← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၂)

Vol. 122 Ch. 1708

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၂)

Vol. 122 Ch. 1708

နာ့ရှင်းရီ တစ်ယောက် ကောင်းကင်ကို ငေးမော ကြည့်နေခဲ့မိ၏။ ဝင်သက်ထွက်သက်တိုင်း၌ နွေးထွေးမှုလှိုင်း တစ်ခုက သူမ၏ နှလုံးသားကို ရိုက်ပစ် လွှမ်းခြုံ နေခဲ့သည်။ မသိလိုက်ခင်မှာပင် သူမ၏ မျက်ဝန်းတို့က မျက်ရည်စ အချို့ဖြင့် စိုဆွတ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း စီးကျလာခဲ့ခြင်းတော့ မရှိပါချေ။

“ကျေးဇူးတင်ပါတယ်...”

ရွှယ်ရီဖေးက သူမ ပိုင်ဆိုင်ထားသည့် နောက်ဆုံးသော လျှို့ဝှက် ဝိညာဉ်ကို လွှတ်ပေးလိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။ သူမ၏ စကားလုံးများက နားထောင်သည့် ပုဂ္ဂိုလ်ကို ရည်ရွယ်ပေသည်။

ဂန္တဝင် လက်ရာမြောက်လှသည့် ဤအခိုက်အတန့်၌ သူမ တစ်စုံတစ်ရာကို နားလည်ခဲ့သည်။ ကျင့်ကြံခြင်း လောကမှာ စိန်ခေါ်မှုများ၊ ရှုပ်ထွေးမှုများ၊ သေဆုံးများနှင့် ပြည့်နှက် နေပေသည်။ သို့သော်လည်း တစ်ခါတစ်ရံ ရယူလိုမှုများနှင့် လောဘတရားများကို ဘေးဖယ်ထားကာ ပိုမို ကြီးမြတ်သည့် အရာတစ်ခုကို လုပ်ဆောင်ရင်း သင်၏ နှလုံးသားကို အသန့်စင်ဆုံး အခြေအနေ တစ်ခု အထိ ပို့ဆောင်နိုင်သည့် အခိုက်အတန့်များလည်း ရှိပေသည်။

မကျွတ်လွတ်သေးသည့် ဝိညာဉ်များမှာ ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။ သူတို့မှာ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသည်။ နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ကြသော်လည်း မည်သူမျှ မမေ့သင့်ချေ။ အာဏာရှင်များနှင့် လောကနှစ်ခုမှ ရွေးချယ်ခံများမှာ သူတို့ နှလုံးသားများ၏ စေစားရာကို လိုက်နာခဲ့ကြသည်။ ကျန်သည့် အရာများက ဒုတိယ ဖြစ်လာခဲ့သည်။

ယောင်ဟုန်ရီက ဖြည်းညင်းစွာပင် သူ၏ နောက်ဆုံးသော လျှို့ဝှက် အမြုတေကို ထုတ်ယူလိုက်၏။ ၎င်းမှာ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အမြုတေ ဖြစ်သည်။ သူ တိတ်တဆိတ်ပင် ၎င်းကို ပစ်ချလိုက်၏။ ၎င်းမှာ ထာဝရ သရဖူ၏ တောက်ပမှု အားလုံးကို ဖယ်ရှားကောင်း ဖယ်ရှားနိုင်သော်လည်း မည်သူမျှ ချဉ်းကပ်ခဲ့ကြခြင်း မရှိပါချေ။ သူတို့အားလုံးမှာ မီတာခုနစ်ရာ အကွာအဝေးမှပင် ဆက်လက် စောင့်ကြည့် နေကြ၏။

အီး...

သန့်စင်သည့် အလင်းရောင် အတွင်း ရောက်ရှိသည်နှင့် အမြုတေထံမှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းက ဝိညာဉ်ပင်ကိုပင် တုန်ရီစေလေရာ လူတိုင်း၏ နှလုံးသားများမှာ လှုပ်ခါ သွားခဲ့ကြသည်။

