ပေါ်လွင်ထင်ရှားနေရသည်က ခက်ခဲလှ၏
Vol. 31 Ch. 432
ကျိယုံဖန်က အချိန်အတော်ကြာမှ မျက်ရည်တိတ်သွားလေ၏။ သူက အန်လင်းကို ညွှန်ပြလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ "အန်လင်း... နောက်မှာ မင်းရှိမှာ အသေအချာပဲ။ မင်းငါ့ကို ဘာလုပ်လိုက်တာလဲ။"
"တော်စမ်း..."
ကျယ်လောင်လှသည့် အော်သံကြီးတစ်ခုက ကျိယုံဖန်၏ စွပ်စွဲချက်ကို ဖြတ်တောက်လိုက်၏။
"မင်းအရူးအလုပ်တွေ လုပ်လို့မပြီးသေးဘူးလား။" သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ဒေါသတကြီး အော်လိုက်လေ၏။
ကျိယုံဖန်က သတ်လတ်ပိုင်း အမျိုးသားအား မျက်နှာထက်တွင် မျက်ရည်များ စီးကျနေရင်း အမူအရာမဲ့ ငေးကြည့်နေကာ သူ့အား အလွန်အမင်း သနားစဖွယ်ပေါက်နေစေ၏။ "အဖေ၊ ဘာလို့လဲ..."
အကြီးအကဲ ကျိက ကျိယုံဖန်ကြောင့် အတော်လေး အရှက်ရခဲ့ပြီး ဖြစ်သည်မို့ မြင့်မြတ်မီးတောက်၏ ထောက်ခံမှုကို စုဆောင်းရန် အခွင့်အရေး မရသေးသည့် အချက်ကြောင့်မဟုတ်ပါက သူက ရင်ပြင်ပေါ်မှ ဆွဲထုတ်ခံရပြီး ဖြစ်ပေလိမ့်မယ်။
"ဒီဟာက အန်လင်းနဲ့ ဘာမှ မဆိုင်ဘူး။ ဖြစ်နိုင်တာက... ဖြစ်နိုင်တာက မင်းက တကယ်ပဲ သူကံမကောင်းတာကို အရမ်းဝမ်းနည်းနေလို့နေမှာပေါ့...။" အကြီးအကဲ ကျိက လက်နက်ချသည့် ဟန်ဖြင့် သက်ပြင်းချလိုက်၏။
ကျိယုံဖန်၏ အမူအရာမှာ သူ့စကားလုံးများကြောင့် အနည်းငယ် တုံ့ဆိုင်းသွားပြီး ပူဆွေးမှုက သူ့နှလုံးသားထဲတွင် လှိုက်တက်လာပြီး ထပ်မံ ငိုကြွေးပါတော့သည်။
အကြီးအကဲ ကျိက အကြည့်လွှဲလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူက သူ့သားကို ကြည့်ရန်ပင် အလွန်ရှက်နေလေတော့သည်။
ရင်ပြင်ပေါ်မှ တပည့်များ အားလုံးကလည်း ရယ်မောခြင်းမှ မောပန်းသွားကြပြီး သူတို့၏ မျက်နှာများနှင့် ဗိုက်များကို ပွတ်သတ်နေကြ၏။
မိုဟိုင်မှာ ပျော်ရွှင်စွာနှင့် ဟက်ဟက်ပက်ပက် ရယ်မောနေဆဲဖြစ်ကာ ကျိယုံဖန်ကို လေးစားမှုနှင့် ဆန့်ကျင်ဖက် အမူအရာနှင့် ကြည့်လိုက်လေ၏။ "အစ်ကို ကျိ၊ ငါက မင်းကို ငိုကြွေးခြင်း အနုပညာမှာတော့ အရှုံးပေးပါတယ်။ မင်းက တကယ်ပဲ ဒီဂိုဏ်းတစ်ခုလုံးထဲမှာ အစစ်အမှန်ကို နံပါတ်တစ် အငိုထူးချွန်သူပါပဲ။"
