← Chapters

ကောင်းကင်မှ ကပ်ဆိုးကျရောက်ခြင်း

Vol. 31 Ch. 435

ကောင်းကင်မှ ကပ်ဆိုးကျရောက်ခြင်း

Vol. 31 Ch. 435

တပည့်သောင်းချီက မိုဟိုင်၏ အောင်မြင်စွာ မြင့်မြတ်အလင်းတန်း စုပ်ယူခြင်း၏ အောင်ပွဲကို သူတို့၏ အားပေးချီးမြှောက်လက်ခုပ်များ ပေးလိုက်ကြ၏။

ထို့နောက် တပည့်အများစုက ရုပ်ရှင်တစ်ခုခဲတွင် မျက်ရည်ခြူသော အခန်းတွင် ပါလာသကဲ့သို့ ဖြစ်နေသော ကျိယုံဖန်ကို ကိုယ်ချင်းစာသောအကြည့်များနှင့်ကြည့်လိုက်ကြ၏။

"မြင့်မြတ်မီးတောက်က သူ မန္တန်စင်မြင့်ပေါ်တက်တဲ့ အချိန်မှပဲ ပင်ပန်းနေရတယ်လို့။ ကံဆိုးလိုက်တာနော်။"

"ငါက အစ်ကို အန်လင်းက မြင့်မြတ်မီးတောက်တွေ အများကြီး စုပ်ယူသွားပြီးတော့ အစ်ကို ကျိယုံဖန်အတွက် အတော်လေး စိတ်မကောင်းဖြစ်နေတာ။ ဒါပေမဲ့ အခုတော့ အတော်လေး ပိုပြီးတော့ ခံစားလို့ကောင်းသွားပြီ။"

"အိုး... ငါတို့ပြောတာ ကြားရင် အစ်ကိုကျိက ဘယ်လိုတွေးလောက်မလဲ။"

"သူက တပည့်ပေါင်း သောင်းချီရဲ့ရှေ့မှာ တတိယအကြိမ်တောင် ငိုပြီးပြီ။ သနားစရာကောင်းလိုက်တာနော်။"

"အစ်ကို မိုဟိုင်က အစ်ကို ကျိကို ငါတို့ရဲ့ ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ နံပါတ် တစ် အငိုထူးချွန်သူလို့ ပြောတုန်းက ငါမယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ စိတ်ပြောင်း သွားပြီ။"

"ဒီလို ကံမကောင်းမှု ဒီဂရီက အစ်မ ရှန်းကွမ်ယီနဲ့တောင် ယှဉ္လို့ရနေပြီ။"

"ငါသိတယ်။ ငါတို့က အဲ့တာကြောင့် မရယ်မိအောင် ထိန်းထားဖို့လိုတယ်။"

"ဟုတ်ပြီ။ အဲ့တာဆိုလဲ အဲ့အစား မနက်ဖြန်မှပဲ ရယ်ကြတာပေါ့...။"

...

ကျိယုံဖန်က ​ဤကံမကောင်းမှုတစ်သီတစ်တန်းများကြောင့် မြေကြီးထဲသို့ နင်း​ချေခံရပြီး အန်လင်းကို ထပ်မံ မတိုက်ခိုက်ရဲပါတော့ချေ။ သူဖြစ်စေချင်သည်မှာတော့ အခန်းအနား အမြန်ပြီးဆုံးရန်ပြီး တတ်နိုင်သမျှ မြန်မြန် ထွက်သွားနိုင်ရန်ပင်ဖြစ်၏။

ထိုအချိန်တွင် အကြီးအကဲ ကျိက မြင့်မြတ်မီးတောက်ကို စူးစူးစိုက်စိုက် ငေးကြည့်နေသော်လည်း သူ့၏ အံ့ဖွယ်အာရုံနှင့် မည်သည်ကိုမှ အာရုံခံ၍မရပါချေ။

အဆုံးတွင်တော့ သူက သက်ပြင်းချပြီး ခေါင်းခါလိုက်ကာ တခြားသို့သာ ကြည့်နေလေ၏။

မိုဟိုင်က အန်လင်းဘက်သို့ ပြန်လှည့်လိုက်ပြီး မရယ်မိအောင် အကောင်းဆုံး ကြိုးစားနေပေ၏။ "ကောင်းတယ် ညီအစ်ကို။ အစ်ကို ကျိက ဘယ်လောက်တောင် ကံဆိုးလဲ ကြည့်လိုက်အုံး။ သူက နင့်ကို ဘဝ တစ်လျှောက်လုံး အမှတ်ရနေလောက်မှာ။"

အန်လင်းက မိုဟိုင်ကို မျက်လုံးလှန်လိုက်၏။ "ငါကို အပစ်လာမတင်နဲ့နော်။ အကုန်လုံးက သူ့ဟာသူဖြစ်တာ ငါက ဘာအတွက်မှ အမှားမလုပ်ထားဘူးနော်။"

ကျိယုံဖန်က ထိုသည်ကို ကြားသောအခါ ခန္ဓာကိုယ်က မတည်မငြိမ် ယိမ်းထိုးနေပြီး အန်လင်းနှင့် အဝေးသို့ ခြေလှမ်းအနည်းငယ် ခွာလိုက်လေ၏။

မိုဟိုင်က နောက်ဆုံးတွင်တော့ ဟက်ဟက်ပက်ပက် ရယ်မောလာလေ၏။ "ဟုတ်ပါပြီ။ မင်းက အဲ့လိုဆိုတော့လဲ အဲ့လိုပေါ့။"

အကြီးအကဲ ချန်ရှင်းရန်၏ အသံက ထပ်မံ ထွက်ပေါ်လာလေ၏။ "နောက်တစ်ယောက်ကတော့ ရှန်းကွမ်ယီပါ။ ကျေးဇူးပြုပြီး မန္တန်စင်မြင့်ပေါ်သို့ တက်လာခဲ့ပါ။"

"သွား အမ ရှန်းကွမ်ယီ။ ငါတို့ မင်းကို ယုံတယ်။" အန်လင်းက အားပေးလိုက်၏။

"စိတ်လျော့ထား။ အရမ်းကြီး အတည်မယူနေနဲ့။" လုကျီဇီက ဝင်ပြောလိုက်၏။

ရှန်းကွမ်ယီက အန်လင်းနှင့် တခြားသူများကို ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်၏။ သူမက အရှုံးအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ရာ မန္တန်စင်မြင့်ပေါ်သို့ လျှောက်သွားစဉ် အမှန်တကယ်ပင် အလွန် စိတ်လှုပ်ရှား မနေပါပေ။

တပည်များ အားလုံးက အဖြူ​ေရာင် ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်လိုက်ကြ၏။

အန်လင်းနှင့် ကျိယုံဖန်တို့ စင်ပေါ်သို့ တက်သွားစဉ် အဖြစ်အပျက်များမှာ တပည့်များအားလုံး မမျှော်လင့်ထားသည်များ ဖြစ်သော်လည်း ရှန်းကွမ်ယီအတွက်မူ သူတို့က မမျှော်လင့်ထားသည်များကို မျှော်လင့်ရန်အတွက် သင်ယူထားပြီးဖြစ်ကာ အခက်အခဲမရှိ ပြီးဆုံးသွားပါက တပည့်များအတွက် အလွန်ပင် ထူးခြားနေပေလိမ့်မည် ဖြစ်သည်။

အကြီးအကဲများ အားလုံးသည်လည်း ရှန်းကွမ်ယီကို မျက်စိဒေါက်ထောက် ကြည့်နေကာ ဖြစ်လာသမျှ အရာရာအတွက် ပြင်ဆင်ထားပြီး ဖြစ်လေ၏။

"အကြီးအကဲ ရှောင်၊ ရာသီဥတု ပုံမှန်မဟုတ်တာတွေ ထူးဆန်းတဲ့ စွမ်းအင် အတက်အကျတွေ ရှိသေးလား။"

"မရှိဘူး။ အနည်းဆုံးတော့ ငါ အချင်းဝက် ကီလိုမီတာ ၁၀၀အတွင်းမှာ ပုံမှန်မဟုတ်တာ တစ်ခုမှ အာရုံမခံနိုင်ဘူး။"

"အကြီးအကဲ ကျူ၊ ဒီ ဒေသကို ထူးဆန်းတဲ့ သတ္တဝါတွေ ချဉ်းကပ်လာတာ တွေ့သေးလား။"

"ဒီကနေ အချင်းဝက် ကီလိုမီတာ ၂၀အတွင်းမှာတော့ သန္ဓေပြောင်းသားရဲ ၃ကောင်ရှိတယ်။ ဒါပေမဲ့ ငါအကုန်လုံးကို သေအောင် မီးရှို့ပစ်လိုက်ပြီ။"

"အကြီးအကဲ လျှို.."

