← Chapters

နတ်ဘုရားလက်နက်ဖြင့် နတ်ဆိုးကို ခုတ်ပိုင်းခြင်း။ အမတကိုယ်ကို ပိုင်းဖြတ်သော ဓားသွား။(၁)

Vol. 16 Ch. 236

နတ်ဘုရားလက်နက်ဖြင့် နတ်ဆိုးကို ခုတ်ပိုင်းခြင်း။ အမတကိုယ်ကို ပိုင်းဖြတ်သော ဓားသွား။(၁)

Vol. 16 Ch. 236

စူးချန်ခုန်း၏ အလျားလိုက် ခုတ်ချက်သည် ပထမတစ်ချက်တွင် သာမန်ခုတ်ချက်တစ်ခု ထွက်ပေါ်လာသည်။ သံဖြတ်ဓားပေါ်တွင် အပြာရောင် သွေးနီရောင် ဓားချီများ ဝေ့ဝဲနေပြီး လေထုကို လှီးဖြတ်ကာ လေဟာနယ်စုတ်ပြဲသွားသကဲ့သို့ အချိန်အတော်ကြာအောင် ရစ်ဝဲနေသော အရိပ်အယောင်များ ကျန်ရစ်ခဲ့သည်။

“ရွှမ်း!”

ဓါးရောင်က ဖျတ်ကနဲဖြင့် လေထုကို အပြည့်လွှမ်းမိုးလိုက်ရာ အံ့အားသင့်စရာကောင်းလှသည်။ ရေတံခွန်က ပုဆိန်နှင့် ဓားတို့ဖြင့် နှစ်ပိုင်းခွဲခံလိုက်ရပုံပေါ်သည်။

ရေတံခွန်အောက်ပိုင်းသည် အခေါင်းပေါက်ဖြစ်လာပြီး ရေတံခွန်အောက်ရှိ ကျောက်တုံးများကို ထင်ရှားပေါ်လွင်စေကာ အပေါ်ပိုင်းတွင် မမြင်နိုင်သောစွမ်းအားဖြင့် ထိန်းထားသည်။

“ဝေါ!”

စူးချန်ခုန်း စမ်းချောင်းထဲက ကျောက်တုံးကြီးပေါ် ပြန်ဆင်းသက်ပြီး ခဏကြာမှ ရေတံခွန်ဟာ ရေကျသံနဲ့အတူ တဖန် စီးဆင်းသွားတော့သည်။

ရေတံခွန်ကို ဓါးနှင့် တားဆီးနိုင်ခဲ့သည်။ ဤခုတ်ချက်တစ်ချက်တည်း၏ ထိတ်လန့်မှုသည် လူတစ်ယောက်ကို ထိတ်လန့်စေပြီး ကျောရိုးတစ်လျှောက် တုန်ယင်သွားစေနိုင်သည်။ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော ဓါးနည်းပညာက ဤကမ္ဘာပေါ်တွင် တည်ရှိနိုင်သည်မှာ မယုံကြည်စရာကောင်းပြီး လူသားများအောင်မြင်နိုင်သည်ထက် ကျော်လွန်သွားခဲ့လေပြီ။

"အားကောင်းတယ်... အရမ်းကို အားကောင်းလွန်းတယ်! ဓားချီနဲ့ဆိုရင် ငါနှိုးဆွလိုက်တာနဲ့ ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက အရင်တုန်းက ဓားကို သွေးကြောထဲမှာ သိမ်းဆည်းထားနိုင်တဲ့ ကန့်သတ်ချက်တွေထက် ကျော်လွန်သွားခဲ့ပြီ။ ပြီးတော့ ခုတ်ချက် အနည်းငယ်နဲ့ ငါ့ရဲ့ ချီစွမ်းအင်အနှစ်သာရ ဝိညာဉ်ကို မကုန်ဆုံးစေဘူး။ ငါ့ကို အားမယုတ်စေဘူး။ ဒါက... တကယ့် ဓားချီပဲ"

စူးချန်ခုန်းသည် ပြန်လည်စီးဆင်းလာသော ရေတံခွန်ကို ငေးကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားရပြီး သူ့နှလုံးသားက ပီတီအဟုန်များ တဖွားဖွား။

