← Chapters

မြင့်မြတ်မီးတောက်ကို ကာကွယ်ရန်စစ်ပွဲ

Vol. 31 Ch. 437

မြင့်မြတ်မီးတောက်ကို ကာကွယ်ရန်စစ်ပွဲ

Vol. 31 Ch. 437

ဗာမီလီယမ်ငှက်ဂိုဏ်း၏ အဖွဲ့ဝင်တိုင်းက သူတို့၏ ရည်ရည်ချက်များအဖြစ် သိနိုင်သော စစ်ပွဲ ငိုကြွေးခြင်းများ၊ စုပေါင်း တိုက်ပွဲ ဆန္ဒများကို မန္တန်ဖွဲ့စည်းခြင်းဆီသို့ ထည့်သွင်းမည့် ဆန်းကြယ်လှသော စွမ်းအင် ရင်းမြစ်တစ်ခုအဖြစ် ပြောင်းလဲ ပစ်လိုက်၍ သူတို့၏ ပတ်ဝန်းကျင်ရှိ လေထုက ချက်ချင်းပင် မြင့်တက်သွားလေ၏။

အရှင် နတ်သမီး မန်ဇီက မျက်နှာသေတစ်ခု ဆင်မြန်းလိုက်ကာ ရေခဲတစ်မျှ အေးစက်သော မျက်နှာစာက သူမ၏ မျက်နှာထက်တွင် အနည်ထိုင်နေပေ၏။

"စလိုက်တော့..."

မြူနှင်းနတ်သမီး ရာချီက သူမ၏ အမိန့်အတိုင်း မြင့်မြတ် ဗာမီလီယမ်မီးတောက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြ၏။

"တိုက်ကြ..." အကြီးအကဲ ချန်ရှင်းရန်က အော်ဟစ်ကာ အကြီးအကဲများအားလုံးက သူတို့၏ ကျယ်ပြန့်လှသော အော်ရာများကို မထိန်မချန် ထုတ်လွှတ်လိုက်ပြီး မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို ဝိုင်းရံလိုက်ကာ ရေခဲနတ်သမီးများနှင့် ရင်ဆိုင်ရန် အသင့်ရှိနေလေ၏။

ဂိုဏ်းတပည့် သောင်းချီအတွင်း၌ ၂၀၀၀ကျော်မှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် တပည့်များ ဖြစ်ပြီး မြင့်မြတ်မီးတောက်ဆီသို့ ပြေးဝင်သွားကြလေ၏။

ကျန်ရှိနေသော မပျံနိုင်ကြသူများက သူတို့၏ စွမ်းအားကို ထုတ်လွှတ်ကာ မန္တန်ဖွဲ့စည်းခြင်းကို ခိုင်မာစေပြီး ဗာမီလီယမ်ငှက်ဂိုဏ်းကို အထူးမြူနှင်း၏ ကျူးကျော်လာသော စွမ်းအားကို တားဆီးရန်အတွက် မီးတောက်ပင်လယ်ကြီးအဖြစ်သို့ ပြောင်းလိုက်ပေ၏။

မြင့်မြတ်ဗာမီလီယမ်မီးတောက်က ယခုဖြစ်ပွားနေသည့် အန္တရာယ်များသော အခြေအနေကို အာရုံခံမိဟန်ရပြီး မြင့်မြတ်ဓားဖြူတစ်ချောင်းအဖြစ်သို့ ပြောင်းသွားကာ အဝေးမှ ရေခဲ နတ်သမီး ရာချီဆီသို့ ခုတ်ပိုင်းလိုက်၏။

သန့်ရှင်းဖြူစင်လွန်းသော ဓားအလင်းတန်း တစ်ခုက ၄င်းပတ်ဝန်းကျင်ရှိ မှောင်မိုက်သော မီးခိုရောင် နေရာလပ်အား သန့်စင်သော ယန်စွမ်းအင်ဖြင့် ဖြတ်ပိုင်းလိုက်ပြီး အရာရာကို စုတ်ဖြဲပစ်ကာ အရည်ပျော်သွားစေတော့၏။

