နတ်ဘုရားလက်နက်ဖြင့် နတ်ဆိုးကို ခုတ်ပိုင်းခြင်း။ အမတကိုယ်ကို ပိုင်းဖြတ်သော ဓားသွား။(၄)
Vol. 16 Ch. 239
သို့သော်…
စူးချန်ခုန်း၏ ဓါးချီနှင့် ပေါင်းစပ်ထားသော ခုတ်ချက်သည် ဓားသွားကျင့်ကြံခြင်းအတတ်၏ ကန့်သတ်ချက်ထက်ပင် ပိုမိုပြင်းထန်ပြီး အလွန်အမင်း သေစေနိုင်လောက်သည့် အဆင့်ရှစ် သံဖြတ်ဓားနည်းပညာနှင့် ပေါင်းစပ်လိုက်သောကြောင့် ရေတံခွန်များကို ဖြတ်တောက်နိုင်သည်ဖြစ်ရာ ပြိုင်ဘက်ကင်းလှသည်။
“ဗြိ!”
ပြတ်သားသော ဆုတ်ပြဲသံများနှင့် စူးစူးရှရှ အသံများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော တွန်းအားတစ်ခု ဖြိုခွင်းကာ မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားသော်လည်း ဖုန်းမော့၏ လူခါးကဲ့သို့ ထူထဲ ကြီးမားသော လက်မောင်းသည် နှစ်ခြမ်းကွဲသွားခဲ့သည်။ အနီကျင့်ကျင့် မိစ္ဆာသွေးတွေက မိုးဖွဲဖွဲလေးလို ပက်ဖြန်းလိုက်ပြီး ထိမိသမျှ အရာတိုင်းကို ကြေမွသွားပြေီး မြေပြင်ကို အပေါက်တွေဖြစ်သွားစေသည်။
ပန်းပွင့်များနှင့် သစ်ပင်များ ညှိုးနွမ်းသွားကြသည်။
“ဒါ…ဒါကဘာလဲ၊ သူ့ဓားက ကမ္ဘာပေါ်မှာ ရှာရခက်တဲ့ နတ်ဆိုးပိုင်းဖြတ်တဲ့ နတ်ဘုရားလက်နက်တွေထဲက တစ်ခုများလား။”
သူဂုဏ်ယူရသော နတ်ဆိုးခန္ဓာကိုယ်သည် စက္ကူနှင့်ပြုလုပ်ထားသကဲ့သို့ စူးချန်ခုန်း၏ သံဖြတ်ဓားရှေ့တွင် အလွန်ပင် နုနယ်နေသည်။
စူးချန်ခုန်းရဲ့ဓားက တစ်ခုခုမှားနေပြီလို့ တွေးမိပြီး သူ့နှလုံးသားထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပြည့်နှက်နေ၏။ ဒဏ္ဍာရီထဲမှာ လူသားမျိုးနွယ်ဟာ မသေနိုင်တဲ့ နတ်ဆိုးတချို့ကို တွန်းလှန်ဖို့ အထူးပြုလုပ်ထားတဲ့ နတ်ဆိုးပိုင်းဖြတ်သည့် နတ်ဘုရားလက်နက်အချို့ကို သွန်းလုပ်ခဲ့သည်ဟု ဆိုသည်။
နတ်ဆိုးပိုင်းဖြတ်သည့် နတ်ဘုရားလက်နက်၏ရှေ့တွင် မိစ္ဆာနတ်ဆိုး၏ မသေနိုင်သောခန္ဓာကိုယ်ကို နှိမ်နင်းနိုင်သည်။ စူးချန်ခုန်းက နတ်ဆိုးပိုင်းဖြတ်ခြင်း နတ်ဘုရားလက်နက်ကိုင်ဆောင်ထားတာကြောင့်များလား။
ဒါပေမယ့် မဖြစ်နိုင်ပါ။ သူက အဆင့်နိမ့်သော စစ်သားအဆင့် နတ်ဆိုးတစ်ကောင်မျှသာ ဖြစ်သည်။ လူသားတွေက သူ့ကို နတ်ဆိုးပိုင်းဖြတ်ခြင်း နတ်ဘုရားလက်နက်ကို ဘယ်လိုလုပ်ပြီး အသုံးချခွင့်ပေးနိုင်မလဲ။ ပြီးတော့ ဒီချာတိတ်လေးကို အဲ့ဒီလိုမျိုးလက်နက်ပေးမည်မဟုတ်ပါ။
