← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၆)

Vol. 122 Ch. 1702

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၆)

Vol. 122 Ch. 1702

“ဒါဆိုလည်း စလိုက်ကြတာပေါ့...”

ရွှယ်ရီဖေးက ပြောလိုက်ရင်း အလင်းလောက ကုဗတုံးများနှင့် ကြယ်တာရာ နယ်မြေ ချိတ်ဆက်နည်းကို စိတ်ချင်း ဆက်သွယ်ကာ ဝေမျှလိုက်သည်။ ထို့နောက်တွင်တော့ သူတို့ ရှစ်ယောက်မှာ မတူကွဲပြားသည့် လမ်းကြောင်း ရှစ်ခုသို့ ပျံသန်း သွားကြ၏။ လောကချည်နှောင် နေကြယ်များက သူတို့၏ အထက် ကောင်းကင်တွင် တောက်ပနေပေသည်။

ဝှစ်... ဝှစ်... ဝှစ်...

သူတို့က စည်းချက်ညီညီပင် လက်ဟန် ချိပ်စည်းများကို ဖော်ထုတ်လိုက်ကြ၏။ ကြယ်ရောင် အလင်းတန်းများမှာ ကောင်းကင်မှ စီးကျလာကာ ကုဗတုံး တစ်ခုချင်းစီထဲသို့ စိမ့်ဝင်သွားကြသည်။

“ဒါ လုံလောက်ပါ့မလား...”

အားနူက စိတ်ဖြင့် ဆက်သွယ်ကာ မေးလိုက်၏။ စုမေ့ မည်မျှ အစွမ်းထက်ကြောင်း သူမ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ၎င်းက ထိုမျှ ရိုးရှင်းခြင်း မရှိပါချေ။

ရွှယ်ရီဖေး၏ မျက်လုံးများက ရှင်းလင်း တည်ငြိမ်နေ၏။ သူမက စိတ်ဖြင့်ပင် ဆက်သွယ်ကာ ပြန်ဖြေလိုက်သည်။

“မလုံလောက်ဘူး... ဒါပေမဲ့ ငါတို့ နောက်ဆုံး စက္ကန့် နှစ်ဆယ်ကနေ ဆယ်စက္ကန့်လောက် အထိတော့ တွန်းအားပေးနိုင်ပါတယ်... အဲဒါက လုံလောက်မှ ဖြစ်မယ်”

“နောက်ဆုံး ဆယ်စက္ကန့်…”

အားနူ တုန်လှုပ် သွားခဲ့၏။ ရွှယ်ရီဖေးမှာ အမှန်တရား အပြည့်အစုံကို မပြောခဲ့ကြောင်း သူမ သဘောပေါက် လိုက်သည်။

ဘုန်း...

“လုံလောက်မှ ဖြစ်မယ်မယ်”

ရွှယ်ရီဖေးက ကောင်းကင်ကို မော့ကြည့်လိုက်၏။ အဂ္ဂိရတ် အလင်း အလင်းတန်းများမှာ တောက်ပစွာပင် လင်းလက် နေပေသည်။

“လုံလောက်မှ ဖြစ်မယ်...”

သူမ နှလုံးသားထဲမှ ထပ်ခါတလဲလဲ ရေရွတ်လိုက်လေ၏။

၀၈:၁၂...

၀၇:၁၁...

အဂ္ဂိရတ် တာအို၏ နောက်ဆုံး အလင်း ဖြစ်သည့် ပေါင်းစပ်ခြင်း အလင်း ကောင်းကင်တွင် ပေါက်ကွဲထွက်လာသည်နှင့် အမျှ အချိန်မှာ ဆက်လက် ရွေ့လျား နေခဲ့၏။

၆:၁၀...

၅:၀၉…

...

