နတ်ဘုရားလက်နက်ဖြင့် နတ်ဆိုးကို ခုတ်ပိုင်းခြင်း။ အမတကိုယ်ကို ပိုင်းဖြတ်သော ဓားသွား။(၃)
Vol. 16 Ch. 238
"ကျွန်တော် နည်းနည်း သိချင်မိတယ်။ ခင်ဗျားတို့ နတ်ဆိုးတွေက ဘယ်က ပေါ်လာတာလဲ" စူးချန်ခုန်းသည် မိစ္ဆာနတ်ဆိုးများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုသော အချက်အလက်များကို ပိုမိုတောင်းခံရန် ကြိုးစားခဲ့သည်။
သို့ပေမယ့် ဖုန်းမော့က စကားအပိုမပြောလိုပေ။ “ဟုတ်ပါပြီ။ သေတော့မယ့်လူက.. ဘာလို့ ဒီလောက်တောင် မေးစရာတွေ များနေရတာလဲ။ နောက်ပြီးရင်… ငါ့ရဲ့ ခွန်အားအစစ်အမှန်ကို မင်းကို သက်သေပြမယ်!အဲဒီညက မင်းငါ့ကို ဒဏ်ရာရစေခဲ့တဲ့ တစ်ခုတည်းသောအကြောင်းရင်းက ငါနိဗ္ဗာန်အဆင့်ကို ရောက်ပြီး ခါစမို့ နည်းနည်းအားနည်းနေလို့ပဲ။”
“ဂျွတ် ဂျွတ် ဂျက်”
ရယ်မောသံများကြားတွင် ဖုန်းမော့၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြောင်းလဲလာ၏။ နှစ်မီတာခွဲအမြင့်အထိ လျင်မြန်စွာ မြင့်တက်လာသောအခါတွင် သူ၏ခန္ဓာကိုယ်တွင် ပေါက်ကွဲသံများ ထွက်လာပြီး ကြွက်သားများက ဖောင်းကားနေသော စပျစ်နွယ်ပင်များကဲ့သို့ ပွလာကာ မြွေငယ်များကဲ့သို့ ထူထဲသော သွေးပြန်ကြောများ ထွက်ပေါ်လာသည်။ သူ၏ ကြွက်သားများကို အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားလေ၏။
ကျယ်ပြန့်သော ၀တ်ရုံများကိုပင် စုတ်ပြဲသွားသည်အထိ ဖုန်းမော့က ဆန့်ထုတ်လိုက်ပြီး အနီရောင် မိစ္ဆာကြိုးမျှင်များသည် နွမ်းလျပြီး ပြင်းထန်သော စွမ်းအားများဖြင့် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်ထားသည်။ ဖုန်းမော့ကို ဗဟိုပြု၍ သူ့ပတ်ဝန်းကျင်ရှိ ပန်းများ၊ မြက်ပင်များနှင့် သစ်ပင်များ လျင်မြန်စွာ ညှိုးနွမ်းသွားလေ၏။
ကြောက်စရာကောင်းလှသည်။ အလွန်တရာ ကြောက်စရာကောင်းလှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းမော့သည် အရပ်မြင့်မြင့် လူကြီးတစ်ဦး၏ မူလအသွင်အပြင်မှ လူသားပုံစံရှိ မိစ္ဆာနတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး သူ၏ခြေလက်များက ရှည်လျားတောင့်တင်းကာ သူ၏ချွန်ထက်သောလက်သည်းများသည် ဝံပုလွေများ၊ ကျားများ၊ ကျားသစ်များနှင့် သတ္တုသံချပ်ကာတို့ကိုပင် အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်သည်။
သူထုတ်လွှတ်လိုက်တဲ့ ကြောက်စရာကောင်းတဲ့ ရောင်ဝါက အပြင်းထန်ဆုံး တိုင်ပွဲဝင် သိုင်းပညာရှင်တွေကိုတောင် ကြောက်ရွံ့တုန်လှုပ်စေပြီး ခုခံချင်စိတ်ကို စုစည်းလို့မရနိုင်လောက်အောင် ဖြစ်သွားစေနိုင်သည်။
“ဒီလို ပြင်းထန်တဲ့ အရောင်အဝါက… အဲဒီညကထက် နှစ်ဆ ပိုပြင်းတယ်!”
