်ကြောက်စရာကောင်းနေပြီ"

ရှောင်ယုသည် အားသက်စ်အားအံ့သြတကြီးကြည့်လိုက်မိသည်။အားသက်စ်သည် သူ၏အကူအညီမပါရှိဘဲပင် လက်ရှိအဆင့်သို့တက်လှမ်းနိုင်ခဲ့၍ သူမအံ့သြဘဲမနေနိုင်ခဲ့ပေ။

ယခုအခါတွင် အားသက်စ်သည်အမှန်တကယ်ပင် အားကောင်းနေပြီဖြစ်သည်။အထူးသဖြင့် သူထိန်းချုပ်နိုင်သည့် မသေမျိုးအရေအတွက်ကလည်း တိုးတက်လာခဲ့သည်။အားသက်စ်ဆင့်ခေါ်ထားသော မသေမျိုးများက ခရူးဆိတ်များ၏အသက်ကို ဆက်တိုက်နှုတ်ယူနေခဲ့သည်။

ခရူးဆိတ်များသည် သူတို့၏တပ်သားများ တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ခံရသည်ကိုမြင်သောအခါ သူတို့၏စိတ်ဓာတ်များပြိုလဲသွားခဲ့သည်။ထို့ကြောင့် အားသက်စ်သည်မသေမျိုးများအား ဆင့်ခေါ်လိုက်ကာ လမ်းတလျှောက်လုံးဝင်ရောက်စီးနင်းခဲ့ကာ နာရီဝက်မပြည့်မှီအချိန်လေးတွင် ခရူးဆိတ်အခြေစိုက်စခန်းကို လုံးလုံးလျားလျားဖျက်ဆီးပစ်ခဲ့သည်။

"ဘာလို့ ဘုရားကျောင်းရဲ့စစ်တပ်က အရမ်းကိုအားနည်းနေရတာလဲ...ဒါမှမဟုတ် မသေမျိုးတပ်ဖွဲ့ကပဲအရမ်းကိုအားကောင်းနေတာလား"

ရှောင်ယုသည် ရှုပ်ထွေးနေသောအတားအဆီးများကိုကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်စွန်းများက အပေါ်သို့ကော့တက်နေခဲ့သည်။

နဂိုက သူ၏အဓိကရည်ရွယ်ချက်မှာ မသေမျိုးစစ်တပ်အားနှောင့်ယှက်ရန်နှင့် ခရူးဆိတ်တပ်အချို့အား ချေမှုန်းပစ်ရန်ဖြစ်သည်။သို့သော်လည်း လက်ရှိမသေမျိူးတပ်ဖွဲ့သည် ဤမျှထိအစွမ်းထက်ကာ ပြောင်မြောက်သောစွမ်းဆောင်ရည်အား ပြသနိုင်လိမ့်မည်ဟု သူမည်သည့်အခါကမှမျှော်လင့်ထားခဲ့ခြင်းမရှိပေ။

အားသက်စ်သည် ခရူးဆိတ်စခန်းများကို တစ်ခုပြီးတစ်ခုဖျက်ဆီးနေခဲ့သည်။မကြာမှီ ဆဌမအဆင့်ပါလာဒင်နှစ်ပါးရောက်ရှိလာကာ အားသက်စ်ကိုတားဆီးခဲ့သော်လည်း ၎င်းတို့နှစ်ယောက်လုံးသည် အားသက်စ်၏တိုက်ခိုက်မှုအရှိန်အဟုန်ကို ထိန်းထားရုံလောက်သာတတ်နိုင်ခဲ့သည်။

ဤနည်းဖြင့် မသေမျိုးတပ်ဖွဲ့သည် စခန်းပေါင်းတစ်ဒါဇင်ကျော်ကို ဆက်တိုက်ဖြိုချခဲ့သည်။ခရူးဆိတ်တပ်များ၏ ဆုံးရှုံးမှုကအလွန်ကိုပြင်းထန်ခဲ့ကာ ထိုတိုက်ပွဲ၍အနည်းဆုံးလူပေါင်းထောင်ချီသေဆုံးခဲ့သည်။

