← Chapters

ဘဝ၏ အထွတ်အထိပ်

Vol. 31 Ch. 433

ဘဝ၏ အထွတ်အထိပ်

Vol. 31 Ch. 433

မြင့်မြတ် မီးတောက်က သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ ဆက်လက်စီးဆင်းနေရာ အန်ကီရင်နှင့် ဇာမဏီဖြူတို့က နောက်ဆုံးတွင် တခြားသော စစ်ပြေငြိမ်းခြင်းးတစ်ခုဆီသို့ ရောက်ရှိသွားလေ၏။

သူတို့ကို ကြည့်ရသည်မှာ သူတို့ပတ်လည်မှ မြင့်မြတ်မီးတောက်များကို စုတ်ယူရင်း တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်နေရန်အတွက် အလွန်အလုပ်ရှုပ်နေသည့်ပုံပင်။

ဇာမဏီဖြူက မြင့်မြတ်မီးတောက်ကို အသည်းအသန် စုတ်ယူနေပြီး သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိုပို၍ ထင်ရှားလာပြီး တောင်ပံ အလျားများကလည်း တိုးပွားလာလေသည်။ အစွမ်းထက် မြင့်မြတ်ခွန်အားများက ထိုအရာ၏ ခန္ဓာကိုယ်ထဲကာမှ ထိုးထွက်လာကာ သက်ရှိစွမ်းအင်ပင်လယ်ပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေ၏။

နှိုင်းယှဉ်ကြည့်ပါက အန်ကီရင်က မြင့်မြတ်မီးတောက်ကို နို့သောက်နေသကဲ့သို့ စုပ်ယူလိုက်ပြီး ပျော်ရွှင်စွာ နှုတ်ခမ်းသပ်နေလေ၏။

အန်လင်းက သက်ပြင်းတစ်ခုချလိုက်ပြီး မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို လှည့်ကြည့်လိုက်လေ၏။ သူက အရင်ဆုံးအနေဖြင့် အန်ကီရင်ကို ကျေနပ်စေရန်အတွက် လုံလောက်သည်အထိ စွမ်းအင်အလုံအလောက်ပေးအပ်ရန်အတွက် ဆုတောင်းနေ၏။

ကိစ္စများက သူ့ဆန္ဒအတိုင်း ဆက်ဖြစ်နေသကဲ့သို့ပင်။ အဖြူရောင်အလင်းတန်းက သူ့ကိုယ်ပေါ်တွင် တက်လက်တောင်ပနေလေ၏။

သုံးမိနစ်ကုန်ဆုံးသွားပြီး အခြေအနေတစ်ခုမှ မပြောင်းလဲပါချေ...။

အန်လင်းက အနည်းငယ် ပျင်းရိလာကာ မန္တန်စင်မြင့်ပေါ်တွင် တရားထိုင်ရန်အတွက် ထိုင်ချလိုက်၏။

ဗာမီလီယမ်ငှက်ဂိုဏ်း၏ အကြီးအကဲများက မြင့်မြတ်အလင်းတန်း ရေတံခွန်ကို စိုက်ကြည့်နေပြီး အန်လင်းက တရားထိုင်ရန်အတွက် ထိုင်ချလိုက်သည်ကို မြင်သောအခါ သူတို့၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားလေ၏။

ဂိုဏ်းတပည့် သောင်းချီက သူ့ကို ငေးကြည့်နေပြီး သူတို့အားလုံးက မနာလို ဖြစ်နေကာ မန္တန်စင်မြင့်ပေါ်မှ သူ့နေရာတွင် ဝင်ယူရန်အတွက်မှ လွဲ၍ မည်သည့်အရာမှ မဖြစ်လိုပါတော့ချေ။

မိုဟိုင်က မနာလို လေးစားမှုဖြင့် သက်ပြင်းချလိုက်၏။ "အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံက မြင့်မြတ်အလင်းတန်းကို ၁မိနစ်လောက်ပဲ ဆွဲဆောင်နိုင်တဲ့အချိန်မှာ အဆင့်မြင့် ဗာမီလီဟမ်ငှက်မီးတောက်တောင်ပံကတော့ မြင့်မြတ်အလင်းတန်းကို ၃မိနစ်ကြာအောင် ဆွဲဆောင်နို်င်တယ်။ အန်လင်းက မြင့်မြတ်အလင်းတန်းကို ငါးမိနစ်ထက်ပိုပြီး ကြာအောင် စုပ်ယူပြီးနေပြီ။ အလင်းတန်းက ပျောက်သွားတော့မဲ့ ပုံလဲ မရှိဘူး...။ ဟင်း...။ ငါတော့ ဘာပြောရမလဲကို မသိတော့ပါဘူး။"

