← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၁)

Vol. 122 Ch. 1707

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၁)

Vol. 122 Ch. 1707

ဝှစ်... ဝှစ်...

အန်ညီအစ်မ နှစ်ယောက်မှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ လျှို့ဝှက် အမြုတေများနှင့် လျှို့ဝှက် ဝိညာဉ်များကို သန့်ရှင်း ဖြူစင်သည့် အလင်း စက်ဝန်းဆီသို့ ပစ်လွှတ်လိုက်ကြ၏။

ရုတ်တရက် ပုံပျက်ပန်းပျက် ငိုကြွေးနေကြသည့် မျက်နှာများမှာ တုန်ယင် သွား၏။ အဖြူရောင် အလင်း စက်ဝန်းများ၏ ဝါးမြိုမှုကို ခံနေရစဉ် အတောအတွင်း စိတ်ကူး မယဉ်နိုင်လောက်အောင် စိတ်သက်သာရာ ရသည့် အမူအရာများမှာ သူတို့၏ မျက်နှာများထက်၌ ပေါ်လာခဲ့သည်။ ထို့နောက်... အဆုံးအစမဲ့ ကျေးဇူးခြင်းတင်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ပြည့်နှက်နေသည့် အပြုံးများ... သူတို့ ကျေးဇူးတင်စကားကို ပြောခဲ့သော်လည်း မည်သူမှ မကြားခဲ့ရချေ။ ထို့နောက် တဖြည်းဖြည်းပင် သူတို့ ပျောက်ကွယ်သွားကြ၏။

“…”

ထာဝရ သရဖူ၏ ပတ်လည်ရှိ သန့်စင်သည့် အရောင်အသွေးမှာ အနည်းငယ် လျော့ကျသွားသယောင် ထင်ရသည်။ မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ သာမန် ကျင့်ကြံသူများထံမှ အသွေး၊ အသား၊ အရိုးနှင့် ဝိညာဉ်တို့ အထိ အရာအားလုံးကို ဝါးမြိုကာ ကျင့်ကြံကြသည်။ သူတို့မှာ ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းစဉ်ကို မြှင့်တင်ရန် အတွက် အရာအားလုံးကို စားသုံးကြသည်။ အခြားလူများ၏ အားထုတ်မှုများကို ခိုးယူကြသည်။ ထို့ကြောင့်ပင် သူတို့၏ လမ်းစဉ်ကို မိစ္ဆာလမ်းစဉ် အဖြစ် သတ်မှတ်ကြခြင်း ဖြစ်သည်။

သူတို့က အချိန်တိုင်း ယုတ်မာနေသည်တော့ မဟုတ်ချေ။ နယ်ပယ်တိုင်းတွင် အမြဲတမ်း အစွန်းနှက်ဖက် ရှိပေသည်။ ထာဝရ နတ်ဘုရားသည် မွန်မြတ်လှပါသည် ဆိုသည့် အဂ္ဂိရတ် လမ်းစဉ်ကို ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သို့သော်လည်း သူသည် ဝေ့ဝူယင်ကို သတ်ဖြတ်ရန် အတွက် လူပေါင်း သန်းပေါင်းများစွာ နေထိုင်သည့် ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ မရေမတွက်နိုင်သည့် အပြစ်မဲ့ အသက်များကို ဖျက်ဆီးပစ်ခဲ့သည်။

ထာဝရ နတ်ဘုရား သတ်ဖြတ်ခဲ့သည့် အရေအတွက်နှင့် ယှဉ်ပါက ဆိုးယုတ်လှပါသည် ဆိုသော မကောင်းဆိုးဝါး စောင့်ကြပ်သူများပင်လျှင် နိမ့်ကျကောင်း နိမ့်ကျနိုင်ပေသည်။

သို့သော်လည်း... ကောင်းကင်တာအိုက ထူးခြားသည်။ ရက်စက်သည့် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည့် အတူတူချင်း တစ်ဦးအပေါ် ပြဿနာ မရှိသော်လည်း အခြား တစ်ဦးကိုတော့ ဆိုးဆိုးရွားရွား တံဆိပ်ကပ်ကာ အပြစ်ပေးလေ့ ရှိသည်။

အန်ညီအစ်မ နှစ်ဦးမှာ မကျွတ်မလွတ်သေးသည့် ဝိညာဉ်များ၏ ကံကြမ္မာများကို သဘောပေါက်လိုက်သော အခါ ဝမ်းနည်းမှု၊ စိတ်ရှုပ်ထွေးမှုတို့ကို ခံစားလိုက်ရ၏။ အံ့အားသင့်စရာ မလိုလောက်အောင်ပင် ဤမကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ အလွန် စက်ဆုပ်ဖွယ် ကောင်းလွန်းလှဿည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တစ်ယောက် ခံစားချက်ကို တစ်ယောက် နားလည်လိုက်ကြ၏။

