← Chapters

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၃၅)

Vol. 122 Ch. 1701

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၃၅)

Vol. 122 Ch. 1701

ရုတ်တရက် မိုးခြမ်းသံ ကဲ့သို့ လွန်စွာ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး တစ်ခုမှာ အကျဉ်းထောင် ရှိရာထံမှ ထွက်ပေါ်လာခဲ့၏။ ပေ့ဝေဝေ၏ စကားလုံးများမှာ စုမေ့၏ လွတ်မြောက်ရန် ကြိုးပမ်းမှုကြောင့် လမ်းခုလတ်တွင် ပြတ်တောက်သွားသည်။ လှုပ်ရှားမှု မရှိသော်လည်း... အသံကတော့ ရှင်းလင်းပေသည်။ လူတိုင်း၏ အမူအရာများမှာ မှောင်မိုက် သွားကြ၏။

သို့သော်လည်း... ရွှယ်ရီဖေးကတော့ စိတ်ခံစားချက်များကို ကောင်းစွာ ဖုံးကွယ်ထား၏။ ယခုလို အချိန်မျိုးတွင် သူမ အနေဖြင့် ယုံကြည်ချက် ရှိသည့်ပုံ ပေါ်ရမည်။

“သူ့မှာ ဆေဘာရှိရင်တော့ အများဆုံး နှစ်စက္ကန့်ပဲ...”

သူမ၏ လေသံက သံသယ မရှိပါချေ။ စုမေ့ကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ယခင်ကတည်းကပင် သူမ မဟာဗျူဟာများကို စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ ဗျူဟာတိုင်း၌ ဓားကို ယူဆောင်ခြင်းမှာ အလွန် အရေးကြီးသည်။ ဆေဘာမှာ စုမေ့နှင့် အတူ ရှိနေလို့ မရပါချေ။

လူတိုင်းက ယောင်ဟုန်ရီကို ကြည့်လိုက်၏။ သူ၏ ဘယ်ဘက် မျက်လုံး အတွင်း၌ သွေးမြစ်မှာ ဆက်လက် ယိုစိမ့်ထွက်နေဆဲ ဖြစ်သည်။ ၎င်းက လည်ပင်းပေါ်သို့ စီးကျကာ သူ့ အဝတ်အစားများကိုပင် စွန်းထင်းစေ၏။ သို့သော်လည်း... လေးသည်တော်မှာ နာကျင်ခြင်း မရှိပုံဖြင့် ဆက်လက် တည်ငြိမ်နေဆဲ ဖြစ်သည်။

တိုက်ပွဲ၌ သူ ခေါင်းပွမြှားကို အသုံးပြုခဲ့သည်။ ၎င်းမှာ ပစ်မှတ်၏ မွေးရာပါ စွမ်းအင်များကို ချိုးဖျက်ရန်နှင့် အနှောင့်အယှက်ပေးရန် ဒီဇိုင်းထုတ်ထားသည့် မြှားတစ်စင်း ဖြစ်သည်။ တစ်ချိန်တည်း၌ သူ ဘယ်ဘက်မျက်လုံးမှ ထူးခြားသော အာကာသ စွမ်းအားကို အသုံးပြုကာ ဓားအိမ်မှ ဆေဘာကို ထုတ်ယူခဲ့သည်။

“ဒါပေမဲ့ သူ့မှာ ဆေဘာ မရှိရင်တော့ နာရီဝက်လောက် အထိ ပိတ်ဆို့ထားနိုင်ပါတယ်...”

ရွှယ်ရီဖေးက ယုံကြည်ချက် ရှိစွာ ပြောလိုက်သော်လည်း လူတိုင်းမှာ စိုးရိမ်နေဆဲ ဖြစ်၏။ သို့သော်လည်း မိန်းကလေးက ဆက်လက်၍ ပြောလိုက်သည်။

“ကျွန်မမှာ ပိုကြာကြာ ခံနိုင်အောင် အားဖြည့်ဖို့ နည်းလမ်းတွေ ရှိပါတယ်... ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက် ရှင်တို့ အားလုံးရဲ့ အကူအညီ လိုပါလိမ့်မယ်... ”

