← Chapters

နယ်မြေကျူး​ကျော်ခြင်းကို စွဲလမ်းနေကြသူများ

Vol. 31 Ch. 436

နယ်မြေကျူး​ကျော်ခြင်းကို စွဲလမ်းနေကြသူများ

Vol. 31 Ch. 436

အပိုင်း (၄၃၆) : နယ်မြေကျူး​ကျော်ခြင်းကို စွဲလမ်းနေကြသူများ

တပည့်များအားလုံးက သူတို့၏ ဂိုဏ်းမှာ ပြင်ပ အစွမ်းထက် ခွန်အားတစ်ခု၏ ကျူးကျော်ခြင်းခံရသည်ကို တဖြည်းဖြည်း သဘောပေါက်စပြုလာလေ၏။

အကြီးအကဲ ခေါင်းဆောင် ချန်ရှင်းရန်က အေးစက်စွာ ချောင်းဟန့်သံပြုလိုက်ပြီး မိုးခြိမ်းသကဲ့သို့ အသံတစ်ခုဖြင့် ပြောလိုက်၏။ "ငါတို့ရဲ့ ဂိုဏ်းကို  ငါတို့ရဲ့ မြင့်မြတ်မီးတောက်အတွက် ကျူးကျော်ဖို့အတွက် သတ္တိလိုတာတော့ အသေအချာပဲ။ ဒါပေမဲ့ ငါတို့ရဲ့ ဗာမီလီယမ်ငှက်ဂိုဏ်းကို ကျူးကျော်ဖို့အတွက် သတ္တိတစ်ခုပဲ လိုတာလို့ မင်းတို့ကထင်နေတာလား။"

ဘုန်း...

ကြီးမားသော မန္တန်ဖွဲ့စည်းခြင်းတစ်ခုက အံ့ဖွယ် သစ်ပင်၏ အမိုးတွင် ပေါ်လာပြီး ကီလိုမီတာအများအပြားခန့် အချင်းဝက်အတွင်း၌ နေရာလပ်ကို ချိတ်ပိတ်လိုက်လေ၏။

မရေမတွက်နိုင်သော တပည့်များက သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအင်များကို ဆွဲထုတ်ပြီး မန္တန်ဖွဲ့စည်းခြင်းသို့ ပြောင်းလိုက်လေ၏။

ကြက်သွေးရောင် ဧရာမ ဇာမဏီငှက်တစ်ကောင်က မန္တန်ဖွဲ့စည်းခြင်းမှ ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ထိုအရာ၏ ကြီးမားလှသော တောင်ပံအလျားဖြင့် တားဆီးထားလေ၏။

အဆုံးမရှိသော မီးတောက်များက ဇာမဏီငှက်၏ ခန္ဓာကိုယ်မှ ထွက်လာပြီး ထိုအရာ၏။  ပတ်လည်မှ လေထုကို တောက်ပပြီး ပုံပျက်အောင် ပြုလုပ်နေကာ ထိုမီးတောက်များက လောင်ကျွမ်းမီးတောက်များကဲ့သို့ ကောင်းကင်မှ အက်ကွဲကြောင်းကြီးထံသို့ တိုးဝင်သွားလေတော့သည်။

"ငါတို့က တကယ်ပဲ သတ္တိထက်ပိုပြီးလိုတာပေါ့။ အဲ့တာကြောင့် ငါက ဒီမှာ ရောက်နေတာလေ။"

အပြာရောင် အံ့ဖွယ် အလင်းတန်းတစ်ခုနှင့် အပြည့်အဝ လွှမ်းခြုံထား၍ သူမ၏ သွင်ပြင်များအားလုံးကို ဖုံးကွယ်ထားသော အမျိုးသမီးတစ်ယောက်က ကောင်းကင်ရှိ အက်ကွဲကြောင်းကြီးထဲမှ ထွက်လာလေ၏။

