ဘာလို့ နာကျင်ရတဲ့လူက အမြဲတမ်း ငါပဲ ဖြစ်နေရတာလဲ
Vol. 31 Ch. 434
အန်လင်းက လျော့ကျနေသော မြင့်မြတ်အလင်းတနကို ကြည့်လိုက်ပြီး တဖြည်းဖြည်း မတ်တပ်ရပ်လိုက်ကာ ပျင်းရိစွာ အကြောဆန့်လိုက်လေ၏။
ရင်ပြင်ပေါ်ရှိ ကြည့်ရှုသူအားလုံးက မည်သို့ လက်ခုပ်တီးကာ အားပေးရမည်ကို မေ့လျေည့နေဟန်ရကာ အန်လင်းကို အမူအရာမဲ့ ငေးကြည့်နေကြသည်မှာ သူ့ဦးထုတ်ထဲမှ တုခြားသော ယုန်တစ်ကောင်ကို ဆွဲထုတ်လာမည်ကို မျှော်လင့်နေကြ သကဲ့သို့ပင်။
အန်လင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ရင်ပြင်ပေါ်တွင် စုဝေးနေကြသော တပည်များနှင့် အကြအကဲများအားလုံးကို ခေါင်းငုံ့ အရိုအသေပေးကာ မန္တန်စင်မြင့်ပေါ်မှ ဆင်းလာလိုက်၏။
အားလုံး ပြီးသွားပြီလား။
တပည့်များအားလုံးက နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်သွားကြပြီး မြင့်မြတ်မီးတောက်ရင်ပြင်တစ်ခုလုံးက ချက်ချင်းပင် အားပေးလက်ခုပ်သံများ ဆူညံသွားလေ၏။ တချို့သော တပည့်များက အန်လင်း၏ အမည်ကိုပင် ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြသေး၏။
မည်သို့ဆိုဆို အန်လင်းမှာ ဗာမီလီယမိငှက်ဂိုဏ်း၏ နောက်လိုက်တပည့်တဦးဖြစ်၍ သူတို့က အနည်းငယ် အမနာလို ဖြစ်မိကြသော်လည်း ပျော်ရွှင်လေးစားမှုကို ပြသသည့်အနေဖြင့် လက်ခံသံများ ပေါပေါများများ ပေးအပ်လာပေ၏။
အန်လင်းက မိုဟိုင်၏ အုပ်စုကို လှည့်ကာ တောင့်တောင့်တတဟန်ဖြင့် ပြောလိုက်၏။ "သိပ်မဆိုးတဲ့ ရိတ်သိမ်းခြင်းပဲ။"
လုကျီဇီ၏ မျက်နှာက ရှုံ့မဲ့သွား၏။ "ဘုရားသခင်... မင်းက သဘာဝ ဖြစ်စဉ်ို ကျော်လွန်ပြီးသွားပြီ။ အဲ့တာက မဆိုးဘူးဆိုရင် ငါကတော့ အရွယ်ရောက်တယ်လို့ကို မဆိုနိုင်တော့ဘူး။!
မိုဟိုင်က အန်လင်းကို တလေးတစား ကြည့်လိုက်၏။ "မင်းက ၁၀နှစ်အတွင်း ပျက်ပြယ်ခြင်း အဆင့်ကို ရောက်မယ်လို့ပြောတုန်းက ငါက ကြွာပြောနေတယ်ထင်တာ။ ဒါပေမဲ့ အခုတော့ ယုံသွားပြီ။ ဒါက စောင်ရမ်းကြမ်းတာပဲ။ မင်းက ခွန်အားကြီး ပုဂ္ဂိုလ်ဖြစ်လာရင် ငါ့ကို မေ့မသွားနဲ့နော်။"
အန်လင်းက စပ်ဖြီးဖြီးနှင့် ပြန်ဖြေလိုက်၏။ "စိတ်မပူပါနဲ့။ ရှေ့လျှောက်မင်းကို စောင့်ရှောက်ပေးမှာပါ။"
ထိုအချိန်မှာပင် အကြီးအကဲ ချန်ရှင်းရန်၏ အသံက ထပ်မံ ထွက်ပေါ်လာလေ၏။ "နောက်တစ်ယောက်ကတော့ ကျိယုံဖန်ပါ။ ကျေးဇူးပြုပြီး မန္တန်စင်မြင့်ပေါ်သို့ တက်လာခဲ့ပါ။"
ကျိယုံဖန်၏ နှလုံးသားက တုန်ယင်သွားပြီး သတိပြန်ဝင်လာ၏။
သူက အန်လင်းကို စိုက်ကြည့်လိုက်ပြီး သူ့နှလုံးသားက အရှုံးကို လက်ခံရန် အလွန်အမင်း ငြင်းဆန်နေသော်လည်း ဆန့်ကျင်နေရန်အတွက် သတ္တိမစုစည်းနိုင်တော့ပါပေ။
သူက မန္တန်စင်မြင့်ဆီသို့ သွားလိုက်ပြီး သူ့၏ ထင်ပေါ်ရမည့်အချိန်က လူတိုင်းက အန်လင်းအကြောင်းပြောဆိုနေရင်း သူ့ဆီမှ ခိုးယူခြင်းကို ခံလိုက်ရပြီး သူ့ကို အာရုံစိုက်သူ မရှိပါချေ။
ကျိယုံဖန်က အံ့တင်းတင်းကြိတ်လိုက်ပြီး သူ့၏ ဗာမီလီယမ်ငှက်မီးတောက် အလင်းတန်းကို ထုတ်လွှတ်လိုက်၏။ ထိုသည်က ကြက်သွေးရောင် ဗာမီလီယမ်ငှက်အလင်းတန်းဖြစ်ကာ လုကျီဇီနည်းတူ အလယ်အလတ်အဆင့် အလင်းတန်းဖြစ်သည်ဟု ဆိုလိုပေ၏။
မည်သည့် ကြည့်ရှုသူတပည့်များကမှ ထိုသည်ကို မအံ့ဩကြပါချေ။ မည်သို့ဆိုဆို ကျိယုံဖန်မှာ ဝိညာဉ် ဖွဲ့စည်းခြင်း စဦးအဆင့်သာ ရှိသေးသည်ဖြစ်၏။ သူက ဆန်းကြယ် ရတနာ ရှိပါသော်လည်း ကောင်းကင်ဘုံမီး သန္ဓေပြောင်းသားရဲတစ်ကောင်ကို အနိုင်တိုက်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှပေ၏။ သို့ဖြစ်၍ သူ့အတွက် အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက် မီးတောက်တောင်ပံမှာ လူတိုင်း၏ မျှော်မှနချက်အတိုင်း ဖြစ်ပေ၏။
ဂိုဏ်း၏ တခြားသော ထူးချွန်သူက စင်ပေါ်သို့ တက်လာသည်ကို လေးစားသည့်အနေဖြင့် မြင့်မြတ်မီးတောက် ရင်ပြင်၏ ဆွေးနွေးခန်းက တဖြည်းဖြည်း ငြိမ်သက်သွားလေ၏။
လူတိုင်းက မြင့်မြတ်ဗာမီလီယမ် မီးတောက်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။
ကျိယုံဖန်သည်လည်း မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေ၏။ သူက မြင့်မြတ်ဗာမီလီယမ်မီးတောက်က သူ့ကို လက်ခံပေးရန် အစွမ်းကုန် ဆုတောင်းနေလေ၏။ သို့မဟုတ်ပါက သူ့၏ ဂုဏ်သိက္ခာအတွက် အဖက်ဆယ်၍ ရမည် မဟုတ်တော့ပါပေ...။
ထိုသည်က ထင်ယောင်ထင်မှားဖြစ်သည်ပင် ဖြစ်နိုင်၏။ သို့သော် လူတိုင်းက လေထဲမှ မြင့်မြတ်မီးတောက်က သူ့၏ စွမ်းအင်များအားလုံးကို အန်လင်းဆီသို့ အပ်နှင်းလိုက်ပြီးသကဲ့သို့ အနည်းငယ် မှိန်လာသည်ဟု ခံစားရလေ၏။
ထူးဆန်းသော လှိုင်းကြပ်ခွပ်ကလေးများက လေထဲတွင် ပေါ်လာပြီး အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံက မြင့်မြတ်ဗာမီလီယမ် မီးတောက်ဆီသို့ ပျံသန်းသွားပြီး မီးတောက်နှစ်ခုက ပေါင်းစည်းသွားလေ၏။
ကျိယုံဖန်က လက်သီးတင်းတင်းဆုပ်လိုက်ပြီူ သူ့ခန္ဓာကိုယ်က ပျော်ရွှင်မှုဖြင့် အနည်းငယ် တုတ်ယင်သွားလေ၏။
အောင်မြင်တယ်။
သူက နောက်ဆုံးတော့ အောင်မြင်သွားပြီ။
အကြီးအကဲ ကျိက တခြားအကြီးအကဲများနှင့် ထိုင်နေရင်း သက်ပြင်းချလိုက်ပေ၏။ သူ့သားက နောက်ဆုံးတွင် ဂုဏ်သရေ မပျက်ပြားစေတာ ဘုရားမတာပဲ။
မြင့်မြတ်အလင်းတန်းဖြူက မြင့်မြတ်ဗာမီလီယမ် မီးတောက်က ဗာမီလီယမ်ငှက်မီးတောက်တောင်ပံနှင့် ပေါင်းစည်းသွားသကဲ့သို့ ကျိယုံဖန်အပေါ်သို့ ကျရောက်လာလေ၏။
အလင်းတန်းမှာ အဖြူရောင် မီးခိုးငွေ့လေးတစ်ခုကဲ့သို့ ကျိယုံဖန်၏ ခန္ဓာကိုယ်ပေါ်သို့ တဖြည်းဖြည်း ဆင်းသက်လာပြီး ၁၀စက္ကန့်အကြာတွင် ပျောက်ကွယ်သွားလေ၏။
ကျိယုံဖန်က လုံးဝပင် ဆွံ့နေလေ၏။
ရင်ပြင်တစ်ခုလုံးကလည်း အလွန် တိတ်ဆိတ်နေပေ၏။
မရေမတွက်နိုင်သော တပည့်များက ကျိယုံဖန်ကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေလေ၏။
"ငါမျက်လုံးပဲ အမြင်မှားတာလား။ သူ့မှာ အလယ်အလတ်အဆင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံရှိတာ မဟုတ်ဘူးလား။ ဘာလို့ မြင့်မြတ်အလင်းတန်းက ၁၀စက္ကန့်တည်းနဲ့ ပျောက်သွားရတာလဲ။ အဲ့တာက ၁မိနစ်ဖြစ်သင့်တာ မဟုတ်ဘူးလား။"
"အချိန်က အရမ်းတိုနေတာတင် မကဘူး အဲ့အချိန်အတွင်း မြင့်မြတ်အလင်းတန်းထဲမှာ ပါဝင်တဲ့ စွမ်းအင်ကလဲ အရမ်းနည်းလွန်းတယ်။"
"အနိမ့်စာ ဗာမီလီယမ်ငှက်မီးတောက် တောင်ပံ ဖြစ်ရမဲ့ သူ့ရဲ့ ဗာမီလီယမ်ငှက်မီးတောက်တောင်ပံကို အလယ်အလတ်အဆင့်နဲ့ ငါတို့မှားနေတာများလား။"
"အနိမ့်စား အဆင့် ဗာမီလီယမ်ငှက်မီးတောက် တောင်ပံလား။ အနိမ့်စားအဆင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံက ဂိုဏ်းထဲမှာ ပျောက်သွားတာ ဘယ်လောက်တောင် ကြာပြီမို့လဲ..."