မည်သူမှ မငြင်းဆန်ရဲကြချေ။ စုမေ့ လွတ်မြောက်လာပါက သူတို့အားလုံး ခက်ခဲသော တိုက်ပွဲကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ရုတ်တရက်... အလွန် သေးငယ်ကာ သတိပြုမိရန် ခက်ခဲသည့် မီးတောက် အငွေ့အသက် တစ်ခုမှာ ပေ့ဝေဝေ၏ ပခုံးပေါ်တွင် လင်းလက်လာခဲ့၏။ ၎င်းမှာ တောက်ပသည့် အသက်အော်ရာ မီးလျှံ၊ ပြန်လည် မွေးဖွားခြင်း စွမ်းအားများဖြင့် စတင်ကာ ပေါက်ကွဲ လာခဲ့သည်။ ၎င်းတို့က လောက၏ မန်နာကို လောင်စာ အဖြစ် စုပ်ယူကာ ပိုမို၍ ကြီးထွားလာနေခဲ့၏။

ပေ့ဝေဝေက ဘေးသို့ ဖယ်လိုက်သည်။ မကြာခင်မှာပင် မီးတောက်မီးလျှံများမှာ လူသား တစ်ယောက် ပုံသဏ္ဌာန် အဖြစ် ပြန်လည် မွေးဖွားလာခဲ့၏။ ရွှေဖုန်းပေါင်မှာ မွေးကင်းစ ကလေးငယ် တစ်ယောက် အလား ကိုယ်လုံးထီးဖြင့် အသက်ကို ဝဝ ရှူသွင်းလိုက်၏။

“ဟူး... ဟူး...”

အသက်ကို လေးငါးကြိမ်ခန့် တဝကြီး ရှူသွင်းပြီးနောက်မှ သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ လူတိုင်းမှာ သူ့ကို ကြည့်ကာ ထိတ်လန့် သွားကြသည်။ ထိုကောင်လေးက သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်ခြင်း မဟုတ်သည်လော။

ရွှေဖုန်းပေါင်က မားမားမတ်မတ် ရပ်လိုက်ရင်း အားလုံး၏ မျက်လုံးများကို ပြန်လည် စိုက်ကြည့်လိုက်၏။

“ငါတို့ အောင်မြင်သွားပြီလား...”

သူ၏ မျက်လုံးများ အတွင်း၌ စိုးရိမ် ပူပန်မှုများ ရှိနေဆဲ ဖြစ်သည်။ အားလုံးထံမှ မည်သည့် အဖြေကိုမှ မကြားရလေရာ ရွှေဖုန်းပေါင် ဟိုဘက်ဒီဘက် လှည့်လိုက်ရင်း အရပ် ရှစ်မျက်နှာကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် သတ္တဝါကို ရှာဖွေနေဟန် ရသည်။

“…”

“…”

“…”

“မအောင်မြင်ခဲ့ဘူးလား...”

ရွှေဖုန်းပေါင် အံ့ဩစွာ မေးလိုက်၏။ အားလုံး၏ မျက်လုံးများက အနည်းငယ် သံသယ ဖြစ်စရာ ကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

“အရင် အဝတ်ဝတ်ဦး”

ယောင်ဟုန်ရီက စိတ်ပျက်လက်ပျက် ပုံစံဖြင့် ပြောလိုက်၏။ ဘယ်ဘက် မျက်လုံးအတွင်းမှ သွေးမြစ်ငယ်မှာ သူ့ မျက်နှာပေါ်သို့ ဆက်လက် စီးကျနေဆဲ ဖြစ်သည်။

“အဝတ်...”

ရွှေဖုန်းပေါင် တစ်ယောက် တုန်လှုပ်သွားကာ လေထဲ၌ လွတ်လပ်စွာ လှုပ်ရှားနေသည့် ရွှေကလေးကို ငုံကြည့်လိုက်၏။ သူ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ရွှယ်ရီဖေး၊ နာ့ရှင်းရီ၊ ပေ့ဝေဝေ၊ အန်ညီအမ နှစ်ဦးနှင့် ဧရာမ တရှန်းတို့ပင်လျှင် သူ့ဘက်သို့ လှည့်ကြည့် နေကြသည်။ သို့သော်လည်း... သူတို့ထဲမှ တစ်ဦး တစ်ယောက်မှ ရှက်နေကြသည့်ပုံ မပေါ်ချေ။ သို့သော်လည်း... သူကတော့ ရှက်ပေသည်။

ရွှေဖုန်းပေါင် အလျှင်အမြန်ပင် ကိုယ့်ကိုယ်ကို မီးလျှံများနှင့် ဖုံးအုပ်လိုက်၏။ ထို့နောက်.. စက္ကန့်အနည်းငယ် အတွင်းမှာပင် သူ မီးတောက်ရဲရဲ ဝတ်စုံတစ်စုံကို ထုတ်ယူကာ ဝတ်ဆင်ခဲ့ပြီး ဖြစ်သည်။ သူ လည်ချောင်းကို ရှင်းလိုက်ရင်း ရွှယ်ရီဖေးဘက်သို့ လှည့်ကာ အနည်းငယ် အရိုအသေ ပေးလိုက်၏။