သူမက ရွှေရောင် ဧကရီဝတ်ရုံတစ်ခုနှင့် ခေါင်းထက်တွင် သရဖူတစ်ခုကို ဝတ်ဆင်ထားလေ၏။ သူမ၏ နောက်တွင် အပြာရောင်ကြယ်များ အများအပြားရှိ​ေနပြီး အထူးမြူနှင်း၏စွမ်းအားက လေထုကို ဖြတ်သန်းလာသည်မှာ အံ့ဖွယ် အမိန့် ပေးပို့လာသကဲ့သို့ပင် ကောင်းကင်မှ နှင်းပွင့်များ ကျဆင်းလာပြီး ဇာမဏီငှက်၏ မီးတောက်များကို အပြည့်အဝ လွှမ်းခြုံသွားစေလေ၏။

သူမ၏ ညာဘက်လက်ထဲတွင် ရှေးဟောင် အင်ပါယာနှင့် ဆိုင်သော ကျောက်စိမ်း ချိတ်စည်းရှိနေပြီး အဝေးမှ ကြီးမားသော မီးတောက်များ၏ လှိုင်းများဆီသို့ လေထုကို ဆုပ်ကိုင်လိုက်၏။

ခွမ်း...

ကျယ်ပြန့်သော မီးတောက်များက အနုပညာဆန်သော ရေခဲရုပ်ထုများကဲ့သို့ လေထုထဲတွင် အေးခဲသွားပြီး အငွေ့ပျံကာ ပျောက်ကွယ်သွားလေတော့၏။

ထိုအချိန်၌ပင် တစ်ကောင်စီက အလျား ပေထောင်ပေါင်း အနည်းငယ်ရှိသော ရေခဲနဂါးကိုးကောင်က အက်ကွဲကြောင်းထဲမှ ပျံသန်းထွက်ပေါ်လာပြီး သူတို့အားလုံးဆီမှ ကြောက်မက်ဖွယ် အော်ရာများ ထုတ်လွှတ်နေပေ၏။

ရွှေရောင် ကြိုးတန်းကြီးတစ်ခုက သူတို့ကို ရေခဲ ပလ္လင်တစ်ခုနှင့် အတူတကွ ချည်နှောင်ကာ ထိုပလ္လင်ပေါ်တွင် အဖြူရောင် တောင်ဝှေးတစ်ခု ကိုင်ဆောင်ထားသော အမျိုးသမီးအလှလေးတစ်ဦးက ထိုင်နေပေ၏။ သူမက သူမအောက်တွင် စုစည်းနေကြသော လူပေါင်းသောင်းချီကို ထာဝရ ရေခဲမြစ်တစ်ခု ကဲ့သို့ ငုံ့ကြည့်လိုက်လေ၏။

လက်ထဲတွင် ရေခဲဓားများကိုင်ထားသော ငွေရောင်ဆံပင်နှင့် အမျိုးသမီး အမြောက်အများက သူမ၏ နောက်တွင် ပုံစံတစ်ခု ယူကာ ရပ်နေပြီး တစ်ယောက်ချင်းစီတိုင်းကလည်း သူတို့၏ ကိုယ်ပိုင် အစွမ်းထက် အော်ရာများ ထုတ်လွှတ်နေပေ၏။

မိုဟိုင်၏ မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားလေ၏။ "သေစမ်း...။ အဲ့တာတွေက နှင်းနတ်သမီးတွေလား။ သူတို့အားလုံးက မြင့်မြတ် ရေခဲကုန်းမြေတွေဆီကနေပြီး ငါတို့ရဲ့ မြင့်မြတ်မီးတောက်ကို ခိုးဖို့ အတွက် လာကြတာလား။ သူတို့အားလုံးက ဒီနေရာမှာ သေချင်နေကြတာလား။"

