← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၄)

Vol. 122 Ch. 1700

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၄)

Vol. 122 Ch. 1700

စုမေ့က အနည်းငယ် ပြုံးလိုက်ရင်း ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ခြေထောက်ကို ဓားအဖြစ် အသုံးပြု၍ ကန်ကျောက် လိုက်၏။

ဘုန်း...

မြှားမှာ ထိတွေ့သည်နှင့် အက်ကွဲလာကာ ပေါက်ကွဲသွားသည်။ သက်ရောက်မှုက ပြင်းထန်လွန်းရကား မိန်းကလေးမှာ နောက်သို့ ယိမ်းယိုင်သွားခဲ့၏။ သူမ တုန့်ဆိုင်းခြင်း မပြုပဲ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရုတ်တရက်... ဓားအိမ်ကို ကိုင်ထားသည့်လက်က အနည်းငယ် ပေါ့ပါးသွားသလို သူမ ခံစားလိုက်ရ၏။

ရွှီ... ရွှီ...

စုမေ့ ဆန်းစစ်ခြင်း မပြုနိုင်ခင်မှာပင် ကြေးနီရောင် စစ်သုံးတူကြီး တစ်ခုမှာ လေချွန်သံနှင့် အတူ သူမဆီသို့ အပေါ်တည့်တည့်မှ ကျဆင်းလာနေခဲ့သည်။ ၎င်းမှာ အလွန် မြန်ဆန်ခြင်း မရှိသော်လည်း အံ့မခန်း ကြီးမားလှသည်။ တစ်နည်းအားဖြင့် ၎င်းမှာ တောင်ကြီးတစ်လုံးနှင့်ပင် တူနေသေးသည်။

စုမေ့ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း သက်ရောက်မှုဇုန်မှ ရှောင်တိမ်းရန် အတွက် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်၏။ သူမ၏ လှုပ်ရှားမှုက အလွန်ပင် လျှင်မြန် သွက်လက်ကာ မိုးကြိုးပစ် သကဲ့သို့ သက်ရောက်မှုကို ဆံချည်တစ်မျှင်စာမျှ ကလေးဖြင့် ကျဉ်းမြောင်းစွာ ရှောင်တိမ်းလိုက်သည်။

ဝှစ်...

စုမေ့မှာ အငွေ့ပျံနေသည့် ပင်လယ် ဒေသတစ်ခုထက်တွင် ပြန်လည် ပေါ်လာခဲ့၏။ လက်ကို ငုံ့ကြည့်လိုက်သော အခိုက်၌ ဆေဘာမှာ ဓားအိမ်မှ ယူဆောင်သွားခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။ အကြည့်တစ်ချက်ဖြင့်ပင်... ၎င်းကို သူမ အာရုံခံလိုက်နိုင်၏။

“နောက်ဆုံးတော့...”

ရွှယ်ရီဖေးက ပင်ပန်း နွမ်းနယ်စွာဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် ဆွဲကိုင်ထားသည့် လက်ဟန် ချိပ်စည်းကို လွှတ်ချလိုက်သည်။ သူမ၏ မျက်လုံးများနှာ နတ်ဆိုး အလင်းတန်းများနှင့် ပေါက်ကွဲ နေခဲ့လေ၏။

စုမေ့၏ အောက်တည့်တည့်မှ ဦးချိုပါ ဦးခေါင်းကြီး တစ်လုံးမှာ မြေကြီးများကို တူးဆွရင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းက အားနူပင် ဖြစ်လေ၏။ အားနူက ပါးစပ်ကို ဖွင့်ဟလိုက်ရာ အတွင်းပိုင်းမှ ငွေရောင် အလင်းများ တောက်ပလာခဲ့သည်။

၎င်းတို့မှာ နက်နဲထွေပြားသည့် သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် ကုဗတုံး ရှစ်ခု အဖြစ် ပြောင်းလဲ သွား၏။ ယင်းတို့မှာ အလင်းထက်ပင် ပိုမို၍ လျှင်မြန်ပေသည်။ တုန့်ပြန်ရန် ခက်ခဲသည့် အချိန်အတွင်းမှာပင် ၎င်းတို့မှာ စုမေ့တွင် ဝန်းရံ၍ ကုဗတုံး သဏ္ဌာန်ပင် ရှစ်ဖက်ရှစ်တန်မှ နေရာယူ လိုက်ကြ၏။

စုမေ့၏ မျက်လုံးများက တောက်ပလာကာ တုန့်ပြန်ရန် ဟန်ပြင်လိုက်သည်။ အမှန်စင်စစ် ၎င်းမှာ ခက်ခဲနိုင်သော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပါချေ။ ထို့နောက်တွင်တော့...

