← Chapters

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၄၀)

Vol. 122 Ch. 1706

ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ (၄၀)

Vol. 122 Ch. 1706

၀:၅၈

လူတိုင်းမှာ ထာဝရ သရဖူအား ဖုံးအုပ်ထားသည့် စက်လုံး သဏ္ဌာန် အလင်းများကို စူးစမ်း နေခဲ့ကြ၏။ သူတို့က ၎င်း၏ သန့်စင်သည့် အော်ရာနှင့် ထူးခြားသော စွမ်းအင်များ၏ အတိုင်းအတာကို ခန့်မှန်းရန် ကြိုးပမ်း နေခဲ့ကြသည်။ ကံဆိုးစွာပင်... ၎င်းထံဤ မည်သူမှ မမြင်နိုင်သည့် အတားအဆီး တစ်ခု ရှိနေခဲ့သည်။ ဝိညာဉ်အာရုံနှင့် အစီအရင်များပင် ထိုးဖောက်နိုင်စွမ်း မရှိပါချေ။

“အား...”

“ငါ့ မျက်လုံး...”

နာကျင်မှု၊ ထိတ်လန့်မှုများနှင့် ညည်းသံများမှာ နေရာ အနှံ့တွင် ဖြစ်ပေါ်လာခဲ့၏။ သူတို့ အားလုံးမှာ အလင်းစက်ဝန်းကို ထိုးဖောက် ကြည့်ရှုဖို့ ကြိုးပမ်းခဲ့ကြကာ တန်ပြန် သက်ရောက်မှုများကို ခံစားခဲ့ကြရပေသည်။ ပေါ့ဆလွန်းသူများ ဆိုလျှင် ချက်ချင်းပင် သတိလစ် သွားကြ၏။ သူတို့၏ သေခြင်းရှင်ခြင်းကို မည်သူမှ ဂရုမစိုက်ပါချေ။

အံ့အားသင့်စရာ ကောင်းစွာပင် ထာဝရ သရဖူဆီကို မည်သူမှ အပြေးအလွှား မသွားခဲ့ကြပေ။ သူတို့မှာ မုန်တိုင်းများစွာကို ဖြတ်သန်း၍ ယခုအထိ ရှင်သန်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် မည်သူမှ ထိုမျှလောက် မမိုက်မဲကြချေ။ သူတို့ တစ်ဦးတစ်ယောက်ချင်းစီမှာ ဉာဏ်ရည် ထက်မြက်ကာ သတိကြီးကြသည်။ အလင်းစက်ဝန်းထံမှ တန်ပြန် သက်ရောက်မှုဒဏ်ကို ခံစားခဲ့ရခြင်းမှာ ဉာဏ်ရည်မဲ့ခြင်း၏ အကျိုးဆက် မဟုတ်ပါချေ။ ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့လို အာဏာရှင်များ ပင်လျှင် တန်ပြန် သက်ရောက်မှုဒဏ်ကို အနည်းငယ် ခံစားခဲ့ကြရပေသည်။

ပေါ့ပေါ့ဆဆ စူးစမ်းတတ်သည့် လုပ်ရပ်မျာလူအများစု၏ ဗီဇတွင် ခိုင်မြဲစွာ ရှိနေတတ်ကြသည် မဟုတ်ပါလား။

ရုတ်တရက်... အာဏာရှင် အင်ပါယာဝေ့ ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို သူတို့ ပြန်လည်၍ ကြားယောင် လိုက်ကြ၏။

“မကောင်းဆိုးဝါးကပဲ ထာဝရ သရဖူရဲ့ တောက်ပမှုကို တိုက်စားနိုင်တယ်...”

အကယ်၍ ထိုစကားသာ အမှန်ဆိုပါက မကောင်းဆိုးဝါးကသာ ထိုတောက်ပမှုကို ချိုးဖျက်နိုင်လိမ့်မည် ဖြစ်သည်။ အားလုံးမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများထံမှ လုယူခဲ့သည့် လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြ၏။ ပြဿနာက... မည်ကဲ့သို့ လုပ်ရမည်နည်း ဟူ၍ပင်။

...