ဝေ့ဝူယင်မှာ ထွင်းဖောက် မြင်နိုင်သည့် ကုဗသဏ္ဌာန် ပုံးထက်တွင် မတ်တပ်ရပ် နေခဲ့သည်။ သူ၏ ဝတ်ရုံက လေနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေ၏။ ၎င်းတို့က တေးသွား၌ ကခုန်ကာ သူ့ဆန္ဒနှင့် အတူ ယိမ်းနွဲ့နေသည်။ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ငွေရောင် အလင်းတန်းများနှင့် အတူ တောက်ပစွာ လင်းလက် နေခဲ့၏။ အစမှ အဆုံးထိ မည်သည့် အရာမှ သူ့ မျက်လုံးများ အောက်မှ မလွတ်မြောက်ခဲ့ပါချေ။

အာဏာရှင်များ အားလျော့သွားမည့် အချိန်အထိ စောင့်ဆိုင်းပြီးနောက်မှ တိုက်ခိုက်လိုသည့် ယီယွင်၏ ကြံစည်မှု၊ တန်ဘူမာ၏ တဖြည်းဖြည်း ပြိုကျသွားသည့် ကျင့်ကြံခြင်း နှလုံးသားနှင့် လွန်ကဲနေသည့် တုန့်ပြန်မှုများ၊ ဝင်္ကပါအလံများကို ဆက်တိုက် စိုက်ထူနေသည့် ထျန်းရီဝူ၊ ဝမ်ယုထျန်းနှင့် မိန်းကလေး ကြီးကြပ်သူတို့ကြားမှ ဆွေးနွေးမှုများ၊ အာဏာရှင်များ၏ အကြံအစည်နှင့် လှုပ်ရှားမှုများ...

ဘာဆို ဘာတစ်ခုမှ မလွတ်မြောက်ခဲ့...။

“ဒါနဲ့ ငါ သိပ်နားမလည်ဘူး”

ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း၌ ရွှေရောင် လင်းတန်း တစ်ခုမှာ လှုပ်ရှား လာခဲ့၏။ ၎င်းက ဧဒင်၏ အမြစ်များကြားတွင် လှိုင်းများသဖွယ် စီးဆင်း မွှေနှောက်နေခဲ့သည်။ လက်ရှိ၌ သူမမှာ ရွှေရောင်ဥကလေး တစ်ခု မဟုတ်တော့ချေ။ အံ့ဖွယ် ဖြစ်စဉ် တစ်ခု အတွင်း၌ ရှိနေပေသည်။ ထိုဖြစ်စဉ်က ပုံမှန် မဟုတ်ပဲ ထူးခြားလှသည်။

“ဘာကို နားမလည်တာလဲ”

ဝေ့ဝူယင်က မေးလိုက်၏။

“စုမေ့က ဘာလို့ အကျဉ်းချခံလိုက်ရတာလဲ...”

ကောင်းကင်စစ်ဝိညာဉ်က ရွှေရောင် တိမ်တိုက် တစ်ခုကဲ့သို့ လှည့်ပတ်ရင်း ရွှေရောင် ရုပ်ဝတ္ထု တစ်ခု အဖြစ် ငြိမ်သက် သွားခဲ့သည်။ သူမမှာ အလွန် ထက်မြက်သည့် အမြင်အာရုံကို ပိုင်ဆိုင်ထားသော်လည်း အချို့အရာများ မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို ယခုထိ သင့်လျော်စွာ ခန့်မှန်းနိုင်ခြင်း မရှိပေ။

“…”

ဝေ့ဝူယင်က စုမေ့အား ချိပ်ပိတ်ထားသည့် ကုဗတုံး သဏ္ဌာန် အကျဉ်းထောင်ကို စူးစိုက် ကြည့်လိုက်သည်။ စုမေ့မှာ တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့ကာ ကြယ်တာရာ အင်အားဖြင့် စည်းချက် ညီညီ ပေါက်ကွဲမှုကို ဖော်ထုတ် နေခဲ့၏။ ပေါက်ကွဲမှုများက စီးချက်ညီညီပင် တစ်ဆင့်ချင်း တိုးတက် လာနေခဲ့သည်။ သူမမှာ လွန်ခဲ့သည့် မိနစ် အနည်းငယ်ခန့် ကတည်းက ထိုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ပြဇာတ်မှာ အစီအစဉ်တွေ များလွန်းလို့ပါပဲ...”