ရယ်နေသေးသော တခြားသူမှာ လန်ရန်ဖြစ်၏။ အစပိုင်းတွင် သူမ၏ ရွှင်မြူးခြင်းက အလွန်နိမ့်ပါးနေသော်လည်း ကျိလုံဖန်၏ သနားစဖွယ် ရှုခင်းအား ကြည့်ကာ အော်ဟစ်ရယ်မောလာတော့၏။
သူမက ရယ်မောနေရင်း ကျယုံဖန်အား သူမကို ရယ်မောရင်း သေစေသည်ဟု စွပ်စွဲနေလေတော့သည်။
စုရှောင်လန်က လန်ရန် အမှန်တကယ်ပင် အရယ်လွန်ခြင်းကြောင့် သေဆုံးခြင်းမှ ကာကွယ်ရန် လန်ရန်၏ ကျောကို သက်ပြင်းချကာ ပုတ်ပေးနေလေ၏။
"အန်လင်း၊ မင်းက အခု စင်ပေါ်ကနေဆင်းလာလို့ရပါပြီ။"
ရင်ပြင်က တိတ်ဆိတ်စပြုလာသောအခါ အကြီးအကဲ ကျူက ညင်သာသောအသံလေးဖြင့် ပြောလိုက်၏။
အန်လင်းက ခေါင်းငြိမ့်ကာ သူ့၏ ဗာမီလီယမ်ငှက်မီးတောက်တောင်ပံကို ရုတ်သိမ်းတော့မည့်အချိန်တွင် ကောင်းကင်ရှိ မြင့်မြတ်ဗာမီလီယမ်မီးတောက်က ရုတ်တရက် အလွန်အမင်းတောက်ပသော အလင်းဖြင့် လင်းလက်လာလေ၏။
ဘုန်း...
မြင့်မြတ်မီးတောက်ဖြူက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကောင်းကင်တွင် ကခုန်နေသော အဖြူရောင် ဗာမီလီယမ် ငှက်အသွင် ပြောင်းသွားလေ၏။
အကြီးအကဲများအားလုံးက ထိုသည်ကို မြင်ရသည်အား အလွန်အမင်း အံ့အားသင့်နေကြပြီး တပည့်များ အားလုံးကတော့ လုံးဝပင် ဆွံ့အနေကြတော့လေသည်။
"မြင့်မြတ်မီးတောက် က သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားရဲ့ အသွင်ကို ယူနေတယ်။ ဘာလို့လဲ။" အကြီးအကဲ ချန်ရှင်းရန်က အံ့ဩတကြီး ရေရွတိလိုက်၏။
အန်လင်းက မန္တန် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေဆဲဖြစ်ကာ သု၏ သက်ရှိစွမ်းအင် ပင်လယ်ပြင်က ပြင်းထန်စွာ လှုတ်ခတ်မလာမီတွင် တုံ့ပြန်ရန်ပင် အချိန်န်လိုက်ပါပေ။ အထဲရှိ ဇာမဏီဖြူက ပျော်ရွှင်လှသော ငိုကြွေးသံတစ်ခုကို ထုတ်လွတ်လိုက်ပြီး အန်လင်း၏ နဖူးကြားထဲသို့ စွမ်းအင် စီးကြောင်းတစ်ခုက စီးဝင်သွားလေ၏။ ထို့နောက် စွမ်းအင်မှာ အန်လင်း၏ နဖူးကြားမှ ပြန်လည် စီးထွက်လာပြီး လေထဲမှ ရွှေရောင် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်းဆီသို့တည့်တည့်ထွက်သွားလေ၏။
ရွှေရောင် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်းမှာ တဖြည်းဖြည်း ပိုပို၍ ထင်ရှားလာကာ လေထဲတွင် မြောနေသော အဖြူရောင် ငှကမမွေးသဏ္ဍန်ဖြစ်လာလေ၏။
