← Chapters

ဧရာမ ဝေလငါးဂိုဏ်းခေါင်းဆောင်က မိစ္ဆာနတ်ဆိုးကို တိုက်ခိုက်ခြင်း။ နတ်ဆိုးများထဲမှ မိစ္ဆာနတ်ဆိုး။(၂)

Vol. 16 Ch. 227

ဧရာမ ဝေလငါးဂိုဏ်းခေါင်းဆောင်က မိစ္ဆာနတ်ဆိုးကို တိုက်ခိုက်ခြင်း။ နတ်ဆိုးများထဲမှ မိစ္ဆာနတ်ဆိုး။(၂)

Vol. 16 Ch. 227

ဖုန်းမော့က လုံးဝ တုံ့ပြန်သည့်ပုံမပေါ်ပါ။ ခေါင်းပြတ်လောက်မယ့် ပေါက်ကွဲသံကြီးက သူ့လည်ပင်းကို ရောက်လာပေမယ့် ဖုန်းမော့က တစ်ချက်တည်းနဲ့ ခေါင်းဖြတ်ခံရမယ့် အခြေအနေမျိုး ဖြစ်မလာခဲ့ပါ။

"ဘာ"

ကုန်းပါး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဖုန်းမော့ဟာ အသွေးအသားနဲ့ လုံးဝ မလုပ်ထားသလိုမျိုး၊ တောင်ကြီး ဒါမှမဟုတ် မြစ်ကို ထိသွားသလိုမျိုး၊ သူ့ဓားက ဖုန်းမော့ရဲ့ လည်ပင်းကို တစ်လက်မတောင် မနက်တဲ့ ခြစ်ရာလေးတစ်ခုသာ ထိမှန်သွားခဲ့သည်။

"အာ... ငါအများကြီးစားပြီးသွားပြီ။ ဒီလိုအရသာရှိတဲ့ အစာတွေကို မဖြုန်းတီးချင်ဘူးကွာ။ လတ်ဆတ်တဲ့ အစားအစာကမှ အကောင်းဆုံးပဲလေ။"

ဖုန်းမော့၏ ငြီးငွေ့နေသော မျက်လုံးများသည် သူ့ရှေ့က ကုန်းပါးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူသည် သက်ပြင်းရှည်ကို ထုတ်လိုက်ပြီး သူ၏ မျက်ဆန်များက သားရဲလိုမျိုး ဒေါင်လိုက်ဖြစ်ကာ အကြည့်များက စူးရှလာ၏။ သူ့ဆီကနေ အန္တရာယ်များတဲ့ နိမိတ်ဆိုး အရောင်အဝါတစ်ခု ပျံ့နှံ့လာသည်။

ဝှစ်။

ဖုန်းမော့၏ ညာဘက်လက်သည် ရုတ်တရက် လျင်မြန်စွာ လှုပ်ရှားသွားသည်။ ထင်ထားတာထက် ပိုမြန်သည်။

သူ၏လက်မောင်းသည် မီတာတစ်ဝက်ကျော်အထိ ထူးထူးခြားခြား ပြန့်ကားလာပြီး ဓားမြှောင်ကဲ့သို့ သေးသွယ်သော လက်ချောင်းများက ကုန်းပါး၏နှလုံးသားဆီသို့ ရောက်လာ၏။

“ဝှစ်”

ကုန်းပါးသည်လည်း သူ့ကိုယ်တိုင်က ပျော့ညံ့သူမဟုတ်ပေ။ လေနှင့်အတူ လွင့်မျောနေသော သစ်ရွက်ကဲ့သို့ လျင်မြန်သွက်လက်သော လှုပ်ရှားမှုများဖြင့် ရှောင်တိမ်းလိုက်သော်လည်း ကုန်းပါး၏ ရင်ဘတ်ရှေ့တွင် ပွတ်တိုက်သံများ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားသည် ။