ရေခဲနတ်သမီးများ အားလုံးက သူတို့ဆီသို့ ဦးတည်လာသော ဓားအလင်းတန်းကြောင့် အတော်လေး နိုးနိုးကြားကြားဖြစ်သွားကာ ထိုဓားအလင်းတန်းထဲတွင် ပြည့်နှက်နေသော စွမ်းအင်မှာ ပျက်ပြယ်ခြင်းအဆင့်ကို ကျော်လွန်နေကာ တာအို ပေါင်းစပ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုတစ်ခုနှင့် နှိုင်းယှဉ် နိုင်ပေ၏။

မန်ဇီက ရုတ်တရက် မြူနှင်းနတ်သမီးတပ်ကြီး၏ ရှေ့တွင် ပေါ်လာပြီး သူမ၏ တောင်ဝှေးကို နီးကပ်လာသော ဓားအလင်းတန်းဆီသို့ ညွှန်ပြလိုက်ရာ လူတစ်ယောက်၏ လက်အရွယ်အစားခန့်ရှိသည့် သက်တန့်သေတ္တာတစ်ခုက သူမ၏ နောက်တွင်ပေါ်လာပြီး အရောင်၇ခုပါရှိသည့် သက်တန့်အလင်းကို ထုတ်လွှတ်လိုက်၏။

အလင်းတန်း ၇ခုတွင် တစ်ခုစီက စွမ်းအင်အမျိုးအစား အမျိုးမျိုးပါဝင်နေသော်လည်း ၇ခုလုံးသည်တော့ အထူး တာအို စွမ်းအင်ပါဝင်နေပေ၏။ အလင်းတန်း၇ခုက အဖြူရောင် ဓားအလင်းတန်းကြီဆီသို့ ပေါင်းစုံလာပြီး ရေမြှုပ်တစ်ခုကဲ့သို့ အဖြူ​ေရာင် ဓားအလင်းတန်းကို အပြည့်အဝ စုပ်ယူပစ်လိုက်၏။ အလင်းတန်း ၇ခုက ဓားအလင်းတန်းကို စုပ်ယူပြီးနောက် ပို၍ပင် အစွမ်းထက်လာပြီး မတူညီသော အင်မော်တယ် စိတ်ဝိညာဉ် ၇ခုအဖြစ် ​ပြောင်းလဲသွားကာ မြင့်မြတ်ဗာမီလီယမ်မီးတောက်ဆီသို့ တစ်ပြိုင်တည်း တိုးဝင်သွားကြ၏။

"သူတို့က ရေခဲမျိုးနွယ်စုခေါင်းဆောင် ချန်ရစ်ထားခဲ့တဲ့ ရတနာ အံဖွယ်တာအို သေတ္တာကိုတောင် ယူလာကြတာပဲ။ အင်ပါယာ ချိတ်စည်းနဲ့ အံ့ဖွယ်တာအို သေတ္တာ၊ အဲ့ဒီ့ မြင့်မြတ် ကုန်းမြေ ရတနာတွေက တစ်ချိန်တည်းမှာ ပေါ်လာတယ်..." အကြီးအကဲကျိ၏ မျက်နှာပေါ်တွင် အံ့ဩတကြီး အမူအရာတစ်ခုပေါ်လာပြီး သူ့နှလုံးသားတွင် အကြောက်တရားများ ပေါ်ပေါက်စပြုလာလေ၏။

ချန်ရှင်းရန်က တိတ်ဆိတ်နေကာ အလျား ပေတစ်သောင်းကျော်ရှိသော မီးတောက် နဂါးတစ်ကောင်ကို ဖန်တီးလိုက်ပြီး မြင့်မြတ်မီးတောက်၏ ရှေ့တွင် ရပ်နေလေ၏။

သူက အကြီးအကဲများအားလုံး၏ ရှေ့တွင်ရှိနေပြီး သူ့မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်မှုဖြင့် လာရောက်နေသော ရေခဲနတ်သမီးများကို ကြည့်လိုက်လေ၏။

ကြီးမားလှသော မီးတောက် နဂါးကြီးက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ကြောက်ခမန်းလိလိ မီးတောက်များကို ထုတ်လိုက်ပြီး ရေခဲနတ်သမီးများကို ကောင်းကင်တစ်ခုလုံးကို ထွန်းလင်းသွားစေသည့် စွမ်းအားဖြင့် တိုက်ခိုက်လိုက်လေ၏။

