သဘာဝလွန်နယ်ပယ် ဓားသွားကျင့်ကြံခြင်းအတတ်။ ဓားချီကို ပြုစုပျိုးထောင်ခြင်း၊ ဓားသွားစွမ်းအား စုဆောင်းခြင်း၊ ဓားဝိညာဉ်စုစည်းခြင်း။ (၂)
Vol. 16 Ch. 233
အရင်ကတော့ တောနက်စီရင်စုမြို့တော်မှာ ညရောက်တဲ့အခါ တောက်ပတဲ့ မီးပုံးတွေနဲ့ ပြည့်ကျပ်နေတဲ့ လူအုပ်ကြီးနဲ့အတူ ပျော်ရွှင်မှုကို ရှာဖွေနိုင်သည့် အပျော်ဆုံးအချိန်ဖြစ်သည်။ ယခုအခါတွင် လမ်းများက တော်တော်လေး ခြောက်ကပ်နေပုံရပြီး အိမ်တိုင်း၏တံခါးများနှင့် ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ်ပိတ်ထားကာ ရံဖန်ရံခါတွင် လက်နက်ကိုင်တပ်သားအပြည့်ဖြင့် လမ်းများပေါ်တွင် ကင်းလှည့်နေသည်ကို မြင်တွေ့ရသည်။
လမ်းမှာ လမ်းသွားလမ်းလာတွေရှိရင် ဒီစစ်သားတွေကို ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းကြလိမ့်မည််။
"ဒီသောက်လူသတ်နတ်ဆိုးက ငါတို့ကို နေ့တိုင်း အချိန်ပိုဆင်းရအောင် လုပ်နေတာပဲ။ သူ့ကိုဖမ်းမိတာနဲ့ ငါတို့ကို ဒီလောက်ဒုက္ခရဲတဲ့အရာက ဘယ်လိုမျိုးလဲဆိုတာ ကြည့်ကြည့်ရမယ်။"
ဒီစစ်သားတွေဟာ နာကြည်းမှုတွေနဲ့ ပြည့်နေ၏။
လွန်ခဲ့သည့်တစ်လကတည်းက တောနက် စီရင်စုမြို့တစ်ခွင်တွင် နာမည်ကောင်းပြီး စွမ်းအားကြီးမားသော သူရဲကောင်းများအား လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦးက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး သူတို့၏ အလောင်းများကိုပင် သယ်ဆောင်သွားခဲ့ကြောင်း ကြောက်စရာသတင်းများ ပျံ့နှံ့နေခဲ့သည်။ ထို့ကြောင့် လူအားလုံးသည် အန္တရာယ်နှင့် ကြီးမားသော အကျိုးသက်ရောက်မှုများကို ခံစားနေရပြီး မြို့တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။
တောနက်စီရင်စုမြို့တော်ရှိ ကျော်ကြားသော သူရဲကောင်းအချို့ပင်လျှင် လူသတ်နတ်ဆိုး၏ ပစ်မှတ်ထားခံရမည်ကို ကြောက်ရွံ့ပြီး အခြားနေရာသို့ ခိုလှုံရန် ထွက်ပြေးခဲ့ကြသည်။
မြို့တော်ဝန် ကုန်းယွိလုံသည် အနှီလူသတ်နတ်ဆိုးအား တရားမျှတမှု ရရှိစေရန် ဆောင်ကျဉ်းပေးမည်ဟု ကတိပြုကာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို စည်းရုံးခဲ့သည်။
တောနက်ရင်စုမြို့တွင် ခြေလှမ်းငါးလှမ်းတိုင်းတွင် အစောင့်ကင်းများရှိပြီး ခြေလှမ်းဆယ်လှမ်းတွင် အစောင့်များရှိကာ စီရင်စုရုံးတော် တစ်ခုလုံးကို အပြင်းအထန် အစောင့်အကြပ် ချထားကာ တိုး၍ပင်မပေါက်ပင် ။
"စစ်သူကြီးကုန်း၊ ဒီလို ဆက်သွားလို့ မဖြစ်တော့ဘူး။ ငါတို့ ဒီကိစ္စကို မကြာခင် မဖြေရှင်းနိုင်ရင် ကြာကြာ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။"
ရုံးတော်၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးက သက်ပြင်းချလိုက်သည်။