ကုန်းပါးသည် ဆယ်မီတာအပြည့် ဆုတ်သွားကာ သူ့မျက်နှာသည် အလွန် အကျည်းတန်သွားလေ၏။ ယခု သူဝတ်ထားသည့် အနက်ရောင် ရွှေရောင် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာသည် ရင်ဘတ်တစ်လျှောက်တွင် အနက်ရောင် လက်သည်းရာများဖြင့် ပေါက်ပြဲနေသည်။

ဖုန်းမော့၏လက်သည်းများသည် ကုန်းပါး ၏ချပ်ဝတ်တန်ဆာကို ဆုတ်ဖြဲနိုင်သည့် နတ်လက်နက်များထက် အမှန်တကယ် ချွန်ထက်လေသည်။ အသွေးအသားနဲ့သာဆိုရင် ဘယ်လိုဖြစ်လဲဆိုတာ စိတ်ကူးကြည့်နိုင်သည်။ ထိုနေရာ၌ပင် ဆုတ်ဖြဲခံရမည်မှာ သေချာပါသည်။

"သူ့ဒဏ်ရာက... ပျောက်သွားပြီလား"

ပိုပြီးထိတ်လန့်စရာကောင်းတာက ဖုန်းမော့ရဲ့လည်ပင်းက ခြစ်ရာက သွေးတစ်စက်တောင် မကျခင်မှာ ဒဏ်ရာကနေ အနီရောင်မီးခိုးတွေ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့သည်။

"သူ...သူက လူမဟုတ်ဘူး။ သူက... တကယ့် မိစ္ဆာနတ်ဆိုးပဲ!"

"မိစ္ဆာနတ်ဆိုးတွေမှာ သတ်ဖို့မဖြစ်နိုင်တဲ့ အမတခန္ဓာကိုယ်တွေရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေက အမှန်ပဲလား...။"

ဒီမြင်ကွင်းကိုမြင်တော့ တောနက်စီရင်စုတပ်သားတွေက သူတို့ရဲ့ ဦးရေပြားတွေ တဆတ်ဆတ်တုန်လာသလို ခံစားလိုက်ရသည်။

ဤဖုန်းမော့သည် ကြေးနီကဲ့သို့ မာကျောသောအရေပြားရှိပြီး သံကဲ့သို့ ခိုင်မာသော အရိုးများ ရှိသည်။ ကုန်းပါး၏ ပြင်းထန်သော ခုတ်ချက်ကပင် သူ့လည်ပင်းတွင် ဒဏ်ရာပါးပါးလေးသာ ချန်ထားနိုင်ခဲ့သည်။ ဒါတင်မကဘဲ ဒီဒဏ်ရာက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကင်းသွားပြီး ဒါကသိုင်းပညာရှင်တိုင်း လက်လှမ်းမမီနိုင်တဲ့ အဆင့်ဖြစ်သည်။

အတိအကျပြောရလျှင် အရင်က မိစ္ဆာနတ်ဆိုးများသည် နတ်ဆိုးကျွန်များဖြစ်သည်။ ခိုင်မာသော အသားအရေနှင့် အသက်စွမ်းအားပြင်းသော်လည်း သူတို့ကို သတ်ပစ်နိုင်သေးသည်။ သို့ပေမယ့် သူတို့ရှေ့မှာ ဖုန်းမော့ကတော့ လုံးဝကွဲပြားတဲ့သူပင်။

"ဒါဆိုလည်း ညစာစားပြီး အစာကြေအောင်လို့ လေ့ကျင့်ခန်းလေး လုပ်ကြတာပေါ့။"

ဖုန်းမော့၏ ရှည်လျားသောလျှာသည် သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီး ရက်စက်သောမျဉ်းကွေးတစ်ခုက သူ့ပါးစပ်ထောင့်တွင် ပေါ်လာ၏။ သူ့မျက်နှာသည် ဆိုးယုတ်သောအမူအရာဖြင့် ပြည့်နှက်နေပြီး အရေပြားပေါ်တွင် အနက်ရောင် အကြေးခွံများ ပေါက်လာသည်။

“ဂျွတ် ဂျက် ဂျက်!”