မိန်းကလေး နှစ်ယောက်မှာ ထာဝရ သရဖူကို ဂရုမစိုက်ကြတော့ချေ။ သူတို့က စုဆောင်း ရရှိထားသမျှ လျှို့ဝှက် အမြုတေနှင့် လျှို့ဝှက် ဝိညာဉ် အားလုံးကို ထုတ်ယူလိုက်ကြ၏။ ထို့နောက် တွန့်ဆုတ်ခြင်း မရှိပဲ မီတာ ၇၀၀ အကွာအဝေးတွင် ရပ်ကာ အဖြူရောင် စက်ဝန်း အတွင်း ပစ်ချလိုက်ကြသည်။

မကျွတ်မလွတ်သေးသည့် အနက်ရောင် မျက်နှာကြီးများ ပေါ်ပေါက်လာကာ ၎င်းတို့ အားလုံးမှာ အလင်းဖြင့် သန့်စင် သွားကြသည်။ လွတ်မြောက်သွားကြသည်။

ဝှစ်...

ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်မိရာ အန်ပိရုက ဘေးကို ကြည့်လိုက်၏။ ရွှယ်ရီဖေး တစ်ယောက် သူတို့ ညီအစ်မ နှစ်ဦးနားသို့ ရောက်ရှိလာကြခြင်းပင်။

မိန်းကလေးက သူတို့ကို တစ်ချက် ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက နူးညံ့နွေးထွေးကာ ဝမ်းနည်းမှု အရိပ်အယောင်များနှင့် ပြည့်နှက် နေခဲ့သည်။ ရွှယ်ရီဖေးမှာ သူမ၏ အစီအစဉ်များ အားလုံးကို တဖြည်းဖြည်းချင်း ဖယ်ထုတ်လိုက်ကြောင်း အန်ပိရု မြင်နိုင်၏။ သူမက လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေများစွာကို ထုတ်ယူကာ တစ်လုံးချင်းစီကို ပစ်ချလိုက်လေသည်။

ဝှစ်...

ဝူပိုင်ကျိုးလည်း ရောက်ရှိလာ၏။ သူမသည်လည်း လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေများကို ပစ်ချဖို့ တွန့်ဆုတ် မနေခဲ့ချေ။ မကျွတ်မလွတ်သေးသည့် ဝိညာဉ်များမှာ သန့်စင်သည့် အလင်းရောင်နှင့် အတူ လွတ်မြောက် သွားခဲ့ကြသည်။

ထို့နောက် ပေ့ဝေဝေ...

သူမသည်လည်း ဝူပိုင်ကျိုးနှင့် အတူပင် မျက်တောင် မခပ်ပဲ လျှို့ဝှက် အမြုတေနှင့် ဝိညာဉ်များကို ပစ်လွှတ်လိုက်သည်။

ဝှစ်... ဝှစ်... ဝှစ်...

နောက်ထပ်နောက်ထပ် ရွေးချယ်ခံများမှာလည်း အရပ်မျက်နှာတိုင်းမှ နေ၍ သန့်စင်သည့် အလင်းစက်ဝန်း ပတ်လည်သို့ ရောက်ရှိလာကြသည်။

မကြာခင်မှာပင် မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ လျှို့ဝှက် အမြုတေနှင့် လျှို့ဝှက် ဝိညာဉ်များကို ပိုင်ဆိုင်ထားသည့် အာဏာရှင်များနှင့် ရွေးချယ်ခံများမှာ ၎င်းတို့ကို အလင်းစက်ဝန်း အတွင်း စတင် ပို့လွှတ် နေခဲ့ပြီ ဖြစ်သည်။ ထာဝရ သရဖူ၏ သန့်စင်သည့် အရေအသွေးမှာ လျှင်မြန်စွာ လျော့ကျသွားကာ များလှစွာသော မျက်နှာများမှာလည်း ညဉ့်ကောင်းကင်မှ ကြယ်များ အလား တောက်ပစွာ ပြုံးပြခဲ့ကြလေသည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့် ကောင်းကင် ရွေးချယ်ခံ မိန်းကလေး တစ်ဦးမှာ ကောင်းကင်တွင် ပေါ်နေသည့် မျက်နှာ တစ်ခုကို စိုက်ကြည့် နေခဲ့၏။ သူမက မြင်ရသူတိုင်းကို နာကျင်စေလောက်အောင် လှပကာ ကောင်းကင် မျိုးနွယ်ကို ပြန်လည် စိုက်ကြည့် နေခဲ့သည်။ သူမ၏ အမူအရာမှ နာကျင်မှုများနှင့် ခံစားမှုများမှာ တဖြည်းဖြည်းချင်း သက်သာ သွားခဲ့၏။

ရုတ်တရက်... ကောင်းကင် မျိုးနွယ် ရွေးချယ်ခံ မိန်းကလေးမှာ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိသည့် အသံ ပို့လွှတ်မှုကို စိတ်ထဲ၌ ဝေဝေဝါးဝါး ကြားလိုက်ရလေ၏။

“ငါတို့ နောက်ဘဝကျမှ...”

