ဧရာမ ဝေလငါးဂိုဏ်းခေါင်းဆောင်က မိစ္ဆာနတ်ဆိုးကို တိုက်ခိုက်ခြင်း။ နတ်ဆိုးများထဲမှ မိစ္ဆာနတ်ဆိုး။ (၁)
Vol. 16 Ch. 226
ထိုစကားကြောင့် စူးချန်ခုန်း အံ့အားသင့်သွားသည်။
ကုန်းပါးလည်း အံ့ဩသွားလေ၏။ "စစ်ခုန်းယုံ ဒီလူအိုကြီးကို သိလား"
စူးချန်ခုန်း အံ့အားသင့်သွားသော်လည်း ထိုအဘိုးအိုကို သူပထမဆုံးတွေ့ဖူးတာဖြစ်ပြီး သူလုံးဝ မသိကြောင်း နားလည်သော်လည်း တစ်ဖက်လူ၏စကားများက စစ်ခုန်းယုံနှင့် ရင်းနှီးမှုကို ပြသနေသည်။ ထို့အပြင် 'သူ' သည် သေသွားပြီဖြစ်ကြောင်း ပြောခဲ့ပြီး ထိုအကြောင်းကို အံ့သြနေသည့်အသွင် ပြခဲ့သည်။ ဧကန္တ…
သူတို့နဲ့ မျက်နှာချင်းဆိုင်က ကုန်းကုန်းကွကွ အဘိုးအိုက အံ့အားတကြီး ကြည့်ရင်း "အဲ့လို ဒဏ်ရာမျိုးနဲ့ဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့တာ သေချာပါတယ်။ သေချာပေါက် သေမှာပဲလေ..."
"ဘာရယ်"
ထိုအဘိုးကြီးပြောသည့်စကားကြောင့် စူးချန်ခုန်းသာမက စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့နှစ်ယောက်လုံး တုန်လှုပ်ခြောက်ခြားကာ သူတို့၏မျက်လုံးများထဲဲတွင် မယုံကြည်မှုများ ပေါ်လွင်နေ၏။
ဧရာမဝေလငါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က သေဆုံးသွားခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူ၏ အတောက်ပဆုံးအချိန်တွင် စစ်ခုန်းယုံ၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သို့သော် တစ်နေ့တွင် စစ်ခုန်းယုံသည် ဧရာမဝေလငါးဂိုဏ်းမှ ရုတ်တရက် ထွက်သွားခဲ့ပြီး သူပြန်ရောက်လာသောအခါတွင် သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် ဆေးပင်မကယ်နိုင်တော့။ နောက်ဆုံးစကား ချန်ထားခဲ့ဖို့ အခွင့်အရေးတောင် မရဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
မငြိမ်မသက်မှု မဖြစ်စေရန်အတွက် စစ်ခုန်းမိသားစုမှ စစ်ခုန်းယုံ၏ သေဆုံးမှုကို ဖုံးကွယ်ထားပြီး သူက တံခါးပိတ်ကျင့်ကြံနေသည်ဟုဆိုခဲ့သည်။ စူးချန်ခုန်း ရောက်လာပြီးနောက် စစ်ခုန်းယုံအယောင်ဆောင်ပြီး ဧရာမဝေလငါးဂိုဏ်း အတွင်းရှိ မငြိမ်မသက်မှုတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
