မသေနိုင်သောခန္ဓာကိုယ်။ ဓားသွားကျင့်ကြံခြင်းအတတ်။ (၃)
Vol. 16 Ch. 231
ထိုနေ့ည ထိပ်တိုက်ရင်ဆိုင်မှုတွင် သူနှင့် ကုန်းပါးတို့ ခေတ္တပူးပေါင်းခဲ့ကြသော်လည်း နှစ်ဦးစလုံး အနည်းငယ် အထိနာခဲ့ကြသည်။ တစ်ယောက်တည်း ရင်ဆိုင်ပါက ပိုလို့တောင် အန္တရာယ်များလိမ့်မည်။
ထို့အပြင် ဖုန်းမော့သည် အသာစီးရပြီးနောက် အလျင်အမြန် ထွက်ခွာရသည့် အကြောင်းရင်းမှာ သူက အားအကောင်းဆုံး အခြေအနေတွင် ရှိမနေသောကြောင့် သူအားအကောင်းဆုံး အခြေအနေသို့ မရောက်ခင်ထိ မတိုက်ခိုက်လိုသောကြောင့် ဖြစ်နိုင်သည်။ ထိုအခြေအနေရောက်မှသာ သူသေချာပေါက် အနိုင်ရမည်ဖြစ်သည်။
ပိုကြောက်စရာတာက ဖုန်းမော့က သူ့ရန်သူတွေကို ခြေရာခံနိုင်စွမ်း ရှိသည်။ စူးချန်ခုန်းက ဝေးလံခေါင်သီသော တောထဲသို့ ထွက်ပြေးလျှင်ပင် ရှာတွေ့နိုင်သေးသည်။ စူးချန်ခုန်းသည် ယခင်က မုန့်စန်း၏ လူများ၌လည်း အလားတူ ခြေရာခံသည့် နည်းလမ်းများရှိကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။
နောက်ပြီး…
"ငါသူ့ကိုသတ်ရမယ်!"
စူးချန်ခုန်းသည် သူ့ရင်ဘတ်ပေါ်ရှိ တဆစ်ဆစ်ကိုက်လာသော ဒဏ်ရာ၏ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသောအခါ လက်စားချေဖို့ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ၏ လိပ်အသက်ရှူနည်းချီသံချပ်ကာ၏ ခိုင်ခံ့သော ခုခံအားကြောင့်သာ မဟုတ်ပါက ဖုန်းမော့၏ လက်သည်းတစ်ချောင်းက သူ့နှလုံးကို ထိုးဖောက်သွားပေလိမ့်မည်။ ဤကဲ့သို့ ရှံးနိမ့်မှုကို ခံစားရပြီးနောက် စူးချန်ခုန်း လွှတ်ပေးရန် ဆန္ဒမရှိပါပေ။
သူ ထိုသေနာမိစ္ဆာနတ်ဆိုးကို သတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။
ကြင်နာမှုကိုတုံ့ပြန်ခြင်းနှင့် လက်စားချေခြင်းသည် လူတစ်ယောက်ကို စိတ်သက်သာရာရစေသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
ဒါက သူတွေးထားတဲ့အရာဖြစ်ပေမယ့် အောင်မြင်ဖို့ဆိုတာ မလွယ်ပါ။ ဖုန်းမော့၏ ခြေရာခံနည်းဖြင့်သာ ပစ်မှတ်ထားမခံရပါက စူးချန်ခုန်းသည် ယခင်က သူ မုန့်စန်းနှင့် ရင်ဆိုင်ခဲ့သလို သူ၏ခွန်အားကို ပြန်လည်ရရှိရန် လုံလောက်အောင် လေ့ကျင့်လို့ မပြီးမချင်း ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် စူးချန်ခုန်း အဲ့ဒီအဆင့် မရောက်မီတွင် ဖုန်းမော့ ရောက်လာနိုင်ဖွယ်ရှိပြီး စူးချန်ခုန်းသည် မကြုံစဖူးသော ဖိအားများကို ခံစားနေရသည်။
"ချီသွေးနဂါးရှည်နယ်ပယ်ကို အဆင့်တက်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိရင်တောင်မှ အနည်းဆုံး သုံးလကနေ လေးလလောက် ကြာနိုင်တယ်။ ချီသွေးပြောင်းလဲခြင်းအဆင့်ခုနစ်ကို ရောက်တာနဲ့ ငါ့ရဲ့ ခွန်အားက သိသိသာသာ တိုးလာမှာပဲ။ ဒါပေမယ့် ဖုန်းမော့ကို အနိုင်ယူဖို့ မလုံလောက်သေးဘူး..."