အနှီလူက တောနက်စီရင်စုမြို့၏ မြို့တော်ဝန်ကုန်းယွိလုံမှလွဲ၍ အခြားသူမဟုတ်ပေ။ ကြီးမားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် တာဝန်ခံမှာ တောနက်စီရင်စုစစ်တပ်၏ စစ်သူကြီး ကုန်းပါးဖြစ်သည်။
ကုန်းပါး၏ မျက်နှာမှာလည်း စိုးရိမ်သည့်အရိပ်အယောင် ပြသနေ၏။ သူသည် တောနက်စီရင်စုမြို့တော်၏ စောင့်ရှောက်သူဖြစ်သည်။ ပြဿနာတွေ ကြုံလာတိုင်း သူက
မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ပြီး စည်းစနစ်ကျသည်။
သို့သော် ယခုအချိန်သည် ယခင်ကနှင့်မတူပေ။ ပြဿနာရှာသည့်သူက သာမန်လူမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်.. တကယ့် မိစ္ဆာနတ်ဆိုးတစ်ကောင်.. ခေါင်းဖြတ်၍ပင် မသတ်နိုင်သော နတ်ဆိုးတစ်ကောင်ဖြစ်နေသည်။
"ယွိလုံ၊ တာ့ဖုန်းမြို့တော်ကို ဆက်သွယ်ထားတဲ့ အခြေအနေကရော ဘယ်လိုလဲ။"
ကုန်းပါးက မေးလိုက်သည်။
စီရင်စု ဒါဇင်များစွာ ပါဝင်သော တာ့ဖုန်း ပြည်နယ်သည် ၎င်း၏ဗဟိုတွင် တာ့ဖုန်းမြို့တော်ရှိသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေးယန်သည် မြို့ထဲတွင်နေထိုင်ပြီး တာ့ဖုန်းတပ်သားနှစ်သိန်းအား ပြိုင်ဘက်ကင်းစွမ်းအားဖြင့် ကွပ်ကဲသည်။
တောနက်စီရင်စုမြို့တော်တွင် တကယ့် မိစ္ဆာနတ်ဆိုးတစ်ကောင် ပေါ်လာသဖြင့် ကုန်းပါးသည် အထက်အဆင့်ရှိ တာ့ဖုန်းပြည်နယ်သို့ စာတစ်စောင်ရေးပြီး ထိုကိစ္စကို ဖြေရှင်းရန် တာ့ဖုန်းပြည်နယ်က တစ်စုံတစ်ယောက်ကို စေလွှတ်ပေးဖို့ မျှော်လင့်နေသည်။
တောနက်စီရင်စုမြို့တော်တွင် တကယ့် မိစ္ဆာနတ်ဆိုးပေါ်လာတာက အရင်တုန်းက ကုန်းပါးကို ရှုံးနိမ့်စေခဲ့သည်။ သူခြိမ်းခြောက်ခံရတယ်လို့ ခံစားရသည်။
ပြည်နယ်တစ်ခု၏ဗဟိုချက်ချာဖြစ်သော တာ့ဖုန်းပြည်နယ်မြို့တော်၏ အင်အားနှင့် အရင်းအမြစ်များသည် တောနက်စီရင်စုမြို့တော်တစ်ခုနှင့် ယှဉ်လျှင် များစွာသာလွန်သည်။ ထိုနေရာမှ ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ရောက်လာပါက ထိုနတ်ဆိုး ဖုန်းမော့ကို ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာမရှိလောက်ပေ။
ဒါကိုကြားတော့ ကုန်းယွိလုံက လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ "တာ့ဖန်းပြည်နယ်မြို့တော်က ဒီနေရာနဲ့ ဝေးတယ်။ ကုန်းမိသားစု ရဲ့ တပည့်တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ စာသွားပို့ဖို့ စေလွှတ်ခဲ့တယ်။ အခုအချိန်ဆိုရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က တစ်ယောက်ယောက်ကို ပို့ပေးလိုက်သင့်ပြီ။ ဒါပေမယ့် လုံးဝ လှုပ်ရှားမှု မရှိဘူး။"
ကုန်းယွိလုံလည်း ဇဝေဇဝါဖြစ်နေသလို ခံစားရသည်။ တာ့ဖုန်းပြည်နယ်မြို့တော်က ဒီလိုအသုံးမကျတာမျိုး မဟုတ်ပါ။ စာကိုလက်ခံရရှိပြီး မကြာမီ တစ်စုံတစ်ဦးကို ပေးပို့သင့်သည်။
"အဲဒီက ဘယ်သူရောက်လာတာလဲ"
"အားးးးး!"