၀:၅၇

သူတို့ထံတွင် အချိန် သိပ်မကျန်တော့ပေ။ သို့သော်လည်း... ပထမဆုံး လှုပ်ရှားသူမှာ ပထမဆုံး သားကောင် ဖြစ်ပေလိမ့်မည်။ ရက်စက်သည့် ကျင့်ကြံခြင်း လောကတွင် ကျင်လည်ခဲ့သူများ အနေဖြင့် သူတို့ သတိကြီးသည်က ပုံမှန် ဖြစ်သည်။ ထို့ကြောင့် လုံးဝ ပေါ့ဆရဲခြင်း မရှိပါချေ။

၀:၅၆...

ရွှယ်ရီဖေးက စိုးရိမ်စွာဖြင့် လက်သီးများကို ဆုပ်လိုက်၏။ ထိုရိုးရှင်းသည့် နောက်ပြန် ရေတွက်မှုတွင် ရှုပ်ထွေးသည့် အလွှာများ ရှိနေပေသည်။ သူမ တိုက်ရိုက်ဆန်ဆန် ချဉ်းကပ်ဖို့ မဝံ့ရဲပါချေ။ ထိုအလင်းမှာ အလွန်တရာ သန့်ရှင်းကာ လူတိုင်း၏ စိတ်ဝိညာဉ်များ၌ အဆုံးမဲ့ ရိုသေမှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်သော်လည်း သံသယဖြစ်ဖွယ် မရှိ ခင်ပွန်းဖြစ်သူ၏ စွမ်းအား ဖြစ်ကြောင်း သူမ သိပေသည်။

၎င်းကို ကြည့်ရင်း ရွှယ်ရီဖေးမှာ ချွေးစို့လာသလို ခံစားလိုက်ရ၏။ ဝေ့ဝူယင်ကို လူအများ သိကြသည်က အဂ္ဂိရတ် တာအိုဖြင့် ဖြစ်သည်။ သူက သေမျိုး အဆင့်ဖြင့် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့ကာ ထာဝရ ဧကရာဇ်၏ ဒဏ္ဍာရီများကို ကျော်လွန်ခဲ့သည်။ ချိပ်ပိတ်နယ်မြေ၏ သမိုင်းကြောင်း၌ အကြီးကျယ်ဆုံးသော အဂ္ဂိရတ် ပညာရှင်ဟု သတ်မှတ်ခံခဲ့ရသည်။ သို့သော်လည်း ဝေ့ဝူယင်၏ အရည်အချင်းက ထိုမျှ မကပါချေ။ သူက တိုက်ခိုက်ရေး တာအိုတွင်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ဒဏ္ဍာရီ ဟင်းလင်းပြင် နဂါးကြီးကို တစ်ကိုယ်တော် နှင်ထုတ်ခဲ့ကာ အစစ်အမှန် မွေးဖွားခြင်းကိုပင် ဒူးထောက်စေခဲ့သည်။

“ငါတို့ အရင်သွားမယ်…”

အံ့အားသင့်စရာ ကောင်းစွာပင်… အန်ညီအမ နှစ်ယောက်မှာ ရှေ့ကို တိုးလိုက်ကြ၏။ သူတို့၏ လှုပ်ရှားမှုများက စည်းချက် ညီကာ ဆန့်ကျင်ဘက် အော်ရာများမှာလည်း ပြီးပြည့်စုံစွာ ရောယှက် နေကြသည်။ သူတို့ နှစ်ယောက်၏ ပူးပေါင်း လောကချည်နှောင် နေကြယ်မှာ ကောင်းကင်တွင် တောက်ပလာခဲ့သော်လည်း ထာဝရ သရဖူ၏ အလင်းရောင်အောက်၌ မှေးမှိန်၍ နေခဲ့သည်။