စူးချန်ခုန်းက သူ့ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်ပြီး သူ့စွမ်းရည်ကို အကဲဖြတ်ရင်း သူ့မျက်ခုံးတွေ နက်ရှိုင်းစွာ တွန့်ချိုးသွားလေ၏။
သူ၏ သိုင်းပညာနယ်ပယ်သည် မကြာသေးမီက ချီသွေးပြောင်းလဲခြင်းအဆင့်ခြောက်သို့ အဆင့်တက်ပြီး နောက်ထပ်တစ်ဆင့်က သူ့ကို ချီသွေးနဂါးရှည်နယ်ပယ်သို့ ရောက်စေမည်ဖြစ်သည်။
သို့တိုင် ချီသွေးနဂါးရှည်နယ်ပယ်သို့ ရောက်ရှိခြင်းသည် ဖုန်းမော့ကိုအနိုင်ယူရန် မလုံလောက်ပေ။
ဝူချင်းရှီ၊ လိပ်အသက်ရှူနည်းပညာ၊ သံဖြတ်ဓါးနည်းပညာ၊ ဧရာမဝေလငါးနည်းပညာ၊ ဓါးသွား ကျင့်ကြံခြင်းအတတ်...
စူးချန်ခုန်းသည် သူကျွမ်းကျင်သော သိုင်းပညာကို တွေးတောကာ ဖုန်းမော့ကို ခြိမ်းခြောက်နိုင်သည့် မည်သည့်အရာကိုမဆို ရှာဖွေနေခဲ့သည်။
"ဓါးသွား ကျင့်ကြံခြင်းအတတ်... ဓါးသွား ကျင့်ကြံခြင်းအတတ်က ဓားချီကိုစုဆောင်းပြီး ကန့်သတ်ချက်တွေထက် ကျော်လွန်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်။"
နောက်ဆုံးတွင် စူးချန်ခုန်းသည် ဓါးသွား ကျင့်ကြံခြင်းအတတ်ကို မျက်စိကျသွားခဲ့သည်။
စူးချန်ခုန်းသည် ရန်သူကို တိုက်ခိုက်ရန် သူ၏ဓားနည်းပညာကို အသုံးပြုခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး အဓိကအားဖြင့် သူ၏ ဝူချင်းရှီသည် အဆင့်ကိုးသို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ရန်သူများကို လက်ဗလာဖြင့် သတ်နိုင်ကာ ဓါးမကျွမ်းကျင်သော စစ်ခုန်းယုံကဲ့သို့ ဟန်ဆောင်နေသောကြောင့်လည်းဖြစ်သည်။
ဓါးသွား ကျင့်ကြံခြင်းအတတ် (သတ္တမအဆင့် လေးနက်သော ကျွမ်းကျင်မှုနယ်ပယ် ၁၉%)
စူးချန်ခုန်းသည် ဤအချိန်၌ ဓါးချီ စုဆောင်းရန် မမေ့ခဲ့ပေ။ ညနေတိုင်းနီးပါး သူသည် သူ၏ဓါးကို ပြုစုပျိုးထောင်ရန် နာရီဝက်ခန့် အချိန်ပေးပြီး သံဖြတ်ဓါးနည်းပညာ၏ အဌမအဆင့်သို့ ရောက်ရှိခြင်းနှင့် စွမ်းရည်တန်ဖိုးများနှင့်အတူ သူ့ဓားသွားကျင့်ကြံခြင်းအတတ်၏ တိုးတက်မှုသည် သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက် သိသိသာသာ မြန်ဆန်လာခဲ့သည်။
"မဟုတ်ဘူး။ မလုံလောက်ဘူး... ငါ့ရဲ့ ဓားသွားကျင့်ကြံခြင်းအတတ်မှာ ခုတ်ချက်သုံးချက်ပဲရှိတယ်။ ဖုန်းမော့က နတ်ဆိုးတစ်ကောင်ဖြစ်လို့ ခုတ်ထစ်လိုက်ရင်တောင် သူ့ခေါင်းကို ပြန်တပ်နိုင်တယ်။ ငါ့ရဲ့တိုက်ခိုက်မှု သုံးချက်စလုံးက သူ့ကို ဒဏ်ရာရစေရင်တောင်မှ သူ့ကိုသတ်မှာမဟုတ်ဘူး။"
ဒါပေမယ့် မကြာခင်မှာပဲ စူးချန်ခုန်းက ဒီအတွေးကို ပယ်ချလိုက်သည်။
ဓားသွားကျင့်ကြံခြင်းအတတ်သည် ဓားချီကို စုဆောင်းပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားကို ချက်ချင်းထုတ်လွှတ်နိုင်ကာ စူးချန်ခုန်းအား ပြင်းထန်သော ပြိုင်ဘက်များကိုအနိုင်ယူနိုင်စေရန် တစ်ကြိမ်ထက်မက ကူညီပေးခဲ့သည်။
ဒါပေမယ့် ဖုန်းမော့ကတော့ မသေနိုင်တဲ့ ခန္ဓာကိုယ်ရှိတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်လို့ ထူးခြားပါသည်။ ထက်ပိုင်းပိုင်းခံရတာ ဒါမှမဟုတ် ခေါင်းဖြတ်ခံရရင်တောင် အဲဒီဒဏ်ရာတွေက သူ့အသက်ကို မသေစေနိုင်ပါ။
စူးချန်ခုန်းသည် ဖုန်းမော့ကို ခေါင်းဖြတ်နိုင်တာပဲဖြစ်ဖြစ် ခါးဖြတ်နိုင်တာပဲဖြစ်ဖြစ် သူပြန်ကောင်းလာနိုင်သည်။ စူးချန်ခုန်း၏ စူးရှသော ချီစွမ်းအင်အနှစ်သာရဝိညာဉ်သည် သူ လုံးလုံးအားမပျော့သွားမီ အားကောင်းသော နှစ်ချက်သုံးချက်သာ ခုတ်နိုင်သည်။ ဒါက သူ့ကို သေချာပေါက် သေသည်အထိ ဖြစ်သွားစေနိုင်သည်။
"တကယ်လို့ ငါ့ရဲ့ တိုက်ခိုက်မှုတိုင်းဟာ ဖုန်းမော့ကို ဒဏ်ရာရစေနိုင်တဲ့ စွမ်းအားတွေ ထုတ်နိုင်ခဲ့မယ်ဆိုရင် ပြီးတော့ ခုတ်ချက်တွေကို ဆက်တိုက် ခုတ်နိုင်ခဲ့မယ်ဆိုရင်....။ ဖုန်းမော့ဟာ နတ်ဆိုးတစ်ကောင်ဖြစ်လို့ သူ့ရဲ့ အသက်စွမ်းအင်ဟာ ကြောက်စရာကောင်းပေမယ့် အဲဒါက စစ်မှန်တဲ့ အမတခန္ဓာကိုယ်မဟုတ်ဘူး။ မဟုတ်ရင် သူနည်းနည်းလေး အသာစီးရပြီးတာနဲ့ ထွက်ပြေးမှာ မဟုတ်ဘူး။"
စူးချန်ခုန်း အတွေးထဲ လွင့်မျှောနေခဲ့သည်။ သူသည် သူ၏တွေးခေါ်ပုံတွင် အလွန်ကျိုးကြောင်းဆီလျော်ပါ၏။
နတ်ဆိုးတစ်ကောင်သည် အမှန်တကယ် မသေနိုင်သည်မှာ သေချာပါသည်။ ကုန်းပါးက ဖုန်းမော့ကို ခုတ်ချက်တစ်ချက်တည်းနဲ့ ခေါင်းဖြတ်လိုက်တဲ့အခါမှာတော့ ထိခိုက်မှုမရှိဘူးလို့ ထင်ရပြီး ဖုန်းမော့က သူ့ခေါင်းကို ရိုးရိုးပဲ ပြန်တင်လိုက်ပေမယ့် ထင်ရသလောက် အားစိုက်မထုတ်ရတာတော့ မဖြစ်နိုင်ပါ။
တစ်ကြိမ်တည်းနဲ့ ခေါင်းဖြတ်သတ်လို့ မရရင် ငါးကြိမ်၊ ဆယ်ကြိမ် ခေါင်းဖြတ်ရမည်။ ဒါမှမဟုတ် သူ့ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်ရမည်။ စူးချန်ခုန်းက သူ့ကို မသတ်နိုင်ဘူးလို့ မယုံပေ။
"ငါ ဓားချီကို သံဖြတ်ဓားမှာ သိမ်းဆည်းထားတယ်။ ဒါပေမယ့် ကန့်သတ်ချက်တစ်ခုတော့ ရှိတယ်။ ပြီးတော့ အဲ့ဒီကန့်သတ်ချက်ကို ရောက်သွားတဲ့အခါ သုံးချက်ကို အားနဲ့ ထပ်မတိုးနိုင်တော့ဘူး။ အဲဒါကို ပြောင်းလို့ရနိုင်မလား… ဓားချီကို ဓားနဲ့ ကျင့်ကြံမယ့်အစား ငါ့ခန္ဓာကိုယ်ကို စွမ်းအင်စီးကြောင်းအဖြစ် အသုံးပြုလို့ရနိုင်မလား။"
စူးချန်ခုန်း၏ မျက်လုံးများ တောက်ပလာပြီး သူ့အတွေးများ ကျယ်ပြန့်လာသည်။
ဓားသွားကျင့်ကြံခြင်းအတတ်သည် သာမာန်အချိန်များတွင် ဓားကို ဓားအိမ်ထဲထည့်ထားကာ ဓားချီကို စုဆောင်းပြီး စွမ်းအားကြီးမားသော ရန်သူများကို ချေမှုန်းရန်အတွက် တိုက်ပွဲတွင် အားလုံးကို တစ်ပြိုင်နက် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ဓားသွားကျင့်ကြံခြင်းအတတ်၏ ကန့်သတ်ချက်များသည် သိသာထင်ရှားပါသည်။ ပထမတစ်ချက်က ၎င်းသည် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ ခုတ်နိုင်ပြီး ဒုတိယကတော့ စုဆောင်းထားသော ဓားချီသည် ကန့်သတ်ချက်များရှိပြီး အကန့်အသတ်မရှိ မမြှင့်တင်နိုင်တာပဲဖြစ်သည်။
စူးချန်ခုန်းသည် သူ့ကိုယ်ခန္ဓာကို ဓားကို ကျင့်ကြံရန်အတွက် စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် အသုံးပြုပါက ဓားချီကို ပို၍ စုဆောင်းနိုင်မည်လား။ စွမ်းအားကြီးသော တိုက်ခိုက်မှု နှစ်ချက် သုံးချက်ထက် ကန့်သတ်ချက်ကို ကျော်လွှားနိုင်မည်လား။
"ဒဏ်ရာနည်းနည်းသက်သာသွားရင် ငါချက်ချင်း စမ်းကြည့်မယ်!"
စူးချန်ခုန်းသည် လေ့ကျင့်မှုများကို အမြဲတစေကြံဆနေတတ်သူဖြစ်သည်။ သူ တစ်ခုခုစဉ်းစားမိရင် အဲ့တာကို စမ်းကြည့်မှာဖြစ်သည်။
စူးချန်ခုန်းရဲ့ ရင်ဘတ်မှ ဒဏ်ရာက သိပ်မပြင်းထန်ပါ။ သိုင်းပညာရှင်တစ်ဦး၏ ပြန်လည်ကုသနိုင်စွမ်းနှင့် ထိပ်တန်းအဆင့် ကုသဆေးများဖြင့် ဒဏ်ရာသည် နောက်နေ့မနက်တွင် အနာဖေးတက်လာခဲ့ပြီး အများဆုံး သုံးလေးရက်အတွင်း ပျောက်ကင်းသွားမည်ဖြစ်သည်။
ထို့ကြောင့် စူးချန်ခုန်းသည် ဓားသွားကျင့်ကြံခြင်းအတတ်ကို စူးစမ်းလေ့လာရင်း ချက်ချင်းပင် သူ့ကိုယ်သူ တံခါးပိတ်ကျင့်ကြံလိုက်သည်။
စူးချန်ခုန်းသည် တင်ပျဉ်ခွေထိုင်ကာ ဒူးပေါ် သံဖြတ်ဓားကို တင်လိုက်သည်။
သံဖြတ်ဓားသည် တစ်နှစ်ကျော် အဖုံးမချွတ်ဘဲ အထဲတွင် ဓားချီသည် ကန့်သတ်ချက်အထိ စုဆောင်းထားပြီးဖြစ်သည်။
"ဓားချီကို ငါ့ရဲ့ကြွက်သားတွေနဲ့ စွမ်းအင်လမ်းကြောင်းအတွင်းမှာ ကျင့်ကြံပြီး ငါ့ခန္ဓာကိုယ်က ဓားအိမ်ဖြစ်လာလိမ့်မယ်!"
စူးချန်ခုန်းသည် သံဖြတ်ဓားအတွင်း၌ ပြည့်လျှံနေသော ဓားချီကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို ဓားအဖြစ်အသုံးပြု၍ ကျင့်ကြံဖို့ အာရုံခံစားမှုကို ရှာဖွေရန် ကြိုးစားလိုက်သည်။
ဤလုပ်ငန်းစဉ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး အခြားသူတွေမှာ ဒီလို တူညီတဲ့ အယူအဆရင်တောင် လက်တွေ့လုပ်ဆောင်ဖို့ ခဲယဉ်းလိမ့်မည်။
ဒါပေမယ့် စူးချန်ခုန်းကတော့ ထူးခြားသည်။ သူရဲ့ သံဖြတ်ဓားနည်းပညာက သာမန်ဓားသမားတွေနဲ့ မနှိုင်းယှဉ်နိုင်တဲ့ အဌမအဆင့် သဘာဝလွန်နယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီး ဓားပညာကို နားလည်ဖို့အတွက် အမှတ် ၃၀ အထိ မြင့်မားသော ပင်ကိုစွမ်းရည်တန်ဖိုးဖြင့် သူ၏နားလည်နိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းသည် တောနက် စီရင်စုမြို့တော်တွင် သူ့ကို ယှဉ်နိုင်သူ မရှိပေ။ သူက တကယ့် သိုင်းပညာပါရမီရှင်တစ်ယောက်ဖြစ်သည်။
တဖြည်းဖြည်းနှင့် စူးချန်ခုန်း၏ ချီစွမ်းအင်အနှစ်သာရ ဝိညာဉ်သည် တစ်သားတည်းဖြစ်လာပြီး လေးနက်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တစ်ချိန်က အသွေးအသားဖြင့် ပြုလုပ်ထားသော သူ၏ခန္ဓာကိုယ်သည် အခြားတည်ရှိမှုပုံစံအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားခဲ့ရသည်။ သူ့ခန္ဓာကိုယ်က ဓားရော၊ ဓားအိမ်ပါဖြစ်လာသည်။
စူးချန်ခုန်း၏ ချီစွမ်းအင်အနှစ်သာရသည် သူ့အတွင်းသို့ စိမ့်ဝင်ကာ အသွင်ပြောင်းလာပြီး စူးရှသော အခိုးငွေ့များ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
၎င်းက ချီစွမ်းအင်၊ ဓားချီ ဖြစ်သည်။
"ဒါက အလုပ်ဖြစ်တယ်။ ငါ့ခန္ဓာကိုယ်က ဓားချီကို တကယ်ပဲ ကျင့်ကြံနိုင်တယ်!"
