သဘာဝလွန်နယ်ပယ် ဓားသွားကျင့်ကြံခြင်းအတတ်။ ဓားချီကို ပြုစုပျိုးထောင်ခြင်း၊ ဓားသွားစွမ်းအား စုဆောင်းခြင်း၊ ဓားဝိညာဉ်စုစည်းခြင်း။ (၃)
Vol. 16 Ch. 235
ဝှစ်!
သို့ပေမယ့် ထူးဆန်းတာက အချိန်တွေနောက်ပြန်ရစ်သွားသလို ဒဏ်ရာထဲကို နီကျင့်ကျင့်သွေးတွေ ပြန်စီးဝင်လာပြီး ဒဏ်ရာက လျင်မြန်စွာ ပျောက်ကင်းကာ အမာရွတ်လေးသာ ကျန်ရစ်ခဲ့သည်။
ကုန်းပါးသည် အစွမ်းကုန်ကြိုးစားလျက် အပြင်းအထန် လောင်းကြေးထပ်ကာ ဖုန်းမော့ကို ဒဏ်ရာရစေဖို့ ကြိုးတန်းပေါ်၌ အသက်စွန့်ကာ တိုက်ပွဲဝင်ခဲ့သော်လည်း ကံမကောင်းစွာပင် သာမန်လူများအတွက် သေစေနိုင်လောက်သည့် ဒဏ်ရာသည် ဖုန်းမော့အတွက် လုံးဝပြန်ကောင်းလာရန် အနည်းငယ်သာ အသက်ရှုခဲ့ရပါသည်။
“လူသားတွေ… တကယ်ကို ထိခိုက်လွယ်တာပဲ!”
သူ့လက်ထဲက လတ်ဆတ်ပြီး ဖြည်းဖြည်းချင်း ခုန်နေတဲ့ နှလုံးကို ကြည့်ရင်း ဖုန်းမော့က မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ လူသားတို့သည် မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို မလွန်ဆန်နိုင်ကြေပေ။ ဒဏ်ရာလေးတစ်ခုနဲ့တင် သေဆုံးနိုင်သည်။
မိစ္ဆာနတ်ဆိုးများနှင့်မတူဘဲ ဖုန်းမော့၏အမြင်အရ သူတို့၏အသက်ကို ခြိမ်းခြောက်နိုင်သည့်တစ်ခုတည်းသောအရာမှာ အချိန်ဖြစ်သည်။
“စစ်သူကြီးကုန်း…”
တံခါးဝတွင်ရပ်နေသော ကုန်းယွိလုံသည် ကုန်းပါး၏နှလုံးက တစ်ချက်တည်းဖြင့် မြန်မြန်ဆန်ဆန် ဆွဲထုတ်ခံလိုက်ရပြီး လူက မြေပြင်ပေါ်သို့ ပျော့ခွေကျသွားသည်ကို တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော ဘုန်းတန်ခိုးကြီးမားသော အောင်ပွဲများကို ဖန်တီးသူ၊ ကုန်းမိသားစု၏ အသန်မာဆုံးသူအဖြစ် လေးစားရသော ကုန်းပါးသည် သူ့မျက်စိရှေ့မှောက်တွင် သေဆုံးသွားလိမ့်မည်ဟု လုံးဝမထင်မှတ်ထားရာ သူ့မျက်နှာ ဖြူဖျော့သွားခဲ့သည်။
ဖုန်းမော့က အေးစက်စွာ ကြည့်လိုက်ရာ ကုန်းယွိလုံ၏ ခြေထောက်များ တုန်ယင်နေပြီး သားကောင်ကို ရွေးချယ်သော သားရဲတစ်ကောင်၏ ပစ်မှတ်ခံထားသလို ခံစားရသည်။ သူ့ခြေထောက်တွေကို ဆန့်ဆန့်မရပ်နိုင်တော့ဘဲ ဒူးထောက်ချလိုက်သည်။
"သွားရမယ့်အချိန်ရောက်ပြီ။ အစားအသောက်ကို မဖြုန်းသင့်ဘူး" ဖုန်းမော့သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဆက်လက်မလုပ်ဆောင်ဘဲ ကုန်းပါး၏ အလောင်းကို ကောက်ယူကာ အိမ်ခေါင်မိုးပေါ်သို့ သွက်သွက်လက်လက် ခုန်တက်လျက် အနည်းငယ်ခုန်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
