ငါတကယ်ပဲ အရမ်းဝမ်းနည်းတယ်
Vol. 31 Ch. 431
ရင်ပြင်၏ အလယ်ဗဟိုတွင် အဖြူရောင် မန္တန်စင်မြင့်တစ်ခု ရှိလေ၏။
မြင့်မြတ်မီးတောက်၏ ထောက်ခံမှုကိုဟရှာဖွေနေကြသော သူများအားလုံးက မန္တန်စင်မြင့်၏ အလယ်တွင်ရပ်နေပြီး သူတို့၏ ဗာမီလီယမ်ငှက်မီးတောက်တောင်ပံအလင်းတန်းကို ပြသနေကြ၏။ ထို့နောက် တပည့်က ထောက်ခံမှုကို လက်ခံရရှိပါက မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ စွမ်းအင်က ဆင်းသက်လာပေလိမ့်မည်။
ဆိုလိုသည်မှာ တပည့်တစ်ဦးက ဗာမီလီယမ် မီးတောက်တောင်ပံ အလင်းတန်း တစ်ခု ပိုင်ဆိုင်ပါလျှင်တောင်မှ သူတို့က မြင့်မြတ်မီးတောက်၏ ထောက်ခံမှုကို မရပါက မြင့်မြတ်မီးတောက်၏ စွမ်းအားကို ရရှိရန် မဖြစ်နိုင်ပါပေ။ ရှေ့ဦး အချက်အလက်များအရ ဂိုဏ်း၏ ထိပ်ဆုံးတပည့်များကြားမှာပင် မြင့်မြတ်မီးတောက်၏ စွမ်းအင်ကို ရရှိနိုင်သည့် ဖြစ်နိုင်ခြေမှာ ၇၀ရာခိုင်နှုန်းကျော်သာ ရှိလေ၏။
"ပထမဆုံး တစ်ယောက်က ယန်ယွမ်ပါ။ ကျေးဇူးပြုပြီး မန္တန်စင်မြင့်ပေါ်သို့ တက်လိုက်ပါ။" အကြီးအကဲ ချန်ရှင်းရန်က ကြေညာလိုက်၏။
ယန်ယမ်က အန်လင်းကို ကြည့်ရန်လှည့်လိုက်ပြီး ကောင်းကင်ရှိ မြင့်ြမတ်မီးတောက်ကို ငေးကြည့်ကာ အဖြူရောင် မန္တန်စင်မြင့်ပေါ်သို့ အေးဆေးသော အမူအရာဖြင့် တက်သွားလေ၏။
"အစ်ကို ယန်ယွမ်က မြင့်မြတ်မီးတောက်ရဲ့ စွမ်းအင်ကို ရတာနဲ့ ပျက်ပြယ်ခြင်းအဆင့်ကို ထိုးဖောက်နိုင်တော့မှာ။ ငါအရမ်း မနာလိုတာပဲ..." မိုဟိုင်က ယန်ယွမ်ကို ငေးကြည့်ကည သက်ပြင်းချလိုက်၏။
အန်လင်းက နှစ်သိမ့်စကားများ ပြောပေးလိုက်၏။ "ဒီလို ကိစ္စမျိုးကို စိတ်ဖိမှုမထားပါနဲ့။ မင်းက နှစ်၁၀၀အတွင်းမှာ ပျက်ပြယ်ခြင်းအဆင့်ကို ရောက်နိုင်မယ်လို့ ငါသေချာပြောနိုင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းက မင်းတို့မျိုးဆက်ရဲ့ ထပ်ဆုံးတပည့်ပဲလေ။"
"ဟုတ်ပါပြီ။ အဲ့တာဆိုလဲ မင်းပြောတာကို နားထောင်လိုက်ပါမယ်။ မင်းရဲ့ စိတ်နေစိတ်ထားက ငါ့ထက် ကြီးမြတ်တာပဲ။ အန်လင်း... မင်းလဲနှစ်၁၀၀အတွင်းမှာကို ပျက်ပြယ်ြခင်းအဆင့်ရောက်မယ်ဆိုတာ ငါလဲ သေချာတယ်။" မိုဟိုင်က အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။
အန်လင်းက အေးစက်စွာ ရယ်မောလိုက်၏။ "ဟီးဟီး... မင်းက ငါ့ကို အထင်သေးနေတာလား။"
မိုဟိုင် : "..."
