← Chapters

ရွေ့လျားနေသော အမွေအနှစ်နယ်မြေ

Vol. 161 Ch. 2292

ရွေ့လျားနေသော အမွေအနှစ်နယ်မြေ

Vol. 161 Ch. 2292

အတိတ်ကာလတွင် ကောင်းကင်ဒေသ၌ ရီဖူရှင်းက ထူးခြားသော အရည်အချင်း ရှိခဲ့သော်လည်း ထူးချွန်ထက်မြက်သည့် တိုက်ပွဲစွမ်းရည်ရှိသော ရန်ဟောင်တစ်ပါးမျှသာ ဖြစ်သည်။ ကောင်းကင်ဒေသအတွင်း ထိပ်သီးအင်အားစုများစွာ ရှိသည်။ ထို့ကြောင့် သူက မည်မျှ မကောင်းဆိုးဝါးဆန်ဆန် အရည်အချင်းရှိနေပါစေ သူက အရေးမပါနေဆဲ ဖြစ်သည်။

သို့သော် ယခု ကွာခြားသွားပြီ ဖြစ်သည်။ ရီဖူရှင်းသည် ထူးချွန်လှသည့် ပါရမီတစ်ခုတည်းသာ ရှိသောသူ မဟုတ်တော့ပေ။ သူ၏ နောက်ခံနှင့် အမိန့်ပေးနိုင်သည့် အင်အားစုများအားလုံးက အစွမ်းထက်ဆုံးများထဲမှ ဖြစ်သည်။ ကောင်းကင်ဒေသတွင် သူ့ကို ဆန့်ကျင်နိုင်သူ များများစားစား မရှိပေ။ ထို့ကြောင့် သူ၏ အရှိန်အဝါတစ်ခုလုံးက ကွာခြားသွားပေသည်။

နယ်​မြေဆယ့်ရှစ်ခုမှ နယ်မြေသခင်အိမ်တော်များသည်ပင် ရီဖူရှင်းလက်အောက်မှ အစွမ်းထက် အင်အားစုများ၏ တစ်ဝက်ခန့်မျှကို အမိန့်ပေးနိုင်ခြင်းမရှိပေ။ နတ်ဘုရားကပ်ဘေး၏ ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် နယ်မြေသခင်များသာ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖိနှိပ်နိုင်သည်ဟု ပြောရဲပေလိမ့်မည်။ သို့ဆိုလျှင်ပင် လေးမျက်နှာကျေးရွာ၌ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင် ရှိနေဆဲ ဖြစ်သည်။

ထိုသို့သော နောက်ခံနှင့် ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများအားလုံးကို ဆန့်ကျင်မိလျှင်ပင် ရီဖူရှင်း၏ အမူအရာက အထက်စီးဆန်နေလိမ့်ဦးမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လူအုပ်ကြီးသည် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း ကောင်းကင်ဒေသအင်အားစုများ၏ အကူအညီကို တောင်းခံခဲ့ကြောင်း သိထားကြသည်။ ကံမကောင်းစွာနှင့် သူတို့က အကူအညီပေးရန် ရှေ့မထွက်ခဲ့မိကြပေ။ အင်အားစုများသည် သူ ကျရှုံးသည့်အခါ ကန်ကျောက်ရန်ပင် ကြိုးစားခဲ့ကြသည်။ ထိုသို့သော အခြေအနေအောက်၌ပင် သူတို့က ကြယ်ကောင်းကင် ကျင့်ကြံရေးနယ်မြေ၌ ကျင့်ကြံဖို့ရာ ခွင့်ပြုပေးရန် ခွင့်ပြုချက်ကို ရယူရန် ရီဖူရှင်းအား လာရှာနေကြဆဲ ဖြစ်သည်။ သူသည် သူတို့ကို ကြင်နာစွာ ပြုမူနေမည် မဟုတ်ပေ။

