ဧရာမ ဝေလငါးဂိုဏ်းခေါင်းဆောင်က မိစ္ဆာနတ်ဆိုးကို တိုက်ခိုက်ခြင်း။ နတ်ဆိုးများထဲမှ မိစ္ဆာနတ်ဆိုး။(၃)
Vol. 16 Ch. 228
“ရွှမ်း!”
သတ္တုချင်းထိမိသည့် ပြတ်သားသော အသံကြားတွင် ဖြတ်သန်းလာသော ဓားချီသည် ဖုန်းမော့ နောက်က သစ်ပင်များကို ထက်ပိုင်းပိုင်းကာ မြေပြင်ကို အက်ကြောင်းနက်ကြီးများ ဖြစ်သွားစေသော စူးရှသည့် လေလှိုင်းများ ရိုက်ခတ်သွားသည်။
ကုန်းပါးရဲ့ အနက်ရောင် ရွှေတိုက်ပွဲဝင် ဓားသွားကို သူ့လက်ဖဝါးနဲ့ အတင်းပိတ်ဆို့ထားတဲ့ ဖုန်းမော့မှာ လက်ဖဝါးကို ဖုံးထားတဲ့ အကြေးခွံပေါ်၌ ခြစ်ရာတစ်ခုသာ ကျန်ခဲ့သည်။ ဖုန်းမော့၏ နတ်ဆိုးကဲ့သို့ ခန္ဓာကိုယ်သည် ထျဲကျင့်ကန်းကဲ့သို့သော ပြင်ပခွန်အားနည်းများကို ကျင့်သုံးသူများထက် အဆပေါင်းများစွာ ပိုသန်မာပါသည်။
"တိုက်ပွဲဝင်ဓားနည်းတစ်ရာ၊ တိုက်ပွဲရာချီ၌ အောင်နိုင်သူမရှိ။"
ကုန်းပါးက အော်ဟစ်ပြီး သူ့ခန္ဓာကိုယ်၌ အနက်ရောင် ရွှေချပ်ဝတ်တန်ဆာကို ၀တ်ထားကာ သွေးနီရောင် ချီသွေးနဂါးကြီးက ပတ်ပတ်လည်တွင် ရစ်ပတ်ထားသောကြောင့် သူက စစ်နတ်ဘုရားအလားပင်။ သူ့လက်ထဲတွင်ရှိသော အနက်ရောင် ရွှေတိုက်ပွဲဝင်ဓားသွားသည် ကြီးကျယ်ခမ်းနားပြီး လူသတ်ရောင်ဝါဖြင့် ပြည့်နှက်နေ၏။ ၎င်း၏ အေးစက်စက်အလင်းရောင်သည် အလွန်တောက်ပနေသဖြင့် ပတ်ပတ်လည်ရှိ သစ်တောများကို နေ့အလင်းရောင်ကဲ့သို့ ရှင်းလင်းပြတ်သားစေပြီး တောနက်စီရင်စုမြို့၏ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို ပြသနေသည်။
"ရွှမ်း ရွှမ်း ရွှမ်း"
ကုန်းပါး၏ ဓါးခုတ်ချက်များသည် မယုံနိုင်လောက်အောင် မြန်ဆန်သော်လည်း ဖုန်းမော့၏ လက်သည်း ထိုးနှက်ချက်များသည် တစ္ဆေတစ်ကောင်လို လျင်မြန်သည်။ သူ၏ အကြေးခွံနှင့် လက်သည်းများသည် အနက်ရောင် ရွှေတိုက်ပွဲဝင်ဓားသွားနှင့် အဆက်မပြတ် ထိနေသဖြင့် ဆက်တိုက် ခုတ်ထစ်နေရင်း ပိုက်ကွန်ကြီးသဖွယ် ဖြစ်ပေါ်နေသည်။
ပြိုးပြိုးပြက်ပြက်ပြက် တောက်နေသော မီးပွားများနှင့် အအေးဓာတ် ရောင်ခြည်တန်းများသည် လမ်းကြောင်းတိုင်းတွင် ပြည့်လျှံနေ၏။ သူတို့ အချင်းချင်း အကွက်ဖလှယ်သည့် အရှိန်နှင့် ဖန်တီးခဲ့သော ပုံရိပ်များသည် သာမန်လူ၏ မျက်လုံးနှင့် မြင်နိုင်ရန် မြန်လွန်းလှသည်။
"စစ်သူကြီးကုန်း... အနိုင်ရရမယ်!"