"ငါက အလွန်ဆုံး ၁၀နှစ်အတွင်းကို ပျက်ပြယ်ခြင်း အဆင့်ကိုရောက်မှာ။" အန်လင်းက တည်တည် ကြည်ကြည် မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။
မိုဟိုင် : "..."
"ငါမင်းနဲ့ စကားထပ်မပြောချင်တော့ဘူး။" မိုဟိုင်၏ ရင်ဘတ်မှာ စတင်၍ တင်းကြပ်လာလေ၏။
ထိုအချိန်မှာပင် ယန်ယွမ်က သူ့၏ ဗာမီလီယမ်ငှက်မီးတောက် တောင်ပံ အလင်းတန်းကို ထုတ်လွတ်လိုက်ကာ ကောင်းကင်တွင် ရစ်ဝဲနေစေ၏။
ဗာမီလီယမ်ငှက်မီးတောက် တောင်ပဲအလင်းတန်းမှာ ရွှေရောင် မီးတောက်များနှင့် လောင်ကျွမ်းနေပြီး သို့ဖြစ်၍ ထိုသည်က အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက် တောင်ပံတစ်ခုဖြစ်သည်ကို ဖော်ပြနေ၏။
မြင့်မြတ်ဗာမီလီယမ်မီးတောက်က ဗာမီလီယမ်ငှက်မီးတောက်တောင်ပံအလင်းတန်းကို အာရုံခံမိပုံရပြီး မီးတောက် တောင်ပံက မြင့်မြတ်ဗာမလီယမ်မီးတောက်ဆီသို့ ပျံသန်းသွားကာ မီးတောက်နှစ်ခုက တစ်ခုအဖြစ် ပေါင်းစည်းသွားလေ၏။
မြင့်မြတ်မီးတောက်က အနည်းငယ်တုန်လှုပ်သွားပြီး အဖြူရောင် အလင်းတန်းတစ်ခုက ယန်ယွမ်အပေါ်သို့ ဆင်းသက်လာလေ၏။ အဖြူရောင် အလင်းတန်းက အသန့်စင်ဆုံး မီးတောက်စွမ်းအင်များ ပါရှိပြီး ယန်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာ ပေါင်းစပ်သွား၏။
တပည့်များအားလုံးက ထိုသည်ကို မြင်ပြီးနောက် ကျယ်ကျယ်လောင်လောင် အားပေးလိုက်ကြ၏။
ထိုသည်က ယန်ယွမ်မှာ မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ ထောက်ခံမှုကိုရရှိပြီး ထိုအရာ၏ စွမ်းအင်ကို ရရှိသွားပြီဟု ဆိုလိုခြင်းပင်။
မြင့်မြတ်မီးတောက်၏ အစွမ်းကို သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲ၌ ဖြစ်ပေါ်လိုက်ပြီး နောက်တွင် ယန်ယွမ်က ပျက်ပြယ်ခြင်း အတင့်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်သည့် အခွင့်အရေး ကောင်းကောင်းရှိသည်မို့ သူတို့က ဂိုဏ်းထဲတွင် တခြားသော ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခြင်းကို အားပေးနေကြလေ၏။
ယန်ယွမ်၏ ခန္ဓာကိုယ်အား အဖြူရောင် အလင်းတန်းတစ်ခုက ဖုံးကွယ်ထားပြီး အလွန်အမင်း များပြားလှသော မီးတောက်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ သုံးမိနစ်တိုင်တိုင် ထိုးသွင်းခံလိုက်ရပြီး အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့၏။
သာမန်အားဖြင့် သီးခြားနေတတ်ပြီး မခြားနားသော ယန်ယွမ်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတစ်ခုက ဖြတ်ပြေးသွားလေ၏။ သူပ အကြီးအကဲများနှင့် အားပေးနေသော တပည့်များကို လေးလေးနက်နက် အရိုအသေပေးလိုက်ပြီး မန္တန်စင်မြင့်ပေါ်မှ ဆင်းသွားလေ၏။
ယန်ယွမ် ပြီးနောက် လုကျီဇီ၏ အလှည့်ဖြစ်၏။
