← Chapters

အခန်း (၅၅၉-၅၆၂)

Vol. 37 Ch. 559-562

အခန်း (၅၅၉-၅၆၂)

Vol. 37 Ch. 559-562

အခန်း ၅၅၉ - သတ္တမအဆင့်ကျွမ်းကျင်သူများ

ဖာဂူဆန်သည် သူ့သဘောနှင့်သူစတင်ရောက်ရှိလာ၍ ရှောင်ယုကအနည်းငယ်ထူးဆန်းသလို ခံစားမိလိုက်သည်။

အမှန်တော့ ဖာဂူဆန်နှင့်သူ့အကြားဆက်ဆံရေးသည် အလွန်ကောင်းမွန်ခြင်းမရှိပေ။သို့ဖြစ်ရာ ဖာဂူဆန်ကအဘယ်ကြောင့်သူ့ထံရောက်လာရသနည်း။

ရှောင်ယုသည် ဖာဂူဆန်နှင့်တွေ့ဆုံရန်အတွက် အပြင်သို့ရောက်ရှိလာချိန်တွင် ဖာဂူဆန်၏နောက်၌ အလွန်များပြားသောလူများကို သတိထားမိလိုက်သည်။ရှောင်ယုသည် ထိုလူများဝတ်ဆင်ထားသည့် အဝတ်အစားများကိုကြည့်ခြင်းဖြင့် ထိုလူများ၏ အထောက်အထားကိုခန့်မှန်းနိုင်ခဲ့သည်။

ချက်ချင်းပင် ဖာဂူဆန်ခေါ်လာသူများသည် မည်သူဆိုသည်ကို ရှောင်ယုချက်ချင်းနားလည်သွားခဲ့သည်။

ကောင်းကင်ခြင်္သေ့မင်းဆက်၏ တော်ဝင်မိသားစု...

ရှောင်ယုသည် ခဏလောက်မျက်လုံးပြူးသွားခဲ့ကာ သူ့စိတ်ထဲ၌တွေးမိလိုက်သည်။

"ဒီလူကြီးကဘာဖြစ်ချင်နေတာလဲ...ဒီလူတွေကိုငါ့ဆီခေါ်လာတယ်ဆိုတော့ ငါ့ကိုသစ္စာရှိစေချင်တာလား"

"ဆရာကြီးဖာဂူဆန်...မင်းကဘာလို့ဒီကိုရောက်လာခဲ့တာလဲ"

ရှောင်ယုသည် ပြုံးပြီးပြောလိုက်သော်လည်း ထိုလူကြီးအားတန်ပြန်ချေပရန် မစောင့်နိုင်တော့ပေ။

"ရှောင်ယု...ငါစကားကိုလက်လွတ်စပယ်မပြောချင်တော့ဘူး...ငါဟာကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့တော်ဝင်မိသားစုကိုနှစ်ရှည်ကာလသစ္စာစောင့်သိခဲ့တယ်...ခုချိန်မှာတိုက်ကြီးက ပရမ်းပတာဖြစ်နေခဲ့ပြီ...ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့တော်ဝင်မိသားစုက ဒီကာလကိုဖြတ်ကျော်နိုင်ဖို့မရှိဘူး...မင်းကသူတို့ကိုလက်ခံပေးပြီးတော့ သူတို့ရဲ့နောက်ဆုံးလက်ကျန်ဂုဏ်သိက္ခာလေးကို ထိန်းထားပေးနိုင်ဖို့ငါမျှော်လင့်ပါတယ်"

ဖာဂူဆန်သည် ရှောင်ယုအားကြည့်၍ ရိုးရိုးသားသားလေသံဖြင့်ပြောလိုက်သည်။

ရှောင်ယုသည် မျက်မှောင်ကြုတ်လိုက်ကာ ဖာဂူဆန်အားဘေးသို့ခေါ်ထုတ်၍ အတည်ပြုမေးမြန်းလိုက်သည်။

"ဆရာကြီးဖာဂူဆန်...မင်းကဘာကိုဆိုလိုချင်တာလဲ...သူတို့ကိုလက်ခံပေးစေချင်တာလား...ဒါမှမဟုတ်မင်းရဲ့ခွန်အားနဲ့ငါ့ကိုခြိမ်းခြောက်ပြီးတော့ သူတို့ကိုလက်ခံဖို့ဖိအားပေးနေတာလား"

ဖာဂူဆန်က ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။

"ခုဆိုရင် မင်းကိုခြိမ်းခြောက်နိုင်တဲ့အစွမ်းက်ု ငါပိုင်ဆိုင်ထားမယ်လို့ထင်နေတာလား"

"ပြောမရဘူးလေ...ဆရာကြီးသာအင်ကာရက်ဂ်မှာအသုံးပြုခဲ့တဲ့ တားမြစ်မှော်စာလုံးကိုအသုံးပြုလိုက်မယ်ဆိုရင် ငါ့ရဲ့ခြင်္သေ့မြို့တော်ကတောင့်ခံနိုင်မှာမဟုတ်ဘူး"

ရှောင်ယုက ပြောလိုက်သည်။

ဖာဂူဆန်က အထီးကျန်ဆန်သောလေသံဖြင့်ပြောလိုက်သည်။

"တားမြစ်မှော်မန္တန်ကို ရူးရူးမိုက်မိုက်အသုံးပြုမယ်ဆိုရင်တောင်မှ ဒီနေရာမှာအသုံးပြုသွားမှာမဟုတ်ဘူး...ပြီးတော့ကျန်တဲ့နှစ်ယောက်ကလည်း သဘောတူမှာမဟုတ်ဘူး...အခုငါသာမင်းကိုတိုက်ခိုက်လိုက်ရင် တိုက်ကြီးတစ်ခုလုံးရဲ့အပြစ်သားဖြစ်သွားလိမ့်မယ်"

"ဆရာကြီးနားလည်တာ ကောင်းပါတယ်...ဒါပေမဲ့သူတို့ကိုဘာလို့ဒီခေါ်လာတာလဲ"

ရှောင်ယုသည် ဇိမ်ခံတော်ဝင်ရထားလုံးကို တချက်ကြည့်လိုက်သည်။

“သူတို့ကို အနည်းဆုံးရာထူးတစ်ခုပေးပြီး မင်းရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ခွင့်ရဖို့ မျှော်လင့်ပါတယ်"

ဖာဂူဆန်သည် သူ၏မျက်လုံးများ၌ပြတ်သားသောအရိပ်အယောင်များကိုဖွင့်ဟ၍ ရှောင်ယုအားလှမ်းကြည့်လိုက်သည်။

"ဒါဆို မင်းကခြင်္သေ့နယ်မြေကိုတိုက်ခိုက်ဖို့လာတာမဟုတ်ဘူးပေါ့"

ရှောင်ယုသည် အနည်းငယ်စိတ်မသက်မသာဖြစ်နေဆဲဖြစ်သည်။

ဖာဂူဆန်သည် ချက်ချင်းပင်ထူးဆန်းသောစကားအချို့ကိုရွတ်ဆိုကာ သူ၏လက်ချောင်းထိပ်မှ မီးတောက်များထွက်ပေါ်လာခဲ့သည်။

"မှော်ဒြပ်စင်ရဲ့အမည်နာမနဲ့ကျိန်ဆိုတယ်...ငါသာမင်းကိုလှည့်စားခဲ့မိရင် မှော်ပညာရဲ့ဒဏ်ပြန်မှုကြောင့်သေဆုံးရပါစေ"

"အိုး...ဆရာကြီးဖာဂူဆန်...မင်းကဘာလို့အဲလောက်ထိ အလေးအနက်ထားရတာလဲ...မင်းရဲ့စကားတွေကိုငါမယုံတာမဟုတ်ပါဘူး...ခုချက်ချင်းပဲ ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ တော်ဝင်မိသားစုကိုကြိုဆိုလိုက်ရအောင်"

ရှောင်ယုက ချက်ချင်းပင်အမူအရာပြောင်းလဲသွားခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်ခြင်္သေ့မင်းဆက်၏တော်ဝင်မိသားစုသည် ခြင်္သေ့ဘုရင်လက်အောက်သို့ရောက်ရှိလာခဲ့သည်။ရှောင်ယုသည် သူတို့်အားကောင်းမွန်စွာ နေထိုင်ရန်စီစဉ်ပေးခဲ့သော်လည်း အခွင့်အရေးကြီးကြီးမားမားမပေးခဲ့ပေ။

...

ထိုနေ့တွင် ရှေ့တန်းစစ်မြေပြင်သည် ပုံမှန်အတိုင်းငြိမ်သက်နေခဲ့သော်လည်း အနက်ရောင်တပ်သားများက ရုတ်တရက်တိုက်ခိုက်လာခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ချင်ချဲသည် လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ကာကွယ်ရေးခံစစ်စည်းဆီသို့ ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့ကာ ဆုံးရှုံးမှုများကိုလျော့ချနိုင်သည်။

ထိုအနက်ရောင်တပ်သားများသည် မည်သည့်နေရာမှရောက်လာရသည်ကို လူတိုင်းအံ့သြနေကြသည်။

ထိုသို့သတင်းထွက်လာပြီး အချိန်သိပ်မကြာလိုက်မှီ အနက်ရောင်တပ်သားများသည် ရောဘတ်သိမ်းပိုက်ထားသော နယ်မြေကိုရုတ်တရက်တိုက်ခိုက်လာခဲ့သည်။ဂေါ်ဒန်သည် ဆုံးရှုံးမှုများကို မခံစားလို၍ နောက်သို့အမြန်ဆုံးဆုတ်ခွာခဲ့သည်။

တစ်ဖက်တွင်လည်း နီကိုးလပ်စ်သည် မပျော်ရွှင်ပေ။သူသည်လည်း ဤတိုက်ခိုက်မှုကြောင့် သူသည်လည်း ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသည်။

အနက်ရောင်တပ်သားအချို့သည်ပင် ရှောင်ယု၏နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်လာကြသည်။

နီကိုးလပ်စ်သည် အနက်ရောင်တပ်သားများ၏ထိုးစစ်ကိုတွန်းလှန်ရန်အတွက် ဂေါ်ဒန်နှင့်ဆွေးနွေးညှိနှိုင်းရန် သံတမန်တစ်ယောက်ကို အမြန်ဆုံးစေလွှတ်ခဲ့သည်။လက်ရှိအချိန်တွင် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် အနက်ရောင်တပ်သားများကိုမတားဆီးနိုင်တော့ပေ။

သို့ဖြစ်ရာဂေါ်ဒန်နှင့်ပူးပေါင်းဆောင်ရွက်ရုံမှလွဲ၍ အခြားသောရွေးချယ်စရာမရှိတော့ပေ။

ယခုဆိုလျှင် ရှောင်ယုပိုင်ဆိုင်သောနယ်မြေသည် အရှေ့ဘက်တွင်ရှိနေပြီး ဂေါ်ဒန်၏နယ်မြေသည်အလယ်တွင်ရှိနေကာ နီကိုးလပ်စ်၏နယ်မြေသည် အနောက်ဘက်၌ရှိနေခဲ့သည်။အကယ်၍ ရှောင်ယုနှင့်နီကိုးလပ်စ်သာ မဟာမိတ်ဖွဲ့လိုပါက ဂေါ်ဒန်၏နယ်မြေကိုဖြတ်ကျော်ရမည်ဖြစ်၍ မလုပ်ဆောင်နိုင်ပေ။

သို့ဖြစ်ရာ သူတို့သည် ဂေါ်ဒန်နှင့်သာပူးပေါင်းရမည်ဖြစ်သည်။

ယခုအခါတွင် မြောက်ဘက်၌ အားသက်စ်ဦးဆောင်သည့် မသေမျိုးအင်အားစုများရှိနေပသည်။

အခြားသောနယ်မြေများသည်ကား အနက်ရောင်တပ်သားများ၏ ထိန်းချုပ်မှုအောက်သို့ကျရောက်သွားခဲ့သည်။မသေမျိုးများသည် အလွန်အစွမ်းထက်သည့်အတွက်ကြောင့် အနက်ရောင်တပ်သားများက မတိုက်ခိုက်နိုင်ခဲ့ပေ။အနက်ရောင်တပ်သားအမြောက်အများသည် မသေမျိူးများ၏လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။

အားသက်စ်၏မသေမျိုးများသည် အနက်ရောင်တပ်သားအမြောက်အများကို ထိန်းချုပ်ထားခဲ့ခြင်းမရှိပါက ယခုတိုက်ခိုက်နေသောအနက်ရောင်တပ်သားအရေအတွက်သည် ပိုမိုများပြားလာမည်ဖြစ်သည်။

ရှောင်ယုသည် အနက်ရောင်တပ်သားများအား အလွန်ကြောက်လန့်နေခြင်းမျိုးမရှိခဲ့ပေ။အဆုံးသတ်စစ်ပွဲအတွက် သူပြင်ဆင်နေသည်မှာကြာလှပြီဖြစ်သည်။သူသည် ဤအခွင့်အရေးကိုအခွင့်ကောင်းယူကာ သူ၏တပ်ဖွဲ့ကိုလေ့ကျင့်ပေးရန်နှင့် အချို့သောလက်နက်များကိုစမ်းသပ်အသုံးပြုရန် လုပ်ဆောင်မှာဖြစ်သည်။

ယခုအခါ ဂေါ်ဒန်နှင့်နီကိုးလပ်စ်တို့ပူးပေါင်း၍ သူတို့၏ဆုံးရှုံးမှုများကို လျော့ချနေခဲ့ကြသည်။

ထို့ကြောင့် ရှောင်ယုသည်လည်း ဂေါ်ဒန်နှင့်နီကိုးလပ်စ်တို့နှင့်အတူပူးပေါင်းရန်အတွက် သံတမန်စေလွှတ်ခဲ့သည်။အဖွဲ့၃ခုလုံး၏အဓိကရည်မှန်းချက်သည် ထပ်တူညီကာ အနက်ရောင်တပ်သားများကိုတွန်းလှန်၍ သူတို့၏အကျိုးစီးပွားကိုရှာဖွေရန်ဖြစ်သည့်အတွက် သဘောတူညီမှုအမြန်ဆုံးရရှိခဲ့ကြသည်။

အဖွဲ့၃ခု၏မဟာမိတ်တပ်သည် ချက်ချင်းဆိုသလိုပင် ပထမဆုံးတိုက်ပွဲကိုဆင်နွဲခဲ့ကာ အနက်ရောင်တပ်သားများကို မြောက်ဘက်သို့မောင်းထုတ်ခဲ့သည်။ထို့နောက်တွင် ကာကွယ်ရေးခံစစ်ကြောင်းကြီးတစ်ခုအား တစုတစည်းတည်းတည်ဆောက်ခဲ့ကြသည်။မဟာမိတ်တပ်ဖွဲ့သည် အနက်ရောင်တပ်သားများကို ခုခံရန်နှင့်တန်ပြန်တိုက်စစ်ဆင်ရန် ဤကာကွယ်ရေးခံစစ်ကြောင်းကို အသုံးပြုမည်ဖြစ်သည်။

ထိုအကြံပြုချက်ကို ရှောင်ယုမှအဆိုပြုထားခြင်းဖြစ်ပေသည်။အနက်ရောင်တပ်သားများနှင့် ရင်ဆိုင်ရာတွင် ရရှိခဲ့သောအတွေ့အကြုံများကြောင့် ရှောင်ယုသည်အလျင်စလိုမလုပ်ဆောင်ဘဲ ဖြေးဖြေးချင်းတိုက်ထုတ်သွားရန် ပြင်ဆင်ခဲ့သည်။

အစောပိုင်းတွင် လူတိုင်း၏ပူးပေါင်းဆောင်ရွက်မှုကြောင့် ကာကွယ်ရေးခံစစ်ကြောင်းတည်ဆောက်မှုသည် အဆင်ပြေချောမွေ့ခဲ့သည်။သို့သော်လည်း ကာကွယ်ရေးခံစစ်ကြောင်းတည်ဆောက်အပြီးတွင် ပြသနာတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့သည်။

ကာကွယ်ရေးခံစစ်ကြောင်းအား တည်ဆောက်ပြီးသိပ်မကြာမှီတွင် ဂေါ်ဒန်ဦးဆောင်သောအောစ့်တပ်ဖွဲ့များသည် ရုတ်တရက်ဆုတ်ခွာသွားကြောင်း ရှောင်ယုတွေ့ရှိခဲ့သည်။သို့ဖြစ်ရာ ခံစစ်ကြောင်းကို ရှောင်ယုနှင့်နီကိုးလပ်စ်တို့ကသာ ကာကွယ်ပေးခဲ့ရသည်။

"သေစမ်း...ဒီကောင်ကတကယ်ယုတ်မာတာပဲ..."

ရှောင်ယုကကျယ်လောင်စွာ ကျိန်ဆဲမိလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ရှောင်ယုနှင့်နီကိုးလပ်စ်တို့သည် ဂေါ်ဒန်ကိုအမြဲသတိထားနေခဲ့ကြသည်။ထို့ကြောင့် ဂေါ်ဒန်ရုတ်တရက်ဆုတ်ခွာသွားသည့်အချိန်တွင် သူတို့သည်လစ်လပ်သွားသည့် ခံစစ်ကြောင်းကိုနေရာယူရန် အခြားတပ်ဖွဲ့များကို ချက်ချင်းစေလွှတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ဂေါ်ဒန်၏လှုပ်ရှားမှုများနှင့်နောက်ကွယ်မှနေ၍ ခိုးဝင်တိုက်ခိုက်မှုများအား ကာကွယ်ရန် ကင်းထောက်များစေလွှတ်ခဲ့သည်။

မကြာခင်မှာပဲ ရှောင်ယုနှင့်အခြားသူများဆီသို့ ဂေါ်ဒန်ဆီမှစာတစ်စောင်ရောက်ရှိလာခဲ့သည်။သူသည် ဤတိုက်ပွဲတွင်လုံးဝစွက်ဖက်မည်မဟုတ်ဘဲ နေဝင်ချိန်နွံအိုင်သို့ဆုတ်ခွာသွားမည်ဖြစ်ကြောင်း စာထဲ၌ရေးသားဖော်ပြထားခဲ့သည်။

"သေစမ်း...မင်းမရှိရင်တောင်မှ ငါကအနက်ရောင်တပ်သားတွေကိုအကုန်သတ်ပစ်မှာကွ..."

ရှောင်ယုကဒေါသတကြီးကျိန်ဆဲနေခဲ့သည်။

မကြာမှီ မှော်ဆရာကြီး၃ဦးက မကြာမှီဖြစ်ပေါ်လာမယ့်စစ်ပွဲကြီးသည် တိုက်ကြီးတစ်ခုလုံးနှင့်သက်ဆိုင်သော အဆုံးသတ်စစ်ပွဲဖြစ်နိုင်သည့်အတွက်ကြောင့် မိမိတို့ဇာတိမြေကိုပါဝင်ကူညီကြရန် တောင်းဆိုလာခဲ့ကြသည်။

ရှောင်ယုသည်လည်း နေ့တိုင်းလိုလိုပင် လူတိုင်းကိုဦးနှောက်ဆေးကြော၍ လက်ရှိဖြစ်ပျက်နေသောအန္တာရယ်ကိုရှင်းပြလာခဲ့သည်။ဤတိုက်ပွဲတွင် လက်ရှောင်နေမည်ဆိုပါက လူတိုင်းသေဆုံးသွားနိုင်သည်ဟု ရှောင်ယုကပြောထားခဲ့သည်။

ထိုသို့ဝါဒဖြန့်မှုများကြောင့် စစ်မြေပြင်၌တနေ့တခြားလူပိုများလာခဲ့သည်။

အနက်ရောင်တပ်သားများသည် ကာကွယ်ရေးခံစစ်ကြောင်းကို အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပြီး ချိုးဖျက်ရန်ကြိုးစားခဲ့သော်လည်း ရှောင်ယုနှင့်နီကိုးလပ်စ်တို့၏တပ်သားများက အနက်ရောင်တပ်သားများ ရှေ့တက်မသွားစေရန် အစွမ်းကုန်တားဆီးခဲ့ကြသည်။

နီကိုးလပ်စ်သည် ခံစစ်ကြောင်းကိုတိုက်ခိုက်နေသော အနက်ရောင်တပ်သားများကိုကြည့်၍ ရုတ်တရက်ပြောလိုက်သည်။

"ဒီကိစ္စတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေနိုင်လဲ မင်းတွေးကြည့်ဖူးလား...ဒီလောက်အစွမ်းထက်တဲ့စွမ်းအားနဲ့ ခုလိုအင်အားကြီးတဲ့တပ်ဖွဲ့ကြီးကို ဘယ်သူကညွန်ကြားနိုင်မယ်ထင်လဲ"

ရှောင်ယုက ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"တကယ်တော့ငါထင်ထားသလိုဖြစ်နေဖို့များတယ်"

"ဘယ်သူလဲ..."

နီကိုးလပ်စ်က ရှောင်ယုကိုချက်ချင်းမေးမြန်းလိုက်သည်။ရှောင်ယုသည် ရှေးဟောင်းခေတ်၏အကြောင်းအရာများကို နားလည်တတ်ကျွမ်းရာတွင် သူ့ထက်သာလွန်နေ၍ဖြစ်သည်။

"ဆာဂါရက်စ်..."

"ဆာဂါရက်စ်...ဟုတ်လား"

နီကိုးလပ်စ်သည် ချက်ချင်းပင်မျက်နှာပျက်သွားခဲ့သည်။

"ဟုတ်တယ်...သူကလွဲရင်လူအနည်းငယ်လောက်ကပဲ ဒါကိုလုပ်ဆောင်နိုင်စွမ်းရှိတယ်..."

ရှောင်ယုသည် စစ်ကမ္ဘာ၏သမိုင်းကြောင်းတလျှောက် စွမ်းအားကြီးပုဂ္လိုလ်များစွာကိုတွေးတောကြည့်ပြီးနောက်တွင် ဖြစ်နိုင်ခြေအရှိဆုံးတရားခံကို တွေးမိခဲ့သည်။

မကြာသေးမှီက ဂေါ်ဒန်ရုတ်တရက်ဆုတ်ခွာသွားရခြင်းမှာ သမားရိုးကျဖြစ်ဟန်မရပေ။ဂေါ်ဒန်၏အမြင်တွင် ဤကိစ္စများ၏နောက်ကွယ်၌ ဆာဂါရက်စ်ရှိနေသည့်အတွက် တိုက်ပွဲဝင်ရန်ကြောက်ရွံ့နေခြင်းဖြစ်သည်ဟု ရှောင်ယုခံစားမိသည်။

ဂေါ်ဒန်သည် ဆာဂါရက်စ်မည်မျှအစွမ်းထက်သည်ကို မသိဘဲနေမည်မဟုတ်ပေ။

"အဲ့...အဲ့ဒါကကျဆုံးသွားတဲ့တိုက်တန်မဟုတ်ဘူးလား...သူ့ကိုဘယ်သူကအနိုင်ယူနိုင်မှာလဲ"

ရှောင်ယုသည် အမှောင်ဗိမာန်တော်၌ရှိစဉ်က ဆာဂါရက်စ်၏အကြောင်းကို ပြောပြခဲ့ဖူးသည့်အတွက်ကြောင့် နီကိုးလပ်စ်သည် နီကိုးလပ်စ်သည် ဆာဂါရက်စ်၏အကြောင်းကိုသိရှိနေခဲ့သည်။

ရှောင်ယုက ခေါင်းခါပြလိုက်သည်။

"အဲ့ဒါကပြောရခက်တယ်"

နီကိုးလပ်စ်သည် သက်ပြင်းချရင်းရေရွတ်မိလိုက်သည်။

"ကံကြမ္မာကိုပဲဆုံးဖြတ်ခိုင်းလိုက်ရအောင်"

ထိုအချိန်တွင် ပြင်းထန်သောမှော်စွမ်းအင်အတက်အကျများက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ထိုစွမ်းအင်သည် မဟာမိတ်တပ်၏အတွင်းပိုင်းမှ ထွက်ပေါ်လာသည့်အတွက် ရှောင်ယုထိတ်လန့်သွားခဲ့ရသည်။

သိပ်မကြာခင်မှီ ရှောင်ယုအလွန်အံ့အားသင့်သွားရသည်။ထိုမှော်စွမ်းအင်လှိုင်းသည် မှော်စွမ်းအင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ထိုမှော်စွမ်းအင်လှိုင်းသည် ကောင်းကင်နှင့်မြေကြီးအကြားမှ မှော်ဒြပ်စင်များ လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သတ္တမအဆင့်...

ဤသည်မှာ သတ္တမအဆင့်၏စွမ်းအားအာဏာဖြစ်သည်။ရှောင်ယုသည် အေဂါဝမ်နှင့်အချိန်အတော်ကြာအောင် နေထိုင်ခဲ့ဖူးသည့်အတွက်ကြောင့် ဤအဆင့်စွမ်းအားနှင့်စိမ်းကားမနေဘဲ ချက်ချင်းအသိအမှတ်ပြုခဲ့သည်။

မှော်ဆရာကြီးများအနက် တစ်စုံတစ်ယောက်သည် သတ္တမအဆင့်သို့ရောက်ရှိလာခဲ့သည်။ထိုအရာသည် သတင်းကောင်းတစ်ခုဖြစ်သည်။

ယခုတစ်ကြိမ်တွင် သတ္တမအဆင့်သို့ရောက်လာသည့် မှော်ဆရာကြီးမှာ ဆရာကြီးသီအိုဒိုးဖြစ်သည်။

ထို့နောက် ရက်အနည်းငယ်အတွင်း ဖာဂူဆန်နှင့်ချတ်ခ်တို့လည်း သတ္တမအဆင့်သို့ရောက်ရှိလာခဲ့သည်။မူလကပင် သူတို့၏စုဆောင်းမှုသည်လုံလောက်နေပြီဖြစ်ကာ သီအိုဒိုးကလမ်းကြောင်းကို ပထမဆုံးလမ်းပြဖွင့်လှစ်ခဲ့၍ သူတို့၏အတွေးအမြင်များရှင်းလင်းသွားကာ သတ္တမအဆင့်သို့ရောက်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင် မှော်ဆရာကြီး၃ယောက်သည် ရှောင်ယုအားကူညီရန်ရောက်ရှိလာခဲ့ကာ သူတို့နှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော အခြားသောမှော်ဆရာကြီးတစ်ယောက်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။ရှောင်ယုသည် ခဏလောက်ထိတ်လန့်သွားခဲ့ကာ မှော်ဆရာကြီး၏အမည်ကိုခန့်မှန်းမိလိုက်သည်။

ယခုအခါ မှော်ဆရာကြီး၃ဦးနည်းတူ အစွမ်းထက်သော အခြားမှော်ဆရာကြီး၁ဦး တိုက်ကြီး၌ရှိနေသည်ကို ရှောင်ယုယခုမှသိလာခြင်းဖြစ်သည်။

မကြာမှီတွင် ထိုမှော်ဆရာကြီးသည် လက်ရှိဘုရားကျောင်း၏ပုပ်ရဟန်းမင်းကြီးဖြစ်ကြောင်း ရှောင်ယုနားလည်သွားခဲ့သည်။

ပုပ်ရဟန်းမင်းသည် ဤတိုက်ကြီးအား သိမ်းပိုက်လိုသူဖြစ်သည်။သို့သော်လည်း ဘုရားကျောင်းပြိုလဲအပြီးတွင် သူသည်နောင်တရခဲ့ကာ သူ၏အမှားကိုပြင်ဆင်သည့်အနေဖြင့် တိုက်ကြီးအားကူညီပေးလိုပုံရသည်။

မည်သို့ပင်ဆိုစေ ထိုအရာသည်ကောင်းမွန်သောကိစ္စဖြစ်၍ ရှောင်ယုကစိတ်မကွက်ပေ။မည်သို့ပင်ဆိုစေ မှော်ဆရာကြီး၃ယောက်က သူ့အားစောင့်ကြည့်နေမည်ဖြစ်သည်။

ထို့ပြင် ယခုအခါ၌ မှော်ဆရာကြီး၃ဦးသည် သတ္တမအဆင့်သို့ရောက်ရှိသွားပြီဖြစ်၍ ရောက်လာသမျှမုန်တိုင်းအားလုံးကို ရှောင်လွဲခြင်းမရှိဘဲ ကြံ့ကြံ့ခံရင်ဆိုင်သွားတော့မည်ဖြစ်သည်။

သတ္တမအဆင့်သို့ရောက်ပြီးနောက် မှော်ဆရာကြီး၃ဦး၏စွမ်းအားသည် အဆပေါင်းများစွာတိုးလာခဲ့ပြီး သူတို့၏သာမန်မန္တန်တစ်ခုကပင် အနက်ရောင်တပ်သားများစွာကို ဖယ်ရှားပစ်နိုင်ခဲ့သည်။

