နတ်ဘုရားလက်နက်ဖြင့် နတ်ဆိုးကို ခုတ်ပိုင်းခြင်း။ အမတကိုယ်ကို ပိုင်းဖြတ်သော ဓားသွား။(၂)
Vol. 16 Ch. 237
"အဲ့ဒီ ဖုန်းမော့က ကျွန်တော့် ဆီလာမှာမို့လို့ ဒီနေ့လည်မှာ ထွက်သွားတော့မယ်"
စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်း၏ အခြေစိုက်စခန်း၌ ဖုန်းမော့နှင့် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပေ။
သူ့ကို တိုက်ခိုက်တာက သာမန်သိုင်းပညာရှင် များ ကူညီပေးနိုင်သည့် အရာမဟုတ်ပါ။ သူတို့ရှိနေတာက အနှောက်အယှက်ပင် ဖြစ်လိမ့်မည်။ ဖုန်းမော့သည် သာမန်သားရဲမဟုတ်ဘဲ လူသားကဲ့သို့ ဉာဏ်ရည်ထက်မြက်သော နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ဖုန်းမော့သည် အခြေအနေ အဆင်မပြေဟု ယူဆပါက ဧရာမဝေလငါးဂိုဏ်းသားများကို ဓားစာခံအဖြစ် သေချာပေါက် ခေါ်ဆောင်သွားနိုင်သည်။
မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်သည် အမှန်တကယ် မသတ်နိုင်သော အခြေအနေတွင် ရှိမရှိ သိနိုင်ရန်စူးချန်ခုန်းသည် ဖုန်းမော့ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။
“စန်းတိ… မင်း…” စစ်ခုန်းကျန့်က ထပ်ပြောချင်သည်။
ဒါပေမယ့် စူးချန်ခုန်းက သူ့ကို ပြုံးပြပြီး "စိတ်မပူပါနဲ့၊ ကျွန်တော်က ကျွန်တော့်အသက်ကို အရမ်းတန်ဖိုးထားပါတယ်။ ကျွန်တော် တိတ်တဆိတ် ပုန်းနေဖို့ စီစဉ်ထားတယ်။ ဖုန်းမော့ရှာမတွေ့ရင် သူလက်လျှော့သွားနိုင်တာပဲလေ။"
“ဒါက…” စစ်ခုန်းဟွမ်နှင့် စစ်ခုန်းကျန့်တို့ အကြည့်ချင်းဖလှယ်ခဲ့ကြသော်လည်း ၎င်းက အကြောင်းပြချက်တစ်ခုသာ ဖြစ်ကြောင်း သူတို့ နားလည်ကြသည်။ စူးချန်ခုန်းသည် ဖုန်းမော့ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ပြင်နေသည်။
စူးချန်ခုန်းက တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း သူ၏ ဆုံးဖြတ်ချက်က ခိုင်မာ ပြတ်သားပြီး စစ်ခုန်းမောင်နှမများက သူ့ကို မတားဆီးနိုင်ပေ။ သူတို့သည် စူးချန်ခုန်းကို ယုံကြည်ဖို့ ရွေးချယ်ရုံသာ။
နေ့ခင်းဘက်တွင် စူးချန်ခုန်းသည် သူ၏ အရေးကိစ္စများကို အစီအစဉ်တကျ လုပ်ဆောင်ခဲ့သည်။ သူနှင့်အတူ အများကြီး မသယ်ဆောင်လာခဲ့ပါ။ သူ့ခါးက သံဖြတ်ဓားဟာ သူ့အတွက် အရေးကြီးဆုံး အားကိုးစရာသာဖြစ်သည်။
“အာ့ကျယ်၊ ဒီလောက်ဆို တော်တော်ဝေးနေပါပြီ။”