တစ်စုံတစ်ယောက်က ပြောလိုက်၏။ "ဒါပေါ့။ ကျုပ်တို့လည်း မှော်နက်လောကရဲ့ အင်အားစုတွေကို မောင်းထုတ်ချင်ကြတာပါ။ ဒါပေမယ့် မှော်နက်လောကရဲ့ အင်အားစုတွေက ကောင်းကင်ဒေသ အင်အားစုတွေနဲ့ မတူညီဘူး။ သူတို့က အရမ်း စည်းလုံးကြတယ်။ မှော်နက်စစ်တပ်က မှော်နက်လောကရဲ့ အင်အားစုတွေကို တိုက်ရိုက်အုပ်ချုပ်တယ်။ အခုတလော မှော်နက်လောကရဲ့ ထိပ်သီးအင်အားစုတွေက မူလဘုံကို ပိုပိုပြီး ရောက်လာကြတယ်။ သူတို့ရဲ့ အင်အားက ကောင်းကင်ဒေသထက် အင်အားကြီးတယ်။ သူတို့ကို မောင်းထုတ်ချင်ရင်တောင် မလွယ်လောက်ဘူး။ ကျုပ်တို့က သူတို့ကို စစ်မကြေညာခင် ဘာလို့ ကောင်းကင်ဒေသရဲ့ အင်အားစုတွေကို စုစည်းပြီး ကျုပ်တို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့ ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေမှာ အရင်သွားမကျင့်ကြံဘဲ နေရမှာလဲ။"

ရီဖူရှင်းက စကားပြောလာသူကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ စကားများက ကျိုးကြောင်းဆီလျော်သော်လည်း သူက ကြယ်ကောင်းကင်၌ အရင်သွားကျင့်ကြံချင်နေခြင်း ဖြစ်သည်။ ထိုကျင့်ကြံသူများက ကြယ်ကောင်းကင်၌ ကျင့်ကြံရန် အခွင့်အရေးရသွားပြီးနောက် မည်သို့ ဖြစ်လာလိမ့်မည်ကို မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။

"ကျုပ် သဘောမတူဘူး။" ရီဖူရှင်းက ငြင်းဆန်လိုက်သည်။ "ကျုပ် ပွင့်ပွင့်လင်းလင်း ပြောရတာကို ခွင့်လွှတ်ပါ။ အရင်တစ်ခေါက် ကောင်းကင်အာဏာစက်ကျောင်းတော် တိုက်ခိုက်ခံရတဲ့အခါ ကောင်းကင်ဒေသရဲ့ အင်အားစုတော်တော်များများက ကျုပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ကြတယ်။ ခင်ဗျားတို့ထဲက အများစုက ကျုပ်ကို သတ်ချင်ကြတယ်။ လူတိုင်းပဲ ဘာတွေတွေးနေလဲဆိုတာ ကျုပ် မပြောနိုင်ဘူး။ ကျုပ်က ခင်ဗျားတို့အားလုံးကို ကြယ်ကောင်းကင်မှာ ကျင့်ကြံဖို့ ခွင့်ပြုလိုက်ပြီး ခင်ဗျားတို့က နောက်ဆုံးမှာ ကျုပ်ရဲ့ ရန်သူတွေဖြစ်လာမယ်ဆိုရင် ဒါက ကိုယ့်ကိုယ်ကိုယ် ပြဿနာတောထဲ ဆွဲသွင်းမိတဲ့ ကျုပ်က အရူးဖြစ်မသွားဘူးလား။ စီနီယာတို့က ကျုပ်နဲ့ ပူးပေါင်းချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ရိုးသားစစ်မှန်မှုကို အရင်ပြပေးရမှာပေါ့။"

ရီဖူရှင်း၏ စကားက ကျင့်ကြံသူများကို တိတ်ဆိတ်သွားစေသည်။ ထိုသည်ကို ကြည့်လျှင် ရီဖူရှင်းက ပြတ်သားခိုင်မာသော ဆုံးဖြတ်ချက် ချပြီးပုံရသည်။ သူတို့က ကြယ်ကောင်းကင်၌ ကျင့်ကြံရန် အခွင့်အရေးရယူလိုလျှင် မူလဘုံအတွင်း ပုန်းကွယ်နေသော အင်အားစုများကို ချေမှုန်းရန် သူနှင့် အရင်ဆုံး ပူးပေါင်းရပေမည်။ မဟုတ်လျှင် သူက သူတို့၏ တောင်းဆိုချက်ကို သဘောတူလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးတစ်ကြိမ် အင်အားစုများအားလုံးက စီဝေ့ကြယ်ကမ္ဘာအတွင်းမှ စီဝေ့အင်ပါယာနန်းတော်သို့ လာရောက်လည်ပတ်သောအခါ နန်းတော်သခင်က ရွေးချယ်စရာ မရှိဘဲ သူတို့အားလုံးကို ကြယ်ကောင်းကင်၌ ကျင့်ကြံစေခဲ့ရသည်။ သို့သော် ယခု ရီဖူရှင်း ဦးဆောင်သည့်အခါ၌ ကွဲပြားခြားနားသွားပေသည်။ သူတို့က သူတို့၏ တောင်းဆိုချက်ကို သူလက်ခံလာစေရန် ဖိအားပေး၍ မရပေ။ ၎င်းသည် ဆရာသခင်က အဟန့်အတားအဖြစ် ရှိနေသောကြောင့် ဖြစ်သည်။

"ဒီလိုဆိုရင် မင်းရဲ့ အကြံပြုချက်အတွက် ကျုပ်တို့ စဥ်းစားလိုက်ပါဦးမယ်။" တစ်ယောက်က ပြောလိုက်သည်။ ရှင်းလင်းစွာပင် ထိုလူက ကြယ်ကောင်းကင်နယ်မြေ၌ ကျင့်ကြံရန် သူတို့ပေးရမည့် အဖိုးအခက အလွန် မြင့်မားသည်ဟု တွေးနေခြင်း ဖြစ်သည်။ ၎င်းက မထိုက်တန်ပေ။ ထို့ကြောင့် ထိုလူက လက်လျှော့သွားခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်တွင် အတော်လေး များပြားသည့် လူများ ရောက်ရှိလာခဲ့သည်။ သူတို့က လေဟာနယ်ကို ဖြတ်သန်းကာ ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း တိုက်ရိုက်ဝင်ရောက်လာသည်။ ထိုသည်က ရီဖူရှင်းနှင့် ကျောင်းတော်မှ ကျင့်ကြံသူများကို မျက်မှောင်ကြုတ်သွားစေသည်။

ရောက်လာသူများ၏ မျက်နှာထက်တွင် အလွန် လေးနက်သော အမူအရာတို့ ရှိနေခဲ့သည်။ သူတို့ကသက်ဆိုင်ရာ အင်အားစုများထံ တိုက်ရိုက်သွားရောက်ကာ အတွေးကူးပြောင်းခြင်းဖြင့် သူတို့၏ စီနီယာများထံ တစ်စုံတစ်ရာ တင်ပြနေခဲ့သည်။ ကြည့်ရသည်မှာ တစ်ခုခု ဖြစ်ပျက်နေပုံရသည်။

ရီဖူရှင်း၏ ဘေးသို့ တစ်စုံတစ်ယောက် ဆင်းသက်လာပြီး စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ကြားလိုက်ရသည့် သတင်းက ရီဖူရှင်း၏ မျက်လုံးများကို ကျဥ်းမြောင်းသွားစေသည်။

ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများသည် လက်သီးဆုပ်ကာ နှုတ်ဆက်ကာ ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်။"

သူတို့က ထိုအကြောင်းကို ကြားပြီးနောက် ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်ကာ ထွက်ခွာသွားကြလေသည်။

"ဘာဖြစ်တာလဲ။" အရှင်ထိုက်ရွှမ်က စိုးရိမ်ပူပန်သည့် အမူအရာတို့ကို ထုတ်ဖော်ပြလာသည်။ ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောပြလာသည့်သူမှာ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထိုသည်ကို ကြည့်လျှင် တစ်စုံတစ်ခု ဖြစ်ပျက်သွားပုံရသည်။ မဟုတ်လျှင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများက အတူတကွ ထွက်ခွာသွားမည် မဟုတ်ပေ။ သူတို့သည်လည်း တးညီသည့် သတင်းများ ရရှိထားပုံရသည်။

လူအများက ရီဖူရှင်းကို ကြည့်လိုက်ကြ၏။ ရီဖူရှင်းက ပြောလိုက်သည်။ "မဟာလမ်းစဥ်ဘုံသုံးထောင်ရဲ့ အပြင်ဘက်လေဟာနယ်မှာ တစ်စုံတစ်ယောက်က အမွေအနှစ်တစ်ခု ရှာတွေ့ခဲ့တယ်။ ခန့်မှန်းချက်အရ အဲဒါက အရမ်းရှေးကျတဲ့ အမွေအနှစ်ပဲ။"