တောနက်စီရင်မြို့၏ စောင့်ရှောက်သူ နတ်ဘုရားသည် ဤကြောက်မက်ဖွယ်ကောင်းသောနတ်ဆိုးကို သတ်နိုင်မည်ဟု မျှော်လင့်လျက် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်နေကြသော အတွဲကို စေ့စေ့ကြည့်နေကြသည်။
သူတို့နှစ်ယောက်ကြားက တိုက်ပွဲက လောလောဆယ် မရေမရာ ဖြစ်နေပုံရသည်။
"ဝှစ် ဝှစ် ဝှစ် ဝှစ်"
ရုတ်တရက်ဆိုသလို လေတိုးသံတွေ ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုအသံက စူးချန်ခုန်းထံမှလာတာဖြစ်ပြီး သူက ငြိမ်ငြိမ်လေး ရပ်နေခဲ့တာ မဟုတ်ပါ။
"ဖုန်းမော့ကို သတ်ပစ်ရမယ်!"
စူးချန်ခုန်း၏ အမူအရာက လေးနက်နေ၏။ ဖုန်းမော့သည် သူ့အတွက် အန္တရာယ်ရှိပုံရသည်။ သူက စစ်ခုန်းယုံကိုသတ်ခဲ့သော လူသတ်သမားဖြစ်သည်။
ဒါတင်မကဘဲ ပြိုင်ဘက်က သူတို့ရဲ့ အနံ့တွေကို မှတ်ထားပြီး နောက်ကျရင် လာရှာမယ်လို့ ပြောခဲ့သည်။ ဒါကြောင့် ယခုအချိန်တွင် ကုန်းပါးနဲ့ ပူးပေါင်းပြီး အနာဂတ်ရဲ့ ပြဿနာတွေကို တားဆီးဖို့ ဖုန်းမော့ကို သတ်ရမည်။
စူးချန်ခုန်းက လေးကိုကွေးကာ မြှားကိုတေ့လိုက်သည်။ ကုန်းပါးနှင့် တိုက်နေသော ဖုန်းမော့ဆီသို့ အသံထက် အဆပေါင်းများစွာ မြန်သော အရှိန်ဖြင့် ပစ်လိုက်သောအခါ သူ၏ညာလက်သည် မြှားပေါ်၌ လျင်မြန်စွာ ပြေးလွှားနေ၏။
စူးချန်ခုန်းသည် တရားမျှတစွာ တိုက်ခိုက်ခြင်း သို့မဟုတ် ရန်သူထက် အင်အားခြင်းတို့ကို ဂရုမစိုက်ပါ။ သူသတ်ချင်သော ပြိုင်ဘက်ကို သတ်ပစ်ဖို့က သူရဲ့ တစ်ခုတည်းသော ပန်းတိုင် ဖြစ်သည်။
“ဂျွတ် ဂျက်!”