စူးချန်ခုန်း တိတ်တဆိတ် ထိတ်လန့်သွားသည်။ ဖုန်းမော့သည် ထိုညတွင် သူ၏ အထွတ်အထိပ်သို့ အမှန်ပင် မရောက်သေးပေ။ သို့သော် တစ်လအကြာ အမဲလိုက်ပြီးနောက် ကုန်းပါးကဲ့သို့သော တန်ခိုးရှင်များ အပါအဝင် ချီသွေးနယ်ပယ်မှ လူတစ်ဒါဇင်ကျော်ကို စားသုံးခဲ့ပြီး သူ၏ အခြေအနေသည် အထွတ်အထိပ်ကာလ၏ ရှစ်ပုံ ကိုးပုံသို့ ရောက်ရှိသွားခဲ့သည်။
သူ၏ချီစွမ်းအင် အငွေ့အသက်နှင့်ပင် လူတစ်ယောက် နှလုံးသားရဲ့ အနက်ရှိုင်းမှ ထွက်လာသော အကြောက်တရားသည် နှလုံးသားကို တုန်လှုပ်သွားစေလောက်အောင် လုံလောက်သည်။
"ကောင်လေး! မင်းခုခံချင်သလောက် ခုခံ။ အာ.. ငါ့အစားအစာတွေ ရန်ဖြစ်တဲ့အခါ ငါသိပ်ကြိုက်တာပဲ။ အဲဒါကို စားလိုက်ရင် အရသာက အကောင်းဆုံးပဲ!"
ဖုန်းမော့သည် အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းနှင့် နတ်ဆိုးအသွင်အပြင်ကို ဖော်ထုတ်လိုက်သည်။ အိုမင်းရှံ့တွပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာည်။ သူ့အသံက ပြာတာတာနှင့် ဟိန်းထွက်လာ၏။
သို့သော် ဖုန်းမော့အံ့အားသင့်စေမည့်အရာမှာ သူ၏ သန်မာသောပုံစံကို ပြသလိုက်သော်ငြား စူးချန်ခုန်း၏ မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်မရှိပေ။ ထိုအစား သူသည် ဖုန်းမော့၏နောက်ကျောဘက်သို့ ပျော်ပျော်ကြီး အော်ပြောလိုက်သည်။ "မိစ္ဆာနတ်ဆိုးကြီး ပေါ်လာပြီ။ စီနီယာရေ ကျွန်တော်နဲ့အတူ လက်တွဲပြီး ချကြရအောင်။"
"ဘာရယ် ဒီမှာ တခြားတစ်ယောက်ရှိနေတာလား။"
ဒါကိုကြားတော့ ဖုန်းမော့ လန့်သွားသည်။ မရောက်လာခင်တွင် မိစ္ဆာနတ်ဆိုးများ၏ ထူးခြားသော အမဲလိုက်ခြင်း အမြင်အာရုံဖြင့် ဤနေရာကို စစ်ဆေးခဲ့သည်။ ဤတော၌ တစ်ဦးတည်းသော အသက်ရှင်နေထိုင်သူက စူးချန်ခုန်းသာ ရှိသင့်သည်။ သူရဲ့ချီစွမ်းအင်ကို ဖုံးကွယ်ထားနိုင်တဲ့ အစွမ်းထက်တဲ့ လူတစ်ယောက်ရှိနေသည်။ ဒီလူဆိတ်ညံတဲ့ တောင်ကုန်းတွေမှာ ချောင်းမြောင်းနေပြီး မိစ္ဆာနတ်ဆိုးကတောင် ရှာမတွေ့နိုင်ဘူးလား။
ဧရာမဝေလငါးစွမ်းရည်၊ ဝေလငါးရှည်ရေရှူသွင်းခြင်း။