"သနားစရာ အစ်ကို ကျိ..."
...
အကြီးအကဲ ကျိက သူ့ဘေးမှ စားပွဲပေါ်သို့ လက်သီးနှင့် ထုချလိုက်၏။ "အဲ့တာက ဘာဖြစ်တာလဲ။"
တခြားသော အကြီးအကဲများ အားလုံးက တစ်ယောက်နှင့် တစ်ယောက်စိုက်ကြည့်လိုက်ပြီး လူတိုင်းက ပြောစရာစကားမဲ့နေလေ၏။
အကြီးအကဲ ချန်ရှင်းရန်က လည်ချောင်းရှင်းကာ တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်ပြီး တပည့်များအားလုံး ကြားနိုင်သောအသံဖြင့် ပြန်ဖြေလိုက်၏။ "မြင့်မြတ်မီးတောက်က နည်းနည်းလေး မှိန်နေတဲ့ပုံရတယ်။ ငါကတော့ အဲ့တာက အန်လင်းကို စွမ်းအင်တွေ အများကြီး ပေးလိုက်လို့ အရမ်းပင်ပန်းသွားပြီးတော့ အခုလို အခြေအနေဖြစ်သွားတယ် ထင်တယ်။"
ချန်ရှင်းရန်၏ စကားလုံးများက ရင်ပြင်တစ်ခုလုံးကို မြည်ဟီးသွားပြီး အကြီးအကဲကျိတစ်ယောက်တည်းကိုအပြင် တပည့်များအားလုံးကိုလည်း ရှင်းလင်းချက်တစ်ခု ပြောပြလိုက်လေ၏။
တပည့်များအားလုံးက ထိုသည်ကို ကြားပြီးနောက် ပြောစရာ စကားမဲ့နေလေ၏။ အတော်လေး ရှင်းလင်းတဲ့ ရှင်းပြချက်ပဲ။
ထိုသည်က မဖြစ်နိုင်သည့်ဟန်လည်း မပေါ်ပါချေ။
ကျိယုံဖန်ကလည်း ချန်ရှင်းရန်၏ ရှင်းလင်းချက်ကို ကြားပြီးဖြစ်ကာ သူ့ခေါင်းက မလိုအပ်ပဲ မူနောက်သွားလေ၏။
သူက သူ့ဘေးမှ လေထုကို ကြောင်ငေးကြည့်နေကာ သူ့ကိုယ်သူရေရွတ်လိုက်၏။ "ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။ ဘာလို့ ငါကပဲ အမြဲ နာကျင်ရတဲ့သူ ဖြစ်နေတာလဲ...။"
သူက ငိုကြွေးခြင်းနှင့် အသားကျနေသည်ကြောင့် ဖြစ်နိုင်၏။ သူ့မျက်လုံးများမှ မျက်ရည်များက စီးကျစပြုလာလေ၏။
သူက အန်လင်းဆီသို့ ဒေါသတကြီး လှည့်ကြည့်လိုက်လေ၏။ "အဲ့တာ အားလုံးက မင်းရဲ့ အမှားတွေပဲ။ မင်းလုပ်ခဲ့တာအတွက် ဘာလို့ ငါက ပြန်ပြီး ပေးဆပ်ရမှာလဲ။ ငါက အပြစ်ကင်းစင်တယ်။"
အန်လင်းက သူ့မျက်လုံးများကို လှန်လိုက်ပြီး ပြန်မဖြေပါချေ။ သူက ကျိယုံဖန်ကို စိတ်အနှောက်အယှက်ဖြစ်ခံကာ စကားမပြောချင်တော့ပါပေ။
မိုဟိုင်က ဝမ်းနည်းသည့်အမူအရာ ဟန်ဆောင်လိုက်ပြီး သက်ပြင်းချလိုက်လေ၏။ "ဟင်း... အစ်ကို ကျိ၊ အဲ့နားမှာ အရူးတစ်ယောက်လို ရပ်မနေနဲ့လေ။ မင်းက မြင့်မြတ် ဗာမီလီယမ် မီးတောက်ရဲ့ ထောက်ခံမှုကို မခံရတာ ငါအရမ်းဝမ်းနည်းပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ ကိစ္စတွေက ကံပါလာပြီးသားပဲ။ အဲ့တော့ လူတိုင်းကို နှောက်နှေးအောင် လုပ်တာရပ်ပြီးတော့ စင်မြင့်ပေါ်က ဆင်းလာသင့်ပြီ။"