ဧရာမဝေလငါးဂိုဏ်းအပြင်ဘက်တွင် စစ်ခုန်းဟွမ်က သူနှင့်အတူလိုက်လာခဲ့သည်။ စူးချန်ခုန်းက သူ့ကို ဧရာမဝေလငါးဂိုဏ်းသို့ ပြန်သွားဖို့ ပြောလိုက်သည်။
"သတိထားပါ။ မင်းပြန်လာရမယ်နော်။"
နောက်ဆုံးတွင် စကားလုံးပေါင်းတစ်ထောင်ကို ဤစကားအနည်းငယ်ဖြင့်သာ အကျဉ်းချုံ့လိုက်သည် ။
“စိတ်မပူပါနဲ့” စူးချန်ခုန်းက အခိုင်အမာဆိုကာ သူ့လက်ကို ဝှေ့ယမ်းပြီး အဝေးသို့ လှည့်ထွက်သွားတော့သည်။
စစ်ခုန်းဟွမ်သည် စူးချန်ခုန်း၏ ဆုတ်ခွာသွားသောအသွင်ကိုကြည့်ရင်း မျက်လုံးထောင့်များတွင် မျက်ရည်များစီးကျလာ၏။ ဒါက ပုံမှန်အားဖြင့် တည်ကြည်သောအမျိုးသမီးထံမှ ရှားရှားပါးပါး မြင်ကွင်းတစ်ခုဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်နီးပါးခန့်က ကြမ္မာငင်သော ညချမ်းတစ်ခုတွင် စစ်ခုန်းယုံသည်လည်း အန္တရာယ် ချဉ်းကပ်လာသည်ကို သတိပြုမိသွားတာဖြစ်ရမည်။ သူ့ကလေးများကို မထိခိုက်စေဖို့အတွက် ဖုန်းမော့ကို ရင်ဆိုင်ရန် ဧရာမဝေလငါးဂိုဏ်းကနေ တစ်ယောက်တည်း ထွက်သွားခဲ့သည်။
သုံးရက်အကြာတွင် စစ်ခုန်းယုံသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ သေဆုံးသွားခဲ့သည်။
ယခု သူ့ရှေ့က စူးချန်ခုန်းသည် စစ်ခုန်းယုံကဲ့သို့ဖုန်းမော့ကို ရင်ဆိုင်ဖို့ တစ်ယောက်တည်း ထွက်သွားခဲ့လေပြီ။ စစ်ခုန်းဟွမ်သည် စူးချန်ခုန်းသည် ဘယ်တော့မှ ပြန်မရောက်လာမှာ ကြောက်နေမိသည်။ သူ့ကံကြမ္မာကို မသိနိုင်ပေ။ ဒါမှမဟုတ် ပိုဆိုးတာက သူ ကောင်းကင်ဘုံသို့ ရောက်ပြီးမှ ပြန်လာမည်ကို ကြောက်မိသည် ။
စူးချန်ခုန်း၏ အသွင်သဏ္ဍာန် လုံးဝပျောက်ကွယ်သွားသည်နှင့် စစ်ခုန်းဟွမ်သည် ဧရာမဝေလငါးဂိုဏ်းသို့ တိတ်တဆိတ်ပြန်လာခဲ့သည်။ စူးချန်ခုန်းသည် ဤဘေးဒုက္ခကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ကာ သူလုပ်နိုင်တာက ဆုတောင်းပေးဖို့သာဖြစ်သည်။
ဧရာမဝေလငါးဂိုဏ်းနဲ့ နှစ်ရာလီဝေးကွာသော လူသူမရှိသည့် ကျက်တီးတောင်ပေါ်၌။
လူဆိတ်ညံသော တောင်ပေါ်တွင် ပေါင်းပင်များ စွာ ပေါက်ရောက်နေပြီး သစ်ပင်များက မြင့်မားစွာ ထိုးထောင်နေလျက်။ အင်းဆက်များ၊ ငါးများနှင့် ငှက်များ၏ ရံဖန်ရံခါ အော်ညည်းသံများက တောင်တန်း၏ ဆိတ်ငြိမ်မှုကိုသာ ပေါ်လွင်စေသည်။
