← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၈)

Vol. 122 Ch. 1704

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၃၈)

Vol. 122 Ch. 1704

ပွင့်ပွင့်လင်းလင်း ရည်မှန်းချက်များ နှင့် အလွှာ အထပ်ထပ် ဖုံးကွယ်ထားသည့် အစီအစဉ်များမှာ လောကနယ်မြေ အတွင်း၌ လေထု တစ်လျှောက် လှည့်လည်နေကြကာ ကြယ်တာရာ သံမဏိ ဓားတစ်စင်းဖြင့်ပင် မဖြတ်တောက်နိုင်သည့် နားမလည်နိုင်သော ထူထဲမှုကို ဖန်တီးနေကြသည်။

အဂ္ဂိရတ် အလင်းတန်းများမှာ လှပသည့် ခုနစ်ရောင်ခြယ် ရောင်စဉ်များဖြင့် ကောင်းကင်ကို အလှဆင်ထား၏။ ပါဝင် ယှဉ်ပြိုင်သူတိုင်း၏ မျက်လုံးများက ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများနှင့် အတူ မော့ကြည့် နေကြသည်။

ထျန်းရီဝူသည်ပင် ခြွင်းချက် မရှိချေ။ အင်ပါယာ ထျန်းကလန်၏ သတ္တမမြောက် မင်းသားမှာ နောက်ထပ် အလံတစ်ခုကို စိုက်ထူနေသော်လည်း ထျန်းမျိုးရိုး၏ ဟေဇယ်ရွှေရောင် မျက်လုံးများဖြင့် အပေါ်သို့ မော့ကြည့် နေခဲ့၏။ ဖြည်းညင်းစွာပင်.. သူ၏ အကြည့်များက ရွေ့လျားသွားကာ ကုဗအလင်းနံရံများနှင့် ရွှယ်ရီဖေးထံ ရောက်ရှိသွားသည်။

ပေါက်ကွဲသံများမှာ စည်းချက်ညီညီပင် ထွက်ပေါ်နေခဲ့ကာ လေနှင့် မန်နာတို့ကို ပြင်းထန်စွာ တုန်ခါ သွားစေခဲ့၏။ ထျန်းရီဝူ၏ မျက်လုံးများက စုမေ့ထံသို့ ရောက်ရှိသွားသည်။ ထိုဆေဘာသမားမှာ စိတ်ကူးယဉ်ဆန်သည့် အရာတစ်ခုကို လုပ်ဆောင်နေကြောင်း အကြည့်တစ်ချက်ဖြင့်ပင် ထျန်းရီဝူ ခန့်မှန်းလိုက်မိ၏။ ပေါက်ကွဲမှုများက အပေါ်ယံ ပြဇာတ်သာ ဖြစ်သည်။

“သူက ကြောက်စရာ ကောင်းတယ်...”

ထျန်းရီဝူက ညင်သာစွာ မှတ်ချက်ပေးလိုက်၏။

“ခင်ဗျားက အဲဒီလို ထင်တာလား... ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး အဇူရာ မူလ ကြယ်စင်စုမှာ ရှိတဲ့ အာဏာရှင် အင်ပါယာတွေရဲ့ တိုက်ရိုက် မျိုးဆက်တွေ၊ တပည့်တွေနဲ့ ယှဉ်ပြိုင်နိုင်တာလဲ...”

ထျန်းရီဝူက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“တာအိုရဲ့ သူတော်ကောင်း တရား... အဲဒါက ဘာလဲ...”

ထျန်းရီဝူ၏ မျက်မှောင်ကြုတ်မှုမှာ ချက်ချင်းပင် စိတ်ရှုပ်ထွေးမှု အဖြစ် ပြောင်းလဲ သွားခဲ့၏။

“ခင်ဗျားတို့ အားလုံးက ဘာလို့ ကျုပ် သိဖို့ မလိုအပ်ဘူး လုပ်နေရတာလဲ... အဲဒါက ဒဏ္ဍာရီဆန်ဆန် သတ္တဝါလို့ပဲ ခုနက ပြောခဲ့တယ် မလား... ဒါက ကျုပ်ရဲ့ အခြေခံ အသိပညာကို ချဲ့ထွင်ဖို့ အခွင့်အရေး မဟုတ်ဘူးလား”

“ကောင်းပြီ... ကောင်းပြီ... ငြင်းမနေနဲ့တော့ ကျုပ် နားငြီးတယ်... အဲဒီကိစ္စ မပြောနဲ့တော့... ဒါပေမဲ့ ကျုပ် ဘယ်လို ယှဉ်ပြိုင်နိုင်မလဲ ဆိုတာတော့ပြော”

“ဟမ်...”