အမြုတေ အတွင်းမှ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အရိပ် တစ်ခု ထွက်ပေါ်လာကာ မခံမရပ်နိုင်သည့် ဝေဒနာများနှင့် အတူ ရုန်းကန်ရင်း အသေသတ်ပေးဖို့ပင် တောင်းပန် နေသယောင် ရှိသည်။ သူမ၏ အရိုးအဆစ်များမှာ ရွံရှာဖွယ်ရာ အတိုင်းအတာတစ်ခု အထိ လိမ်ကောက်သွားကာ ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ထိုအရိပ်၏ ရင်ဘတ်မှ နေ၍ အနက်ရောင် အလင်းများသည် ပေါက်ကွဲမှု တစ်ခု အလား ထွက်ပေါ်လာကြသည်။

“…”

လူတိုင်း တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ ပုံရိပ်မှာ ထိန်းချုပ်မှု ကင်းမဲ့လာကာ ပိုမို၍ ဖောင်းကြွလာ၏။ သူမက ငါးပူတင်း တစ်ခုနှင့်ပင် တူလာခဲ့သည်။ ထို့နောက်တွင်တော့...

ဘုန်း...

၎င်းမှာ ပူးပေါင်းတစ်လုံးကဲ့သို့ ပေါက်ကွဲ သွားလေတော့၏။ ၎င်း၏ ပေါက်ကွဲမှုနှင့် အတူ အနက်ရောင် မျက်နှာ ထောင်ပေါင်းများစွာမှာ... မဟုတ်သေး သောင်းပေါင်းများစွာ၊ သိန်းပေါင်းများစွာ အထိ ရှိပေလိမ့်မည်။ ၎င်းတို့မှာ ကောင်းကင်ထက်၌ ပေါ်လာခဲ့ကြ၏။ အချို့သော ပုံရိပ်ကြီးများမှာ ပေပေါင်း ထောင်ချီသည် အထိ မြင့်မားလှကာ တရှန်းထက်ပင် ပိုမို၍ ကြီးမားလှသည်။

“ဘုရားရေ...”

ထိုမြင်ကွင်းက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ အားလုံးမှာ ပါးစပ် အဟောင်းသားဖြင့် ကောင်းကင်ကို ငေးကြည့်နေကြလေ၏။

ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို အဝေးမှ စောင့်ကြည့် နေခဲ့၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ဆောင်းရာသီ အလား အေးစက် နေခဲ့သည်။

ထိုမကောင်းဆိုးဝါး စောင့်ကြပ်သူ မိန်းကလေးနှင့် ပထမဆုံး စတင် တွေ့သည့် အခိုက်အတန့်တွင်ပင် သူမထံ၌ ရွံရှာဖွယ် ကောင်းလောက်အောင် ပြင်းထန်သည့် အပြစ်သား အော်ရာများ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ သူမကို ထိုနေရာတွင်ပင် ချက်ချင်း သတ်ဖြတ်လိုသည့် ဆန္ဒမှာ ကောင်းကင်တာအိုထံမှ ဆင်းသက်လာကာ သူ့စိတ်ကိုပင် နာကျင်စေခဲ့သည်။ ထို့ကြောင့်ပင် သူ သူမကို စိတ်ဝင်တစားနှင့် ခဏခဏ ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်တာအိုထံမှ မုန်းတီးမှုကိုပင် ရရှိသည် အထိ မိန်းကလေး မည်သည့် အရာများ လုပ်ခဲ့ကြောင်း ဝေ့ဝူယင် မသိသော်လည်း ရိပ်ဖမ်းသံမှန်းတော့ ခန့်မှန်းမိပေသည်။ သူမက ဝိညာဉ်များကို ထုတ်ယူကာ သူမ၏ ကိုယ်ပိုင် ဝိညာဉ် အင်အား အတွက် လျှို့ဝှက် ဆန်းကြယ်သော နည်းလမ်းကို သုံးကာ မီးစာအဖြစ် လောင်ကြွမ်း ပစ်ခဲ့ခြင်း ဖြစ်သည်။ သူမက သူတို့ကို ပြန်လည် မွေးဖွားခြင်း စက်ဝန်း အတွင်း မဝင်ရောက်နိုင်အောင် ကောင်းကင်တာအို၏ နိယာမကို တိုက်ရိုက် ဆန့်ကျင်ခဲ့သည်။