ဖုန်းမော့၏ ခေါင်း၊ ရင်ဘတ်၊ ပခုံးနှင့် အခြားအစိတ်အပိုင်းများကို မြှားလေးခု ဆက်တိုက်ရိုက်မိသွားသည်။ နတ်ဘုရားလက်တံဒူးလေးထက် ပိုအစွမ်းထက်တဲ့ ဒီမြှားတွေက သူ့ကို စောစောကလို ဂတုံးမိစ္ဆာနတ်ဆိုးကဲ့သို့ သွေးတဖြန်းဖြန်းနှင့် မဆုတ်ပြဲစေခဲ့ပေ။
ယင်းအစား ၎င်းတို့သည် ဖုန်းမော့ကို ထိမှန်ခဲ့သော နေရာရှိ အကြေးခွံများကို ချိုင့်ဝင်သွားစေပြီး မြေပြင်ပေါ်သို့ မကျမီ အနည်းငယ် ကွဲအက်ကာ သတ္တုမြှားခေါင်းများကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
"ဖုန်မော့က တကယ်ပဲ အသွေးအသားနဲ့ လုပ်ထားတာရော ဟုတ်ရဲ့လား။"
စူးချန်ခုန်း အံ့သြသွားသည်။ လေးလံသောချပ်ဝတ်တန်ဆာကို ဖောက်ထွင်းဖောက်နိုင်စွမ်းရှိသော သူ၏လေမိုးကြိုးမြှားများသည် ပြိုင်ဘက်၏ခန္ဓာကိုယ်တွင် ချိုင့်ကွက်များသာ ကျန်ရစ်စေခဲ့သည်။
"မြှားပုန်းပစ်တယ်ပေါ့..ဟုတ်လား။ ငါ မင်းကို အရင်သတ်မယ်!"
ဖုန်းမော့သည် အက်ကွဲနေသော အသံအိုကြီးကို ထုတ်လွှတ်လိုက်ပြီး စူးချန်ခုန်းကို ကြည့်လိုက်သည်။ သူသည် လေဗွေလို ကုန်းပါးနှင့် တိုက်ပွဲမှ ခွဲထွက်ကာ စူးချန်ခုန်းထံ ပြေးဝင်လာသည်။ သူ၏ ချွန်ထက်သော လက်သည်းများသည် အညှာအတာမဲ့စွာ ရောက်ရှိလာသည်။ လက်သည်းထိပ်များသည် နတ်ဘုရားလက်နက်များထက် ပို၍ကြောက်စရာကောင်းသည်။
“ရှောင်!”
စူးချန်ခုန်းက သူ့ရဲ့အစွမ်းထက်တဲ့လေးကို ဘေးဖယ်လိုက်ပြီး စစ်ခုန်းဟွမ်နဲ့ စစ်ခုန်းကျန့်ကို လမ်းကြောင်းကနေ ထွက်သွားဖို့ ညွှန်ကြားလိုက်သည်။ တခဏချင်းမှာပဲ သဘာဝမဆန်သည့် လူသားမဟုတ်သော ဖုန်းမော့ဟာ သူ့လက်သည်းတွေနဲ့ ထိတွေ့ခင်မှာတောင် ခန္ဓာကိုယ်ကို ဆုတ်ပြဲစေလောက်တဲ့ ချီအလင်းစူးစူးတွေကို သယ်ဆောင်လာခဲ့သည်။
"လိပ်အသက်ရှူနည်းပညာ၊ လိပ်အသက်ရှူနည်း သံချပ်ကာ"
စူးချန်ခုန်းသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ လိပ်အသက်ရှူနည်း စစ်မှန်သော ချီစွမ်းအင်သည် အရှိန်အပြည့်ဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အပေါက်တိုင်းမှ အပြင်ဘက်သို့ ထွက်လာကာ ပင်လယ်ရေဝဲကြီး ပေါက်ထွက်လာပြီး လှိုင်းလုံးကြီးများ လှိမ့်တက်လာကာ ပတ်ပတ်လည်က အရာအားလုံးကို ဖျက်ဆီးပစ်မည့်နှယ်။
နောက်ပြန်ဆုတ်သွားတဲ့ စစ်ခုန်းဟွမ်နဲ့ စစ်ခုန်းကျန့်တို့ဟာ စူးချန်ခုန်းရဲ့ များပြားလှပြီး ကြောက်စရာကောင်းတဲ့ ချီစွမ်းအင်ကို ပထမဆုံးအကြိမ် တွေ့ရတာ မဟုတ်ပေမယ့် မထိတ်လန့်ဘဲ မနေနိုင်ကြ။ ထိုသို့သော အတွင်းအားကို သာမန်လူတစ်ဦးသည် ငယ်စဉ်ကလေးဘဝမှ နှစ်တစ်ရာကြာအောင် လေ့ကျင့်ယူရပေလိမ့်မည်။
"ဝုန်း ဝုန်း ဝုန်း!"