ရှောင်ယုအံ့အားသင့်ရသည့်အချက်မှာ သူ၏သူရဲကောင်းများအနက် အားသက်စ်သည် သတ္တမအဆင့်သို့လျင်မြန်စွာရောက်ရှိသွား၍ဖြစ်သည်။

ရှောင်ယုနှင့်သူရဲကောင်းတစ်ဦးစီတိုင်းသည် စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုရှိသည့်အတွက်ကြောင့် အားသက်စ်သည်သတ္တမအဆင့်သို့ရောက်ရှိသွားချိန်၌ သူချက်ချင်းသိရှိပေသည်။

ထိုအချိန်တွင် ရှောင်ယုသည်တပ်မှူးများနှင့်တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သည်။အားသက်စ်သည် သတ္တမအဆင့်သို့ရောက်သွားကြောင်း သိသိချင်း ရှောင်ယု၏ထိတ်လန့်တကြားအော်ဟစ်သံက လူတိုင်းကိုထိတ်လန့်စေခဲ့သည်။

ရှောင်ယုသည် ယခုအခိုက်အတန့်တွင် အားသက်စ်အတွက် အနည်းငယ်စိတ်ပူနေခဲ့သည်။

သိထားသင်သည့်အချက်မှာ ယခင်ဘဝက မသေမျိုးဘုရင်ဖြစ်သော နာဇူးလ်သည် အားသက်စ်ကိုအသုံးချကာ ကြီးမြတ်သောမသေမျိုးခေါင်းဆောင်ဖြစ်လာခဲ့သည်။

ယခုအခါတွင် အားသက်စ်ဦးဆောင်သော မသေမျိုးများသည် တဖြည်းဖြည်းပိုမိုအားကောင်းလာခဲ့သည်။ရှောင်ယုသည် မသေမျိုးများကသူ့အားသစ္စာဖောက်သွားမည်ကို ကြောက်ရွံ့သည့်အတွက်လည်းတစ်ကြောင်း အခြေအနေကကြောက်စရာကောင်းနေသည်ကတစ်ကြောင်း မသေမျိုးများအားချဲ့ထွင်ရန်မလုပ်ဆောင်ခဲ့ပေ။

ထို့ကြောင့်ရှောင်ယုသည် အနက်ရောင်တပ်သားများကို တိုက်ခိုက်ရာ၌မပါဝင်ရန် အားသက်စ်ကိုအမိန့်ပေးခဲ့သည်။ထို့ပြင် အနက်ရောင်တပ်သားများအား အကြီးအကျယ်သတ်ဖြတ်ထိန်းချုပ်ခြင်းမပြုရန်လည်း အားသက်စ်ကိုတားဆီးခဲ့သည်။

အားသက်စ်သည် ရှောင်ယုအပေါ်အလွန်သစ္စာစောင့်သိနေဆဲဖြစ်ကာ ရှောင်ယု၏အမိန့်ကိုချက်ချင်းနာခံ၍ အနက်ရောင်တပ်သားများအား တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်လိုက်သည်။

သို့ရာတွင် အနက်ရောင်တပ်သားများ၏အရေအတွက်သည် အလွန်များပြား၍ သတ်ဖြတ်ရန်မဖြစ်နိုင်ပေ။

လူသားစစ်တပ်သည် အင်အားကြီးမားသော်လည်း အဆုံးမရှိသော အနက်ရောင်တပ်သားများကို ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

မသေမျိုးများသည် အနက်ရောင်တပ်သားများ၏အိပ်မက်ဆိုးဖြစ်သည်။အနက်ရောင်တပ်သားများသည် မသေမျိုးများကိုသတ်ဖြတ်နိုင်သော်လည်း မသေမျိုးများက ၎င်းတို့အားမသေမျိုးများဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိသည်။လက်ရှိအခြေအနေအရ မသေမျိုးများကသာ အနက်ရောင်တပ်သားများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။

ရှောင်ယုသည် အဆုံးသတ်တွင် ရွေးချယ်မှုတစ်ခုအားပြုလုပ်ခဲ့ရပြီး အားသက်စ်အားအစွမ်းကုန်ထုတ်ဖော်ကာ အနက်ရောင်တပ်သားများကို သတ်ဖြတ်ခိုင်းလိုက်သည်။

ရှောင်ယု၏အမိန့်ကို လက်ခံရရှိပြီးနောက်တွင် အားသက်စ်ကချက်ချင်းပင်တိုက်ခိုက်ခဲ့သည်။အားသက်စ်၏စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်မှုအောက်တွင် အနက်ရောင်တပ်သားများသည် အဆက်မပြတ်သေဆုံးခဲ့ကြပြီး မသေမျိုးများအဖြစ်ပြောင်းလဲသွားခဲ့ကြသည်။အားသက်စ်သည် တိုက်ပွဲကိုအရှိန်မြင့်ရန်အတွက် ကဲလ်သဇက်၊အနူဘားရက်နှင့်ကြောက်ရွံ့မှုအရှင်သခင်ဟု ရှောင်ယုအသစ်ဆင့်ခေါ်ထားသော မသေမျိုးသူရဲကောင်း၃ယောက်အား တိုက်ပွဲတွင်းသို့စေလွှတ်ခဲ့သည်။

သူတို့သည် အနက်ရောင်တပ်သားများကို အဆက်မပြတ်သတ်ဖြတ်ခဲ့ကြပြီး ပြင်းထန်စွာအသေအပျောက်ဖြစ်ပေါ်စေခဲ့သည်။

ထိုနေရာများ၌ မသေမျိုးတို့၏အဟုန်ပြင်းထန်သောထိုးစစ်ကြောင့် ရှောင်ယု၏ဖိအားများလျော့ကျသွားသလို အနက်ရောင်တပ်သားများ၏အရေအတွက်လည်း တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။

အနက်ရောင်တပ်သားအများစုသည် မသေမျိုးအဖြစ်သို့ပြောင်းလဲသွားကြခြင်းဖြစ်သည်။

အားသက်စ်သည် အနက်ရောင်တပ်သားများကို သတ်ဖြတ်ရာတွင်ဦးဆောင်ခဲ့သည့်အတွက်ကြောင့် စစ်ပွဲ၏အခြေအနေကတဖန်ပြောင်းလဲသွားခဲ့သည်။ထိုအရာသည် ရှောင်ယုလုံးဝမတွေးထားခဲ့မိသောအခြေအနေဖြစ်သည်။

အခြေအနေများသည် ပြောင်းပြန်ဖြစ်သွားသည့်အချိန်တွင် တန်ပြန်တိုက်ခိုက်ရန်အချိန်ကျရောက်လာပြီဖြစ်ကြောင်း ရှောင်ယုသိရှိလိုက်သည်။

အခန်း ၅၆၀ - ပြိုင်ဘက်ကောင်းတစ်ယောက်၏နေဝင်ချိန်

ရှောင်ယုသည် လေကြောင်းတပ်ဖွဲ့၏တစ်ဝက်ကို ဧကရာဇ်ကျားအစောင့်တပ်ဖွဲ့ထံပေးအပ်ခဲ့ကာ နွားလားစစ်သည်များနှင့်တင့်ကားတပ်ဖွဲ့အား သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။

မှော်ဆရာကြီး၃ဦးအနက် သီအိုဒိုးသည် ရှောင်ယု၏နောက်သို့လိုက်ပါလာခဲ့ပြီး ချတ်ခ်၊ဖာဂူဆန်နှင့်ပုပ်ရဟန်းမင်းတို့က သက်ဆိုင်ရာစစ်ကြောင်းအသီးသီးသို့ လိုက်ပါသွားကြသည်။သို့ဖြစ်ရာ ရှောင်ယု၏စစ်ကြောင်း၌ အန်တိုနီဒက်စ်၊ကဲလ်သက်နှင့်လင်းမူရွယ်တို့ လိုက်ပါလာခဲ့သည်။

တင့်ကားများသည် ဂိတ်တံခါးမှပြေးထွက်လာခဲ့ကြသည်။အနက်ရောင်တပ်သားများသည် စဉ်းစားဆင်ခြင်နိုင်စွမ်း လုံးဝမရှိကြတော့ဘဲ တင့်ကားများက သူတို့ထံ ဦးတည်ချီတက်လာသည်ကို ရပ်ကြည့်နေကြသည်။

ယခင်ကဆိုလျှင် သူတို့သည်ခံစစ်တံတိုင်းကိုသာ အဆက်မပြတ်တိုက်ခိုက်လေ့ရှိကြသည်။ရှောင်ယုက မြို့တံခါးဖွင့်သည်ကို သူတစ်ခါမှမမြင်ဖူးပေ။လက်ရှိအခါ ဂိတ်တံခါးပွင့်လာ၍ သူတို့လည်းဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။

သို့သော်လည်း တင့်ကားများကသူတို့နှင့်နီးကပ်လာသောအခါတွင် အလိုအလျှောက်အန္တာရယ်ခံစားချက်ကို ရရှိလာကြသည်။ထိုအချိန်တွင် တင့်ကားများစတင်ပစ်ခတ်သည်ကိုမြင်ပြီးနောက် တစ်ဖက်ရန်သူကသူတို့်အား တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ချက်ချင်းသတိပြုမိလိုက်ကြသည်။

သူတို့သည် သေခြင်းတရားကို မည်သည့်အခါမှမကြောက်လန့်ခဲ့ကြပေ။လက်ရှိအချိန်တွင် သူတို့သည်အလွန်ဒေါသထွက်နေခဲ့ကာ မျက်ကန်းများသဖွယ် တင့်ကားများထံပြေးဝင်သွားကြသည်။

သို့သော်လည်းမကြာမှီ အနက်ရောင်တပ်သားများသည် သူတို့၏အနီးအနား၌ ဧရာမဘီလူးများကိုတွေ့လိုက်ကြရသည်။ထိုဘီလူးများသည် အမြင့်၃မီတာခန့်ရှိပြီး သူတို့၏ပုခုံးပေါ်၌ဧရာတိုင်ကြီးများကိုကိုင်ဆောင်ထားကာ နွားလားဦးခေါင်းကိုပိုင်ဆိုင်ထားပေသည်။

နွားလားစစ်သည်များသည် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏နွားလားတိုတမ်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။

နွားလားစစ်သည်များသည် ယခုအခါတွင် အဆင့်၁၀သို့ရောက်ရှိခဲ့ပြီးနောက်တွင် အလွန်အစွမ်းထက်လာခဲ့ကြသည်။နွားလားတိုတမ်တစ်ခုသည် မြေပြင်ကိုထိမှန်ခဲ့ပြီးနောက် လှိုင်းလုံးများဖြစ်ပေါ်လာကာ အနက်ရောင်တပ်သားများသည် နောက်သို့၁၀မီတာခန့်အကွာထိ လွှင့်ထွက်သွားခဲ့သည်။

ထို့ကြောင့် အနက်ရောင်တပ်သားများသည် လူသားတပ်ဖွဲ့၏အရှိန်အဟုန်ကို မရပ်တန့်နိုင်ခဲ့ပေ။အနက်ရောင်တပ်သားများကြားတွင် အားကောင်းသည့်နတ်ဆိုးများစွာရှိနေသော်လည်း ရှောင်ယု၏သူရဲကောင်းများက ပို၍ပင်အစွမ်းထက်ပေသည်။

တိုင်ရန်ဒီသည် သူမ၏ကျားသစ်ကိုစီးနင်း၍ စစ်မြေပြင်တခွင်ပြေးလွှားနေခဲ့ကာ အစွမ်းထက်သောနတ်ဆိုးများကို ဆက်တိုက်ပစ်သတ်နေခဲ့သည်။တိုင်ရန်ဒီသည် ဆဌမအဆင့်သို့ရောက်ရှိပြီးနောက်တွင် တိုင်ရန်ဒီ၏မြှားပစ်အစွမ်းသည် မတားဆီးနိုင်လောင်သည့်အဆင့်ထိရောက်ရှိလာခဲ့သည်။

အနက်ရောင်တပ်သားများကြားတွင် အလွန်အစွမ်းထက်သောနတ်ဆိုးအချို့လည်းပါဝင်နေပြီး အချို့မှာဆဌမအဆင့်အထွတ်အထိပ်နှင့် သတ္တမအဆင့်အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့သည်။ထိုအချိန်တွင် နဂါးလေးသည် သူ၏နံချပ်ကူကိုဝှေ့ယမ်းကာ တိုက်ပွဲအတွင်းသို့ဝင်လာခဲ့ရသည်။

လက်ရှိနဂါးလေးသည် အလွန်ပင်အစွမ်းထက်နေပြီဖြစ်ကာ ဆဌမအဆင့်ကိုပင် ချိုးဖျက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

အချို့သော အလွန်အစွမ်းထက်သည့်နတ်ဆိုးများကိုမူ မှော်ဆရာကြီး၃ဦးက ဦးအောင်ရှင်းလင်းချေမှုန်း၍ သူတို့အားစတင်တိုက်ခိုက်ခွင့်လုံးဝမပေးခဲ့ပေ။

ထိုအချိန်တွင် မှော်ဆရာကြီး၃ဦးက တားမြစ်မှော်မန္တန်များကို ဆက်တိုက်ဆိုသလိုထုတ်ဖော်အသုံးပြုနေခဲ့သည်။တားမြစ်မှော်မန္တန်များအား အသုံးပြုခြင်းကသူတို့၏သက်တမ်းကို ယုတ်လျော့စေပြီး မကြာခဏအသုံးပြုနေမည်ဆိုပါက သူတို့၏ခန္ဓာကိုယ်အတွက် အလွန်အန္တာရယ်များပေသည်။

သို့သော်လည်း လက်ရှိအချိန်တွင် မှော်ဆရာကြီး၃ယောက်က ဂရုမစိုက်တော့ပေ။ဤတိုက်ပွဲတွင်ရှုံးနိမ့်ခဲ့ပါက အရာအားလုံးပြီးဆုံးသွားမည်ဖြစ်သည်။

ယခုတန်ပြန်တိုက်ခိုက်ခြင်းကို စတင်လိုက်သည့်အခါတွင် ရှောင်ယု၏လက်ရွေးစင်တပ်ဖွဲ့သည် ကြီးမားသည့်အခန်းကဏ္ဍမှပါဝင်လာခဲ့သည်။ရှောင်ယု၏သူရဲကောင်းတစ်ဦးချင်းစီတိုင်းသည် စစ်မြေပြင်၌ အလွန်အစွမ်းထက်ခဲ့သည်။

ဤနည်းအားဖြင့် ရှောင်ယု၏အကြံအစည်သည် ဆက်လက်အကောင်အထည်ဖော်နေခဲ့ကာ အနက်ရောင်တပ်သားများသည် ဆုံးရှုံးမှုများစွာဖြင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။၁၀ရက်ကြာတိုက်ခိုက်ပြီးနောက်တွင် ရန်သူနောက်တန်းသို့ မိုင်ပေါင်းရာချီထိုးဖောက်နိုင်ခဲ့သည်။

ထိုအချိန်တွင် ရှောင်ယု၏တပ်ဖွဲ့သည် မသေမျိုးများနှင့်နီးကပ်နေပြီဖြစ်သည်။

ရှောင်ယုသည် မသေမျိုးများနှင့်ပဋိပက္ခအား မည်သို့ရှောင်တိမ်းရမည်ကို တွေးတောနေသည့်အချိန်တွင် ရုတ်ချည်းဆိုသလို မြေပြင်ပေါ်၌ပြင်းထန်သောလှုပ်ခတ်မှုအား ခံစားလိုက်ရသည်။ဧရာမမီးတောက်များသည် ကောင်းကင်ပေါ်မှပြုတ်ကျလာခဲ့ကာ ကမ္ဘာအဆုံးသတ်သို့ရောက်ရှိလာသလို ခံစားမိလိုက်ကြသည်။

"သူရောက်လာပြီဘဲ..."