စူးချန်ခုန်းသည် ဖုန်းမော့၏ ခံစားချက်များနှင့် အတွေးများကို မသိခဲ့ပေ။ “သေလိုက်တော့” ဟု အော်ဟစ်ရင်း သူ့မျက်လုံးများသည် ဓားတစ်ချောင်းကဲ့သို့ စူးရှတောက်ပနေလျက်။
သံဖြတ်ဓါးနည်းပညာ၊ ထက်ခြမ်းဖြတ်တောက်ခြင်း။
အော်ဟစ်နေရင်း စူးချန်ခုန်းသည် ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဓားချီသည် သူ့ခန္ဓာကိုယ်မှ သံဖြတ်ဓားထဲသို့ စီးကျလာသဖြင့် သူ့လက်နှစ်ဖက်မှ သွေးကြောများ ဖောင်းကားလာသည်။ ဓားက တဆတ်ဆတ် တုန်ခါသွားသည်။ မြင်နိုင်သော အပြာရောင် ဓားသွားအလင်းတန်းတစ်ခု ဓားသွားအစွန်းတစ်လျောက် ထွက်ပေါ်လာပြီး မရပ်မနား ခုတ်ချက်တစ်ခုဖြင့် ဆင်းသက်လာခဲ့သည်။
ဓားဖြတ်သန်းသွားသည့် လေထုက ကြေမွသွားလေ၏။
ထိတ်လန့်တုန်လှုပ်နေသော ဖုန်းမော့သည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း အရောင်ဝါကြောင့် လုံး၀ ပိတ်လှောင်ခံလိုက်ရသည်။ သူ့လက်များ ပျက်စီးသွားသဖြင့် မညှာမတာ ခုတ်ချက်တစ်ခု ကျရောက်လာသည်။
"ဖောက်"
သံမဏိထက် ပိုမာသော ဖုန်းမော့၏ခေါင်းကွဲထွက်သွားခဲ့သည်။ ပုဆိန်ခုတ်ချလိုက်သော သစ်တုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်အလယ်တွင် ဒဏ်ရာတစ်ခု ပွင့်ထွက်သွားပြီး အင်္ဂါအစိတ်အပိုင်းများနှင့် သွေးများ ထွက်ကျလာသည်။
သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသော ဓားချီသည် မြေပြင်တွင် သုံးမီတာရှည်သော အက်ကွဲကြောင်းကို ထွင်းထုလိုက်သည်။
သာမန်လူတစ်ဦးတစ်ယောက်သည် ဤကဲ့သို့ ပြင်းထန်သော ထိုးနှက်ချက်ကြောင့် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
"ငါမင်းကိုသတ်မယ်... မင်းကိုသတ်ပစ်မယ်!"
သို့သော် ဒေါသတကြီးအော်ရင်း ဖုန်းမော့ ၏မျက်လုံးများသည် သွေးနီရောင်ပြောင်းသွားခဲ့သည်။
ဝှစ်!
ဖုန်းမော့၏ နှစ်ခြမ်းကွဲနေသော ခန္ဓာကိုယ်သည် စေးကပ်နေသော ကော်ကဲ့သို့ အနီရောင်သွေးများဖြင့် ချိတ်ဆက်ကာ တစ်ဝက်ချင်းစီကို ပြန်ဆွဲလျက် ဒဏ်ရာကို အမြန်ကုသလိုက်သည်။ ထို့အပြင် သူ့လက်များသည် တံတောင်ဆစ်မှ ကွဲထွက်ကာ မမြင်နိုင်သော တွန်းအားတစ်ခုဖြင့် စူးချန်ခုန်းဆီသို့ ပျံသန်းသွားကြသည်။
“ဝှီး!”