အံ့အားသင့်နေသော ဖုန်းမော့သည် နောက်သို့လှည့်မကြည့်ဘဲ မနေနိုင်သော်လည်း ထိုအချိန်တွင် စူးချန်ခုန်း၏မျက်လုံးများထဲတွင် အေးစက်သော အငွေ့အသက်များက လက်ကနဲ။ သူအသက်ပြင်းပြင်းရှူပြီး လေထုအများအပြားကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ဖောင်းကားလာပြီး သူ့ခန္ဓာကိုယ်၏ လုပ်ရှုားမှုများ လွန်ကဲလာသောကြောင့် ပေဝက်ခန့် အရပ်ရှည်လာသည်။
သံဖြတ်ဓါးနည်းပညာ။ အလျားလိုက် ပိုင်းဖြတ်ခြင်း။
စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်ကို ကန့်သတ်ချက်သို့ တွန်းပို့လိုက်ပြီး သူ့ဓား၏ ထောင့်ကို ချိန်ညှိထားပြီဖြစ်သည်။ တခဏချင်းမှာပဲ သူက ရှေ့ကို တိုးလာပြီး သံဖြတ်ဓားကို အခွံချွတ်လိုက်သည်။
ချွန်ထက်သော ဓားချီသည် စူးချန်ခုန်း၏ ခန္ဓာကိုယ်မှ ပေါက်ထွက်လာပြီး သူ၏ သံဖြတ်ဓားကို ကပ်ထားသည်။ ခုတ်ချက်မှာ မထူးခြား သော်လည်း လေထဲတွင် အကွဲအပြဲကဲ့သို့ လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။
"သေစမ်း! မင်းကို အပိုင်းတစ်ထောင်လောက် ဆုတ်ဖြဲပစ်မယ်!"
သူ့ခေါင်းကို စောင်းလိုက်စဉ် ဖုန်းမော့က သူ့အပေါ်ကို ချွန်ထက်တဲ့ဓားစွန်းနဲ့ ချိန်ရွယ်ထားသလို ခံစားလိုက်ရပြီး သူလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ချက်ချင်း သိသည်။ ဒါက သူ့ကို ဒေါသချောင်းချောင်းထွက်စေပြီး ဒီချာတိတ်လေးကို စိတ်အားငယ်ကာ ကြောက်လန့်ပြီး သေစေဖို့အတွက် ခြေလက်တွေကို ဆွဲဖြဲပစ်ဖို့ စိတ်ထဲ ကျိန်ဆိုလိုက်သည်။
ဖုန်းမော့သည် သူ၏ပစ်မှတ်ကို ရှာဖွေရန် အသံကိုအသုံးပြု၍ လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ဝင်လာသော ဓားသွားဆီသို့ လက်ဖဝါးကြီးဖြင့် ဆုပ်ကိုင်လိုက်သည်။
နတ်ဆိုးတစ်ကောင်အနေဖြင့် သူ၏ ကြီးမားလှသောခန္ဓာကိုယ်သည် အသန်မာဆုံးလက်နက်ဖြစ်ပြီး ဓားနှင့်လှံများကို ခံနိုင်ရည်ရှိသည်။ သတ္တုကိုပင် ဖောက်ထုတ်နိုင်ကာ ရန်သူ၏လက်နက်များကို အလွယ်တကူ ပိတ်ဆို့နိုင်သည်။
“ရွှမ်း!”