“တောင်းပန်ပါတယ်... စိတ်အနှောက်အယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်”

ရွှယ်ရီဖေးက ခေါင်းခါလိုက်၏။ ရွှေဖုန်းပေါင်၏ အဖြစ်ကြောင့် လေထုအတွင်းရှိ တင်းမားမှုများက အနည်းငယ် လျော့ပါးသွားသလိုပင် သူမ ခံစားရသည်။

“အခု လောလောဆယ်တော့ မိန်းကလေးစု ပိတ်မိနေပြီ.. ဒါပေမဲ့ နေကြယ်တွေနဲ့ ဝင်္ကပါကို အားမဖြည့်နိုင်ရင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ မပြီးခင် ပြန်ပြီး လွတ်မြောက်သွားနိုင်ချေ ရှိတယ်”

“…”

သူတို့အားလုံးမှာ နေကြယ်များ၊ ဂြိုဟ်များနှင့် လောကနယ်မြေများကို အစီအရင်အလံများ အဖြစ် အသုံးပြုကာ နယ်မြေ ဝင်္ကပါ ခင်းကျင်းသည့် သဘောတရားကို နားလည်ထားကြသူများ ဖြစ်ကြသည်။

“ဒါဆို ဘာလို့ စောင့်နေတော့မှာလဲ... ခုပဲ လုပ်ကြတာပေါ့...”

အာဏာရှင် တစ်ယောက်က ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ရင်း စိုးရိမ်တကြီး မေးလိုက်၏။ စုမေ့မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်ရေးသမား ဖြစ်သည်။ အာဏာရှင် အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာမှာ သူမ လက်တွင် သေဆုံး ခဲ့ရသည်။ ပထမ ကွန်မန်ဒါမှာ ပျောက်ဆုံးနေကာ ဒုတိယ ကွန်မန်ဒါမှာလည်း အသတ်ခံခဲ့ရသည်။ စတုတ္ထ ကွန်မန်ဒါပင်လျှင် လက်မတင်လေး လွတ်မြောက်ခဲ့သည်။ သို့တိုင်အောင် စုမေ့မှာ ဆေဘာကို ထုတ်ခဲ့ခြင်း မရှိပါချေ။

အကယ်၍ သူမသာ လွတ်မြောက်လာပါက သူတို့အားလုံး အကြီးအကျယ် ဒုက္ခ ရောက်လိမ့်မည် ဖြစ်သည်။ အာဏာရှင် အင်ပါယာဝေ့၏ ချစ်သူများမှာ အစွမ်းထက်နိုင်သော်လည်း ရွှယ်ရီဖေးမှာ သိသိသာသာပင် ပင်ပန်း နေခဲ့ပြီ ဖြစ်သည်။ တရှန်းမှာလည်း စုမေ့ကို ယှဉ်နိုင်ဖို့ ယုံကြည်စိတ်ချရခြင်း မရှိပါချေ။

ပေ့ဝေဝေလို ဝိညာဉ်သခင် တစ်ယောက်ပင် သူမကို ချေမှုန်းနိုင်ခဲ့ခြင်း မရှိပါချေ။ နာ့ရှင်းရီမှာ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် ယှဉ်ပြိုင်ပြီး နောက်တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိနေခဲ့ပြီ ဖြစ်သ်ည။ ဝူပိုင်ကျိုး၏ အမူအရာကလည်း ဖျော့တော့နေသည်။ သူမက ဆေးလုံးများနှင့် ဆေးရည်များကို သုံးစွဲခဲ့သော်လည်း အော်ရာက ငြိမ်ချမ်းခြင်း မရှိပါချေ။

အာဏာရှင်များအတွက် စုမေ့ ဆိုသည့် ခြိမ်းခြောက်မှုကို ပိတ်ဆို့ဖို့ အရေးတကြီး လိုအပ်သည်ဟု ခံစားရသည်။

“အဲဒါက လွယ်လွယ်လေး မဟုတ်ဘူး...”

