← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 37 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 37 Ch. 556-558

အခန်း ၅၅၆ - အာဇာ၏အစီအစဉ်

တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်၌ အာဇာ၏နည်းဗျူဟာက အကျိုးသက်ရောက်မှုအား စတင်ပြသခဲ့သည်။

ခြင်္သေ့ဘုရင်၏ကာကွယ်ရေးခံစစ်ကြောင်းသည် တအိအိဖြင့်ပြိုလဲလာခဲ့ပြီး တစ်ကြိမ်လျှင်သောင်းနှင့်ချီသောဘုရားကျောင်းတပ်သားများက ခံစစ်ကြောင်းကိုဖောက်ထွင်းဝင်ရောက်လာကြသည်။သို့သော်လည်း ရှောင်ယု၏တင့်ကားများနှင့်လေကြောင်းတပ်များက ထိုးဖောက်ဝင်ရောက်လာသည့်တပ်သားအားလုံးကို သုတ်သင်ရှင်းလင်းနေဆဲဖြစ်သည်။

တင့်ကားအစီးရေ၁၀၀ကျော်သည် ဟာကွက်ကိုပိတ်ဆို့ရန်အတွက် တိုက်ရိုက်ရောက်လာခဲ့ကာ သံမဏိခံစစ်ကြောင်းသဖွယ် လုပ်ဆောင်နေခဲ့သည်။တင့်ကားများသည် အဆက်မပြတ်ပစ်ခတ်နေ၍ ဘုရားကျောင်း၏တပ်သားများက ခုခံနိုင်စွမ်းမရှိခဲ့ကြပေ။

ဘုရားကျောင်း၌ အဆင့်မြင့်ပါလာဒင်များစွာရှိနေသည်ဟု ဆိုထားသော်လည်း ရှောင်ယု၏လူများကလည်း သူတို့အောက်နိမ့်ကျနေခြင်းမရှိပေ။အချိန်အတော်ကြာပြီးနောက်တွင် ခြင်္သေ့မြို့စားကြီးသည် ကျွမ်းကျင်သူများစွာကို စုဆောင်းနိုင်ခဲ့သည်။ရှောင်ယု၏သူရဲကောင်းများနှင့်အတူ ခြင်္သေ့ဘုရင်မြို့တော်သည် ရန်သူများ၏အဆင့်မြင့်ကျွမ်းကျင်သူများနှင့်ယှည်ပြိုင်ရချိန်တွင် အလွန်အမင်းအောက်ကျနေခြင်းမရှိပေ။

ဘုရားကျောင်း၏တပ်သားများကလည်း ရူးသွပ်စွာတိုက်ခိုက်နေကြသည်။သူတို့သည် ဘုရားကျောင်း၏ဦးနှောက်ဆေးကြောခြင်းကို ခံထားရသည့်အတွက်ကြောင့် ရှေ့သို့အပြေးအလွှားပြေးတက်လာခဲ့ကြပြီး တင့်ကားများ၏အမြှောက်ဆံများအောက် အသက်ပျောက်သွားခဲ့ရသည်။ထောင်ပေါင်းများစွာသော ခိုင်မဲရာများ၏မီးတောက်မှုတ်ထုတ်မှုက ဘုရားကျောင်းမှတပ်သားများကို ဖိနှိပ်ခဲ့သည်။

တချိန်တည်းမှာပင် ရှောင်ယုသည်ဘုရားကျောင်း၏တပ်သားများကို ရည်ရွယ်ချက်ရှိရှိ တန်ပြန်တိုက်ခိုက်မှုများပြုလုပ်ကာ သတ်ဖြတ်ခဲ့သည်။အရေးအကြီးဆုံးသောအချက်မှာ ရှောင်ယု၏အခြေခံတပ်သားများ၏အဆင့်သည် ရူးသွပ်ဖွယ်အမြန်နှုန်းဖြင့် တိုးမြင့်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏အစွမ်းထက်သောမှော်လက်နက်များကြောင့် ဘုရားကျောင်းသည် ခြင်္သေ့မြို့၏ခံစစ်ကြောင်းကို အကြိမ်ပေါင်းများစွာခြိမ်းခြောက်နိုင်ခဲ့ကာ ပိတ်ဆို့ခြင်းမလုပ်ဆောင်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ရှောင်ယုကသူ၏လျှို့ဝှက်လက်နက်ဖြစ်သော နဂါးလေးကိုစေလွှတ်လိုက်သည်။

နဂါးလေးရောက်ရှိလာသည်နှင့် အရေးနိမ့်နေသောခံစစ်ကြောင်းသည် ချက်ချင်းပြန်လည်တည်ငြိမ်သွားခဲ့သည်။ပဥ္စမအဆင့်သို့ရောက်ရှိသွားသည့် နဂါးလေးသည် ဆဌမအဆင့်ကျွမ်းကျင်သူတစ်ယောက်ထက် မနိမ့်ကျပေ။ယခုလိုစွမ်းအားကြီးသော ဖြစ်တည်မှုတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး ခံစစ်ကြောင်းထံလာရောက်အားဖြည့်ချိန်တွင် ရန်သူများသည်ဆက်လက်တောင့်မခံနိုင်ဘဲ နောက်ဆုတ်သွားခဲ့ရသည်။

မြို့ရိုးပေါ်၌တည်ဆောက်ထားသော ကင်းမျှော်စင်များကလည်း စွမ်းအားများစွာကိုအသုံးပြုခဲ့ပေသည်။သူတို့၏ ပစ်ခတ်နိုင်မှုအကွာအဝေးသည် မှော်အမြှောက်များလောက်ကောင်းမွန်ခြင်းမရှိသော်လည်း ရန်သူများသည်မြို့ရိုးအောက်ခြေသို့ ချည်းကပ်လာသည်နှင့် ထိုကင်းစောင့်မျှော်စင်များ၏စွမ်းအားကို တွေ့မြင်နိုင်ပေသည်။ထိုမျှော်စင်များ၏လက်ချက်ကြောင့် အသက်ပျောက်ခဲ့ရသည့်ပါလာဒင်များလည်း မနည်းမနောပေ။

တစ်နေ့တာပြင်းထန်သောတိုက်ပွဲတစ်ခု ဆင်နွဲအပြီးတွင် ရှောင်ယုနှင့်ဘုရားကျောင်း၏တပ်ဖွဲ့များသည် ကြီးမားသောဆုံးရှုံးမှုများကိုကြုံတွေ့ခဲ့ရသည်။သို့သော်လည်း ဘုရားကျောင်းတပ်ဖွဲ့သည် ရှောင်ယု၏တပ်ဖွဲ့နှင့်နှိုင်းယှည်ပါက အနည်းဆုံးအဆပေါင်းဆယ်ချီ၍ ဆုံးရှုံးမှုများခံစားခဲ့ရသည်မှာ သေချာပေသည်။

သို့သော်လည်း ရှောင်ယု၏တပ်ဖွဲ့သည် ဘုရားကျောင်းနှင့်နှိုင်းယှည်၍မရသေးပေ။အဘယ်ကြောင့်ဆိုသော် ဘုရားကျောင်း၏တပ်အင်အားက ရှောင်ယုထက်အဆပေါင်းများစွာ အာကောင်းနေ၍ဖြစ်သည်။

ဘုရားကျောင်းသည် အသေအပျောက်များပြားမှုကိုလုံးဝဂရုမစိုက်ကြောင်း ရှောင်ယုသတိပြုမိခဲ့သည်။အထင်ရှားဆုံးအချက်မှာ ဘုရားကျောင်းသည် သူတို့၏တပ်သားအရေအတွက်အပေါ် အလွန်ယုံကြည်မှုရှိကြောင်း ထင်ရှားပေသည်။

ရက်အတော်ကြာ တိုက်ခိုက်ပြီးသည့်နောက်တွင်ပင် ဘုရားကျောင်း၏တပ်ဖွဲ့သည် အနားယူရန်ရည်ရွယ်ချက်ရှိပုံမရဘဲ ညဘက်၌ဆက်လက်တိုက်ခိုက်နေသည့်အတွက်ကြောင့် ရှောင်ယုစိတ်မသက်မသာဖြစ်ခဲ့ရသည်။

"သေစမ်း...သူတို့ကရူးနေကြတာလား...ဇတ်ဂ်တွေတောင်မှအနားယူဖို့လိုအပ်ပေမဲ့...ဒီကောင်တွေကလုံးဝငြိမ်ငြိမ်မနေကြဘူး...သူတို့ကိုယ်သူတို့လူသားတွေအဖြစ်ကောသတ်မှတ်ကြသေးတာလား"

ရှောင်ယုသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း ဤစစ်ပွဲကိုရှုံးနိမ့်သွားခြင်းမရှိစေရန် တောင့်ခံထားရမည်ဖြစ်ကြောင်း နားလည်ပေသည်။

သူ၏နည်းဗျူဟာသည် ရှောင်ယုအပေါ်၌အထိရောက်ဆုံးဖြစ်သည်ဟု အာဇာကယုံကြည်ခဲ့သည်။ရှောင်ယုသည် မည်မျှပင်အစွမ်းထက်နေပါစေ အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းလာမည်ဖြစ်သည်။

ဤသို့ဘုရားကျောင်း၏ မမောမပန်းတိုက်စစ်ဆင်မှုကြောင့် ရှောင်ယု၏ခံစစ်ကြောင်းသည် စွမ်းဆောင်ရည်ကျဆင်းလာကာ အမှားကျူးလွန်လာမည်ဟု အာဇာကယုံကြည်ခဲ့သည်။ထိုအချိန်သို့ရောက်လာပါက သူသည်စစ်ပွဲကိုအနိုင်ရမည်ဖြစ်သည်။အမှန်တော့ ထိုနည်းဗျူဟာသည်ရှောင်ယုအား အခက်ကြုံစေခဲ့သည်။