လုကျီဇီက အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက်မီးတောက် တောင်ပံ အလင်းတန်း ဖြစ်သော ကြက်သွေးရောင် ဗာမီလီယမ်ငှက်မီးတောက်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။
သူက အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံအလင်းတန်းတစ်ခု ရှာဖွေရန်အတွက် ဆန်းကြယ်နယ်မြေထဲတွင် ရက်ပေါင်းများစွာ ပိတ်မိနေသော်လည်း ကံမကောင်းစွာဖြင့် အဆုံးတွင် အလယ်အလတ်အဆင့် အလင်းတန်းတစ်ခုကိုသာ ရရှိနိုင်ခဲ့၏။
မြင့်မြတ်မီးတောက်၏ အစွမ်းက ထပ်မံဆင်းသက်လာသော်လည်း သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အလင်းတန်းမှာ ယန်ယွမ်၏ အလင်းတန်းထက် အများအပြား ပို၍ မတည်ငြိမ်ပဲ တစ်မိနစ်ဝန်းကျင်တွင် ပြန်လည်ပျောက်ကွယ်သွားလေတော့၏။
လုကျီဇီက သက်ပြင်းတစ်ခု ချလိုက်၏။ အနည်းဆုံးတော့ သူက မြင့်မြတ်မီးတောက်၏ လကမခံမှုကိုရရှိခဲ့ပြီး အိမ်ကို လက်ဗလာနှင့် ပြန်လာခဲ့သူ မဖြစ်တော့ပါပေ။
သူက မြင့်မြတ်မီးတောက်၏ စွမ်းအင်ကို သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ဖြစ်တည်နိုင်သည်ကိုပင် ပျော်ရွှင်နေပြီဖြစ်၍ လုံးဝ ညည်းညူမည်မဟုတ်ပါပေ။
"နောက်တစ်ယောက်ကတော့ အန်လင်းပဲ ဖြစ်ပါတယ်။ ကျေးဇူးပြု၍ မန္တန်စင်မြင့်ပေါ်သို့ တက်လာခဲ့ပါ။" အကြီးအကဲ ချန်ရှင်းရန်က ကြေညာလိုက်၏။
ရင်ပြင်ပေါ်ရှိ လူတိုင်းက စိတ်လှုတ်ရှားလာပြီး ဒဏ္ဍာရီလာ အန်လင်းဆီသို့ စုပေါင်းကြည့်လိုက်ကြ၏။
အန်လင်းက ဤကဲ့သို့ ပွဲအကြီးကြီးများနှင့် အသားကျနေပြီ ဖြစ်ကာ မန္တန်စင်မြင့်ပေါ်သို့ လျှောက်သွားကာ ကောင်းကင်ရှိ မြင့်မြတ်မီးတောက်အား စိတ်ဝင်တစားမကြည့်ခင်တွင် အတော်အတန် တည်ငြိမ်နေပေ၏။
မြင့်မြတ်မီးတောက်မှာ အဖြူစွတ်စွတ်မရောင်ဖြစ်ပြီး ကြယ်များ၏ အလင်းရောင်အောက်တွင် အထူသဖြင့် သန့်ရှင်းကာ လှပသည့်ပုံဖြစ်နေ၏။ မီးတောက်ဖြူက အဆုံးအစမဲ့နေကာ ဗာမီလီယမ်ငှက်မီးတောက်ဂိုဏ်းမှ တပည့်များအားလုံးကို မရပ်မနားသော နွေးထွေးမှုကို ထောက်ပံ့ပေးနေသည်မှာ သူ့၏ တည်ရှိမှုတစ်ခုတည်းကပင် သူ့တို့၏ နှလုံးသားကို ဖြေသိမ့်ပေးနိုင်ရန် လုံလောက်ပြီး ဗာမီလီယမ်ငှက်ဂိုဏ်းအား ထာဝရအစဉ်ာကွယ်ပေးနေသည့်အလားပင်။
တနည်းနည်းဖြင့် အန်လင်းက မြင့်မြတ်မီးတောက်နှင့် နီးကပ်လာသည်ဟု ခံစားရ၏။
သူက ရွှေရောင်မီးတောက်များနှင့် လောင်ကျွမ်းနေ၍ အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ ဖြစ်ကြောင်းညွှန်ပြနေသော သူ့၏ ဗာမီလီယမ်ငှက်မီးတောက် တောင်ပံကို ထုတ်လွှတ်လိုက်၏။
အန်လင်း၏ အဆင့်မြင့် ဗာမီလီယမ် ငှက်မီးတောက် တောင်ပံကို မြင်သောအခါ ကျီယုံဖန်၏ မျက်နှာသည် မဲမှောင်သွားလေ၏။ သူက အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက်မီးတောက် တောင်ပံလေး ရရှိရန်ပင် အသည်းအသန်ကြိုးစားခဲ့ရချိန်တွင် အပြင်လူ အန်လင်းက အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက် တောင်ပံတစ်ခု ရရှိလာ၏...။
ဗာမီလီယမ်ငှက်မီးတောက်တောင်ပံက လေထုထဲတွင် မြောလွင့်နေပြီး လူတိုင်းက မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို တိတ်တဆိတ်ငေးကြည့်နေလေ၏။
သို့သော်လည်း တစ်မိနစ်တိတိ ကုန်ဆုံးသွားလေပြီ။ မြင့်မြတ်ဗာမီလီယမ်ငှက်မီးတောက်ဆီမှ တုန့်ပြန်မှုမရှိသေးပါချေ။ ရင်ပြင်ပေါ်ရှိ တိတ်ဆိတ်မှုက အနည်းငယ် ပြင်းထန်စပြုလာလေပြီ။
မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော တပည့်များက တောင့်တောင့်တတဖြစ်ဟန်များ ဆင်မြန်းထားကြ၏။ တစ်ချို့က သက်ပြင်းမောများချကာ၊ တစ်ချို့က စိတ်ပျက်မှုဖြင့် ခေါင်းတခါခါ၊ တစ်ချို့မှာတော့ အန်လင်းအစား နွမ်းလျနေလေ၏။
အန်လင်းက ကျရှုံးသွားသည်ကို သူတို့အားလုံးသိလေ၏။
အန်လင်းက မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ လက်ခံမှုကို မရရှိခဲ့ပါ။
သူရှောင်လန်က သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ လက်သီးဆုတ်ပြီး မန္တန်စင်မြင့်ပေါ်မှ အမျိုးသားကို စိုက်ကြည့်နေ၏။
အန်လင်း၏ အမူအရာသည်လည်း အနည်းငယ် တုံ့ဆိုင်းသွားလေ၏။ သူက မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ ငြင်းဆန်ခြင်းကို ခံရသည်မှာ အတော်လေးဖြစ်နိုင်ခြေများသော်လည်း အမှန်တကယ်ဖြစ်လာသောအခါ အတော်လေး စိတ်ပျက်နေလေ၏။
ကျိယုံဖန်၏ အမူအရာသည်လည်း အနည်းငယ် တုံ့ဆိုင်းသွားပြီး အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေတော့သည်။
အန်လင်းက အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံတစ်ခု ရတော့လဲ ဘာဖြစ်သေးလဲ။ သူက မြင့်မြတ်မီးတောက်ရဲ့ ထောက်ခံမှုကို မရခဲ့ဘူး။ အဲ့တော့ သူက အသုံးမကျတဲ့ အမှိုက်တစ်ခုပဲ ဖြစ်နေတုန်းပဲ။
ကျိယုံဖန်က အန်လင်းသူ့အား ပြောခဲ့သည်များကို ပြန်အမှတ်ရလာပြီး ပျော်ရွှင်ခြင်းနှင့် ဘဝခိုက်ခြင်း ရောနှောနေသည့် အသိတို့နှင့် လွှမ်းခြုံသွားလေတော့၏။
သူက ဝမ်းနည်းနေသည့်အမူအရာကို ဟန်ဆောင် ပြုလုပ်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်၏။ "ဟင်း... အစ်ကို အန်လင်း၊ အဲ့မှာ အရူးတစ်ယောက်လိုမျိုး ရပ်မနေနဲ့တော့လေ။ မင်း မြင့်မြတ်ဗာမီလီယမ်မီးတောက်ရဲ့ ထောက်ခံမှုကိုမရတာကို ငါလဲ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ တစ်ချို့အရာတွေက ဖြစ်ကို ဖြစ်လာမှာလေ။ အဲ့တော့ လူတိုင်းကို နှောင့်နှေးအောင်လုပ်တာရပ်ပြီးတော့ စင်ပေါ်က ဆင်းလာခဲ့တော့လေ။"