...

ရှန်းကွမ်ယီက သူမ၏ အဆင့်မြင့် ဗာမီလီယမ်ငှက်မီးတောက်တောင်ပံကို ထုတ်လွှတ်လိုက်ပြီး မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို စိတ်အားထက်သန်သော ကိုးကွယ်သူကဲ့သို့ ကြည့်လိုက်လေ၏။

တပည့်များအားလုံးကလည်း မနေနိုင်တော့ပဲ သူတို့ကြားတွင် တိတ်တဆိတ် ဆွေးနွေးနေကြလေ၏။

"အစ်မ ရှန်းကွမ်ယီက မြင့်မြတ်ဗာမီလီယမ် မီးတောက်ရဲ့ ထောက်ခံမှုကို ရမယ်လို့ နင်ထင်လား။"

"အဲ့လို မဖြစ်လောက်ဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ် သူမက ကံအတော်ဆိုးတာလေ...။"

"ပြီးတော့ မင်းတို့တွေ ဒါလဲ မှတ်ထားအုံး။ မီးတောက်စွမ်းအားတွေ အားလုံး အပေါ်မှာ ငြင်းပယ်တဲ့ သူမရဲ့ ဖွဲ့စည်းမှုလေ။ သူမလို ဖွဲ့စည်းမှုနဲ့ တစ်စုံတစ်ယောက်က ဘယ်လိုလုပ်ပြီး မြင့်မြတ်ဗာမီလီယမ် မီးတောက်ရဲ့ ထောက်ခံမှုကို ရရှိမှာလဲ။"

"မင်းက အဲ့တာကို သေချာ​ပေါက်ကြီး ပြောလို့မရဘူးလေ။ ဘာပဲဖြစ်ဖြစ် သူမရဲ့ ဘဝ တစ်လျှောက်လုံး ကံခေမှုတွေ အများကြီး ဖြစ်ပြီးပြီလေ။ ငါတို့က အကျိုးဆက်ကို ခန့်မှန်းနိုင်တယ်ဆိုရင် အဲ့တာက ကံခေမှု ဖြစ်မှာမဟုတ်တော့ဘူးလေ။ အဲ့တော့ ငါထင်တာတော့ အမ ရှနကွမ်ယီက မြင့်မြတ်မီးတောွရဲ့ ထောက်ခံမှုကို ရမယ်လို့ ငါထင်တယ်။"

"ကံခေမှုတွေ ဖြစ်ရင်လည်း အရမ်းဆိုးတာ မဖြစ်ဖို့ မျှော်လင့်ရပဲ..."

"ဘာကံခေမှုတွေ ဖြစ်နိုင်မှာလဲ။ မြင့်​ြမတ် မီးတောက်က မြင့်မြတ်ရေခဲအဖြစ် ပြောင်းသွားမှာလား။"

...

ထိုအချိန်မှာပင် မြင့်မြတ်မီးတောက်ဖြူများက အနည်းငယ် တုန်ယင်လာကာ အပြင်သို့ ခွဲထွက်စပြုလာလေ၏။

မမြင်နိုင်သော အားအင်တစ်ခုက ကောင်းကင်မှ ကျဆင်းလာကာ ဗာမီလီယမ်ငှက်မီးတောက် အလင်းတန်းကို အပေါ်သို့ ဆွဲယူသွားပြီးနောက် မြင့်မြတ်မီးတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေ၏။

တပည့်များ အားလုံး၏ မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားမှုက သူတို့နှလုံးသားထဲတွင် ဖြစ်တည်လာလေ၏။ ရှန်းကွမ်းယီက... နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။

ထိုအခိုက်၌ ရှန်းကွမ်ယီမှာ ကောင်းကင်တွင် ပွင့်လန်းနေသော လှပလှသည့် အဖြူရောင် ကြာပွင့် တစ်ခုကဲ့သို့ပင်။

သူမ၏ မျက်လုံးများက အနီရောင်ပြောင်းသွားပြီး အသက်ရှုနှုန်းများ တိုးလာကာ မျက်ရည်များပင် ကျလာလေတော့သည်။