အရေအတွက်အားဖြင့်ပြောရလျှင် ရှောင်ယုသည်ဘုရားကျောင်းထက်လွန်စွာနိမ့်ကျပေသည်။

"ဒီလိုမျိုးသာဆက်ပြီးတိုက်ခိုက်နေရမယ်ဆိုရင် ငါတို့အခြေအနေကပိုပြီးဆိုးရွားလာလိမ့်မယ်...ဘုရားကျောင်းကိုတိုက်ခိုက်ဖို့ မသေမျိုးတွေကိုထုတ်သုံးရတော့မယ်ထင်တယ်"

ရှောင်ယုသည် စစ်မြေပြင်၏အခြေအနေကိုကြည့်ရင်း စိတ်ထဲ၌တွေးမိလိုက်သည်။

လက်ရှိအချိန်တွင် မသေမျိုးများအားအသုံးပြုခြင်းက မသေမျိုးများနှင့်သူ့အကြားဆက်နွယ်ပုံကို ဖော်ထုတ်မိနိုင်ကြောင်း ရှောင်ယုသိထားပေသည်။သို့သော်လည်း ခိုင်မာသောသက်သေအထောက်အထားကို ဖော်ထုတ်မချပြနိုင်သရွေ့ ထိုမသေမျိုးများ၏ပင်မတည်နေရာကို မရှာဖွေနိုင်သရွေ့ မည်သည့်ပြဿနာမှဖြစ်လာမည်မဟုတ်ပေ။

ယခုအချိန်၌ တိုက်ကြီးတစ်ခုလုံးသည် ကမောက်ကမဖြစ်နေကာ သူသည်မသေမျိုးများအားထုတ်ဖော်အသုံးပြုလျှင်ပင် အခြားသူများက လေးလေးနက်နက်စူးစမ်းမည်မဟုတ်ပေ။

ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။

ထို့ကြောင့်ရှောင်ယုသည် အချိန်ဆက်မဖြုန်းတော့ဘဲ မြို့ရိုးမှနေ၍ အမြန်ဆုံးထွက်ခွာလာခဲ့ကာ မသေမျိုးအခြေစိုက်စခန်းသို့သွား၍ အားသက်စ်ကိုအမိန့်ပေးလိုက်သည်။

ရှောင်ယု၏အမိန့်ကိုရရှိပြီးနောက်တွင် အားသက်စ်သည် မသေမျိုးတပ်ဖွဲ့အားချက်ချင်းဦးဆောင်ကာ ဘုရားကျောင်းတပ်ဖွဲ့အား အပြင်းအထန်တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သည်။

ယခင်ကဆိုလျှင် ဘုရားကျောင်း၏တပ်ဖွဲ့သည် ခုခံကာကွယ်မှုကိုအဓိကအာရုံစိုက်ထားခဲ့ပြီး မသေမျိုးများတိုက်ခိုက်လာမှုအတွက် လုံလောက်သောပြင်ဆင်မှုများကိုပြုလုပ်ထားသောကြောင့် မသေမျိုးများသည်ဘုရားကျောင်း၏တပ်ဖွဲ့အပေါ် မည်သို့မှကြီးကြီးမားမားမသက်ရောက်စေခဲ့ပေ။

သို့သော်လည်း ယခုအချိန်တွင်မူ အရာအားလုံးကကွဲပြားသွားခဲ့ပြီဖြစ်သည်။

ဘုရားကျောင်း၏တပ်ဖွဲ့သည် ခြင်္သေ့မြို့တော်ကိုအပြင်းအထန်တိုက်ခိုက်နေ၍ အကာအကွယ်မရှိတော့ပေ။ထိုသို့သောအချိန်တွင် ကြီးမားသောမသေမျိုးတပ်ဖွဲ့ကြီးက အန်ကာဂန်တောင်တန်းများမှထွက်ပေါ်လာကာ သူတို့၏ဘေးနှစ်ဖက်ကိုတိုက်ခိုက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

ထိုအခိုက်အတန့်တွင် ဘုရားကျောင်း၏တိုက်ခိုက်မှုသည် ရူးသွပ်ဖွယ်ကောင်းသောအဆင့်သို့ရောက်ရှိသွားခဲ့ပြီး လူသေအလောင်းများက မြို့ရိုးအောက်၌စုပုံနေခဲ့သည်။သို့သော်လည်း ဘုရားကျောင်း၏တပ်သားများက ဆက်လက်ချီတက်နေဆဲဖြစ်သည်။

ရူးသွပ်ခြင်း

ဘုရားကျောင်း၏တပ်သားများသည် လုံးဝရူးသွပ်သွားခဲပြီး မည်သည့်ခံစားချက်မှမရှိကြတော့ပေ။လက်ရှိအချိန်တွင် သူတို့သည်သတ်ဖြတ်ရန်ကိုသာသိကြသော လူသတ်စက်များဖြစ်ကြသည်။

ထိုအချိန်တွင် ဧရာမမသေမျိုးသားရဲများသည် စစ်မြေပြင်၌ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ဘုရားကျောင်း၏တပ်သားများကို ထိတ်လန့်စေခဲ့သည်။

ဧရာမမသေမျိုးသားရဲများ ထွက်ပေါ်လာမှုနှင့်အတူ ၎င်းတို့၏နောက်ကွယ်မှနေ၍ မသေမျိုးတပ်သားများထွက်ပေါ်လာခဲ့သည်။မကြာသေးခင်က ဘုရားကျောင်းကိုအပြင်းအထန်တိုက်ထုတ်ရန်အတွက် ရှောင်ယုသည် အားသက်စ်အားကန့်သတ်ချက်သို့ရောက်သည်အထိ မသေမျိုးတပ်သားများကိုအသွင်ပြောင်းစေရန် အမိန့်ပေးခဲ့သည်။

ဘုရားကျောင်းသည် မသေမျိုးများတိုက်ခိုက်လာမှုကို တန်ပြန်ရန်အတွက်အမှန်တကယ် ပြင်ဆင်ထားခဲ့သည်။အာဇာ၏ညဏ်ရည်ညဏ်သွေးဖြင့်ပင် မသေမျိုးများက သူတို့၏ဘေးနှစ်ဖက်ကိုတိုက်ခိုက်လာမည်ဟု စိတ်ကူးမယဉ်နိုင်ခဲ့ပေ။

ထိုမသေမျိုးများနှင့်ရှောင်ယုအကြားတွင် ထူးခြားသောဆက်နွယ်မှုတစ်ခုရှိလိမ့်မည်ဟု သူသံသယဝင်နေသည်မှာကြာပြီဖြစ်သည်။

ယခုလို ဝိုင်းရံတိုက်ခိုက်ခြင်း၏ အရေးအကြီးဆုံးသောအခိုက်အတန့်တွင် မသေမျိုးများရုတ်တရက်ထွက်ပေါ်လာခြင်းက ဤအချက်ကိုသက်သေပြနိုင်ခဲ့သည်။အာဇာ၏မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး အရန်တပ်ဖွဲ့များကိုချက်ချင်းစေလွှတ်ကာ မသေမျိုးများအားဟန့်တားခိုင်းလိုက်သည်။

မည်သို့ပင်ဆိုစေ တပ်ဖွဲ့ဝင်များပြတ်တောက်ခြင်းမရှိသရွေ့ အာဇာစေလွှတ်လိုက်သောအရန်တပ်ဖွဲ့များက မသေမျိုးများကိုကျိန်းသေခုခံနိုင်မည်ဖြစ်သည်။

အာဇာ၏အတွေးကထိုသို့ရှိနေခဲ့သော်လည်း တကယ်တမ်းတွင်မူ အာဇာသည်မသေမျိုးများ၏စွမ်းအားကို လျော့တွက်မိနေဆဲဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။

အခန်း ၅၅၇ - ဘုရားကျောင်း၏အဆုံးသတ်

အမှန်တကယ် အရေးအကြီးဆုံးအချက်မှာ အာဇာသည် အားသက်စ်၏စွမ်းအားကို လျော့တွက်မိခဲ့ခြင်းဖြစ်သည်။

အားသက်စ်ကသူ၏လက်ထဲမှ မနက်ခင်းနှင်းဓားကိုဝှေ့ယမ်းကာ မရေမတွက်နိုင်သောမသေမျိုးများကို ဦးဆောင်လာခဲ့သည်။

အာဇာသည် ဆဌမအဆင့်ပါလာဒင်၄ယောက်ကို စေလွှတ်လာခဲ့သည်။ထိုပါလာဒင်၄ယောက်သည် အလွန်ပင်အစွမ်းထက်ကြပေသည်။သူတို့၏စွမ်းအားသည် ဒင်းနှင့်နှိုင်းယှဉ်၍မရနိုင်သော်လည်း သူတို့အားလုံးလိုလိုသည်ပင် ဆဌမအဆင့်အထွတ်အထိပ်ပါလာဒင်များဖြစ်ကြသည်။