ရှောင်ယုက ညဉ်းညူမိလိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ ပျက်စီးခြင်းကိုပုံဖော်နေသကဲ့သို့ မရေမတွက်နိင်သောမီးတောက်များက ကောင်းကင်ယံမှဆင်းသက်လာခဲ့သည်။ထိုမီးတောက်များသည် မြေပြင်ပေါ်သို့ကျရောက်လာချိန်တွင် ချက်ချင်းဆိုသလိုပင် မီးတောက်များဖြင့်ဖွဲ့စည်းထားသော ဧရာမနတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့သည်။

ထိုနတ်ဆိုးများသည် တစ်ကောင်ပြီးတစ်ကောင်ဖွဲ့စည်းလာပြီးနောက် ရှောင်ယုတို့ထံပြေးဝင်လာခဲ့သည်။

မီးတောက်မိုးသည် နာရီဝက်ခန့်ရွာသွန်းပြီးနောက်တွင် မီးနတ်ဆိုးများမည်မျှဆင်းသက်လာကြောင်း မသိနိုင်တော့ပေ။အဆုံးသတ်တွင် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ဧရာမရုပ်သွင်ကြီးတစ်ခုဆင်းသက်လာခဲ့ပြီး ၎င်းမှထုတ်လွှတ်နေသည့်အစွမ်းထက်အော်ရာက စစ်မြေပြင်တခွင်လွှမ်းခြုံသွားခဲ့သည်။ထိုအော်ရာကြောင့် လူတိုင်းလိုလိုပင် သူတို့၏ဝိညာဉ်များလှုပ်ခါသွားသလို ခံစားမိလိုက်သည်။

ထိုအရာသည် သူတို့မခုခံနိုင်သည့်စွမ်းအားပင်ဖြစ်သည်။

"ဆာဂါရက်စ်..."

ထိုဧရာမရုပ်သွင်ပြင်သည် ဆာဂါရက်စ်မှလွဲ၍ အခြားသူမဟုတ်ကြောင်း ရှောင်ယုချက်ချင်းနားလည်လိုက်သည်။

ရှောင်ယု၏ခန့်မှန်းချက်မမှားခဲ့ပေ။ထိုပြဿနာများ၏နောက်ကွယ်၌ တစ်ချိန်လုံးရှိနေသူမှာ တိုက်တန်ဆာဂါရက်စ်ပင်ဖြစ်သည်။

ရှောင်ယုသည် ချက်ချင်းတုံ့ပြန်ခဲ့ပြီး ဂရစ်ဖင်တစ်ကောင်ကို အားသက်စ်ထံစေလွှတ်ကာ လာရောက်ကူညီရန်အမိန့်ပေးခဲ့သည်။အားသက်စ်သည် သတ္တမအဆင့်သူရဲကောင်းဖြစ်သည့်အတွက် ဆာဂါရက်စ်အားတိုက်ခိုက်ရာ၌ များစွာအထောက်အကူပြုမည်ဖြစ်သည်။

"မင်းရဲ့လုပ်ရပ်တွေအကုန်လုံးက အချည်းနှီးပဲ...မင်းတို့အကုန်လုံးမကြာခင်ပျက်စီးရလိမ့်"

ဆာဂါရက်စ်သည် ကျယ်လောင်စွာရယ်မောလိုက်ပြီး စစ်မြေပြင်ရှိလူတိုင်းအား အထင်အမြင်သေးမှုအပြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။

ဤတိုက်တန်သည် အလွန်အစွမ်းထက်ကြောင်း ရှောင်ယုနားလည်ထားပေသည်။ထိုကောင်ကို အမြန်ဆုံးသတ်ဖြတ်ရမည်ဖြစ်ကာ အချိန်အများကြီးပေး၍မရကြောင်း သူသိထားခဲ့သည်။

ထိုအချိန်တွင် မှော်ဆရာကြီးသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာပေါ်၌ စိတ်သက်သာရာရနေသည့်အပြုံးမျိုးဖြစ်ပေါ်လာခဲ့သည်။အဆုံးသတ်တွင် သူတို့၏ဝန်ထုပ်ဝန်ပိုးအားလျော့ချနိုင်ခဲ့ပြီဖြစ်သည်။အနာဂတ်တွင် သူတို့မရှိခဲ့လျှင်ပင် တစ်စုံတစ်ဦးသည် သူတို့ကိုယ်စားတိုက်ကြီးကိုစောင့်ရှောက်ပေးမှာဖြစ်သည်။

ရှောင်ယုနှင့်လင်းမူရွယ်တို့သည် ဤတိုက်ကြီးကိုဖျက်ဆီးပစ်မည်မဟုတ်ကြောင်း သူတို့သိရှိထားပေသည်။ပရောဖက်ပြုချက်များအရ တိုက်ကြီး၏အကြီးမြတ်ဆုံးအုပ်စိုးသူဟူသည် ရှောက်ယုဖြစ်ကြောင်း သူတို့နားလည်သဘောပေါက်သွားခဲ့သည်။ဆာဂါရက်စ်သည် ဤတိုက်ကြီးကိုကယ်တင်ရန် သူတို့နောက်ဆုံးရင်ဆိုင်ရမယ့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။

သူတို့သည်ယခုအချိန်၌ ဆာဂါရက်စ်ကိုသတ်ဖြတ်နိုင်သည့်စွမ်းအားကို ပိုင်ဆိုင်ထားပေရာ မြန်မြန်ဆန်ဆန်လုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်ပေသည်။အကယ်၍ ဆာဂါရက်စ်ကိုသာလုပ်ချင်တိုင်းလုပ်ခွင့်ပေးလိုက်မည်ဆိုပါက လူသားစစ်တပ်သည် အရေအတွက်သန်းချီ၍ဆုံးရှုံးသွားနိုင်ပေသည်။

ထို့ကြောင့် မှော်ဆရာကြီး၃ဦးသည် မှော်ဆေးပုလင်းများစွာကိုသောက်လိုက်ကြပြီး တားမြစ်မှော်မန္တန်ကို အတူတကွရွတ်ဆိုလိုက်ကြသည်။

"မှော်ဆရာကြီး၃ယောက်ကိုကာကွယ်ကြ...ငါတို့ရဲ့လူတွေကိုလုံးဝထိခိုက်ခွင့်မပြုနိုင်ဘူး"

ထိုအချိန်တွင်ရှောင်ယုသည် အခြေအနေတင်းမာနေမှုကို ချက်ချင်းနားလည်သဘောပေါက်သွားခဲ့ပြီး ချက်ချင်းအော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ဆာဂါရက်စ်သည် အန္တာရယ်များသည်ဟု ခံစားမိသည့်အတွက်ကြောင့် မှော်ဆရာကြီး၃ဦးနှင့်အခြားသူများကိုသတ်ဖြတ်ရန်အတွက် မီးနတ်ဆိုးအမြှောက်အများကို ချက်ချင်းဆင့်ခေါ်ခဲ့သည်။

ရှောင်ယု၏သူရဲကောင်းများသည် မီးနတ်ဆိုးများကိုရှေ့တစ်လှမ်းမတိုးရလေအောင် အခြားသောတပ်ဖွဲ့များနှင့်အတူပူးပေါင်း၍ ဟန့်တားလာခဲ့ကြသည်။

မြေပြင်သည် အဆက်မပြတ်တုန်ခါနေခဲ့ကာ အက်ကွဲလာခဲ့ပြီး တိုက်ပွဲသည်ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေသို့ရောက်ရှိသွားခဲ့သည်။နေရာတိုင်းတွင် လူတို့၏တိုက်ခိုက်မှုစွမ်းအားကြောင့် နေရာတိုင်းလိုလိုပင် မီတာရာနှင့်ချီ၍နက်သောတွင်းပေါက်များ ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် မရေမတွက်နိုင်သော အစွမ်းထက်နတ်ဆိုးများသည် မှော်ဆရာကြီး၃ဦးထံသို့ပြေးဝင်လာကြသည့်အခါတွင် မဟာမိတ်တပ်သားများသည် သူတို့၏အသက်ကိုရင်း၍ မှော်ဆရာကြီး၃ယောက်အား အကာအကွယ်ပေးခဲ့သည်။

နီကိုးလပ်စ်သည် သူ၏ကိုယ်ရံတော်များကိုဦးဆောင်ခဲ့သည်။ထိုအချိန်တွင်သူသည် ဆဌမအဆင့်ကိုယ်ရံတော်များနှင့်အတူ မှော်ဆရာကြီး၃ဦးရှေ့၌ မယိမ်းမယိုင်ရပ်တည်နေကာ အကာအကွယ်ပေးနေခဲ့သည်။

လက်ရှိအချိန်တွင် သူသည်ဆာဂါရက်စ်အားတိုက်ခိုက်ရာ၌ အကာအကွယ်မပေးနိုင်ပေ။ဤစစ်မြေပြင်တွင် ရှောင်ယုကသာအဓိကဇာတ်လိုက်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် တိုက်ကြီး၏အကြီးမြတ်ဆုံးသောအုပ်စိုးသူမှာ သူမဟုတ်ဘဲရှောင်ယုသာဖြစ်ကြောင်း သူနားလည်သွားခဲ့သည်။

ထိုသည်တောင်မှ သူသည်တိုက်ကြီးကိုကာကွယ်ရဦးမည်ဖြစ်သည်။ထိုအရာသည် သူ၏ယုံကြည်ချက်ဖြစ်သလို သူသေဆုံးသွားမည်ဆိုရင်တောင်မှ ထိုနတ်ဆိုးများကိုခုခံသွားမည်ဖြစ်သည်။

အဆုံးသတ်တွင် မှော်ဆရာကြီး၃ဦးထံမှ မှော်အလင်းတန်းများထွက်ပေါ်လာခဲ့ပြီး ဆာဂါရက်စ်ဆီသို့ ဦးတည်သွားခဲ့သည်။ထိုမှော်အလင်းတန်းကြောင့် ဆာဂါရက်စ်၏ခန္ဓာကိုယ်သည် ပြင်းထန်စွာပျက်စီးသွားခဲ့ကာ မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။ထိုတိုက်ကွက်ကြောင့် ဆာဂါရက်စ်သည်ပင် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ရသည်။

ထိုမြင်ကွင်းကိုကြည့်၍ နီကိုးလပ်စ်သည် သက်ပြင်းရှည်ကြီးတစ်ခုချမိလိုက်သည်။အဆုံးသတ်တွင် သူသည်မှော်ဆရာကြီး၃ယောက်ကို စောင့်ရှောက်ပေးနိုင်ခဲ့ကာ တားမြစ်မှော်မန္တန်အား အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် မီးဆူးချွန်တစ်ခုက မြေအောက်မှထိုးထွက်လာကာ သူ၏ရင်ဘတ်အားထိုးဖောက်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

နီကိုးလပ်စ်၏မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်သွားခဲ့သည်။

ဒါကအဆုံးသတ်လား...

နီကိုးလပ်စ်၏မျက်နှာပေါ်၌ ခါးသီးသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် စစ်ပွဲသည်အပြင်းထန်ဆုံးသော အခြေအနေသို့ရောက်ရှိနေခဲ့ပြီဖြစ်၍ နီကိုးလပ်စ်၏သေဆုံးမှုအား မည်သူကမှသတိမထားမိခဲ့ပေ။သို့သော် ရှောင်ယု၏နှလုံးသားကမူ ရုတ်တရက်ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။အရေးကြီးသောအရာတစ်ခုသည် သူ့အားထားသွားခဲ့ပြီဟု ရှောင်ယုနားလည်လိုက်သည်။သို့သော်လည်း ရှောင်ယုသည်ခေါင်းကိုလှည့်မကြည့်ခဲ့ဘဲ ဆာဂါရက်စ်ကိုသာအာရုံစိုက်နိုင်ခဲ့သည်။

ဤသို့ဖြင့် မျိုးဆက်တစ်ခု၏ခေါင်းဆောင်ဖြစ်သော နီကိုးလပ်စ်သည် လူအများသတိမထားမိဘဲ တိတ်တဆိတ်ထွက်ခွာသွားခဲ့ရသည်။သူသည် အဓိကဇာတ်ကောင်တစ်ဦးဖြစ်ရန် ရည်မှန်းထားခဲ့သော်လည်း အဆုံးသတ်တွင်အရန်ဇာတ်ဆောင်တစ်ဦးသာဖြစ်ခဲ့ရသည်။

မှော်ဆရာကြီး၃ယောက်သည် တားမြစ်မှော်မန္တန်အား အသုံးပြုပြီးသည့်နောက်တွင် သူတို့၏ခန္ဓာကိုယ်သည် ရုတ်တရက်အိုမင်းသွားခဲ့သည်။သူတို့၏ခန္ဓာကိုယ်မှ အသက်စွမ်းအင်သည်လုံးဝကုန်ခမ်းသွားခဲ့ပြီး အသွေးအသားများဖြင့်ခမ်းခြောက်သွားခဲ့သည်။

"မူရွယ်..."