ရှောင်ယုသည် အခြေအနေကိုစောင့်ကြည့်ကာ အားသက်စ်အားဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။ဘုရားကျောင်း၏ ခွန်အားသည်ယခုထိတိုင်အောင် လွန်စွာအားကောင်းနေဆဲဖြစ်ကာ သူတို့၏လက်ရွေးစင်ပါလာဒင်များရောက်ရှိလာမည်ဆိုပါက မသေမျိုးစစ်တပ်အား အလွန်အမင်းထိခိုက်စေမည်ကို ရှောင်ယုစိုးရိမ်ပေသည်။

အမှန်ပင် မသေမျိူးတပ်ဖွဲ့သည် ဆုံးရှုံးမှုများစွာကိုခံစားခဲ့ရသည်။သို့သော်လည်း ဘုရားကျောင်း၏ဆုံးရှုံးမှုများနှင့်ယှည်ကြည့်ပါက မသေမျိုးတပ်၏ဆုံးရှံးမှုက လုံးဝအရေးမပါခဲ့ပေ။ရှောင်ယုပြန်ရောက်လာပြီးနောက်တွင် သူတို့သည်ဆုံးရှုံးသွားသည့်ပမာဏကို အချိန်တိုအတွင်း ပြန်လည်မျိုးပွားနိုင်ပေသည်။

အရာအားလုံးပြေလည်သွားပြီးနောက် ရှောင်ယုသည်အိပ်ပျော်သွားခဲ့တော့သည်။

အခန်း ၅၅၂ - တိုက်ပွဲအစ

ထို့နေ့ညပိုင်းတွင် ခြင်္သေ့မြို့၏ကင်းထောက်များက သတင်းစုံစမ်းရန် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

ဘုရားကျောင်း၏တပ်ဖွဲ့သည် ရုတ်တရက်တိုက်ခိုက်ခံရသည့်အတွက် သူတို့လည်းထိတ်လန့်တုန်လှုပ်သွားခဲ့ကာ ဘာတွေဖြစ်နေလဲနားမလည်ခဲ့ကြပေ။

သို့သော်လည်း မကြာမှီတွင်မသေမျိုးများ ထပ်မံတိုက်ခိုက်လာကြောင်း သတင်းပြန်လည်ရရှိလာခဲ့သည်။

ထိုအရာက လူများစွာကိုတိတ်တဆိတ်ဝမ်းမြောက်စေခဲ့သည်။အန်ကာဂန်တောင်တန်းများရှိ မသေမျိုးများသည် ခြင်္သေ့ဘုရင်မြို့တော်အား ပြဿနာမဖြစ်စေရုံသာမက ခြင်္သေ့မြို့တော်၏အုပ်ထိန်းသူများဖြစ်လာခဲ့သည်။သူတို့သည် တစ်စုံတစ်ယောက်ကခြင်္သေ့မြို့တော်ကိုလာရောက်တိုက်ခိုက်တိုင်း အပြင်သို့ထွက်လာကာ ပြသနာရှာလေ့ရှိသည်။

ထိုမသေမျိုးများသည် ခြင်္သေ့မြို့တော်အား အကြောင်းပြချက်မရှိဘဲ မကူညီနိုင်ဟု လူအချို့ကသံသယရှိခဲ့ကြသည်။ဤနေရာတွင် နားလည်မှုလွဲခြင်းအချို့ ရှိကောင်းရှိနေနိုင်သော်လည်း ခြင်္သေ့မြို့တော်သည် တိုက်ခိုက်ရေးစွမ်းအားကို အရေးတကြီးလိုအပ်နေသည့်အချိန်တွင် မသေမျိုးများက အကူအညီပေးလာခဲ့ခြင်းဖြစ်သည်။