သို့သော် ဖုန်းမော့၏လက်ဖဝါးက စူးချန်ခုန်း၏ဓားကို ဆုပ်ကိုင်လိုက်သောအခါ သားရေကို ခုတ်ဖြတ်နိုင်သော ဓားတစ်ချောင်းကဲ့သို့ တားဆီး၍မရနိုင်သော အားအပြည့်ဖြင့် ပြတ်သားသော ခုတ်သံကို သူကြားလိုက်ရသည်။
ဖုန်းမော့၏ ညာလက်သည် ၎င်း၏လက်ငါးချောင်းတို့နှင့်အတူ သူ့ခန္ဓာကိုယ်မှ ပြတ်ထွက်သွားခဲ့သည်။
ဓါးချီသည်ပင် ဆက်၍ ဖုန်းမော့၏ ရင်ဘတ်ပေါ်၌ နက်နဲသော အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့သည်။
"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ကွဲထွက်သွားသည့် သူ၏လက်ဖဝါးမှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဖုန်းမော့၏ မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။
အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိပြီးနောက် သူ၏ ကိုယ်လုံးကိုယ်ထည်သည် အလွန်အားကောင်းသောကြောင့် ကုန်းပါး၏ အပြင်းထန်ဆုံးဖြစ်သော သေဆုံးလုနီးပါး တန်ပြန်တိုက်ခိုက်ခြင်းကို အားအနည်းဆုံးဖြစ်သော လည်ပင်းဖြင့် ခုခံခဲ့သော်လည်း ပြိုင်ဘက်သည် သူ၏ ဦးခေါင်းကို တစ်ချက်တည်းခုတ်ရုံဖြင့် ရှင်းထုတ်ရန် အခက်တွေ့မည်ဖြစ်သည်။
သို့သော် ဤနေရာတွင် သူ့ရှေ့က စူးချန်ခုန်းသည် သာမာန်ထင်ရသော ခုတ်ချက်ဖြင့် သူ့လက်ကို အသာလေးဖြတ်ပစ်လိုက်သည်။
သံဖြတ်ဓားနည်းပညာ။ အပေါ်သို့ ခုတ်ပိုင်းခြင်း။
“သတ်!”
ဖုန်းမော့၏ လက်ဖဝါးတစ်ဝက်ကို မဆိုင်းမတွ ခုတ်ပိုင်းပြီး ဦးဆောင်မှု ရယူလိုက်သောကြောင့် စူးချန်ခုန်း၏ မျက်လုံးများသည် ရေခဲတမျှအေးစက်နေ၏။ သူ့ကိုယ်တွင်းမှ ဓါးပုံစံ ချီစွမ်းအားသည် သွေးကြောများနှင့် ကြွက်သားများကို ဖြတ်သွားပြီး တုန်ခါသွားကာ သူ့လက်ထဲတွင် ဓားကို ချိတ်လျက် ဖုန်းမော့ကို အသက်ရှုမဝနိုင်အောင်ဖြစ်စေကာ အောက်မှ အပေါ်ဘက်သို့ ခုတ်လွှဲလိုက်သည်။
ကောင်းကင်ယံသို့ ပျံတက်သွားသော ငွေရောင်နဂါးကြီးကဲ့သို့ အပေါ်သို့ လှီးဖြတ်လိုက်သည်။
"သေစမ်း!"
ဖုန်းမော့က ဒေါသတကြီး အော်ဟစ်ရင်း သူ့အော်သံကြောင့် သူ့ပတ်ဝန်းကျင် သစ်ပင်တွေ တဆတ်ဆတ်တုန်လာခဲ့သည်။ သူ၏ နတ်ဆိုးစွမ်းအားများ တဟုန်ထိုး တက်လာ၏။ သူ၏ ဒဏ်ရာမှ မရထားသော ဘယ်ဘက် လက်မောင်းသည် သိသိသာသာ ဖောင်းကားလာပြီး လူ၏ ခါးပတ်လည် ထက်ဝက်ခန့် ထူလာကာ သူ၏ သွေးကြောများသည် မြွေများကဲ့သို့ ခြေလက်များ တဝိုက်တွင် ရစ်ပတ်နေလေ၏။ သူသည် သူ့လက်မောင်းကို မြှောက်ကာ ဝင်လာသော ဓားကို လက်သီးဖြင့် ထိုးပြီး အင်အားကို သူ့ကိုယ်ပိုင် အစွမ်းဖြင့် အနိုင်ယူကာ စူးချန်ခုန်း၏ လက်နက်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။