ရွှယ်ရီဖေး အန်ညီအမ နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်၏။ ရွှယ်ရီဖေးက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ အခြားလူများ သိပ်မသိကြသော်လည်း သူတို့ နှစ်ယောက်မှာ ရွှယ်ရီဖေး၏ ကိုယ်ပိုင် ဗာကီရီ အဖွဲ့၌ ပါဝင်ကြသူများ ဖြစ်ကြသည်။ သူတို့မှာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် မွေးဖွားကြသူများ ဖြစ်လေရာ ရွှယ်မိသားစုကို အစေခံကြသည်။ လက်ရှိ၌ အာဏာရှင် တတိယမြောက် တပ်မဟာတွင် တာဝန် ထမ်းဆောင်နေသော်လည်း ရွှယ်ရီဖေးထံတွင်လည်း ခစားကြသည်။

သူတို့ နှစ်ယောက်မှာ ရွှယ်ရီဖေး၏ အရေးပါသော ဝှက်ဖဲများထဲ၌ ပါဝင်နေပေသည်။ ကံဆိုးစွာပင်... သူတို့၏ ပုံမှန် မဟုတ်သည့် အရည်အချင်းများကြောင့် များစွာ ဖုံးကွယ်ထားနိုင်ခြင်းတော့ မရှိပါချေ။ စစ်ကျောက်တိုင်ထံမှ ဉာဏ်အလင်းများကို ရရှိခဲ့ပြီး နောက်ပိုင်း၌ အန်ညီအမ၏ ပါရမီနှင့် အနာဂတ်များမှာ အကြီးအကျယ်ပင် ပြောင်းလဲ သွားခဲ့သည်။

အန်ညီအစ်မ နှစ်ဦးမှာ ရွှယ်ရီဖေးကို နောက်တစ်ကြိမ် ထပ်မကြည့်တော့ချေ။ ထူးခြားစွာ ပေါင်းစပ်ထားသည့် ခရမ်းရောင် မီးလျှံများကို ဝန်းရံရင်း တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ ရှေ့သို့ တက်သွားကြတော့သည်။

တဒင်္ဂ အတွင်းမှာပင် မိန်းကလေး နှစ်ယောက်မှာ ကောင်းကင်ကင်သို့ ပျံတက်သွားကြကာ သန့်စင်သည့် အလင်းစက်ဝန်းနှင့် မီတာ ခုနစ်ရာ အကွာသို့ ရောက်ရှိ လာကြသည်။

ရှဲ... ရှဲ...

ထိုအခိုက်သို့ ရောက်သည်နှင့် သူတို့၏ အော်ရာများမှာ အလင်း၏ သန့်စင်မှုကို ခံရသည့် အစား စတင် လောင်ကြွမ်း လာခဲ့၏။ သူတို့ နှစ်ယောက်၏ လှပသည့် မျက်နှာ ကလေးများမှာ ဖြူရော် သွားကြသည်။ သို့သော်လည်း သူတို့က ပထမဆုံးသော ခြေလှမ်းကို လှမ်းလိုက်ကြ၏။

ကြယ်တာရာ သခင် အဆင့် ကျင့်ကြံသူများ အတွက် မီတာ ခုနစ်ရာ ဆိုသည်မှာ ဘာမှ မပြောပလောက်သည့် အကွာအဝေး ဖြစ်သည်။ သို့သော်လည်း... မိန်းကလေး နှစ်ယောက်ကတော့ သူတို့ရှေ့တွင် နံရံကြီး တစ်ခု ကာဆီးနေသလို ခံစားနေရ၏။

သူတို့နောက်သို့ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်လိုက်ကြသည်။ ကြည့်ရှုနေကြသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် တုန်လှုပ် သွားကြလေ၏။

၀:၅၅

“ညီမလေး...”

အန်ပိရုက ညီမဖြစ်သူကို လှည့်ကြည့်လိုက်၏။ အန်းဖေးကျင်းက ခိုင်မာစွာပင် ခေါင်းညိတ်ပြလိုက်သည်။ ချက်ချင်း ဆိုသလိုပင်... သူတို့ နှစ်ယောက်၏ အော်ရာများမှာ ကြောက်မက်ဖွယ် ခွန်အားနှင့် အတူ စတင်ကာ ပေါက်ကွဲ လာခဲ့လေ၏။

ရေမီးတောက်...

ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံခြင်း အခြေခံ နှစ်ခု...

လောကချည်နှောင် ကြယ်တာရာ နယ်မြေနှစ်ခု...

အန်ညီအမမှာ လောကသင်္ကေတ မျိုးစေ့၏ စွမ်းအင် အငွေ့အသက်များကို စတင် ဖော်ထုတ်လာကြလေ၏။

ဘုန်း...

မိုးခြိမ်းသံ အလား ကျယ်လောင်လှသည့် ခြေလှမ်းများနှင့် အတူ သူတို့ ရှေ့ကို တိုးလိုက်ကြလေသည်။ ခြေလှမ်းတိုင်းမှာ လူတိုင်း၏ နှလုံးသားများကို တင်းပုတ်ကြီးနှင့် ရိုက်ခတ်နေသည့် အလား ထင်ရ၏။

၆၉၉ မီတာ...

တစ်မီတာတည်းတွင်ပင် သူတို့၏ အမူအရာများက တဖြည်းဖြည်းချင်း ထိတ်လန့်လာကြသည်။ စိတ်ရှုပ်ထွေးမှုက သူတို့၏ စိတ်ဝိညာဉ်ကို ဖုံးလွှမ်းသွား၏။ အလွန်ပင် ခက်ခဲလွန်းသည်။

ကြည့်ရှုနေကြသူများ၏ အမူအရာများမှာလည်း အမျိုးမျိုး ပြောင်းလဲ သွားကြသည်။ အချို့က သိသိသာသာ ဖြစ်ကာ အချို့က မသိမသာ ဖြစ်သည်။ သို့သော်လည်း... အများစုမှာမူ သိသိသာသာ မှောင်မိုက် သွားကြသည်ချည်း ဖြစ်သည်။ အန်ညီအစ်မ နှစ်ဦးမှာ မြေကြီး ရှန့်ထိုများနှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားကာ သေမျိုးတစ်ပိုင်း အရှင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ကြသည်။ သို့သော်လည်း... နောက်ထပ် ခြေလှမ်း အနည်းငယ်မျှ ထပ်လှမ်းဖို့ပင် ခက်ခဲနေကြပြီ ဖြစ်သည်။

စန်းယွန်းလီမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားခဲ့၏။ ထိုအလင်းက မည်သည့် အမျိုးအစားနည်း။ ထို့အပြင်... မိန်းကလေး နှစ်ယောက်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။ စန်းယွန်းလီ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ရင်း အံ့ဩမှုနှင့် ကြောက်ရွံ့မှုတို့ကို ဘေးဖယ်လိုက်၏။ သတ်မှတ်ထားသည့် အခြေအနေတစ်ခုကို ဖြည့်ဆည်းပေးခြင်းမှ တစ်ပါး ထာဝရ သရဖူကို ချဉ်းကပ်ရန် အခြား နည်းလမ်း မရှိကြောင်း သူမ သဘောပေါက် လိုက်သည်။

ဝူပိုင်ကျိုး လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏။ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေများသာလျှင် ထာဝရ သရဖူ၏ တောက်ပမှုကို တိုက်စားနိုင်သည် ဆိုလျှင် ၎င်းတို့ကို နောက်ဆုံးအချိန်အထိ ဆုပ်ကိုင်ထားနိုင်သူများမှာ မဖော်ပြနိုင်လောက်သည့် အားသာချက်များ ရရှိနိုင်လိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌... အန်ညီမနှစ်ယောက်မှာ တစ်မီတာထက် ကျော်လွန်၍ ရှေ့ဆက် မတိုးနိုင်လေရာ ဗျူဟာကို ပြောင်းလဲဖို့ တွန့်ဆုတ် မနေခဲ့ကြချေ။ သူတို့က လျှို့ဝှက် ကြယ်တာရာ အဆင့် အမြုတေများနှင့် လျှို့ဝှက် ဝိညာဉ် အနည်းငယ်တို့ကို အလျှင်အမြန်ပင် ထုတ်ယူ လိုက်ကြ၏။ ၎င်းတို့မှာ အလင်းမဲ့သည့် ညဉ့်နက်လိုမျိုး မှောင်မိုက် နေကြကာ ထိတ်လန့်ဖွယ် မီးခိုးများကို ထုတ်လွှတ် နေကြ၏။