တပည့်များအားလုံးက လုံးဝပင် ပါးစပ်အဟောင်းသားဖြစ်နေကာ အန်လင်းသည်လည်း ထိုသို့ပင်။
"အဲ့တာက ဘာလို့ အဖြူရောင် ပြောင်းသွားတာလဲ။ ငှက်မွေးက သူ့ရဲ့ အရောင်ကို ဆုံးရှုံးသွားတာလား။"
"ငါ့ရဲ့ ငှက်မွေးက အတုဖြစ်နေမလား။ အဲ့တာကြောင့် မြင့်မြတ်မီးတောက်က လက်ခံဖို့ ငြင်းဆန်နေတာများလား။" အန်လင်းက ရုတ်တရက် မေးလိုက်၏။
လူတိုင်းက တပြိုင်နက်တည်း မျက်လုံးလှန် လိုက်ကြ၏။
လန်ရန်က အရယ်ရပ်သွားပြီး ဖြစ်သော်လည်း အန်လင်း၏ စကားများကြောင့် တဖန်ပြန်လည်၍ အူးမြူးလာကာ အပြင်းအထန် ရယ်မောလာလေတော့သည်။
ပို၍ အတွေ့အကြုံရှိပြီး ဗဟုသုတရှိသော အကြီးအကဲများက ထင်ရှားလာသော ငှက်မွေးဖြူကို အံ့ဩတကြီး ငေးကြည့်နေကြလေ၏။
"ဒီဟာ... ဒီဟာက ဗာမီလီယမ်ငှက်ရဲ့ ငှက်မွေးအစစ်လား။"
"မီးတောက်စွမ်းအင် အတက်အကျက အမှားအယွင်းမရှိဘူး။ အဲ့တာက ဗညမီလီယမ်ငှက်ရဲ့ ငှက်မွေးအစစ်ဆိုတာ သေချာတယ်။"
"ဗာမီလီယမ်ငှက်ရဲ့ ငှက်မွေးအစစ်က ဘယ်လိုလုပ်ပြီး ဒီမှာ ပေါ်လာနိုင်မှာလဲ။ အန်လင်းက အလင်းတန်းတစ်ခုပဲ ထုတ်လွတ်လိုက်တာ ရှင်းနေတာကို။"
"ငါက ဒီမှာ ဗာမီလီယမ်ငှက်ရဲ့ ငှက်မွေးအစစ်ကို တွေ့ရမယ်လို့ ဘယ်သူက ထင်မှာလဲ။ ကြည့်ရတာတော့ အတော်လေး စိတ်ဝင်စားစရာကောင်းနေပြီဟေ့..."
...
အကြီးအကဲများကြားမှ စကားဝိုင်းကို လူတိုင်းက ကြားရပြီး ကျောင်းသအများစုက အခြေအနေကို နားလည်စပြုလာလေတော့သည်။
သူတို့က ဗာမီလီယမ်ငှက်၏ ငှက်မွေးအစစ်က ဘာလဲဆိုသည်ကို မသိလဲမရေးမပါလှပါပေ။ ထိုသည်က အစွမ်းထက် အရာဝတ္ထုတစ်ခုဖြစ်သည်ကိုတော့ ပြောနိုင်ကြလေ၏။
တပည့်များအားလုံးက ရိုသေလေးစားမှုများ အပြည့်နှင့် အန်လင်းကို ကြည့်လိုက်ကြ၏။
စုရှောင်လန်က သူ့အား အပြုံးလေးနှင့်ကြည့်ကာ ရေရွတ်လိုက်လေ၏။ "နင်က ဒီလိုအဆင့်လေးလောက်နဲ့ မထွက်ရဘူးဆိုတာ ငါသိသားပဲ။ အဲ့တာက နင့်ရဲ့ စတိုင်မဟုတ်ဘူး။"
ထိုအခိုက်အတန့်၌ ကောင်းကင်ရှိ ဗာမီလီယမ် ငှက်ဖြူက နှုတ်သီးဟလိုက်ပြီး ဗာမီလီယမ်ငှက်၏ ငှက်မွေးစစ်က ထိုအရာဆီသို့ ပျံသန်းသွားကာ မျိုချခြင်း ခံလိုက်ရ၏။