သီအိုဒိုးက လင်းမူရွယ်အား နူးညံ့သောလေသံဖြင့် ခေါ်လိုက်သည်။

လင်းမူရွယ်သည် သီအိုဒိုး၏အသံကိုကြားလိုက်သည်နှင့် ချက်ချင်းပင်သီအိုဒိုးထံသို့ တည်နေရာရွေ့ပြောင်းသွားခဲ့သည်။

"မူရွယ်...ဒီဟာကိုယူလိုက်...ဒါဟာဆာဂါရက်စ်ကိုသတ်ဖြတ်နိုင်တဲ့အရာဖြစ်ပြီးတော့ ကောင်းကောင်းအသုံးချဖို့လိုအပ်တယ်...မင်းကိုငါတို့ရဲ့တပည့်အဖြစ်ခေါ်ယူနိုင်ခဲ့တဲ့အတွက် ငါတို့အားလုံး တကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်...အနာဂတ်မှာဒီတိုက်ကြီးရဲ့လုံခြုံရေးက မင်းနဲ့သက်ဆိုင်သွားခဲ့ပြီ"

သီအိုဒိုး၏မျက်နှာပေါ်၌ သက်တောင့်သက်သာရှိသော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။အနာဂတ်တွင် လင်းမူရွယ်တည်ရှိနေခြင်းက တိုက်ကြီး၏လုံခြံရေးကိုစိတ်ချရမည်ဟု သူတို့အခိုင်အမာယုံကြည်ခဲ့သည်။လင်းမူရွယ်သည် သူတို့ချန်လှပ်ခဲ့သောနောက်ဆုံးတာဝန်ကို ပြီးမြောက်စေမည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။

"ဆရာ..."

လင်းမူရွယ်၏မျက်နှာပေါ်၌ မျက်ရည်များတသွင်သွင်စီးကျလာခဲ့သည်။

"မငိုနဲ့...ခုဆိုရင်မင်းကဒီတိုက်ကြီးရဲ့အုပ်ထိန်းသူဖြစ်နေပြီ...မင်းကလူတိုင်းကိုကာကွယ်ချင်တယ်ဆိုရင် ဒီထက်ပိုသန်မာလာရမယ်ကလေး"

ဖာဂူဆန်ကလည်း လင်းမူရွယ်အား ပြုံးပြုံးလေးပြောလိုက်သည်။

လင်းမူရွယ်သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် သီအိုဒိုးကသူမကို တစ်စုံတစ်ခုပေးကမ်းလိုက်သည်။

သီအိုဒိုးပေးအပ်လိုက်သည်မှာ ရှောင်ယုထံမှတောင်းယူထားခဲ့သော အော်ဆီရီယန်၏မျက်လုံးပင်ဖြစ်သည်။

မူလက ဤအရာကိုရှောင်ယုကသိမ်းယူလိုခဲ့သော်လည်း မှော်ဆရာကြီး၃ယောက်က ရှောင်ယုထံမှတောင်းယူခဲ့ပေသည်။ယခုမူ ၎င်းကိုအသုံးပြုရမယ့်အချိန်ရောက်လာခဲ့ပြီဖြစ်သည်။

အော်ဆီရီယန်သည် ရှေးခေတ်နတ်ဘုရားတစ်ပါးဖြစ်ကာ အလွန်အစွမ်းထက်ပေသည်။သူပိုင်ဆိုင်သည့်စွမ်းအားများကို သူ၏မျက်လုံးထဲ၌သာစုစည်းထား၍ မှော်ဆရာကြီး၃ဦးက မှော်လက်နက်အဖြစ်သို့ပြောင်းလဲပေးပြီးနောက်တွင် ၎င်း၏အဖျက်စွမ်းအားသည် တားမြစ်မှော်ပညာထက် အဆပေါင်းများစွာပိုမိုအားကောင်းပေသည်။

ထိုအရာသည် ဆာဂါရက်စ်ကိုအဆုံးသတ်ရန်အတွက် သူတို့ပြူလုပ်ခဲ့သောအရာဖြစ်သည်။

လက်ရှိအချိန်တွင် သူတို့သည် ဒဏ်ရာပြင်းထန်စွာရရှိထားသော ဆာဂါရက်စ်အားသတ်ဖြတ်ရန်အတွက် ဤလက်နက်ကိုအသုံးပြုတော့မည်ဖြစ်သည်။

"သူ့ကိုလုံးဝနာလန်မထူစေနဲ့"

ရှောင်ယုက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ဆာဂါရက်စ်သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားသော်လည်း မသေဆုံးသေးသည့်အတွက် လူတိုင်းသည်ဆာဂါရက်စ်ကို အဆက်မပြတ်တိုက်ခိုက်နေခဲ့ကြသည်။

လက်ရှိအချိန်တွင် ဆာဂါရက်စ်အားအမှန်တကယ်တိုက်ခိုက်နိုင်သူ အများအပြားမရှိပေ။သူတို့သည် ရှောင်ယု၏သူရဲကောင်းများဖြစ်လျှင်တောင်မှ ဆာဂါရက်စ်ကိုတိုက်ခိုက်ရန် ခက်ခဲပေသည်။

ထိုအချိန်တွင် လူတိုင်းသည် ဧရာမမျက်လုံးကြီးတစ်ခုက လေထဲလွှင့်မျောလာသည်ကို တွေ့လိုက်ရသည်။ထိုမျက်လုံးကြီးသည် အလွန်စွဲမက်ဖွယ်ကောင်းလှပြီး အလွန်ပင်တောက်ပနေသည့်အတွက်ကြောင့် လူတိုင်းသည်သူတို့၏စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးအပိုင်းမှနေ၍ ကြောက်ရွံ့မှုကိုဖြစ်စေခဲ့သည်။

"ဒါက..."

ရှောင်ယုသည် ထိုမျက်လုံးကိုမြင်သည်နှင့် ချက်ချင်းမှတ်မိသွားခဲ့သည်။ထိုအရာသည် အော်ဆီရီယန်၏မျက်လုံးဖြစ်သည်။မှော်ဆရာကြီး၃ယောက်သည် ထိုအရာကိုလက်နက်အဖြစ်အသွင်ပြောင်းလိုက်ခြင်းဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။

အကယ်၍ ဤတိုက်ကြီးအတွင်း ရှောင်ယုတွေ့မြင်ဖူးခဲ့သည့်အရာများအနက် ဆာဂါရက်စ်နှင့်အနီးစပ်ဆုံးခွန်အားကိုပိုင်ဆိုင်သည်မှာ အော်ဆီရီယန်ဖြစ်သည်။အော်ဆီရီယန်သည် တိုက်တန်ဆာဂါရက်စ်နှင့်ယှဉ်နိုင်သည့် ဖြစ်တည်မှုဖြစ်သည်။

ဆာဂါရက်စ်သည် အော်ဆီရီယန်၏မျက်လုံးကိုမြင်သောအခါ ထိတ်လန့်သွားခဲ့သည်။သူသည် ထိုအရာ၏စွမ်းအားကို သိရှိထားသူတစ်ယောက်ဖြစ်သည်။

"အား...အော်ဆီရီယန်"

ဆာဂါရက်စ်သည် ရှောင်တိမ်းလိုသော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။လင်းမူရွယ်၏ မှော်ပညာအပေါ်နားလည်သဘောပေါက်မှုသည် ယခုအချိန်၌အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။မှော်ဆရာကြီး၃ယောက်သည်တောင်မှ သူမအားလိုက်မမှီတော့ပေ။

အော်ဆီရီယန်၏မျက်လုံးများမှ ထွက်ပေါ်လာသောဖျက်ဆီးခြင်းအလင်းတန်းသည် သူ့အားဖျက်ဆီးရန်အတွက်အပြည့်အဝလုံလောက်မှုရှိ၍ ဆာဂါရက်စ်သည် အလွန်ပင်ထိတ်လန့်ကြောက်ရွံ့နေခြင်းဖြစ်သည်။

ဒိုင်း...ဘန်း

ကမ္ဘာတစ်ခုလုံးမှေးမှိန်ပျောက်ကွယ်သွားသကဲ့သို့ အော်ဆီရီယန်၏မျက်လုံးများမှ အလင်းတန်းများထွက်ပေါ်လာခဲ့သည်။

အပြင်းအထန်ဒဏ်ရာရရှိထားသည့် ဆာဂါရက်စ်သည် ဖျက်ဆီးခြင်းအလင်းကိုမခုခံနိုင်တော့ပေ။ဖျက်ဆီးခြင်းအလင်းသည် ဆာဂါရက်စ်၏ခန္ဓာကိုယ်အား ဖောက်ထွင်းဝင်ရောက်သွားကာ မွှေနှောက်ဖျက်ဆီးပစ်ခဲ့သည်။

အား...ငါပြန်လာခဲ့မယ်...ဒီကိစ္စကမပြီးသေးဘူး

ဆာဂါရက်စ်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် လေထုထဲ၌အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ဆာဂါရက်စ်၏ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး အက်ကွဲကြောင်းအတွင်းသို့တိုးဝင်ကာ ခဏအတွင်းပျောက်ကွယ်သွားခဲ့သည်။

ဆာဂါရက်စ်၏ဝိညာဉ်သည် တဖန်လွှင့်မျောပျောက်ကွယ်သွားခဲ့ကာ အဆုံးအစမရှိသောဟင်းလင်းပြင်ထဲ ထိုးကျသွားခဲ့သည်။ဆာဂါရက်စ်၏အလောင်းသည်ကား ပျက်စီးသွားပြီဖြစ်ရာ စစ်ပွဲသည်အဆုံးသတ်ခဲ့ပြီဖြစ်သည်။

ရှောင်ယုအပါအဝင် လူတိုင်းသည်အရာအားလုံးအိပ်မက်မက်နေသလို ခံစားနေကြရသည်။အချိန်အတော်ကြာပြီးနောက်တွင် လူတိုင်းသတိပြန်ဝင်လာကြပြီး ကျန်ရှိနေသေးသောနတ်ဆိုးများကို အရှိန်အဟုန်ဖြင့်ထိုးစစ်ဆင်ချေမှုန်းလိုက်ကြသည်။

အခန်း ၅၆၁ - တိုက်ကြီး၏အုပ်စိုးသူ

ဆာဂါရက်စ်သေဆုံးသွားပြီးနောက် ရှောင်ယုသည်နဂါးလေး၏နောက်ကျောကိုစီးနင်းကာ ရှုပ်ထွေးနေသောစစ်မြေပြင်ကိုကြည့်နေမိသည်။

အဆုံးသတ်တွင် သူသည်အရာအားလုံးကိုအောင်ပွဲဖြင့်အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။

သူခန့်မှန်းထားသည့်အတိုင်း သူသည်ဆာဂါရက်စ်အားအနိုင်ယူကာ ကမ္ဘာကြီးအားကယ်တင်နိုင်ခဲ့ပြီး တိုက်ကြီး၏အကြီးမြတ်ဆုံးအုပ်စိုးသူဖြစ်လာခဲ့သည်။

ရှောင်ယုသည် အားသက်စ်ကို တိတ်တဆိတ်အမိန့်ပေးပြီး မသေမျိုးများအားပြန်လည်ဆင့်ခေါ်ခိုင်းခဲ့သည်။ကျန်ရှိနေသောနတ်ဆိုးများကို လူသားများကဖြေးညင်းစွာသုတ်သင်ရှင်းလင်းမှာဖြစ်သည်။

ဂေါ်ဒန်သည် မည်သည့်ခြိမ်းခြောက်မှုကိုမှ မပြုလုပ်နိုင်တော့ပေ။ဤတိုက်ပွဲအပြီးတွင် ရှောင်ယု၏ခွန်အားသည် နှစ်ဆတိုးလာခဲ့သည်။ရှောင်ယု၏တပ်ဖွဲ့များနှင့်နှိုင်းယှဉ်ပါက ဂေါ်ဒန်၏စွမ်းအားသည် အားကောင်းခြင်းမရှိတော့ပေ။

များမကြာမှီတွင် ကျွမ်းကျင်သူများသည် ဤတိုက်ကြီး၏ဘုရင်အသစ်အဖြစ် သူနှင့်အတူပူးပေါင်းကာ မင်းဆက်အသစ်ကိုတည်ထောင်ရန်အတွက် နေရာတိုင်းမှနေ၍ ရှောင်ယုထံသို့ရောက်ရှိလာခဲ့ကြသည်။

အရာအားလုံးသည် ချောချောမွေ့မွေ့ဖြစ်သွားခဲ့သည်။ထိုအရာသည် ယခင်ကတည်းကရေးဆွဲထားသည့် လုပ်ငန်းစဉ်တစ်ခုလိုဖြစ်နေခဲ့ပြီး အနည်းငယ်မူမမှန်သလိုခံစားခဲ့ရသည်။ရှောင်ယုသည် ဤဖြစ်စဉ်တစ်ခုလုံးအား အလွန်ရင်းနှီးနေ၍ ထူးဆန်းသလိုခံစားခဲ့ရသည်။

၃နှစ်ကြာပြီးနောက်တွင် တိုက်ကြီး၏အခြေအနေသည် လုံးဝတည်ငြိမ်သွားခဲ့သည်။ဂေါ်ဒန်သည် သူ၏တပ်ဖွဲ့ကိုနေဝင်ချိန်နွံအိုင်သို့ပို့ဆောင်ခဲ့ကာ နောက်ထပ်တဖန်ပြန်၍ထွက်ပေါ်မလာတော့ပေ။အားသက်စ်သည် မသေမျိုးတပ်ဖွဲ့အား နာရက်စ်မန်းထဲသို့ခေါ်ဆောင်သွားခဲ့ကာ ထိုနေရာ၌အခြေချနေထိုင်ခဲ့သည်။

ရှောင်ယုသည် မင်းဆက်သစ်နှင့်မြို့တော်အသစ်ကိုတည်ထောင်ရာ၌ မည်သည့်ပြဿနာမှမကြုံတွေ့ခဲ့ရပေ။သဘာဝကျစွာပင် တစ်စုံတစ်ယောက်က သူ့အတွက်အရာအားလုံးကို လုပ်ဆောင်ပေးလေ့ရှိသည်။သူလုပ်ဆောင်ရန်လိုအပ်သည်မှာ အခမ်းအနားအတွက်စောင့်ဆိုင်းရုံသာရှိခဲ့သည်။

ကောင်းကင်ခြင်္သေ့မင်းဆက်၏ ဧကရာဇ်သည် ရှောင်ယုထံ၌အလိုအလျောက်လက်နက်ချ ထီးနန်းစွန့်ခဲ့သည်။အကယ်၍ မင်းသမီးလေးကသာ ရှောင်ယုနှင့်လက်ဆက်နိုင်မည်ဆိုပါက ကောင်းကင်ခြင်္သေ့မင်းဆက်၏သွေမျိုးဆက်သည် အနာဂတ်တော်ဝင်မိသားစု၌ ဆက်ရှိနေမည်ဖြစ်သည်။