ရား...

ရွှယ်ရီဖေးက ပါးစပ်ကို ဟကာ ရှန့်ထို လက်စွက် အတွင်း ဟိန်းဟောက်လိုက်၏။

နတ်ဆိုးနဂါး ဟိန်းသံ...

ထိတ်လန့်ဖွယ်ရာပင် ၎င်းမှာ သူမ၏ ပါးစပ်မှ ထွက်ပေါ်လာခြင်း မဟုတ်ပါချေ။ ထူးဆန်းစွာဖြင့် အားနူ၏ ငွေရောင် ခံတွင်း အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသံလှိုင်းများမှာ အောက်ဖက်မှသည် စုမေ့ထံသို့ ပြင်းထန်စွာ တုန်ခါ သွားခဲ့၏။

စုမေ့၏ မျက်လုံးများမှာ ခရမ်းရောင် အလင်းများဖြင့် တောက်ပလာခဲ့၏။ ဖျက်ဆီးခြင်း စွမ်းအင်များက သူမ၏ အသိစိတ် ပင်လယ် အတွင်း ကျူးကျော် ဝင်ရောက်လာခဲ့သည်။ ၎င်းတို့မှာ အလွန် အင်အားခြင်း မရှိသော်လည်း သူမ၏ တုန့်ပြန်မှုကို မိုက်ခရို စက္ကန့် တစ်စက္ကန့်စာမျှ နောက်ကျသွားစေခဲ့သည်။

၎င်းက လုံလောက်ပေသည်။ လုံလောက်သည်ထက် ပိုသည်။

ကုဗတုံးများမှာ ငွေရောင် မီးတောက်များနှင့် လောင်ကျွမ်းသွားခဲ့ကာ စုမေ့၏ပတ်လည်တွင် လေးထောင့် သဏ္ဌာန် အတားအဆီး တစ်ခုကို တည်ဆောက်လိုက်၏။

အသံမရှိ၊ အသက်ဓာတ် မရှိ၊ စွမ်းအင် ထုတ်လွှတ်မှု မရှိ...

လေသည်ပင် ထိုအချုပ်အနှောင် အတွင်းမှ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်း ပြုနိုင်လိမ့်မည် မဟုတ်ပါချေ။

စုမေ့မှာ ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်လေသည်။

ကုဗတုံးကြီး တစ်ခု သဏ္ဌာန် အကာအရံကြီးမှာ တားဆီးခြင်း၊ ဖျက်ဆီးခြင်း၊ ချုပ်ငြိမ်းခြင်း စသည့် ဆန္ဒတို့ကို ကိုယ်စားပြုရင်း ခြောက်ဖက်ခြောက်တန်မှ ဝန်းရံ နေခဲ့၏။ မျက်နှာပြင်ထက်၌ ကူးခပ်နေသည့် သင်္ကေတများမှာ ထူးဆန်းသော အလင်းရောင်များနှင့်‌ တောက်ပနေကြ၏။ ၎င်းတို့မှာ လျှို့ဝှက်အဆင့် ဖြစ်ကာ လျှို့ဝှက် အစီအရင် အမျိုးမျိုး၊ ကျင့်စဉ် အမျိုးမျိုးနှင့် ပေါင်းစပ်ဖွဲ့စည်းထားကြသည်။ ၎င်းက မြေကြီးရှန့်ထို အဆင့်များ ပူးပေါင်း တည်ဆောက်ထားသည့် အာကာသ လှောင်အိမ် တစ်ခုလို ကြောက်မက်ဖွယ် ကောင်းသည့် လှောင်အိမ်တစ်ခု ဖြစ်ပေသည်။