ရုတ်တရက်... မရေမတွက်နိုင်သည့် ဝိညာဉ်များက သူ့အားကြည့်နေသည်ကို သတိထားလိုက်မိလေရာ ယောင်ဟုန်ရီ အံ့ဩ သွားခဲ့သည်။ သူတို့၏ မျက်ဝန်းများက ကျေးဇူးတင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်သက်သာရာရခြင်းနှင့် ပျော်ရွှင်ခြင်း အရိပ်အယောင်များကို ပြသနေခဲ့သည်။ လေးသည်တော်မှာ သူတို့၏ ကယ်တင်ရှင်ဖြစ်သည်။ သူက သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့သူကို သတ်ဖြတ်ခဲ့လေရာ စိတ်ရင်းမှန်ဖြင့် လေးစားမှုကို ပေးဆောင်ခဲ့ကြသည်။

“ကောင်းမွန်စွာ အနားယူကြပါ”

ယောင်ဟုန်ရီကလည်း လက်နှစ်ဖက်ကို ယှက်ကာ သူတို့ကို ဂါရဝ ပြုလိုက်၏။ မကျွတ်လွတ်သည့် ဝိညာဉ်များမှာ ပျောက်ကွယ် မသွားခင် သူ့ကို ကျေးဇူးတင်စကား ပြောဟန်ဖြင့် ပါးစပ်များ လှုပ်ရှား သွားကြ၏။ အချို့က ကောင်းကင်သို့ မော့ကြည့်နေကြကာ သန့်စင်သည့် အရောင်အသွေးကို ဖုံးလွှမ်းသွားမည့် အချိန်အထိ စောင့်ဆိုင်း နေကြလေ၏။

ဝေ့ဝူယင်၏ စွမ်းအင် သိုလှောင်မှုများမှာ လျှင်မြန်စွာပင် ကုန်ခမ်း နေခဲ့သည်။ ထိုဖြစ်စဉ် တစ်ခုလုံး အောင်မြင်စေရန် ပံ့ပိုးပေးရသည်က မလွယ်ကူလှချေ။ သူ၏ ကြယ်တာရာ ဝိညာဉ်လေးထုထံမှ စွမ်းအားများမှာ လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်ကာ ဖီဆန်လေးထံမှ နေစွမ်းအင်များကိုပင် ထုတ်ယူ နေခဲ့ရသည်။

ဤဖြစ်ရပ် တစ်ခုလုံးမှာ အစွန်းရောက်လောက်အောင် ကုန်ကျစရိတ် များလွန်းလှသော်လည်း အလဟသဟုတော့ သူ မထင်ပါချေ။ စကျင်ကျောက် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် ပတ်သက်သမျှ အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သေချာစေပြီးနောက် သူက လက်မောင်းကို ငုံ့ကြည့်လိုက်သည်။

ပထမ ကပ်ဘေး ရှင်သန်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃

စတုတ္ထ ကပ်ဘေး ဖိနှိပ်ခြင်း... ၁၉ နှစ်

ကမ္မတန်ဖိုး... ၁၉၇၄၂၀.၈ → ၂၁၂၅၃၀.၅

ကမ္မတန်ဖိုးက လျှင်မြန်စွာ မြင့်တက် လာနေခဲ့၏။ တစ်ချိန်တည်း၌... ကောင်းကင်တာအိုမှာ လျှို့ဝှက် ဆန်းကြယ်သည့် အရာ တစ်ခုကို ဖန်တီးနေသည်။ ၎င်းက မည်သည့် အရာဖြစ်နိုင်ကြောင်း ဝေ့ဝူယင် မသိချေ။ သို့သော်လည်း ထိုခံစားချက်က... အရသာ ရှိသည့် ဟင်းလျာ တစ်ခုကို ထိပ်တန်း စားဖိုမှူး တစ်ဦး ချက်ပြုတ်နေသည့် အချိန်ကို စောင့်ဆိုင်းနေရသည်နှင့် ဆင်တူသည်။ ၎င်းက သူ တစ်ခါမှ မမြင်ဖူးလောက်အောင် များပြားလှသည့် ရိတ်သိမ်းမှု တစ်ခု ဖြစ်ပေလိမ့်မည်။ သူ ထိုကဲ့သို့ပင် ခံစားရသည်။

“တစ်ယောက်ယောက်က ထာဝရ ဧကရာဇ် တည်ထောင်ခဲ့တဲ့ စမ်းသပ်ပွဲကို ပြောင်းလဲ ခဲ့သေးတာလား...”