စူးချန်ခုန်း၏ ဦးခေါင်းနှင့် ရင်ဘတ်ကို ချိန်ရွယ်ထားသည့် လက်သည်းတစ်စုံသည် ရှေ့နှင့်နောက်ကို လှည့်ပတ်နေ၏။
လက်သည်းများသည် ဓားနှင့် ဓါးသွားများကဲ့သို့ ရှည်လျားလာသည်။
၎င်းက မရေမတွက်နိုင်သော ထူးထူးဆန်းဆန်းပုံစံများဖြင့် မိစ္ဆာနတ်ဆိုးများ၏ ထူးခြားသော မွေးရာပါစွမ်းရည် နတ်ဆိုးအတတ်ဖြစ်သည်။ အချို့သော မိစ္ဆာနတ်ဆိုးများသည် မီးတောက်များ သို့မဟုတ် မိုးကြိုးသွားများကို မှုတ်ထုတ်နိုင်ပြီး အချို့ကမူ ၎င်းတို့၏ နတ်ဆိုးစွမ်းအားဖြင့် မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်သည်။
'အပိုင်းပိုင်းခွဲထွက်ခြင်း' ဟုခေါ်သည့် ဖုန်းမော့၏ကိုယ်ပိုင် နတ်ဆိုးအတတ်သည် 'ဓားပျံများ' ကဲ့သို့ တိုက်ခိုက်ရန် နတ်ဆိုးစွမ်းအားဖြင့် ထိန်းချုပ်ကာ သူ့ခြေလက်နှင့် ဦးခေါင်းတို့ကို သူ့ခန္ဓာကိုယ်မှ အလိုအလျောက် ဖယ်ထုတ်နိုင်သည်။
"ရောက်လာပြီ!"
စူးချန်ခုန်းရင်ထိတ်သွားသည်။ အရင်က ဒီလှုပ်ရှားမှုကို သူ သတိမထားမိခဲ့ပေ။ ၎င်းက သူ့ရဲ့ ပုံမှန်အားဖြင့် ခံနိုင်ရည်ရှိတဲ့ လိပ်အသက်ရှူနည်းချီသံချပ်ကာကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ရင်ဘတ်ကို ဆုတ်ဖြဲကာ ဖုန်းမော့က ဒီနေရာကို ခြေရာခံနိုင်စေမယ့် 'နတ်ဆိုးချီအမှတ်အသား' ကို ချန်ထားခဲ့သည်။ ဒီတစ်ခါတော့ ထုံးစံအတိုင်း သူပြင်ဆင်ထားခဲ့သည်။
"ဝေလငါးစွမ်းရည်၊ ဒေါသတကြီးလှိုင်းလုံးများ ကမ်းခြေကို ရိုက်ခတ်ခြင်း!"
စူးချန်ခုန်းသည် ဧရာမဝေလငါးစွမ်းရည်မှ လက်ဖဝါးနည်းပညာကို အသုံးပြုခဲ့သော်လည်း လက်ဖဝါးအစား ဓားဖြင့် ပြုလုပ်ခဲ့သည်။
ရွှမါး
စူးချန်ခုန်းသည် လက်နှစ်ဖက်လုံးတွင် ဓားကိုကိုင်ထားပြီး သံဖြတ်ဓားကို လည်ပတ်စေလျက် ဓား၏မျက်နှာပြင်ကို အသုံးပြုကာ ဓားချီကို သူ့ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် ထုတ်လွှတ်ပြီး ဝင်လာသော နတ်ဆိုးလက်သည်းများကို ရိုက်ချလိုက်သည်။
လက်ဖဝါးကဲ့သို့ ဓားကိုအသုံးပြု၍ အာရုံစူးစိုက်ထားသည့် နေရာတစ်ခုနှင့် နှိုင်းယှဉ်ပါက စွမ်းအားကို လျော့နည်းစေကာ ဓားချီကို ဧရိယာတစ်ခုအထိ ဖြန့်ကျက်လိုက်သည်။ သို့သော် သူ့ရှေ့မှောက်က ပြဿနာကို ဖြေရှင်းသည့် အတိုင်းအတာတစ်ခုထိ ဖြန့်ကျက်ခဲ့တာဖြစ်သည်။
"ဖောင်း ဖောင်း ဖောင်း!"
သံဖြတ်ဓားသည် မိစ္ဆာနတ်ဆိုး၏ ချွန်ထက်သော လက်သည်းတစ်စုံကို ထိမှန်လိုက်သောအခါ ခုတ်ထစ်သံများက လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာသည်။ ဓါးချီ၏ပြင်းထန်သောပေါက်ကွဲသံသည် မိစ္ဆာနတ်ဆိုး၏ ချွန်ထက်သော လက်သည်းများကို အပိုင်းပိုင်းဖြတ်ကာ အသားနှင့်သွေးများ အလျားလိုက် လွင့်ပျံသွားလေ၏။
"အား! ငါမင်းကိုသတ်မယ်။ မင်းကိုအပိုင်းပိုင်းဖြတ်ပစ်မယ်!"