ထိုပါလာဒင် ၄ယောက်သည် အားသက်စ်ကိုဝိုင်းရံတိုက်ခိုက်ကြသော်လည်း အားသက်စ်ကိုမသတ်ဖြတ်နိုင်ကြပေ။ဆန့်ကျင်ဘက်အားဖြင့် အားသက်စ်သည် ပါလာဒင်၄ယောက်ကိုဝိုင်းရံရန်အတွက် ပတ်ဝန်းကျင်ရှိမသေမျိုးများကို အသုံးပြုခဲ့ကာ အလောင်းပေါက်ကွဲခြင်းကိုအသုံးပြုပြီး ပါလာဒင်၄ယောက်အား သိသိသာသာထိခိုက်ပျက်စီးစေခဲ့သည်။

အာဇာသည် အားသက်စ်၏ခွန်အားကိုကြည့်၍ မျက်မှောင်ကြုတ်မိလိုက်ကာ အကူအညီအဖြစ် ဆဌမအဆင့်ပါလာဒင်နှစ်ယောက်အား ထပ်မံစေလွှတ်လိုက်သည်။သို့သော်လည်း သူတို့သည်ပင် အားသက်စ်ကိုမကူညီနိုင်ကြပေ။အားသက်စ်သည် မသေမျိုးတပ်များကိုဦးဆောင်ကာ ဆက်လက်ချီတက်တိုက်ခိုက်နေကြပြီး ဘုရားကျောင်းမှတပ်များ၏ဘေးနံနှစ်ဖက်ကို ရှုပ်ယှက်ခတ်စေခဲ့သည်။

ဤသို့ဖြင့် တိုက်ပွဲသည်ဆက်လက်ဖြစ်ပွားနေခဲ့ကာ နှစ်ဘက်လုံးအဆုံးအရှုံးများနှင့် ရင်ဆိုင်ကြုံတွေ့နရသော်လည်း မသေမျိုးတပ်များကြောင့် ဘုရားကျောင်းတပ်ဖွဲ့သည် မြို့ရိုးအားအလုံးအရင်းဖြင့် မတိုက်ခိုက်နိုင်ခဲ့ပေ။ထိုညကုန်လွန်ချိန်၌ ရှောင်ယုဘက်မှ အနည်းငယ်အသာစီးရခဲ့သည်။

ထိုညကုန်လွန်ပြီးချိန်၌ ဘုရားကျောင်းမှတပ်သားများ သေကြေပျက်စီးနှုန်းသည် အနည်းဆုံးအရေအတွက် ၁သန်းကျော်ရှိခဲ့သည်။သို့သော်လည်း ဘုရားကျောင်းတပ်ဖွဲ့သည် ရှောင်ယု၏ခြင်္သေ့မြို့တော်ကို ဆက်လက်တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ကြသည်။

"ဟမ့်...ငါသာနည်းလမ်းမရှာနိုင်ရင်....ဒါကငါ့အတွက်ကြီးကျယ်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာရမယ်"

ရှောင်ယုသည် ဘုရားကျောင်း၏ အလွန်တင်းမာမှုကင်းမဲ့သော ဖွဲ့စည်းပုံကို တောက်လျှောက်စိုက်ကြည့်နေခဲ့ပြီး သူ၏မေးစေ့ကိုပွတ်သပ်လိုက်ကာ တန်ပြန်အစီအမံများအား တွေးတောနေခဲ့ကြသည်။

ရှောင်ယုသည် ဘုရားကျောင်းစစ်တပ်အား မည်သို့အနိုင်ယူရမည်ကို စဉ်းစားနေသောအချိန်တွင် ကောင်းကင်ပေါ်မှနေ၍ တိမ်တိုက်ကြီးတစ်ခုလွှင့်ပျံလာခဲ့ပြီး နေကိုပင်ဖုံးအုပ်သွားခဲ့သည်။

"သေစမ်း...ဒီတိမ်တိုက်ကဘယ်ကရောက်လာတာလဲ..."

လက်ရှိအချိန်တွင် နေ့ခင်းဘက်သာရှိသေး၍ နေကထွန်းလင်းစွာတောက်ပနေခဲ့သည်။ရုတ်တရက်ဆိုသလိုပင် ယခုလိုဖုံးလွှမ်းခံလိုက်ရသည့်အတွက်ကြောင့် လူတိုင်းအားခဏတာ စိတ်မသက်မသာဖြစ်စေခဲ့သည်။

သို့သော်လည်း သူတို့အားလုံးကောင်းကင်ကို မော့ကြည့်လိုက်သောအချိန်တွင် လူတိုင်းအံ့သြသွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပေါ်၌ မည်သည့်တိမ်စိုင်မှရှိမနေခဲ့ပေ။ထို့အစားကြီးမားသည့် နာရက်စ်မန်းက သူတို့၏ခေါင်းပေါ်၌ ပျံသန်းနေသည်ကိုထင်ရှားစွာတွေ့လိုက်ရသည်။

"ငါစစ်ကမ္ဘာဂိမ်းကို ကစားနေတာကြာလှပြီ...ဒီကောင်ကြီးကဘာလို့ခုလိုပျံသန်းနေရတာလဲ"

နာရက်စ်မန်းပျံသန်းနေသည်ကို မြင်သောအခါတွင် ရှောင်ယုကရုတ်တရက်ထိတ်လန့်သွားခဲ့သည်။ယခုအခါ သူသည်ဆိုးရွားသောအခြေအနေသို့ရောက်ရှိနေရာ ဤအရာကသူ့အားဒုက္ခပိုဖြစ်စေမည်လား မပြောတတ်ပေ။

ဘုရားကျောင်းမှတပ်သားများသည် ပျံသန်းနေသောနာရက်စ်မန်းကို တွေ့မြင်လိုက်ရချိန်တွင် လွန်စွာတုန်လှုပ်သွားခဲ့သည်။အမှန်တော့ ယခုလိုကြီးမားသောမြို့ကြီး အောက်သို့ပြိုကျလာပါက သူတို့အားလုံးမြေကြီးထဲနစ်မြုပ်ခံရမည်ဖြစ်သည်။

ထို့ကြောင့် လူတိုင်း၏တိုက်ခိုက်မှုအရှိန်သည် တဖြည်းဖြည်းနှေးကွေးလာခဲ့ပြီး လူတိုင်းသည် ကောင်းကင်ယံပျံဝဲနေသော နာရက်စ်မန်းကို မော့ကြည့်မိလိုက်ကြသည်။တစ်ချိန်တည်းမှာပင် ထိုမြို့ကြီးပြုတ်ကျလာပါက မည်သို့ဖြစ်လာမည်ကို သူတို့တွေးကြည့်နေကြသည်။

အာဇာသည် ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရချိန်တွင် သူ၏နှလုံးသားကတုန်လှုပ်သွားခဲ့သည်။ရုတ်ချည်းဆိုသလိုပင် သူ၏နှလုံးသားထဲ၌ ဆိုးရွားသောခံစားချက်တစ်ခု စွဲကပ်လာခဲ့သည်။

အမှန်တော့ အာဇာ၏ခံစားချက်သည်မမှားခဲ့ပေ။အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်၌ အားသက်စ်နှင့်မသေမျိုးများသည် တက်ကြွစွာလှုပ်ရှားလာ၍ဖြစ်သည်။သူတို့တစ်ဦးချင်းစီတိုင်းသည် အားဆေးများထိုးသွင်းလိုက်သကဲ့သို့ သူတို့၏ခွန်အားကတခဏချင်း နှစ်ဆတိုးလာခဲ့သည်။

အထူးသဖြင့် ထိုအခိုက်အတန့်လေးတွင် အားသက်စ်သည်နတ်ဘုရားတစ်ပါးကဲ့သို့ ရုတ်တရက်ဟိန်းဟောက်လိုက်ကာ သူ၏ငရဲစစ်ပွဲမြင်းကို ရှေ့သို့အတင်းတွန်းပို့လိုက်သည်။

"သတ်..."

ထို့နောက်တွင် သူ၏နောက်ကွယ်မှမသေမျိုးများသည် ဘုရားကျောင်း၏ကာကွယ်ရေးစည်းကို ချက်ချင်းချိုးဖျက်လိုက်ကာ ဘုရားကျောင်းမှတပ်သားများကို သတ်ဖြတ်ခဲ့ကြသည်။

ထိုအချိန်တွင် ဘုရားကျောင်းမှတပ်သားများသည် ပရမ်းပတာဖြစ်သွားကြသည်။သူတို့ထံတွင် မသေမျိူးများ၏တိုက်ခိုက်မှုအားတုံ့ပြန်ရန် နည်းလမ်းမရှိခဲ့ပေ။

ဤပြောင်းလဲမှုသည် နာရက်စ်မန်းကြောင့်ဆိုသည်မှာ သီသာပေသည်။

ရှောင်ယုသည် ခဏလောက်ရပ်တန့်သွားကာ အားသက်စ်၏အပြောင်းအလဲများကိုကြည့်ရင်း အံ့သြသင့်ဖွယ်အရာများ ဖြစ်ပေါ်လာကြောင်း နားလည်လိုက်သည်။

သို့သော်လည်း ရှောင်ယု၏အမြင်တွင် ဤအရာသည်ရှားရှားပါးပါးအခွင့်အရေးတစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။ထို့ကြောင့်ရှောင်ယုသည် ကျယ်လောင်စွာအမိန့်ပေးလိုက်ကာ ဘုရားကျောင်း၏တပ်သားအားလုံးကို ချေမှုန်းရန်အမိန့်ပေးလိုက်သည်။

တင့်ကားတပ်ဖွဲ့သည် နေ့ရောညပါတိုက်ပွဲများစွာ ဖြတ်သန်းခဲ့ပြီးနောက်တွင် အဆင့်၁၀သို့ ရောက်ရှိသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။လက်ရှိအချိန်တွင် သူတို့သည်စတင်ထွက်ပေါ်လာစဉ်ကပင် ပိုမိုအစွမ်းထက်နေကြပြီဖြစ်သည်။