မသေမျိုးများ၏ခိုးဝင်တိုက်ခိုက်မှုကြောင့် နောက်တစ်နေ့ထိတိုင်အောင် ဘုရားကျောင်း၏တိုက်ခိုက်မှုအစီအစဉ်သည် အသက်ဝင်လာခြင်းမရှိသေးပေ။လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဘုရားကျောင်းသည် ရှောင်ယု၏ခိုးဝင်တိုက်ခိုက်မှု သို့မဟုတ် မသေမျိုးများ၏ခိုးဝင်တိုက်ခိုက်မှုကို တားဆီးရန်အတွက် မြင့်မားသောအတားအဆီးများကို တည်ဆောက်ထားခဲ့သည်။

အစောပိုင်းတွင် သူတို့၏တပ်သား၆သန်းဖြင့်ဆိုပါက ခြင်္သေ့မြို့တော်အားမြေပေါ်၌ ပြားပြားဝပ်နေအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယူဆထားကြသော်လည်း ယခုအချိန်၌ သူတို့တွေးထားသလို ချောချောမွေ့မွေ့ဖြစ်လာမည့်ပုံမပေါ်ပေ။

ယခုတစ်ကြိမ် ဘုရားကျောင်း၏တပ်မှူးဖြစ်သူ အာဇာသည် ရှောင်ယုက အမှန်တကယ်ပင်သာမန်လူတစ်ယောက်ပင်မဟုတ်ကြောင်း သိထားခဲ့သည်။ထို့ပြင် မသေမျိုးများသည် အလွန်ပင်ထူးဆန်းပေသည်။သူတို့သည် ခြင်္သေ့မြို့တော်သို့လာရောက်တိုက်ခိုက်ချိန်တိုင်း မသေမျိုးများကအဘယ်ကြောင့် လာရောက်တိုက်ခိုက်ရသနည်း။

ထိုမသေမျိုးများသည် ရှောင်ယု၏ညွန်ကြားချက်အား လိုက်နာနိုင်ဖွယ်ရှိနေသည်ဟု အာဇာကသံသယရှိနေခဲ့သည်။သို့သော်လည်း ရှောင်ယုသည်မသေမျိုးတပ်ဖွဲ့အား အမှန်တကယ်အမိန့်ပေးနိုင်လောက်သည်ထိ ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားမည်လား...

ရှောင်ယုသည် မှော်ဆရာကြီးတစ်ဦးလား...

ဘုရားကျောင်း၏တပ်မှူးဖြစ်သူ အာဇာသည် ဆဌမအဆင့်ပါလာဒင်နှစ်ဦးသေဆုံးသွားသည့်သတင်းကိုကြားသောအခါ ဒေါသတကြီးဖြင့် စားပွဲတစ်လုံးအားရိုက်ခွဲလိုက်သည်။

ရက်အနည်းငယ်ခန့်ကြာသည်အထိ အာဇာသည်တိုက်ခိုက်ရန်အမိန့်မပေးခဲ့ပေ။သိုဖြစ်ရာ သူ့လက်အောက်ရှိလူအများအပြားက သူ့အားမေးခွန်းထုတ်လာခဲ့သည်။၎င်းတို့အနက်တစ်ယောက်မှာ ဒင်းဖြစ်သည်။

"တပ်မှူးအာဇာ..ဘုရားကျောင်းကသွေးနီရောင်ခရူးဆိတ်တပ်မှူးတစ်ယောက်အနေနဲ့ ဒီညစ်ညမ်းတဲ့မြေကို လျင်မြန်စွာသုတ်သင်ရှင်းလင်းဖို့ ဘာကြောင့်တပ်တွေကိုမစေလွှတ်ဘဲ ဒီလိုစောင့်ဆိုင်းနေရတာလဲ...မင်းရဲ့အဓိကရည်ရွယ်ချက်ကဘာလဲ...မင်းကပုပ်ရဟန်းမင်းရဲ့ဆန္ဒကို ဆန့်ကျင်နေတာလား"

အာဇာသည် ယခုတစ်ကြိမ်ခြင်္သေ့မြို့အားတိုက်ခိုက်ရန်အတွင် အလွန်အားကောင်းသော ပါလာဒင်များစွာကိုယူဆောင်လာခဲ့ပြီး အများစုမှာ ဆဌမအဆင့်ပါလာဒင်များဖြစ်ကြသည်။ယခုဒင်းဟုအမည်ရသော ပါလာဒင်သည် ဘုရားကျောင်းကိုအကြွင်းမဲ့ယုံကြည်သည့် ပါလာဒင်တစ်ပါးလည်းဖြစ်သည်။