ယန်ယွမ်၏ အမူအရာမှာ အတော်လေး လေးနက်နေပေ၏။ "ကြီးမြတ် ဧကရီ၊ အရှင်နတ်သမီးနဲ့ ၃၆ယောက်သော နန်းတော်ခေါင်းဆောင်များအများစုက မြင့်မြတ်ရေခဲကုန်းမြေတွေဆီကနေပြီးတော့ ဒီနေရာမှာ စုစည်းဖို့ လာရောက်ခဲ့ကြတယ်...။ အဲ့တာက အရည်အချင်းမြင့်မာတဲ့ မီးစွမ်းအားတွေရဲ့ အဓိကကျတယ်။ ဒီမန္တန်က ငါတို့ဗာမီလီယမ်ငှက်ဂိုဏ်းအတွင်တော့ ဘေးဉပါဒ်ဖြစ်စေနိုင်တယ်..."

အန်လင်းက လေထုထဲမှ ရေခဲနတ်သမီးများကို စိုက်ကြည့်ကာ ပြောစရာ စကားမဲ့နေပေတော့သည်။

ထိုရေခဲနတ်သမီးများက အမှန်တကယ်ပင် ပိုပို၍ လောဘကြီးလာကြလေ၏။ သူတို့က မကြာသေးမီက ဝိညာဉ် တစ်သောင်း စိတ်ဝိညာဉ် အင်မော်တယ်ဂိုဏ်းမှ လူတစ်ဦးကို ဖမ်းသွားကြပြီး ယခုတွင်တော့ မြင့်မြတ် ဗာမီလီယမ်မီးတောက်ကို ခိုးယူရန်အတွက် ဒီနေရာကို ရောက်လာကြလေ၏။ သူတို့က ခဏလေးပင် ငြိမ်ငြိမ်မနေနိုင်ကြပေဘူးလား။

"မင်းတို့က ဒီကို ရောက်နေပြီ ဆိုမှတော့ ဘာလိုလ ဒီမှာပဲ အမြဲတမ်းမနေတာလဲ။ ကောင်းကင်ဘုံခုံရုံးရဲ့ အံ့ဖွယ် အပြစ်ဒဏ်က ကျရောက်လာတော့မှာ။ မင်တို့ လွတ်ဖို့ လမ်းရှိမှာ မဟုတ်ဘူး..." ခွန်အားကြီး အသံတစ်ခုက အဝေးမှ ထွက်ပေါ်ပေ၏။

ထို့နောက် ချက်ချင်းပင် အဆုံးမရှိ ရွှေရောင် မီးတောက်များက ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းစပြုလာပြီး အကျယ် ကီလိုမီတာများစွာ ရှိသော လက်တစ်စုံက ရေခဲနတ်သမီးများဆီသို့ ဖြေးညင်းစွာ ကျရောက်သွားပြီး လေထုထဲရှိ အထူးမြူနှင်းစွမ်းအားများကို ဖုံးလွှမ်းနိုင်သော အလွန်အမင်း ကြောက်မက်ဖွယ် မီးလှောင်ချိုင့်ကြီးတစ်ခုကို ဖန်တီးလိုက်၏။

"ကြီးမြတ် ကောင်းကင် ချိတ်စည်း လက်ဝါး...။ အဲ့တာက အကြီးအကဲ စစ်တုဖန်ပဲ။"

အတွင်းစည်းတပည့်များအားလုံးက လေထဲသို့ မော့ကာ ကောင်းကင်ရှိ ဧရာမလက်ဝါးကြီးကို ပျော်ရွှင်စွာ ကြည့်လိုက်လေ၏။

ရေခဲနတ်သမီးများ၏ စုပေါင်း ခွန်အားကြောင့် တုန်လှုပ်နေကြသော တပည့်များ အများစုက ပြန်လည်လန်းဆန်းလာပြီး တိုက်ပွဲ ဆန္ဒက သူတို့၏ နှလုံးသားထဲတွင် တောက်လောင်စပြုလာလေ၏။ အကြီးအကဲများ အားလုံးပင်လျှင် ထိုအကြီးအကဲကိုမြင်သောအခါ တစ်နည်းနည်းဖြင့် စိတ်သက်သာရာ ရသွားလေ၏။