ဖုန်းမော့သည် နတ်ဆိုးတစ်ကောင်အနေဖြင့် သတ်ဖြတ်ခြင်းကို ထုံးစံအတိုင်း နှစ်သက်သဘောကျသော်လည်း သူသည် အသိဥာဏ်မဲ့သတ်ဖြတ်မည်မဟုတ်ပေ။ ဝက်နှင့် ခွေးများကို အစာအဖြစ် သတ်မှတ်ထားသူများသည် ဆာလောင်မွတ်သိပ်နေချိန်မှသာ သတ်ပစ်ကြပြီး အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ အစာကို ဖြုန်းတီးကြမှာမဟုတ်ပေ။
"ဒီကုန်းပါးဟာ ချီသွေးနဂါးရှည်နယ်ပယ်ရဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်လို့ သူ့ရဲ့ စွမ်းအင်ဟာ ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုရှိတဲ့ သိုင်းပညာရှင်တစ်ရာထက် အများကြီး ပိုကြွယ်ဝတယ်။ သူ့ကို စားလိုက်တဲ့ရင် ငါ့ရဲ့ အခြေအနေက ရှစ်ဆယ် ကိုးဆယ် ရာခိုင်နှုန်းလောက် ပြန်ကောင်းလာလောက်မှာပဲ။" ဖုန်းမော့သည် ကုန်းပါး၏အလောင်းနှင့်အတူ မြို့အစွန်ဘက်ဆီသို့ လျှောက်သွားကာ သူ့ဘာသာသူ တွေးနေမိသည်။
ပစ်မှတ်ထားခံရတာကို ရှောင်ဖို့ တောနက်စီရင်စုမြို့မှာ အကြာကြီး နေလို့မဖြစ်ဘူး... အဲဒီလူကို သတ်ပြီးလို့ သူ့ကို ဝါးမျိုပြီးရင် ငါ့အခြေအနေက အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်။ ပြီးတော့ နောက်ထပ် အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်လာဖို့ မျှော်လင့်ရင်းနဲ့ တခြားနေရာကို ပြောင်းရမယ်..."
ဖုန်းမော့၏ မျက်လုံးများမှတဆင့် အတွေး လမ်းကြောင်းများ ပျံ့လွင့်လာသည်။
ဖုန်းမော့သည် နတ်ဆိုးတစ်ကောင်လို သဘာဝအတိုင်း အလွန်သန်မာသော်လည်း လူသားမျိုးနွယ်တွင် သူ့ကို ခြိမ်းခြောက်နိုင်သော သိုင်းပညာရှင် သိပ်မနည်းကြောင်းကိုလည်း သူနားလည်သည်။
အချိန်ကိုထည့်သွင်းစဉ်းစားရင်း ဖုန်းမော့သည် တောနက်စီရင်စုထွက်ခွာသည်က ပို၍ လုံခြုံသည်ဟု ခံစားမိသော်လည်း ထိုမတိုင်မီတွင် သူလုပ်ချင်သည့်အရာတစ်ခု ရှိပါသေးသည်။ ထိုညက သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့သော အနှီကောင်လေး။
အရသာရှိသော အစားအစာများကို နောက်ဆုံးအချိန်အထိ သိမ်းဆည်းထားရမည်။
ဧရာမဝေလငါးဂိုဏ်း၏ တိတ်ဆိတ်သော နေအိမ်တစ်ခုတွင်။
ရွှီးရွှီး။
စူးချန်ခုန်းသည် ဓားအိမ်မပါသော ဓားတစ်ချောင်းလို တုန်ယင်လျက် တင်ပျဉ်ခွေထိုင်နေရင်း မမြင်နိုင်သော ချီစွမ်းအားသည် သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်ကာ ကျိုးပဲ့နေသော အသံများကို ထုတ်လွှတ်ရန် လေကို လှီးဖြတ်နေ၏။
"ဟူး ဟူး ဟူး!"