အစောပိုင်းတွင် ပုပ်ရဟန်းမင်းက အာဇာကိုတပ်မှူးအဖြစ် ခန့်အပ်လိုက်သည့်အတွက်ကြောင့် ဒင်းကအနည်းငယ်မကျေမနပ်ဖြစ်ခဲ့သည်။ထိုအချိန်တွင် အာဇာသည်နှေးတိနှေးကန်ပြုလုပ်နေသည်ကိုမြင်သောအခါ ဒင်းသည်ချက်ချင်းသံသယဝင်လာကာ အာဇာအားစွပ်စွဲလိုက်သည်။

ဘုရားကျောင်း၌ ရာထူးကြီးများကိုရရှိထားသူများသည် ငတုံးငအများမဟုတ်ကြပေ။ထိုသို့မဟုတ်ပါက အာဇာသည်တပ်မှူးရာထူးကို အဘယ်သို့ရနိုင်မည်နည်း။ယခုလည်း အာဇာသည် ဒင်း၏အတွေးများကို အဘယ်ကြောင့်နားမလည်ရမည်နည်း။

အာဇာကအပြုံးမပျက် တုံ့ပြန်လိုက်သည်။

"အမှန်ပဲ...ငါကပုပ်ရဟန်းမင်းရဲ့ဆန္ဒကိုလွန်ဆန်ဖို့မလုပ်ဆောင်ဝံ့ပါဘူး...ငါကဒီညစ်ညမ်းတဲ့မြေကိုသန့်စင်အောင်လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေကိုတရှိန်ထိုးလုပ်ဆောင်နေပြီ...မနက်ဖြန်ကျရင်ပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့ပြင်ဆင်ထားတယ်...အဲ့ဒီအချိန်ကျရင် မင်းကရှေ့ပြေးတပ်ရဲ့တပ်မှူးဖြစ်လာလိမ့်မယ်...မင်းကရှောင်ယုကိုသတ်ဖြတ်နိုင်ဖို့မျှော်လင့်ထားတယ်"

မင်းကစိတ်မရှည်ဘူးပေါ့...ဒါဆိုလည်းမင်းကိုယ်တိုင်သွားလိုက်...ခုတောင်ဆဌမအဆင့်ပါလာဒင်နှစ်ယောက်သေဆုံးသွားပြီ...မင်းကနောက်တစ်ယောက်ဖြစ်လာနိုင်တာပဲ...

"ဟမ့်...အဲ့ဒါဆိုပြဿနာမရှိဘူး...မနက်ဖြန်ကျရင်ငါကခရူးဆိတ်တွေကိုဦးဆောင်ပြီးတော့ ခြင်္သေ့မြို့တော်ကိုဖြိုခွင်းပြမယ်..."

ဒင်းသည် တပ်မှူးအာဇာကိုလုံးဝလေးစားခြင်းမရှိဘဲ မကျေမနပ်အမူအရာဖြင့် နောက်သို့လှည့်ထွက်သွားခဲ့သည်။

အာဇာသည် ဒင်းကိုကြည့်၍ခေါင်းခါမိလိုက်သည်။ခွန်အားအရသာဆိုလျှင် ဒင်းသည်သူနှင့်အဆင့်ချင်းတူညီသော်လည်း သူသည်စိတ်မရှည်လွန်းသည့်အတွက်ကြောင့် မည်သည့်အခါမှ အေးအေးဆေးဆေးမရှိတတ်ပေ။ထို့ကြောင့်ပုပ်ရဟန်းမင်းက အာဇာကိုသာတပ်ဖွဲ့များကို အမိန့်ပေးစေခဲ့သည်။တပ်မှူးတစ်ယောက်၏အတွေးသည်တည်ငြိမ်နေမှသာ စစ်ပွဲကိုအောင်နိုင်မှာဖြစ်သည်။