ဝေ့ဝူယင် စဉ်းစားလိုက်မိ၏။ ထာဝရ ဧကရာဇ်မှာ ယခုလို ကြောက်မက်ဖွယ် ကောင်းလှသည့် အရာ တစ်ခုကို တည်ထောင်လိမ့်မည်ဟု သူ မထင်ချေ။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ကြားထဲတွင် ပြောင်းလဲခဲ့သည့် လက္ခဏာများ ပေါ်လွင် နေပေသည်။

သို့သော်လည်း ထိုအရာမှာ ဗီဇနှင့် ခံစားမှုများ အပေါ် အခြေခံ၍ အဖြေရှာနိုင်သည့် ပုစ္ဆာတစ်ပုဒ် မဟုတ်ပါချေ။ သူ့ထံ၌ မည်သည့် သက်သေ အထောက်အထားမှ မရှိချေ။ ကြီးကြပ်သူ၏ နေရာကို ရယူခဲ့ပြီး နောက်တွင်မှ ဝင်္ကပါများနှင့် အစီအရင်များထဲမှ အပြောင်းအလဲ လက္ခဏာ အချို့ကို သူ သတိပြုမိခြင်း ဖြစ်သည်။ အထင်ရှားဆုံး သတိပြုမိနိုင်သည့် အရာက သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်များကို ရယူကာ သိုလှောင်ထားသည့် ဝင်္ကပါ ပုံစံဖြစ်သည်။

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အမြုတေကတော့ မကျန်ရှိခဲ့ပါချေ။ စန်းယွန်းလီမှာ ထိုလူမည်းကြီး၏ ဖြစ်တည်မှု တစ်ခုလုံးကို ရှောင်ယန်ယွဲ့ထံသို့ ပေးခဲ့သည်။ ထို့အပြင် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ အခြား မိစ္ဆာ ကျင့်ကြံသူများနှင့် ခြားနားသည်။ သူက အစစ်အမှန် ပါရမီရှင် တစ်ယောက် ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာကိုသာ အလေးထား ကျင့်ကြံခဲ့သည်။ ကိုယ့်ကိုယ်ကို တိုးတက်စေရန် အတွက် ဤလောကနယ်မြေ၏ စည်းမျဉ်းများကို မလိုက်နာခဲ့သလောက် ဖြစ်သည်။

သူသည်လည်း ရွေးချယ်ခံများကို မသတ်ဖြတ်ခဲ့သည်တော့ မဟုတ်ချေ။ သတ်ဖြတ်ခဲ့သည်သာ ဖြစ်သည်။ သို့သော်လည်း အခြား မကောင်းဆိုးဝါး စောင့်ကြပ်သူများလို မကျွတ်မလွတ် ဝိညာဉ်များအား မီးစာအဖြစ် အသုံးပြုနည့် နည်းလမ်းများကိုတော့ မမှီခိုခဲ့ပါချေ။ ထိုအချက်က မကောင်းဆိုးဝါး စောင့်ကြပ်သူ တစ်ယောက် ဖြစ်စေကာမူ.. မယိမ်းယိုင်သည့် ကိုယ်ကျင့်တရားများနှင့် ခိုင်မာသည့် နိယာမများ ရှိကြောင်း ဖော်ပြနေသည့် သက်သေပင် ဖြစ်သည်။ မဟုတ်ပါက... သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ယခုထက် အဆပေါင်းများစွာ ပိုမို မြင့်မားနေပေလိမ့်မည်။

ဝေ့ဝူယင်၏ ကမ္မတန်ဖိုးမှာ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ လျှို့ဝှက် အမြုတေများနှင့် လျှို့ဝှက် ဝိညာဉ်များ အားလုံး လောင်ကျွမ်းသွားသည့် အချိန်အထိ ဆက်လက် တိုးပွား နေခဲ့၏။ သူ၏ ငွေရောင် မျက်ဝန်းများကတော့ သန့်စင်သည့် အလင်းရောင်များ တဖြည်းဖြည်း အရည်အသွေး လျော့ကျသွားချိန် အထိ စိုက်ကြည့် နေခဲ့သည်။

၀:၁၇...