ဝေ့ဝူယင်က မှတ်ချက်ပေးလိုက်၏။ သူ၏ မျက်လုံးများက လက်ဟန် ချိပ်စည်း ဖော်ဆောင်ထားသည့် နာ့ရှင်းရီ၊ သွေးထွက်နေသည့် ယောင်ဟုန်ရီ၊ ဖျော့တော့တော့ အသားအရေနှင့် လျှင်မြန်စွာ ပြန်လည် ကောင်းမွန်လာနေသည့် ရွှေဖုန်းပေါင်၊ အေးစက်စက် မျက်နှာနှင့် ပေ့ဝေဝေ၊ ကြီးမာသည့် ခန္ဓာယ်ကြီးကို ဆက်လက် ဖော်ဆောင်ထားသည့် တရှန်း၊ အနည်းငယ် ပြာနောက်နောက် ဖြစ်နေသည့် အသားအရေနှင့် အသက်ရှူ မဝ ဖြစ်နေသည့် ဝူပိုင်ကျိုး၊ သင်းပျံ့သော မွှေးရနံ့များနှင့် တူ တင်ပျဉ်ချိတ် ထိုင်နေသည့် ဟုန်ချွင်းဟွာတို့ အပါအဝင် အခြား အာဏာရှင်များထံ တစ်လှည့်စီ ရွေ့လျား သွားခဲ့သည်။

“အစီအစဉ် ဟုတ်လား... ဘာတွေပြောနေတာလဲ... ငါ မြင်ရသလောက် သူတို့အားလုံးက မဟာ ရန်သူကြီး တစ်ယောက်ကို စုပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်... အဲဒီ ရန်သူကြီးက သူတို့ကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်... နောက်ပြီး သရဖူ အတွက် တိုက်ခိုက်ရင်း သေသွားတဲ့ လူတွေကလည်း လက်တွေ့ကျကျ သေခဲ့ရတာပဲ မလား..."

ကောင်းကင်စစ်ဝိညာဉ်မှာ စစ်ပွဲနှင့် ပတ်သက်သည့် နည်းဗျူဟာ၊ မဟာဗျူဟာများတွင် အလွန် ကျွမ်းကျင်သော်လည်း ဤနယ်ပယ်တွင်တော့ သိသိသာသာပင် အတွေ့အကြုံ နည်းပါး နေခဲ့သည်။ ဤသည်မှာ သူမ၏ မွေးဖွားလာပုံ ၊ ပြုစု ပျိုးထောင်မှု၊ အခြေခံ သဘာဝများကြောင့်ပင် ဖြစ်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

“ကစားပွဲက ထာဝရ သရဖူရဲ့ စည်းမျဉ်းနဲ့ ဆုလာဒ်ကို ကျုပ် ကြေညာလိုက်တဲ့ အချိန်ကျမှ စတာ မဟုတ်ဘူး... သူတို့တွေ ဒီလောကနယ်မြေထဲကို ခြေချလိုက်တဲ့ အချိန်တည်းက စနေခဲ့တာ...”

“ကစားပွဲ...”