ကျိယုံဖန်၏ အသံမှာ အလွန်ကျယ်လောင်လှပြီး သူက ရင်ပြင်တွင် စုစည်းနေသော ကျောင်းသားများ အားလုံး ကြားနိုင်ရန်အတွက် သက်ရှိစွမ်းအင်ဖြင့် သူ့၏ အသံကို ချဲ့ထားသေး၏။
ကျိယုံဖန်ပြောသည်က ပင်ကိုအားဖြင့် မှားတာမရှိပါချေ။ သို့သော် ထိုသည်က အန်လင်းအတွက် အခြေအနေကို ပိုမိုနေရခက်သွားစေ၏။
မိုဟိုင်၊ လုကျီဇီ၊ ရှန်းကွမ်ယီနှင့် ယန်ယွမ်တို့အားလုံးသည်လည်း ကျိယုံဖန်၏ မုန်းတီးသည့် ရည်ရွယ်ချက်များကို သိထားပြီး သူ့ကို ဒေါသတကြီး လှည့်ကြည့်လိုက်ကြ၏။
"အစ်ကို ကျိ၊ နောက်တစ်ခါ မြင့်မြတ်မီးတောက် ကြိုးဝိုင်းထဲမှာ သင်ပြပေးပါအုံးနော်။" မိုဟိုင်က အေးစက်စက်ပြောလိုက်၏။
"မင်းရဲ့ စကားလုံးတွေကို ဂရုစိုက်သင့်တယ်။" ယန်ယွမ်သည်လည်း ကျိယုံဖန်ကို စိုက်ကြည့်နေလေ၏။
"ဆန်ကုန်မြေလေးကောင်..." ရှန်းကွမ်ယီက အလွန် တည့်တိုးဆန်လေ၏။
ကျိယုံဖန်က အပစ်ကင်းသည့်အမူအရာဖြင့် ဘေးသို့ ကြည့်လိုက်ကာ "မင်းတို့အားလုံးက ဘာဆိုလိုတာလဲ။ ငါက အစ်ကိုအန်လင်းကို စင်ပေါ်ကနေ ဆင်းလာဖို့ ဖျောင်းဖျတာပဲရှိတာ။ ငါလည်း သူမြင့်မြတ်ဗာမီလီယမ်မီးတောက်ရဲ့ ထောက်ခံမှုကို မရတာကို စိတ်မကောင်းပါဘူး။"
သူ့အသံမှာ ရင်ပြင်တစ်ခုလုံးတွင် ဟိန်းနေပြီး တပည့်အများအပြားဆီမှ ဒေါသများကို လှုံ့ဆော်နေသော်လည်း သူတို့က ပြန်လည် မတိုက်ခိုက်နိုင်ပါပေ။
အန်လင်းသည်လည်း ကျိယုံဖန်ကို နှလုံးသားထဲတွင် မီးတောက်နေလျက် စိုကမကြည့်နေလေ၏။ သူက ကျိယုံဖန်မှာ ဤကဲ့သို့ အချိန်မျိုးတွင် ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပါပေ။ ထို့ပြင် ကျိလုံဖန်က အမှန်တကယ်ပင် သူ့ကို အရှိုက်ထိသွားစေနိုင်သည်ကိုတော့ ဝန်ခံရပေမည်။
ကျိလုံဖန်က ဆက်ပြောမည့်အချိန်မှာပင် ရုတ်တရက် သူငယ်ငယ်က သူ့မိဘများ ကွာရှင်းသည်ကို ပြန်သတိရသွားလေ၏။ သူက စုရှောင်လန်၏ လျစ်လျူရှုခြင်း၊ ဖယ်ကြဉ်ခြင်းတို့ခံခဲ့ရသည့် အချိန်များအားလုံးကိာ ပြန်သတိရလာ၏။ သူက စုရှောင်လန်နှင့် အန်လင်းတို့ လက်ကိုင်ထားသည်ကို မြင်သည့်အချိန်တွင် ခံစားရသော သိမ်ငယ်မှုကို ပြန်သတိရသွား၏။ သူက မြေမြှုပ်ခံရပြီး အမေ့ပျောက်ခံရရန်အတွက်သာ မြေပြင်ပေါ်သို့ ကြွေကျသွားသည့် ဆောင်းဦးသစ်ရွက်များကို သနားစပြုလာလေ၏...။
မရေမတွက်နိုင်သော ဝမ်းနည်းမှုက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာပြီး ကျိယုံဖန်က ရုတ်တရက် မျက်လုံးများ ထွက်ကျတော့မတက် အော်ဟစ်ငိုကြွေးလာလေ၏။
မည်သို့ဆိုဆို တပည့်များအားလုံးက သူ့ကို အာရုံစိုက်နေကြပြီး သူတို့အားလုံးက ကျယုံဖန်၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျနေသည်ကို မြငိသောအခါ အံ့ဩတကြီး ဖြစ်ကုန်ကြ၏။
"မေမေရေ... ဝါးး... သား အရမ်းဝမ်းနည်းတာပဲ... ဝါးး..."