စူးချန်ခုန်းသည် တရားထိုင်ရင်း တိတ်တဆိတ် ငြိမ်သက်စွာ ထိုင်နေ၏။ သူ၏ခန္ဓာကိုယ်အတွင်းတွင် ဓားချီကို သူခံနိုင်ရည်ရှိသည့်အတိုင်းအတာအထိ ပြုစုပျိုးထောင်နေသည်။ ဤကျက်တီးတောင်ပေါ်တွင် ခြင်များစွာရှိသော်လည်း စူးချန်ခုန်းထံ ဆယ်ကျန်းအတွင်း တစ်ကောင်မျှ မချဉ်းကပ်ဝံ့ပေ။
အနားကပ်လာပါက လုံးဝပျောက်ကွယ်သွားလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးရက်ကြာသွားခဲ့ပြီး တစ်ခုသော နေဝင်ဆည်းဆာသို့ ရောက်လာခဲ့သည်။
နေရောင်ရဲ့ လိမ္မော်ရောင်တောက်တောက်က မျက်လုံးကျိန်းစေမည့်ပုံမပေါ်ပေ။ ဆောင်းရာသီတွင် နှင်းမကျသော်လည်း လေထုသည် အအေးဓာတ်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
"ကွိ ကွိ ကွိ"
ရုတ်တရက် ယခင်က တိတ်ဆိတ်နေသော သစ်တောသည် နှောင့်ယှက်ခံလိုက်ရပြီး ဝံပုလွေများနှင့် ခွေးများအပါအဝင် အင်းဆက်များ၊ ငါးများ၊ ငှက်များနှင့် သားရဲများသည် တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားသကဲ့သို့ တော်တော်လေး အုတ်အော်သောင်းနင်း ဖြစ်နေသည်။
"သူ ရောက်လာပြီ။"
စူးချန်ခုန်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမကြောက်ပါ။ သူ့အမူအရာက ငြိမ်သက်နေပြီး သူ့မှာ နှလုံးသားက အလွန်အမင်း သန်မာကာ တုန်လှုပ်ခြင်းမရှိပေ။ ထို့အပြင် သူအကြိမ်ပေါင်းများစွာ သွန်းလုပ်ထားသော ဓားတစ်လက်လည်း သူ့နှလုံးသားထဲမှာရှိသည်။
"ဒီမှာ ပုန်းနေပြီး လွတ်မြောက်နိုင်မယ်လို့ မင်းထင်နေလား"
တောင်ပေါ်တောထဲ၌ အေးစက်စက် ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာ၏။ အလင်းရောင်မှိန်ပျပျရှိသော တောအုပ်အတွင်း အရပ်ရှည်ပြီး ထွားကျိုင်းသော အသွင်အပြင်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုဂ္ဂိုလ်မှာ အရပ်ရှည်ရှည် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး မီးခိုးရောင်အဝတ်အစားဝတ်ထားကာ ဖောင်းပွနေသည့် ကြွက်သားများ က သူ့အဝတ်အစားများအောက်တွင် ရှိနေသည်။ အရေးအကြောင်းများနှင့် ဆံပင်ဖြူများရှိနေသော်လည်း ပုံမှန်အဘိုးကြီးတစ်ယောက်၏ ချို့ယွင်းချက်မရှိဘဲ လူငယ်များစွာ၏ အသွင်အပြင်ထက် သာလွန်နေသည်။
"ကျွန်တော်ထွက်မပြေးပါဘူး" စူးချန်ခုန်း ဖြည်းညှင်းစွာထရပ်လိုက်ပြီး သူ့အဝတ်အစားပေါ် ကြွေကျနေသော သစ်ရွက်ခြောက်တစ်ရွက်ကို ခါကျကာ ဖုန်းမော့ကို ပြုံးလိုက်သည်။ "ကျွန်တော်က ခင်ဗျားကိုဒီမှာ လာစောင့်နေတာ!"
