ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၃)
Vol. 122 Ch. 1699
“ဘယ်လိုမွန်းစတားမျိုးလဲ...”
စန်းယွန်းလီ ထိတ်လန့်စွာ ရေရွတ်လိုက်၏။ တကယ်တမ်းအားဖြင့်... သူတို့ အားလုံးသည်လည်း မွန်းစတားများ ဖြစ်ကြသည်။ သို့သော်လည်း... စုမေ့မှာ မွန်းစတားများထဲတွင်ပင် တကယ့် မွန်းစတားဟု ဆိုနိုင်သည်။
ဝိညာဉ် တိုက်ခိုက်မှုများနှင့် အလွန် မြန်ဆန်သည့် အံ့မခန်း ဓားချက်များကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည့်တိုင် သူမက ခံစစ်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ထိုကဲ့သို့သော အခိုက်အတန့်တွင်ပင် အသက်ရှင်သန်နိုင်ခြင်းက သူမ၏ ခွန်အားကို ပြသ နေပေသည်။
“သူ့ကို ဓားဆွဲမထုတ်စေနဲ့...”
ပေ့ဝေဝေမှာ စတုတ္ထမြောက် ကွန်မန်ဒါ တစ်ယောက်၏ မွေးရာပါ အရည်အသွေးများကို ပြသကာ အမိန့်ပေးလိုက်၏။ အာဏာရှင်များက တွန့်ဆုတ်ခြင်း မရှိပဲ နားထောင်လိုက်ကြကာ သံကြိုးများ၊ ပိုးသားများနှင့် ကြိုးကဲ့သို့ ဝိညာဉ် ချည်နှောင်မှု အမျိုးမျိုးကို အသုံးပြု၍ စုမေ့၏ ဓားအိမ်ကို ချုပ်နှောင်ဖို့ ကြိုးစားလိုက်ကြသည်။
ပုံမှန်အားဖြင့် ဆိုပါက အလွန် လျှင်မြန်စွာ လှုပ်ရှားနေသည့် အမြန်နှုန်းကြောင့် သူတို့၏ ကြိုးပမ်းမှု အားလုံးက အချည်းနှီး ဖြစ်သွားကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ပေ့ဝေဝေမှာ ဝိညာဉ်သခင် တစ်ယောက် ဖြစ်သည်။ သူမ၏ ပုံမှန် မဟုတ်သည့် ဝိညာဉ်အာရုံမှာ မြေကြီးရှန့်ထိုများကိုပင် အရှက်ရစေလိမ့်မည် ဖြစ်သည်။ ပေ့ဝေဝေ၏ ကျွမ်းကျင်စွာ လမ်းညွှန်ပေးမှု အောက်တွင် စုမေ့၏ လှုပ်ရှားမှုများမှာ အဟန့်အတား ဖြစ်လာခဲ့ရ၏။
အကယ်၍ ပေ့ဝေဝေသာ မရှိပါက အာဏာရှင်များ၏ ကြိုးပမ်းမှုမှာ အရှိန်အဟုန်ဖြင့် ပြေးနေသည့် ကျားသစ် တစ်ကောင်ကို နောက်မှ ခဲဖြင့် လိုက်ပေါက်ဖို့ ကြိုးပမ်းနေသည့် အလား အလကား ဖြစ်သွားကြလိမ့်မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ... ပထမဆုံးသော အာဏာရှင်မှာ လက်နှစ်ချောင်းတည်းကို အသုံးပြုရင်း ဟုန်ချွင်းဟွာ၊ ပေ့ဝေဝေနှင့် အာဏာရှင်များ တည်းဟူသော ဖြစ်တည်မှု သုံးခုထံမှ တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း ခုခံ နေနိုင်ဆဲ ဖြစ်သည်။
“သူ ဆက်ပြီး ခုခံနိုင်ပါ့ မလား...”