ရွှယ်ရီဖေးက ပြောလိုက်၏။

“တန်ပြန်သက်ရောက်မှုတွေ ဖြစ်လာနိုင်ချေ ရှိတယ်... ရှင်တို့ရဲ့ လောကချည်နှောင် ကြယ်တာရာ နယ်မြေတွေတောင် ပျက်စီး သွားနိုင်တယ်... ဒါကြောင့် ခုဟာက လွယ်လွယ်နဲ့ ချလို့ရတဲ့ ဆုံးဖြတ်ချက် တစ်ခု...”

ဘုန်း...

“... မဟုတ်ဘူး...”

ရွှယ်ရီဖေးက လူတိုင်းကို တစ်ချက် ကြည့်လိုက်၏။

“ရှင်တို့ရဲ့ ကြယ်တာရာ နယ်မြေတွေကို ကုဗတုံး တစ်ခုချင်းစီနဲ့ ချိတ်ဆက်ရမယ်... ကျွန်မ လူရှစ်ယောက် လိုတယ်...”

သူမ၏ အကြည့်များက တရှန်း၊ ပေ့ဝေဝေ၊ ဝူပိုင်ကျိုး၊ အန်ညီအမ နှစ်ဦး၊ ယောင်ဟုန်ရီနင့် နောက်ဆုံး ကျန်ရှိသည့် ကြယ်တာရာ သခင် အဆင့် အာဏာရှင်များ အပေါ်သို့ ဝေ့ဝဲသွားသည်။ နာ့ရှင်းရီကတော့ ပါဝင်ရန် ဒဏ်ရာများ ပြင်းထန်လွန်း နေခဲ့သည်။

“ဒါပေမဲ့... ပြိုင်ပွဲပြီးတာနဲ့ ကျွန်မဘက်ကနေ ထိုက်သင့်တဲ့ လျော်ကြေးတွေ ရစေရမယ်လို့ ကတိပြုပါတယ်...”

ရွှယ်ရီဖေးက ထပ်မံ၍ ဖြည့်စွက်လိုက်၏။ မူလ အာဏာရှင်များနှင့် ဗာကီရီ အဖွဲ့ဝင်များ အတွက်တော့ ၎င်းက ရည်ရွယ်ချက် မရှိသည့် ကမ်းလှမ်းချက် တစ်ခု ဖြစ်ပေသည်။ ဝေ့ဝူယင်ံမှ သူတို့ မရရှိနိုင်သည့် အရာ ရှိပါ၏လော။ သို့သော်လည်း ပေ့ဝေဝေတို့လို သာမန် အာဏာရှင်များ အတွက်တော့ ၎င်းက ကောင်းကင်ဘုံ၏ ကတိတစ်ခု သဖွယ် ဖြစ်သည်။ သူတို့မှာ တပ်မဟာကြီး၏ အစိတ်အပိုင်းများ ဖြစ်ကြကာ အခွင့်အရေးတိုင်း အတွက် အသက်နှင့် ရင်း၍ ရုန်းကန်ရသည်။

“ကျွန်မ လုပ်မယ်...”

အရပ်ရှည်ရှည် အာဏာရှင် မိန်းကလေး တစ်ဦးက ခိုင်မာစွာဖြင့် ဆန္ဒပြုလိုက်၏။

“ကျုပ်လည်း ပါမယ်...”

သိုင်းပညာ လမ်းစဉ် ကျင့်ကြံနေဟန် တူသည့် သန်မာထွားကျိုင်းသော အသက်လတ် အရွယ် အာဏာရှင် တစ်ဦးကလည်း ဆိုလိုက်သည်။

မကြာမီတွင် ကြယ်တာရာ သခင် အဆင့် အာဏာရှင် ခုနစ်ယောက်မှာ နေရာ ခုနစ်ခုကို ရယူခဲ့ပြီး ဖြစ်သည်။ တစ်နေရာသာ ကျန်ပေတော့သည်။

ဘုန်း...

အသံမှာ ပိုမို၍ ကျယ်လောင်လာခဲ့လေ၏။

၀၈:၃၂...

“ကျွန်မ လုပ်မယ်”

ရုတ်တရက် နာ့ရှင်းရီက ဆန္ဒပြုလိုက်ရာ လူတိုင်း အံ့အားသင့် သွားကြသည်။ မိန်းကလေးက ရွှယ်ရီဖေးကို လှမ်းကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ကိုယ်တိုင် ဒဏ်ရာ ရရှိထားသော်လည်း ကြယ်တာရာ နယ်မြေကိုတော့ သူမ ထုတ်ဖော်နေနိုင်ဆဲပင်။

“ဒါဆိုလည်း စလိုက်ကြတာပေါ့...”

***

All Chapters