"ညီလေး အန်လင်းက ကံကောင်းလိုက်တာ။" ယန်ယွမ်က ပြုံးလိုက်၏။

"ငါ့ထက်ကို ပိုပြီးကံကောင်းအုံးမှာ။" ရှန်းကွမ်ယီက တိတ်ဆိတ်စွာပြောလိုက်၏။

လုကျိဇီက သူမကို ကြည့်လိုက်၏။ မဖြစ်ဘူး...။

ကျိယုံဖန်က အန်လင်းကို အမူအရာမဲ့ စိုက်ကြည့်နေ၏။ သူက ပြောစရာစကားလုံးဝ ပျောက်ဆုံးနေပေတော့သည်။

အန်လင်းက သူ့၏ အာရုံစိုက်မှုကို ခွဲခြားကာ သူ့သက်ရှိစွမ်းအင် ပင်လယ်ထဲရှိ အခြေအနေကို ကြည့်ရှုလိုက်ရာ အန်ကီရင်နှင့် ဇာမဏီဖြူက ထပ်မံတိုက်ခိုက်နေပြန်၏။

အန်ကီရင်မှာ မြင့်မြတ်မီးတောက်၏ စွမ်းအင်များ စုပ်ယူနေဆဲဖြစ်ကာ သူ့၏ ဗိုက်က တဖြည်းဖြည်း ပူစပြုလာလေ၏။

ဘုန်း...

သူ့၏ သက်ရှိစွမ်းအင် ပင်လယ်က ရုတ်တရက်ကြီး ပြင်းထန်စွာဟလှုတ်ခတ်သွားလေ၏။

ထို့နောက် ချက်ချင်းပင် မီးတောက်ဖြူများက ရွှေရောင် ကလေးငယ်၏ နဖူးပြင်ပေါ်တွင် ပေါ်လာလေ၏။ တစ်ချိန်တည်းမှာပင်  သူ့ရင်ဘတ်တွင် ဂဏန်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာကာ ၀.၉မှ ၁သို့ လျင်မြန်စွာ ပြောင်းသွားလေ၏။  ထို့နောက် 'မီးကပြည့်ပြီ'ဟူသော ထိုက်ချူကုန်းမြေကြီး၏ စကားလုံးကလည်း ဂဏန်းများ ဘေးတွင် ပေါ်လာလေ၏။

အန်ကီရင်၏ ဗိုက်က ပိုပို၍ ပူလာကာ နောက်ဆုံးတွင် ရွှေရောင် အလင်းမှုန်ကလေးများ အဖြစ်သို့ပေါက်ကွဲထွက်သွားပြီး အန်လင်း၏ အတွင်းအား ဗဟိုချက်များဆီသို့ ပေါင်းစည်းသွားလေ၏။

ရွှေရောင်အလင်းတန် တစ်ခုက ရုတ်တရက် အန်လင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ချက်ချင်းပင် ရွှေရောင် ပိုးထည်ဟု ထင်ရသော ရွှေရောင်ဝတ်ရုံတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ မြင့်မြတ်ဝတ်ရုံတစ်ခုကဲ့သို့ လွှမ်းခြုံလာလေတော့သည်။

သူက ရွှေရောင်လျှပ်စီးနှင့် တောက်ပနေသော သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ပေါက်ကွဲစေတတ်သော စွမ်းအားများက ထိုးထွက်လာပြီး သူ့အား လျှပ်စီးနတ်ဘုရားတစ်ပါးအသွင်ဆောင်နေလေ၏။

ဂိုဏ်းထဲရှိ တပည့်များအားလုံးက သူတို့၏ မျက်စိရှေ့မှောက်မှာပင် မန္တန်စင်မြင့်၏ အလဟ်မှ အမျိုးသား၏ ကြီးမြတ်လာမှုကို ရုတ်တရက် တွေ့မြင်လိုက်ရ၏။

"ဘုရားရေ။ အဲ့တာ ဘာလဲ။ တောက်ပလိုက်တာ။"

"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား။ အဲ့တာက မြင့်မြတ်မီးတောက်ရဲ့ ထပ်တိုး အကျိုးသက်ရောက်မှုလား။"