စူးချန်ခုန်းရဲ့နှလုံးသားထဲမှာ ပီတိအဟုန်များ တဖွားဖွား။ ဒါက တကယ်ကို ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းဖြစ်သည်။
စူးချန်ခုန်း၏ စွမ်းဆောင်နိုင်ရည်သည် သူ၏ ပင်ကိုယ်စွမ်းရည်နှင့် ထိုးထွင်းသိမြင်မှုတို့ကြောင့်သာမက သူ့ကိုယ်ပိုင်အခြေခံအုတ်မြစ်သည် ဖြစ်နိုင်ချေအတွက် မရှိမဖြစ် လိုအပ်သောအခြေအနေဖြစ်သောကြောင့်ပင်။
ခန္ဓာကိုယ်က မသန်မာဘူးဆိုရင် ဓားချီကို ကျင့်ကြံဖို့က အရူးတစ်ယောက်ရဲ့ အိပ်မက်လိုပါပဲ။ ဓားချီက ခန္ဓာကိုယ်ကို ကွဲကြေစေလိမ့်မည်။ လူက သေရင်သေ မသေရင် မသန်မစွမ်းဖြစ်သွားလိမ့်မည်။
စူးချန်ခုန်းသည် ချီသွေးအသွင်ပြောင်းခြင်းအဆင့်ခြောက်သို့ ရောက်ရှိခဲ့ပြီး သူ၏ ကိုယ်လုံးကိုယ်ပေါက်သည် အသွင်ကူးပြောင်းမှုများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် သာမန်သိုင်းပညာရှင်ထက် များစွာကြံ့ခိုင်သည်။
အဲ့တာထက် စူးချန်ခုန်းရဲ့ဓါးနည်းပညာနဲ့ ဓားသွားကျင့်ကြံခြင်းအတတ်မှာ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်မှုက အခြေခံကျပြီး သူ့ရဲ့ ဆန်းသစ်သော စိတ်ကူးများကို ထောက်ပံ့ပေးပြီး လက်တွေ့အကောင်အထည်ဖော်စေနိုင်သည်။
နာရီဝက်ခန့်ကြာသောအခါ စူးချန်ခုန်းသည် မူးဝေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း လှိုင်းလုံးများ ဦးနှောက်ကို ဖြတ်သွားသလို ခံစားလိုက်ရသည်။
ဓားချီကိုပြုစုပျိုးထောင်ခြင်းသည် စွမ်းအင်အနှစ်သာကို စုစည်းရန်မှု လိုအပ်ပြီး တစ်စုံတစ်ခုကို အပြင်းအထန် အာရုံစိုက်ရသည်ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။
“စမ်းကြည့်ရအောင်။”
စူးချန်ခုန်းသည် သူ့အတွင်း၌ စုပုံနေသော ဓားချီအနည်းငယ်ကို ခံစားလိုက်ရပြီး သူ့လက်နှင့် ပြတင်းပေါက် အပြင်ဘက်မှာ ကြွေကျနေသော သစ်ရွက်တစ်ရွက်ကို ဆွဲယူလိုက်သည်။
ရွှီး!
စူးချန်ခုန်းသည် သူ့လက်ဖဝါးကို ဖြန့်ကာ အထဲမှာ သိမ်းဆည်းထားသော ဓားချီကို လွှတ်ပေးရန် ကြိုးစားလိုက်သည်။ သူ့လက်ဖဝါးထဲ တွန်းအားကို ဖြန့်ကျက်လိုက်စဉ် လေတိုးသံကို ကြားလိုက်ရကာ ချွန်ထက်သော ဓားသွားထောင်ပေါင်းများစွာဖြင့် ဖြတ်တောက်လိုက်သကဲ့သို့ပင် သူ့လက်ထဲက သစ်ရွက်က အမှုန့်အမှုန့်အညှက်ညှက်ကြေမွသွားလေ၏။