ဒီရေများ တဟုန်ထိုး တက်လာသလိုမျိုး လေထုကို ပြည့်လျှံစေကာ ထူထပ်သော လိပ်အသက်ရှူခြင်း စစ်မှန်သော ချီစွမ်းအင်သည် စူးချန်ခုန်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အပြာနုရောင် ချီသံချပ်ကာကို ဖန်ဆင်းကာ အလင်းလှိုင်းများကဲ့သို့ တောက်ပနေ၏။
"ဖောင်း"
ချွန်ထက်သော လက်သည်းနှစ်ချောင်းသည် တစ်လက်မကျော်ရှိ ချီသံချပ်ကာအတွင်းသို့
ဖောက်ဝင်သွားသော်လည်း နောက်ဆုံးတွင် ၎င်းကို လုံးလုံး မထိုးဖောက်နိုင်ခဲ့။
"ချီစွမ်းအင်အစစ်လား? ဒီလောက်ထူတဲ့ ချီစွမ်းအားလား?" ဖုန်းမော့၏ မျက်နှာသည် စူးချန်ခုန်း၏ စွမ်းဆောင်ရည်ကြောင့် အံ့သြထိတ်လန့်သွားပုံပေါ်သည်။
ဝူချင်းရှီသိုင်း၊ မျောက်ဝံက ကျားကို တိုက်ခိုက်ခြင်း။
ဖုန်းမော့၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီးနောက် စူးချန်ခုန်းက တုံ့ဆိုင်းမနေပေ။ ဖုန်းမော့ကို အနီးကပ် ရင်ဆိုင်ရင်း ဝူချင်းရှီသိုင်း အသေသတ် လှုပ်ရှားမှုကို ထုတ်သုံးခဲ့သည်။ သူ့လက်မောင်းကြွက်သားများ ဖောင်းကားလာပြီး ခြင်္သေ့များနှင့် ကျားများကို တိုက်ခိုက်နိုင်စွမ်းရှိသော ရက်စက်ကြမ်းတမ်းသော မျောက်ဝံအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခွန်အားများ စုဝေးလာသည်။ သူ၏လက်သီးများသည် ချက်ချင်းဆိုသလိုပင် လက်သီး တစ်ဒါဇင်ကျော်ကို ဆက်တိုက်ထိုးကာ ဖုန်းမော့၏မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် အခြားအရေးပါသည့်နေရာများကို ဒေါသတကြီး ထိုးနှက်ခဲ့သည်။
“ဒုန်း ဒုန်း ဒုန်း ဒုန်း!”
ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ စူးချန်ခုန်း၏ လက်သီးချက်တိုင်းသည် ကြောက်စရာကောင်းလောက်အောင် လေးလံပြီး ကြီးမားသော လှိုင်းလုံးများကဲ့သို့ ခိုင်ခံ့နေသည့် ချီစွမ်းအင်ကို သယ်ဆောင်ကာ တောင်များနှင့် ကျောက်တုံးများကို ဖြိုခွဲနိုင်သည်။ လက်သီးတစ်ချက်စီသည် ဖုန်းမော့ ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိမှန်ပြီး အပြင်သို့ ပေါက်ကွဲထွက်လာ၏။ ဖုန်းမော့ကဲ့သို့ သန်မာသော တစ်စုံတစ်ယောက်ပင်လျှင် လက်သီးအထိုးခံရသည့်နေရာ၌ နက်ရှိုင်းသော လက်သီးရာကြီးများနှင့် သူ့ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ နောက်ပြန်ဆုတ်သွားခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
ဖုန်းမော့သည် နောက်ပြန်တိုက်မိစဉ်တွင် သစ်ပင်ကြီးများစွာ ကျိုးကျကာ ငါးကျန်းခြောက်ကျန်းခန့်အကွာသို့ လွှင့်ထွက်သွားခဲ့သည်။
(တစ်ကျန်း=၃.၃မီတာ)
"ဒီစစ်ခုန်းယုံက... အရမ်းသန်မာတယ်!"