ဗာမီလီယမ်ငှက်ဖြူထံမှ ပျော်ရွှင်စွာ ငိုကြွေးသံတစ်ခုက ထွက်ပေါ်လာပြီး မြင့်မြတ်မီးတောက်ဘောလုံးအဖြစ် ထပ်မံပြောင်းသွားလေ၏။
အရာအရာက ထပ်မံ ငြိမ်သက်သွားသည်မှာ မည်သည်အရာမှ မဖြစ်ခဲ့သလိုပင်။
အန်လင်းက မြင့်မြတ်မီးတောက်ကို စိုက်ကြည့်လိုက်၏။ တပည့်များနှင့် အကြအကဲများ အားလုံးကလည်း တခုခုကို အသည်းအသန် မျှော်လင့်နေသကဲ့သို့ မီးတောက်ကို စိုက်ကြည့်နေလေ၏။
၂မိနစ် ကုန်ဆုံးသွားသော်လည်း ဘာမှ မဖြစ်လာပါချေ...။
"ငလူး... နင်က ငါ့ကို စားပြီးနားမလည်လုပ်ဖို့ ကြိုးစားနေတာလား။"
အန်လင်းက မြင့်မြတ်မီးတောက်ကို ဒေါသတကြီး ကျိန်ဆဲလိုက်၏။
"ဖွီး..." တပည့်အများအပြားက အန်လင်း၏ အလိုအလျောက်ပေါက်ကွဲခြင်းကို ရယ်မောလိုက်ကြ၏။
လန်ရန်မှာတော့ ပျော်ရွှင်စွာ ဟက်ဟက်ပက်ပက်ရယ်မောနေလေ၏။ သူမက ရယ်နေရင်း အန်လင်းကို သူမ၏ အချစ်အား ဝန်ခံကာ စုရှောင်လန်က သူမထက်ဦးသွားသည်မဟုတ်ပါက သူ့အား တာအိုတွဲဖက်အဖြစ် ဆွဲဆောင်မည်ဖြစ်ကြောင်း ပြောဆိုလိုက်လေ၏။ စုရှောင်လန်က လန်ရန်ကို စိုက်ကြည့်လိုက်ပြီး ပြန်မပြောပဲ အကြည့်လွှဲသွားလေ၏။
သူမက ဘာပြောနိုင်မည်နည်း။ သူမက အန်လင်းနှင့် ဆက်ဆံရေးကို ငြင်းဆန်ပါက လန်ရန်က ထိုသည်ကို အန်လင်းအားဆွဲဆောင်ရန် ဖိတ်စာအဖြစ် အသုံးပြုမည်ဖြစ်၏။ သို့သော် သူမက အန်လင်းကို ဆွဲဆောင်ခြင်းနှင့် ပတ်သတ်၍ သတိပေးပါကလည်း သူတို့နှစ်ဦးကြားတစ်ခုခုဖြစ် နေသည်ကို သွယ်ဝိုက်ဝန်ခံသလို ဖြစ်သွားပေလိမ့်မည်။
စုရှောင်လန်၏ မျက်နှာထက်တွင် ရှက်သွေး ခပ်ဖျော့ဖျော့ ပေါ်လာပြီး စိတ်လှုပ်ရှားမှုဖြင့် နှုတ်ခမ်းတင်းတင်းစေ့ကာ အကြည့်လွှဲရုံသာ တတ်နိုင်လေ၏။
ကျယုံဖန်က နောက်ဆုံးတွင် အငိုတိတ်သွားပြီဖြစ်ပြီး နီရဲဖောင်းကားနေသော မျက်လုံးများဖြင့် အန်လင်းဆီသို့ လျှောက်သွားလိုက်၏။ သူက အန်လင်းက မြင့်မြတ်ဗာမီလီယမ်ငှက်မီးတောက်၏ ငြင်းပယ်ခြင်းခံရသည်ကို တွေ့ရသည်အား အလွန်ကျေနပ်နေပြီး အနားကို ဆားပိုပက်ချင်လာ၏။
သို့သော်လည်း မြင့်မြတ်မီးတောက်ထံမှ အဖြူရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ဆင်းသက်လာပြီး အန်လင်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်၏။
ဘုန်း...