တူလာရီမှာ တိုက်ပွဲကို ကြည့်ကာ အလွန်ပင် အံ့အားသင့်နေခဲ့၏။ ထိုသေမျိုးများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် စည်းရုံးလွန်းသည်။ သူတို့မှာ ပိုမို အင်အားကြီးမားသည့် ပြိုင်ဘက်များကို သတ်ဖြတ်ရန် ဒီဇိုင်းထုတ်ထားသော စစ်တပ်တစ်ခုနှင့် တူသည်။ သူတို့၏ အချိန်ကိုက်မှု၊ နည်းဗျူဟာနှင့် နည်းလမ်းများက သူမ၏ စိတ်ဝိညာဉ်ကိုပင် လှုပ်ခါစေသည်။
ရွှယ်ရီဖေးမှာ ထိုအရာအားလုံးကို စောင့်ကြည့်နေခဲ့၏။ သူမ၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါနေခဲ့သည်။ မိန်းကလေးက ပုလဲဖြူ သွားကလေးများကို တင်းတင်းကြိတ် လိုက်၏။
“အရမ်း နီးနေပြီ…”
“…”
ရုတ်တရက် ဟုန်ချွင်းဟွာမှာ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ သူမ၏ တိုက်ခိုက်မှုများက ရုတ်တရက် နှေးကွေးသွားသကဲ့သို့ အာရုံရလိုက်၏။ ၎င်းက ခဏတာသာ ဖြစ်သည်။ အလွန် တိုတောင်းသည့် ခဏလေးသာ ဖြစ်သည်။ သို့သော်လည်း သူမ၏ နှလုံးသားကို စိတ်ကူး မယဉ်နိုင်သည့် အမှောင်ထု တစ်ခုက ဆုပ်ကိုင်လိုက်သကဲ့သို့ ခံစားလိုက်ရလေ၏။
ဘုန်း...
ထိုအခိုက်တွင်ပင် ရွှေဖုန်းပေါင်မှာ အဆုံးစွန်သော မီးတောက်မီးလျှံများ အဖြစ် ပေါက်ကွဲ သွားခဲ့၏။ သူက သာမန် သေမျိုးတစ်ဦး အတွက် စိတ်ကူးယဉ်ဖို့ လုံးဝ မဖြစ်နိုင်သော အမြန်နှုန်းဖြင့် တိုက်ပွဲဆီသို့ ပျံသန်း သွားခဲ့သည်။ သူက အသွင်ပြောင်းလဲခြင်းမှ စုစည်းထားခဲ့သည့် ခွန်အား အားလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်၏။
နတ်ဘုရား၊ နတ်ဆိုး၊ တစ္ဆေနှင့် မိစ္ဆာတို့ ကျင်လည်ရာ ရှေးဟောင်းခေတ်များမှ အမှောင်ထု တစ်ခု၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရသလို ပေ့ဝေဝေ၏ အေးစက်စက် မျက်လုံးများမှာ မည်းမှောင် သွားခဲ့၏။ သူမ၏ ဝိညာဉ် အမြုတေမှာ ကြမ်းတမ်း ခက်ထန်စွာပင် လည်နေကာ သူမ၏ စိတ်မှာလည်း လောင်ကြွမ်းလုနီးပါး ဖြစ်နေခဲ့၏။
ရွှမ်း...