အလင်းရောင်များ လုံးဝ ဖယ်ရှားသွားချိန်၌ ဆယ့်ခုနစ်စက္ကန့်သာ ကျန်ရှိတော့သည်။ ထာဝရ သရဖူမှာ မည်သည့် အကာအကွယ်မှ မရှိပဲ လေထုထဲ၌ မျောလွင့်နေသည်။ ထိုအကွာအဝေးကို ခြေတစ်လှမ်းတည်းဖြင့် သူတို့ ရောက်ရှိနိုင်သည်။ သို့သော်လည်း မည်သူမှ မရွေ့ခဲ့ကြချေ။ မရွေ့ကြသေးချေ။

စန်းယွန်းလီ မျက်ခုံးကို ပင့်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုနေရာ၌ ထူးဆန်းသည့် မုန်တိုင်းတစ်ခု ဖြစ်တည်နေသည်ဟု သူမ ခံစားရသည်။ ကောင်းကင်လမ်းစဉ် စာအုပ်မှာ လျှို့ဝှက် ဆန်းကြယ်သည့် တေးသံဖြင့် မှေးမှိန်စွာ တုန်ခါ နေခဲ့၏။

အတိတ်ဘဝမှာတုန်းက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ နားမလည်နိုင်သည့် ကပ်ဘေးဆိုး တစ်ခုဖြင့် အဆုံးသတ်ခဲ့ရသည်။ ထို့ကြောင့်ပင် ပေါ့ဆလို့ မရနိုင်ကြောင်း သူမ နားလည်ထားသည်။

ဤသည်မှာ မိမိကိုယ်ကို ထူထောင်ရန် အခိုက်အတန့် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် အတွက် သင့်တော်သည့် လမ်းတစ်ခုကို ပြင်ဆင်ခြင်း ဖြစ်သည်။ သူမ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိ၏။ ပတ္တမြား ရတနာ အလား မျက်ဝန်းများက ခိုင်မာသည့် ဆုံးဖြတ်ချက်များနှင့် ပြည့်နှက်သွားခဲ့သည်။

“ဆိုတော့ သူ့ရဲ့ ရည်ရွယ်ချက်က ဒါပေါ့...”

ထျန်းရီဝူ နောက်ထပ် အလံ တစ်ခုကို စိုက်ထူရင်း ညင်သာစွာ မှတ်ချက်ပေးလိုက်သည်။

“ဘယ်လောက်တောင် ထူးဆန်းပြီး ခန့်မှန်းလို့ မရတဲ့လူလဲ...”

ငွေရောင် မျက်ဝန်းများနှင့် လူငယ်၏ ပန်းတိုင်နှင့် ရည်ရွယ်ချက် အကြောင်း သူ လုံးဝ မရိပ်မိခဲ့ချေ။ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို သန့်စင်ခြင်းဖြင့် ပိတ်မိနေသည့် ဝိညာဉ်များကို တိုက်ရိုက် လွတ်မြောက်စေရန်မှာ ဝေ့ဝူယင်၏ ရည်ရွယ်ချက် ဖြစ်ကြောင်း သူ တစ်ခါမှ မခန့်မှန်းမိခဲ့ချေ။

သူ သုံးခဲ့သည့် နည်းလမ်းက ရှုပ်ထွေးသော်လည်း မဆိုးပါချေ။ အထူးသဖြင့်... မကျွတ်လွတ်သေးသည့် ဝိညာဉ်များ၏ မျက်နှာများကို အပြုံးများဖြင့် ပို့ဆောင်ပေးခဲ့ခြင်းက ရွေးချယ်ခံများ၏ ဘဝ အတွက် မမေ့နိုင်သည့် အမှတ်တရ တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူ သက်ပြင်းတစ်ချက် ချရင်း ဆက်လက် လှုပ်ရှားလိုက်၏။ သူ့ထံတွင် ပြီးမြောက်ရန် တာဝန်တစ်ခု ရှိနေခဲ့ပေသည်။

၀:၁၆...

လေထုအတွင်းရှိ ဖိအားများက မြင့်တက်လာနေခဲ့၏။ ခြားနားချက်မှာ တစ်စက္ကန့်မျှသာ ရှိသော်လည်း လူတိုင်းမှာ ဝိညာဉ် အထိ သက်ရောက်သည့် အပြောင်းအလဲများကို ခံစားခဲ့ရလေည်။

ရွှင်း...

ရုတ်တရက် အားလုံး၏ ခေါင်းများမှာ လောက တားမြစ်ခြင်း အစီအရင်ဘက်သို့ ရွေ့လျား သွားခဲ့ကြ၏။ ဆေဘာဟိန်းဟောက်သံ တစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters