← Chapters

သဘာဝလွန်နယ်ပယ် ဓားသွားကျင့်ကြံခြင်းအတတ်။ ဓားချီကို ပြုစုပျိုးထောင်ခြင်း၊ ဓားသွားစွမ်းအား စုဆောင်းခြင်း၊ ဓားဝိညာဉ်စုစည်းခြင်း။ (၃)

Vol. 16 Ch. 234

သဘာဝလွန်နယ်ပယ် ဓားသွားကျင့်ကြံခြင်းအတတ်။ ဓားချီကို ပြုစုပျိုးထောင်ခြင်း၊ ဓားသွားစွမ်းအား စုဆောင်းခြင်း၊ ဓားဝိညာဉ်စုစည်းခြင်း။ (၃)

Vol. 16 Ch. 234

လွန်ခဲ့သည့်တစ်လက ဖုန်းမော့နှင့်ရင်ဆိုင်ရသောအခါတွင် ကုန်းပါးသည် အလိုလိုကြောက်ရွံ့ခဲ့ရသော်လည်း ယခုအခါ ထိုကြောက်ရွံ့မှုသည် ယခင်ကထက် ပိုသွားခဲ့ပြီဖြစ်သည်။

တိုက်ကြတဲ့အခါ သူသေသွားနိုင်သည်။

ဤအတွေးသည် ကုန်းပါး၏ စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ ပေါ်လာခဲ့သည်။

ကုန်းပါးကို မျက်နှာမူရင်း ဖုန်းမော့က သူ့ကို အရသာရှိတဲ့ အစားအစာကို အကဲဖြတ်နေသည့်နှယ် ထိတ်လန့်ဖွယ်ရာ ရယ်မောလိုက်သည် “မင်းဆီကနေ အကြောက်တရားရဲ့ အနံ့ကို ငါ ရတယ်။ တကယ်တော့ မင်းလို အဆင့်နိမ့်သတ္တဝါလေးတွေက ငါ့နဲ့ ရင်ဆိုင်ရတော့ ကြောက်သင့်ပါတယ်လေ။”

"မင်းကမှ အောက်တန်းအကျဆုံးထဲက အဆင့်နိမ့်ဆုံး သတ္တဝါပဲ။ ငါ့ရှေ့မှာ ပေါ်လာဖို့ သတ္တိရှိရင် ဒီနေ့ မင်း အရင်တစ်ခေါက်လို ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး "

ကုန်းပါး၏ မျက်လုံးများသည် အေးစက်နေပြီး ထိုကြောက်ရွံ့မှု အရိပ်အမြွက်ကို အတင်းဖယ်ထုတ်ရင်း စိတ်ပိုင်းဖြတ်လိုက်သည်။ တောနက်စီရင်စုမြို့၏ စောင့်ရှောက်သူ နတ်ဘုရားတစ်ယောက်အနေနှင့် သူသည် ဤမိစ္ဆာနတ်ဆိုးကို စိတ်တိုင်းကျ သတ်ဖြတ်ခွင့် လုံးဝ မပြုနိုင်ပါ။ ထို့အပြင် ကုန်းပါးက သူ့ဓားကိုလည်း ယုံကြည်ပြီး အားကောင်းတဲ့ ရန်သူတွေကို ခုတ်ထစ်ဖို့ အမြဲကူညီပေးမယ်လို့ ယုံကြည်သည်။

"ဝုန်း!"

ကုန်းပါး၏ ချီနှင့် သွေးများသည် သူ့ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားကာ သူ၏အရေပြားသည် ကြက်သွေးရောင်သန်းလာပြီး ချီစွမ်းအင်နှင့် သွေးများ သူ့ချွေးပေါက်များမှ ပေါက်ထွက်ကာ ပြင်းထန်ပြီး ကြီးကျယ်ခမ်းနားသော ချီသွေးနဂါးရှည်သည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်လျက်ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားကဲ့သို့ အံ့သြထိတ်လန့်ဖွယ်ကောင်းသည့်ပုံပေါက်စေသည်။

"စစ်သူကြီးက နတ်ဆိုးကို သတ်ပစ်ပြီး တောနက် စီရင်စုမြို့ကို ငြိမ်းချမ်းရေး အရယူပေးမှာ သေချာတယ်!"