ဆေဘာဟိန်းသံ တစ်ခု ပဲ့တပ်ထပ် ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်တွင်ပင် နောက်သို့ အဆက်မပြတ် ဆုတ်နေသည့် စုမေ့၏ ပုံရိပ်မှာ ရပ်တန့် သွားခဲ့၏။ သူမက ရှေ့သို့ ပြန်လည် တိုးလိုက်ကာ ဟုန်ချွင်းဟွာ၏ ဓားချက်ကို သီသီကလေး ရှောင်တိမ်းလိုက်သည်။ သူမ၏ ဘေးဘက်ခြမ်းမှာ ဓား၏ ထိပ်ဖျားကလေးနှင့်ပင် အခြစ်ခံလိုက်ရ၏။ ဟုန်ချွင်းဟွာနှင့် စုမေ့တို့၏ မျက်နှာများမှာ ချက်ချင်း နီးကပ် သွားခဲ့၏။ ကြားထဲ၌ နှစ်လက်မမျှသာ ကွာဝေးပေတော့သည်။
ဟုန်ချွင်းဟွာ၏ မျက်နှာထက်၌ အံ့အားသင့်သည့် အငွေ့အသက်များ ပေါ်လာခဲ့၏။ စုမေ့၏ အသက်ရှူသံများကိုပင် သူ ရှင်းလင်းစွာ ခံစားနိုင်သည်။ ထို့အပြင် မိန်းကလေး၏ မျက်လုံးများ အတွင်းရှိ ဝိညာဉ် တိုက်ပွဲကိုလည်း သူမ မြင်နိုင်သည်။ ရုတ်တရက်... ထိုထိပ်တိုက် တွေ့ဆုံမှုများမှာ စုမေ့၏ ကြည်လင်သည့် မဟူရာ မျက်ဝန်းများ အတွင်းမှ နှင်ထုတ်ခံရ သကဲ့သို့ ထွက်ခွာကာ သူမ၏ မျက်လုံးများထဲသို့ ပြောင်းလဲ ဝင်ရောက်လာသည်။
“…”
ဟုန်ချွင်းဟွာ တစ်ယောက် နာကျင်သည့် အော်ဟစ်သံ မထုတ်မိအောင် အံကို တင်းတင်းကြိတ်ကာ ထိန်းသိမ်းထားရသည်။ သူမ တုန့်ပြန်ရန် မဝံ့ရဲချေ။ စုမေ့၏ လက်ထဲရှိ ဓားအလင်းက ကျောရိုးကို တုန်ရီစေလေရာ ကိုယ်ပိုင် အသက်ကို ကာကွယ်ရန် အတွက်သာ သူမ အာရုံစိုက်နေရ၏။ ပွင့်အာနေဆဲ ဖြစ်သည့် လက်ကျန် နှင်းဆီများကို ဖောက်ခွဲပစ်ရန်လည်း သူမ မကြိုးစားချေ။ ထိုကဲ့သို့ ပြုလုပ်ရန် ဝိညာဉ်အင်အား လိုအပ်သည်။ စုမေ့ကို တိုက်ခိုက်ခဲ့သည့် ဝိညာဉ်အင်အားများ သူမထံ တိုးဝင်လာခြင်းက ထိုဖြစ်စဉ်ကို အသက်သွင်းရာတွင် နှေးကွေးသွားစေလိမ့်မည် ဖြစ်သည်။
ပထမဆုံး ကွန်မန်ဒါ ဖြစ်သည့် ဟုန်ချွင်းဟွာမှာ မယုံကြည်နိုင်လောက်စရာ စိတ်ပိုင်းဖြတ်မှုမျိုးကို ပိုင်ဆိုင်ထား၏။ သူမက ဆုံးဖြတ်ချက် တစ်ခုကို ချက်ချင်း ချမှတ်လိုက်၏။ ဤတိုက်ပွဲအတွင်း၌ တစ်ဘီလျံမျှသော နည်းလမ်းများက သူမ၏ အသက်ကို သေဆုံးစေနိုင်သည် ဆိုလျှင် သူမမှာ တစ်ဘီလျံနှင့် တစ်ခုမြောက် လမ်းကို ရွေးချယ်မည် ဖြစ်သည်။
ဓားမှာ ဟုန်ချွင်းဟွာကို ထောင်ပေါင်းများစွာငေါ ပန်းပွင့်များ အဖြစ် ကွဲထွက်သွားကာ သူမကို သယ်ဆောင်သွား၏။ စုမေ့၏ ဓားချက် သူမ လည်ပင်း၌ သွေးစို့သည့် ခြစ်ရာကလေး တစ်ခုကိုသာ ဖြစ်လာစေခဲ့သည်။ မိန်းကလေးမှာ ထာဝရ ကြယ်တာရာ အလင်း ဆေးတောင့်ထက် အဆပေါင်းများစွာ သာလွန်သော အမြန်နှုန်းနှင့် ပျံသန်း ထွက်ခွာ သွားခဲ့သည်။ ထို့နောက်... အလင်း၏ အမြန်နှုန်းနှင့် အတူ ပျောက်ကွယ်သွားခဲ့၏။
စုမေ့ပင်လျှင် ဟုန်ချွင်းဟွာ ထွက်ပြေးဖို့ ကြိုတင် ပြင်ဆင်ထားသည့် နည်းလမ်းကို ကြည့်ကာ ခဏတာမျှ အံ့အားသင့် သွားခဲ့သည်။ သို့သော်လည်း... သူမ၏ လက်ချောင်း နှစ်ချောင်းကို မျက်စိဖြင့် လက်မမှီနိုင်သည့် အမြန်နှုန်းနှင့် ရွေ့လျားလိုက်၏။ ဦးခေါင်းများစွာမှာ လေထဲ၌ ဝဲသွားကာ သွေးများက နေရာအနှံ့ ပြန့်ကျဲ သွားခဲ့လေသည်။
ခရက်... ခရက်...