သူမက နှစ်အတော်ကြာအောင် အလွန်ကြိုးစားပြီး အပင်ပန်းမရှိ အလုပ်လုပ်ခဲ့ရ၏...။

သူမက ဗာမီလီယမ်ငှက်ဂိုဏ်းကို မည်သူထက်မဆို ပို၍ ချစ်မြတ်နိုးပြီး မည်သူထက်မဆိည မီးအမျိုးအစား မန္တန်နည်းစနစ်များကို အသုံးပြုနိုင်ချင်၏။

သူမက နောက်ဆုံးတွင်တော့ မြင့်မြတ်ဗာမီလီယမ် မီးတောက်၏ လက်ခံမှုကို ရရှိလေပြီ။ မြင့်မြတ်အလင်းတန်းက မီးစွမ်းအင်များကို သူမ၏ အတွင်းအား ဗဟိုချက်များသို့ ဖြန့်ကျက်ပေးနိုင်ပြီး မြင့်မြတ်မီးတောက်၏ စွမ်းအားကို သူမ၏ သက်ရှိ စွမ်းအင် ပင်လယ်ထဲတွင် ဖြစ်ပေါ်လာစေပြီး သူမကို မီးအမျိုးအစား မန္တန်နည်းစနစ်များ အသုံးပြုရန် ခွင့်ပြုလေ၏။

မြင့်မြတ်မီးတောက်ဖြူက မြင့်မြတ်အလင်းတန်းဖြာကျလာစေရန် ပြင်ဆင်နေသကဲ့သို့ ဝှေ့ယမ်းနေလေ၏။

ထိုအချိန်မှာပင် မြင့်မြတ်မီးတောက်က ရုတ်တရက် အလွန်အမင်းတောက်ပသော အလင်းတန်းဖြင့်တောက်ပလာပြီး မျက်စိစူးစေနိုင်လောက်သည့် မီးတောက်ဖြူက ညကောင်းကင်ယံတစ်ခုလုံးတွင် တောက်ပလာပြီး အရာရာရာကို နေ့ခင်းကဲ့သို့ ရှင်းလင်းလာစေ၏။

ထို့နောက် ချက်ချင်းပင် မြင့်မြတ်မီးတောက်က ကြီးမားသော အလျား တစ်ကီလိုမီတာ ကျော်သော မြင့်မြတ်ဓားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မြင့်တွင် တွဲလောင်းကျနေလေ၏။

လူတိုင်းက လုံးဝပင် ကြောင်ငေးနေကာ ပြောစရာစကားမဲ့နေလေ၏။

ရှန်းကွမ်ယီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး သူမ၏ နှလုံးသားထဲတွင် နာကျင်မှုက လှိုက်တက်လာလေ၏။ အဘယ့်ကြောင့် သူမအတွက် မည်သည်ကမှ မှန်မှန်ကန်ကန် မဖြစ်လာပါသနည်း။

ပထမဆုံးတွင် အကြီးအကဲများအားလုံးက တုန့်ဆိုင်းသွားပြီး တပြိုင်နက်တည်း မတ်တပ်ထရပ်ကာ သူတို့၏ အစွမ်းထက် အော်ရာများကို ထုတ်လွှတ်လိုက်၏။ အကြီးအကဲ အယောက်၂၀ကျော်တွင် ၁၀ယောက်မှာ ပျက်ပြယ်ခြင်းအဆင့်ရောက်ရှိနေပြီး ဖြစ်ကာ သူတို့၏ စုပေါင်း အော်ရာက ​ကောင်းကင်ဘုံကို တုန်လှုပ်ရန်ပင် ကြောင်မက်ဖွယ်ကောင်းနေပေ၏။

မြင့်မြတ်ဓားက လေထဲတွင် နေရာတစ်ခုဆီသို့ လှည့်လာပြီး ထိုးစိုက်ကျလာလေတော့၏။

ဘုန်း...

မြင့်မြတ်မီးတောက်ဖြူက ကောင်းကင်ကို ကြယ်စုတစ်ခုကဲ့သို့ လှည်းကျင်းလိုက်ပြီး ကောင်းကင်တွင် ကီလိုမီတာ ၅၀ကျော် ကျယ်ပြန့်နေသော အက်ကြောင်းတစ်ခု ခွဲပစ်လိုက်လေ၏။

ပိုင်ဟွားပြည်နယ်၏ ပြည်သူတစ်ဝက်ခန့်က ကောင်းကင်ရှိ ကြောက်မက်ဖွယ် ဓားရာကြီးကို မြင်နိုင်ပေ၏။ ထိုသည်က ကောင်းကင်တွင် အလွန်တောက်ပလွန်းကာ မြင်သာနေပြီး မရပ်တန့်နိုင်သော အားအင်များ ပါရှိနေပုံရပြီး ကောင်းကင်တစ်ခုလုံးကို မီးတောက်များနှင့် ထွန်းလင်းပစ်မည်ဟု ခြိမ်းခြောက်နေသကဲ့သို့ပင်။