တိတ်ဆိတ်မှုက လောကတစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့၏။ လှောင်အိမ်အတွင်း၌ စုမေ့ကို လှမ်း၍ မမြင်ရသော်လည်း လှိုင်းနှုန်းများ ထွက်ပေါ်မလာခြင်းမှာ စောင့်ကြည့်နေသူများ အတွက် ကောင်းသော လက္ခဏာ တစ်ခု ဖြစ်သည်။ အားလုံး၏ နှလုံးသားများထဲ၌ စိုးရိမ်မှုကို ခံစားနေရသေးသော်လည်း ယခင်ကထက် ပိုမို၍ လျော့နည်း လာခဲ့၏။ စုမေ့မှာ လုံးဝ ကြောက်မက်ဖွယ် ကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ သူမမှာ တိုက်ပွဲအစမှ အဆုံးအထိ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်ခုမျှပင် မရှိခဲ့ချေ။

ယောင်ဟုန်ရီက မျက်နှာဖုံးကို ဆွဲချလိုက်ရင်း ချွေးစများနှင့် စိုရွှဲနေသည့် သူ၏ ညာဘက် မျက်လုံးကို ဖုံးအုပ်လိုက်သည်။ သူ၏ ဘယ်ဘက် မျက်လုံးထဲတွင်တော့ သွေးမြစ်တစ်ခု စိမ့်ယိုစီးကျနေကာ သိမ်မွေ့သည့် ဆေဘာဟိန်းသံ တစ်ခု ပဲ့တင်ထပ် ထွက်ပေါ် နေခဲ့၏။ စုမေ့၏ ဓားမှာ သူ့ မျက်လုံးအတွင်း ရှိနေပေသည်။ သူ့အတွင်းပိုင်းလောက၌ ပိတ်မိနေပေသည်။

“နောက်ဆုံးတော့ ဖမ်းမိသွားပြီ...”

နာ့ရှင်းရီက ညင်သာစွာ ပြုံးလိုက်၏။ ရွှယ်ရီဖေး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေကာ နတ်ဆိုးနဂါး သံချပ်ကာ ပြန်လည် ဆုတ်ခွာသွားနောက် လဲကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။ နာ့ရှင်းရီသာ အချိန်မီ မကူညီပါက သူမ လဲပင် လဲသွားနိုင်ပေသည်။

ရွှယ်ရီဖေး တစ်ယောက် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို အလွန်အကျွံ အသုံးပြုထားကြောင်း နာ့ရှင်းရီ ခံစားလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်ဆဲလ်များမှာ နာကျင်မှုကြောင့် ယိုကြွေးနေသယောင်ပင် ထင်ရသည်။ သို့သော်လည်း... နာ့ရှင်းရီ မည်သည့် မှတ်ချက်မှ မပေးပဲ သည်အတိုင်း ဖေးမထား၏။

ရွှယ်ရီဖေးက နာ့ရှင်းရီကို လှည့်ကာ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ သူမ၏ မျက်ဝန်းများ အတွင်း၌ ကျေးဇူးတင်သည့် အလင်းရောင်များ ရှိနေခဲ့၏။ ထို့နောက်... သူမက အကျဉ်းထောင်ကို ပြန်လည် ကြည့်လိုက်ရင်း ကျေနပ်မှု၊ စိတ်လှုပ်ရှားမှုတိုနှင့် ပြုံးလိုက်၏။

ဘုန်း...

ရုတ်တရက် ရွှယ်ရီဖေး၏ ခြေထောက်အောက်၌ ငွေရောင် အလင်းတစ်ခု ပေါက်ကွဲလာကာ အားနူ ပြန်လည် ရောက်ရှိလာ၏။ ထိုသတ္တဝါလေးမှာ ရွှယ်ရီဖေး မှီဖို့ လုံလောက်သည့် ပမာဏ အဖြစ် ကြီးမားလာခဲ့သည်။ ထို့နောက် သူမက နာ့ရှင်းရီကို တစ်ချက် ကြည့်လိုက်၏။ မိန်းကလေးက ချက်ချင်းပင် သဘောပေါက်သွားကာ ရွှယ်ရီဖေးအား ဖေးမထားမှု တာဝန်ကို အားနူထံ လွှဲအပ်လိုက်သည်။

ထို့နောက် သူမက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်၏။

“ဖမ်းမိပြီလား...”