ရင်ပြင်တစ်ခုလုံးက တိတ်ဆိတ်သွားပြီး လူတိုင်းက ကျိယုံဖန်ကို ကြောင်ငေးကြည့်နေကြလေ၏။
မိုဟိုင်၊ လုကျီဇီ၊ ယန်ယွမ်နှင့် ရှန်းကွမ်ယီတို့ကလည်း အနည်းငယ် စိတ်ရှုတ်သွားကြလေ၏။
ကျိယုံဖန်က ဝမ်းနည်းစွာ ငိုကြွေးနေလေ၏...။
သူက တကယ်ကြီး အန်လင်း မြင့်မြတ်ဗာမီလီယမ်မီးတောက်ရဲ့ အငြင်းခံရလို့ ဝမ်းနည်းနေတာလား။
သူ့ရဲ့ စိတ်ရင်းကောင်းလေးကို သူတို့က အထင်လွဲသွားမိတာလား...။
သို့ဖြစ်၍ ကျိယုံဖန်က ရင်ပြင်ပေါ်တွင် စုစည်းနေကြသော တပည့်သောင်းချီ၏ ရှေ့တွင် ထိုသည်က သူ့ဘဝနှင့် သက်ဆိုင်သကဲ့သို့ ငိုကြွေးနေလေ၏။
"ဟားဟား... အကြီးအကဲ ကျိ၊ မင်းရဲ့သားက စိတ်ဝင်စားဖို့ကောင်းတဲ့ စရိုက်ရှိတာပဲ။" အကြီးအကဲ ကျူက ဟက်ဟက်ပက်ပက် ရယ်မောလာလေ၏။
အကြီးအကဲ ကျိမှာ ဆံပင်အဖြူနှင့် အဖိုးအိုတစ်ဦးဖြစ်ကာ ဒေါသထွက်နေသော အမူအရာဖြင့် တိတ်တဆိတ်ထိုင်နေလေ၏။ ကျိယုံဖန်က ဘယ်လိုတွေ အရူးထနေတာလဲ။
ဒီတပည့်တွေ အားလုံးရဲ့ရှေ့မှာ ဒီလိုမျိုး ငိုနေတာက တခြားအကြီးအကဲတွေကြားမှာ သူက ရာစုနှစ်တစ်ခု ကြာအောင် ဟာသတစ်ခု ဖြစ်နေတော့မှာ...။
ကျိယုံဖန်က အဘယ့်ကြောင့် ဤကဲ့သို့ ပြုမူနေသည်ကို သူမသိတော့ပါချေ။ သူ့ကို ဤကဲ့သို့ ပြုမူစေသည့် မည့်သည့်ပြင်ပအားအင်ကိုမှ မခံစားမိပါပေ။ သူ့သားက အမှန်တကယ်ပင် အန်လင်းနှင့် အလွန်ဆက်ဆံရေးကောင်းလွန်နေသည်လား။
အန်လင်းက သူ့နောက်တွင် လက်များကို ချိတ်လိုက်ပြီး သက်ပြင်းချလိုက်လေ၏။ "အစ်ကို ကျိ၊ အရမ်းကြီး ဝမ်းနည်းစရာမလိုပါဘူး။ ငါတောင် မငိုဘူးလေ မင်းက ဘာလို့ ငါ့အစား ငိုနေတာလဲ။"
သူ့စကားများသည်လည်း တပည့်များအားလုံး၏ နားဆီသို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင်တော့ သူတို့က မရယ်မောပဲ မနေနိုင်တော့ပါချေ။ တပည့်ပေါင်း သန်းချီက တစ်ပြိုင်နက်တည်း ရယ်မောကြပါက မည်သို့ဖြစ်မည်နည်း။ ထိုသည်က လုံးဝပက် ကမ္ဘာမြေအက်ကွဲစေနိုင်လောက်သည်ပင်။
ထို ရယ်သံများကို ကြားသောအခါ ကျိယုံဖန်၏ နှလုံးသားထဲတွင် နောက်ထပ်သော ဝမ်းနည်းခြင်း လှိုင်းကြီးတစ်ခု ထပ်မံဖြစ်လာလေ၏။ သူ့၏ ဂုဏ်သိက္ခာမှာ မြေပြင်သို့ လှည်းကျင်းခံလိုက်ရပြီး ထိုသည်တွင် သူက ပို၍ ကျယ်ကျယ်လောင်လောင် မငိုကြွေးပဲ မနေနိုင်တော့ပါချေ...။
--------------