"မင်းက ငတုံးလား။ သူ့ခန္ဓာကိုယ် တစ်လျှောက်မှာ ရွှေရောင်လျှပ်စီး ပြေးနေတာ မမြင်ဘူးလား။ အဲ့ဒီ့ အတော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ လျှပ်စီး စွမ်းအင်က မြင့်မြတ်မီးတောက်နဲ့ ဘာမှကို မဆိုင်ဘူး။"

"ဒဏ္ဍာရီလာ အန်လင်းဆိုတဲ့အတိုင်းပဲ မြင့်မြတ်မီးတောက်၏ စွမ်းအားကို စုပ်ယူနေတာတောင်မှ ဒီလိုမျိုး သာမာန်မဟုတ်တဲ့ ဖြစ်ရိုးဖြစ်စဉ် ဖြစ်အောင် ဖန်တီးလိုက်နိုင်တယ်။"

...

ရွှေရောင် ဝတ်ရုံက အန်လင်း၏ ကိုယ်ပေါ်တွင် ရှိနေသည်မို့ အန်လင်းက ရုတ်တရက် အန်ကီရင်ဆီသို့ ဉာဏ်အလင်းထပ်မံ ရရှိပြီး အစွမ်းထက် စစ်မှန်လျှပ်စီးဆန္ဒပါဝင်သော မန္တန်တစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာလေ၏။

သူက သူ့မျက်လုံးများကို ပိတ်လိုက်ပြီး ရွှေရောင် ဝတ်ရုံက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူ့၏ အော်ရာကလည်း တဖြည်းဖြည်း ညှိုးနွမ်းလာလေတော့သည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ့၏ မျက်ဆံများက သူတို့၏ မူလ အနက်ရောင်သို့ ပြန်ပြောင်းသွားပြီး ဖြစ်ကာ စိတ်ခံစားချက်တစ်စုံတစ်ရာ မရှိသည့် ငြနမ်သက်နေသောရေကန်ငယ်လေး နှစ်ခုကဲ့သို့ ဖြစ်နေလေ၏။

အရာအားလုံးက ပြီးဆုံးသွားဟန်ရှိပြီး လူတိုင်းကလည်း သက်ပြင်းတစ်ခု စုပေါင်းချလိုက်မိကာ လေထုထဲမှ ဖိအားကလည်း ပျောက်ကွယ်သွားလေတော့သည်။

"ဖွီး... အဲ့တာက ကြောက်စရာကောင်းလိုက်တာ။ မြင့်မြတ်မီးတောက်ကို ဆက်ခံတဲ့ လုပ်ငန်းစဉ် နည်းနည်းလောက်လေး ပိုပြီး ရိုးရိုးရှင်းရှင်း လုပ်လို့မရဘူးလား...။"

"အဲ့တာက ပုံမှန်ဆို တိုက်ရိုက် လုပ်ငန်းစဉ်တစ်ခုပါပဲ။ အစ်ကို အန်လင်းလိုမျိုး အရမ်းကြီး ပါရမီပါတဲ့ ကျင့်ကြံသူတွေမှသာ သာမန်ဖြစ်စဉ်တွေကို မွှေနှောက်ပစ်နိုင်တာလေ။ ငါအရင်ဆုံး အသက်ရှုပါရစေအုံး..."

တပည့်အများစုက မန္တန်စင်မြင့်ပေါ်တွင် ဖြစ်ပွားသွားသော ကမ္ဘာမြေအက်ကွဲစေနိုင်လောက်သည့် သဘာဝဖြစ်စဉ်ြောင့် တုန်လှုပ်နေကြပြီး သူတို့၏ သတိတရားကို ပြန်လည်ရရှိမည့် အချိန်တိုလေးအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီူက ရုတ်တရက် တုန်ခါလာပြီး ဖြစ်ရပ်အသစ်တစ်ခုက ဖြစ်ပေါ်လာလေ၏။

ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအားက ငါးကီလိုမီတာ အချင်းဝက်အတွင်းတွင် ရုတ်တရက် တိုးဝှေ့လာပြီး စွမ်းအင်ပမာဏ အမြောက်အများက ကြယ်ရောင်စုံညခင်းတွင် ထွက်ပေါ်လာလေ၏။

သက်ရှိစွမ်းအင် ပမာဏ အမြောက်အများက  ကောင်းကင်နှင့် မြေကြီး၏ ခွန်အားနှင့် ဆင်းသက်လာပြီး လေဆင်နှာမောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။

တပည့် သောင်းချီက သူတို့မျက်စိရှေ့မှ မြင်ကွင်းကို ​အမူအရာမဲ့ စိုက်ကြည့်နေကြ၏။ တချို့မှာ မယုံကြည်နိုင်စွာ မျက်လုံးများ ပွတ်ကြည့်ကြပြီး သူတို့၏ နှလုံးသားက ခုန်ထွက်သွားတော့မလို ရင်ဘတ်ပေါ်တွင် လက်တင်ထားကြသော တပည့် အနည်းငယ်လဲ ရှိပေ၏။

မိုဟိုင်က အံ့ဩတကြီးနှင့် ပါးစပ်အဟောင်းသားဖြစ်နေလေ၏။ "အခုဘာတွေ ဖြစ်နေလဲ ဆိုတာ ငါ့ကို ဘယ်သူပြောပြနိုင်မလဲ။"

လုကျီဇီက မျက်တောင်ခတ်လိုက်ပြီး တုန့်ပြန်လိုက်သည်။ "အသိသာကြီးပဲ မဟုတ်ဘူးလား။ အစ်ကို အန်လင်းက ထိုးဖောက်မှုတစ်ခု ပြုလုပ်နေတာလေ..."

မိုဟိုင်က လုကျီဇီကို လှည့်ကြည့်လိုက်၏။ "ငါမကန်းသေးဘူးကွ။ ငါက သူဘယ်လိုလုပ်ပြီး ထိုးဖောက်မှုတစ်ခု လုပ်နိုင်တာလဲဆိုတာ သိချင်တာ။"

လုကျီဇီက မထုံတတ်ထေးအမူအရာနှင့် ပြန်ပြောလိုက်၏။ "သေချာပေါက် သူက မြင့်မြတ်မီးတောက်ကို စုပ်ယူနေရင်းနဲ့ ဉာဏ်အလင်းရသွားလို့ပေါ့။ အဲ့တာကြောင့် ထိုးဖောက်မှုလုပ်နိုင်တာပေါ့။ ငါ့ကို ငတုံးကို မေးရင်တော့ အဲ့တာက ငါ​ပေးနိုင်တဲ့ တစ်ခုတည်းသော ရှင်းလင်းချက်ပဲ..."

မိုဟိုင် : "..."

"အစ်ကို အန်လင်းက ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို ထိုးဖောက်နေတာ ဟုတ်တယ်မဟုတ်လား။ အသက် ၂၀အရွယ်မှာ ဒီလိုမျိုး ကျင့်ကြံခြင်း အခြေခံ အမြင့်တစ်ခုကို ရောက်တာက ငါတို့ ဗာမီလီယမ် ငှက်ဂိုဏ်းအတွက် စံချိန်အသစ်ပဲ။ ကြည့်ရတာ သူက ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ အံ့မတုနိုင်လောက်မဲ့ နံပါတ်၁ ထူးချွန်သူနဲ့ တူတယ်။" ယန်ယွမ်က အပြုံးတစ်ခုနှင့် ပြောလိုက်၏။

ကျိယုံဖန် : "အဲ့တာက အမှန်မဟုတ်ဘူး။ ဒီဟာတွေ တစ်ခုမှ အမှန်ဖြစ်နေတာ မဟုတ်ဘူး..."

အန်လင်း၏ အော်ရာက ဆက်လက် ထိုးတက်နေသော်လည်း သူ့၏ အမူအရာက အတော်လေး တည်ငြိမ်နေပေ၏။ အန်ကီရင်က ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုဂရမ်သို့ တက်သွားပြီးနောက် မစ်ရှစ် ပြီးမြောက်သွားကြောင်း သိပေ၏။ သို့ဖြစ်၍ သူက ထိုးဖောက်မှုအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်၏။

ဗာမီလီယမ်ငှက်ဂိုဏ်း၏ အကြီးအကဲများ အားလုံးက အလွန် အတွေ့အကြုံ ရှိပြီး ဗဟုသုတရှိကြသော ကျင့်ကြံသူများ ဖြစ်သော်လည်း မည်သူမှ ဘာဖြစ်နေသလဲ ဆိုသည်ကို နားမလည်နိုင်ပါပေ။

အကြီးအကဲ ချန်ရှင်းရန်က ကျူယွမ်ကျိုးထံသို့ လှည့်လိုက်၏။ "အကြီးအကဲ ကျူ၊ ခင်ဗျားက ဒီလူထူးဆန်းကို ဘယ်က ရှာလာတာလဲ။ သူက ဗာမီလီယမ်ငှက်ဂိုဏ်းထဲရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ ဂိုဏ်းတစ်ခုလုံးကို တုန်ခါစေ​ပြီးနေပြီ။"