"ဟမ်? လူငယ်လေးလား... ဒါက မင်းရဲ့ရုပ်ရည်အစစ်လား"
စူးချန်ခုန်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသဖြင့် ဖုန်းမော့ အနည်းငယ် ထိတ်လန့်သွားသည်။ သူ့မှာ ခဏလေးနှင့် သဘောပေါက်သွားသည်။ စူးချန်ခုန်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က သူသတ်ခဲ့တဲ့လူနဲ့ တူနေတာ အံ့သြစရာမရှိတော့ပါ။ အဲ့တာက သူ့ရုပ်ရည်အစစ်မှ မဟုတ်ပဲကိုး။
ဖုန်းမော့သည် စူးချန်ခုန်း၏ ကိုယ်ရေးကိုယ်တာအစစ်အမှန်ကို မေးမြန်းရန် စိတ်မ၀င်စားပေ။ သူ့မျက်လုံးများတွင် သူတို့အားလုံးသည် အစားအစာများဖြစ်ပြီး ထိုအရာမှာ အလွန်ကောင်းမွန်သော အစားအစာဖြစ်သည်။
"ဒီလို ခွန်အားအဆင့်ရှိတဲ့ သိုင်းပညာရှင်ငယ်လေးလား။ မင်းရဲ့လူသားမျိုးနွယ်ထဲမှာ မင်းကို ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ခံရမှာပဲ။ မင်းကို နောက်ဆုံးအချိန်အထိ ချန်ထားတာဟာ တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ"
ဖုန်းမော့က သွေးဆာနေသော မိစ္ဆာတစ်ကောင်ဖြစ်လင့်ကစား ပိုင်းခြားသိမြင်တတ်ပုံရသော ဥာဏ်ပညာရှိတစ်ယောက်နှယ် စူးချန်ခုန်းကို ချီးမွမ်းခဲ့သည်။
သိချင်စိတ်အပြည့်နဲ့ စူးချန်ခုန်းက မေးလိုက်သည်။ "ခင်ဗျား ကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ။ ကျွန်တော့်ရဲ့ ခြေရာတွေကို လီရာချီထက်ပိုပြီး ဖုံးကွယ်ထားတာပါ။"
ဤသည်မှာ စူးချန်ခုန်း ရှင်းလင်းရန် လိုအပ်သော အချက်ဖြစ်သည်။ သူသည် ဖုံးကွယ်မှုနည်းပညာများကို အသုံးပြုခဲ့သော်လည်း ဖုန်းမော့က သူ့ကို ရှာတွေ့ခဲ့သည်။ စူးချန်ခုန်းသည် မိစ္ဆာနတ်ဆိုးများ ၎င်းတို့၏ သားကောင်ကို မည်သို့ ခြေရာခံသည်ကို နားလည်ချင်သည်။
"မင်းငါ့ဆီကနေ ဒဏ်ရာတွေရလာတဲ့အခါ မိစ္ဆာချီကြိုးမျှင်က မင်းနဲ့တွဲနေတာလေ။ ဒီချီကြိုးမျှင်က လနဲ့ချီပြီး ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ မင်းကမ္ဘာရဲ့အဆုံးထိ ထွက်ပြေးရင်တောင် ငါ မင်းကို ရှာတွေ့မှာပဲ"
ဖုန်းမော့က တဟဲဟဲ ရယ်မောကာ ပြောလိုက်သည်။
သူ စူးချန်ခုန်းနှင့် ကုန်းပါးတို့ကို ဒဏ်ရာရစေခဲ့သောနေ့တွင် လှည့်ထွက်သွားခဲ့သည်မှာ ပထမအချက်က သူသည် အကြာကြီး တိုက်ခိုက်ဖို့ သူ့ရဲ့ အကောင်းဆုံး အခြေအနေ မရောက်သေးပေ။ ဒုတိယတစ်ချက်က တစ်ချိန်က သူ့ကြောင့် ဒဏ်ရာရသွားတာမို့ အလွယ်တကူ ခြေရာခံဖို့ အမှတ်အသားပြုခြင်းနဲ့ အတူတူပင်။
စူးချန်ခုန်းသည် သဘောပေါက်သွားခဲ့သည်။ မိစ္ဆာနတ်ဆိုး၏ ခြေရာခံနိုင်စွမ်းသည် အနံ့ခံပိုးကောင်များထက် များစွာသာလွန်သည်။