ရီဖူရှင်း၏ စကားလုံးများကို ကြားသည့်အခါ ကျင့်ကြံသူများ၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက အလျင်အမြန် ထွက်ခွာသွားကြသည်မှာ အံ့သြစရာ မရှိတော့ပေ။ ရှင်းလင်းစွာပင် သူတို့က တူညီသော သတင်းကို လက်ခံရပြီးနောက် ချက်ချင်းပင်  အမွေအနှစ် နယ်မြေကို သွားစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

မူလဘုံသည် ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးပြီးနောက် ဖြစ်တည်လာသည့် လေဟာနယ် နယ်မြေတစ်ခု ဖြစ်သည်။ ယင်းကို လေဟာနယ်ဘုံဟုလည်း ခေါ်ပေသည်။

သို့သော် ၎င်းက မဟာလမ်းစဥ်ဘုံသုံးထောင်နှင့် မရေတွက်နိုင်သော လေဟာနယ် နယ်မြေများ စုပေါင်းထားသည့် ပြိုင်ဘက်ကင်းနေရာတစ်ခု ဖြစ်လာခဲ့သည်။ ဤလေဟာနယ် နယ်မြေအတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို မည်သူမှ မသိပေ။ နှစ်ပေါင်းများစွာအကြာက လူအများသည် လေဟာနယ်ဘုံတစ်ခွင်၌ ရှာဖွေရင်း လုယက်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့ လွဲချော်ခဲ့သော တစ်စုံတစ်ရာ ရှိနေသေးပေသည်။

ဥပမာအနေနှင့် အဆင့်မြင့်တော်ဝင်ဘုံကိုးဘုံတွင် လျှို့ဝှက်ချက် ကိုယ်စီ ရှိကြသည်။ စီဝေ့မဟာအင်ပါယာ ချိပ်ပိတ်ခဲ့သော စီဝေ့ကြယ်ကမ္ဘာသည် စီဝေ့ဘုံအတွင်း၌ မြှုပ်နှံထားခဲ့ပေသည်။

မူလဘုံသည် လတ်တလောတွင် အပြည့်အဝ ပြောင်းလဲခြင်း အောက်၌ ရှိနေခဲ့သည်။ ပို၍ များပြားသော အပြောင်းအလဲများက ဖြစ်ပွားလာနေသည်။ ထို့ကြောင့် ရှေးဟောင်းအမွေအနှစ်နယ်မြေ ပေါ်ပေါက်လာမှုက အလွန် ထူးခြားနေသည်တော့ မဟုတ်ပေ။

"အမွေအနှစ်နယ်​​မြေက ဘယ်မှာ ရှိနေလဲ သိလား။" တစ်စုံတစ်​ယောက်က မေးလိုက်သည်။ မဟာလမ်းစဥ် ဘုံသုံးထောင် အပြင်ဘက် လေဟာနယ်က ကျယ်ပြောကာ အဆုံးမရှိပေ။ ဥပမာအနေနှင့် စီဝေ့ကြယ်ကမ္ဘာသည် ဘုံကိုးဘုံနှင့် အလွန် ဝေးကွာလှသည်။ ထို့ကြောင့် သူတို့သည် ထိုနေရာနှစ်ခုကို ဆက်သွယ်ရန် အာကာသခရီးသွားဝင်္ကပါ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။ "အင်း။ အမွေအနှစ်နယ်​မြေကို ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုက အစွမ်းထက် ကျင့်ကြံသူတချို့ ရှာတွေ့ခဲ့တာ။ ပြီးတော့ အဲဒါက မဟာလမ်းစဥ် ဘုံသုံးထောင်အနားကို ချဥ်းကပ်လာလို့ ရှာတွေ့ခဲ့တာတဲ့။ အခု ကျင့်ကြံသူအများကြီးက အဲဒီနယ်မြေရဲ့ တည်ရှိမှု သတင်းကို ရသွားကြပြီ။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာလည်တဲ့ ကောင်းကင်​ဒေသရဲ့ အင်အားစုတွေက မူလဘုံကို ရောက်လာသူတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိတာ။ သူတို့ထဲ အများစုက အခု အမွေအနှစ်နယ်မြေကို သွားတဲ့လမ်းမှာ ရောက်နေလောက်ပြီ။"