ထပ်ခါထပ်ခါ ဒဏ်ရာ ရပြီး ဓားဖြင့် ထက်ခြမ်းခြမ်း ခံရသော်လည်း ထိုဒဏ်ရာများသည် ဖုန်းမော့အတွက် အသက် မသေစေနိုင်ပေ။ သို့သော် ပြန်လည်ကောင်းမွန်လာဖို့ များပြားလှသော နတ်ဆိုးစွမ်းအားကို သုံးစွဲရပြီး ပြင်းထန်သော နာကျင်မှုကို ဖြစ်ပေါ်စေသည်။ ဖုန်းမော့သည် သူ၏ အဝါရောင် မျက်ဆန်က သွေးကြောများ ဖြင့် ရဲရဲနီနေပြီး လုံးဝ ရူးသွပ်သွားတော့သည်။
ကုသပြီးသား ဖုန်းမော့၏ဦးခေါင်းသည် လည်ပင်းမှ ခွဲထွက်ကာ ရက်စက်သော မိစ္ဆာနတ်ဆိုး၏ဦးခေါင်းသည် အော်ဟစ်ရင်း ရှူးရှူးဒိုင်းဒိုင်းဖြစ်နေ၏။ စူးချန်ခုန်း၏ဓားကို လှည့်ပတ် ရှောင်တိမ်းကာ ချွန်ထက်သော အစွယ်များဖြင့် သွေးများပြည့်နေသော ပါးစပ်ကိုဟကာ စူးချန်ခုန်း၏လည်ပင်းဆီသို့ ကိုက်လိုက်သည်။
နတ်ဆိုးများ၏ လက်သည်းများနှင့် သွားများသည် ၎င်းတို့၏ အစွမ်းထက်ဆုံး လက်နက်များဖြစ်သည်။ အသွေးအသားပင် မဆိုနှင့်။ ယခင်က ကုန်းပါးဝတ်ဆင်ခဲ့သော ရတနာချပ်ဝတ်တန်ဆာများသည် တောနက်စီရင်စုမြို့တော်၏ အရှားပါးဆုံးပစ္စည်းများထဲမှ တစ်ခုဖြစ်သော်လည်း တစ်ချက်ကိုက်ရုံဖြင့် ထိုးဖောက်ခံခဲ့ရသည်။
ဧရာမဝေလငါးစွမ်းရည်၊ ဧရာမဝေလငါး လေရှူထုတ်ခြင်း
သို့သော် စူးချန်ခုန်းသည် ရုတ်တရက် ပါးစပ်ကို ဟလိုက်သည်။ အနီးကပ်အကွာအဝေးတွင် သူ၏ဗိုက်အတွင်းမှ အားပြင်းသော ဓားချီသည် ရှူထုတ်လိုက်သော လေများနှင့်အတူ ထွက်လာခဲ့သည်။ ၎င်းသည် မြင့်မားသောနေရာမှ ပေါက်ကွဲထွက်လာသော ရေစီးဗုံးတစ်ခုကဲ့သို့ဖြစ်ပြီး ဖုန်းမော့၏ ရက်စက်သော နတ်ဆိုးခေါင်းကို ၎င်း၏ထိပ်ပေါ်သို့ ဒေါသတကြီး ဗုံးကြဲတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
"ဒုန်း!
ပေါက်ကွဲစေတတ်သော စွမ်းအားသည် မိစ္ဆာနတ်ဆိုး၏ ဦးခေါင်းကို ပုံပျက်သွားစေပြီး သွေးများ စိမ့်ထွက်ကာ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး ဘောလုံးကဲ့သို့ ခုန်ပေါက်ကာ ဖရိုဖရဲဖြစ်သွားခဲ့သည်။
ထိုခေါင်းပြန်ထလာမည့်အချိန်ကို မစောင့်ဘဲ စူးချန်ခုန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ ချီစွမ်းအင်နှင့် သွေးများ တဟုန်ထိုးတက်လာပြီး မိစ္ဆာနတ်ဆိုးခေါင်းကို မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် နင်းချေပစ်လိုက်သည်။
"ဒုတ်!"