ရှောင်ယုနန်းတက်သည့်နေ့တွင် တိုက်ကြီးတစ်ခုလုံးအောင်ပွဲခံခဲ့ကြသည်။လူတိုင်းသည် ရှောင်ယုထီးနန်းတက်ခြင်းကို အားပေးဂုဏ်ပြုပေးခဲ့ကြသည်။

သမိုင်းစာအုပ်များ၌ မင်းဆက်သစ်၏သမိုင်းကိုစတင်မှတ်တမ်းတင်ခဲ့ပြီး ရှောင်ယုအားအဆုံးမရှိသော ချီးမွမ်းမှုများပေးအပ်ခဲ့သည်။ယခင်က လူယုတ်မာအဖြစ်သတ်မှတ်ထားကြသော ရှောင်ယုသည် ယခုအခါတွင်ပြေပြစ်သော၊ထက်မြက်သော၊ရဲရင့်ပြီး ပြီးပြည့်စုံသောလူသားအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

ရှောင်ယုသည် သမိုင်းစာအုပ်ကိုမြင်သောအခါတွင် အနည်းငယ်ပြုံးရုံမှလွဲ၍ ဘာမှမပြောခဲ့ပေ။

ရှောင်ယုသည် လူတိုင်း၏ကန့်ကွက်မှုများအား လျစ်လျူရှုကာ လင်းမူရွယ်အားမိဖုရားအဖြစ် လက်ထပ်ပေးခဲ့သည်။ကောင်းကင်ခြင်္သေ့မင်းဆက်၏မင်းသမီး၊စကားလက်စ်နှင့်သူမ၏ညီမအပါအဝင် အခြားသောအမျိုးသမီးများကိုမူ ကိုယ်လုပ်တော်အဖြစ်လက်ခံပေးခဲ့သည်။လင်းမူရွယ်သည် တိုက်ကြီး၏အုပ်ထိန်းသူအသစ်ဖြစ်လာခဲ့ပြီး အရေးကြီးသောအခိုက်အတန့်၌ တိုက်ကြီးကိုကယ်တင်ခဲ့သည်။အချို့သောခေါင်းမာသူများက ကန့်ကွက်ခဲ့ကြသော်လည်း အတားအဆီးသိပ်မတွေ့ခဲ့ပေ။

အရာအားလုံးသည် ဒဏ္ဍာရီပုံပြင်ကဲ့သို့ ပြီးပြည့်စုံခဲ့သည်။

ထိုအချိန်မှစ၍ ရှောင်ယုသည်တိုက်ကြီး၏ဧကရာဇ်ဖြစ်လာခဲ့ပြီး လင်းမူရွယ်၊လီအာ၊စကားလက်စ်နှင့်အခြားအမျိုးသမီးများနှင့်အတူ ပျော်ရွှင်စွာနေထိုင်သွားခဲ့သည်။သူနှင့်အနည်းငယ်ပတ်သက်သူများသည်ကား သူ၏နန်းတွင်း၌နေရာတစ်ခုကိုရရှိခဲ့သည်။ထိုအကြောင်းကိုမူ မည်သူကမှမကန့်ကွက်ခဲ့ကြပေ။ဆန့်ကျင်ဘက်အားဖြင့် အမျိုးသမီးများ၏နှစ်သက်မှုကို ရရှိခဲ့သောရှောင်ယုကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

နှစ်အနည်းငယ်ကြာပြီးနောက် တိုင်ရန်ဒီနှင့်မဲလ်ဖြူရီယန်တို့သည် နတ်သူငယ်များကိုခေါ်ဆောင်၍ ထွက်လာခဲ့ကြသည်။သူတို့သည် လူသားတို့၏နယ်မြေမှထွက်ခွာ၍ နတ်သူငယ်နိုင်ငံသစ်အားတည်ထောင်ရန် တောနက်ထဲဝင်ရောက်သွားကြသည်။

ရှောင်ယုက သူတို့၏ဆုံးဖြတ်ချက်ကိုလေးစားခဲ့သည်။ယခုတိုက်ပွဲအပြီးတွင် နတ်သူငယ်များသည် သူတို့၏ဇာတိနယ်မြေဖြစ်သော နတ်သူငယ်နိုင်ငံတော်အား ပြန်လည်တည်ထောင်ကြတော့မည်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ ဂရင်းနှင့်သရောလ်တို့သည် အောစ့်နိုင်ငံအသစ်အားတည်ထောင်ရန်အတွက် အောစ့်များကိုခေါ်ယူ၍ ထွက်ခွာလာခဲ့ကြသည်။

ထို့နောက်တွင် ကဲလ်သက်နှင့်သွေးနတ်သူငယ်များသည် ထွက်ခွာရန်ရွေးချယ်ခဲ့ကြသော်လည်း အဝေးသို့ထွက်မသွားသေးဘဲ မှော်ပညာကိုသာဆက်လက်လေ့လာရန်အတွက် နေရာတစ်ခုကိုရှာဖွေခဲ့ကြသည်။ရှောင်ယုက သူတို့၏တောင်းဆိုမှုကိုကျေနပ်စွာ လက်ခံခဲ့သည်။

တစ်ဖက်တွင် တောင်ဘုရင်မာဒင်၏ဦးဆောင်မှုအောက်၌ လူပုလေးများသည် စတင်ထွက်ခွာလာကြသော်လည်း သူတို့သည်လူသားများနှင့်နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။လူသားနိုင်ငံများ၌ သူတို့ထုလုပ်ထားသောလူပုလက်နက်များသည် အလွန်ရေပန်းစားကာရောင်းအားကောင်းခဲ့ပေသည်။

ရှောင်ယုသည် သူတို့အားကောင်းမွန်သောဘဝတစ်ခုတည်ဆောက်နိုင်ရန် ငွေကြေးနှင့်ရတနာများစွာပေးအပ်ခဲ့သည်။ထို့ပြင် ရှောင်ယုသည် အောစ့်များနှင့်နတ်သူငယ်များအား အမဲလိုက်ခြင်းမပြုရန်အတွက် တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့သည်။ထိုသို့မဟုတ်ပါက သူတို့အားကြီးကြီးမားမားဒဏ်ခတ်မည်ဟု တိုက်ကြီးတခွင်အမိန့်ထုတ်ပြန်ခဲ့သည်။

အူသာသည် အလင်းဘုရားကျောင်း၏ မျိုးဆက်သစ်အလင်းနတ်ဘုရားဖြစ်လာခဲ့ကာ ဘုရားကျောင်း၏အယူဝါဒများကို ပြောင်းလဲချမှတ်ခဲ့သည်။ရှောင်ယုသည် အူသာကိုမြင့်မြတ်သောနယ်မြေတစ်ခု တည်ထောင်ခွင့်ပေးခဲ့ကာ တရားဝင်ကိုးကွယ်ယုံကြည်မှုအဖြစ် သတ်မှတ်ရန် အခွင့်အရေးပေးခဲ့သည်။

လုပ်ဖော်ကိုင်ဖက်ဟောင်းများအားလုံး ထွက်ခွာသွားပြီးနောက်တွင် ရှောင်ယု၏ဘဝတစ်ခုလုံးသည် တည်ငြိမ်အေးချမ်းလာခဲ့သည်။

လူတိုင်းသည် ရှောင်ယု၏ဉာဏ်ပညာကို ချီးကျူးကြပြီး အလွန်လေးစားခဲ့ကြသည်။သူတို့သည် ရှောင်ယုအားတိုက်ကြီး၏ကယ်တင်ရှင်နှင့် လူသားများ၏ကယ်တင်ရှင်အဖြစ် သတ်မှတ်ခဲ့ကြသည်။

မှော်ဆရာကြီး၃ယောက်သည် အဆုံးသတ်တိုက်ပွဲ၌ ရရှိခဲ့သောတန်ပြန်ဆိုးကျိုးကြောင့် သူတို့၏စွမ်းအင်အားလုံးကိုဆုံးရှုံးခဲ့ရကာ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားခဲ့ရသည်။

သီအိုဒိုးသည် သူမသေဆုံးမှီ ရှောင်ယုအားသေတ္တာလေးတစ်လုံးပေးအပ်ခဲ့ကာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် အရာအားလုံးဟာလာဟင်းလင်းဖြစ်နေပြီး အဓိပ္ပါယ်မရှိတော့ဟုခံစားမိပါက ဤသေတ္တာကိုဖွင့်လှစ်ရန် မှာကြားခဲ့သည်။

ထိုသေတ္တာသည် ရှောင်ယုလိုအပ်နေသောအဖြေကိုပေးမှာဖြစ်သည်။သို့သော်လည်း ရှောင်ယုသည်ထိုသေတ္တာကိုဖွင့်လှစ်ရန် သတ္တိမရှိခဲ့ပေ။

လူတိုင်းသည် စည်းစိမ်ဥစ္စာနှင့်အာဏာကိုလိုချင်တပ်မက်ကြသည်။ယခုအခါ ရှောင်ယုထံ၌အရာအားလုံး ပိုင်ဆိုင်ထားပြီဖြစ်၍ သူပျော်ရွှင်နေသင့်သော်လည်း ထင်သလောက်မပျော်ရကြောင်း ရှောင်ယုနားလည်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည်တစ်စုံတစ်ခုမှားယွင်းနေသည်ဟု အမြဲလိုလိုခံစားမိသော်လည်း ထိုခံစားချက်သည် အဘယ်ကြောင့်ဖြစ်လာသည်ကို သူမမှတ်မိနိုင်ဖြစ်နေ၍ဖြစ်သည်။

၁၀နှစ်ကြာပြီးနောက်တွင် ရှောင်ယု၏ဘဝသည်အဆင်ပြေချောမွေ့နေခဲ့သည်။သူ၏တစ်ခုတည်းသောအားနည်းချက်မှာ ကလေးမရရှိခဲ့ခြင်းဖြစ်ပြီး ထိုအရာကပင် ရှောင်ယု၏အကြီးမားဆုံးနောင်တဖြစ်ခဲ့သည်။

သူသည် ရာဇပလ္လင်ကိုအမွေဆက်ခံရန်မဟုတ်ဘဲ သူ၏စိတ်ဝိညာဉ်နှစ်သိမ့်မှုရရှိရန် သားသမီးတစ်ဦးကို အမြဲမျှော်လင့်ထားခဲ့သော်လည်း နတ်ဘုရားများက သူ၏ဆန္ဒအနည်းငယ်ကိုပင် ဖြည့်ဆည်းပေးရန် ငြင်းဆိုခဲ့သည်။

နောက်ထပ်ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ရှောင်ယုသည် ဂရင်းနှင့်အတူဓားပြများကို သတ်ဖြတ်ရန်သွားရောက်ခဲ့သည့် အစောပိုင်းနေ့ရက်များကို ပြန်လည်လွမ်းဆွတ်သွားခဲ့သည်။ထိုစဉ်ကနေ့ရက်များ၌ သူသည်တက်ကြွလန်းဆန်းနေခဲ့ပြီး အရာရာတိုင်းသည်စိတ်ဝင်စားဖွယ် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့သည်။

ယခုမူကား နေ့ရက်များ၊နှစ်ကာလများက စီးဆင်းနေသောမြစ်ရေကဲ့သို့ ကုန်လွန်သွားခဲ့သည်။

ရှောင်ယုသည် ယခင်ကသိကျွမ်းခဲ့ဖူးသူများနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများကို လွမ်းဆွတ်နေခြင်းဖြစ်သည်။အမှန်တော့ ထိုလူများသည် ရှောင်ယု၏မွေးနေ့ဖြစ်စေ အခြားသောပွဲတော်များကျင်းပသည့်အခါတွင်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ကိုယ်စားဖြစ်စေ ရောက်လာလေ့ရှိသည်။

ရှောင်ယုသည် သူတို့အားမထွက်သွားစေချင်သော်လည်း လက်ရှိအချိန်၌ သူတို့တွင်ကိုယ်ပိုင်အလုပ်တာဝန်များ ရှိနေခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် ရှောင်ယုသည်အသက်ကြီး၍အိုမင်းလာသလို ခံစားလိုက်ရသည်။

အမှန်တော့ သူ၏ခန္ဓာကိုယ်သည် မအိုမင်းသေးသော်လည်း သူ၏နှလုံးသားကမူ အိုမင်းနေပြီဖြစ်သည်။

သူအသက်၅၀ရောက်နေပြီဖြစ်သော်လည်း ကလေးမရနိုင်သေးပေ။ယခုအချိန်တွင် အမွေဆက်ခံမည့်သူအား မကြေငြာရသေးပါက တိုင်းပြည်တစ်ခုလုံး ကမောက်ကမဖြစ်သွားနိုင်သည်။

ထို့ကြောင့်ရှောင်ယုသည် ချင်ချဲအားသူ၏အမွေဆက်ခံသူအဖြစ် ကြေငြာခဲ့သည်။သူသေဆုံးသွားပြီးနောက်တွင် ချင်ချဲကတိုင်းပြည်အား ဆက်လက်တာဝန်ယူမည်ဖြစ်သည်။

ချင်ချဲသည် စစ်ပွဲကာလအတွင်းက ကြီးမားသည့်အောင်မြင်မှုများကို ရရှိခဲ့သည်။စစ်ပွဲပြီးဆုံးသွားပြီးနောက်တွင်လည်း သူသည်နိုင်ငံကို ညဏ်ပညာရှိရှိအုပ်စိုးခဲ့ကာ သင့်တော်သောမူဝါဒများကိုချမှတ်ခဲ့၍ အလွန်ချီးကျူးခံခဲ့ရသည်။

အဆုံးသတ်တွင် ထိုအမိန့်ကိုထုတ်ပြန်ပြီးနောက် ရှောင်ယုသည် သီအိုဒိုး၏မှော်သေတ္တာကို သိမ်းဆည်းထားသောအခန်းထဲသို့ ပြန်သွားခဲ့သည်။သူသည် ထိုသေတ္တာကိုဖွင့်ကြည့်ကာ အထဲ၌သိမ်းဆည်းထားသည့်အဖြေကို သိရှိလိုခဲ့သည်။

ရှောင်ယုသည် စိတ်ကိုတင်းထားရင်း တုန်ရီနေသောလက်ကိုဆန့်တန်းလိုက်ကာ သေတ္တာကိုဖြေးညင်းစွာဖွင့်လိုက်သည်။

ပြိုးပြိုးပျက်ပျက်တောက်ပနေသော အဖြူရောင်အလင်းတန်းတစ်ခုက ချက်ချင်းလင်းထိန်သွားခဲ့သည်။ရှောင်ယု၏အမြင်အာရုံသည် လုံးဝပြောင်းလဲသွားခဲ့ကာ သူနားမလည်နိုင်သောကမ္ဘာတစ်ခု နားမလည်နိုင်သောအခန်းတစ်ခုထဲ၌ ရှိနေသည်ကိုတွေ့လိုက်ရသည်။