အခြားသောတပ်ဖွဲ့များကမူ တိုက်ခိုက်လိုစိတ် လုံးဝကုန်ဆုံးသွားသည့် ဘုရားကျောင်း၏တပ်ဖွဲ့များကို စတင်အမဲလိုက်ကာသတ်ဖြတ်ခဲ့ကြသည်။

ထိုအချိန်တွင် အူသာသည်မြင်းပေါ်သို့ခုန်တက်လိုက်ကာ ရှေ့သို့အလျင်စလိုချီတက်သွားကြသည်။အူသာ၏အလင်းမှော်ပညာသည် စစ်မြေပြင်တစ်ခုလုံးအားလွှမ်းခြုံသွားခဲ့ကာ လူတိုင်း၏ခန္ဓာကိုယ်အား နွေးထွေးသွားစေခဲ့သည်။

အူသာ၏အလင်းမှော်ကြောင့် ဘုရားကျောင်း၏တပ်သားအချို့တောင်မှ သူတို့၏ခန္ဓာကိုယ်၌ ထူးဆန်းသောပြောင်းလဲမှုကိုခံစားလာခဲ့ရသည်။ငွေရောင်လက်၏တပ်သားများသည် အူသာ၏နောက်သို့လိုက်ကာ အရှိန်အဟုန်မြင့်တင်လိုက်ကြပြီး အလင်းနတ်ဘုရား၏မြင့်မြတ်သောဂုဏ်ပုဒ်များကို တစ်ခုပြီးတစ်ခုရွတ်ဆိုနေကြသည်။

ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရပြီးနောက် ဘုရားကျောင်း၏အချို့ပါလာဒင်များသည် ငေးမောကုန်ကြပြီး ပြန်လည်တိုက်ခိုက်ရန်မေ့လျောသွားကြသည်။

မကြာသေးခင်က ခြင်္သေ့ဘုရင်မြို့တော်အား သိမ်းပိုက်ရန်တာစူနေကြသည့် ဘုရားကျောင်းတပ်ဖွဲ့သည် လုံးဝရှုံးနိမ့်သွားခဲ့ကြသည်။မသေမျိုးများကိုဟန့်တားရန် စေလွှတ်လိုက်သည့်တပ်ဖွဲ့များကလည်း အပြီးအပိုင်ချေမှုန်းခံလိုက်ရပြီး တပ်သားအမြောက်အများလက်နက်ချလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် အူသာကိုကြည့်ရင်း သူတို့၏နှလုံးသားထဲ၌ရှင်းလင်းပြတ်သားသည့် ခံစားချက်တစ်ခုကို သိသိသာသာခံစားမိလိုက်ကြသည်။

အဆုံးသတ်တွင် အူသာနှင့်အားသက်စ်တို့သည် ပထမဆုံးအကြိမ်အဖြစ် စစ်မြေပြင်တွင်တွေ့ဆုံမိခဲ့ကြသည်။

သူတို့နှစ်ဦးလုံးသည် ရှောင်ယု၏လက်အောက်မှသူရဲကောင်းများဖြစ်ကြသော်လည်း အူသာနှင့်အားသက်စ်တို့အကြား ရှုပ်ထွေးသည့်ဆက်ဆံရေးကြောင့် သူတို့နှစ်ဦးတွေ့ဆုံချိန်တွင် ချက်ချင်းတုန်လှုပ်သွားခဲ့ကြသည်။

"အားသက်စ်...ငါ့ရဲ့တပည့်...မင်းကိုဒီမှာတွေ့ရဖို့ငါတကယ်မမျှော်လင့်ထားဘူး"

အူသာ၏အသံသည် ဒေါသများဖြင့်ပြည့်နှက်နေကာ သူ၏အလင်းမှော်က ပိုမိုပြင်းထန်လာခဲ့သည်။

အူသာ၏အလင်းမှော်နှင့်ထိတွေ့မိချိန်တွင် မသေမျိုးသတ္တဝါများ၏ခန္ဓာကိုယ်သည် အနက်ရောင်မီးခိုးများထွက်ပေါ်လာခဲ့ကာ အဆင့်နိမ့်မသေမျိုးများဆိုလျှင် ချက်ချင်းပင်ပြာကျပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် စစ်မြေပြင်တစ်ခုလုံးတွင် အလွန်ပင်ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ဘုရားကျောင်း၏တပ်ဖွဲ့သည် မသေမျိုးများ၏အရှေ့ဘက်တွင်ရှိနေပြီး မသေမျိုးတပ်ဖွဲ့သည်အလယ်တွင်ရှိနေကော ရှောင်ယု၏တပ်ဖွဲ့သည် မသေမျိုးများ၏နောက်ဘက်၌ရှိနေခဲ့သည်။

အားသက်စ်သည် အူသာကိုတွေ့မြင်လိုက်ချိန်တွင် သူ၏မျက်လုံးများမှအစိမ်းရောင် အလင်းတန်းအချို့ထွက်ပေါ်လာခဲ့ကာ အချိန်အတော်ကြာပြီးနောက်၌ ဖြေးညင်းစွာစကားဆိုလိုက်သည်။

"အူသာ...တစ်ချိန်ကမင်းဟာငါ့ရဲ့ဆရာဖြစ်ခဲ့ပြီး ငါ့ကိုထူးချွန်တဲ့ပါလာဒင်တစ်ယောက်ဖြစ်အောင် လမ်းပြခဲ့ပေမဲ့ ဒါကငါလိုချင်တဲ့လမ်းကြောင်းမဟုတ်ဘူး...မင်းငါ့ကိုပေးခဲ့တဲ့အရာက အထွတ်အထိပ်ကိုရောက်ဖို့မလုံလောက်ဘူး...ခုဆိုရင်ငါ့ဟာစွမ်းအားအကြီးဆုံးနဲ့အကန့်အသတ်မဲ့အနာဂတ်ကိုပိုင်ဆိုင်ထားပြီ...မင်းငါ့ကိုဘယ်တော့မှအနိုင်မယူနိုင်ဘူး...မင်းရဲ့အလင်းရောင်က ငါ့ရဲ့ဆိုးညစ်တဲ့အော်ရာအောက်မှာ ထာဝရပျောက်ကွယ်သွားရလိမ့်မယ်"

"မာနကြီးလိုက်တဲ့မကောင်းဆိုးဝါး...မင်းကအလင်းကိုအောင်နိုင်ဖို့မျှော်လင့်နေတာလား...အလင်းကသာဒီလောကမှာထာဝရတည်မြဲနေလိမ့်မယ်...နေထွက်လာသရွေ့ အလင်းရောင်ရှိနေမှာဖြစ်ပြီး ဘဝတစ်ခုလုံးကိုရှေ့ဆောင်လမ်းပြပေးမယ်...အသက်မရှိတဲ့မင်းတို့ဟာဒီလောကမှာမရှိသင့်တော့ဘူး...ငါကမင်းကိုသန့်စင်ဖို့ အလင်းရောင်ကိုကိုယ်စားပြုတယ်"

အူသာသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အလင်းတူကိုကိုင်ဆောင်ကာ အားသက်စ်ကိုရိုက်ချလိုက်သည်။

အားသက်စ်သည်လည်း ငြိမ်ခံနေရန်ဆန္ဒမရှိဘဲ မနက်ခင်းနှင်းဓားကိုဝှေ့ယမ်း၍ ခုခံလိုက်သည်။

ဤသို့ဖြင့် ရှောင်ယု၏လက်အောက်မှလူနှစ်ယောက်သည် အချင်းချင်းတိုက်ခိုက်ကြတော့သည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ စိတ်ဓာတ်ကျသွားခဲ့သည်။ရှောင်ယုသည် မသေမျိုးများ၏တည်ရှိမှုကို သူ၏သူရဲကောင်းများအပြင် လူတိုင်းထံမှဖုံးကွယ်ထားခဲ့သည်။သူသည် ထိုအကြောင်းကိုအူသာမသိအောင်ဖုံးကွယ်ထားသည့်အတွက် အားသက်စ်သည်ရှောင်ယု၏လက်အောက်ခံဖြစ်ကြောင်း မသိခဲ့ပေ။

လက်ရှိအချိန်တွင် နှစ်ယောက်သားတွေ့မိကြသည်နှင့် ချက်ချင်းတိုက်ခိုက်ကြတော့သည်။

အာဇာသည် ထိုမြင်ကွင်းကိုကြည့်၍ အံ့အားသင့်သွားခဲ့သည်။မသေမျိုးများနှင့်ရှောင်ယုတို့သည် တိုက်ခိုက်ကြလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

မသေမျိုးများသည် ရှောင်ယု၏လက်အောက်၌ရှိနေသည်ဟု သူဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက်ကြောင့် ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါတွင် လုံးဝမဖြစ်နိုင်ကြောင်းသူခံစားမိလိုက်သည်။အူသာနှင့်အားသက်စ်တို့အကြား မုန်းတီးမှုသည် ပြန်လည်မရရှိနိုင်တော့ပေ။

ထိုအချိန်တွင် ဘုရားကျောင်းတပ်သားအချို့သည် ထိုမြင်ကွင်းကိုတွေ့မြင်ခဲ့ပြီး ခဏအကြာတွင် မသေမျိုးများကိုတိုက်ခိုက်ရန်အတွက် ကိုယ်တိုင်ပါဝင်လာကြသည်။