ထျန်းရီဝူ၏ အမူအရာက အံ့မခန်း သတင်း အချက်အလက်များကို အစာချေဖျက် နေသကဲ့သို့ စဉ်းစားဟန် အဖြစ် ပြောင်းလဲ သွားသည်။

“နာ့ရှင်းရီရော ဘယ်လိုလဲ...”

သူက ပေါ့ပေါ့ပါးပါး ထပ်မေးလိုက်သည်။

“အာ... သူက ဒီလောက် ပြဿနာတွေ ဖြစ်စေမှာ မဟုတ်ဘူးလေ... ဟုတ်တယ်မလား”

“တော်တော်... ထပ်ငြင်းမနေနဲ့... ဒီကိစ္စက ထူးခြားပြီး နက်နဲတယ်... သူက ထူးခြားတဲ့ ယင်မီးဖိုဆိုတာ ကျုပ် နားလည်တယ်”

“ဒါပေမဲ့ သူက အဲဒါထက် ပိုပါတယ်... ခင်ဗျား သိရဲ့လား”

“ကျုပ်က မျက်ကန်း မဟုတ်ဘူး... ဟူး... ဘာလို့ ကျုပ်နဲ့ အဲဒီလူက ပြဿနာရှိတဲ့ မိန်းမတွေနဲ့ပဲ တွေးနေရတာလဲ... မိန်းမလှလေးတွေ ဆိုတာက ရည်မှန်းချက် ကြီးတဲ့ ယောက်ျားတွေ အတွက် ဆုလာဒ်ဖြစ်သလို ပြစ်ဒဏ်ဆိုလဲ မမှားဘူး... ကျုပ်တို့က အဲဒီလို ဆက်ဆံရေး အတွက် မျှော်မှန်းထားတာလား...”

ထျန်းရီဝူက စိတ်ခံစားမှုများနှင့်အတူ သက်ပြင်းချရင်း ညည်းညူလိုက်သည်။

“သူ့အတွက် ယွီစွန်းလီ... ကျုပ် အတွက် ကျန်းဖေးလန်... ပြီးတော့ အခု လာနေတဲ့ ပြဿနာကို ကျုပ်တို့ ဖြေရှင်းရုံပဲ ထင်ပါတယ်”

ထျန်းရီဝူ တစ်ယောက် ထိုကဲ့သို့ တစ်ယောက်တည်း ထူးဆန်းစွာ စကားပြောနေချိန်တွင် ထာဝရ သရဖူ အခမ်းအနား၏ အပြောကျယ်လှသော နယ်မြေများ တစ်လျှောက် ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

၃:၅၃...

ထာဝရ သရဖူ ပေါ်ထွက်လာရန် နီးကပ်လာနေလေပြီ။ တစ်ချိန်တုန်းက ရှုပ်ထွေးခဲ့သည့် ထာဝရ သရဖူ အခမ်းအနား၏ စစ်မြေပြင်၌ ယာယီ တိတ်ဆိတ်မှုက ဖုံးလွှမ်း သွားခဲ့သည်။

အာဏာရှင်များမှာ စုမေ့ကို ဖမ်းဆီးရာတွင် အောင်မြင်ခဲ့သော်လည်း တစ်ယောက်၏ ဓားဦးကို တစ်ယောက်ထံ ပြန်လှည့်ခြင်း မရှိကြသေးချေ။ တစ်နည်းဆိုရသော်... ထာဝရ သရဖူ အတွက် သူတို့ မတိုက်ခိုက်ကြသေးချေ။ ပထမ အာဏာရှင် လွတ်မြောက်လာနိုင်သည် ဆိုသည့် ခြိမ်းခြောက်မှုက တိတ်ဆိတ် ငြိမ်းချမ်းသည့် ဝန်းကျင် တစ်ခုကို အလိုလို ဖြစ်လာစေခဲ့သည်။