ကုန်းပါးသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မထိတ်လန့်ဘဲ မနေနိုင်ခဲ့။ ထိုထူထဲလှသော ချီစွမ်းအင်သည် သူယှဉ်နိုင်ခဲလှသော အရာတစ်ခုဖြစ်သည်။ ဆက်တိုက် ပေါက်ကွဲနေသော ပြင်းထန်သော လက်သီးများဖြင့် လူသားပုံစံရှိသော ရက်စက်သည့် သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသကဲ့သို့ပင်။ တစ်ခဏသာ ရှိသေးသော်လည်း လှုပ်ရှားလိုက်သည်နှင့် ၎င်းသည် သေချာပေါက် သေစေနိုင်လောက်တဲ့အကွက် ဖြစ်သည်။
"တိုက်ပွဲဓားနည်းတစ်ရာ။ သွေးစွန်းသော စစ်မြေပြင်"
ကုန်းပါးသည် တုန်လှုပ်သွားသော်လည်း ဤအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။ မြေပြင်ပေါ်သို့ လဲကျသွားသော ဖုန်းမော့ရှေ့သို့ သူ ဖျတ်ကနဲ နေရာယူလိုက်သည်။ သူ၏ အနက်ရောင်ရွှေတိုက်ပွဲဝင် ဓားသွားကို မြင့်မြင့်မြှောက်လျက် သူ့ခန္ဓာကိုယ်ရှိ ချီနှင့် သွေးများ ပွက်ပွက်ဆူလာပြီး ဓါးကို သွေးရောင်တောက်တောက် စီခြယ်ထားသည်။ ဖုန်းမော့၏လည်ပင်းပေါ်သို့ ဓါးကို အားအပြည့်နှင့် သယ်ဆောင်လာခဲ့သည်။
ဖုန်းမော့၏ မျက်လုံးများသည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ သူလုပ်နိုင်သမျှကတော့ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုကို တားဆီးဖို့မျှော်လင့်ချက်နဲ့ သူ့လည်ပင်းကို ကာကွယ်ဖို့ ညာလက်မောင်းကို မြှောက်လိုက်ဖို့ပင်။
"ဖောင်း!"
မြေပြင်သည် တုန်ခါသွားကာ သုံးကျန်းမှ လေးကျန်းလောက်ထိ အက်ကွဲကြောင်းကြီး ပွင့်ထွက်သွားသည်။ ချီသွေးနဂါးရှည်အဆင့်ကျွမ်းကျင်သူ၏ အားကုန် တိုက်ခိုက်မှုက အံ့ဩစရာပင်။ ဖုန်းမော့၏ လက်မောင်းများသည် သူ၏ဦးခေါင်းနှင့်အတူ သူ၏လည်ပင်းမှ တိကနဲ ဖြတ်တောက်ခံလိုက်ရကာ မြေပြင်ပေါ်သို့ လှိမ့်ကျသွားပြီး မြေကြီးပေါ်တွင် နီရင့်ရင့်သွေးများ စွန်းထင်းသွားသည်။
ဖုန်းမော့၏ဦးခေါင်းသည် မကျေမနပ်မှုအပြည့်နှင့် မျက်လုံးများ ပွင့်သွားလေ၏။
"ပြီးသွားပြီလား"
တောနက်စီရင်စုစစ်တပ်မှ စစ်သားများသည် ဤမြင်ကွင်းကိုမြင်ပြီး အားလုံးစုပေါင်း၍ သက်ပြင်းချလိုက်ကြသည်။
ဖုန်းမော့သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း တောနက်စီရင်စုရှိ ထိပ်တန်းကျွမ်းကျင်ပညာရှင်နှစ်ဦးဖြစ်သည့် "စစ်ခုန်းယုံ" နှင့် ကုန်းပါးတို့၏ ပူးပေါင်းအားထုတ်မှုများနှင့် ရင်ဆိုင်ရသော် သူသည် နေရာတွင်ပင် ခေါင်းပြတ်ပြီး သေဆုံးသွားနိုင်သည်။
"ဟမ်? သတိထား!"