အကြီးအကဲ စစ်တုဖန်မှာ ဗာမီလီယမ်ငှက်ဂိုဏ်းထဲတွင် လွန်ခဲ့သော နှစ်ပေါင်း သောင်းချီကတည်းက တာအို ပေါင်းစပ်ခြင်း အဆင့်အထိရောက်ရှိခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။

သူက ဂိုဏ်းချုပ်ထက်ပင် ပို၍ ဩဇာရှိကာ ဗာမီလီယမ်ငှက်ဂိုဏ်းအတွင်းတွင် စွမ်းအားအထက်ဆုံး ခွန်အားကြီး ပုဂ္ဂိုလ်ဖြစ်လေ၏။

သူက ဤနေရာတွင် ရှိနေပါက ဗာမီလီယမ်ငှက်ဂိုဏ်းက မည်မျှ အစွမ်းထက်သည်ဖြစ်စေ ရန်သူများကို မကြောက်ရွံ့ပါချေ။

ဧကရီဝတ်ရုံနှင့် အမျိုးသမီးက သူမ၏ အင်ပါယာနှင်ဆိုင်သော ကျောက်စိမ်း ချိတ်စည်းကို လေထုထဲသို့ ပစ်လိုက်ပြီး အေးစက်စက်အမူအရာဖြင့် ပြောလိုက်လေ၏။ "ကောငါးကင်ဘုံခုံရုံးရဲ့ အံ့ဖွယ် အပြစ်ဒဏ်က တကယ်ပဲ ငါတို့မကိုင်တွယ်နိုင်တဲ့ တစ်စုံတစ်ခုပါ။ ဒါပေမဲ့ ငါတို့က သူတို့ရောက်လာတာကို နှောက်နှေးအောင်လုပ်လို့ရတယ်။ ပြီးတော့ အဲ့အချိန်အတွင်းမှာ ငါတို့က အရာတွေ အများကြီး လုပ်လို့ရတယ်...။"

"အင်ပါယာ ချိတ်စည်း...။ အဏုမြူ နယ်မြေ ဆုံးရှုံးခြင်း။"

ဘုန်း...

​ေကာင်းကင်နှင့် မြေကြီးက ရုတ်တရက် မဲမှောင်လာပြီး ခွန်အားကြီး အားအင်တစ်ခုက အချင်းဝက် ကီလိုမီတာ၅၀ ရှိသော နေရာလပ်ကို လွှမခြုံးပစ်ကာ ချက်ချင်းပင် ထိုအရာအား ဤကမ္ဘာမှ ခွဲခြားပစ်လိုက်၏။

အန်လင်းက မူးဝေးလာသည်ကို ခံစားမိပြီး သတိပြန်ဝင်လာသောအခါ သူက ဦးတည်းချက်မရှိ ကြယ်ရောင်မရှိပဲ အပျက်အစီးများသာ ပြည့်နှက်နေသည့် မှောင်မှိက်သော မီးခိုးရောင် နေလပ်တစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

"ကြီးမြတ် ဧကရီ။ မင်းက ဘာလို့ မင်းရဲ့ အင်ပါယာ ချိ်တ်စည်းရဲ့ စွမ်းအားကို ကျယ်ပြန့်ဖို့ ကြိုးစားလိုက်ရတာလဲ။ မင်းက မြင့်မြတ်ရေခဲကုန်းမြေတွေ အားလုံးကို အန္တရာယ်တွင်းထဲ တွန်းပို့နေတာလား။" စစ်တုဖန်၏ အသံက ဒေါသဖြင့် တင်းမာနေကာ အရာများက ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်မှာ ရှင်းလင်းလှပေ၏။