တရှန်းမှာ ယခုထက်ထိ အလွန် ကြီးမားသည့် တိုက်တန် သဏ္ဌာန်ကို ဆက်လက် ဖော်ထုတ်ထားဆဲ ဖြစ်သည်။ သူမက စုမေ့၏ ခွန်အားကြောင့် ထိတ်လန့်နေဆဲ ဖြစ်ကာ သတိကို မလျှော့ချသေးကြောင်း ရှင်းရှင်းလင်းလင်း သိသာသည်။ သူမ၏ လက်ဖဝါးအတွင်းတွင်တော့ မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသည့် မိန်းမငယ်လေး တစ်ဦးမှာ ဖြည်းဖြည်းချင်း မတ်တပ်ရပ် လာခဲ့၏။ သူမ၏ ဘယ်ဘက် မျက်လုံးမှာ အလင်းရောင် ပျောက်ဆုံးကာ မျက်စိကွယ်သွားသည့်ပုံ ရသည်။ သို့သော်လည်း သူမ အသက်ရှင်နေဆဲပင်။

ပေ့ဝေဝေက ဆေးရည်တစ်ပုလင်း၊ ဆေးလုံးတစ်ခုနှင့် လိမ်းဆေး တစ်မျိုးကို ထုတ်ယူလိုက်ကာ တိကျသည့် အစီအစဉ်နှင့် အတူ အားလုံးကို အသုံးပြုလိုက်သည်။ သူမ၏ ဒဏ်ရာများမှာ မျက်စိဖြင့် မြင်နိုင်အောင် လျင်မြန်စွာ ပျောက်ကင်းသွား၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အလှတရားများမှာ ဆောင်းဦးတွင် ကျသည့် နှင်းလိုမျိုး သူမထံ ပြန်လည် ရောက်ရှိလာသည်။ ပေ့ဝေဝေမှာ မွေးရာပါ အေးစက်သည့် စိတ်နေစိတ်ထားရှိသော်လည်း အလှအပကို တန်ဖိုးထားသူ တစ်ယောက် ဖြစ်ပေသည်။

အန်ညီအမ နှစ်ယောက်မှာ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားဆဲ ဖြစ်၏။ စုမေ့ ကြိုတင် ရောက်ရှိလာမှုကြောင့် သူတို့ မလှုပ်ရှားခဲ့ရသော်လည်း လုပ်ဆောင်ရန် အသင့်ရှိနေဆဲပင်။ သူတို့၏ မျက်ဝန်းများ အတွင်း၌ စိုးရိမ်ပူပန်သည့် အငွေ့အသက်များမှာ နေရာယူနေဆဲ ဖြစ်သည်။ ပထမဆုံး အာဏာရှင် ဖြစ်သည့် စုမေ့မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

နောက်ဆုံး၌ ရွှယ်ရီဖေးမှာ သူမ၏ အသက်ရှူသံများကို အပြည့်အဝ ပြန်လည် ထိန်းလာနိုင်ခဲ့၏။ သူမက အားနူ၏ ကျောပေါ်သို့ တက်ကာ ကျွမ်းကျင်စွာ စီးနင်းလိုက်သည်။

“အလင်းလောက ကုဗရှစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ လောကတားမြစ်ခြင်း အစီအရင်က အစစ်အမှန် လောကရှန့်ထို တစ်ယောက်ကိုတောင် အချိန် အကြာကြီး ပိတ်ဆို့ထားနိုင်တဲ့ ရတနာ တစ်ခုပဲ... မစိုးရိမ်ကြနဲ့တော့”

သို့သော်လည်း... ထိုစကားလုံးများမှာ မည်သူ့ထံမှ စိုးရိမ်မှုကိုမှ မလျော့နည်းစေပါချေ။ စုမေ့မှာ နတ်ဆိုး တစ်ဦး ဖြစ်သည်။ ပထမဆုံး အာဏာရှင်ကို အပြည့်အဝ နားလည်သည့် လူများ အနေဖြင့် မည်ကဲ့သို့ စိတ်အေးနိုင်မည်နည်း။ ရွှယ်ရီဖေး၏ စကားလုံးများမှာ ထူးဆန်းကာ အံ့ဩဖွယ် ကောင်းလှသော်လည်း သူတို့၏ စိုးရိမ်စိတ်များကို အပြီးတိုင် ဖယ်ရှားပစ်ဖို့တော့ မတတ်နိုင်ခဲ့ပါချေ။

