← Chapters

မသေနိုင်သောခန္ဓာကိုယ်။ ဓားသွားကျင့်ကြံခြင်းအတတ်။ (၁)

Vol. 16 Ch. 229

မသေနိုင်သောခန္ဓာကိုယ်။ ဓားသွားကျင့်ကြံခြင်းအတတ်။ (၁)

Vol. 16 Ch. 229

စူးချန်ခုန်းသည် လက်သီးများဖြင့် ထုရိုက်လိုက်သော်လည်း လက်မောင်းပြတ်ကြီးသည် သွက်လက်သော လှုပ်ရှားမှုများဖြင့် စူးချန်ခုန်း၏ လေးလံသော လက်သီးများကို ရှောင်ရှားကာ ညာဘက်ရင်အုံကို ပြင်းပြင်းထန်ထန်

ထိုးချလိုက်လေသည်။

“ရွှမ်း!”

ထို့နောက် ထိုချွန်ထက်သော လက်သည်းငါးချောင်းသည် ဖောင်းကားလာပြီး ဓားမြှောင်နှင့် ဓားသွားများကဲ့သို့ ထက်မြက်လာကာ ၎င်းတို့သည် စူးချန်ခုန်း၏ လိပ်အသက်ရှူနည်း သံချပ်ကာအတွင်းသို့ အမှန်တကယ်ပင် ထိုးဖောက်ဝင်ရောက်ကာ အောက်ဘက်သို့ အားဖြင့် အပြင်းအထန် ခုတ်ချလိုက်သည်။

စူးချန်ခုန်းသည် သူ့ရင်ဘတ်‌၌ နာကျင်မှုကို ခံစားလိုက်ရပြီး နောက်သို့ ယိုင်သွားကာ အခုတော့ သူ၏ ညာဘက်ရင်ဘတ်ပေါ်တွင် တစ်ပေခန့်ရှည်သော လက်သည်းရာကြီးသည် အရိုးထိနက်သည်အထိ သွေးတစ်စက်စက် ကျနေသည်ကို တွေ့လိုက်ရသည် ။

တစ်ချိန်တည်းမှာပင်ပညာရှင်ကြီးနှစ်ယောက်ဖြစ်သည့် စူးချန်ခုန်းနှင့် ကုန်းပါးတို့သည် ဤတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရပြီး ပုံမှန်မဟုတ်ဘဲ ထူးထူးဆန်းဆန်းဖြင့် နှစ်ယောက်လုံး ဒဏ်ရာများရရှိကာ သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

အောင်မြင်စွာ လုပ်ကြံပြီးနောက်တွင် ပြတ်သွားသော ဦးခေါင်းနှင့် လက်သည် ဆက်မလိုက်တော့ဘဲ အလျင်အမြန် ဆုတ်ခွာသွားကာ ဖြတ်တောက်ခံထားရသော ဖုန်းမော့၏ ခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားခဲ့သည်။

“ဝှစ်!”

ဦးခေါင်းနှင့် လက်သည် ဖုန်းမော့၏ ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိပြီး ဒဏ်ရာများရရှိသည့်နေရာ၌ အသားများ တွန့်လိမ်ကာ လျင်မြန်စွာ ကြီးထွားလာပြီး ခဏအကြာတွင် ဒဏ်ရာများပင် ပျောက်ကွယ်လျက် ဖောင်းကားနေသာ အမာရွတ်များသာ ကျန်ရှိတော့သည်။ သူကတော့ အကောင်းပတိအတိုင်းပင်။

“မင်းမသိဘူးလား… တကယ့်မိစ္ဆာနတ်ဆိုးတစ်ကောင်က မသေနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ”

စူးစူးရှရှ အောင်ပွဲခံရယ်မောသံကြီး ထွက်ပေါ်လာသည်။ ဖုန်းမော့သည် မြေပြင်မှ မတ်တပ်ထရပ်ကာ လည်ပင်းနှင့် လက်များကို လှုပ်ရှားကာ 'ဂျွတ်ဂျွတ်ဂျက်ဂျက်' အသံများ ထွက်ပေါ်လာသည်။

ကုန်းပါးသည် အလိုအလျောက် နောက်ပြန်ဆုတ်သွားကာ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ၏။ "မိစ္ဆာကောင်... တကယ့်မိစ္ဆာကောင်ပဲ!"