ဤခုတ်ချက်တွင် ကိုယ်တွင်းမှ ဆင့်ခေါ်လိုက်သော ဓားချီသည် အရင်ကထက် သာလွန်သည်။ ရေကိုတားဆီးဖို့ ဓါးကို ထုတ်ကာ စီးဆင်းမှုကို ဟန့်တားရန် ရေတံခွန်ကို ဖြတ်တောက်နိုင်လိုက်သည်။ ဒါက မယုံနိုင်လောက်အောင်ပင်။

စူးချန်ခုန်းသည် အတွင်းပိုင်းကို ကြည့်လိုက်တော့ သူ့ခုတ်ချက်ကြောင့် သူ့အတွင်းပိုင်း ဓါးပုံသဏ္ဍာန် ချီစွမ်းအား အနည်းငယ် မှိန်ဖျော့သွားသည်ကို တွေ့လိုက်ရသည်။

"ငါ့ခန္ဓာကိုယ် ပိုသန်မာလေလေ ဓားချီကို ပိုသိမ်းထားနိုင်လေလေ.. ခုတ်ချက်တစ်ချက်တည်းရဲ့ ကန့်သတ်ချက်က ပိုများလေလေပဲ။ ငါ့ခန္ဓာကိုယ်ထဲမှာ ဒီဓားချီရဲ့ အထွတ်အထိပ်က အခုဆိုရင် အကြိမ်နှစ်ဆယ် သုံးဆယ်ထက်မကတဲ့ တိုက်ခိုက်မှုတွေကို ထုတ်လွတ်ဖို့ လုံလောက်တယ်..."

စွမ်းအင်သုံးစွဲမှုကို ခန့်မှန်းပြီးနောက် စူးချန်ခုန်း ၏မျက်လုံးများ အရောင်တောက်လာ၏။

ယခင်က ဓားသွားကျင့်ကြံခြင်းအတတ်၏ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ စူးချန်ခုန်းသည် သုံးကြိမ်သာ ခုတ်အား ရှိခဲ့သော်လည်း ယခုအခါတွင် တစ်ကြိမ်တည်း၏ စွမ်းအားသည် အရင်ကထက် ကျော်လွန်သွားရုံသာမက ထိုသို့သော အတိုင်းအတာအထိ တိုက်ခိုက်မှုများကို ဆယ်ဆအထိ ဆွဲဆန့်နိုင်ခဲ့သည်။

စူးချန်ခုန်းသည် ပြသခဲ့သည့် ပမာဏနှင့် အကြိမ်နှစ်ဆယ် သုံးဆယ်လောက် အားခဲထားနိုင်သည်။ သူသည် ဓားချီထွက်တာကိုလျှော့ချလိုက်ပါက စွမ်းအားလည်း လျော့နည်းသွားလိမ့်မည်။ သို့သော် ၎င်းသည် နောက်ထပ်တိုက်ခိုက်မှုများကို ဆက်လက်ထိန်းထားနိုင်သည်။

ဒါက အမှန်တကယ် ကြောက်စရာကောင်းလှသည်။

"ဖုန်းမော့... ခင်ဗျားရဲ့ မသေနိုင်တဲ့ ခန္ဓာကိုယ်က တကယ် မသေနိုင်ဘူးလားဆိုတာ ကြည့်ကြတာပေါ့"

စူးချန်ခုန်းက သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း သူ့မျက်လုံးတွေက စူးရှတဲ့အလင်းရောင်တွေနဲ့ လက်ကနဲ။

လွန်ခဲ့သည့်လက စူးချန်ခုန်းသည် ကြီးမားသောဖိအားကို ရင်ဆိုင်ခဲ့ရပြီး ဖုန်းမော့ ရောက်လာပါက သူသည် စစ်ခုန်းယုံကဲ့သို့ အလိုလို ပြိုလဲသွားနိုင်ကြောင်း သတိထားမိခဲ့သည်။

သို့သော် စူးချန်ခုန်းသည် ထိုဖိအားများကို လှုံ့ဆော်မှုအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ထိုလတွင်ပင် သူ့ခန္ဓာကိုယ်အား ဓားသွားကျင့်ကြံခြင်းအတတ်ဖြင့် သန့်စင်ပြီး အဆင့်ရှစ်သို့ မြှင့်တင်ကာ သူ့ကိုယ်သူ စစ်မှန်သော ဓားချီကို အောင်မြင်စွာ ပြုစုပျိုးထောင်ပြီး တိုက်ခိုက်နိုင်စွမ်းကို အဆင့်တစ်ခုထက်ပို၍ မြှင့်တင်ခဲ့သည်။