ထို့နောက် ဓားရှည်ပေါ်ရှိ ချည်နှောင်မှုများမှာ အနည်းငယ်မျှ လှုပ်ခါရုံဖြင့် ပျက်စီး သွားကြ၏။ ထို့နောက်... စုမေ့မှာ လေထဲသို့ မြင့်တက်သွားကာ ဆုတ်ခွာနေပြီ ဖြစ်သည့် ပေ့ဝေဝေနှင့် ရင်ဆိုင်လိုက်သည်။
ဝှစ်...
သူမက လက်နှစ်ချောင်းကို မြှောက်လိုက်၏။ မှောင်မိုက်သည့် မဟူရာ ဓားအလင်းမှာ စည်းချက်ညီညီ ထွက်ပေါ်လာခဲ့၏။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် သူမက လက်ကို အောက်သို့ လွှဲချလိုက်သည်။
ရွှမ်း...
ကောင်းကင်တစ်လျှောက် ဆေဘာဟိန်းသံ တစ်ခု ပဲ့တင်ထပ် ထွက်သွားခဲ့၏။ ဧရာမ ဓားအလင်း မျဉ်းကြောင်းတစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းကာ ၎င်းတို့ နှစ်ခုစလုံးကို ချိတ်ဆက်လိုက်သည်။ ၎င်းမှာ ရှောင်တိမ်း၍ မဖြစ်နိုင်သည့် နှုန်းဖြင့် ပေ့ဝေဝေထံ တိုးဝင်သွားခဲ့လေ၏။
ပေ့ဝေဝေမှာ ထိုတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်ကြောင်း ခံစားလိုက်ရ၏။ သူမ သိရှိထားသမျှ အချက်အလက် အားလုံးက ထိုအချင်းအရာကို ပြောပြနေသည်။ သို့သော်လည်း...
ယောင်ဟုန်ရီက သူ၏ လေးကို ဆွဲလိုက်၏။ လျှို့ဝှက်သံမဏိဖြင့် ပုံသွင်းထားသော အနက်ရောင် မြှားတစ်စင်းမှာ ယခုအခါ သူ၏ လေးပေါ်တွင် ရှိနေခဲ့သည်။ ဖြည်းညင်းစွာပင်... လေးကိုင်းက အကန့်အသတ်အထိ ကွေးညွှတ်သွားခဲ့ကာ သူက လက်ကို ဖြည်းညင်းစွာပင် လွှတ်လိုက်၏။
ရွှစ်...
တစ်ပြိုင်နက်တည်းပင် ရွှေဖုန်းပေါင်မှာ ပေ့ဝေဝေရှေ့သို့ ရောက်ရှိလာခဲ့၏။ ထို့နောက်တွင်တော့ ကမ္ဘာကို တုန်လှုပ်စေနိုင်သည့် ကျယ်လောင်မှုမျိုးဖြင့် သူ၏ ခန္ဓာကိုယ်မှာ...
ဘုန်း...