ပထမတွင်တော့ တပည့်များ အားလုံးက ကျိယုံဖန်အား အနည်းငယ် သနားနေသော်လည်း သူတို့အားလုံးက မိုဟိုင်၏ စကားလုံးများကို ကြားသောအခါ ထိုစကားများက ကျိယုံဖန် အန်လင်းအား ပြောခဲ့သော စကားများအတိုင်း တစ်ထပ်တည်းဖြစ်နေသောအခါ မရယ်ပဲ မနေနိုင်တော့ပါချေ။
ကျိယုံဖန်က မိုဟိုင်၏ ရွဲ့စောင်းသော စကားလုံးများနှင့်ကြည့်ရှုသူများ၏ ရယ်သံများကို နားထောင်ပြီး ဒေါသကြောင့် မေ့လဲတော့မလိုပင် ဖြစ်သွားလေ၏။
သူက အံတင်းတင်းကြိတ်လိုက်ပြီး စင်ပေါ်မှဆင်းလာသည့်အချိန်တွင် ခန္ဓာကိုယ်က ယိမ်းထိုးနေလေ၏။ သူက မိုဟိုင်ကို ဒေါသတကြီး ကြည့်လိုက်ပြီး ခါးခါးသီးသီးပြောဆိုလိုက်လေ၏။ "မင်းတို့ ရယ်ဖို့အတွက် စောလွန်းပါသေးတယ်။ မြင့်မြတ် ဗာမီလီယမ်မီးတောက်က ပင်ပန်းနေပြီ။ ပြီးရင် မင်းတို့က အလှည့်လေ။ မင်းတို့ ကျရှုံးတာကို ငါက ထိုင်ပြီး ကြည့်နေမှာ။"
မိုဟိုင်၏ အမူအရာမှာ တုန့်ဆိုင်းသွားပြီး အပြုံးက သူ့မျက်နှာပေါ်မှ ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
ငလူး၊ ကျိယုံဖန်က မှန်တယ်ဟ။ ငါတော့ သွားပါပြီ။
သူက အန်လင်းကို ခါးခါးသီးသီး လှည့်ကြည့်လိုက်၏။ "ညီကို၊ မင်းက ငါ့ကို ဒုက္ခရောက်အောင် လုပ်တာပဲ။"
အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး ကောင်းကင်မှ ကြယ်များကို ရေတွက်ရန်အတွက် ခေါင်းမော့ကာ ဘာမှ မကြားဟန်ဆောင်လိုက်လေ၏။
ကျိယုံဖန်က အန်လင်းကို လှောင်ပြုံးပြုံးပြလိုက်လေ၏။ "ဟီးဟီး... အစ်ကို အန်လင်းက တကယ် တစ်ကိုယ်ကောင်းဆန်တာပဲ။ မင်းက မင်းကိုယ်မင်းပဲ ဂရုစိုက်တာ။ မင်းက မြင့်မြတ်ဗာမီလီယမ် မီးတောက်ဆီက စွမ်းအားတွေ ဘယ်လောက်တောင် စုပ်ယူလိုက်သလဲ။ ဒါပေမဲ့ မင်းက ကျန်တဲ့ လူတွေကို ပြသနာဖြစ်အောင် လုပ်တာပဲ။"
သူက အသံတိုးချဲ့ရန် အင်မော်တယ် မန္တန်ကို ထပ်မံ အသုံးပြုလိုက်ပြီး သူ့၏ စကားလုံးများက ရင်ပြင်တစ်ခုလုံးကို ဟိန်းထွက်သွားလေတော့သည်။
တပည့်များအားလုံးက ကျိယုံဖန်က အန်လင်းကို ပစ်မှတ်ထားနေသည်ကို သိပြီး သူတို့အားလုံးက သူ့၏ စကားများကို ဆန့်ကျင်ကြလေ၏။