နှစ်ယောက်သား ဆွေးနွေးနေကြစဉ်တွင် တောနက်စီရင်စုစစ်တပ်၏ အော်ခေါ်သံများနှင့် သေလုမြောပါး အော်ဟစ်သံများဖြင့် အခန်းအပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။
"ဟား ဟား ဟား ကုန်းပါး... ကတိအတိုင်း မင်းကို လာရှာဖို့ ငါရောက်လာပြီ။ ငါဗိုက်ဆာနေပြီကွ"
လှောင်ရယ်သံက လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"အဲဒါ ဖုန်းမော့ပဲ၊ သူရောက်လာပြီ!"
ကုန်းပါး၏ မျက်ခွံများ အနည်းငယ်လှုပ်သွားသည်။ ဤသည်မှာ တောနက်စီရင်စုမြို့တော်၏ ရုံးတော်ဖြစ်ပြီး ဖုန်းမော့က စီရင်စုရုံးတော်ကို ရဲရဲတင်းတင်း တိုက်ခိုက်နေသည်။ ဤသည်မှာ ရုံးတော်၏ အာဏာကို လုံးဝဂရုမစိုက်ခြင်းပင်။
သို့သော် ထိုအချိန်တွင် ကုန်းပါး၏ နှလုံးသားထဲတွင် ဒေါသချောင်းချောင်းထွက်လာ၏။ "သောက်မိစ္ဆာနတ်ဆိုး! သူက ငါ့ကို လုံးဝအလေးအနက်မထားဘူးပဲ။ ဒီနေ့တော့ အနာကျင်ဆုံး ပေးဆပ်စေရမယ်!"