အမှန်တော့ ဦးနှောက်ဆေးခြင်းလုပ်ငန်းစဉ်အတွင်း ဘုရားကျောင်း၏တပ်သားများသည် အလင်းဘုရားကျောင်း၏နတ်ဘုရားအဖြစ် အူသာကိုကိုးကွယ်ခဲ့ကြကာ မသေမျိုးများအားသန့်စင်ခြင်းသည် သူတို့၏တာဝန်ဖြစ်ကြောင်းသင်ကြားခံခဲ့ရသည်။

လက်ရှိအချိန်တွင် အူသာနှင့်အားသက်စ်တို့ တိုက်ခိုက်နေကြသည်ကိုမြင်သောအခါ အူသာကိုလာရောက်ကူညီကြသည်မှာ သဘာဝကျပေသည်။ဤအူသာသည် အတုဖြစ်ကြောင်းဘုရားကျောင်းမှပြောထားသည်ကိုပင် သူတို့ခဏလောက်မေ့သွားကြသည်။

လက်ရှိအချိန်တွင် လူတိုင်းသည် အူသာသည်အစစ်အမှန်ဖြစ်ကြောင်းခံစားမိခဲ့ကာ လုံးဝထောက်ခံခဲ့ကြသည်။

လက်ရှိအချိန်တွင် မသေမျိုးများသည် နာရက်စ်မန်း၏ထောက်ပံ့မှုကိုရရှိထားသည့်အတွက်ကြောင့် သူတို့၏ခွန်အားများသည်အလွန်မြင့်တက်လာခဲ့သော်လည်း ရှောင်ယုနှင့်ဘုရားကျောင်း၏တပ်ဖွဲ့များက သူတို့အားချုပ်နှောင်ထားခဲ့ကြသည်။သို့သော်လည်း သူတို့၏အရေအတွက်က ရုတ်တရက်ပိုများလာခဲ့သည်။

ရှောင်ယုသည် လက်ရှိအချိန်တွင် အားသက်စ်ကိုလျှို့ဝှက်စွာအမိန့်ပေးကာ အမြန်ဆုံးဆုတ်ခွာစေခဲ့သည်။ဤနေရာတွင်ကြာကြာနေပါက အားသက်စ်သည်သေဆုံးသွားနိုင်ပေသည်။

အားသက်စ်သည် ဆုတ်ခွာရန်မလိုလားသော်လည်း ရှောင်ယု၏အမိန့်ကိုနာခံ၍ အမြန်ဆုံးဆုတ်ခွာသွားခဲ့သည်။

မသေမျိုးတပ်ဖွဲ့တွင် အမြှောက်စာများအဖြစ်အသုံးပြုနိုင်သော မသေမျိုးများအမြောက်အများရှိနေသည့်အတွက်ကြောင့် လက်ရွေးစင်မသေမျိုးများက လျင်မြန်စွာဆုတ်ခွာသွားကြသည်။ထိုအခါ ဘုရားကျောင်းနှင့်ငွေရောင်လက်တပ်ဖွဲ့များက သူတို့နောက်သို့အမှီလိုက်သွားကြသော်လည်း အဆုံးသတ်၌လိုက်မမှီခဲ့ပေ။

အားသက်စ်သည် မသေမျိုးတပ်သားများအား ဆုတ်ခွာမှုကိုဦးဆောင်ခဲ့ချိန်တွင် နာရက်စ်မန်းကလည်း အားသက်စ်နောက်သို့လိုက်ပါသွားခဲ့သည်။

"အားသက်စ်က နာရက်စ်မန်းကိုထိန်းချုပ်ထားတာလား"

ရှောင်ယုက ချက်ချင်းစဉ်းစားမိလိုက်သည်။

လက်ရှိအချိန်တွင်သူသည် ထိုကိစ္စကိုစဉ်းစားနိုင်ခြင်းမရှိတော့ပေ။ယခုအခါ ရှေ့တန်းစစ်မြေပြင်၌ ရှောင်ယု၏တပ်ဖွဲ့နှင့်ဘုရားကျောင်း၏တပ်ဖွဲ့များ ရောထွေးနေ၍ဖြစ်သည်။

သို့သော်လည်း ဘုရားကျောင်း၏တပ်ဖွဲ့များသည် အူသာကိုတိုက်ခိုက်ရန်ရည်ရွယ်ချက်ရှိပုံမရပေ။ထိုအခိုက်အတန့်တွင် ဘုရားကျောင်း၏တပ်သားအားလုံးသည် အူသာကိုကိုးကွယ်ရန်အတွက် စိတ်အားထက်သန်နေကြသည်။

"အူသာ အသက်ရှည်ပါစေ...တရားမျှတမှုနဲ့အတူအလင်းကိုသယ်ဆောင်နိုင်ပါစေ"

အလွန်ဆိုသည် ထိုအခိုက်အတန့်ကိုအခွင့်ကောင်းယူ၍ ကြွေးကြော်ခဲ့သည်။

ငွေရောင်လက်၏အဖွဲ့ဝင်များကလည်း နောက်မှလိုက်၍ကြွေးကြော်ကြသည်။မကြာမှီ ဘုရားကျောင်း၏အဖွဲ့ဝင်များကလည်း လိုက်ပါကြွေးကြော်နေကြသည်။အစောပိုင်းတွင် အနီးအနားရှိတပ်သားများသာ ကြွေးကြော်နေကြရာမှ မကြာမှီအဝေးမှတပ်သားများ၊အာဇာ၏အနီး၌ရှိနေသော ပါလာဒင်များသည်ပင် ကြွေးကြော်လာခဲ့ကြပြီး အဆုံးသတ်တွင်စစ်မြေပြင်တစ်ခုလုံးက တစ်ယောက်ပြီးတစ်ယောက်သံပြိုင်ကြွေးကြော်လာခဲ့သည်။

အာဇာသည် ယခုအချိန်၌ အလွန်လိမ္မာပါးနပ်နေခဲ့ကာ သူ့လူများကိုပင် အတင်းအကြပ်တားဆီးခြင်းမပြုခဲ့ပေ။ယခုအချိန်တွင် သူတို့အားရပ်တန့်လိုက်မယ်ဆိုပါက ထိုလူများ၏လက်ချက်ကြောင့် သတ်ဖြတ်ခံရဖွယ်ရှိကြောင်း သိရှိထား၍ဖြစ်သည်။

အာဇာကိုယ်တိုင်ကပင် ဘုရားကျောင်း၏တပ်သားများတယူသန်မှုကို နက်နက်ရှိုင်းရှိုင်းသိရှိထားပေသည်။ယခုအခါ သူတို့အားလုံးသည် အူသာ၏ဂုဏ်ပုဒ်ကို သူတို့ရိုးတွင်းခြင်ဆီထဲသို့ ထိုးဖောက်ဝင်ရောက်သွားသလိုမျိုး အော်ဟစ်နေကြခြင်းဖြစ်သည်။

သူတစ်ယောက်တည်းဖြင့် လက်ရှိအခြေအနေအား လုံးဝမပြောင်းလဲနိုင်ပေ။

ရှောင်ယုသည် နဂါးလေး၏နောက်ကျောကိုစီးနင်းကာ ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရ၍ ထိတ်လန့်သွားခဲ့ရသည်။

ဘာတွေဖြစ်နေတာလဲ...ငါတို့ကတိုက်ပွဲကိုဆက်တိုက်ရမှာမဟုတ်ဘူးလား...ခုတော့သူတို့အားလုံးက အူသာကိုဝိုင်းပြီးကောင်းချီးပေးနေကြပါလား...ပြီးတော့သူတို့ထဲက တော်တော်များများကဒူးတောင်ထောက်နေကြပြီ

ရှောင်ယုသည် အမှန်တကယ်စိတ်ရှုပ်နေခဲ့သည်။မူလကသူသည် ဘုရားကျောင်း၏တပ်ဖွဲ့အား တွန်းလှန်ရန်အတွက် အားသက်စ်ကိုစေလွှတ်ခဲ့သော်လည်း အဆုံးသတ်၌ အူသာနှင့်အားသက်စ်တို့ကသာ အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။

ဘုရားကျောင်း၏တပ်သားများက အူသာသည်စစ်မှန်သောအူသာဖြစ်ပြီး အလင်းနတ်ဘုရားတစ်ပါးဖြစ်ကြောင်း ရုတ်တရက်ခံစားမိလိုက်ကြသည်။

ထိုသို့အရိုအသေပေးမှုသည် တစ်နာရီကျော်ကြာမြင့်ခဲ့ပြီးနောက်တွင် ဘုရားကျောင်းမှလူများ၏ စိတ်အားထက်သန်မှုသည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ခြင်္သေ့မြို့တော်၏တပ်သားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။သူတို့သည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ ကောင်းစွာကျင့်သားမရသေးပေ။

"တပ်သားတို့...အူသာဟာမကောင်းဆိုးဝါးတွေရဲ့တိုက်ခိုက်မှုကို တွန်းလှန်ဖို့အတွက် ငါတို့ကိုဦးဆောင်လမ်းပြခဲ့တယ်...အနာဂတ်မှာကြီးမြတ်တဲ့အူသာရဲ့ဦးဆောင်မှုအောက်မှာ ငါတို့ဟာဒီတိုက်ကြီးပေါ်မှာရှိတဲ့ မကောင်းဆိုးဝါးမှန်သမျှကိုဖယ်ရှားပြီးတော့ တိုက်ကြီးရဲ့သာယာဝပြောမှုကို ကာကွယ်စောင့်ရှောက်သွားကြမယ်...အူသာကိုသစ္စာခံပြီးတော့ အကြီးမြတ်ဆုံးပါလာဒင်ဖြစ်လာကြပါ"

