ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၀)
Vol. 122 Ch. 1696
၀၉:၄၈...
ရွှယ်ရီဖေး အံကို တင်းတင်းကြိတ်လိုက်၏။ ဝူပိုင်ကျိုး၏ ကြယ်တာရာ မျက်ဝန်းများက ပုံမှန် မဟုတ်စွာပင် တောက်ပ နေခဲ့သည်။ တရှန်းက ခြေဖနှောင့်ကို မြေကြီး အတွင်း ပွတ်ဆွဲလိုက်၏။ အန်ညီအမ နှစ်ယောက်မှာ တစ်ယောက်လက်ကို တစ်ယောက် ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြ၏။
တူလာရီမှာ ထိတ်လန့် နေခဲ့၏။ မည်ကဲ့သို့ ဖြစ်သွားခဲ့သနည်း။ သေမျိုး ဆယ့်သုံးဦးမှာ မည်ကဲ့သို့ သေဆုံးသွားကြသနည်း။ ပတ်ဝန်းကျင် တဖြည်းဖြည်း မှေးမှိန်လာခြင်းကလည်း သူမကို ချောက်ချားစေသည်။ မိန်းကလေး၏ နှလုံးသားမှာ ပရမ်းပတာ စည်းချက်များနှင့် အတူ ခုန်နေခဲ့၏။
စုမေ့ကာ ခမ်းခြောက်ကာ အငွေ့ပျံသွားသည့် ရေကန်၏ ကမ်းစပ်၌ ဖြည်းညင်းစွာပင် ခြေချလိုက်သည်။ ထို့နောက် သူမက အဝေးရှိ အာဏာရှင်များကို လှမ်းကြည့်လိုက်၏။ မိန်းကလေး၏ အမူအရာမှာ ပေါ့ပါး တည်ငြိမ်လှသော်လည်း အဏာရှင် တစ်ဦးချင်းစီကတော့ ထိတ်လန့် တုန်လှုပ်မှုများကို ထိန်းချုပ်ရန် မနည်း ကြိုးပမ်း နေရသည်။
“နင့်ရဲ့ ဓားကို ထုတ်လိုက်ပါ...”
ရုတ်တရက်... အသံတစ်ခုက ပဲ့တင်ထပ် ထွက်ပေါ်လာကာ တစ်လောကလုံးကို အံ့အာသင့် သွားစေခဲ့၏။ အနီရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦးမှာ ထူးခြားသော ဆွဲဆောင်မှုနှင့် အတူ အာဏာရှင် အဖွဲ့အတွင်းမှ ထွက်လာခဲ့သည်။ သူမ၏ ခြေလှမ်းတိုင်းက စုမေ့ကဲ့သို့ပင် ညီညာပြီး ပြေပြစ်သည်။ သူမ၏ မျက်ဝန်းများက ကြောက်ရွံ့မှု ကင်းစင်နေကာ လှုပ်ရှားမှုတိုင်းတွင် မည်သည့် တွန့်ဆုတ်မှုမှ မရှိချေ။
မိန်းကလေး နှစ်ဦးစလုံးမှာ စစ်သူရဲကောင်းများ ကဲ့သို့ ရဲရင့် တည်ကြည်သည့် လူများ ဖြစ်ကြကာ တစ်ဦးချင်းစီတွင် ပြိုင်စံရှားသည့် ဆွဲဆောင်မှုနှင့် စိတ်နေစိတ်ထားများ ရှိကြသည်။ မိုင်ပေါင်းထောင်ချီ ကွာဝေး နေသေးသည့်တိုင် သူတို့ နှစ်ယောက်မှာ အပြောကျယ်လှသည့် အကွာအဝေးကို ဖြတ်သန်းကာ တစ်ယောက် မျက်လုံးကို တစ်ယောက် စိုက်ကြည့် နေခဲ့၏။
“…”
စုမေ့ စကား မပြောပါချေ။ မိန်းကလေးမှာ ဝေ့ဝူယင်၏ တိုက်ပွဲ အခြေခံမူများကို စတင် ကျင့်ကြံခဲ့သည့် နေ့ကတည်းက လိုက်နာခဲ့သူ ဖြစ်လေရာ တိုက်ပွဲ တစ်ခု၌ မလိုအပ်လျှင် လုံးဝ စကားပြောလိမ့်မည် မဟုတ်ချေ။ လက်ရှိ အခြေအနေအရ စကားပြောဖို့ မလိုအပ်ချေ။
ခြေတစ်လှမ်းချင်းစီတိုင်း၌ စုမေ့မှာ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ လှည့်ပတ်နေခဲ့ခြင်း ဖြစ်ကာ စက္ကန့်တိုင်းတွင် သူမမှာ ပိုမို အားကောင်းလာခဲ့ပြီး ဖြစ်သည်။ သူမက ဓားအိမ် အတွင်းမှ ဓားကို ထုတ်ယူခြင်း မပြုချေ။ လက်ချောင်းများထိပ်၌ တိတ်ဆိတ်စွာ လင်းလက် နေသည့် ဓားအလင်းက အဓိပ္ပာယ်များစွာကို ပြောပြနေပေသည်။ ၎င်းက လုံလောက်သော အဖြေလည်း ဖြစ်၏။
ဟုန်ချွန်းဟွာ၏ ခြေလှမ်းများမှာလည်း အရှိန်ကို စုဆောင်းလာခဲ့၏။ ခြေတစ်လှမ်းချင်းစီတိုင်း၌ သူမ၏ အော်ရာက အဆမတန် မြင့်တက် လာနေခဲ့သည်။ သူတို့က အလွန် ဆင်တူသည့် နည်းလမ်းများကို ကျင့်ကြံထားကြပုံ ရသည်။ တကယ်တမ်းအားဖြင့် ဟုန်ချွင်းဟွာမှာ ထိုပညာရပ်ကို စုမေ့ထံမှ သင်ကြားခဲ့ခြင်း ဖြစ်သည်။
ဝူပိုင်ကျိုးက ရွှယ်ရီဖေးဘက်သို့ လှည့်ကြည့်လိုက်၏။ နဂါးနတ်မိမယ်၏ နဖူးတွင် ချွေးကလေးများ စို့နေသော်လည်း သူမ၏ မျက်ဝန်းများကတော့ နတ်ဆိုး အလင်းရောင်များနှင့် တောက်ပနေသည်ကို တွေ့ရှိရသည်။ ဝူပိုင်ကျိုးမှာ လှံတံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ တိုက်ခိုက်လိုသည့် ဆန္ဒကို မနည်းထိန်းချုပ် ထားရသည်။
တရှန်းကတော့ ဧရာမ တိုက်တန် ခန္ဓာကိုယ်ကို ပြောင်းလဲ ထားခဲ့ပြီး ဖြစ်သည်။ သူမ ခြေဖနှောင့်ကို မြေကြီး အတွင်း ပွတ်ဆွဲလိုက်သည့် လုပ်ရပ်က လှုပ်ရှားလိုသော်လည်း ရှေ့သို့ တစ်လှမ်းမျှ လှမ်းလိမ့်မည် မဟုတ်ကြောင်း ပြသနေခဲ့သည်။
ယောင်ဟုန်ရီက ရွှေဖုန်းပေါင်ကို စိုက်ကြည့်လိုက်၏။ ရွှေဖုန်းပေါင်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မီးတောက်မီးလျှံများနှင့် ပြည့်နှက်နေသည့် ခန္ဓကိုယ်မှာ ပြင်းထန်စွာ မှိတ်တုပ်မှိတ်တုပ် ဖြစ်နေခဲ့၏။
“ဘယ်လောက်လဲ”
ပေ့ဝေဝေက ဟုန်ချွင်းဟွာ နောက်မှ ညင်သာစွာ မေးလိုက်သည်။ သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်လေးမှာ လုံးဝ အေးခဲနေခဲ့ကာ၊ နှောင်ကြိုး အားလုံးကို ဖြတ်တောက်နိုင်သည့် အအေးဓာတ်ကို ထုတ်လွှတ် နေခဲ့၏။ သူမ၏ အသံသည်ပင် လောကတစ်ခုလုံးအား အအေးတိုက် အတွင်း သွင်းပစ်ဖို့ လုံလောက်သကဲ့သို့ ခံစားရသည်။
“နှစ်ရာ့ တစ်ဆယ့်ခွန်...”
ဟုန်ချွင်းဟွာက ပြန်ဖြေလိုက်၏။ သူမ၏ ခြေလှမ်းများက ရှေ့ဆက်တိုးနေဆဲ ဖြစ်ကာ မွှေးရနံ့မှာလည်း မိုင်သောင်းပေါင်းများစွာတိုင် ပျံ့လွင့် နေခဲ့၏။ ၎င်းတို့က သက်ရှိသတ္တဝါတိုင်း၏ အနံ့ခံ အာရုံများကို လှုံ့ဆော်ပေးနေခဲ့သည်။
ပေ့ဝေဝေ ခေါင်းညိတ်လိုက်၏။ ဟုန်ချွင်းဟွာမှာ ခြေလှမ်းတိုင်း၌ မိုင်ပေါင်း တစ်ရာကို ဖြတ်ကျော် နေခဲ့၏။ သူမ၏ ပုံရိပ်မှာ မျက်စိကျိန်းလောက်သည့် ဓားအလင်းများနှင့် လှုပ်ရှား နေခဲ့သည်။ ခြေလှမ်းတိုင်း၌ အလင်းက လျှင်မြန်စွာပင် သိပ်သည်းလာကာ ပွင့်အာနေသည့် နှင်းဆီဓား တစ်ပွင့်ကို ဖန်တီးနေ၏။
ဖျပ်... ဖျပ်...
ဟုန်ချွင်းဟွာ စုစုပေါင်း ခြေလှမ်း တစ်ဆယ့်ရှစ်လှမ်း လှမ်းခဲ့ပြီး ဖြစ်သည်။ ခြေလှမ်းတိုင်းမှာ သူမနှင့် စုမေ့ကို ပိုမို နီးကပ်လာစေခဲ့ကာ၊ ပွင့်နေသော နှင်းဆီဓားများမှာလည်း အထပ်ထပ် ဖြစ်ပေါ်လာခဲ့၏။ နှင်းစီတစ်ခုချင်းစီတိုင် အရောင် အမျိုးမျိုး ရှိကြကာ လောက အတွင်းရှိ ရနံ့ကို ဆယ့်ရှစ်ဆ ပြင်းထန်စေ၏။ နှင်းဆီပွင့်များ၏ အလယ်တွင်တော့ အရွယ်အစား အမျိုးမျိုး ရှိသည့် နေကြယ်ငယ်များ ရှိနေခဲ့သည်။
စုမေ့၏ မျက်လုံးများမှာ အာရုံစိုက် လာခဲ့၏။
ပထမဆုံး အာဏာရှင်နှင့် ပထမဆုံး ကွန်မန်ဒါ...
ဟုန်ချွင်းဟွာက ပန်းထိုးထားသော ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်၏။ ဂြိုဟ်တစ်ခု၏ မိုးကုတ်စက်ဝိုင်းမှ နေကြယ်တစ်စင်း မြင့်တက်လာသကဲ့သို့၊ အရုဏ်ဦး၏ လန်းဆန်း နုပျိုသော တောက်ပမှုနှင့် အတူ အလင်းတန်း တစ်ခုမှာ မိန်းကလေး၏ ဓား၊ မျက်လုံးနှင့် ကြယ်တာရာ ဝိညာဉ် တို့မှ ထွက်ပေါပ်လာခဲ့သည်။
၎င်းမှာ ကြည့်ရှုသူတိုင်း၏ စိတ်ဝိညာဉ်များကို လှုပ်ရှားစေ၏။ ကျက်သရေရှိပြီး တည်ငြိမ်အေးချမ်းကာ နံနက်ခင်း၏ ပန်းရနံ့ကတော့ လွင့်ပျံလျှက် ရှိဆဲပင်။ ပတ်ဝန်းကျင်၏ လှပမှုအောက်ပ လူတိုင်းမှာ သူတို့၏ နှလုံးသားများ ပျောက်ဆုံးသွားသလို ခံစားလိုက်ကြရသည်။
သို့သော်လည်း သေချာ သတိထားကြည့်မည် ဆိုပါက ထိုနှစ်သက်ဖွယ်ကောင်းသည့် အရုဏ်ဦး အလှအတွင်း၌ ထက်မြက်သော၊ တောက်ပသော၊ ရဲရင့်သော၊ အကြောက်အလန့် ကင်းသော ခံားချက်တို့ ပုန်းကွယ်နေသည်ကို သတိထားမိလိမ့်မည် ဖြစ်သည်။ ၎င်းမှာ အာဏာရှင် အဖွဲ့၏ ပထမဆုံး ကွန်မန်ဒါ ဖြစ်သော ဟုန်ချွင်းဟွာကို ကိုယ်စားပြု နေပေသည်။
ဟူး... ဟူး...
မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သေးငယ်ပြီး လက်ဖဝါး အရွယ်အစားတွင်သာ ရှိသော နေကြယ် ၁၈ လုံးကို သယ်ဆောင်ထားသည့် နှင်းဆီ ဆယ့်ရှစ်ပွင့်မှာ ဝတ်မှုန်ကဲ့သို့ အလင်းမှုန်များကို ပတ်ဝန်းကျင်တွင် ဖြန့်ကျဲထားကာ လွှမ်းမိုးသည့် တည်ရှိမှုကို ယိမ်းနွဲ့ ကခုန်ရင်း မြှင့်တင်ပေးနေခဲ့လေ၏။
ရွှယ်ရီဖေး၏ နှလုံးသားမှာ တဒိတ်ဒိတ် ခုန်လျှက် ရှိနေပေသည်။
“အာရုံဖျက် ဓားအလင်း...”
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက်မှု ရှိနိုင်သည့် လူတိုင်း၏ သတင်း အချက်အလက်များကို သူမ ဖြစ်နိုင်သမျှ စုဆောင်းခဲ့သည်။ ဟုန်ချွင်းဟွာသည်လည်း ထိုစာရင်းမှ မလွတ်ခဲ့ပါချေ။
အာရုံဖျက် ဓားအလင်း နည်းလမ်းမှာ မြေကြီး အဆင့်မြင့် ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ဖြစ်သည်။ ထို့အပြင်... ၎င်းမှာ ပုံသေ ကန့်သတ်ချက် မရှိပဲ အခြား ကျင့်စဉ်များနှင့်လည်း ရောနှော ကျင့်ကြံလို့ ရသည်။ ကျင့်ကြံသူ၏ ဉာဏ်ရည်ပေါ် လိုက်၍ ကျင့်စဉ် အဆင့်မှာလည်း ပြောင်းလဲ သွားနိုင်ပေသည်။
သို့သော်လည်း အာရုံဖျက် ဓားအလင်းကို လူတိုင်း လွယ်ကူစွာ ကျင့်နိုင်သည်တော့ မဟုတ်ချေ။ မရှိမဖြစ် အခြေခံ လိုအပ်ချက် နှစ်ခုက အဖြူရောင် မူလအလင်းနှင့် နိုးထခြင်း အဆင့် ဓားရည်ရွယ်ချက်တို့ ဖြစ်ပေသည်။ နည်းလမ်း အတွင်း၌ အစစ်အမှန် အလင်း၊ ဝိညာဉ် အလင်းများနှင့် အာရုံဖျက် ဓားအလင်း အမတေကို ဖန်တီးနိုင်သည့် အလားအလာ အသေးစိတ်ကိုတော့ ပြောမထားပါချေ။
သို့သော်လည်း... ဟုန်ချွင်းဟွာမှာ သူမ၏ မွေးရာပါ နားလည်မှု ဖြစ်သည့် မွှေးရနံ့များနှင့် ဝိညာဉ် အလင်းတို့ကို အာရုံဖျက် ဓားအလင်းအတွင်း ပေါင်းထည့်ကာ လုံးဝ ခြားနားသည့် လမ်းကြောင်း တစ်ခုပေါ်သို့ ခြေချခဲ့သည်။ ၎င်းမှာ သူမနှင့် ပြီးပြည့်စုံစွာ ကိုက်ညီသည့် ကျင့်ကြံခြင်း လမ်းကြောင်း တစ်ခု ဖြစ်ပေသည်။ ထိုအချက်တစ်ခုတည်းကို ကြည့်ရုံဖြင့်ပင် ဟုန်ချွင်းဟွာမှာ သာမန်လူတစ်ယောက် မဟုတ်ပဲ ထူးခြားသည့် ပါရမီများကို ပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ကြောင်း သိသာ ထင်ရှားလိမ့်မည် ဖြစ်သည်။
ဟုန်ချွင်းဟွာအား တန်ပြန်ရန် အတွက် နည်းလမ်း ဆယ့်ခုနစ်မျိုး တီထွင်ထားခဲ့သည့် အဖြစ်ကို ပြန်လည် တွေးတောရင်း ရွှယ်ရီဖေး သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အာဏာရှင် အဖွဲ့မှာ အလွန် ပြိုင်ဆိုင်မှု ပြင်းထန်ကာ အကြမ်းဖက်တတ်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်သည်။ သို့သော်လည်း ဟုန်ချွင်းဟွာမှာ ဆယ်စုနှစ်များစွာ ကြာအောင် ပထမ ကွန်မန်ဒါ ရာထူးကို အတိမ်းအစောင်း မရှိ ထိန်းသိမ်း ထားနိုင်ခဲ့သည်။ ၎င်းက အကြောင်းရင်းမဲ့ မဟုတ်ပါချေ။
ရွှမ်း...
ဓားအဖြစ် လုပ်ဆောင်နေသည့် စုမေ့၏ ဆန့်ထုတ်ထားသော လက်ချောင်းနှစ်ချောင်းမှာ ညင်သာစွာ တုန်ခါနေကာ ဆေဘာဟိန်သံများကို ထုတ်လွှတ် နေခဲ့၏။
ပတ်ဝန်းကျင်ရှိ လောက၏ မန်နာများမှာ တစ်ခုနှင့် တစ်ခု ထိပ်တိုက် တွေ့ဆုံ နေကြသည်။ ထိုဖြစ်စဉ်က ပတ်ဝန်းကျင် တစ်မိုင် အထိ ဝဲလည်သွားကာ သာမန် သေမျိုးများ မမြင်နိုင်အောင် ပိတ်ဆို့ထားသည့် အဖြူရောင် မြူခိုးများ အဖြစ် သိပ်သည်း လာခဲ့၏။ သို့သော်လည်း... မိန်းကလေး နှစ်ယောက် အကြည့်ချင်းဆုံသွားသော အခိုက်တွင်တော့ လျှင်မြန်စွာ ဝဲလည်နေသည့် မန်နာများမှာ ပုံမှန် မဟုတ်စွာ ရပ်တန့် သွားခဲ့သည်။ ၎င်းတို့မှာ သူတို့ နှစ်ဦး၏ ထိပ်တိုက် တွေ့ဆုံမှုကို အနှောက်အယှက် ပေးမိမှာ ကြောက်လန့် နေကြသည့်ပုံ ပေါ်သည်။
ဟုန်ချွင်းဟွာက ခါးကို ရှေ့ကို ကိုင်းလိုက်၏။ သူမ၏ ပေါင်လုံးများက အလွန်တရာ သန့်စင်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများနှင့် ပြည့်နှက်နေသည့် အလား ဖောင်းကြွလာသည်။ သူမ အသက်တစ်ကြိမ် ရှူလိုက်တိုင်း ဓားအလင်းအဖြစ် ထွက်ပေါ်လာကာ နှင်းဆီ ဆယ့်ရှစ်ပွင့်မှာ ပတ်လည်တွင် လည်ပတ် နေခဲ့၏။
စုမေ့က ဓားကိုင်လက်ကို မြှောက်လိုက်သည်။ သူမ၏ ကျောရိုးများက ဖြောင့်တန်းနေကာ အနက်ရောင် မျက်ဝန်းများမှာ အတိုင်းထက်လွန် ကြည်လင် နေခဲ့လေသည်။
ဝှစ်...
ဟုန်ချွင်းဟွာမှာ ခြေတစ်လှမ်းတည်းဖြင့် စုမေ့ ရှေ့သို့ ရောက်လာခဲ့၏။ နှင်းဆီ ဆယ့်ရှစ်ပွင့်မှ မွေးဖွားလာသည့် ပြင်းထန်သော လေဆင်နှာမောင်းမှာ အတူ ပူးတွဲ ပါလာခဲ့သည်။ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည့် မွှေးရနံ့များမှာ အာရုံကို ပျက်ပြားအောင် တိုက်ခိုက်လာခဲ့၏။ မိုင်ရာပေါင်းများစွာ အကွာအဝေးမှ လူများပင် တစ်စက္ကန့်လောက်မျှ အာရုံ စူးစိုက်မှု ပျောက်ဆုံး သွားကြ၏။
ရွှမ်း...
ဟုန်ချွင်းဟွာ ဓားကို ထောင့်ဖြတ်လွှဲလိုက်ရင်း စုမေ့ကို နှစ်ပိုင်းပိုင်းဖို့ ကြိုးပမ်းလိုက်သည်။ သူမ၏ တိုက်ခိုက်မှု အမြန်နှုန်းမှာ သေမျိုးတာအို၏ ကန့်သတ်ချက်များထက် ကျော်လွန်နေကာ အလင်း၏ အမြန်နှုန်း သဘောတရားကိုပင် မှိန်ဖျော့စွာ ထိတွေ့နေ၏။ ၎င်းတို့က အလွန် ကြွယ်ဝစွာ စုစည်းထားသည့် ဓားအလင်းများကိုပါ သယ်ဆောင်လာခဲ့သည်။ ကာလရှည်ကြာ အမှောင်ကျနေခဲ့သည့် ကမ္ဘာတွင် အာရုဏ်ဦး ရောက်ရှိလာသကဲ့သို့ပင်။
ရုတ်တရက်... မရေမတွက်နိုင်သည့် လူများမှာ မျက်လုံးများ ကွယ်သွားသလို ခံစားလိုက်ကြရ၏။
***