သူ့အရိုးတွေ တဆတ်ဆတ်မြည်ပြီး ဂျွတ်ကနဲ အသံထွက်လာသည်။ ဖုန်းမော့၏ ကုန်းကုန်းကွကွ ခန္ဓာကိုယ်သည် ချက်ချင်းပင် တည့်မတ်သွားသည်။ ယခင်က ကျောကုန်းနေသော အဘိုးအိုတစ်ဦး၏အသွင်အပြင်ရှိသော်လည်း ယခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းသွားကာ အနည်းငယ်ပိန်ပါးသော်လည်း လူသားတစ်ယောက်နှင့်လုံးဝမတူတော့ပေ။

ထို့အပြင် သူ့ဆီကနေ ထွက်လာတဲ့ အငွေ့အသက်က အမုန်းတရားများ၊ ပျက်စီးမှုများနှင့် ပိုပြည့်နေတယ်။ သူ့အနီးတစ်ဝိုက်တွင် မီတာများစွာအကွာအဝေးအတွင်း အပင်များ ကြွေကျကာ ဆွေးမြေ့ပျက်စီးသွားသည်ကို မြင်နိုင်လေသည်။

“ဘာနတ်ဆိုးကောင်ကြီးလဲဟ…”

ဤအသွင်ပြောင်းမှုကို မျက်မြင်တွေ့လိုက်ရသောအခါ အခင်းဖြစ်ပွားရာနေရာရှိ စစ်သားများသည် အထိန်းအကွပ်မဲ့ တုန်ယင်ကာ သွားများ တဂတ်ဂတ်ရိုက်နေလျက်။ ဒါက သူတို့လက်ခံဖို့ ခက်ခဲတဲ့ကိစ္စပင်။

တောနက်စီရင်စုမြို့၏စစ်သားများသည် တောနက်စီရင်စုမြို့၏ ငြိမ်သက်အေးချမ်းကို ထိန်းသိမ်းရန် ဂရုတစိုက် ရွေးချယ်ထားသော အထက်တန်းလွှာ စစ်သည်များဖြစ်ကြပြီး တိုက်ခိုက်ရေးအတွေ့အကြုံ ကြွယ်ဝကာ ကောင်းစွာလေ့ကျင့်ထားလျက် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို ကျင့်သားရနေကြပြီဖြစ်သည်။

သို့သော် ဤ 'ဖုန်းမော့' နှင့် ရင်ဆိုင်ရသောအခါတွင် သူတို့သည် ကြောင်နှင့်ရင်ဆိုင်သော ကြွက်တစ်ကောင်ကဲ့သို့ပင် ရဲရင့်မှုတစ်ခုတည်းဖြင့် မခုခံနိုင်သော ဗီဇကို ခံစားခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် တုန်လှုပ်ခြောက်ခြားကာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ကုန်းပါးသည်လည်း နှလုံးခုန်မြန်လာသည်ကို ခံစားလိုက်ရပြီး သူ၏ဆံပင်များ ထောင်လာသည်။ သို့သော်လည်း သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် သွေးဆာသော အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။ "ကောင်းတယ်။ အရမ်းကောင်းတယ်! ငါ့ဘ၀မှာ ကုန်းပါးဆိုတဲ့ငါက မရေတွက်နိုင်တဲ့ လူတွေကို သတ်ပစ်ခဲ့ပေမယ့် ပထမဆုံးအကြိမ် တကယ့် မိစ္ဆာနတ်ဆိုးနဲ့ ကြုံရတာပဲ... ဒီလိုဆိုရင် သူ့ကို ငါ့ဓါးအောက်မှာ ကျရှုံးမယ့် ပထမဆုံး မိစ္ဆာနတ်ဆိုးဖြစ်အောင် လုပ်ရမယ်!"