စူးချန်ခုန်း၏ မျက်လုံးများမှာလည်း သွေးရောင်လွှမ်းနေပြီး ချွန်ထက်သော ဓားချီသည် သူ၏ သွေးကြောများကို ဖြတ်၍ ဓားကို ကိုင်ဆောင်ထားသော သူ့လက်မောင်းကို အလူးအလဲ နာကျင်စေသော်လည်း အားလုံးကို လျစ်လျူရှုကာ သံဖြတ်ဓားဖြင့် ခုတ်ပိုင်းနေသည်။
"ရွှမ်း ရွှမ်း!"
ဖုန်းမော့၏ ကုသထားပြီးသော ထက်ခြမ်းကွဲနေသည့် မိစ္ဆာနတ်ဆိုး ခန္ဓာကိုယ်က ထပ်ကွဲသွားပြန်သည်။
"ရွှမ်း!"
စူးချန်ခုန်း၏ မျက်လုံးများ နီရဲလာပြီး ခဏတောင် မနားဘဲ ဓားကို အလျားလိုက် လှီးဖြတ်ကာ ဖုန်းမော့၏ခါးကို ဖြတ်လျက် ခေါင်းမဲ့ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သည်။
ရွှမ်း ရွှမ်း ရွှမ်း
စူးချန်ခုန်းရဲ့ စိတ်ထဲမှာ တစ်ခုတည်းသော အတွေးက သူ့ရှေ့က မိစ္ဆာနတ်ဆိုးကို သတ်ပစ်ဖို့ပင်။ သူ့အလောင်းကို အစိတ်စိတ်အမြွှာမြွှာ ထောင်ပေါင်းများစွာ ပိုင်းဖြတ်ပစ်ဖို့ပင်။
ရွှမ်း ရွှမ်း
စူးချန်ခုန်း၏ သံဖြတ်ဓားသည် ဓါးချီဖြင့် ပံ့ပိုးပေးထားပြီး မည်သည့်နည်းပညာမျှမပါဘဲ ကြမ်းကြမ်းတမ်းတမ်း ခုတ်ထစ်နေသည်။ ၎င်းမှာ တွန်းလှန်၍မရနိုင်ပေ။ ဖုန်းမော့၏ ကြီးမားသော နတ်ဆိုး ခန္ဓာကိုယ်သည် လှီးဖြတ်ခံနေရပြီး ပွင့်ထွက်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်လျက် မြေကြီးပေါ်တွင် အသားတုံးများ ပြန့်ကျဲနေ၏။
" ချမ်းသာပေးပါ... ချမ်းသာပေးပါ... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့..."
စူးချန်ခုန်း၏ ခြေဖဝါးအောက်ရှိ မြေကြီးထဲမှ ဖုန်းမော့၏ ကြောက်ရွံ့ထိတ်လန့်စွာ အသနားခံနေသည့် အသံကို ကြားလိုက်ရသည်။
မိစ္ဆာနတ်ဆိုးများသည် တကယ်ကို မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် အမှန်တကယ် မသေနိုင်တာ မဟုတ်ပေ။ ခေါင်းပြတ်ခြင်းနှင့် ကြီးမားသော ဒဏ်ရာများသည် နတ်ဆိုးများ၏ စွမ်းအားကို ဆုံးရှုံးစေပြီး ထိုစွမ်းအားများ ကုန်ဆုံးသွားသည်နှင့် တစ်ခုတည်းသော လမ်းကြောင်းက သေခြင်းတရားသာ ကျန်တော့သည်။
ဖုန်းမော့အတွက် သည်းမခံနိုင်စရာပင်။ အကြောင်းမှာ သူသည် လူသားမျိုးနွယ်ထက် သဘာဝအသက်စွမ်းအားထက် မြင့်မားသော နတ်ဆိုးတစ်ကောင်ဖြစ်သော်လည်း သူ့ အစာဟု မှတ်ယူထားသည့် လူသားလူငယ်လေး၏ လက်ချက်ဖြင့် သေလုမျောပါးဖြစ်နေသည်။
"မင်းငါ့ကို အပိုင်းပိုင်း ဖြတ်ချင်နေတာ မဟုတ်ဘူးလား။ သေလိုက်တော့!"