ကျိယုံဖန်က အများအပြား ငိုကြွေးထားခြင်းမှ အနည်းငယ် ချိနဲ့နေပြီး ရုတ်တရက် ပေါက်ကွဲသံကြီးက သူ့အား ထိတ်လန့်သွားစေပြီး မြေပြင်ပေါ်သို့ လဲကျသွားစေ၏။
စောင့်ကြည့်နေကြသော တပည့်တချို့ကလည်း အသံလှိုင်း၏ အကျိုးဆက်ကို ခံစားလိုက်ရသော်လည်း အကြီးအကဲများက အချိန်မီ တုံ့ပြန်နိုင်လိုက်သည်မို့ မည်သူမှ ဒဏ်ရာမရပါချေ။
လူတိုင်းက မန္တန်စင်မြင့်၏ အလယ်တွင် ရပ်နေသော အန်လင်းကို ငေးကြည့်နေလေပြီး ပြောစရာစကား ပျောက်ဆုံးနေပေတော့သည်။
အလင်းတိုင်ကြီးက အန်လင်းကို မည်သည့် ထိခိုက်မှုများ မဖြစ်၏စေပဲ အဖြူရောင် အလင်းများက သူ့ကိုယ်ထဲသို့ တဖြည်းဖြည်း စီးဝင်နေကာ အသန့်စင်ဆုံး မီးတောက်စွမ်းအင်အဖြစ် သူ့ကိုယ်သာ ဖြစ်တည်နေစေ၏။
"အဲ့တာ... အဲ့တာက မြင့်မြတ်မီးတောက်က အန်လင်းကို စွမ်းအင်တွေ အပ်နှင်းနေတာလား။" တပည့်တစ်ဦးက ရေရွတ်လိုက်ပြီး မယုံနိုင်စွာ သူ့မျက်စိသာ ပွတ်နေလေ၏။
"အဲ့လို ဖြစ်ပုံပဲ။ မြင့်မြတ်မီးတောက်က လူတစ်ယောက်တည်းကို စွမ်းအင်အများအပြား ပေးအပ်တာ ဗာမီလီယမ်ငှက်ဂိုဏ်းထဲမှာနေလာတဲ့ ငါရဲ့ နှစ်ရာချီအတွင်း တစ်ခါမှ မတွေ့ဖူးသေးဘူး။" အတွင်းစည်းတပည့် တစ်ဦးက ရှင်းပြလိုက်၏။
"အန်လင်းက အဲ့ဒီ့စွမ်းအင်တွေအကုန်လုံးကို သည်းခံနိုင်တာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲနော်။" တချို့သော် တပည့်များက စိုးရိမ်စိတ်ကို ထုတ်ဖော်လာ၏။
အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်းနှင့် တပည့်တစ်ဦးအပေါ်သို့ စွမ်းအင် အပ်နှင်းခြင်းက လက်တစ်ဖက်ကို ရေကန်ထဲသို့ နှစ်လိုက်သကဲ့သို့ ဖြစ်လျှင် အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံ အလင်းတန်းတစ်ခုနှင့် တပည့်တစ်ဦး အပေါ်သို့ စွမ်းအင် အပ်နှင်းသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ရေကန်ထဲ ခဏ နှစ်လိုက်သကဲ့သို့ပင်။ သို့ဖြစ်၍ အန်လင်းထံသို့ အပ်နှင်း ခံရသော စွမ်းအင်မှာ မီးသတ်ပိုက်နှင့် အထိုးခံရသကဲ့သို့ဖြစ်နေ၏...။
ကျိယုံဖန်က လုံးဝ ဆွံ့အနေပေတော့သည်။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဘယ်လုပ်လုပ်ပြီး ဖြစ်နိုင်မှာလဲ..."