လောက တားမြစ်ခြင်း အစီအရင်မှ ထွက်ပေါ်လာနေသည့် စည်းချက် ညီညီ ပေါက်ကွဲသံများမှာ အာဏာရှင်များ အတွက်တော့ မိုးကြိုးများ ပစ်ခတ်နေသကဲ့သို့ပင်။ အကယ်၍ သူတို့ တိုက်ခိုက်နေကြချိန်တွင် သူမ တစ်နည်းနည်းဖြင့် လွတ်မြောက်သွားပါက မည်ကဲ့သို့ ဖြစ်မည်နည်း။ သို့ဖြစ်လေရာ... အကောင်းဆုံးက ထာဝရ သရဖူ ပေါ်လာသည်နှင့် အမြန်ဆန်ဆုံး ဖမ်းဆုပ်နိုင်ရန် အာရုံ စူးစိုက်မှုနှင့် စွမ်းအင်များကို အပြည့်အဝ အသုံးချခြင်းပင် ဖြစ်လေသည်။

ပြိုင်ဘက်များအား ဖယ်ရှားလိုသည့် ဆန္ဒမှာ သူတို့၏ နှလုံးသားများ အတွင်း မင်းမူနေဆဲ ဖြစ်သော်လည်း သူတို့ လက်များကို ထိန်းထားရသည်။ ယခင်က တည်ထောင်ခဲ့သည့် မဟာမိတ် အုပ်စုငယ်များမှာ ပြိုကွဲ သွားခဲ့ကြ၏။ မဟာမိတ် အဖွဲ့များ၏ မူလ ရည်ရွယ်ချက်က အခြားလူများကို တိုက်ခိုက်ရန်၊ ကိုယ်ပိုင် အခွင့်အရေးကို တိုးမြှင့်ရန်နှင့် ထာဝရ သရဖူ ထွက်ပေါ်လာမည့် အချိန် ကျရောက်သည် အထိ ရှင်သန်ရန် ဖြစ်သည်။ သို့သော်လည်း... အခြေအနေများက ပြောင်းလဲ သွားလေရာ ၎င်းက မိမိ အဖွဲ့ အတွင်းရှိ အခြား မဟာမိတ် အဖွဲ့ဝင်များကိုသာ အမြတ်ထုတ်ရန် အခွင့်အရေးများ ဖန်တီးပေးလိမ့်မည် ဖြစ်သည်။

အချို့သော သဘောတူညီချက်များ အတွက် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမှ တစ်ဆင့် ဆွေးနွေးခဲ့ကြသော်လည်း သူတို့ထဲမှ မည်သူကမှ ယုံကြည် စိတ်ချရခြင်း မရှိချေ။ ထို့အပြင်... ဝေ့ဝူယင်၏ တားမြစ်ထားမှုကြောင့် သူတို့ထံတွင် ကောင်းကင် ကျိန်စာ ကျိန်ဆိုခွင့် မရှိချေ။ အာဏာရှင် အဖွဲ့ဝင်များ ပီပီ သူတို့အားလုံးထံတွင် ဝိညာဉ်ကျိန်စာများကို ခုခံနိုင်သည့် နည်းလမ်းများ ရှိကြသည်။ ကောင်းကင်ကျိန်စာများမှာ ပေါ့ပေါ့တန်တန် ကျိန်ဆိုနိုင်သည့် အရာများ မဟုတ်ချေ။ ၎င်း၏ သက်ရောက်မှုက ပြင်းထန်လှသလို လက်ရှိအချိန်အထိ ချိုးဖျက်ရန် နည်းလမ်း မရှိဟူ၍ပင် လူသိများကြသည်။

ထို့ကြောင့်ပင် မယုံသင်္ကာ လေထုက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံနေခဲ့ကာ တစ်ယောက်နှင့် တစ်ယောက်ကြား ယုံကြည်ချက် တည်ဆောက်ဖို့ မဖြစ်နိုင်သည့် အခြေအနေ တစ်ခုကို ဦးတည်သွားခဲ့လေသည်။

၃:၂၂...