"မြင့်မြတ်ရေခဲ ကုန်းမြေတွေက ပျက်စီးခြင်း အစွန်ကို ရောက်နေပြီ။ ငါက မြင့်မြတ် ရေခဲ ကုန်းမြေတွေကို ​ဆိုးဝါးလှတဲ့ ကံတရားကနေ ကယ်တင်ဖို့အတွက် အင်ပါယာ ချိတ်စည်းရဲ့ စွမ်းအင်ကို ပျော်ပျော်ကြီး ကျယ်ပြန့်ပစ်လိုက်မှာ။" ကြီးမြတ် ဧကရီ၏ နောက်ရှိ အပြာရောင် ကြယ်များက ပိုမိုကျယ်ပြန့်လာကာ အထူးမြူနှင်း၏ စွမ်းအားက ထပ်မံ ပေါက်ကွဲလာပြန်ကာ အဆုံးမရှိသော မြူနှင်းနှင့် ရေခဲများကို ယူဆောင်လာကာ သူမပတ်ဝနကျင်ရှိ လေကို ချိတ်ပိတ်ပစ်လိုက်၏။

အနီရောင် ဝတ်ရုံဝတ်ကာ တစ်ခေါင်းလုံး ဆံပင်ဖြူနေသော်လည်း ငယ်ရွယ်သော သွင်ပြင်များနှင့် အမျိုးသားတစ်ဦးက လေထဲတွင်ပေါ်လာပြီး သူက လက်ကို  လေထုတွင် မြောနေသော ရှေးဟောင်း အင်ပါယာ ကျောက်စိမ်း ချိတ်စည်းဆီသို့ ဆန့်တန်းလိုက်၏။

ရွှေရောင် မီးတောက်များက သူ့လက်မှ ထွက်လာကာ ဤမှောင်မိုက်ပြီး မီးခိုရောင် နေရာလပ်ထဲတွင် နေမင်းပေါ်ထွက်လာသကဲ့သို့ ထင်ရအောင် ပြုလုပ်နေပြီး အင်ပါယာချိတ်စည်းဆီတို့ တိုက်ရိုက် ဖျက်ဆီးပစ်လိုက်၏။

သို့သော်လည်း မမြင်နိုင်သော အားအင်တစ်ခုက အချိန်နှင့် နေရာကို ချိတ်ပိတ်နိုင်လောက်သည်အထိ အစွမ်းထက်နေပြီး ရုတ်တရက် အင်ပါယာ ချိတ်စည်း ပတ်လည်တွင် ပေါ်လာပြီး အမျိုးသား၏ လက်ကို ဆက်လက် ဆန့်ထုတ်နိုင်ခြင်းမှ တားဆီးနေပေ၏။

ဘုန်း...

မီးတောင် လက်ဝါးကြီးက အင်ပါယာ ချိ်တ္စည်း၏ စွမ်းအားနှင့် တိုက်မိသွားပြီး ဖျက်ဆီးစေတတ်သော ရွှေရောင် ပေါက်ကွဲမှု လှိုင်းကလေးများက ဦးတည်ချက်အားလုံးဆီသို့ ထိုးထွက်လာကာ အချင်းဝက် ၅ကီလိုမီတာအတွင်းရှိ လေထုထဲတွင် အထူးမြူနှင်း၏ စွမ်းအားကို အရည်ပျော်သွားစေ၏။

ထိုအချိန်၌ အဖြူရောင် အလင်းတန်း ဖျော့ဖျော့က ရုတ်တရက် အံ့ဖွယ် သစ်ပင်မှ ထွက်လာပြီး တပည့်များအားလုံးကို ရွှေရောင် ပေါက်ကွဲမှု၏ စွမ်းအားမှဟကာကွယ်ပေးနေလေ၏။

"သွား..."