သို့သော်လည်း တပည့်တစ်ချို့က ကျိယုံဖန်၏ စကားလုံးများက လုံးဝပင် ကျိုးကြောင်း မဆီလျော်သော်လည်း တိတ်ဆိတ်နေသော တပည့်များလဲ ရှိနေသေး၏။ အန်လင်းက မြင့်မြတ်မီးတောက် သူ့အား ပေးအပ်သော စွမ်းအား ပမာဏကို မထိန်းချုပ်နိုင်သော်လည်း ကျန်ရစ်သော တပည့်များ၏ မြင့်မြတ်မီးတောက် စုပ်ယူခြင်းအား နှောက်နှေးအောင် ပြုလုပ်ခဲ့သည်မှာတော့ ငြင်းပယ်မရပါပေ။
အကြီးအကဲ ချန်ရှင်းရန်၏ အသံက ထပ်မံ ထွက်ပေါ်လာ၏။ "နောက်တစ်ယောက်ကတော့ မိုဟိုင် ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး မန္တန်စင်မြင့်ပေါ်သို့ တက်လာခဲ့ပါ။"
မိုဟိုင်က ခပ်ဖွဖွ ပြုံးကာ အန်လင်း၏ ပခုံးကို ပုတ်ပေးလိုက်၏။ "ငါက အရမ်းကို ခွင့်လွတ်ပေးတတ်တဲ့ အမျိုးသားပါ။ အဲ့တော့ မင်းကို တစ်ခုမှ မဆန့်ကျင်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် မင်းက ကျိယုံဖန်ကို ၂ကြိမ်တောင် ငိုအောင်လုပ်ခဲ့တာလေ။ အဲ့တာနဲ့တင် ငါအတော် ပျော်နေပါပြီ ဟားဟားဟား..."
အန်လင်း : "..."
ကျိယုံဖန်၏ ရင်ဘတ်က တင်းကြပ်သွားပြီး သွေးအပြည့် အန်ချမိတော့မလိုပင် ဖြစ်သွားလေ၏။
မိုဟိုင်က မန္တန်စင်မြင့်ပေါ်သို့ လျှောက်လာပြီး သူ့၏ အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံကို ထုတ်လွတ်လိုက်လေ၏။
သူ့မီးတောင်က မြင့်မြတ်မီးတောက်၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
မိုဟိုင်က ထိုသည်ကို မြင်သောအခါ သက်ပြင်းချလိုက်လေ၏။ အနည်းဆုံးတော့ သူက လက်ဗလာ မဟုတ်ပါချေ။ သူက မြင့်မြတ်မီးတောက်ကို စုပ်ယူနိုင်သရွေ့ ကျေနပ်ရောင့်ရဲမည် ဖြစ်ပါသည်။
မြင့်မြတ်ဗာမီလီယမ် မီးတောက်က တောက်တောက်ပပ ထွန်းလင်းလာပြီး မိုဟိုင်ပေါ်သို့ မြင့်မြတ်အလင်းတန်းဖြူများ ကျရောက်လာ၏။
အဖြူရောင် အလင်းတန်းက မိုဟိုင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး လုံလောက် များပြားလှသော မီးတောက်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ မရေမတွက်နိုင်အောင် ကျရောက်လာလေ၏။
မိုဟိုင်က ငေးငေးငိုင်ငိုင်ဖြင့် မျက်တောင်ခတ်လိုက်၏။ ထိုသည်က သူမျှော်လင့်ထားသည်ထက်ပင် ပိုနေပါသည်။
တခြားသောတပည့်များအားလုံးမှာလည်း ပြဿနာကို သိရှိကြ၏။ မိုဟိုင်အပေါ်သို့ ကျရောက်နေသော မြင့်မြတ် အလင်းတန်း၏ ပမာဏက ယန်ယွမ်နှင့် နိုင်ယှဉ္နိုင်ပုံရပြီး မြင့်မြတ်မီးတောင် မှိန်ဖျော့နေဟန် လုံးဝ ်ရှိပါချေ။