မူလ စူးချန်ခုန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ကုန်းပါးနှင့် စစ်ခုန်းယုံတို့နှင့် ယှဉ်နိုင်ပြီး တောနက်စီရင်စုရှိ ထိပ်တန်း ကိုယ်ခံပညာရှင် အနည်းငယ်ထဲမှတစ်ဦးသာ ဖြစ်သည်။

ယခုမူ ဓားချီကို ပြုစုပျိုးထောင်ခြင်းဖြင့် စူးချန်ခုန်းသည် တောနက်စီရင်စုရှိ တောနက်စီရင်စုမြို့တွင် ပြိုင်ဘက်မရှိ စွမ်းအားအကြီးဆုံးသူ မုချမသွေ ဖြစ်လာခဲ့သည်။ မည်သူမျှ သူ့ကိုမစိန်ခေါ်နိုင်ပါ။

သံမဏိအရိုးရှိသော ဖုန်းမော့ကို ဆန့်ကျင်တိုက်ခိုက်သည့်တိုင် စူးချန်ခုန်းသည် သူ့အား ခြေလက်များ တစ်စစီဖြစ်အောင် ခုတ်ပိုင်းနိုင်မည်ဟု ယုံကြည်သည်။

စူးချန်ခုန်းသည် ဖုန်းမော့၏ ခန္ဓာကိုယ်သည် အမှန်တကယ် မသေနိုင်တာ မဟုတ်ဟု ထင်သည်။ တစ်ကြိမ်တည်းနှင့် မသတ်နိုင်ပါက ငါးကြိမ်၊ ဆယ်ကြိမ်သတ်ပြီး တစ်စစီဖြစ်အောင်လုပ်ကာ ပြာဖြစ်အောင် ဖြန့်ကြဲပစ်မည်။

“ပြန်မယ်။”

သူ၏အတွင်းပိုင်း ဓားချီ၏စွမ်းအားကို စမ်းသပ်ပြီးနောက် စူးချန်ခုန်း၏နှလုံးသည် သိသိသာသာ ပေါ့ပါးသွားပြီး ဧရာမဝေလငါးဂိုဏ်း ပြန်သွားခဲ့သည်။

မနက်ရောက်တော့ စစ်ခုန်းကျန့်နဲ့ စစ်ခုန်းဟွမ်က စူးချန်ခုန်းကို လာရှာခဲ့သည်။

စစ်ခုန်းဟွမ်၏ မျက်လုံးများက စိုးရိမ်မှုများ ပြည့်နှက်နေပြီး ပြောပြသည်။ "စန်းတိ၊ မနေ့ညက တော့နက်စီရင်စုမြို့တော်မှာ ကြီးကြီးမားမား တစ်ခုခုသွားခဲ့တယ်။ တောနက်စီရင်စစ်တပ်ရဲ့ တပ်မှူးကို ရုံးတော်မှာ ဆံဖြူအဘိုးကြီးတစ်ယောက် သတ်လိုက်တယ်တဲ့... လူသတ်သမားက အဲဒီညက အစ်မတို့ တွေ့ခဲ့တဲ့ မိစ္ဆာနတ်ဆိုး ဖြစ်လောက်တယ်။"

"ကုန်းပါး သေပြီလား။ ဖုန်းမော့ သတ်လိုက်တာလား။"

ထိုစကားကိုကြားသောအခါ စူးချန်ခုန်း ၏မျက်နှာထားက စိုးရိမ်တကြီး ဖြစ်သွားလေ၏။

လွန်ခဲ့သည့်တစ်လက ညဘက်တွင် စူးချန်ခုန်း၊ ကုန်းပါးနှင့် ဖုန်းမော့တို့ တိုက်ခိုက်ခဲ့ကြသည်။ ဖုန်းမော့သည် အသာစီးရခဲ့သော်လည်း သူက ဆုတ်ခွာရန် ရွေးချယ်ခဲ့ပြီး သူတို့ထံ ပြန်ရောက်လာမည်ဟု အခိုင်အမာပြောခဲ့သည်။ ၎င်းက ခြိမ်းခြောက်မှု မဟုတ်ဘဲ အမှန်တရားကိုကြေညာသည့် ကတိကဝတ်တစ်ခုဖြစ်သည်။