ကောင်းကင် စစ်ဝိညာဉ်၏ အသံက အနည်းငယ် ပြောင်းလဲ သွား၏။

“တကယ်လို့ ဒါက ကစားပွဲ ဆိုရင် ဘယ်သူနိုင်နေတာလဲ... မြင်ရသလောက် ဆိုရင် နင့်ရဲ့ ကိုယ်လုပ်တော် ကောင်မလေးက လူတိုင်းထက် ရှေ့ကို ရောက်နေတဲ့ပုံ ရတယ်... သူက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို ပြင်ဆင်ထားတယ်... ဟုတ်တယ်မလား”

သူမမှာ အလွန်ပင် သိချင်စိတ် ပြင်းပြနေခဲ့၏။ ပုံမှန်အားဖြင့် ကောင်းကင် စစ်ဝိညာဉ်မှာ ထိုကဲ့သို့ အရာများကို စိတ်ဝင်စားလေ့ မရှိသော်လည်း အသွင်ကူးပြောင်းမှု စတင်ပြီး နောက်တွင်တော့ သူမ၏ စိတ်ဓာတ်က များစွာ ပြောင်းလဲ သွားခဲ့သည်။

ဝေ့ဝူယင်က ရွှယ်ရီဖေးကို လှမ်းကြည့်လိုက်၏။

“ဘယ်သူ အသာရနေတယ် ဆိုတာ ပြောဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ မင်း ပြောတာတော့ မမှားဘူး... ရွှယ်ရီဖေးက သူတို့အားလုံးထဲမှ အများဆုံး ပြင်ဆင်ထားတဲ့သူပဲ... ဒါပေမဲ့ ကျန်တာတွေ အားလုံး ဘေးဖယ်ထားပြီး ကစားပွဲမှာ ဘယ်သူက အသာရပြီး ထာဝရ သရဖူနဲ့ ထိတွေ့နိုင်မလဲ ဆိုတာကို ပြောရမယ် ဆိုရင်...”

ဝေ့ဝူယင်၏ မျက်လုံးများက ရွေ့လျားသွားကာ မီးတောက်ရဲရဲ ဆံပင်များကို ပိုင်ဆိုင်ထားသည့် ရွှေဖုန်းပေါင်ကို လှမ်းကြည့်လိုက်သည်။

“အခြေအနေကို ချက်ချင်း ပြောင်းပြန် လှန်ပစ်နိုင်တဲ့ အချက်တွေ အများကြီး ကျန်သေးတယ်... ဘာပဲ ဖြစ်ဖြစ် ဇာတ်ရှိန် အတက်ဆုံးကို တဖြည်းဖြည်း ချဉ်းကပ်နေပြီ”

ဝေ့ဝူယင်က ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် အာဏာရှင်များကို ပြန်လည် တွေးတောရင်း ပြောလိုက်၏။ အာဏာရှင် အမှတ်အသား အော်ရာကို အသုံးပြု၍ သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ရယူခဲ့သော်လည်း ပိုကေအတွက်မှ လွဲ၍ ထိုလုပ်ရပ်တွင် သူ ပါဝင်ခဲ့ခြင်း မရှိချေ။

ဝေ့ဝူယင်၏ အပြုံးက ပိုမို နက်ရှိုင်းလာ၏။ ထို့နောက် သူက အသက်ရှင်သန်နေဆဲ ဖြစ်သည့် သာမန် အာဏာရှင်များကို ကြည့်လိုက်သည်။

“ဒါဆို ရွှယ်ရီဖေးရဲ့ ပြင်ဆင်မှုတွေက အသုံးမဝင်ဘူးလား”

ကောင်းကင်စစ်ဝိညာဉ်က သိလိုစိတ်ဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ... သူ လုပ်ခဲ့တဲ့ ပြင်ဆင်မှု တစ်ခုချင်းစီတိုင်းက မယုံကြည်နိုင်လောက်အောင် အရေးပါပြီး ထာဝရ သရဖူကိုတောင် ရအောင် ကူညီပေးနိုင်တယ်... ပြဿနာက ရွှယ်ရီဖေးရဲ့ ပြင်ဆင်မှု နည်းလွန်းခြင်းလည်း မဟုတ်သလို များလွန်းခြင်းလည်း မဟုတ်ဘူး... ကျုပ် ကိုယ်တိုင် ပြုစု ပျိုးထောင်ထားတဲ့ အာဏာရှင်တွေကြောင့်ပဲ...”