ထူထဲသော အကြေးခွံများ ဖုံးလွှမ်းနေသော လူသားမဆန်သည့် ဖုန်းမော့ကို အလိုလို ကြောက်ရွံ့မိသော ကုန်းပါးမှာလည်း ရင်ဖိုစိတ်လှုပ်ရှားလာ၏။

တောနက်စီရင်စုမြို့၏ ထိပ်တန်းစစ်သည်တော် ဖြစ်လာပြီးကတည်းက ကုန်းပါး သည် တော်ရုံတန်ရုံ လှုပ်ရှားမှုမရှိခဲ့သလို သူ့ကို သွေးဆူစေသော ရန်သူနှင့်လည်း တွေ့ရခဲသည်။ ယခု ဖုန်းမော့နှင့် ရင်ဆိုင်ရသည်မှာ အချိန်အတော်ကြာပြီးနောက် ထိုခံစားချက်ကို ပြန်လည်တွေ့ရှိခဲ့သည်။

သိုင်းပညာရှင်တစ်ဦးသည် သိုင်းပညာလမ်းကြောင်းပေါ်တွင် အောင်ပွဲခံရန် ကြောက်မက်ဖွယ်ကောင်းသော ရန်သူများကို စိန်ခေါ်ရန် ကြိုးစားကြသည်။

“အားးး!”

ကုန်းပါးသည် သစ်တောများကို တုန်လှုပ်စေမည့် ဟိန်းဟောက်သံကို အော်ထုတ်လိုက်ပြီး သူ့နှလုံးက ပြင်းထန်စွာ ခုန်ကာ သူ့ခန္ဓာကိုယ်တစ်လျှောက် သွေးများ လျင်မြန်စွာ စီးဆင်းသွားအောင် တွန်းထုတ်လိုက်သည်။ များပြားလှသော ချီစွမ်းအင်နှင့် သွေးများသည် တဟုန်ထိုး ပြန့်ကျဲသွားကာ ကုန်းပါး၏ခေါင်းထက်တွင် ခွေနေသည့် အနီရောင်နဂါးကြီးအဖြစ် တက်လာကာ အသက်ရှုရခက်စေသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်လိုက်သည်။

ချီသွေးနဂါးရှည်။

ကုန်းပါးသည် လွန်ခဲ့သောနှစ်များက ချီသွေးနယ်ပယ်၏ တတိယနယ်ပယ်ဖြစ်သော ချီသွေးနဂါးရှည်နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ အခုအချိန်မှာ နားမလည်နိုင်လောက်အောင် နက်နဲတဲ့ ဖုန်းမော့ကို ရင်ဆိုင်ရခဲ့ပြီး တကယ့်မိစ္ဆာနတ်ဆိုးလို့ ခေါ်တဲ့အရာက ဘာလုပ်နိုင်မလဲဆိုတာ သိနိုင်ဖို့ သူ့ရဲ့ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်သည်။

“သတ်ပစ်မယ်!”

ချီနှင့် သွေးများ ရှေ့သို့ ပေါက်ကွဲထွက်လာသဖြင့် မြင်နေရသော အနီရောင်နဂါးကြီးက ကုန်းပါးကို ဝန်းရံလိုက်သည်။ သူက အော်ဟစ်ကာ သူ၏ အနက်ရောင် ရွှေတိုက်ပွဲဝင်ဓားသွားသည် မြစ်များနှင့် ရေတံခွန်များကို ဖြတ်တောက်ရန် တွန်းအားဖြင့် ရှေ့သို့ ချီတက်လာပြီး ဖုန်းမော့ဆီသို့ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

"ဟားဟားဟား စိတ်ဝင်စားစရာပဲ!"

ဖုန်းမော့သည် ထိတ်လန့်တုန်လှုပ်ခြင်းထက် ဝမ်းသာအားရ ရယ်မောလိုက်သည်။ အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသော သူ၏ ပိန်ပါးသော လက်များက ဝင်လာသော ဓါးများဆီသို့ ရွေ့လျားသွားလေ၏။

All Chapters