အသံက ထိုမျှနှင့် ရပ်တန့် သွားခဲ့၏။ ပူနွေးသော မျက်ရည်များမှာ သူမ၏ ပါးပြင်ထက်၌ စီးကျလာခဲ့သည်။ သို့သော်လည်း... နှလုံးသားကတော့ တစ်နည်းနည်းဖြင့် ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ အဆုံးမဲ့ သတိရခြင်းနှင့် ချစ်ခြင်း မေတ္တာတို့ ပြည့်နှက်နေသည့် သူတို့၏ မျက်ဝန်းများထဲ၌ သေချာပေါက် စိတ်ဝင်စားစရာ ကောင်းသည့် ပုံပြင် တစ်ပုဒ် ရှိနေပေလိမ့်မည်။

အခြားသော ရွေးချယ်ခံ အချို့တွင်လည်း အလားတူ အခြေအနေ တစ်ချို့ ရှိခဲ့သည်။ အမြုတေများနှင့် လျှို့ဝှက် ဝိညာဉ်များကို သန့်စင်နေသူက သူတို့ မဟုတ်လျှင်ပင်... မျက်နှာမှာ သူတို့ကို အတိအကျ ရှာဖွေ တွေ့ရှိကာ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများက သူတို့၏ နားများ အတွင်း စီးဆင်း ဝင်ရောက်လာကြလေသည်။

“နင့်ရဲ့ သွားတွေကို သေချာတိုက်ပြီး ကောင်းကောင်းစားပါ... နောက်ပြီး မျက်မှောင် မကြုတ်နဲ့... မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာမှာ မလိုချင်ဘူး မလား”

လူငယ်တစ်ဦး၏ မျက်နှာက ရယ်မောလိုက်ရင်း မိန်းမငယ်လေး တစ်ဦးကို နွေးထွေးစွာ စိုက်ကြည့် နေခဲ့၏။ ထို့နောက် သူ၏ မျက်နှာက ဖြည်းညင်းစွာပင် လွင့်စဉ် ပျောက်ကွယ် သွားခဲ့သည်။ မိန်းကလေး၏ မျက်နှာထက်တွင်တော့ နှာရည်များနှင့် မျက်ရည်များမှာ သုံးနှစ်သား ကလေးငယ် တစ်ဦးကဲ့သို့ စီးကျလာခဲ့လေ၏။

အလွှာအပြင်က လောကမှ ရွေးချယ်ခံများစွာ ပြန်တော့မှ ပြန်လည် မရောက်လာခဲ့သည့် သူတို့၏ အကို၊ ညီမများ၊ အချစ်ဆုံး သူငယ်ချင်းများ၊ ချစ်သူများ၊ ဖခင်၊ မိခင်များကို ကောင်းကင်တွင် မျက်နှာများ အဖြစ် ပြန်လည် တွေ့မြင်ခဲ့ကြရလေသည်။

ဖြည်းညင်းစွာပင် ဝမ်းနည်းဖွယ်ရာ ကောင်းလှသည့် လေထုမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုး သွားခဲ့၏။ စိတ်သက်သာရာ ရမှု၊ ပျော်ရွှင်မှု၊ စိတ်ဓာတ်ကျမှု၊ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက် လှိုင်းလုံးများမှာ လောက၌ စိမ့်ဝင် နေခဲ့သည်။ အချို့က ထိုင်၍ ရှိခိုး ကန်တော့ခဲ့ကြသည်။ အချို့က ဦးညွှတ်ခဲ့ကြသည်။ အချို့ကတော့ ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ကြသည်။

အများစုကတော့ မျက်ရည် မကျအောင် ထိန်းထားကာ ခိုင်မာသည့် စိတ်သဌာန်ကို ထင်ဟပ်စေရင်း အဖြူရောင် စက်ဝန်းကိုသာ စိုက်ကြည့် နေကြသည်။ သို့သော်လည်း သူတို့၏ လက်သီးများက မသိလိုက်ခင်မှာပင် ဝတ်စုံစများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ခဲ့ကြပြီး ဖြစ်သည်။

ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့် နေခဲ့၏။

ပထမ ကပ်ဘေး ရှင်သန်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃

စတုတ္ထ ကပ်ဘေး ဖိနှိပ်ခြင်း... ၁၉ နှစ်

ကမ္မတန်ဖိုး... ၁၉၅၇၅၄.၀ → ၁၉၅၈၇၂.၂

...