"ရွေ့လျားနေတဲ့ အမွေအနှစ်နယ်မြေလား။" ရီဖူရှင်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ "တစ်ချက်လောက် သွားကြည့်ကြတာပေါ့။"

သူက ထိုသို့ပြောလိုက်ပြီးနောက် သူတို့ လူစုက ကောင်းကင်ထက်သို့ ချက်ချင်း ပျံတက်သွားကြသည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူက လမ်းပြပေးကာ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထွက်ခွာသွားကြသည်။ သူတို့က လေဟာနယ်အတွင်း တိကျသော နေရာတစ်ခုသို့ ခရီးဆက်လိုက်ကြသည်။ တခဏကြာပြီးနောက် သူတို့သည် အဆင့်မြင့်တော်ဝင်ဘုံကိုးဘုံ တည်ရှိနေသည့် နေရာမှ ထွက်ခွာသွားခဲ့သည်။

သူတို့က လေဟာနယ်အတွင်း ရှေ့ဆက်သွားရင်းနှင့် ရီဖူရှင်းတို့အဖွဲ့သည် တဖြေးဖြေး အမည်မသိ စွမ်းအားကို ခံစားမိလိုက်ကြသည်။ ထိုစွမ်းအားတွင်  ဖျော့တော့သော ခွန်အားတစ်ရပ် ပါဝင်နေသည်။ ၎င်းသည် သူတို့ ရှိနေသော လေဟာနယ်ကို ဖြန့်ကျက်နေသည့် ကောင်းကင်စွမ်းအားကဲ့သို့ ထင်မှတ်ရပေသည်။

သူတို့က ထိုလေဟာနယ်ကို ချဥ်းကပ်လာသည်နှင့် စွမ်းအားက ပို၍ ရှင်းလင်းလာသည်။ ထိပ်သီးအဆင့်မှ ကျင့်ကြံသူများသည်ပင် သူတို့ပေါ်သို့ ကျရောက်လာသော အားကောင်းလှသည့် ဖိအားကို ခံစားမိနိုင်သည်။

"ဒီစွမ်းအား..." အရှင်ထိုက်ရွှမ်က ရေရွတ်လိုက်သည်။ ဤအမည်မသိ စွမ်းအားက သူတို့ စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ကြယ်ကောင်းကင် ကျင့်ကြံခြင်းနယ်မြေတွင် ရရှိခဲ့သော ခံစားချက်နှင့် အလားသဏ္ဌာန်တူသည်။ ၎င်းက နောက်ထပ် မဟာအင်ပါယာတစ်ပါးမှ ကျန်ရစ်ခဲ့သော ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခု ဖြစ်နေနိုင်သည်လား။

သူတို့က အထက်သို့ ရွေ့လျားသွားသည်နှင့် နက်ရှိုင်းသည့် ထိတ်လန့်ဖွယ် အက်ကြောင်းတို့ ကောင်းကင်မှ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။ ထိုအက်ကြောင်းသည် လှုပ်ရှားလိုက်သည့်အခါ လေဟာနယ်အတွင်း အမှတ်အသား ချန်ရစ်ခဲ့သော ကြောက်မက်ဖွယ် အရာတစ်ခုနှင့် တူပေသည်။ အက်ကြောင်းကို ကျော်လွန်ကာ အဝေးသို့ ကြည့်လိုက်မိသည့်အခါ တစ်စုံတစ်ယောက်သည် အလွန် ပြင်းထန်သည့် စွမ်းအား တစ်ခုက ရွေ့လျားနေသည်အား ခပ်ရေးရေး အာရုံခံမိနိုင်ပေသည်။

ထင်ထားသလိုပင် ၎င်းက ရွေ့လျားနေသည့် ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုဖြစ်ပြီး မဟာလမ်းစဥ်ဘုံသုံးထောင်အနီးသို့ ချဥ်းကပ်လာကြပေသည်။

ထိုအရာက အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းက ထိုမျှ ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေပေသည်။

All Chapters