"စစ်သူကြီး...သတိထား!" ကုန်းယွိလုံ၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ လူတွေကို ဝါးမျိုဖို့ စိတ်အားထက်သန်နေတဲ့ နတ်ဆိုးတစ်ကောင်လိုမျိုး အပြင်ကနေ ထွက်လာတဲ့ ကြောက်စရာကောင်းတဲ့ အငွေ့အသက်ကို သူ ခံစားရသည်။ တောနက်စီရင်စုမြို့တော်ကို ကာကွယ်စောင့်ရှောက်သူ ကုန်းပါးသည် ကြောက်မက်ဖွယ်ရာ ရန်သူကို ခုခံနိုင်မည်ဟုသာ ယုံကြည်မိသည်။
ကျယ်ဝန်းသော ရင်ပြင်ပေါ်တွင် ကျောက်ဆောင်ကျောက်ခဲများနှင့် ကြည်လင်သောရေများဖြင့် ဝန်းရံထားပြီး ပုံမှန်အားဖြင့် လှပသောမြင်ကွင်းတစ်ခုဖြစ်သော်လည်း ပတ်ပတ်လည်တွင် ခြေပြတ်လက်ပြတ်များ ပြန့်ကျဲနေ၏။
အနက်ရောင် သံချပ်ကာတပ်သား အများအပြားသည် ချွေးသီးချွေးပေါက်များထွက်ကာ ဧရိယာကို တင်းတင်းကြပ်ကြပ် ကာရံထားပြီး အသီးသီး လက်နက်များကိုင်ဆောင်ကာ ရင်ပြင်၏ အလယ်ဗဟိုရှိ အရပ်ရှည်ရှည်နှင့် မဲမဲသဲသဲ အသွင်အပြင်ကြီးကို စေ့စေ့ကြည့်နေကြသည်။
ထိုပုဂ္ဂိုလ်မှာ ဆံပင်ဖြူဖြူနှင့် အရပ် ခြောက်ပေကျော်ရှိပြီး ဆံပင်ဖားလားနှင့် ဗလတောင့်တောင့် အဘိုးကြီးဖြစ်သည်။
သူ့လက်ထဲမှာတော့ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးကို ဆုပ်ကိုင်ထားပြီး သူ့ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဝါးမျိုပစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ အနက်ရောင် ကျည်ကာတပ်သားများ အားလုံးသည် တောနက်စီရင်စုစစ်တပ်မှ ထိပ်တန်းအဆင့်လူများ ဖြစ်ကြသော်လည်း ထိုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်များ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။ အဘိုးအို၏ တည်ရှိမှုက သဘာဝ သားရဲနှင့်တူသော အငွေ့အသက်ကို ထုတ်လွှတ်ကာ သူတို့ကို အထိန်းအကွပ်မဲ့ တုန်ယင်စေပြီး ကြောက်ရွံ့စေသည်။
"တကယ်ကို ဖုန်းမော့ပဲ။"
ဆံဖြူ အဘိုးအိုကို မြင်လိုက်ရတော့ ကုန်းပါး၏ မျက်နှာသည် မည်းမှောင်သွားသည်။
ထိုဆံဖြူ အဘိုးကြီးသည် လွန်ခဲ့သည့် တစ်လက သူကြုံတွေ့ခဲ့ရသော မိစ္ဆာနတ်ဆိုးဖုန်းမော့မှလွဲ၍ အခြားသူမဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သည့်တစ်လနှင့် နှိုင်းယှဉ်ပါက ဖုန်းမော့သည် တော်တော်လေး ပြောင်းလဲသွားသည်။
လွန်ခဲ့တဲ့တစ်လက ဖုန်းမော့သည် ပိန်ပိန်ချုံးချုံး ခါးကုန်းကုန်းနှင့် သိပ်မရဲတင်းသော အဘိုးအိုတစ်ဦးဖြစ်သည်။
ယခုမူ အသက်ကြီးနေဆဲဖြစ်သော်လည်း ဖုန်းမော့သည် အရပ်ရှည်ရှည် ကြွက်သားတောင့်တောင့် ဆံပင်ဖြူဖြူနှင့် သူ့မျက်နှာသည် ယုတ်မာမှုများဖြင့် ပုံဖော်ထားကာ ကြီးစွာသော မကောင်းမှုများနှင့် အလွန်အမင်း အန္တရာယ်များလှကြောင်သ မြင်တွေ့နေရသည်။
"ဒီဖုန်းမော့... သူ့အရောင်အဝါက အရင်ကထက် အများကြီး ပိုပြင်းထန်လာတယ်!"
ကုန်းပါးသည် ကြောင်တစ်ကောင်နှင့် တွေ့လိုက်ရသည့် ကြွက်ကဲ့သို့ သူ့ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ တုန်ယင်သွားသည်ကို ခံစားလိုက်ရပြီး ထိတ်လန့်မှုက သူ့နှလုံးသားကို ပြင်းထန်စွာ လွှမ်းခြုံသွားလေ၏။