ဖုန်းမော့၏ပထမဆုံးပစ်မှတ်မှာ ကုန်းပါးဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲအပြီးတွင် ချီသွေးနဂါးရှည်အဆင့် ကုန်းပါးသည် ဖုန်းမော့၏ လက်ထဲတွင်သေဆုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကိုပင် အစာအဖြစ် ယူဆောင်သွားခဲ့သည်။

ဖုန်းမော့၏နောက်ထပ်ပစ်မှတ်မှာ သူဖြစ်နိုင်ကြောင်း မှန်းဆနိုင်သည်။

လူသတ်လိုစိတ်အပြည့်နှင့် စစ်ခုန်းကျန့်က "စန်းတိ၊ ဧရာမဝေလငါးဂိုဏ်းရဲ့ ကျွမ်းကျင်ပညာရှင်အားလုံးကို အစ်ကို ဆင့်ခေါ်ထားပြီးပြီ။ ဒီမိစ္ဆာနတ်ဆိုးက ရောက်လာရင် အစ်ကိုတို့ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။ သူက ပိုသန်မာတယ်ဆိုရင်တောင် လူတစ်သောင်းကို တစ်ယောက်တည်း တိုက်နိုင်တယ်လို့ အစ်ကိုမယုံဘူး။"

စစ်ခုန်းယုံသည် ဖုန်းမော့သတ်တာ ခံခဲ့ရပြီး စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ နှစ်ဦးစလုံးသည် ပြင်းထန်သော ဒေါသနှင့် စိတ်ပိုင်းဖြတ်မှုတို့ကို မျိုသိပ်ထားခဲ့ရသည်။ ဖုန်းမော့သာ အမှန်တကယ် လိုက်လာခဲ့ရင် သူ့ကို သေတဲ့အထိ တိုက်ခိုက်ဖို့ ဘာပဲပေးဆပ်ရပါစေ တွန့်ဆုတ်နေမည်မဟုတ်ပါ။

သို့သော် စူးချန်ခုန်းက ခေါင်းခါလိုက်သည်။ ဖုန်းမော့က သာမန်သိုင်းပညာရှင်မဟုတ်ပေ။ အကယ်၍ လူပေါင်း ထောင်နှင့်ချီရှိလျှင် သူ သေလောက်အောင် ပင်ပန်းသွားလိမ့်မည်။

သို့သော် မာကျောခြင်းစွမ်းရည်ကို ကျင့်ထားသော ထျဲကျင့်ကန်းကဲ့သို့ တိုက်ခိုက်ရေးသမားများထက် အဆပေါင်းများစွာ ပိုပြင်းထန်သော မိစ္ဆာနတ်ဆိုး၏ သံမဏိကိုယ်ခန္ဓာဖြင့် သာမာန် သိုင်းသမားများက သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။ ကြံ့ကြံ့ခံနိုင်ရင်တောင်မှ သူ့အသားကို ဆုတ်ဖြဲဖို့နေနေသာသာ သူ့ကို ခြစ်ရာတောင်ထင်အောင် မလုပ်နိုင်ပါ။ ဖုန်းမော့အတွက် လူအရေအတွက်က အဓိပ္ပါယ်မရှိပေ။ သာမန် ဒဏ်ရာတွေက သူ့အတွက် အသေးအဖွဲ့ဖြစ်သည့် မိစ္ဆာနတ်ဆိုး၏ ထူးခြားသော အမတ ခန္ဓာကိုယ်နှင့်ဆိုရင် ပြောစရာပင် မလိုတော့ပြီ။

ဖုန်းမော့ကို ထိခိုက်စေနိုင်တဲ့သူတွေက ခန်းမခေါင်းဆောင်နှင့် ဒုခန်းမခေါင်းဆောင်အဆင့်ရှိ ချီသွေးနယ်ပယ် သိုင်းပညာရှင်များဖြစ်သည်။

သို့သော် ချီသွေးနယ်ပယ်အဆင့်မြင့်သော ကုန်းပါးပင်လျှင် ဖုန်းမော့ထံ၌ ကျရှုံးသွားခဲ့သည်။ ထို့ကြောင့် ဤချီသွေးနယ်ပယ်သိုင်းပညာရှင်တို့သည် အဆင့်မြင့်အမြောက်စာများသာဖြစ်သည်။

All Chapters