"ခေါင်းက ပြတ်သွားပြီကို ပြန်တပ်လို့ရသေးတယ်ပေါ့။"

အခက်အခဲများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သော စူးချန်ခုန်းပင်လျှင် သူ့ရင်ဘတ်မှ နာကျင်မှုကို ခံစားလိုက်ရပြီး ယုံရခက်ခက်ဖြစ်နေသည်။

ပြတ်သွားသော လက်နှင့် ဦးခေါင်းသည် လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း၊ ရန်သူကို အန္တရာယ်ပြုခြင်းနှင့် ခန္ဓာကိုယ်သို့ ပြန်လည် ချိတ်ဆက်ခြင်းတို့သည် သာမာန်နားလည်နိုင်မှုထက် လုံးဝကျော်လွန်ခဲ့လေပြီ။ သိုင်းပညာရှင်တွေ ဘယ်လောက်ပဲကျင့်ကျင့် ထိုသို့ အောင်မြင်နိုင်မည်မဟုတ်ပေ။

“မိစ္ဆာနတ်ဆိုးမှာ… မသေနိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်ပေါ့။ ပြီးတော့ နတ်ဆိုးအတတ်ကို ကျင့်ထားတယ်။”

စူးချန်ခုန်းသည် သူ့ရင်ဘတ်မှ ထုံကျင်ပြီး ပူလောင်သော ခံစားချက်ကို ခံစားရကာ အံ့အားသင့်သွားခဲ့သည်။

ဒဏ္ဍာရီအရ မိစ္ဆာနတ်ဆိုးများသည် မသေနိုင်ဘဲ သတ်ဖို့ခက်ခဲပြီး ထူးဆန်းသော နတ်ဆိုးအတတ်များကို ပိုင်ဆိုင်ထားကြသည်။

ဤစိတ်ကူးအားလုံးကို သူတို့ရှေ့မှ 'ဖုန်းမော့' ကအတည်ပြုပေးခဲ့သည်။

သူက ခေါင်းဖြတ်ခံရပြီးနောက် မသေဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး ရန်သူများကို တိုက်ခိုက်နိုင်သည့် လက်များနှင့် ဦးခေါင်းများ ရှိသည်မှာ တကယ်ကို နားမလည်နိုင်လောက်အောင်ပင်။

ကုန်းပါး၏လက်မောင်းက စုတ်ပြတ်သတ်နေပြီး သွေးများ တတောက်တောက်ကျကာ စူးချန်ခုန်း၏ ညာဘက်ရင်အုံတွင် အရိုးထိနက်သော ဒဏ်ရာငါးခုရှိသည်။ နှစ်ယောက်စလုံး တစ်ချိန်တည်းမှာ ဒဏ်ရာတွေရခဲ့ပြီး အခုချိန်မှာတော့ တော်တော်လေး သတိထားနေကြသည်။

"သူက...အဖေ့ကို သတ်ခဲ့တဲ့သူပေါ့။" စစ်ခုန်းမောင်နှမနှစ်ယောက်စလုံးသည် စစ်ခုန်းယုံကိုသတ်ခဲ့သည့် လူသတ်သမားသည် လူသားမဟုတ်ကြောင်း သိလိုက်ရသဖြင့် ဦးရေပြားများ ထုံကျင်သွားခဲ့သည်။ စစ်ခုန်းယုံက လုံလောက်အောင် မသန်မာခဲ့တာမဟုတ်။ပြိုင်ဘက်သည် ကြောက်စရာကောင်းလွန်းလှပြီး သေစေနိုင်လောက်သော ဒဏ်ရာများဖြင့်ပင် သတ်လို့မရနိုင်သော မိစ္ဆာနတ်ဆိုးအစစ် ဖြစ်နေသောကြောင့်ပင်။