ကုန်းပါး၏ အံ့အားသင့်ဖွယ် စွမ်းအားကို သက်သေပြလိုက်သောအခါ မူလက စိုးရိမ်နေသော စစ်သားများ စိတ်သက်သာရာ ရသွားကြသည်။ တောနက်စီရင်စုမြို့၏ အစောင့်အရှောက်စစ်သူကြီး ကုန်းပါးကိုယ်တိုင် လှုပ်ရှားပါက ဤလူသတ်နတ်ဆိုးသည် ယနေ့တွင် ကျိန်းသေပေါက် ကျရှုံးလိမ့်မည်။

"ညစာမစားခင် နည်းနည်းပါးပါး လှုပ်ရှားဖို့ အတော်ပဲ"

ဖုန်းမော့၏ ပါးစပ်က အနည်းငယ် ကွေးတက်သွားခဲ့သည်။

“သတ်!”

ကျယ်လောင်သော ကြွေးကြော်သံဖြင့် ကုန်းပါးသည် သူ၏ ချီနှင့် သွေးများကို အထွတ်အထိပ်သို့ တွန်းပို့လိုက်ပြီး အေးစက်သော အလင်းရောင်ဖြင့် သူ့လက်ထဲက အနက်ရောင်ရွှေ တိုက်ပွဲဝင်ဓားသည် ရုံးတော်ရှိ မီးအိမ်များ၏ အလင်းကိုတောင် မှိန်ဖျော့သွားစေပြီး ဖုန်းမော့ဆီသို့ ခုတ်လွှဲလိုက်သည် ။

"လာစမ်းပါ"

ဖုန်းမော့က မကြောက်မရွံ့ဘဲ သူ၏ အသားထူထူလက်ဖဝါးဖြင့် ရိုက်ချရန် ဆန့်ထုတ်လိုက်သည်။

၎င်းသည် တောနက်စီရင်စုသိုင်းလောက၏ ထူးခြားသော တိုက်ပွဲဖြစ်လာနိုင်ပြီး တစ်ဖက်တွင် ကျွမ်းကျင်ပညာရှင် တစ်ဒါဇင်ကျော်ကို သတ်ခဲ့ပြီးသော လျှို့ဝှက်ဆန်းကြယ်သည့် လူသတ်နတ်ဆိုးနှင့် ကျန်တစ်ဖက်က တောနက်စီရင်စုမြို့၏ အထင်ရှားဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

သို့ပေမယ့် ဒီတိုက်ပွဲကို လူတော်တော်များများက ကိုယ်တိုင်မြင်တွေ့နိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် ရုံးတော်နှင့် မိုင်အနည်းငယ်ဝေးသော တည်းခိုခန်းတစ်ခု၏ ဇိမ်အကျဆုံးသော ဧည့်ခန်းအတွင်း အဖြူရောင်လူငယ်လေးတစ်ယောက် ပြတင်းပေါက်နားတွင် အေးအေးဆေးဆေးထိုင်ကာ လက်ဖက်ရည်သောက်နေ၏။ တစ်စုံတစ်ခုကို အာရုံခံမိရင်း ရုံးတော်ဘက်သို့ လှမ်းကြည့်ကာ ပါးစပ်ထောင့်လေး ကွေးတက်သွား၏။ “စနေပြီလား”

အဖြူရောင်ဝတ်ထားသော ထိုလူငယ်လေးသည် အသက်နှစ်ဆယ်ကျော်ရှိကာ ထူးထူးခြားခြား အသွင်အပြင်ရှိသည့်ပုံပင်။ ဓားသွားနှင့်တူသော မျက်ခုံးမွှေးနှင့် ကြယ်ရောင်မျက်လုံးများဖြင့် ချောမောသော သူသည် ငှက်မွှေးသရဖူဦးထုပ်ကို ဆောင်းထားကာ သူ၏ခါးတွင် အဖိုးမဖြတ်နိုင်သော အဖိုးမဖြတ်နိုင်သော သွေးနီရောင် မိန်ရာသီရုပ်(ငါးနှစ်ကောင်) ကျောက်စိမ်းဆွဲသီးကို ၀တ်ဆင်ထားကာ အခြားသူများကို မျှော်ကြည့်ရန် ဆွဲဆောင်နိုင်သော မျိုးရိုးမြင့်ပုဂ္ဂိုလ်မျိုးဖြစ်သည်။