ကြီးမြတ် ဧကရီက အမိန့်ပေးလိုက်ပြီး လေထုထဲသို့ နင်းလျှောက်ကာ စစ်တုဖန်ဆီသို့ လျှောက်သွားလိုက်လေ၏။

လေထုထဲရှိ ရေခဲနဂါး ကိုးကောင်က ဇာမဏီငှက် ဖွဲ့စည်းခြင်း စိတ်ဝိညာဉ် ဆီသို့ ဦးတည်လာပြီး ကမ္ဘာမြေ အက်ကွဲစေနိုင်လောက်သည့် တိုက်ပွဲကို စတင်လိုက်လေ၏။

ကြီးမြတ်ဧကရီက လေထုကို ဖြတ်ကာ မြင့်မြတ် ဗာမီလီယမ်မီးတောက် ဆီသို့ သူမ၏ တောင်ဝှေးကို လက်ထဲတွင် ကိုင်ကာ ဖြေးညင်းစွာ လျှောက်လာလေ၏။

"နင်တို့ရဲ့ ဂိုဏ်းချုပ် ကျူစုဇွယ်က လောလောဆယ် နတ်ဆိုးမီးတောက်နယ်မြေက ပြန်မလာနိုင်သေးဘူး။ ပြီးတော့ မင်းတို့ထဲက တစ်ယောက်ကမှ ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။"

"ငါတို့ရဲ့ မြင့်မြတ် နယ်မြေက စစ်ပွဲကို အလိုမရှိဘူး။ ငါတို့က မြင့်မြတ်မီးတောက်ကို ဆယ်နှစ်လောက်ပဲ ငှားချင်တာ။ အဲ့တာပြီးရင် မီးတောက်ကို အကောင်းဆုံး အခြေအနေနဲ့ ပြန်ပေးမယ်။ ငါတို့က ငါတို့ရဲ့ မြင့်မြတ်နယ်မြေရဲ့ အနက်ရောင် အင်ပါယာ ရိုးတွင်းခြင်းဆီကိုလဲ လျော်ကြေးအနေနဲ့ ပြန်ပေးမှာပါ။ မင်း စိတ်ဝင်စားလား အကြီးအကဲ။" မန်ဇီက ချန်ရှင်းရန်ဆီသို့ အမူအရာမဲ့ မျက်လုံးများဖြင့် လှည့်ကြည့်လိုက်၏။

ထိုသည်ကို ကြားသောအခါ အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားလေ၏။

နောက်ဆုံးတစ်ခေါက်က သူတို့က ဝိညာဉ် တစ်သောင် အင်မော်တယ်ဂိုဏ်းကို ကျူးကျော် ဝင်ရောက်ကာ ဂိုဏ်းချုပ်က သူတို့၏ ကြီးမြတ်ဧကရီနှင့် တိုက်ပွဲဝင်နေရပြီး ဂိုဏ်း၏ အကြီးအကဲများက နေရာယူထားရသောအချိန်တွင် ခိုးဝင်ကာ အကြီးအကျယ် ပျက်စီးသွားစေ၏။

ယခုတွင်လည်း သူတို့က ဗာမီလီယမ်ငှက်ဂိုဏ်း၏ ဂိုဏ်းချုပ်က တခြားနယ်မြေတွင် ပိတ်မိနေသည်ကို အခွင့်ကောင်းယူကာ မြင့်မြတ်မီးတောက်အတွက် ဂိုဏ်းကို ကျူးကျော်လာပေ၏...။

ဤရေခဲနတ်သမီးမျက ဂိုဏ်းများကို ကျူးကျော်ရသည်ကို စွဲလမ်းနေသည်လား။

"ငလူး။ ဒီခွေးမကတော့။ သူက ငါတို့ဂိုဏ်းကို ကျူးကျော်လာတာ။ သူမနဲ့ ဘာမှ ညှိနှိုင်းစရာ မလိုဘူး။"