ပေါက်ကွဲသွားလေတော့၏။ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် မီးတောက်မီးလျှံများမှာ ရှေ့သို့ တိုးဝင်သွားကာ ဓားအလင်း တစ်ခုလုံးကို ဝါမြို၍ ပြင်းထန်စွာ လောင်ကြွမ်းလေတော့သည်။
အခြားတစ်ဖက်၌... လေထုအတွင်း၌ အင်အား အချို့ ဖြစ်ပေါ်လာကာ ပေ့ဝေဝေကို နောက်သို့ တွန်းပို့လိုက်သည်။ ထောင့်ချိုးကို ကောင်းစွာ တွက်ချက်ထားသည့် အလား ခရမ်းရောင် လက်ကြီး တစ်ဖက်မှာ လေထုအတွင်း မိုင်ပေါင်း ထောင်ချီကို ဖြတ်သန်းကာ မိန်းကလေးကို လှမ်းဆွဲလိုက်၏။ တရှန်းမှာ ပေ့ဝေဝေကို ဖမ်းမိသွားခဲ့ပြီ ဖြစ်သည်။
“...”
စုမေ့မှာ ပေါက်ကွဲမှုကြောင့် အံအားသင့်သွားကာ နောက်သို့ ဆုတ်လိုက်သည်။ ရွှေဖုန်းပေါင်က ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ချေ။
ဝှစ်...
မိန်းကလေးက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း တိုးဝင်လာသည့် မီးစွမ်းအင်များကို ပိတ်ဆို့လိုက်သည်။ သူမပင်လျှင် မီးဥပဒေသဖြင့် လောင်ကြွမ်းနေသည့် မီးစက်ဝန်း အတွင်း ဝင်ရောက်ဖို့ မဝံ့ရဲပါချေ။
ဝှစ်..
တစ်ပြိုင်နက်တည်းပင် လှံတံတစ်ချောင်းမှာ ကြယ်ရောင် အလင်းလမ်းကြောင်း တစ်ခုကို ချန်ရစ်ကာ ကောင်းကင်တစ်လျှောက် တိုးဝင်လာခဲ့၏။ ၎င်းမှာ အမြင့်ဆုံး အမြန်နှုန်းထိအောင် မြန်ဆန်သည်။
စုမေ့က အလျှင်အမြန်ပင် ကာကွယ်လိုက်ကာ ၎င်းကို ဓားအိမ်ဖြင့် ရိုက်ချလိုက်သည်။ သူမ၏ လက်နှစ်ချောင်းမှ မဟူရာ စွမ်းအင်များမှာ ပေ့ဝေဝေကို သုံးစွဲပြီးနောက်၌ ပြန်လည် စုဆောင်းဖို့ လိုအပ်ပေသည်။
ဘုန်း...
ရုတ်တရက် ပေါက်ကွဲမှု တစ်ခုက မိန်းကလေးကို နောက်သို့ တွန်းပစ်လိုက်ကာ ယိမ်းယိုင် သွားစေခဲ့၏။ ထိုပေါက်ကွဲမှုက သူမကို ဟန်ချက်ပျက် သွားစေဖို့ လုံလောက်ပေသည်။
ရွှစ်...
ပြီးပြည့်စုံစွာ အချိန်ကိုက်ထားသကဲ့သို့ အနက်ရောင် မြှားတစ်စင်းမှာ မီးတောက်မီးလျှံများကို ဖြတ်သန်းကာ တိုးဝင် လာခဲ့သည်။ စုမေ့၏ ကြည်လင် တောက်ပသည့် အနက်ရောင် မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်း သွားခဲ့၏။ ဓားအိမ်ကို ကိုင်ထားသည့် လက်က ထုံကျင်သွားခဲ့ကာ အင်ပါယာ ကောင်းကင် အော်ရာဖြင့် ဖုံးလွှမ်းခံလိုက်ရသလို ခံစားလိုက်ရသည်။
အသက်ကို နှုတ်ယူနိုင်သည့် တိုက်ခိုက်မှု ပေါင်းစုံက ဆက်တိုက်ဆိုသလို ဆင်းသက်လာခဲ့ပြီ ဖြစ်လေသည်။
***