ဧည့်ခန်းထဲတွင် အဖြူရောင် ၀တ်ထားသော လူငယ်လေးအပြင် ထွားထွားကျိုင်းကျိုင်းနှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် လူတစ်ယောက်လည်း ရပ်နေ၏။

ထိုသန်မာထွားကျိုင်းသော အမျိုးသားသည် ပြတင်းပေါက်မှ အပြင်ဘက်သို့ ငုံ့ကြည့်ရင်း တောနက်စီရင်စုရုံးတော်ဘက်သို့ လှမ်းကြည့်ကာ “ဒီမိစ္ဆာနတ်ဆိုးက တောနက်စီရင်စုရုံးတော်မှာ ပေါ်လာပြီး အတိအလင်း တိုက်ခိုက်နေတာ၊ နည်းနည်း မောက်မာတယ် မဟုတ်ဘူးလား သခင်လေးမု။ ကျွန်တော်တို့ သူ့ကို ဒီလိုပဲ မဆင်မခြင် ဖျက်ဆီးခွင့် ပေးထားတော့မှာလား။”

လူထွားကြီးက ငြိမ်ငြိမ်လေး မနေချင်တော့။ သူတို့ ဒီကိုလာရတဲ့ သူတို့ရဲ့ရည်ရွယ်ချက်က တောနက် စီရင်စုမြို့တော်မှာ ပြဿနာဖြစ်စေတဲ့ ဒီမိစ္ဆာနတ်ဆိုးနဲ့ ရင်ဆိုင်ဖို့ပင်။

ဒါကိုကြားတော့ အဖြူရောင်နဲ့ လူလေးရဲ့မျက်နှာထားက မည်းမှောင်သွားပြီး သူ့ကို အေးစက်စက်နဲ့ ကြည့်လိုက်သည် "ဘာဖြစ်နေတာလဲ။ ဒီနတ်ဆိုးက သေချာပေါက် အသတ်ခံရမှာပဲဟာ။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။"

သခင်လေးမုသည် အလွန်ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပုံရသည်။ လူထွားကြီး၏မျက်နှာသည် စိတ်ပျက်မှုနှင့် မကျေနပ်မှုတို့ကို ပြသနေသော်လည်း ၎င်းကို ထုတ်မပြောဝံ့ပေ။

ထို့နောက် သခင်လေးမုက အနည်းငယ်ပျော့ပြောင်းသော လေသံဖြင့် ဆက်၍ ဆိုသည်"ဒီမိစ္ဆာနတ်ဆိုးက နိဗ္ဗာန်အဆင့်ကို အဆင့်တက်သွားခဲ့တာ ဖြစ်မယ်။ ဒါပေမယ့် သူ့ရဲ့အထွတ်အထိပ်ကို မရောက်သေးဘူး။ သူ့ကို နည်းနည်းတော့ ကျွေးထားပြီးလို့ ငါတို့ သူ့ကို ဖမ်းမိရင် ဆုလာဘ်က အများဆုံးဖြစ်မှာ။"

“မိစ္ဆာနတ်ဆိုး… ဒီလိုရတနာမျိုးက ရွှေသားတစ်ထောင်နဲ့တောင် ဝယ်ရခက်တယ်!”

သခင်လေးမုရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေ၏။ သူမလှုပ်ရှားရတဲ့ အကြောင်းရင်းက ရှင်းပါသည်။ သူသည် မိစ္ဆာနတ်ဆိုးကို အထွတ်အထိပ်ကာလသို့ ရောက်စေလိုပြီး ရင့်မှည့်ချိန်မှ ခူးဆွတ်ဖို့ စောင့်နေတာဖြစ်သည် ။

မိစ္ဆာနတ်ဆိုးများသည် ပြီးပြည့်စုံသော သတ္တဝါများဖြစ်ပြီး ၎င်းတို့၏ တည်ရှိမှုသည် လူသားများထက် အဆင့်မြင့်မားသည်။ နတ်ဆိုးတစ်ကောင်ကို သတ်ခြင်းမှ ရရှိသော အမြတ်များသည် သာမန်လူများ တွေးကြည့်နိုင်သည်ထက် ကျော်လွန်ပါသည်။

လူထွားကြီးသည် ထိတ်လန့်မှုနှင့် ဒေါသကို ခံစားလိုက်ရသည်။ သခင်လေးမုနှင့် သူက တောနက်စီရင်စုမြို့၌ သောင်းကျန်းနေသော မိစ္ဆာနတ်ဆိုးကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ပေးခံရသူများ ဖြစ်သော်လည်း အကျိုးအမြတ်အများဆုံးရရန်အတွက် နတ်ဆိုးကို စီရင်စုမြို့တော်တွင် ပရမ်းပတာ သတ်ဖြတ်ခွင့် ပြုထားသည်။

သခင်လေးမု၏မျက်လုံးထဲတွင် ထိုမိစ္ဆာနတ်ဆိုးသည် သူ၏သားကောင်ဖြစ်ပြီး အခြားသော သိုင်းသမားများသည် သားကောင်ကို ကြီးထွားဝဖြိုးစေရန်အတွက် အာဟာရဖြည့်ပေးသည့် အမြောက်စာများသာဖြစ်သည်။

ဤမျှလောက် အေးစက်ပြီး ရက်စက်သော နှလုံးသားသည် လူ့အသက်ကို လျစ်လျူရှုထားသောကြောင့် သူ့ကို တုန်လှုပ်စေသည်။

"ကောင်းပြီ။ ငါတို့နှစ်ယောက်စလုံး ဒီမှာပဲစောင့်နေမယ်။ သားကောင်ကို ထိတ်လန့်ပြီး ငါ့ရဲ့အကြံအစည်တွေ ပျက်စီးစေမှာစိုးလို့ အရမ်း နီးနီးကပ်ကပ် မနေနဲ့" ဟူ၍ သခင်လေးမုက ဂရုမစိုက်ဟန်ဖြင့် ဆိုလေ၏။ သူ့လေသံက သေချာပိုင်နိုင်သည့်လေသံနှင့်။

“ဟမ်း…” လူထွားကြီးက အသက်ပြင်းပြင်း ရှူထုတ်ကာ တစ်နေရာတည်းတွင်သာ စောင့်ဆိုင်းနိုင်ပြီး အဝေးက ရုံးဝောာ်၏အပေါ်မှ သွေးရောင်အလင်းတန်းများ တဖြည်းဖြည်း အားနည်းလာကာ ၎င်း၏အထွတ်အထိပ်မှ အားနည်းသွားသည်ကို တွေ့လိုက်ရသည်။

"စစ်သူကြီးကုန်း"

စီရင်စုရုံးတော်ထဲတွင် အနက်ရောင်သံချပ်ကာတပ်သားများသည် မျက်လုံးများ ပြူးကျယ်လျက် ခန္ဓာကိုယ်များက ပြိုလဲလုနီးပါးဖြစ်ကာ တုန်ယင်နေပြီး သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

ကုန်းပါး၏ ရင်ဘတ်ကို ရှုံ့တွနေသော လက်ဖဝါးက ထိုးဖောက်သွားပြီး ဆံဖြူ အဘိုးကြီး ဖုန်းမော့က ပြင်းပြင်းထန်ထန် ဆောင့်ဆွဲကာ တဒုတ်ဒုတ်ခုန်နေသော နှလုံးကို ဆုတ်ထုတ်ပစ်လိုက်သည်။

သူ၏ ချီစွမ်းအင်နှင့် သွေးများ တဖြည်းဖြည်း ပြန့်ကျဲလာသဖြင့် ကုန်းပါး၏ မျက်လုံးများထဲတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာပြီး သူ၏ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ ဒူးထောက်ကာ မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့သည်။

တောနက်စီရင်စုမြို့တော်၏ ရှားပါးထိပ်တန်းတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည့် ကုန်းပါးသည် လူအများအတွက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး အားလုံးကို ပေးဆပ်ခဲ့သော်လည်း တွန့်ဆုတ်မှုအပြည့်ဖြင့် ဖုန်းမော့ထံ ကျရုံးသွားဆဲဖြစ်သည်။

ဖုန်းမော့၏လည်ပင်းတွင် ကုန်းပါး၏ဓားဖြင့်ခုတ်ထားသော ဒဏ်ရာကြီးတစ်ခုရှိနေပြီး သူ့ခေါင်းမှာ ဘေးဘက်သို့ကျလုနီးပါးဖြစ်ကာ လည်ပင်းဒဏ်ရာမှ နီကျင့်ကျင့်သွေးများစီးကျနေ၏။

All Chapters