ကျန်ရစ်သော အကြီးအကဲများ အားလုံးကလည်း ရေခဲနတ်သမီးများဆီသို့ ကြမ်းတမ်းသော  တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ပြီး သူတို့၏ မန္တန်နည်းစနစ်များက မီးတောက် ပင်လယ်တစ်ခု ဖြစ်ပေါ်လာရန် ပေါင်းဆုံသွားပြီး ကီလိုမီတာပေါင်းများစွာ ကျယ်ပြန့်လာကာ ရေခဲနတ်သမီးများအပေါ်သို့ ကျဆင်းလာပေတော့သည်။

မြူနှင်းနတ်သမီးတပ်ကြီးတွင် မြင့်မြတ်နန်းတော်ခေါင်းဆောင်များ ၁၆ယောက်ရှိပြီး သူတို့အားလုံးမှာ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များဖြစ်လေ၏။ သူတို့က သူတို့၏ အစွမ်းထက် မန္တန်နည်းစနစ်များကို ထုတ်လွှတ်ရန် အတူတကွ ရပ်နေပြီး သူတို့အပေါ်သို့ ဆင်းလာသော ကြောက်ခမန်းလိလိ မီးတောက် ပင်လယ်ကြီးကို ကြောက်ရွံ့ဟန် လုံးဝ မပြပါပေ။

နေရာလပ်တစ်ခုလုံးက တစ်ဖက်တွင်  ကြောက်မက်ဖွယ် မီးတောက်များလောင်ကျွမ်းနေပြီး တစ်ခြားတစ်ဘက်က အဆုံးမရှိ မြူနှင်းနှင့် ရေခဲများ အုပ်စိုးထားပြီး မီးနှင့် ရေခဲများ၏ လောကကြီး အဖြစ်သို့ ပြောင်းလဲသွားလေ၏။

သို့သော်လည်း အင်မော်တယ် စိတ်ဝိညာဉ် ၇ခုမှာတော့ မီးတောက်ပင်လယ်ကြီးကို လုံးဝပင် လျစ်လျူရှုကာ မြင့်မြတ်ဗာမီလီယမ်မီးတောက်ဆီသို့ ဆက်လက်ဦးတည်လာနေ၏။

ထိုအင်မော်တယ် စိတ်ဝိညာဉ်များက အံ့ဖွယ် တာအိုသေတ္တာစွမ်းအား၏ သရုပ်သကန်ဖြစ်သော တာအိုနယ်ပယ်နှင့် ပြည့်နှက်နေလေ၏။ သူတို့က မန္တန်နည်းလမ်း တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိနေကာ တာအို ပေါင်းစပ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များသာလျှင် သူတို့အာစ တိုက်ခိုက်နိုင်ပေ၏။ အင်မော်တယ် စိတ်ဝိညာဉ်များအားလုံးကလည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ချိတ်ပိတ် စွမ်းအင်များ ပိုင်ဆိုင်လေ၏။ မန်ဇီ၏ ထိန်းချုပ်မှုအောက်တွင် အင်မော်တယ် စိတ်ဝိညာဉ်  ၇ခုက အနည်းငယ် ခွန်အားပိုနည်းနေသော တာအိုပေါင်းစပ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို ချိတ်ပိတ်နိုင်စွမ်းရှိလေ၏။

ချန်ရှင်းရန်က လက်ဦးမှုယူကာ အံ့ဖွယ် တာအို သေတ္တာကို ထိန်းချုပ်နေသော မန်ဇီကို တိုက်ခိုက်လိုက်သော်လည်း သူ့၏ အားထုတ်မှုများမှာ သူ့ကို တားဆီးရန်အတွက် ဝန်းရံထားသော မြင့်မြတ်နန်းတော် ခေါင်းဆောင် ၃ယောက်၏ နှောက်ယှက်ခြင်းကို ခံလိုက်ရ၏။

တခြားသော ပျက်ပြယ်​ခြင်းအဆင့် အကြီးအကဲ ၉ဦးကလည်း တခြား မြင့်မြတ်နန်းတော် ခေါင်းဆောင် ၁၃ယောက်နှင့် တိုက်ခိုက်နေပြီး သူတို့အား ရန်သူကာကွယ်ရေးစည်းမှ ထိုးဖောက်လာနိုင်ရန် တားဆီးထားပေ၏။