ထိုအခန်းသည် ခမ်းနားထည်ဝါသောနန်းတော်၏ခန်းမမဟုတ်တော့ဘဲ သူ၏ယခင်ဘဝနှင့်ဆင်တူသော သာမန်ဂိမ်းအခန်းတစ်ခုဖြစ်နေခဲ့သည်။

ထို့ပြင် သူ့ခေါင်းပေါ်၌တစ်စုံတစ်ခုရှိနေပုံရသည်။

ထိုအချိန်တွင် လူတစ်ယောက်ဝင်လာပြီး ရှောင်ယုအားပြုံးပြုံးလေးပြောလိုက်သည်။

"လေးစားရပါသော ဘီတာစမ်းသပ်သူ...နောက်ဆုံးတော့မင်းသတိရလာပြီဘဲ...ဘယ်လိုခံစားရလဲ...ဒီဟာကစစ်ကမ္ဘာဂိမ်းရဲ့ချန်ပီယံအတွက် အဆပေါင်းရာချီလက်တွေ့ဆန်တဲ့ ပုံရိပ်ယောင်စစ်ကမ္ဘာကို မြင်တွေ့ခွင့်ပြုခဲ့တာဖြစ်တယ်...ဒီဟာကငါတို့ရဲ့နောက်ဆုံးပေါ်ထုတ်ကုန်ဆိုလည်းမမှားဘူး...သင်ကဒီပုံရိပ်ယောင်စစ်ကမ္ဘာကို ပထမဆုံးတရားဝင်လက်တွေ့စမ်းခွင့်ရသူဖြစ်တယ်...ဒါကသင့်အတွက် တကယ်ကံကောင်းခြင်းပဲ"

"လက်တွေ့စမ်းသပ်ခြင်းအတွေ့အကြုံ...ဒါကဂိမ်းတစ်ခုပဲလား"

ရှောင်ယုသည် ရုတ်တရက်ထရပ်ကာ သူ၏ခေါင်းကိုထိလိုက်ကာ အောက်ကိုငုံ့ကြည့်မိလိုက်သည်။သူမြင်တွေ့လိုက်ရသည်မှာ စက်ကိရိယာများဝိုင်းရံထားသည့် သတ္တုစပ်ကုတင်တစ်လုံးဖြစ်သည်။

ရုတ်တရက်ဆိုသလို ရှောင်ယုက တစ်စုံတစ်ခုအား နားလည်သွားခဲ့သည်။

ဒါတွေအကုန်လုံးက အတုအယောင်တွေလား...ဂရင်း၊သရောလ်၊လင်းမူရွယ်၊စကားလက် အကုန်လုံးကပုံရိပ်ယောင်တွေလား...

ရှောင်ယုသည် အလွန်ပင်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ၏အသားကိုဆွဲဆိတ်ကြည့်လိုက်ရာ သူ၏နှလုံးသားထဲမှနေ၍ နာကျင်မှုဝေဒနာကို ခံစားမိလိုက်သည်။ထို့နောက်သူသည် ရုတ်တရက်မြေပေါ်သို့လဲကျသွားခဲ့ကာ အော့အန်ခဲ့သည်။ဝန်ထမ်းများသည် သူ၏အခြေအနေကိုစစ်ဆေးရန် ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်တွင် ရှောင်ယုသည် ရုတ်တရက်သတိလစ်မေ့မြော သွားခဲ့ပြီး မျက်ရည်များစီးကျလာခဲ့သည်။သူ၏အမြင်အာရုံသည် အချိန်အတော်ကြာအောင်မှုန်ဝါးနေခဲ့ကာ မျက်ရည်များကမရပ်မနားစီးကျနေခဲ့သည်။ရှောင်ယုသည် သူအကြိုက်ဆုံးအရုပ်ကိုဆုံးရှုံးလိုက်ရသော ကလေးတစ်ယောက်သဖွယ်ဖြစ်နေခဲ့သည်။

အခန်း ၅၆၂ - အသစ်တဖန်စတင်ချိန်...

ရှောင်ယုသည် အိမ်သို့တစ်ယောက်တည်း လမ်းလျှောက်ပြန်လာခဲ့သည်။

သူ၏နေအိမ်ဟောင်းကို ပြန်တွေ့ချိန်၌ ရှောင်ယုကအလွန်ထူးဆန်းသလို ခံစားမိလိုက်သည်။ဆယ်စုနှစ်များစွာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး သူ၏အတွေးထဲ၌ခြင်္သေ့မြို့တော်၊သူချစ်ခင်ရသူများ၊သြဇာအာဏာနှင့်သူ၏လုပ်ဖော်ကိုင်ဖက်ဟောင်းများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

အရာရာတိုင်းသည် အိပ်မက်လှလှလေးများသဖွယ် ဖြစ်နေခဲ့သော်လည်း သူနိုးထလာသည့်အခါ အိပ်မက်ဟုသည့်အမှန်တရားက အလွန်ရက်စက်လွန်းလှပေသည်။

မန်နေဂျာ၏အဆိုအရ ၎င်းသည်ဂိမ်း၏အတွင်းပိုင်း ဘီတာစမ်းသပ်မှုဖြစ်ကာ သူသည်ပထမဆုံးစမ်းသပ်ကစားသည့် ဘီတာကစားသူဖြစ်ကြောင်း သိခဲ့ရသည်။

သူသည်ကံအကောင်းဆုံးသူဖြစ်ခဲ့သည်လား...သူအမှန်ပင်ကံကောင်းခဲ့သည်လား

ရှောင်ယုက ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။

အိမ်ပြန်ရောက်ပြီးနောက်တွင် ရှောင်ယုသည်အရာအားလုံးဆုံးရှုံးသွားသလို ခံစားမိလိုက်သည်။ယခုထိတိုင်အောင် သူသည် ထိုအိပ်မက်ကိုအဆုံးမသတ်လိုသေးသည့်အတွက် နာကျင်စွာဖြင့်မျက်လုံးမှိတ်ထားလိုက်သည်။

ဂိမ်းသည် မကြာမှီပြန်လည်စတင်တော့မည်ဖြစ်သည်။ဂိမ်းကုပ္မဏီ၏အဆိုအရ အသစ်စက်စက်ဂိမ်းတစ်ခုကို တီထွင်ထားပြီဖြစ်ကာ ထိုဂိမ်းအသစ်ကိုဆက်လက်ဆော့ကစားနိုင်ရန်အတွက် သူ့အားအထူးဂိမ်းဦးထုပ်တစ်လုံး လက်ဆောင်ပေးခဲ့သည်။

သို့သော်လည်း ရှောင်ယုသည် နေ့တိုင်းအစာစားရန်ပင် ခွန်အားကုန်ဆုံးနေသည်အထိ စိတ်ဝေဝါးနေခဲ့သည်။

ဆယ်ရက်ဆက်တိုက် ထိုသို့ဖြစ်နေမှုကြောင့် ရှောင်ယုသည်ရူးသွပ်သွားသလိုခံစားမိလိုက်ကာ အရာအားလုံးကိုမေ့ပစ်ရန် ဆုံးဖြတ်လိုက်ပြီး ဘဝကိုအသစ်တဖန်စတင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် သူ၏အဝတ်များကိုအကုန်ချွတ်ကာ ရေချိုးခန်းထဲဝင်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်၌ကပ်ညှိနေသော အညစ်အကြေးများနှင့်အမှတ်တရအားလုံးကို ဆေးကြောရန်စေ့စေ့စပ်စပ် သန့်ရှင်းရေးလုပ်လိုက်သည်။

ရေအေးသည် သူ၏ခန္ဓာကိုယ်ပေါ်ကျရောက်လာသည့်အတွက် သူ၏အာရုံကြောများလှုပ်နိုးသွားကာ တစ်ကိုယ်လုံးလန်းဆန်းသွားခဲ့သည်။

"ဟုတ်တယ်...အိပ်မက်တွေကအိပ်မက်တွေပါဘဲ...ငါနိုးထဖို့လိုတယ်...ဟောင်းနွမ်းနေတဲ့အရာအားလုံးကိုစွန့်လွှတ်ပြီး အသစ်တဖန်စကြရအောင်"

ရှောင်ယုသည် ထိုသို့တွေးတောလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို စတင်ပွတ်သပ်ဆေးကြောလိုက်သည်။

ဂျစ်...

ထိုအချိန်တွင် ရှောင်ယုသည်သူ့အရေပြားပေါ်ရှိ အရာတစ်ခုကိုခြစ်မိသွား၍ မျက်မှောင်ကြုတ်မိလိုက်သည်။

"ဟင်...ရေမချိုးခင်ဘာလို့လက်စွပ်ကို မချွတ်မိခဲ့တာလဲ"

အစောပိုင်းတွင် ရှောင်ယုသည်ဒေါသထွက်သွားသော်လည်း ခဏအကြာတွင် သူလုံးဝထိတ်လန့်သွားခဲ့သည်။

ဤလက်စွပ်သည် ဂိမ်းထဲရှိသူ၏သိုလှောင်လက်စွပ်ဖြစ်ကာ ဧကရာဇ်မင်း၏တန်ခိုးစွမ်းအားကို ကိုယ်စားပြုရန်အတွက် ဆရာကြီးဟစ်ဂင်က သူ့အတွက်ဖန်တီးပေးထားသော ဧကရာဇ်လက်စွပ်ဖြစ်သည်။

ထိုလက်စွပ်အား တိုက်ကြီး၏အကြီးမြတ်ဆုံးအုပ်စိုးသူကသာ ဝတ်ဆင်ရန်ထိုက်တန်ပေသည်။

သို့သော်လည်း...

သူသည် လက်တွေ့ကမ္ဘာသို့ပြန်ရောက်လာပြီဖြစ်ရာ ဤလက်စွပ်ကို အဘယ်ကြောင့်ဝတ်ဆင်ထားရသနည်း...ဤအရာသည်ဂိမ်းကုမ္ပဏီ၏လက်ဆောင်တစ်ခုဖြစ်နေသည်လား...

ထိုသို့ဆိုလျှင် အဘယ်ကြောင့်ပွင့်ပွင့်လင်းလင်းမပြောခဲ့သနည်း...

ရှောင်ယု၏နှလုံးခုန်နှုန်းသည် တဖြည်းဖြည်းပိုမိုပြင်းထန်လာခဲ့ကာ လက်စွပ်အားကိုင်၍ သေချာစစ်ဆေးလိုက်သည်။ထိုအရာသည် ကျိန်းသေပေါက်သူ၏လက်စွပ်ဖြစ်သည်။

ရှောင်ယုသည် ယခင်ကလိုပဲ သူ၏အသိစိတ်ကိုလက်စွပ်အတွင်းသို့ ပို့လွှတ်လိုက်ကာ လက်စွပ်အတွင်းရှိအရာများကို စူးစမ်းရှာဖွေလိုက်သည်။ထိုအချိန်တွင် ရှောင်ယု၏အတွင်းစိတ်ထဲ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားလာခဲ့ပြီး သူ၏ဦးနှောက်ထဲမှတစ်စုံတစ်ခု နိုးဆွခံလိုက်ရသလို ခံစားမိလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ယုသည် လက်စွပ်အတွင်း၌ သူ၏မှော်ဝင်ချပ်ဝတ်နှင့်လက်နက်များ၊ယခင်အသုံးအဆောင်ပစ္စည်းများနှင့်သူလက်ဆောင်ရရှိထားသောပစ္စည်းများအစရှိသည်ဖြင့် သူရင်းနှီးနေသောအရာများကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။

ရှောင်ယုသည် အခန်းတံခါးကိုဆောင့်ဖွင့်လိုက်ကာ ကိုယ်လုံးတီးဖြင့်ပြေးထွက်လာခဲ့သည်။သူသည် သူ၏ခန္ဓာကိုယ်တွင်းရှိ ရေများကိုပင်မသုတ်ဘဲ အလွန်ပင်စိတ်လောနေခဲ့သည်။

သူသည် သိုလှောင်လက်စွပ်အတွင်းမှ အရာအားလုံးကိုလျင်မြန်စွာထုတ်ယူလိုက်ပြီးနောက် အရာအားလုံးသည်အစစ်အမှန်ဖြစ်နေကာ ဂိမ်းထဲကကဲ့သို့ပင် အသုံးပြုနိုင်ကြောင်းတွေ့ရှိခဲ့သည်။

"ဟင်...ဘာတွေဖြစ်နေတာလဲ"

ရှောင်ယုသည် အံ့အားမှုကြောင့်အချိန်အတော်ကြာ ကြက်သေသေနေခဲ့သော်လည်း ပြန်လည်သတိဝင်လာခဲ့သည်။ထိုအခါမှ အေဇာရောဂ့်တိုက်ကြီးသည် သူနှင့်အဆက်အသွယ်လုံးဝပြတ်တောက်သွားခြင်းမရှိကြောင်း သူတွေ့လိုက်မိသည်။

ထို့ကြောင့်ရှောင်ယုသည် လက်စွပ်တွင်းရှိအရာများကို တစ်ခုချင်းစစ်ဆေးကြည့်လိုက်ရာ ရုတ်တရက်တစ်စုံတစ်ခုကို တွေ့ရှိခဲ့သည်။

တည်နေရာရွေ့ပြောင်းဂိတ်...

ထိုအရာသည် ဟစ်ဂင်မှသူ့အတွက် ပြုလုပ်ပေးထားသော တည်နေရာရွေ့ပြောင်းဂိတ်ဖြစ်သည်။ထိုဂိတ်သည် နေရာနှစ်ခုအကြားတွင် တည်နေရာတစ်ခုသတ်မှတ်၍ လူများကိုရွေ့ပြောင်းပေးနိုင်သည်။

ရှောင်ယုသည် စိတ်မရှည်တော့ဘဲ သူ၏အခန်းထဲ၌ တည်နေရာရွေ့ပြောင်းဂိတ်ကို အမြန်ဆုံးတပ်ဆင်လိုက်သည်။ထို့နောက် မှော်သလင်းကျောက်ကို အံခွက်ထဲသို့ထည့်လိုက်ချိန်တွင် တည်နေရာရွေ့ပြောင်းဂိတ်မှ စူးရှသောအလင်းရောင်ကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

တည်နေရာရွေ့ပြောင်းဂိတ် ဖွင့်လှစ်ခြင်း...