ယခုအချိန်တွင် ရှောင်ယုသည် အူသာအတုအစစ်အကြောင်းကို ဘာမှဆက်မပြောတော့ပေ။သို့သော်ရှောင်ယုက ဘာမှပြောစရာမလိုခဲ့ဘဲ ဘုရားကျောင်းမှလူများက အူသာကိုတလေးတစားဦးညွတ်လိုက်ကြသည်။

ရှောင်ယုကပြုံးပြီး အာဇာဆီသို့တိုက်ရိုက်ဦးတည်လိုက်သည်။

အခန်း ၅၅၈ - အကူအညီများရောက်ရှိလာခြင်း

"မင်းညဏ်ကောင်းတာငါသိတယ်...သူငယ်ချင်း...မင်းခုဘာလုပ်ရမယ်ဆိုတာ သိသင့်ပါတယ်"

ရှောင်ယုက အာဇာကိုကြည့်ရင်းတိုးတိုးလေးပြောလိုက်သည်။

အာဇာသည် ရှောင်ယုကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားနေသောလူအုပ်ကို ကြည့်လိုက်မိသည်။အာဇာသည် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ရုတ်တရက်ပြောလိုက်သည်။

"ငါနားလည်ပြီ...အူသာသက်တော်ရာကျော်ရှည်ပါစေ"

အာဇာကထိုသို့ပြောလာပြီးနောက် သူ၏ပတ်ဝန်းကျင်၌ရှိနေသော ပါလာဒင်အားလုံးသည် အူသာသက်တော်ရာကျော်ရှည်ပါစေဟု သံပြိုင်အော်ဟစ်လိုက်ကြသည်။

ပြင်းပြင်းထန်ထန်တိုက်ခိုက်ရမယ့် တိုက်ပွဲသည်ရုတ်တရက်ပြီးဆုံးသွားခဲ့ပြီး ရှောင်ယုသည်ဘုရားကျောင်း၏တပ်ဖွဲ့အားလုံးကို သူ့လက်အောက်ထဲသိမ်းသွင်းလိုက်သည်။

ဘဝဟူသည် ယခုလိုအံ့သြသင့်ဖွယ်ကိစ္စရပ်များနှင့်ပြည့်နှက်နေတတ်သည်။

မကြာမှီ ရှောင်ယု၊အာဇာနှင့်အခြားသူများသည် စကားစမြည်ပြောဆိုလာကြသည်။

"ကောင်းပြီ...မင်းကအခြေအနေကိုနားလည်တဲ့ ညဏ်ကောင်းတဲ့လူတစ်ယောက်ပဲ"

ရှောင်ယုသည် သူငယ်ချင်းဟောင်းတစ်ယောက်လိုပြုံးပြလိုက်ပြီး အာဇာ၏ပုခုံးကိုလှမ်းပုတ်လိုက်သည်။

အာဇာက ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။

"ဒါနဲ့ မင်းကဘာလို့ရုတ်တရက်အရှုံးပေးလိုက်ရတာလဲ အာဇာ...ဒီအချိန်မှာအူသာကို လူအမြှောက်အများကအသိအမှတ်ပြုထားပေမဲ့ မင်းကဒီအခြေအနေကိုထိန်းထားဖို့လုပ်ဆောင်မ်ုင့သေးတာပဲ"

ရှောင်ယုသည် ထိုကိစ္စနှင့်ပတ်သက်၍ တွေးတောနေဆဲဖြစ်သည်။

အာဇာသည် လက်ဖက်ရည်ကိုတစ်ငုံသောက်၍ပြောလိုက်သည်။

"ငါကအခြေအနေကို ခဏလောက်ထိန်းထားနိုင်မယ်ဆိုရင်တောင် ဘာတွေပြောင်းလဲသွားမှာလဲ...ငါ့မှာအဲလောက်ထိလုပ်ဆောင်နိုင်စွမ်းမရှိဘူး...ဒါ့အပြင် ပုပ်ရဟန်းမင်းနောက်ကိုလိုက်တာဖြစ်စေ မင်းနောက်ကိုလိုက်တာဖြစ်စေ ငါ့အတွက်ကြီးမားတဲ့ကွာခြားချက်မရှိဘူး...ငါက ဘုရားကျောင်းမှာရည်မှန်းချက်ကြီးကြီးမားမားမရှိခဲ့ဘူး...ငါကဘယ်သူနဲ့မှပြိုင်ရတာမကြိုက်ဘူး...ဒီတစ်ခါတော့ ငါကတာဝန်ကြီးကြီးမားမားကိုထမ်းရွက်ခဲ့တယ်...မင်းကိုကြည့်ရတာလူကောင်းတစ်ယောက်ပဲ...ပုပ်ရဟန်းမင်းကငါ့ကိုတန်ဖိုးထားတဲ့အတွက် ငါဒီကိုမလာခင်မင်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုလေ့လာခွင့်ရခဲ့တယ်...ငါ့အတွက်တော့ဘာမှကွာဟချက်မရှိဘူး"

အာဇာသည် အလွန်တည်ငြိမ်နေပြီး သဘာဝကျသောလေသံဖြင့်ပြောလိုက်သည်။ဤသည်မှာ သူ့စိတ်ထဲရှိမှန်ကန်သောအတွေးဖြစ်ကြောင်း ထင်ရှားနေပေသည်။

"မင်းကဉာဏ်ကောင်းပြီး ထူးချွန်တဲ့တပ်မှူးတစ်ယောက်ဖြစ်လို့ တည်ငြိမ်အေးဆေးပြီးတော့ အရာရာတိုင်းကိုရှင်းရှင်းလင်းလင်းနားလည်ထားတာပဲ...ကောင်းပြီလေ အနာဂတ်မှာဒီတပ်ဖွဲ့ကို မင်းဆက်လက်ဦးဆောင်နိုင်တယ် မင်းကအူသာဦးဆောင်တဲ့စစ်တပ်ရဲ့ပါလာဒင်အကြီးအမှူးဖြစ်လာရမယ်"

ရှောင်ယုက အာဇာကိုတရားဝင်ရာထူးပေးအပ်လိုက်သည်။

"ဒါ...မဖြစ်နိုင်ဘူး...မင်းကငါ့ကိုတကယ်ယုံတာလား"

ရှောင်ယု၏ ထူးဆန်းသောအပြုအမူများကို အာဇာကြားခဲ့ဖူးသော်လည်း ရှောင်ယုသည် သူ့အားစစ်တပ်၏အာဏာကိုလွဲပြောင်းပေးဝံ့သည်အထိ သတ္တိရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ငါကဘာလုပ်ရမှာလဲ...ဒီတပ်ဖွဲ့ကိုဦးဆောင်ဖို့အတွက် မင်းလောက်သင့်တော်တဲ့လူမျိုး ငါ့မှာမရှိဘူး...အနာဂတ်မှာသွေးနီရောင်ခရူးဆိတ်တွေကို ငွေရောင်လက်အဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်...မင်းကငွေရောင်လက်ရဲ့အကြီးအမှူးဖြစ်လာပြီး အလွန်ဆိုကလက်ထောက်တပ်မှူးအဖြစ် မင်းကိုကူညီပေးမှာဖြစ်တယ်...မင်းအူသာကိုယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေအရေးမကြီးဘူး"

ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။

အာဇာသည် ရှောင်ယု၏လုပ်ဆောင်ပုံနှင့်ပတ်သက်၍ အနည်းငယ်စိတ်မသက်မသာဖြစ်ခဲ့မိသည်။

ရှောင်ယုသည် ဤအခွင့်အရေးကိုအရယူကာ ဘုရားကျောင်းမှသိမ်းပိုက်ထားသော ခြင်္သေ့နယ်မြေ၏ အနီးဝန်းကျင်နေရာများကို သူ၏အိပ်ကပ်ထဲသို့သိမ်းယူခဲ့သည်။အတန်ငယ်ဝေးကွာသောဒေသများကိုမူ အချိန်တိုအတွင်းတည်ငြိမ်အောင် လုပ်ဆောင်နိုင်စွမ်းမရှိသည့်အတွက်ကြောင့် စွန့်လွှတ်ရန်ရွေးချယ်ခဲ့သည်။

မည်သို့ပင်ဆိုစေ အဆုံးသတ်စစ်ပွဲကရောက်ရှိလာတော့မည်ဖြစ်ရာ ထိုနေရာများသည်သူ့လက်ထဲသို့ ကျရောက်လာမည်သာဖြစ်သည်။

မူလကလူတိုင်းသည် ဤစစ်ပွဲ၏နိဂုံးကိုစောင့်မျှော်နေခဲ့ကြသည်။ယခုအခါ ဘုရားကျောင်းရှုံးနိမ့်သွားပြီဖြစ်၍ ရှောင်ယုကဲ့သို့ပင်ဘုရားကျောင်း၏နယ်မြေများကို တိုက်ခိုက်ခဲ့ကြသည့်အတွက်ကြောင့် ဘုရားကျောင်းမှသိမ်းပိုက်ထားသောနယ်မြေသည် တခဏအတွင်းပြိုလဲသွားခဲ့ရသည်။