အကြီးအကဲ ချန်ရှင်းရန် စကားပြောခွင့် မရသေးခင်မှာပင် အကြအကဲ ကျူက ခက်ထန်သောအမူအရာဖြင့် ချက်ချင်း ပြန်ဖြေလိုက်၏။

မန်ဇီက အကြီးအကဲ ကျူကို လျစ်လျူရှုကာ ချန်ရှင်းရန်၏ အဖြေကို ဆက်လက် စောင့်နေပေ၏။

ဗာမီလီယမ်ငှက်ဂိုဏ်၏ အကြီးအကဲက သူတို့၏ ကြီးမြတ်ဧကရီနှင့် တိုက်ပွဲဖြစ်နေ၍ သူတို့က ကျန်ရစ်သော အကြအကဲများထက် ခွန်အားသာနေပေ၏။ သို့သော်လည်း တိုက်ပထြင် သံတမန်ရေရာအရ အဆုံး သတ်ခြင်းက သူမအတွက် အကျိုးအရှိဆုံးဖြစ်လေ၏။ မည်သို့ဆိုဆို ဤကဲ့သို့ ခွန်အားကြီး ဂိုဏ်းတစ်ခုနှင့် ရန်ဘက်ဖြး်ရသည်က ဉာဏ်ရှိသော ရွေးချယ်မှုမဟုတ်ပါပေ။

ချန်ရှင်းရန်က အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။ "အနက်ရောင် အင်ပါယာ ရိုးတွင်း ခြင်ဆီက အရမ်းကို အဖိုးတန်ပါတယ်။ သူ့ရဲ့တန်ဖိုးက အံ့ဖွယ် ကိရိယာတစ်ခုနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ ဒါပေမဲ့ မြင့်မြတ်ဗာမီလီယမ် မီးတောက်က ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်ပဲ။ ငါတို့က အဲ့တာကို ၁၀နှစ်မပြောနဲ့ ခဏလေးတောင်မှ ငါတို့ဆီကနေ ယူသွားခွင့် ပြုမှာ မဟုတ်ဘူး။ ငါတို့ရဲ့ ဘဟ်တပည့်ကမှ တိုက်ပွဲကို မကြောက်ဘူး။"

"ငါတို့က မြင့်မြတ်မီးတောက်ကို ငါတို့ရဲ့ အသက်နဲ့ကို ကာကွယ်ပေးမှာ။"

"သိက္ခကျသွားမဲ့ အစား အသေခံလိုက်မယ်။"

တပည့်သောင်းချီက သူတို့၏ မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒများ တောက်လောင်နေလျှက် အော်ဟစ်လိုက်၏။ သူတို့၏ စုစည်း ငိုကြွေးသံကပင် ဂိုဏ်းတစ်ခုလုံးတွင် ပဲ့တင်ထက်နေပေတော့သည်။

သူတို့အားလုံးက ခန္ဓာကိုယ်ထဲတွင် မီးတောက် ဘောလုံးများ ရှိနေသကဲ့သို့ပင်။ သူတို့က မြင့်မြတ်မီးတောက်က လူတိုင်းကို အရှုံးမပေးနို်င်ပေဟူသော ခိုင်မာသည့် ခံယူချက်ရှိကြသည်မို့ မည်သူကမှ ဂိုဏ်းကို အထင်းသေး စော်ကားခြင်း ပြုမည်မဟုတ်ပါ။

သူတို့၏ မာနက ရန်သူမှာ သူတို့ထက် အများကြီး ပို၍ အစွမ်းထက်နေသည့်တိုင်ကို ကြံ့ကြံ့ခံနိုင်ရန် တွန်းအားပေးနေလေ၏။

သူတို့၏ အားစိုက်ထုတ်မှုမျက အလဟသ ဖြစ်သွားရန် ကံပါလာခဲ့ပင်လျှင်တောင်မှ သူတို့က သရဲဘောကြောင်စွာ ရှန်သန်ရခြင်းထက် အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်ပါ၏။

-----------

All Chapters