စူးချန်ခုန်းနှင့် ကုန်းပါးတို့နှစ်ဦးစလုံးသည် မကြုံစဖူးသော ဖိအားနှင့် ခြိမ်းခြောက်မှုများစွာကို ခံစားခဲ့ရပြီး ဤနတ်ဆိုး ဖုန်းမော့သည် သူတို့ကြုံတွေ့ဖူးသမျှထဲတွင် အပြင်းထန်ဆုံးရန်သူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သို့သော် မမျှော်လင့်ဘဲ အသာစီးရနေသော ဖုန်းမော့သည် ဆက်လက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

"ဂျွတ် ဂျွတ်!"

ဆန့်ကျင်ဘက်တွင် ဖုန်းမော့၏ခန္ဓာကိုယ်မှ ပြတ်သားသော အရိုးသံများ ထွက်ပေါ်လာပြီး အကြေးခွံများလည်း ပျောက်ကွယ်သွားကာ ပိန်ပိန်ပါးပါး အဘိုးအို၏ မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဖုန်းမော့က တော်တော်လေး ပင်ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် သမ်းဝေလိုက်သည်။ "အသက်ကြီးပြီးဆိုတော့ ထမင်းစားပြီး လေ့ကျင့်ခန်း နည်းနည်းလေးလုပ်လိုက်တာနဲ့ ပင်ပန်းသလို ခံစားရတယ်။"

"ဟားဟား ဒီနေ့ ဒီမှာပဲ ဝောာ်လိုက်ကြရအောင်။ ငါ နှစ်တွေကြာအောင် အိပ်ခဲ့ရတာ။ နည်းနည်း အစာချေပြီးလို့ အထွတ်အထိပ်ရောက်ရင် မင်းတို့ကို လာရှာမယ်။အရသာရှိတဲ့ အစားအစာတွေကို... နောက်မှ စားဖို့ သိမ်းထားသင့်တယ်လေ။"

ဖုန်းမော့သည် စူးချန်ခုန်းနှင့် ကုန်းပါးကို တစ်ချက်ကြည့်လျက် နှစ်ကြိမ် ရယ်မောကာ ဆက်လက်တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ယင်းအစား သူ၏အသွင်သည် သစ်ပင်ထိပ်များကြားတွင် လင်းနို့ကဲ့သို့ ရွေ့လျားကာ ဝန်းရံထားသော လူအုပ်ကြီးကို ဖြတ်လျက် မျက်လုံးတစ်မှိတ်အတွင်း လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

"သူထွက်သွားပြီလား။"

ဒီမြင်ကွင်းက လူတိုင်းကို အံ့သြသွားစေ၏။

ဖုန်းမော့သည် အသာစီးရနေသော်လည်း ဆက်လက် တိုက်ခိုက်ခြင်းမရှိဘဲ စကားအနည်းငယ် ပြောပြီးနောက် ချက်ချင်းထွက်ခွာသွားခဲ့သည်။

"မဟုတ်ဘူး... ဖုန်းမော့က အခြေအနေမကောင်းလို့ ရေရှည်ဆက်မတိုက်နိုင်တော့ဘဲ သူလှုပ်ရှားပြီး မကြာခင်မှာ ထွက်သွားတာပဲ" သူတို့ မြန်မြန်ဆန်ဆန် သဘောပေါက်ကြပြီး မျက်နှာထားများ ပြောင်းလဲသွားကြသည်။

မိစ္ဆာနတ်ဆိုးသည် အမှန်တကယ် မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဒီလိုသာဆိုရင် ဒီကမ္ဘာကြီးဟာ မိစ္ဆာနတ်ဆိုးတွေ အုပ်စိုးတဲ့ နိုင်ငံဖြစ်လာသည်မှာ ကြာပါပြီ။