နာ့ရှင်းရီ၏ မျက်လုံးများမှာ လောကတားမြစ်ခြင်း အစီအရင်ကို အာရုံစိုက်ထား၏။ သူမက လောကချည်နှောင် ကြယ်တာရာ နယ်မြေမှ နေစွမ်းအင်များကို လက်ဟန်ချိပ်စည်း၏ အကူအညီနှင့် အတူ အဆက်မပြတ် ပို့လွှတ်နေခဲ့သည်။ သို့သော်လည်း သူမ၏ မျက်ဝန်းများ အတွင်း၌ အာရုံထွေပြားမှုကြောင့် ဖြစ်ပေါ်လာသည့် ဝေဝါးမှု တစ်ခု ရှိနေခဲ့၏။ သို့သော်လည်း... ထိုအရာက လောက တားမြစ်ခြင်း အစီအရင်ကိုတော့ အနှောက်အယှက် ဖြစ်စေခြင်း မရှိပါချေ။

အစွန်းရောက်ယင် နတ်မိမယ်၏ မျက်ခုံးများက မသိမသာ မျက်မှောင်ကြုတ်သည့် အနေအထားသို့ ပြောင်းလဲ သွားခဲ့သည်။ များလှစွာသော အတွေးများမှာ သူမ၏ စိတ်အတွင်း ပြန့်ကျဲစွာ ထွက်ပေါ်နေခဲ့၏။ လွန်ခဲ့သည့် လပိုင်းအတွင်း၌ သူမမှာ ဝိညာဉ် အမြုတေကို သန့်စင်ခဲ့ကာ ဝိညာဉ်အာရုံကို အံ့မခန်း အဆင့်တစ်ခု အထိ မြှင့်တင် နိုင်ခဲ့သည်။ ထိုကဲ့သို့ ပုံမှန် မဟုတ်သည့် အာရုံခံနိုင်စွမ်း၊ ယင်စွမ်းအင် အပေါ် နက်ရှိုင်းသည့် နားလည်မှုတို့နှင့် အတူ အခြားလူများ လွဲချော်သွားနိုင်သည့် အရာများကို သူ ခံစားလိုက်မိလေသည်။

ဥပမာအားဖြင့် - ယန်ကို အခြေခံသည့် ဝိညာဉ်အော်ရာ အပိုင်းအစများမှာ ရွှယ်ရီဖေးနှင့် သူမ ကိုယ်တိုင် အပါအဝင် အာဏာရှင်များ၏ ခန္ဓာကိုယ်များထက်၌ ရှိနေသည်ဟု သူမ အာရုံခံခဲ့မိသည်။ ထိုအပိုင်းအစများမှာ နက်နက်ရှိုင်းရှိုင်းပင် ပုန်းကွယ်နေကာ ခန္ဓာကိုယ် ပုံမှန် အပူချိန်နှင့် အတူ ထပ်တူ ဖြစ်နေခဲ့သည်။ ဖော်ပြရန် ခက်ခဲသော်လည်း... ၎င်းက အမှန်တကယ် တည်ရှိနေသည်။

နောက်ထပ်တစ်ချက် - လောကတားမြစ်ခြင်း အစီအရင်၏ တည်ငြိမ်မှုမှာ လျှင်မြန်စွာပင် ဆွေးမြေ့နေခဲ့သည်။ အပေါ်ယံ ကြည့်ရုံမျှဖြင့် ခွဲခြားဖို့ ခက်ခဲသည့် အားနည်းချက် တစ်ခု ၎င်းထံတွင် ရှိနေခဲ့သည်။ နာ့ရှင်းရီမှာ ဝင်္ကပါ၊ အစီအရင်များနှင့် သိပ်မရင်းနှီးသော်လည်း ယင်ဝင်္ကပါ ၊ အစီအရင်များ၏ အရံ နည်းလမ်းများကို လေ့လာခဲ့ဖူးသည်။ ထို့ကြောင့်ပင် အဆိုပါ အားနည်းချက်မှာ နှေးကွေးစွာ ဆွေးမြေ့နေသည့် အနေအထားတွင် ရှိနေကြောင်း သိရှိသည်။ တိကျသည့် အချိန်တစ်ခုတွင် ၎င်းမှာ လုံးဝ ပြိုလဲ သွားပေလိမ့်မည်။

စုမေ့၏ ဆက်တိုက် ထိုးနှက်မှုများမှာ အစီအရင် ပြိုကျမှုနှုန်းကို စည်းချက် ညီညီပင် အရှိန်မြှင့် နေခဲ့သည်။ ခန့်မှန်းကြည့်ရပါက သုံးမိနစ် ကျန်သေးသလားပင် မသေချာပါချေ။

၎င်းက မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ ချုပ်နှောင်မှုကို ဆက်လက် ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင်... သူတို့ ရှစ်ယောက်၏ အားဖြည့်မှုများမှာ အစီအရင်ကို ပိုမို အားကောင်းစေရန်ထက် ဆွေးမြေ့မှုနှုန်းကိုသာ ဖုံးကွယ်ရန် ရည်ရွယ်ထား သကဲ့သို့ ခံစားရသည်။

“ရွှယ်ရီဖေး...”