စစ်ခုန်းမိသားစုသည် စစ်ခုန်းယုံကိုသတ်ခဲ့သော လူသတ်သမားကို လျှို့ဝှက်စုံစမ်းခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ရပေ။ စစ်ခုန်းယုံကိုသတ်နိုင်တဲ့လူဟာ ကြောက်စရာကောင်းတဲ့ စွမ်းအားရှင်ဖြစ်ရမယ်လို့ စိတ်ကူးကြည့်နိုင်ပါသည်။
လူတိုင်းကို အံ့အားသင့်စေတာက ဒီညမှာတော့ လူသတ်သမားက သူ့ကိုယ်သူ ကိုယ်ထင်ပြလိုက်လေပြီ။
ဒါကြောင့် စူးချန်ခုန်းကိုတွေ့လိုက်ရတဲ့ အဘိုးကြီးက သေချာပေါက် ထိတ်လန့်တုန်လှုပ်သွားခဒ့ပြီး သူဘာကြောင့် မသေသေးတာလဲဆိုတဲ့ မေးခွန်းက သူဟာ စူးချန်ခုန်းကို သေသွားလောက်ပြီလို့ ယူဆရတဲ့ စစ်ခုန်းယုံနဲ့ လူမှားနေလို့ပင်ဖြစ်သည်။
"သူပဲမလား... ငါတို့အဖေကိုသတ်ခဲ့တာ သူမလား။" စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ အံကြိတ်ကာ မျက်လုံးများတွင် အမုန်းတရားများ တောက်လောင်နေလျက် ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေ၏။
အထင်ကြီးစရာကောင်းလှသော စစ်ခုန်းယုံ သည် ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး သူတို့ရှေ့တွင် သေဆုံးသွားခဲ့သည်။ သူတို့မောင်နှမသည် ဖခင်သေဆုံးခြင်းအကြောင်းကို အိပ်မက်ဆိုးများထဲ မကြာခဏ မက်လေ့ရှိသည်။
စူးချန်ခုန်းသည် သူ့မျက်လုံးများဖြင့် စစ်ခုန်းကျန့် နှင့် စစ်ခုန်းဟွမ်တို့ကို စိတ်ငြိမ်ငြိမ်ထားရန် မျက်ရိပ်ပြလိုက်သည်။ သူတို့ရှေ့က ကုန်းကုန်းကွကွ အဘိုးအိုဟာ စစ်ခုန်းယုံကို သတ်ခဲ့တဲ့ လူသတ်သမား ဖြစ်နိုင်ချေများတဲ့အပြင် လူသားမဟုတ်သူလို့ သံသယရှိပြီး နားမလည်နိုင်လောက်အောင် နက်နဲတဲ့သူဖြစ်သည်။ တိုတောင်းတဲ့ တွေ့ဆုံမှု ခဏတာလေးမှာ ပြသခဲ့တဲ့ သူ့ရဲ့အရည်အချင်းတွေက အံ့မခန်းပါပင်။
စူးချန်ခုန်းနှင့် ကုန်းပါးတို့လို စွမ်းအားကြီးသော ပုဂ္ဂိုလ်များပင် အဘိုးကြီးထံမှ ထွက်ပေါ်လာသော ပြင်းထန်ပြီး ကြောက်စရာကောင်းသည့် အန္တရာယ်ကို ခံစားခဲ့ရပြီး ထိုအဘိုးအိုသည် သူတို့အား ခြိမ်းခြောက်နိုင်စွမ်း ကြီးမားသော ရန်သူဖြစ်ကြောင်း သက်သေပြနေသည်။
"မဟုတ်ဘူး... ရုပ်ချင်းတူပေမယ့် မင်းရဲ့ ချီစွမ်းအား၊သွေးနဲ့ အရောင်ဝါက သူ့နဲ့ လုံးဝမတူဘူး။ မင်းက သူ့အမွှာညီအစ်ကိုများလား။ ငါမှန်တာပဲ။ အဲဒီဒဏ်ရာတွေက ဘယ်သူ့ကိုမဆို သေစေနိုင်လောက်တယ်!"
မြန်မြန်ဆန်ဆန်ပင် ခပ်ကုန်းကုန်း အဘိုးအိုက ခေါင်းယမ်းလိုက်ပြီး သူ့ပါးစပ်ကို ကွေးတက်သွားသည်။
တစ်ခါက အဘိုးကြီးသည် စစ်ခုန်းယုံကို တိုက်ခိုက်ခဲ့သည်။ စစ်ခုန်းယုံသည် အလွန်သန်မာပြီး တောနက်စီရင်စုမြို့တော်ရှိ ထိပ်တန်းလူနည်းစုများထဲတွင် အဆင့်သတ်မှတ်ခံရကာ သူ့ထံမှ လွတ်မြောက်ရန်ပင် စွမ်းဆောင်နိုင်ခဲ့ပြီး ထိုအဘိုးအိုကို အလွန်အထင်ကြီးသွားစေခဲ့သည်။ သို့သော် စစ်ခုန်းယုံသည် ထိုအချိန်တုန်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး အသက်ရှင်ရန် မဖြစ်နိုင်ပေ။
ခပ်ကုန်းကုန်း အဘိုးအိုသည် အလွန်တရာ ထူးခြားပြီး တစ်စုံတစ်ယောက်၏ ချီစွမ်းအင်နှင့် သွေး၏ ခွန်အားကို ကောင်းစွာ ရိပ်မိသည်။ စူးချန်ခုန်းသည် 'စစ်ခုန်းယုံ' မဟုတ်ဘဲ အသွင်အပြင်တူသော အမြွှာညီအကို ဖြစ်နိုင်သည်ဟု သူ အသေအချာ သတိပြုမိသည်။
စူးချန်ခုန်းက ဘာမှပြန်မပြောဘဲ စစ်ခုန်းမောင်နှမများမှလွဲ၍ အခြားသူများမှာ ထုံးစံအတိုင်း နားမလည်ဘဲ စိတ်ရှုပ်သွားကြသည်။
"အင်း၊ ငါတော်တော် ဗိုက်ပြည့်နေပြီမို့ ထွက်သွားတော့မယ်။ မင်းတို့ကို ထပ်လိုအပ်ရင် လာရှာလိုက်မယ်။ မင်းတို့ရဲ့အနံ့ကို ငါမှတ်ထားလိုက်ပြီ။"
ခါးကုန်းကုန်းအဘိုးကြီးသည် ခေါင်းယမ်းကာ သူ့ရှေ့ကလူနှင့် စစ်ခုန်းယုံတို့၏ ဆက်ဆံရေးကို ဆက်စဉ်းစားမနေတော့ပေ။ တကယ်တော့ သူတို့သည် သူ့အသွင်ပြောင်းမှုဖြစ်စဉ်အတွက် အစားအစာများပင် ဖြစ်သည်။
ထိုသို့ပြောပြီးနောက် အဘိုးကြီးသည် ထွက်သွားဖို့ ကြံလိုက်သော်လည်း ကုန်းပါးက အော်ပြောလိုက်သည်။ “ခင်ဗျားက ဘယ်သူလဲ။ အဲဒီ နတ်ဆိုးတွေက ခင်ဗျားရဲ့ အမိန့်အောက်ကလား”
လွန်ခဲ့သည့်နှစ်များစွာကတည်းက မိစ္ဆာနတ်ဆိုးများနှင့် ဆင်တူသည့် သတ္တဝါများသည် တောနက်စီရင်စုမြို့တစ်ဝိုက်တွင် ကမောက်ကမဖြစ်စေခဲ့သည်။ ယခုတော့ လူမဟုတ်ဟုထင်ရသော ကုန်းကွကွ အဘိုးကြီး ပေါ်လာတော့မှ ထိုမိစ္ဆာနတ်ဆိုးများနှင့် ဆက်စပ်နေတာ သိသာနေပြီး ကုန်းပါးက သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ဖို့ ဆန္ဒမရှိပေ။
ထိုစကားကြောင့် ဖုန်းမော့ဟုခေါ်သော အဘိုးအိုက အယုတ်တမာ ရယ်သံကြီးဖြင့် "ငါလား။ ငါ့နာမည် ဖုန်းမော့၊ မင်းပြောခဲ့တဲ့ 'မိစ္ဆာနတ်ဆိုး' ကတော့... သူတို့က တကယ့် နတ်ဆိုးတွေမဟုတ်ပေမယ့် ငါ့ကို ခစားနေကျတဲ့ အဆင့်နိမ့်နတ်ဆိုးကောင်တွေပဲ။ တစ်ချိန်က သူတို့က မင်းတို့နဲ့ အတူတူပဲလေ။ အထင်သေးစရာကောင်းတဲ့ အင်းဆက်လေးတွေ။ အစာတွေပေါ့ကွာ"
"ခုနက မိစ္ဆာနတ်ဆိုးတွေက တကယ့်မိစ္ဆာနတ်ဆိုးတွေ မဟုတ်ဘူးလား။ သူတို့က နတ်ဆိုးကျွန်တွေပေါ့။"
“အဲဒီနတ်ဆိုးကျွန်တွေက အစက လူသားတွေလား”
အဘိုးကြီး ဖုန်းမော့၏ စကားများသည် လူတိုင်း၏ ကျောများကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်ချောက်ချားသွားစေသည်။ သာမန်လူများအမြင်တွင် အလွန်အစွမ်းထက်ပုံပေါက်သည့် 'မိစ္ဆာနတ်ဆိုးများ' သည် မိစ္ဆာနတ်ဆိုးများမဟုတ်ဘဲ နတ်ဆိုးကျွန်များသာဖြစ်သည်။
ဤမိစ္ဆာနတ်ဆိုးများသည် မူလက လူသားများကြဖြစ်ပြီး ကိုယ့်ကိုယ်ကို ကြွေးကြော်ထားသော ဤဖုန်းမော့၏ ထိန်းချုပ်ခြင်းခံရသော နတ်ဆိုးကျွန်များအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ကုန်းပါး၏ မျက်လုံးများသည် အေးစက်သော အလင်းတန်းများ လက်ကနဲ။ ဖုန်းမော့ပြောသည့်ပုံစံအရ သူသည် သူတို့ကို လုံးဝ မစဉ်းစားဘဲ သူ့ကိုယ်သူ ယုတ်ညံ့သော သတ္တဝါတစ်စုနှင့် ရင်ဆိုင်ရသည့် မောက်မာထောက်လွှားသော အုပ်ချုပ်သူ၏ သဘောထားကို ပြသနေသည်။
ဖုန်းမော့၏စကားအရ တောနက်စီရင်စုမြို့တော်တွင် မကြာသေးမီနှစ်များအတွင်း ဖြစ်ပျက်ခဲ့သည့် ပရမ်းပတာများက သူ့လက်ချက်ဖြစ်ကြောင်း ထင်ရှားသည်။
"သူ့ကိုသတ်!"
ကုန်းပါး၏ မျက်လုံးများသည် လူသတ်လိုစိတ်များ ပြည့်လာပြီး ဖုန်းမော့ကို အလွတ်ပေးလိုသည့် ရည်ရွယ်ချက်မရှိပေ။ ထိုလူက ဒီည တိုက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး သူတို့ရဲ့ အနံ့ကို မှတ်ထားကာ နောက်မှ ပြန်လာမယ်လို့တောင် ပြောခဲ့သည်။
သူ့စိတ်ထဲတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်မှာ ဖုန်းမော့ကို ထိုနေရာတွင် သတ်ပစ်ရန် ဖြစ်သည်။
ဘာသတိပေးချက်မှမရှိဘဲ ကုန်းပါး ရုတ်တရက် လှုပ်ရှားလိုက်သည် ။
လေတိုးနှင့်အတူ ကုန်းပါး၏လက်ထဲမှ အနက်ရောင်ရွှေတိုက်ပွဲဝင်ဓားသည် လေထုကိုခွင်းကာ ၎င်း၏အစွန်းများကို သတ္တုကို အသာလေး ခုတ်ထစ်နိုင်စွမ်းရှိသော ဓားချီဖြင့် လေထုထဲတွင် အံ့အားသင့်ဖွယ် ခုတ်ပိုင်းကာ ကုန်းကုန်းကွကွ အဘိုးအို ဖုန်းမော့၏လည်ပင်းကို ခုတ်ထစ်ရန် ရွယ်လိုက်လေ၏။