ကျူယွမ်ကျိုးက သူ့၏ ကြက်သွေးရောင် မုတ်ဆိတ်များကို သပ်ရင်း ဝမ်းသားအားရ ရယ်မောလိုက်၏။ "အိုင်းယား... ငါ့တူကတော့ အမြဲတမ်းပဲ ဒီလိုမျိုး အဆန်းတွေ ထွင်တော့တာပဲ။ သူ့ကို နောက်တစ်ခါဆို နည်းနည်းပိုပြီး ညင်သာဖို့ ပြောရမယ်။"

ချန်ရှင်းရန် : "..."

လန်ရန်က အန်လင်းကို မျက်လုံးအပြူးသား စိုက်ကြည့်ပြီး ဤတစ်ကြိမ်တော့ ရယ်ရန်မေ့နေလေ၏။ "ရှောင်လန်၊ နင် ဂရုစိုက်ရမယ်နော်။ အန်လင်းက အနာဂတ်မှာ လေးစားအားကျတဲ့လူတွေ အများကြီး ရှိလာနိုင်တယ်။"

စုရှောင်လန်က လန်ရန်ကို မျက်လုံးလှန်လိုက်ပြီး အန်လင်းကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး သူမ၏ နှလုံးသားက ခံစားချက်များ ပေါင်းစုံနေလေ၏။

အန်လင်းက အလွန်လျင်မြန်စွာ တိုးတက်နေပြီး သူမက အမီှလိုက်ရန် ခက်ခဲလှပေ၏။

အန်လင်း၏ အော်ရာမှာ မကြာမီပင် ပုလင်းဝကို ဖြတ်ကျော်ကာ ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို တရားဝင် ရောက်ရှိတော့မည် ဖြစ်သည်။

လေထဲရှိ သက်ရှိစွမ်းအင် လေပွေငယ်က ပျောက်ကွယ်သွားပြီး ဖြစ်သော်လည်း မြင့်မြတ်မီးတောက်အလင်းတန်းက သူ့အပေါ်တွင် ကျရောက်နေဆဲဖြစ်၏။

အန်လင်းက ပျင်းရိစပြုလာပြီ ဖြစ်ကာ အဆင့် ၇ အင်မော်တယ် ဆေးတောင့် နဂါးဝိညာဉ် နတ်ဆေးကို သောက်လိုက်၏။

ဤနဂါးဝိညာဉ် နတ်ဆေးမှာ သူက အမှောင်ည ဧကရာဇ်ကို သုတ်သင်ပြီးချိန်က ရရှိခဲ့သော အရာဖြစ်၏။ ထိုသည်က သတိကို ခိုင်မာစေကာ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်များအတွင်း ကျင့်ကြံခြင်း အခြေခံကို ခိုင်မာစေသော အကျိုးရှိ၏။ သို့ဖြစ်၍ ယခုမှာ ဤသည်ကို သောက်သုံးရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေ၏။

အင်မော်တယ် ဆေးတောင့်မှာ အလင်းဖောက်နိုင်သော အဖြူရောင်နှင့် နဂါးတစ်ကောင်၏ စိတ်စွမ်းအားက ပတ်ပတ်လည်တွင် အတက်အကျဖြစ်နေကာ နဂါး၏ ဟိန်းသံက လေထုထဲတွင် ပံ့တင်ထပ်နေပေ၏။

တပည့်များအားလုံးက ဖြစ်ပွားသွားသော အခြေအနေများမှ ထိုသည်မှာ အင်မော်တယ်ဆေးတောင့်တစ်ခု ဖြစ်ကြောင်း ချက်ချင်းပြောနိုင်ပေ၏။  သူတို့က အန်လင်းက ပေါ့ပေါ့ပပါး ဆေးသောက်ကာ မန္တန်စင်မြင့်ပေါ်တွင် လှဲအိပ်လိုက်သော မြင်ကွင်းကို မြင်လိုက်ရ၏။

တပည့်များအားလုံးက အမွေးများပင်ဟကျွတ်ထွက်တော့မလို ဖြစ်သွား၏။ မြင့်မြတ်မီးတောက်က မြစ်တစ်စင်းကဲ့သို့ ခပ်ဖွဖွ စီးဆင်းပြီး ထိုးဖောက်မှုက သာမန် အစားများကဲ့သို့ ရောက်ရှိလာပြီး အင်မော်တယ် ဆေးတောင့်ကို ချိုချင်တစ်ခုကဲ့သို့ သောက်လိုက်လေ၏...။ သူက ထိုနေရာ၌ လူတိုင်း၏ တာအိုနှလုံးသားများကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်လား။