နာ့ရှင်းရီ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာ၏။ ရွှယ်ရီဖေးမှာ ဤကိစ္စကို သိနိုင်သည်။ ထို့အပြင် ပေ့ဝေဝေမှာလည်း သိလိမ့်မည်ဟု သူမ ယူဆသည်။ ထိုဒုတိယ ကွန်မန်ဒါမှာ ဝိညာဉ်သခင် တစ်ဦး ဖြစ်သည်။ အစွမ်း အထက်ဆုံး အခြေအနေ၌ ရှိမနေလျှင်ပင်... ပေ့ဝေဝေ၏ အာရုံခံနိုင်စွမ်းမှာ မေးခွန်းထုတ်စရာ မလိုအောင် သူမထက် ပိုမို အစွမ်းထက်သည်။ အပူကို သတိမထားမိလျှင်ပင် အစီအရင်၏ အခြေအနေကို ကြည့်ရုံမျှဖြင့် ထိုအရာကို သတိပြုမိသင့်သည်။

“နောက်ပြီး အရင်က သေသွားတဲ့လူတွေမှာလည်း ထူးဆန်းတာ ရှိနေတယ်...”

နာ့ရှင်းရီမှာ ပိုမို၍ တွေးမိလာနေခဲ့၏။ တိတိကျကျ မဆုံးဖြတ်နိုင်သော်လည်း ဟုန်ချွင်းဟွာ၏ ပန်းရနံ့က သူမ၏ အတွေးများ အတွင်း ဆက်လက် ဆိုသလို ပေါ်လာနေခဲ့သည်။ တစ်စုံတစ်ရာက တဖြည်းဖြည်း နီးကပ်လာနေသလို သူမ ခံစားရ၏။

အလားတူ သံသယ ဖြစ်ဖွယ် အကြောင်းအရာများကြောင့်ပင် နာ့ရှင်းရီမှာ လောက တားမြစ်ခြင်း အစီအရင်ကို အားဖြည့်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ သူမ တရှန်း၏ ဧရာမ ပုံသဏ္ဌာန်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုခရမ်းရောင် တောင်တန်း နတ်ဆိုးမှာ လက်ရှိ အချိန်အထိ နတ်ဆိုးတိုက်တန် အသွင်ပြောင်းလဲခြင်းကို မဖယ်ရှားရသေးချေ။ သူမ၏ အရွယ်အစားက လူတိုင်းကို အလွယ်လေး သတိပြုမိစေသည်။ ထိုအရာက လွယ်ကူသည့် ပစ်မှတ်ဖြစ်စေဖို့ ဖိတ်ခေါ်နေခြင်းနှင့် အတူတူ မဟုတ်သည်လား။

နာ့ရှင်းရီ နောက်ဆုံး၌ မျက်ခုံးများကို ပင့်ကာ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ အတွင်းဒဏ်ရာများစွာ ရရှိထားသည့်တိုင် သူမက နောက်ဆုံးအချီ အတွက် ခွန်အား မရှိတော့သည် မဟုတ်ချေ။ သေမျိုးလောက အခြေအနေဖြင့် မိန်းကလေးမှာ တိုက်ခိုက်မှု နှစ်ခုကို ထုတ်လွှတ်နိုင်သေးကြောင်း အစောပိုင်းက ဖော်ပြခဲ့ပြီး ဖြစ်သည်။ ရွှေရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို သတ်ဖြတ်ရန် အတွက် သူမ လှုပ်ရှားမှု တစ်ခုကိုသာ အသုံးပြုခဲ့သည်။

နာ့ရှင်းရီထံတွင် ထာဝရ သရဖူကို လက်လျှော့ဖို့ ဆန္ဒမရှိပါချေ။ အခြားလူများ ကဲ့သို့ပင် ဝေ့ဝူယင်ထံမှ ဆုတစ်ခုကို သူမ လိုချင်သည်။ ၎င်းကို ရရှိခြင်းက အနာဂတ်ကို လုံခြုံစေခြင်းနှင့် မခြားနားပေ။

***

All Chapters