ရုတ်တရက်ဆိုသလို စူးချန်ခုန်း၏အသက်ရှုသံများ ပြင်းထန်စွာ ပြောင်းလဲသွားကာ နောက်တစ်စက္ကန့်တွင် အခန်းအတွင်း၌ သစ်သားခွက်သည် ဓါးဖြင့် နှစ်ခြမ်းခွဲခံလိုက်ရသလို တိတ်တိတ်တဆိတ် ကွဲသွားခဲ့သည်။ အခန်းတွင်း၌ မရေမတွက်နိုင်သော ဓားရှည်များ ကခုန်နေသကဲ့သို့ နံရံများမှာလည်း အက်ကွဲကြောင်းများစွာကို ပေါ်လာပြီး အနားကပ်သွားပါက မည်သူမဆို ချက်ချင်းပင် အပိုင်းပိုင်းပြတ်သွားမည်ဖြစ်သည်။
စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်အတွင်း ပြည့်လျှံနေသော ဓားချီပါ၀င်နေသော သူ၏ ချီစွမ်းအင်ကို လျင်မြန်စွာ အာရုံစိုက်ပြီး ငြိမ်သက်စေကာ နောက်ထပ် လျှံမထွက်လာအောင် တားဆီးလိုက်သည်။
ဓားသွားကျင့်ကြံခြင်းအတတ် ( အဋ္ဌမအဆင့် သဘာဝလွန်နယ်ပယ် ၁%)
ဓားချီကို သူ့ခန္ဓာကိုယ်နှင့် ပြုစုပျိုးထောင်ခြင်းဖြင့် စူးချန်ခုန်းသည် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။ သူ၏ခိုင်မာသောအခြေခံအုတ်မြစ်နှင့် စွမ်းရည်တို့နှင့်အတူ ဓားသွားကျင့်ကြံခြင်းအတတ်တွင် သူ၏တိုးတက်မှုသည် တစ်နေ့လျှင် မိုင်တစ်ထောင်ခရီးနှင်သည့်နှယ် မြန်ဆန်လွန်းလှသည်။ လအနည်းငယ်အတွင်းမှာပဲ သူက အဆင့် ခုနစ် ကနေ အဆင့်ရှစ်အထိ တိုးတက်လာခဲ့သည်။
ထို့ကြောင့် စူးချန်ခုန်းသည် သူ့ကိုယ်တွင်းရှိ ဓားချီကို မရည်ရွယ်ဘဲ ဖိတ်စင်သွားစေရန်အတွက် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ဓားသွားကျင့်ကြံခြင်းအတတ်သည် အဋ္ဌမ နယ်ပယ်သို့ ရောက်ရှိသောအခါ စူးချန်ခုန်းမထင်မှတ်ထားသော အပြောင်းအလဲကို ဖြစ်ပေါ်လညသည်။
“ဒါက…”
စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ အခြေအနေကို စူးစမ်းကြည့်ရင်း အံ့သြသွားသည်။
စူးချန်ခုန်း၏ခန္ဓာကိုယ်အတွင်းတွင် မူလက ပြန့်ကျဲနေသော ပါးလျသော ပုံစံမရှိသော ဓားချီသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ဓားချီသည် တစ်မျှင်ချင်းစီ ပေါင်းစပ်ကာ ဓါးပုံသဏ္ဍာန် ချီစွမ်းအားအဖြစ်သို့ ပြောင်းလဲပြီး သွေးနီရောင်ရင့်ရင့်မှာ အပြာဖျော့ဖျော့ အလင်းဖြင့် လှည့်ပတ်နေလျက် မထိုးဖောက်နိုင်သည့် ထက်မြက်သော ခံစားချက်ကို ပေးစွမ်းကာ အသိစိတ် ပါးပါးလေးပင် ရှိနေသည်။
"ဓားချီ... ဒါ ဓားချီအစစ်ပဲ။ တစ်စုတည်း ပေါင်းပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရစေနိုင်တယ်။အားလုံးကို အလျားလိုက် လှီးဖြတ်နိုင်တယ်။"
(T/N ဒီကခန္ဓာကိုယ်က ပြိုင်ဘက်ရန်သူရဲ့ခန္ဓာကိုယ်ကို ဆိုလိုတာပါ။)
စူးချန်ခုန်းက အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးတွေက ထိတ်လန့်တကြား အရိပ်အယောင်တွေ ပေါ်နေ၏။
ဓားချီကို ပြုစုပျိုးထောင်ပြီး ဓားစွမ်းအားကို စုဆောင်းကာ ဓားဝိညာဉ်ကို စုစည်းခြင်းသည်ဓားသွားကျင့်ကြံသူတိုင်း အောင်မြင်လိုသည့် နယ်ပယ်များ ဖြစ်သည်။
ဒါပေမယ့် ဓားချီကို ပြုစုပျိုးထောင်တဲ့ အဆင့်တစ်ခုတည်းနှင့်တင် သာမန်ဓားသိုင်းသမားတွေအတွက် ခေါင်းရှုပ်စရာဖြစ်နေပါပြီ။
သံဖြတ်ဓါးနည်းပညာကို အဋ္ဌမနယ်ပယ်အထိ ပြုစုပျိုးထောင်ခဲ့သော စူးချန်ခုန်းပင်လျှင် ဓားချီကို ပြုစုပျိုးထောင်ခြင်းအဆင့်သို့ မရောက်ရှိခဲ့ပေ။
ဤအဆင့်သို့ရောက်ရန် တစ်စုံတစ်ယောက်တွင် ဓါးနည်းပညာ၌ လေးနက်သော အခြေခံအုတ်မြစ်ရှိရန် လိုအပ်ရုံသာမက အရည်အချင်းနှင့် ပင်ကိုစွမ်းရည်အပေါ်တွင်လည်း မူတည်သည်။ မဟုတ်ရင် ဘယ်လောက်ပဲ လေ့ကျင့်နေပါစေ ဓားချီကို ပျိုးထောင်ဖို့ ခက်ခဲသည်။
သို့သော် စူးချန်ခုန်းသည် ဓားသွားကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံရန်အတွက် သူ့ခန္ဓာကိုယ်ကို ကြားခံအဖြစ်အသုံးပြု၍ အဋ္ဌမမြောက်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် အရည်အသွေးပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဓားချီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ဓားချီအစစ်အမှန်က အမှန်တကယ် စုစည်းသွားခဲ့သည်။
ပြန့်ကျဲနေသော ဓားချီကို ယခုအခါတွင် ဓါးပုံသဏ္ဍာန်ရှိသော ချီစွမ်းအားတစ်ခုအဖြစ် ပေါင်းစည်းလိုက်ပြီဖြစ်သည်။
ယခင်နှင့် နှိုင်းယှဉ်ပါက ခုနစ်နှင့် ရှစ်က ကွာခြားမှု သိပ်မရှိသော်လည်း သုညနှင့် တစ်ကြားတွင် ဘာမှမရှိတာနဲ့ ရှိတာကွာခြားသလိုပင်။
ဤသည်မှာ ဓါးနည်းပညာကျွမ်းကျင်သူမှ ဓားသွားလမ်းကြောင်းနှင့်တူသည့်အရာသို့ ကူးပြောင်းခြင်းဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးအကြား ခြားနားမှုကဲ့သို့ ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်သည်။
“စမ်းကြည့်ရအောင်… စွမ်းအားက ဘယ်လိုမျိုးလဲဆိုတာ”
စူးချန်ခုန်းသည် သူ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ စွမ်းအားကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
ဝှစ်!
စူးချန်ခုန်းသည် ချက်ချင်းထကာ ဧရာမဝေလငါးဂိုဏ်း အပြင်ဘက်သို့ ဦးတည်သွားခဲ့သည်။
ဧရာမဝေလငါးဂိုဏ်းစခန်းမှ လီဒါဇင်များစွာ အကွာတွင် စမ်းချောင်းလေးနှင့် ရေတံခွန်ရှိသည်။
(တစ်လီ=မီတာ ၅၀၀ခန့်)
“ဝေါ!”
ရေတံခွန်သည် ဒေါသတကြီး စီးကျနေ၏။ ၎င်းက အမြင့်က ကျန်းတစ်ဒါဇင်ခန့် ရှိပြီး အကျယ်က ၃ ကျန်းခန့်ရှိသည်။ ဧရာမရေတံခွန်သည် တဝုန်းဝုန်းနှင့် စမ်းချောင်းထဲသို့ ကျသွားသည်။ ရေတံခွန်၏ ရိုက်ခတ်သံက အလွန်တရာ ကျယ်လောင်လှပြီး ဆယ်လီကျော်တိုင်အောင် ကြားရသည်။ ရေတံခွန်ရှေ့တွင် စူးချန်ခုန်းက ခပ်သေးသေးလေး ပုံပေါ်သည်။
(တစ်ကျန်း=၃.၃မီတာ)
စူးချန်ခုန်းသည် စမ်းချောင်းရှိ ရေညှိများဖုံးနေသော ရေတံခွန်အောက်ရှိ ကျောက်တုံးကြီးပေါ်တွင် ရပ်နေခဲ့သည်။ သူ အသက်ပြင်းပြင်းရှူလိုက်ရင်း အကြည့်စူးစူးဖြင့် ပေသုံးဆယ်ကျော်အမြင့်ထိ ခုန်တက်ကာ ရေတံခွန်ဆီသို့ အပြေးသွားကာ ခါးက သံဖြတ်ဓားကို ဓားအိမ်မှ ချွတ်လိုက်သည်။
“ဝီဝီဝီ!”
စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းတွင် ဓါးပုံသဏ္ဍာန်ရှိသော ချီစွမ်းအားသည် တုန်ခါသွားပြီး သူ့လက်ထဲမှ ဓားနှင့် ပဲ့တင်ထပ်ကာ ဆူညံသံများ ထွက်ပေါ်ကာ သူ့သွေးကြောများမှ ထွက်လာသည်။
သံဖြတ်ဓားနည်းပညာ။ အလျားလိုက် ပိုင်းဖြတ်ခြင်း။