သို့သော် စူးချန်ခုန်းကတော့ နားပင်းသွားသည့်နှယ်။ ထိုအသားတုံးများသည် မြေပြင်ပေါ်တွင် တွန့်လိမ်နေသေးသည်ကို သူမြင်ရပြီး ပြန်လည်ချိတ်ဆက်ရန် ကြိုးစားဆဲဖြစ်သည်။ သူသည် ဖက်ထုပ်အတွက် အသားများကို လှီးထုတ်သလိုမျိုး ဓားကို ချက်ချင်းပင် သွေးရူးတန်းရူးဖြင့် ပြင်းပြင်းထန်ထန် ခုတ်ထစ်နေသည်။
ဖုန်းမော့၏ဦးခေါင်းသည် ရုန်းကန်အော်ဟစ်သံများ ရပ်တန့်မသွားမီ အချိန်မည်မျှကြာသွားမှန်း မည်သူမျှ မသိခဲ့ကြပေ။ မြေပြင်ပေါ်တွင် နဂိုအတိုင်း အလောင်းတစ်လောင်းမျှ မကျန်တော့ဘဲ ပုပ်ပွနေသော အသားများသာ ကျန်တော့သည်။
စူးချန်ခုန်းသည် သူ့လက်မောင်းများရှိ သွေးပြန်ကြောများမှ ထွက်လာသော နာကျင်ကိုက်ခဲမှု လှိုင်းလုံးများကို ခံစားလိုက်ရသည်။ သူ့အတွင်းရှိ ဓါးချီသည် လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့လေပြီ။ အားနည်းသော ခံစားချက်က သူ့အပေါ်သို့ လွှမ်းခြုံသွားပြီး နောက်ဆုံးတော့ သူ ရပ်လိုက်သည်။
လေထဲမှ သွေးရနံ့များ ပျံ့နှံ့နေပြီး မြေပြင်ပေါ်ရှိ အညစ်အကြေးများ၊ ပြန့်ကျဲနေသော အသားတုံးများကို ကြည့်ရင်း စူးချန်ခုန်း၏ ပါးစပ်သည်လည်း ပြင်းထန်စွာ တွန့်ချိုးသွားခဲ့သည် ။
အကယ်၍ ဤမြင်ကွင်းကို အပြင်လူများ မြင်တွေ့ခဲ့မည်ဆိုလျှင် မည်သူက မိစ္ဆာနတ်ဆိုးဖြစ်ပြီး မည်သူက အတုအယောင်ဖြစ်သည်ကို အတိအကျ ဆုံးဖြတ်ရခက်ပေလိမ့်မည်။
စူးချန်ခုန်းက လက်ဆန့်ပြီး ဖုန်းမော့၏ တစ်ခုတည်းသော မပျက်မစီးသေးသည့် ဦးခေါင်းကို မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် ဖုန်းမော့၏ ဦးခေါင်းသည် ပြင်းထန်သော နာကျင်မှုနှင့် ပြည့်နေပြီး ပုံပျက်ပန်းပျက်ဖြစ်နေကာ အသက်မရှူတော့တာ ကြာပြီဖြစ်သည်။
"မင်းငါ့ကို အပိုင်းပိုင်းမဖြတ်ချင်ဘူးလား။ မိစ္ဆာနတ်ဆိုး... မင်းက မသေနိုင်တဲ့ကောင်မဟုတ်ဘူးလား။ မင်းဘာလို့ အသက်ပြန်ရှင်မလာတာလဲ" စူးချန်ခုန်းက မဲ့ပြုံးပြုံးလိုက်သည်။
"ခဏလောက် အနားယူပြီးရင် သန့်ရှင်းအောင်လို့ မီးမွှေးပြီး မီးရှို့လိုက်မယ်။ ဒါပြီးရင် ပြီးပြီ။"
စူးချန်ခုန်းက ခဏလောက် စဉ်းစားပြီး ခေါင်းကို မြေကြီးပေါ် ပစ်ချကာ သူ့ရဲ့ ခွန်အားကို စုစည်းပြီး သံဖြတ်ဓားကို ကိုင်လျက် နှစ်ပိုင်းခွဲကာ နောက်ဆုံးတော့ သူ့စိတ်တွေကို လျော့ချလိုက်လေတော့သည်။