ဝေ့ဝူယင်၏ မျက်ဝန်းများ အတွင်း၌ ဂုဏ်ယူသည့် အငွေ့အသက် အချို့ စီးဆင်းလာခဲ့၏။

“…”

ကောင်းကင်စိတ်ဝိညာဉ်မှာ တိတ်ဆိတ် သွားခဲ့၏။ ရွှေရောင် တိမ်တိုက်ထုက ရှုပ်ထွေးစွာ မွှေ့ယမ်းနေလေရာ သူမက နက်ရှိုင်းသည့် စဉ်းစားမှု ဖြစ်စဉ် တစ်ခု အတွင်း ကျဆင်းနေကြောင်း ရှင်းလင်းပေသည်။

“စုမေ့ရော... သူရော ထာဝရ သရဖူကို ရနိုင်လောက်လား...”

“စုမေ့...”

ဝေ့ဝူယင်က လက်ကို နောက်ပစ်လိုက်ရင်း ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ငွေရောင် မျက်ဝန်းများက လေးနက် နေလေရာ မည်ကဲ့သို့ တွေးနေကြောင်း ခန့်မှန်းရန် ခက်ခဲလှ၏။ နောက်ဆုံး၌ သူက ခေါင်းကို ပြန်ချလိုက်သည်။

“ကျုပ် ခန့်မှန်းချက် အရ ဆိုရင် စုမေ့က ထာဝရ သရဖူကို ရနိုင်ဖို့ စတုတ္ထမြောက် ဦးစားပေး အဆင့်မှာပဲ ရှိတယ်... လွန်ခဲ့တဲ့ မိနစ်ပိုင်း သူတို့ မလှုပ်ရှားခင် အထိတော့ ပထမပေါ့လေ... သူတို့တွေရဲ့ အတွေးက မမှားခဲ့ဘူး... ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေက တစ်သားတည်း မကျနေဘူး”

“ငါ နားတော့ နားလည်သလိုပဲ... ဒါပေမ့ နင်က နည်းနည်း လျှို့ဝှက်လွန်းတယ်”

ကောင်းကင် စစ်ဝိညာဉ်က သိပ်မကျေနပ်သည့် လေသံဖြင့် ပြောလိုက်၏။ မည်သို့ပင် ဆိုစေ အာဏာရှင်နှင့် ဗာကီရီ အဖွဲ့ဝင်များ၏ လုပ်ရပ်က မှန်ကန်ခဲ့ပေသည်။ သူတို့သာ စုစည်းမှု မရှိပဲ ပြန့်ကျဲနေပါက စုမေ့က သရဖူကို ရယူသွားလိမ့်မည် ဖြစ်သည်။ ယခုတွင်တော့ မိန်းကလေးမှာ ဦးဆောင်နေရာမှ စတုတ္ထနေရာ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

“ဒါပေမဲ့ စုမေ့က ငြိမ်နေတာတော့ မဟုတ်ပါဘူး... သူ့ရဲ့ ကိုယ်ပိုင် အစီအစဉ် ပြီးဆုံးတာနဲ့ ဒုတိယ ဦးစားပေး အဆင့် ဒါမှမဟုတ် ပထမ အဆင့်ကို ပြန်ခုန်တက်သွားလိမ့်မယ်... အဲဒါက သူ တစ်ချို့ အရာတွေကို မမြင်ခဲ့လို့ပဲ... မြင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်”

ဝေ့ဝူယင်က စုမေ့ တည်ရှိရာ အရပ်ကို လှမ်းကြည့်လိုက်သည်။

“သူက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အပိတ်ခံခဲ့တာလဲလို့ ခင်ဗျားမေးခဲ့တယ် မလား... အဖြေက ရိုးရှင်းပါတယ်..”

***

All Chapters