အန်လင်းသည်လဲ ဆွံ့အနေသည်ဖြစ်၏။ သူက မြင့်မြတ်ဗာမီလီယမ်ငှက်မီးတောက်ကို မော့ကြည့်လိုက်ပြီး ဆွေးနွေးလိုက်၏။ "ကျေးဇူးပြုပြီး ညင်သာပေးပါအုံး။ ငါ့ခန္ဓာကိုယ်က မင်းအရမ်းမြန်လွန်းရင် မခံနိုင်လောက်ဘူး။"
ကျိယုံဖန်က သွေးအန်မနက်ဖြစ်ကာ စောင့်ကြည့်နေကြသော တပည့်များ အားလုံးမှာလည်း ထိုသည်ကို ကြားသောအခါ ရင်ဘတ်များတငကြပ်သွားလေ၏။
ဗာမီလီယမ်ငှင်ဂိုဏ်း၏ အကြီးအကဲများ အားလုံးသည်လည်း မျက်လုံးများ လှန်လိုက်ကြသော်လည်း မည်သူမှ ကြားဝင် မပြောပါချေ။
အန်လင်းက မြင့်မြတ်မီးတောက်၏ စွမ်းအားက သူ့ကိုယ်ထဲသို့ အညှာအတာမဲ့ စီးဝင်နေသည်ကို ခံစာနိုင်၏။ သူ့၏ အံ့ဖွယ်မီးတောက် ၄ခုက စွမ်းအင်ကို စုပ်ယူကာ တဖြည်းဖြည်းနှင့် ပို၍ပင် အစွမ်းထက်လာလေ၏။ အန်လင်းက သူ့၏ အံ့ဖွယ် မီးတောက်များက ဆင့်ကဲဖြစ်စဉ္နီးပါးသို့ ရောက်ရှိနေပြီကို ခံစားရ၏။
တစ်ချိန်တည်းမှာပင် မြင့်မြတ်မီးတောက်ဖြူ ငှက်မွေးတစ်ခုက သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ပေါ်လာလေ၏။
သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲရှိ ဇာမဏီဖြူက ပျော်ရွှင်မှုအပြည့်နှင့် ငိုကြွေးသံတစ်ခု ထုတ်လိုက်ပြီး မြင့်မြတ်မီးတောင်ဆီသို့ ခုန်အုပ်လိုက်၏။
အန်ကီရင်၏ မျက်လုံးများသည်လည်း တောက်ပသွားပြီး မြင့်မြတ်မီးတောက်ဆီသို့ ပါးစပ်အကျယ်ကြီးဟကာ ခုန်အုပ်လိုက်လေ၏။
သူတို့နှစ်ဦးက နောက်ဆုံးတွင် ယာယီစစ်ပြေငြိမ်းခြင်းတစ်ခု ထူထောင်နိုင်သော်လည်း မြသ့်မြတ်မီးတောက်အတွက်နှင့် ထပ်မံတိုက်ခိုက်ကြပြန်လေ၏။
ဘုန်း ဘုန်း ဘုန်း...
သက်ရှိစွမ်းအင် ပင်လယ်ကြီးက မီးတောင်ဖြူများလောင်း ကျွမ်းနေကာ လျှပ်စီးများ လင်းခင်နေရင်းနှင့် လှုပ်ခတ်နေပေတော့သည်။
အန်လင်း "..."
--------------