အားလုံး၏ မျက်လုံးများမှာ ကုဗတုံး သဏ္ဌာန် အကျဉ်းထောင်ကိုသာ စိုက်ကြည့်နေဆဲ ဖြစ်ပေ၏။ အကယ်၍ စုမေ့ ဖောက်ထွက်လာပါက သူတို့ လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေရပေမည်။

ရွှယ်ရီဖေး သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အချိန်တုန်းက ပြိုင်ဘက်တွေကို ထိန်းချုပ်ဖို့နဲ့ ကျွန်မ ကိုယ်တိုင် ရှင်သန်ဖို့ နည်လမ်းတစ်ခု လိုအပ်ခဲ့တယ်... ဒါကြောင့် ကျွန်မတို့ အာရုဏ်ဦး ကြယ်တာရာ နယ်မြေက မြေကြီး ရှန့်ထိုတွေနဲ့ ဝင်္ကပါ အစီအရင် သခင်တွေကို အကူအညီတောင်းခဲ့တယ်... လောက တားမြစ်ခြင်း အစီအရင်က သူတို့တွေ စုပေါင်း အားထုတ်ထားတဲ့ လက်ရာမြောက် အစီအရင် တစ်ခု ဖြစ်တယ်... အဲဒါကို ချုပ်နှောင်ဖို့အတွက် အသုံးပြုနိုင်သလို ထွက်ပြေး လွတ်မြောက်ရေး ယန္တရားတွေလည်း ထည့်သွင်းထားတယ်”

“အလင်းလောက ကုဗတုံး တစ်ခုချင်းစီမှာ လျှို့ဝှက် အဆင့် အလယ်အလတ် အရွယ်အစား ရှိတဲ့ ဂြိုဟ်တစ်လုံးရဲ့ ခွန်အားတွေ ပါဝင်နေတယ်... လောကတားမြစ်ခြင်း အစီအရင်က နယ်မြေဝင်္ကပါတွေကို တုပထားပြီးတော့ အလင်းလောက ကုဗတုံး တစ်ခုချင်းစီက ခွန်အားတွေကို ဆွဲယူပြီး ပိတ်ဆို့ခြင်းကို ချမှတ်တယ်... ကျွန်မ အစီအရင်ကို အကြိမ်ကြိမ် စမ်းသပ်ပြီးပြီ... ဘယ်မြေကြီး ရှန့်ထိုမှ ဖောက်မထွက်နိုင်ခဲ့ဘူး... အတူတူ ပူးပေါင်းကြရင်တောင် ဖောက်မထွက်နိုင်ဘူး... ထပ်လောင်း ပြောရရင် အစီအရင်က လောကချည်နှောင် နေကြယ်ကို ဆင့်ခေါ်တာ အပြင် လောကနယ်မြေ ဖြန့်ကျက်တာကိုပါ တားဆီးနိုင်တယ်... ဒီအစီအရင်ကို ရဖို့ အတွက် အရမ်းကို မြင့်မားတဲ့ ကုန်ကျစရိတ်တွေကို စတေးခဲ့ရတယ်...”

အစီအရင်၏ လေးနက်မှုကို ထင်ပေါ်စေရန် အတွက် ရွှယ်ရီဖေးက နောက်ဆုံးစကားလုံးကို ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။ ထိုအစီအရင်ကို လူနှစ်ဦးတည်း အတွက် ရည်ရွယ်၍ ဖန်တီးထားခဲ့ခြင်း ဖြစ်ကြောင်းကိုတော့ သူမ မထုတ်ဖော်ခဲ့ပါချေ။

ကျူးဟိုင်နှင့် စုမေ့...

သို့သော်လည်း... အစီအရင် အတွင်း ပါဝင်နေသည့် ကာကွယ်ရေးနှင့် လွတ်မြောက်ရေး ယန္တရားများမှာ ထိုနှစ်ယောက်၏ အမျက်ဒေါသမှ သူမကို လွတ်မြောက်စေဖို့ အမှန်တကယ် ကူညီနိုင်လိမ့်မည်ဟု မထင်ပါချေ။ ပိတ်ဆို့ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

ပေ့ဝေဝေက အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် ရွှယ်ရီဖေးကို ကြည့်လိုက်၏။

“ဘယ်လောက်ကြာကြာ...”

ဘုန်း...

***

All Chapters