နောက်တစ်နေ့တွင် ဒင်းသည် အစောကြီးထကာ ခြင်္သေ့မြို့အားတိုက်ခိုက်မှုပြုလုပ်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ကာ တပ်ဖွဲ့အားဦးဆောင်ခဲ့သည်။

ရှောင်ယုသည် တစ်ဖက်လူ၏လှုပ်ရှားမှုအဟုန်ကိုကြည့်ရင်း မကြာမှီတိုက်ခိုက်လာတော့မည်ကို နားလည်လိုက်၍ လူတိုင်းအားအသင့်ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။

အနောက်တိမ်တိုက်အင်ပါယာသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ်က ရှောင်ယုသည်အခြေစိုက်စခန်းမှ ဆင့်ခေါ်တပ်သားများသာမက ခြင်္သေ့မြို့တော်မှသာမန်တပ်သားများကိုပါ လေ့ကျင့်မှုပြုလုပ်ရန် ခေါ်ယူသွားခဲ့သည်။

ထိုသို့ပြုလုပ်ပေးခြင်းက အလွန်ပင်အကျိုးရှိခဲ့ပေသည်။ထိုသို့ပြုလုပ်ပေးခြင်း၏ အကြီးမားဆုံးသောအားသာချက်မှာ ယခုအချိန်၌ခြင်္သေ့မြို့၏တပ်သားများသည် ဘုရားကျောင်း၏သန်းပေါင်းများစွာသောတပ်သားများကို ရင်ဆိုင်ရာ၌ကြောက်ရွံ့ခြင်းမရှိကြပေ။

ဘုရားကျောင်း၏တပ်သားများသည် မည်မျှထိများပြားပါစေ။အန်ကာရက်ဂ်ဘုရားကျောင်းထက် ဇတ်ဂ်များပိုများနိုင်မည်လား...ထို့ပါဟောင်၏အနက်ရောင်တပ်သားများထက်ပိုများနိုင်မည်လား...ထိုသို့ဆိုလျှင်သူတို့က အဘယ်ကြောင့်ကြောက်နေရမည်နည်း။

အနောက်တိမ်တိုက်အင်ပါယာ၌ ပြင်းထန်သောတိုက်ပွဲများတွင် ရှောင်ယုကအနိုင်ရခဲ့သည်။အခြားမည်သည့်အရာကို ကြောက်ရမည်နည်း။အထူးသဖြင့် ယခုအခါတွင်ရှောင်ယုသည် အသစ်အဆန်းများစွာကို ထပ်မံပြုလုပ်ထားသည်ကို တွေ့ရပေသည်။အထူးသဖြင့် လှံပစ်စက်များ၊အားကောင်းသောတင့်ကားများနှင့် လူပုစစ်သည်တော်များဖြစ်သည်။

ရှောင်ယုက လူတိုင်းအားမနက်စာစားခိုင်းလိုက်ပြီး ခန္ဓာကိုယ်လေ့ကျင့်ခန့်ပြုလုပ်ခိုင်းလိုက်သည်။ရှောင်ယု၏တပ်သားများသည် ရှောင်ယုသင်ကြားပေးထားသော ကိုယ်လက်လေ့ကျင့်ခန်းကိုပြုလုပ်ပြီးနောက်တွင် အရာအားလုံးအဆင်သင့်ဖြစ်နေပြီဟု ခံစားခဲ့ရသည်။

ထိုအချိန်တွင် လှံပစ်စက်များ၊လောက်လွဲစင်များ၊ဓားပစ်စက်များအစရှိသည့် တာဝေးပစ်လက်နက်များအားလုံးသည် ဘုရားကျောင်း၏တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

ဘန်း...ဘန်း

စစ်ဒရမ်သံများက အဆက်မပြတ်မြည်ဟိန်းလာခဲ့ပြီး ဘုရားကျောင်း၏တပ်ဖွဲ့သည် ရှောင်ယုတည်ဆောက်ထားသော ကာကွယ်ရေးခံစစ်ကြောင်းကို အရှိန်ပြင်းစွာတိုက်ခိုက်လာခဲ့သည်။

All Chapters