"အဲ့တော့ အစ်ကို အန်လင်းရဲ့ ပုံပြင်တွေက အမှန်ကြီးပေါ့။ ငါက အစတုန်းက ကောင်းကင်ဘုံ ခုံရုံးထဲမှာ သူ့ရဲ့ ဒဏ္ဍာရီလာ လုပ်ဆောင်ချက် ပုံပြင်တွေကို ကြားရတာ အတော်လေး မယုံနိုင်ဖြစ်နေတာ။ ဒါပေမဲ့ အခုတော့ ယုံစပြုလာပြီဟေ့။"

"အားးးး... ငါ အရမ်း စိတ်လှုပ်ရှားလိုက်တာ။ သူ့ရဲ့ အသံကူးပြောင်း အစီအရင် မနက်ဖြန်ကျရင် သွားမေးတော့မယ်။"

"ပြောကြည့်စမ်း။ မြင့်မြတ် မီးတောက်က သူ့အပေါ်ကို ဘယ်လောက်တောင် ကြာကြာ ကျ​တောက်မလဲ။"

"ငလူး။ မင်းသာမပြောရင် ငါလဲ အဲ့တာကို မေ့နေမှာ။ အဲ့တာ အနည်းဆုံး ၁၀မိနစ်တော့ရှိပြီ။"

"ငါတော့ အချိန်တောင် မှတ်မထားမိဘူး။ အဲ့တာ ၁၈မိနစ်လောက်တောင် ရှိပြီလားလို့..."

"အဲ့တာဆို အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက် တောင်ပံတစ်ခုရဲ့ ကြာချိန်ထက် ခြောက်ဆရှိနေပြီပေါ့..."

အကြီးအကဲ ချန်ရှင်းရန်က သူ့ဘေးမှ အမျိုးသားကို လှည့်မကြည့်မီ အမူအရာ​မဲ့ ဆက်လက်ကြည့်နေလေ၏။ "အကြီးအကဲ ကျူ၊ ဒါက အဆုံးမရှိတော့ဘူးလား။"

ကျူယွမ်ကျိုး၏ မျက်နှာထက်တွင် နေရခက်သော မျက်နှာထားတစ်ခု ဖြစ်ပေါ်လာ၏။ အန်လင်းကို ကြည့်ရသည်မှာ မြင့်မြတ်မီးတောက်ထံမှ စွမ်းအင်ကို အနည်းငယ် ပိုများပြီး စုပ်ယူမည့်ပုံပင်။

...

ရင်ပြင်ပေါ်ရှိ တပည့်များအားလုံးက သူတို့ကြားတွင် ရုတ်ရုတ်သဲသဲ ဆွေးနွေးနေကြစဉ္တွင် အနမလင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲရှိ ဇာမဏီဖြူက ကြည်လင်သော ငိုသံတစ်ခုကို ထုတ်လွှတ်ကာ တစ်ခုသော တိုးတက်မှုတစ်ခုကို ပြည့်စုံသွားဟန်ရလေ၏။ မြင့်မြတ်ခွန်အားများက သက်ရှိစွမ်းအင် ပင်လယ် တစ်ခုလုံးကို ထိုးဖောက်ကာ မြင့်မြတ်မီးတောင်ဖြူများ စီးဆင်းမှု အများအပြားက သက်ရှိစွမ်းအင် ပင်လယ်၏ အထက်တွင် အေးချမ်းစွာ မျောလွင့်နေသော အဖြူရောင် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားလေ၏။

မြင့်မြတ်ဗာမီလီယမ်မီးတောက်က အန်လင်း၏ ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို အာရုံခံမိဟန်ရပြီး အဖြူရောင် အလင်းတိုင်းကြီးမျာူက နောက်ဆုံးတွင် တဖြည်းဖြည်း လျော့နည်းစပြုလာလေ၏။

တပည့်များနှင့် အကြီးအကဲများ အားလုံးက နောက်ဆုံးတွင် စုပေါင်း ပင့်သက်ရှိုက်လိုက်ကြ၏။ ကြည့်ရသည်မှာ နောက်ဆုံးတော့ အရာအားလုံး ပြီးဆုံးသွားဟန်ပင်။

-----------

All Chapters