အကယ်၍ သေချာကြည့်ပါက အော်ဟစ်နေကြသည့် ကျင့်ကြံသူများ၏ မျက်နှာများ လေထုအတွင်း ပေါ်လာသည်ကို မြင်တွေ့နိုင်လိမ့်မည် ဖြစ်သည်။ သူတို့မှာ သေဆုံးခြင်း မတိုင်းခင် ညှဉ်ပန်းခံခဲ့ရကာ အဆုံးမဲ့သည့် ဝမ်းနည်းခြင်းများ၊ မပြည့်မြောက်သေးသည့် အိပ်မက်များနှင့် သရဲတစ္ဆေများလိုပင်။

ထိုမျက်နှာများက သေးသေးလေး မဟုတ်ပါချေ။ အလွန်ကြီးမားကာ ခန့်မှန်းခြေအားဖြင့် ပေရာချီ မြင့်မားလှသည်။ မျက်နှာ တစ်ခုဆိုလျှင် ပေပေါင်း တစ်ထောင့်သုံးရာလောက် အထိပင် ရှိကာ အနက်ရောင် မျက်ရည်များနှင့် အတူ ငိုကြွေး နေခဲ့သည်။ သန့်ရှင်းသည့် အနက်ရောင်သွေးများမှာ မြေပြင်သို့ မရောက်မီ အငွေ့ပျံသွားခဲ့သော်လည်း မနှိုင်းယှဉ်သာသည့် ဝမ်းနည်းမှု ခံစားချက်များကို ပတ်ဝန်းကျင်၌ စွန်းထင်းစေခဲ့သည်။

ထိုပုံရိပ်များက မကောင်းဆိုးဝါး စောင့်ကြပ်သူများ သတ်ဖြတ်ခဲ့သည့် သားကောင်များ၏ ငိုကြွေးသံကို ကမ္ဘာသို့ ပုံဖော် ပြသနေသယောင် ရှိသည်။ ထိုအထဲ၌ တိုက်တန်များ၊ လူသားများနှင့် ကောင်းကင်မျိုးနွယ်များ ပါဝင်နေပေသည်။

“…”

ချိပ်ပိတ်နယ်မြေ အတွင်းမှ ရွေးချယ်ခံများမှာ ထိုအထဲမှ မျက်နှာ အချို့ကို ချက်ချင်းပင် မှတ်မိလိုက်ကြ၏။ သူတို့မှာ လွန်ခဲ့သည့် ၈၁ နှစ် သို့မဟုတ် ၁၆၂ နှစ် သို့မဟုတ် ၂၄၃ နှစ်ခန့်က ပါရမီရှင်များအဖြစ် ကြွေးကြော်ခဲ့ကြသူများ ဖြစ်သည်။ ထိုနှစ်များက ကျင်းပခဲ့သည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများတွင် သူတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

“ဒါပေမယ့် ဘယ်လိုလဲ...”

မြန်ဆန်စွာ တွေးတောနိုင်သည့် လူအချို့ကတော့ စိတ်ရှုပ်ထွေး သွားကြ၏။ ဤမကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ပြီး ချိပ်ပိတ်နယ်မြေမှ ရွေးချယ်ခံများမှာ ထာဝရ သရဖူ အခမ်းအနားကို တစ်ခါမှ မရောက်ခဲ့ဖူးကြချေ။

“ခဏ…”

ချက်ချင်းပင် ဆိုသလိုပင် သူတို့ သဘောပေါက် သွားကြ၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက ရှုံးနိမ့်သူများကို မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ ခွန်အားကို မြှင့်တင်ဖို့ အတွက် ကျွေးမွေးခဲ့ကြသည်။ ထူးဆန်းသော စိတ်ခံစားချက်များမှာ သူတို့၏ နှလုံးသားများထဲတွင် ပေါ်လာခဲ့လေ၏။

***

All Chapters