မူလက နယ်မြေများအတွင်းရှိပြည်သူများ၏ ပိုင်ဆိုင်မှုများကို ဘုရားကျောင်းက အတင်းအဓမ္မသိမ်းယူခဲ့သည်။ဘုရားကျောင်းသည် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခဲ့ပြီးနောက်တွင် အလင်းနတ်ဘုရားကိုအတင်းအကြပ်ကိုးကွယ်ခိုင်းခဲ့သည်။သို့ဖြစ်ရာ ပြည်သူများသည်အလွန်ပင်ဒေါသထွက်နေခဲ့ကြသည်။သူတို့သည် ဘုရားကျောင်း၏သွေးနီရောင်ခရူးဆိတ်များကိုတွေ့မြင်သရွေ့ အစွမ်းကုန်သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။

တစ်ချိန်က တိုက်ကြီးတစ်ခုလုံး၏ယုံကြည်ခြင်းကို အုပ်စိုးခဲ့သောဘုရားကျောင်းသည် ချက်ချင်းပင်မသေချာမရေရာသော အခြေအနေသို့ကျရောက်သွားခဲ့သည်။

ရှောင်ယုသည် ထိုသွေးနီရောင်ခရူးဆိတ်များအား အသွင်ပြောင်းရန်အတွက် အလွန်ကြိုးစားအားထုတ်ခဲ့သည်။အူသာသည် နေ့စဉ်နေ့တိုင်း အယူဝါဒအသစ်များကိုဖြန့်ကျက်စေကာ လူတိုင်းကိုမသတ်ရန် ပညတ်တော်ကိုမချိုးဖောက်ရန် အမိန့်ပေးခဲ့သည်။အလင်းနတ်ဘုရားကို မယုံကြည်သူတို့အားအတင်းအကြပ် မယုံကြည်ခိုင်းစေဘဲ သူ့ဆန္ဒကိုလေးစားလိုက်နာပေးရမည်ဖြစ်သည်။

ဤရက်များသည် တိုက်ကြီး၏အဆိုးရွားဆုံးသောကာလများဖြစ်ကြသည်။ဤပျက်ကွက်မှုကြောင့် ဘုရားကျောင်းလိုဧရာမအဖွဲ့အစည်းကြီးတစ်ခုတောင်မှ ချက်ချင်းပြိုလဲသွားခဲ့ရကာ လုံးဝလွတ်မြောက်ခွင့်မရခဲ့ပေ။

လူတိုင်းသည် ဘုရားကျောင်း၏နယ်မြေကို ပိုင်းခြားရန်စတင်ခဲ့ကြသော်လည်း ဘုရားကျောင်းအပေါ် သစ္စာစောင့်သိခဲ့သော သွေးနီရောင်ခရူးဆိတ်များက ပုပ်ရဟန်းမင်းကိုရှာမတွေ့ခဲ့ကြောင်း ရုတ်တရက်တွေ့ရှိခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ပျောက်ဆုံးမှု စစ်ပွဲတွင်ရှုံးနိမ့်မှု အဆင့်မြင့်ပါလာဒင်အများစုတို့အား ဆုံးရှုံးခဲ့ရမှုတို့ကြောင့် ဘုရားကျောင်းသည်အခြားသောအင်အားစုများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘဲ လျင်မြန်စွာပြိုလဲသွားခဲ့ရသည်။

အချို့နေရာများတွင် အနက်ရောင်တပ်သားများသည် အလွန်များပြားသောအရေအတွက်ဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ဆူပူမှုများကို လုပ်ဆောင်လာခဲ့ကြသည်။အနက်ရောင်တပ်သားများသည် အလွန်များပြားပြီး နတ်ဆိုးများရောနှောပါဝင်နေသည့်အတွက်ကြောင့် အသေးစားနှင့်အလယ်အလတ်အင်အားစုများက ခုခံနိုင်စွမ်းမရှိဘဲ ပြိုလဲသွားခဲ့ရသည်။

ရှောင်ယုသည် လင်းမူရွယ်အားလက်ထပ်ရမည့်ကိစ္စနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရသလို လက်တွေ့အကောင်အထည်ဖော်ရန် နည်းလမ်းမရှိခဲ့ပေ။

ယခုဆိုလျှင် ရှောင်ယုသည် လင်းမူရွယ်ကိုတရားဝင်လက်ထပ်ကာ သက်တောင့်သက်သာဘဝကိုဖြတ်သန်းရန် ဤအခွင့်အရေးကိုအရယူလိုခဲ့သည်။

သို့သော်လည်း နတ်ဘုရားများသည် ရှောင်ယုကိုသဘောမကျပုံရသည်။ရှောင်ယုသည် လင်းမူရွယ်ကိုလက်ထပ်ရန် ဆုံးဖြတ်လိုက်သည့်အခါတွင် ယခုလိုဆိုးရွားသောသတင်းက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ဂေါ်ဒန်ဦးဆောင်သော အောစ့်များသည် နောက်ထပ်နယ်မြေများကို တို၍သိမ်းပိုက်လာခဲ့သည်။ထို့ပြင် ၎င်းတို့သည် ကနေဒီမိသားစုနှင့်မဟာမိတ်ဖွဲ့ထားခဲ့သည်။ယခုအခါ ဂေါ်ဒန်၏တပ်များသည် ခြင်္သေ့နယ်မြေနှင့်များစွာမဝေးလှတော့ပေ။

ဤသို့ဖြင့် စစ်ပွဲကတဖန်စတင်တော့မည်ဖြစ်သည်။

ဘုရားကျောင်းကိုအောင်နိုင်သည့်တိုက်ပွဲကြောင့် ရှောင်ယု၏ရာထူးအဆင့်သည် တဖန်ပြန်၍တိုးမြင့်လာပေရာ သူ၏အခြေစိုက်စခန်းများကို အဆင့်မြင့်တင်နိုင်ပြီဖြစ်သည်။

လက်ရှိအချိန်တွင် မည်သို့မှစဉ်းစားမနေတော့ဘဲ ရှောင်ယုသည် အောစ့်အခြေစိုက်စခန်းအား တတိယအဆင့်သို့တိုက်ရိုက်အဆင့်မြင့်ခဲ့သည်။ယခုအခါ သူသည်အောစ့်အခြေစိုက်စခန်းမှ နွားလားစစ်သည်ကိုစတင်ခေါ်ယူနိုင်ပြီဖြစ်သည်။

နွားလားစစ်သည်များသည် အလွန်ပင်အစွမ်းထက်ကြောင်း သံသယဖြစ်စရာမလိုခဲ့ပေ။သို့သော်လည်း ၎င်းတို့ထွက်ပေါ်လာသည့်အခါတွင် ရှောင်ယုသည် ထိတ်လန့်နေဆဲဖြစ်သည်။နွားလားစစ်သည်တစ်ကောင်စီတိုင်းသည် အမြင့်၃မီတာထက်မပိုပေ။သူတို့သည် ဧရာမတိုင်လုံးများကိုကိုင်ဆောင်ထားကာ ကြီးမားသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည်။သူတို့သာ မြေပြင်ကိုပေါ့ပေါ့တန်တန်တချက်ရိုက်ထည့်လိုက်ပါက ငလျင်လှုပ်သလိုတုန်ခါစေမည်ဖြစ်သည်။

ရှောင်ယုသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ဤနွားလားစစ်သည်များဖြင့်ဆိုလျှင် သူသည်ဂေါ်ဒန်၏အောစ့်များကို ကြောက်ရွံ့နေစရာလိုမည်လား။နွားလားစစ်သည်၃၀၀၀သည် လူထောင်ပေါင်းများစွာကို တိုက်ရိုက်သုတ်သင်နိုင်စွမ်းရှိသည်။

တင့်ကားနှင့်နွားလားစစ်သည်အတွဲအဖက်သည် အလွန်ပင်အစွမ်းထက်ပေသည်။

တိုက်ကြီး၏အခြေအနေသည် အဆက်မပြတ်ပြောင်းလဲနေခဲ့ပြီး မကြာမှီခေတ်သစ်တစ်ခု ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ရှောင်ယုကောင်းကောင်းသိထားသလို လူတိုင်းလည်းနားလည်ထားကြသည်။ထို့ကြောင့်လူတိုင်းက လက်ရှိအချိန်၌ သူတို့ကိုယ်သူတို့အထင်တကြီးပြုမူလာကြသည်။

ဂေါ်ဒန်နှင့်ရောဘတ်တို့က အကောင်းဆုံးသောဥပမာများဖြစ်ကြသည်။

ယခုဆိုလျှင် အင်အားစုတိုင်း၏အမြင်၌ ရှောင်ယုသည်သတိထားရမည့်သူတစ်ယောက်ဖြစ်သည်။အထူးသဖြင့် ရှောင်ယုသည်လက်ရှိအချိန်၌ အင်အားအကြီးဆုံးဖြစ်ပေသည်။သန်းပေါင်းများစွာသောတပ်သားများနှင့် အင်အားကြီးမားသည့် သူရဲကောင်းများ၏အကူအညီကြောင့် မည်သူကမှရှောင်ယုအားအလွယ်တကူသွားရှုပ်ဝံ့ခြင်းမရှိကြပေ။

အကယ်၍ ရောဘတ်၏ဦးခေါင်းသာမြည်းကန်မခံရပါက အပြောင်အပျက်ပြုလုပ်ရန် တွေးတောနေမည်မဟုတ်ပေ။အမှန်တော့ ရောဘတ်သည်ခေါင်းရှုပ်နေခြင်းဖြစ်သည်။သူသည်ခြင်္သေ့နယ်မြေကို တိုက်ခိုက်ရန်အတွက် ဂေါ်ဒန်ကိုအားပေးအားမြှောက်ပြုလုပ်ခဲ့သည်။