ပထမ ကပ်ဘေး ရှင်သန်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃

စတုတ္ထ ကပ်ဘေး ဖိနှိပ်ခြင်း... ၁၉ နှစ်

ကမ္မတန်ဖိုး... ၁၉၅၈၇၂.၂ → ၁၉၇၄၂၀.၈

တဖြည်းဖြည်းချင်းပင် သူ၏ ကမ္မတန်ဖိုးမှာ တသမတ်တည်း မြင့်တက် လာနေခဲ့၏။ ထိုအတောအတွင်း၌ ဝေ့ဝူယင်မှာ စက္ကန့်တိုင်း၏ ဖြစ်ရပ်များကို ထိန်းချုပ်ရန် အတွက် အလွန် များပြားသည့် ကြယ်တာရာ အင်အား ပမာဏများကို အသုံးပြု နေရသည်။

ဝေ့ဝူယင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိ၏။ ချိပ်ပိတ်ခံထားရသည့် စုမေ့မှ လွဲ၍ ကျန်အာဏာရှင်တိုင်းမှာ သူတို့၏ အမြုတေနှင့် ဝိညာဉ်များကို အလင်းစက်ဝန်း အတွင်း ပို့ဆောင် နေကြသည်။ သူတို့မှာ ဖြစ်နိုင်ချေ ရှိသည့် အားသာချက်ကိုပင် စွဲကိုင် မထားတော့ပဲ ဆက်သနေကြသည်။

စုမေ့မှာလည်း ထိုမြင်ကွင်း ပေါ်လာခဲ့ပြီးသည့်နောက် ထုနှက်မှုများကို ရပ်တန့်လိုက်ကြကာ မည်သည့် အနှောက်အယှက်ကိုမှ ထပ်မံ မဖန်တီးတော့ချေ။

ထာဝရ သရဖူ၏ ဖိအားမှာ တဖြည်းဖြည်း လျော့နည်းလာကာ မီတာ ၁၂၀ အတွင်း ရောက်ရှိဖို့ အထိ ခွင့်ပြု လာခဲ့သည်။ သို့သော်လည်း အချို့သော မျက်နှာကြီးများမှာ သန့်စင်သည့် အရောင်အသွေးဖြင့် တဖြည်းဖြည်းချင်း သန့်စင်ခံနေရဆဲ ဖြစ်လေရာ မည်သူမျှ မီတာ ခုနစ်ရာထက် ကျော်၍ မရွေ့ခဲ့ကြချေ။

“မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒါက အလုပ်ဖြစ်တယ်”

ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်၏။ အဆုံးမဲ့ ဝေးလံလှသော နေရာတစ်ခု၌ ကောင်းကင်တာအို၏ အော်ရာများက အဆက်မပြတ် မွှေနှောက်နေကာ လောကနယ်မြေထံ တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့သည်။

ဝေ့ဝူယင်မှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို သတ်ဖြတ်ကာ သူတို့ စုဆောင်းထားသည့် ကမ္မ အပြစ်များမှ ကမ္မတန်ဖိုးများသာကို ထုတ်ယူမည့် အစား... သူတို့ ချုပ်နှောင်ထားသည့် မကျွတ်မလွယ်သေးသော ဝိညာဉ်များကိုပါ တိုက်ရိုက် လွတ်မြောက်စေခြင်းဖြင့်... မကောင်းဆိုးဝါး စောင့်ကြပ်သူများကို သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်များကို လွတ်မြောက်စေခြင်း နှစ်မျိုး စလုံးမှ ကမ္မ ကံကြမ္မာကို ထုတ်ယူနိုင်ခဲ့သည်။

ထိုကုသိုလ် ကောင်းမှုကို တုန့်ပြန်ရန် အတွက် ကောင်းကင်တာအိုမှာ လှုပ်ရှားမှု တစ်ခုခု ပြုလုပ် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ၎င်းက မရိုးရှင်းချေ။ မည်ကဲ့သို့သော အရာအား ဆောင်ကြဉ်းလာမည်ကို ဝေ့ဝူယင် အလွန်ပင် စိတ်ဝင်စား နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ထိုကမ္မ ကံကောင်းမှုထံမှ ထပ်မံ အမြတ်ထုတ်ရန် သူ ရည်ရွယ်ထားပေသည်။

အပြစ်သား ကျမ်းစာနှင့် ပညတ်ချက် သုံးထောင်တို့တွင် ဤအပိုလွှာ တစ်ခု ရှိနေသည်ဟု မည်သူက တွေးမိမည်နည်း။

***

All Chapters