အန်လင်း၏ မျက်နှာထက်တွင် အပြုံးခပ်ဖွဖွ ပေါ်လာ၏။ သူက မိုဟိုင်ကို ဒုက္ခမရောက်စေသည်ကို ဝမ်းသာလှ၏။
ကျိယုံဖန်ကမူ သူ့၏ အမူအရာက ထပ်မံ မှောင်ကျသွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။
အဖြူရောင် အလင်းတန်းက ၃မိနစ်ကြာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
ထိုသည်က ယန်ယွမ်ရရှိသော စွမ်းအင်ပမာဏနှင့် တူညီလုနီးပါးပင်ဖြစ်လေ၏။ ထိုသည်က သာမန်အားဖြင့် သူတို့နှစ်ယောက်စလုံးမှာ အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောင် တောင်ပံများ ဖြစ်နေသည်မို့ဟု ယူဆ၍ ရနိုင်ပေ၏။
ရင်ပြင်တစ်ခုလုံးက ထပ်မံ တိတ်ဆိတ်သွားပြန်၏။ ထိုသည်က သာမန် ဖြစ်စဉ္ တစ်ခုဖြစ်သည်မှာ သေချာလှသည်။ သို့သော် တစ်ခုခုကြောင့် ထိုသည်က သာမန်မဟုတ်ပါချေ။
အကြီးအကဲ ကျိက သူ့၏ မျက်ခုံးကြားကို မောပန်းနေဟန်ဖြင့် ပွတ်သပ်လိုက်၏။ "အဲ့တာက ဘာလို့ သာမန်ပြန်ဖြစ်သွားတာလဲ။ တစ်ယောက်ယောက်က ငါ့သားကိာ ပစ်မှတ်ထားနေတာလား။"
ချန်ရှင်းရန်က ပြန်မဖြေမီ အသက်ပြင်းပြင်းရှုလိုက်၏။ "မြင့်မြတ်မီးတောက်က ပြန်ကောင်းဖို့ အချိန်ရသွားပြီးတော့ မပင်ပန်းနေတော့တာနေမှာ။ အဲ့တာကြောင့် မြင့်မြတ် အလင်းတန်းက သာမန်ပြန်ဖြစ်သွားတာ။"
သူ့စကားလုံးများက ရင်ပြင်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွားလေ၏။
တပည့်များအားလုံးက ထိုသည်ကို ကြားပြီး ကန့်ကွက်သာမရှိပါချေ။ ထိုသည်က အလွန်ပင် ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်တစ်ခုဖြစ်၏။
ကျိယုံဖန်က ချန်ရှင်းရန်၏ ရှင်းလင်းချက်ကို ကြားပြီးနောက် နေရာတွင် တစ်ဖန် ကြောင်အနေကာ သူ့ခေါင်းက ထပ်မံကာ မလိုအပ်ပဲ မူးနောက်လာပေ၏။
သူက မိုဟိုင်ကို ကြောင်ငေးကြည့်နေပြီးနောက် မြင့်မြတ်မီးတောက်ကို ကြည့်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။ "အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ အဲ့တာက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။ ဘာလို့ အမြဲတမ်းငါပဲ နာကျင်နေရတာလဲ...။"
သူက သိက္ခာကျခြင်း၊ ဝမ်းနည်းခြင်းတို့နှင့် ပြည့်နှက်လာကာ ကလေးကြီးတစ်ယောက်ကဲ့သို့ ထပ်မံ ငိုကြွေးလာပါတော့သည်။
-------------