တပည့်များ အားလုံးက လေထဲရှိ ဧရာမမြင့်မြတ်ဓားကြီးကို ကြောင်ငေးကာ စိုက်ကြည့်နေလေ၏။

အန်လင်း၏ နှလုံးသားထဲတွင် စိတ်မအေးချမ်းမှုတစ်ခုက ဖြစ်တည်လာပြီး အလွန်မင်း ကြောက်မက်ဖွယ် စွမ်းအားက ဗာမီလီယမ်ငှက်ဂိုဏ်းဆီသို့ ချဉ်းကပ်လာသည်ကို ခံစားမိနေ၏။

သူက သူ့၏မိစ္ဆာရှင်းဓားကို တိတ်တဆိတ်ထုတ်လိုက်ကာ လေထဲရှိ နေရာတစ်ခုအား အကြည့်ပို့ထားလိုက်၏။

ဓားကြက ပျောက်ဆုံးသွားလေပြီ။ သို့သော် မပျောက်ဆုံးမီတွင် လေထဲတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုကို ချန်ရစ်ထားခဲ့၏။ ထိုအက်ကွဲကြောင်းမှ အပြာရောင် သွေးများက စိမ့်ထွက်နေပြီး သတ္ထုနံ့က လေထဲတွင် ပျံ့နှံ့လာပေတော့သည်။

"မြင့်မြတ်ဗာမီလီယမ်မီးတောက်က တကယ်ကို နာမည်အရ ရှင်သန်ပြီးတော့ အကွာအဝေး အင်မော်တယ် သားရဲကြီးကို တစ်ချက်တည်းနှင့် သုတ်သင်နိုင်တာပဲ။ ဒါပေမဲ့ အရမ်းနှေးနေသေးတယ်...။"

အဆုံးမရှိ ခွန်အများနှင့် ပြည့်နှင်နေသော အသံတစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ထွက်ပေါ်လာကာ ကြားရသူအပေါင်းကို ကြောက်ရွံ့ရိုသေခြင်းများ နိုးထလာစေသည်မှာ သက်ရှိများအားလုံးက ပိုင်ရှင်၏ အသံနှင့် ရင်ဆိုင်ရသော ပုရွက်ဆိတ်ကလေးများကဲ့သို့ပင်။ ထိုသည်က မြင့်မြတ်ပြီး ခွန်အားကြီးသော ဧကရာဇ်တစ်ဦး၏ အသံပင် ဖြစ်၏။

အက်ကွဲကြောင်းက မူလ ပေပေါင်းရာချီမှ ၁၀ကီလိုမီတာ နီးပါး ကျယ်သော ဧရာမ အနက်ရောင် အပေါက်ကြီးအဖြစ် ကျယ်ပြန့်လာပေ၏။

အဝေးမှဆိုလျှင် ထိုသည်က အထက်ကောင်းကင်တွင် ဖြစ်ပေါ်နေသော အနာအကြီးကြီး တစ်ခုကဲ့သို့ပင်။

"ဗာမီလီယမ်ငှက်ဂိုဏ်းကို နှုတ်ဆက်ပါတယ်။ ငါက မင်းတို့ရဲဘ မြင့်မြတ်ဗာမီလီယမ် မီးတောက်ကို ခဏငှားဖို့ ရောက်လာခဲ့တာပါ။"

ကြောက်မက်ဖွယ် စွမ်းအင်နှင့် ပြည့်နှင်နေသည့် တခြားသော အေးစက်စက် အသံတစ်ခုက ထွက်ပေါ်လာလေ၏။ သို့သော် ထိုသည်က အနည်းငယ် ပိုငယ်ပြီး ပိုပျော့ပြောင်းလေ၏။

အသံကြားသောအခါ အန်လင်း၏ မျက်ဆံများက အပြင်းအထန် ကျုံ့ဝင်သွားပြီး သူ့နှလုံးသားထဲတွင် အံ့ဩမှုလှိုင်းများ ထန်နေလေ၏။

စောက်ကျိုးနည်း။ ထပ်ပြီး သူတို့ပဲလား။

----------

All Chapters