သို့ပေမယ့် ဘယ်သူကမှ သူတို့ရဲ့ ပျော်ရွှင်မှုကို မဖော်ပြနိုင်ခင်မှာ တစ်စုံတစ်ယောက်က အံ့သြစရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
မြေပြင်ပေါ်သို့ လဲကျသွားသော ဦးခေါင်းသည် မျက်လုံးများပြူးကျယ်ကာ သေဆုံးခြင်းကြောင့် မျက်လုံးများပိတ်ရန် ငြင်းဆန်နေပြီး ယခုအခါ ၎င်း၏မျက်လုံးများကို ရွေ့လျားလျက် ပြုံးပြကာ ထူးဆန်းစွာရယ်မောလိုက်လေ၏။ "မင်းတို့အားလုံးကို လှည့်စားလိုက်တာ ဟားဟား"
ဖတ်
ကွဲထွက်သွားသော ဦးခေါင်းသည် လျှပ်စီးလက်သကဲ့သို့ မြေပြင်မှ ခုန်တက်ပြီး ကြီးမားသော ပါးစပ်ကို ဖွင့်ဟလိုက်ရာ ချွန်ထက်သော သွားများနှင့် ကုန်းပါး၏ လည်ချောင်းဆီသို့ အပြင်းအထန် ကိုက်လိုက်သည်။
"ထွက်သွား"
ကုန်းပါး လန့်ဖျပ်သွားသော်လည်း ဝရုန်းသုန်းကား မဖြစ်ခဲ့ပေ။ သူက ဒေါသတကြီး အော်ဟစ်ပြီး သူ့ဓားကို ခုန်လာတဲ့ ဦးခေါင်းကို ခုတ်ထစ်ပစ်လိုက်သည်။
ရွှမ်း!
သို့သော် လူတိုင်းကို ထိတ်လန့်စေတာက ဦးခေါင်းသည် လေထဲ၌ လှည့်ပတ်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားကာ ဓါးကိုကိုင်ဆောင်ထားသော ကုန်းပါး၏လက်ကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။
"အား!"
ချွန်ထက်သော သွားများသည် ကုန်းပါး၏ ချပ်ဝတ်တန်ဆာကို ဖြတ်၍ သူ့အသားထဲသို့ ထိုးဖောက်ကာ ပြင်းပြင်းထန်ထန် ကိုက်ဖြတ်လိုက်သည်။ ကုန်းပါး၏ နာကျင်စွာ အော်ဟစ်သံနှင့်အတူ အနှီဦးခေါင်းသည် သူ့လက်မောင်းမှ အသားစများကို ဆုတ်ဖြဲပစ်လိုက်သည်။
တန်ပြန်တိုက်စစ်ကို ရင်ဆိုင်ရတာ ကုန်းပါးတစ်ယောက်တင် မဟုတ်ပါ။ တစ်ချိန်တည်းမှာပင် စူးချန်ခုန်းလည်း တိုက်ခိုက်ခံနေရသည်။
တံတောင်ဆစ်မှာ ပြတ်ပြတ်သားသား ဖြတ်ခံထားရတဲ့ ဖုန်းမော့ရဲ့ လက်မောင်းဟာ စူးချန်ခုန်းရဲ့ မျက်နှာဆီကို စူးစူးရဲရဲ တောက်လောင်နေတဲ့ လျှပ်စီးလက်သလိုမျိုး တောက်လျောက် ထွက်လာသည်။