ယခုအခိုက်အတန့်တွင် ရှောင်ယု၏နှလုံးသားကရပ်တန့်လုနီးပါးဖြစ်နေခဲ့သည်။ဤတည်နေရာရွေ့ပြောင်းဂိတ်သည် အခြားကမ္ဘာသို့ဦးတည်နေခဲ့သည်လား...ထိုသို့ဆိုလျှင် သူပြန်သွားနိုင်မည်လား...

ရှောင်ယုသည် အလွန်အမင်းတုန်လှုပ်ခြောက်ခြားနေသော်လည်း အဆုံးသတ်တွင်အံကိုတင်းတင်းကြိတ်ကာ တည်နေရာရွေ့ပြောင်းဂိတ်ထဲ လှမ်းဝင်လိုက်သည်။သူရွေးချယ်ခဲ့သော ကိုသြဒိနိတ်အမှတ်မှာ နန်းတော်၏တည်နေရာအမှတ်အသားဖြစ်သည်။

ဘန်း..

သူ၏ခေါင်းထဲ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာခဲ့ကာ အဖြူရောင်အလင်းတန်းတစ်ခုက သူ၏ပတ်ဝန်းကျင်၌ တဖျတ်ဖျတ်လှုပ်ခတ်နေပြီး သူမျက်လုံးပြန်ဖွင့်ချိန်၌ အခြားတစ်နေရာသို့ရောက်ရှိသွားခဲ့သည်။

ထိုနေရာသည် သူနှင့်အလွန်ရင်းနှီးနေ၍ ရှောင်ယုသည်အိပ်မက်လား...လက်တွေ့လားဝေခွဲမရဖြစ်နေခဲ့သည်။

"အရှင်မင်းကြီး...ဘယ်တွေကိုရောက်နေတာလဲ...အရှင်မင်းကြီးကိုမတွေ့ရတာ၃ရက်တောင်ရှိပြီ...မိဖုရားကလည်းတကယ်စိတ်ပူနေတယ်"

ထိုအချိန်တွင် အိမ်အကူတစ်ယောက်ရောက်ရှိလာခဲ့ကာ ရှောင်ယုကိုတလေးတစားနှုတ်ဆက်လိုက်သည်။ရှောင်ယုသည် ချင်ချဲအားထီးနန်းဆက်ခံခွင့်လွဲပြောင်းခဲ့သော်လည်း သူသည်တိုက်ကြီး၏အုပ်စိုးသူဖြစ်နေဆဲဖြစ်သည်။

ရှောင်ယုသည် ပြောစရာစကားရှာမတွေ့ခဲ့ပေ။သူသည် အလွန်လျင်မြန်စွာပြေးထွက်ကာ နန်းတော်အပြင်ဘက်၌ ရပ်နေလိုက်သည်။ထိုအချိန်တွင် အရာအားလုံးသည် အပြောင်းအလဲမရှိဘဲ အတူတူဖြစ်နေခဲ့သည်။

သူထွက်သွားသည်မှာ အမှန်ပင်ရက်ပိုင်းသာရှိနေသေးသည်။

"ဒါ...ဘာတွေဖြစ်နေတာလဲ"

ရှောင်ယုသည် သူ၏လက်များကိုဖြန့်ကြည့်လိုက်ရာ ခွန်အားများပြည့်နှက်နေကြောင်း ရုတ်တရက်တွေ့လိုက်ရသည်။သူသည် သူ၏ယခင်ခွန်အားကိုပြန်လည်ရရှိလာခဲ့ပြီဖြစ်သည်။

"ယောက်ျား...မင်းဘယ်ကိုသွားနေတာလဲ...ငါတို့တကယ်စိုးရိမ်နေခဲ့တာ"

ထိုအချိန်တွင် ကောင်းကင်ယံမှပုံရိပ်တစ်ခုကျဆင်းလာခဲ့သည်။သူမသည် လင်းမူရွယ်သာဖြစ်သည်။

"မူရွယ်...မူရွယ်"

ရှောင်ယုသည် လင်းမူရွယ်ကိုတွေ့မြင်လိုက်ရသည်နှင့် ချက်ချင်းအပြေးချည်းကပ်သွားခဲ့ကာ လင်းမူရွယ်၏လက်များကိုဆုပ်ကိုင်ထားလိုက်သည်။

"ယောက်ျား...ဘာတွေဖြစ်နေတာလဲ"

ရှောင်ယုသည် အဘယ်ကြောင့်စိတ်လှုပ်ရှားနေသည်ကို လင်းမူရွယ်နားမလည်ခဲ့ပေ။

သို့သော်လည်း ရှောင်ယုကရှင်းပြခဲ့ခြင်းမရှိပေ။အချိန်အတော်ကြာပြီးနောက် သူကပြုံး၍ပြောလိုက်သည်။

"ဘာမှတော့မဟုတ်ပါဘူး...ငါနေရာသစ်တစ်ခု...ကမ္ဘာသစ်တစ်ခုကိုရှာတွေ့ခဲ့တယ်...သွားကြစို့...ငါမင်းကိုအဲနေရာဆီခေါ်သွားပေးမယ်"

"ဘယ်ဟာလဲ...ကမ္ဘာသစ်တစ်ခုလား"

လင်းမူရွယ်သည် ရုတ်တရက်အံ့သြသွားခဲ့သည်။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူမသည်ရှောင်ယုအားမှော်ပညာဖြင့် ခြေရာခံရှာဖွေခဲ့သော်လည်း လုံးဝခြေရာခံ၍မရခဲ့ပေ။ဂရင်းနှင့်တိုင်ရန်ဒီသည်ပင် ထိုကိစ္စကြောင့်ထိတ်လန့်သွားခဲ့ရသည်။

ရှောင်ယုသည် ကမ္ဘာသစ်တစ်ခုကို အမှန်ပင်ရှာတွေ့ခဲ့သည်လား...

ထို့နောက်တွင်ရှောင်ယုသည် လင်းမူရွယ်၏လက်ကိုဆွဲကိုင်လိုက်ပြီး တည်နေရာရွေ့ပြောင်းဂိတ်ဆီသို့ လျှောက်သွားခဲ့သည်။

ယခုအခါ ရှောင်ယု၏လက်များသည် ချွေးများဖြင့်ပြည့်နေခဲ့သည်။သူသည်လင်းမူရွယ်အား ခေါ်ထုတ်နိုင်မည်လားကို အမှန်တကယ်သိချင်နေမိသည်။ယခုအခါသူသည် ဤကမ္ဘာကြီးနှစ်ခုကြား၌ အပြန်အလှန်လည်ပတ်သွားလာနိုင်ပြီဖြစ်၍ လင်းမူရွယ်လည်း လုပ်နိုင်သင့်ပေသည်။

ရှောင်ယုနှင့်လင်းမူရွယ်တို့သည် သူတို့၏မျက်လုံးရှေ့တွင် တောက်ပသောအဖြူရောင်အလင်းကို တွေ့မြင်လိုက်ရပြီးနောက်တွင် သူတို့နှစ်ဦးလုံးသည် နန်းတော်အတွင်းမှထွက်ခွာကာ ရှောင်ယုရှိနေသော အငှါးအိမ်လေးရှိရာသို့ ရောက်ရှိလာခဲ့သည်။

ရှောင်ယုသည် မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် လင်းမူရွယ်သည် သူ့အနီး၌ရှိနေဆဲဖြစ်ကြောင်းသိလိုက်ရ၍ တုန်လှုပ်နေရာမှ ဝမ်းသာသွားခဲ့သည်။သူမျှော်မှန်းထားသည့်အတိုင်း အရာရာသည် အဆင်ပြေချောမွေ့ခဲ့သည်။

"ယောကျ်ား...ငါတို့ဘယ်ရောက်နေတာလဲ"

လင်းမူရွယ်က တအံ့တသြမေးမြန်းလိုက်သည်။

ရှောင်ယုက ဝမ်းသာအားရပြုံး၍ပြောလိုက်သည်။

"ဒါဟာကမ္ဘာသစ်တစ်ခုဖြစ်သလို ငါမူလနေထိုင်တဲ့ကမ္ဘာတစ်ခုလည်းဖြစ်တယ်...အနာဂတ်မှာငါတို့ဟာကမ္ဘာနှစ်ခုကြား ကူးပြောင်းသွားလာနိုင်တယ်"

"တကယ်လား...ဒါကဘယ်လိုကမ္ဘာမျိုးလဲ"

လင်းမူရွယ်သည် ပတ်ဝန်းကျင်ရှိထူးဆန်းသောအရာအားလုံးကို အံ့အားသင့်စွာကြည့်လိုက်မိသည်။

"သွားရအောင်...ငါမင်းကိုပြမယ်"

ထိုသို့ပြောပြီးနောက်တွင် ရှောင်ယုသည် လင်းမူရွယ်၏လက်ကိုဆွဲကာ အခန်းအပြင်သို့ခေါ်ထုတ်သွားခဲ့သည်။နှစ်ယောက်သား အခန်းထဲမှထွက်လာကာ အချိန်အတော်ကြာလျှောက်သွားနေခဲ့ကြသည်။လင်းမူရွယ်သည် သူမမြင်တွေ့နရသည့်အရာများကြောင့် အံ့အားသင့်နေခဲ့ရသည်။

သူတို့နှစ်ယောက်သည် ကမ္ဘာသစ်တွင်ရက်အတော်ကြာအောင် လျှောက်သွားနေခဲ့ကြပြီး ရှောင်ယုကများစွာရှင်းပြမနေခဲ့ပေ။သူ၏နှလုံးသားက ရင်ခုန်စိတ်လှုပ်ရှားများဖြင့်ပြည့်နှက်နေခဲ့သည်။သူသည် ကမ္ဘာနှစ်ခုကြားဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကာ အခြားကမ္ဘာရှိလူများနှင့်အရာဝတ္ထုများကို ခေါ်ဆောင်လာနိုင်သည်။ထို့နောက်သူသည် လောကနှစ်ခုလုံး၌လွတ်လပ်စွာနေထိုင်နိင်ပြီဖြစ်သည်။

ဂိမ်းထွက်ရှိမယ့်နေ့တွင် သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့သည်။ဂိမ်းကုမ္ပဏီသည် ဂိမ်းအသစ်ကို၁၀နှစ်ကျော်ကြာအောင် ဖန်တီးခဲ့သည်။သို့သော်လည်း အမျိုးအမည်မသိရသည့်အကြောင်းပြချက်ကြောင့် နှစ်ရှည်ကာလဂရုတစိုက်ဖန်တီးပေးထားသည့် ဂိမ်းသည်ရုတ်တရက်ဆိုသလို အသုံးမဝင်ဖြစ်သွားခဲ့ရကာ အရာအားလုံအလဟဿဖြစ်သွားခဲ့သည်။

ဂိမ်းတီထွင်သူ၏အဆိုအရ သူဖန်တီးထားခဲ့သောဂိမ်းကမ္ဘာသည် ပြီးပြည့်စုံသောကမ္ဘာတစ်ခုဖြစ်လာခဲ့သည်။ထိုကမ္ဘာသည် အမှီအခိုကင်းမဲ့သောကမ္ဘာတစ်ခုဖြစ်လာကာ စကြာဝဌာထဲလွှင့်မြောနေခဲ့သည်။

သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအကြောင်းကိုအထူးတလည် မဆွေးနွေးခဲ့ကြပေ။

ရှောင်ယုသည်သာလျှင် သိုလှောင်လက်စွပ်ကိုပွတ်သပ်လိုက်ပြီး အတွင်းထဲမှ မှော်ဆန်သောရတနာများကို ခံစားမိလိုက်သည်။ရှောင်ယုသည် ကောင်းကင်ယံ၌ တိမ်စိုင်များကိုထိုးဖောက်နေသည့် မိုးမျှော်တိုက်ထိပ်ဖျားကိုကြည့်ရင်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

ထိုကမ္ဘာသည် သူ၏ထူးခြားသောကမ္ဘာဖြစ်လာခဲ့သည်။

ထိုကမ္ဘာမှရရှိလာသည့် အရာများကိုအားကိုးခြင်းဖြင့် သူသည်ဤကမ္ဘာ၏နောက်ထပ်ဧကရာဇ်ဖြစ်လာနိုင်သည်။

ဘဝသည် ရံဖန်ရံခါတွင် အတော်လေးစိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။

ရှောင်ယုသည် ရုပ်ရှင်ကားထဲရှိ စူပါမန်းတစ်ယောက်ကဲ့သို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် အဆောက်အဦးများ၏ခေါင်မိုးပေါ်သို့ ခုန်ကူးနေခဲ့သည်။ရှောင်ယုသည် လက်တွေ့ကမ္ဘာ၌ သူသင်ယူထားခဲ့သော အစွမ်းများကိုတစ်ခုချင်းထုတ်သုံးကာ သူရဲကောင်းဆန်ဆန် ခုန်လွှားနေခဲ့သည်။

သူသည် တစ်ဖက်လောကမှ ကျွမ်းကျင်မှုများကို ဖြေးဖြေးချင်းသင်ယူနိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့သည်။ထို့ကြောင့် မကြာမှီတွင်သူသည် ဤကမ္ဘာကြီးပေါ်၌ စူပါမန်းနှင့်မခြား စူပါလူသားဖြစ်လာနိုင်သည်။

ရှောင်ယုသည် မိုးမျှော်တိုက်ကြီး၏ထိပ်၌ရပ်နေခဲ့ကာ သူ၏အောက်၌ ရေစီးကြောင်းကဲ့သို့အဆက်မပြတ် သွားလာလှုပ်ရှားနေသော လူအုပ်ကြီးကိုကြည့်နေခဲ့သည်။ထိုအချိန်တွင် လရောင်ဖျော့ဖျော့လေးက သူ၏မျက်နှာပေါ်သို့ ဖြန်းခနဲ့သက်ဆင်းလာခဲ့ကာ တောက်ပသောအပြုံးတစ်ခုကို ရောင်ပြန်ဟပ်နေစေတော့သည်။

THE END.

Thank For Reading .

ယခုဆိုရင် စစ်ပွဲကမ္ဘာမှ ရှောင်ယု ဆိုတဲ့ ခယ်မအကိတ်တွေကို ဖဲပေါင်ရိုက်တဲ့ ကောင်ဇိုးလေး ဇတ်လမ်း နိတ္ထိတံခဲ့ပါပီ ယခုအချိန်ထိတိုင်အောင် စိတ်ရှည်ရှည်နဲ့ စောင့်မျှော် ဖတ်ရှု့ပေးကြတဲ့ အားပေးသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးပါခင်ဗျာ ။

All Chapters