အကြောင်းတစ်ခုခုကြောင့် ဤဖုန်းမော့သည် အတော်လေး အားနည်းသွားရမည်။ သူက စူးချန်ခုန်းနှင့် ကုန်းပါးတို့ကို နောက်ထပ်မပေါင်းစည်းလိုဘဲ ချက်ချင်းမဆုတ်ခွာမီ သူတို့ကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့ရုံသာဖြစ်သည်။

သူတို့သဘောပေါက်သွားသော်လည်း ဖုန်းမော့သည် ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီး ဖုန်းမော့ပြသခဲ့သည့် တိုက်ခိုက်ရေးစွမ်းရည်များနှင့် ကြောက်မက်ဖွယ်နည်းဗျူဟာသည် ပြင်းထန်သော်လည်း မည်သူ အနိုင်ရမည် သို့မဟုတ် ရှုံးမည်ကို ခန့်မှန်းရခက်ပါသည်။

"ဒါက တကယ့် မိစ္ဆာနတ်ဆိုးလား။ သာမန်လူတွေ နားလည်နိုင်တာထက် လုံးဝကို ကျော်လွန်နေပြီ..." သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများမှ နာကျင်ကိုက်ခဲမှုများ ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ စူးချန်ခုန်း၏ အမူအရာသည် ယခင်ကထက် ပို၍ လေးနက်လာသည်။

ဖုန်းမော့ ထွက်ခွာသွားသော်လည်း သူသည် သူတို့၏အနံ့များကို မှတ်ထားခဲ့ပြီး သူတို့ကို ထပ်မံရှာဖွေမည်ဟု ဆိုခဲ့သည်။

ဖုန်းမော့သည် အမှန်တကယ်ပင် အားနည်းနေပြီး ယခုတိုက်ပွဲကို ဆက်မတိုက်နိုင်တော့သော်လည်း သူပြန်ကောင်းလာသောအခါတွင် မည်မျှပင် ပို၍ကြောက်စရာကောင်းလာမည်ကို တွေးကြည့်နိုင်ပါသည်။

စူးချန်ခုန်းသည် သူ့စိတ်ထံ၌ မကြုံဖူးသော အကျပ်အတည်းကို ခံစားရပြီး ဖုန်းမော့သည် သူ့ကို လိုက်ရှာကာ ယခုအချိန်ထက် ပိုမိုအားကောင်းလာမည်ဟု နားလည်ထားသည်။

"ဂိုဏ်းခေါင်းဆောင် စစ်ခုန်း၊ ဒီညတော့ ငါတို့ သိပ်အိပ်မပျော်ဘူးထင်တယ်" ကုန်းပါးက စူးချန်ခုန်းကို ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

သူတို့အရင်ကကြုံတွေ့ခဲ့ရတဲ့ မိစ္ဆာနတ်ဆိုးတွေဟာ မိစ္ဆာနတ်ဆိုးအစစ်တွေမဟုတ်ဘဲ မိစ္ဆာနတ်ဆိုးရဲ့ အစေခံတွေသာဖြစ်ပြီး ဖုန်းမော့ကသာ တော်နက်စီရင်စုမြို့မှာ ပုန်းအောင်းနေတဲ့ တကယ့် ကြောက်စရာလန့်စရာ နတ်ဆိုးဆိုတာကို ဘယ်သူက တွေးခဲ့မိမှာလဲ။

“အင်း။” စူးချန်ခုန်းသည် လေးလံသော အတွေးများဖြင့် နစ်မြုပ်နေရာ စကားများစွာ မပြောဘဲ ရိုးရိုးရှင်းရှင်း ခေါင်းညိတ်ပြလိုက်သည်။ "စစ်သူကြီး ကုန်း၊ ကျွန်တော် အခုချက်ချင်းပဲ သွားပါတော့မယ်၊ ကိစ္စရှိရင် ဆက်သွယ်ကြရအောင်။"

All Chapters