သို့သော်လည်း ဂေါ်ဒန်သည်မြေခွေးအိုကြီးတစ်ကောင်ဖြစ်ရာ ယခုလိုပရမ်းပတာကာလ၌ အမြတ်ထုတ်နည်းကိုသိရှိထားပေသည်။

ထို့ကြောင့်ဂေါ်ဒန်သည် ရောဘတ်၏အဆိုပြုချက်ကို ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ကာ ရှောင်ယုအားဦးစွာတိုက်ခိုက်ရန်ငြင်းဆိုခဲ့သည်။ထို့ပြင်ဂေါ်ဒန်သည် ခြင်္သေ့နယ်မြေနှင့်ညှိနှိုင်းရန်အတွက် တစ်စုံတစ်ဦးကိုစေလွှတ်ခဲ့ပြီး ရှောင်ယုနှင့်ငြိမ်းချမ်းစွာနေထိုင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

"ဒီကောင်က တကယ့်မြေခွေးအိုကြီးပဲ"

ရှောင်ယုသည် သဘာဝကျစွာပင် ဂေါ်ဒန်၏စေ့စပ်ညှိနှိုင်းခြင်းကို ငြင်းဆန်နေမည်မဟုတ်ပေ။သူသည် ငြိမ်းချမ်းရေးသဘောတူညီချက်၌ လက်မှတ်ရေးထိုးပေးရန် ကတိပြုခဲ့သည်။

သို့သော်လည်း နောက်ကွယ်တွင်ရှောင်ယုက သူ၏တပ်သားများကို စတင်စုစည်းနေပြီဖြစ်သည်။

ထိုသို့ပြုလုပ်ရန်အတွက် အာဇာနှင့်ချင်ချဲတို့အားအဓိကတာဝန်ပေးအပ်ခဲ့သည်။နောက်ဆုံးအကြိမ်စစ်ပွဲ၌ အာဇာသည်ကျိန်းသေပေါက် အရည်အချင်းရှိသူတစ်ယောက်ဖြစ်ကာ စိတ်ချယုံကြည်ရသူတစ်ယောက်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။

ရှောင်ယုနှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးနောက်တွင် ဂေါ်ဒန်သည်သူ၏ပိုင်နက်ကိုတိုးချဲ့ရန်အတွက် အခြားအင်အားစုများ၏နယ်မြေများကို အဆက်မပြတ်သိမ်းပိုက်ခဲ့သည်။

ရှောင်ယုသည် ဂေါ်ဒန်၏အပြုအမူကိုဂရုမစိုက်ပေ။တစ်ချိန်တွင် ဂေါ်ဒန်သာအနက်ရောင်တပ်သားများနှင့်ရင်ဆိုင်ရပါက မည်သို့ဖြစ်လာမည်ကိုသာ သူသိချင်နေမိသည်။

မူလက ဂေါ်ဒန်နှင့်အနက်ရောင်တပ်သားများသည် တစ်ဖွဲ့တည်းဖြစ်သည်ဟု ရှောင်ယုယခင်ကတွေးထားခဲ့ဖူးသော်လည်း ယခုအခါသူတို့သည် တစ်ဖွဲ့တည်းမဖြစ်နိုင်ကြောင်း သက်သေပြနိုင်သည့်အချက်များစွာ ရှိနေခဲ့သည်။

မသေမျိုးတပ်သားများသည် နာရက်စ်မန်းသို့ပြန်လည်ဝင်ရောက်ပြီးနောက်တွင် ရှောင်ယုသည် အနက်ရောင်တပ်သားများကိုစုဆောင်းကာ တပ်ဖွဲ့တစ်ခုတည်ဆောက်ရန်အတွက် မသေမျိုးများကိုအမိန့်ပေးခဲ့သည်။

မည်သို့ပင်ဆိုစေ ဤအနက်ရောင်တပ်သားများသည် အသိစိတ်မရှိကြသည့်အတွက်ကြောင့် ပြောင်းလဲအသုံးပြုရန်မှာ အရေးကြီးသောကိစ္စမဟုတ်ပေ။

အားသက်စ်သည် သူ့အပေါ်၌အလွန်သစ္စာစောင့်သိခဲ့ပြီး အနာဂတ်တွင် အားသက်စ်အတွက် အခြေချရာနေရာစီစဉ်ပေးရန် ရှောင်ယုတွေးထားခဲ့သည်။ရွေးချယ်စရာအချို့မှာ အားသက်စ်အားမြေအောက်မြို့တော်၏အရှင်သခင်ဖြစ်လာစေရန် သို့မဟုတ် နာရက်စ်မန်းအတွင်းသို့ဝင်ရောက်သွားရန်ဖြစ်သည်။

ယခုအခါတွင် သူသည်အားသက်စ်၏စွမ်းအားကိုပိုမိုကြီးမားသော အတိုင်းအတာတစ်ခုထိမြင့်တင်ရန် ရည်ရွယ်ထားပေသည်။ဤကိစ္စတွင် အနက်ရောင်တပ်သားများကို တွန်းလှန်ရန် အားသက်စ်ကကြီးကြီးမားမားအကူအညီပေးနိုင်ပေသည်။

ဤသို့ဖြင့် မသေမျိုးများ၏ တိုက်ခိုက်ရေးစွမ်းအားက ပိုမိုအားကောင်းလာမည်ဖြစ်သည်။သို့သော်လည်း သက်ရှိလူသားများကိုမသေမျိုးအဖြစ်မပြောင်းလဲရန် ရှောင်ယုကအားသက်စ်ကို တင်းတင်းကြပ်ကြပ်တားမြစ်ထားသည်။အကယ်၍ သက်ရှိလူသားများနှင့်တွေ့ဆုံခဲ့လျှင် သူတို့အားကယ်တင်မခံရမှီအချိန်ထိ လျှိ့ဝှက်ဆန်းကြယ်အင်အားစုတစ်ခုက ချုပ်နှောင်ထားသကဲ့သို့ဟန်ဆောင်ရန် အားသက်စ်အားအမိန့်ပေးထားခဲ့သည်။

ဤနည်းအားဖြင့် တိုက်ကြီး၏အခြေအနေသည် ယခုအခါပိုမိုရှင်းလင်းလာခဲ့သည်။နီကိုးလပ်စ်သည် ယခုအခါရှောင်ယုထက်ပင် အင်အားပိုကောင်းသည့် စွမ်းအားစုတစ်ခုဖြစ်လာခဲ့တော့သည်။

နီကိုးလပ်စ်သည် အမှန်တကယ်အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။ထို့ပြင် သူ့မိသားစု၏အမွေအနှစ်ကလည်း အလွန်ခိုင်မာသည့်အတွက်ကြောင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

မူလကဆိုလျှင် လီယိုနာဒိုသည် လက်ရှိအကျပ်အတည်းကို တစ်ကိုယ်တော်ဖြတ်ကျော်လိုသော်လည်း အလွန်ဖိအားများသည့်အတွက်ကြောင့် နီကိုးလပ်စ်နှင့်မဟာမိတ်ဖွဲ့ခဲ့ရသည်။

အခြားမဟာမိတ်တစ်ခုဖြစ်သော ဂေါ်ဒန်နှင့်ရောဘတ်တို့မဟာမိတ်အဖွဲ့တွင် ဂေါ်ဒန်ကရောဘတ်ကိုထိန်းချုပ်ထားသည့် စရိုက်လက္ခာအချို့ကို မကြာခဏတွေ့မြင်နေရသည်။

အနောက်တိမ်တိုက်အင်ပါယာသည် ရှောင်ယုနှင့်မဟာမိတ်ဖွဲ့ရန်ရွေးချယ်ခဲ့သည်။

အနောက်တိမ်တိုက်အင်ပါယာသည် အန္တာရယ်ကျရောက်နေပြီဖြစ်ကြောင်း ထို့ပါဟောင်ကကောင်းကောင်းနားလည်ထားပေသည်။အကယ်၍ သူသာကောင်းစွာမဆောင်ရွက်နိုင်ပါက ပျက်စီးကိန်းကြုံရမည်ဖြစ်သည်။ဤအခြေအနေတွင်သူသည် ရှောင်ယုနှင့်တစ်လှေတည်းစီးရန်ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် ဤအတောအတွင်း အနောက်တိမ်တိုက်အင်ပါယာသည် ရှောင်ယုကိုအားပေးကူညီရန် အစွမ်းကုန်ကြိုးစားရမည်ဖြစ်သည်။ထို့ကြောင့် ထို့ပါဟောင်သည် သူ၏စစ်တပ်ကိုခြင်္သေ့နယ်မြေသို့ စေလွှတ်ပေးခဲ့သည်။

ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏တပ်ဖွဲ့ အထူးသဖြင့်ဧကရာဇ်ကျားအစောင့်တပ်သား ၅၀၀၀၀ရောက်ရှိလာမှုအပေါ် အလွန်စိတ်လှုပ်ရှားနေခဲ့သလို အလွန်လည်းနှစ်သက်ခဲ့သည်။

ရှောင်ယုသည် ဧကရာဇ်ကျားအစောင့်တပ်သားအကြောင်းကို ကောင်းစွာနားလည်ထားသည်။ရှောင်ယုသည် ဧကရာဇ်ကျားအစောင့်တပ်သားများနှင့် အကြိမ်ပေါင်းများစွာပူးပေါင်းဆောင်ရွက်ခဲ့၍ ရှောင်ယုကအလွန်သဘောကျနှစ်သက်ပေသည်။

ထို့နေ့တွင်ပင် ဖာဂူဆန်နှင့်လူတချို့က ရှောင်ယုထံသို့ရောက်ရှိလာခဲ့သည်။

All Chapters