ကျန်ရစ်သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အကြီးအကဲများနှင့် အတွင်းစည်း တပည့်များကမူ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မြူနှင်းနတ်သမီးရာချီနှင့် တိုက်ခိုက်နေပြီး ကောင်းကင်ကြီးအား ​ရေခဲနှင့် မီး၏ နယ်မြေအဖြစ်သို့ ပြောင်းလဲပစ်လေ၏။

အရေအတွက် နှစ်ထောင်​ကျော်သော စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများအားလုံးက ၁၀ယောက်တစ်ဖွဲ့ခွဲကာ အဖွဲ့တစ်ခုစီက မြူနှင်းနတ်သမီးတစ်ယောက်ကို တာဝန်ယူနေလေ၏။

သို့သော် မည်သူကမှ တာအိုနယ်မြေ အင်မော်တယ် စိတ်ဝိညာဉ်များကို မထိရဲပါပေ။

တာအိုနယ်မြေ အင်မော်တယ် စိတ်ဝိညာဉ်များအပေါ်ကျရောက်လာသော မည်သည့် တိုက်ခိုက်မှုသည်မဆို ချက်ချင်းပင် ထူးဆန်းသော အင်အားတစ်ခု၏ ဗာလာအဖြစ်သို့ လျော့ချခြင်း ခံရလေ၏။

အန်လင်းက သူ့၏ လေတောင်ပံများကို ဖြန့်လိုက်ပြီး သူ့၏ ဝါယောဓားဖြင့် မြူနှင်း နတ်သမီးတစ်ဦးကို သုတ်သင်လိုက်ကာ မြင့်မြတ်ဗာမီလီယမ်မီးတောက်ဆီသို့ လှည့်ကြည့်လိုက်ပေ၏။

မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ ပတ်ဝန်းကျင်ရှိ ဧရိယာမှာ ပျက်ပြယ်​ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များအားလုံးအတွက် စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းသွားပြီးဖြစ်၏။ အကြီးအကဲ ကျူနှင့် အကြီးအကဲ ကျိတို့အားလုံးက ရောနေသော်လည်း သူတို့ကပင် အင်မော်တယ် စိတ်ဝိညာဉ်များကို မတားဆီးနိုင်ပါပေ။

စုရှောင်လန်သည်လည်း အနီးအနားရှိ ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် မြူနှင်း နတ်သမီးတစ်ဦးနှင့် တိုက်ခိုက်နေလေ၏။

သူမ၏ ပိုင်နက်နယ်မြေမှာ အလွန်အမင်း ခမ်းနားလှပြီး သူမ၏ပတ်လည်ရှိ အချင်းဝက် ​ပေ၁၀၀ကျော်က သေစေနိုင်သော လျှပ်စီးနှင့်မီးနယ်ပယ်အဖြစ်သို့ ပြောင်းသွားပြီး လျှပ်စီးနဂါးက ပိုင်နက်နယ်မြေ၏ ပတ်လည်တွင် လှည့်ပတ်နေပြီး ရွှေရောင် ဇာမဏီငှက်များက နယ်မြေအတွင်းတွင် တောင်ပံများ ဖြန့်ထားလျှက်ရှိ၏။ သူမ၏ တိုက်ခိုင်မှုများထဲတွင် နဂါးနှင့် ဇာမဏီငှက်များ၏ စုပေါင်းစွမ်းအားက ကြီးမားသော ကွဲပြားခြင်းများနှင့် ပြည့်နှက်နေပြီး သူမ၏ တိုက်ခိုက်မှုများက ကြောက်မက်ဖွယ် ခွန်အားများ ပိုင်ဆိုင်ထားလေ၏။

သူမ၏ ပြိုင်ဘက်မှာ ဝိညာဉ် ဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် မြူနှင်း နတ်မိမယ်တစ်ဦး ဖြစ်သော်လည်း စုရှောင်လန်က အသားစီးရနေဆဲ ဖြစ်၏။

သို့သော်လည်း သူမက မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို စိုးရိမ်တကြီး အကြည့်များ ပို့လွှတ်နေဆဲဖြစ်၏။

မီးတောက်ကျားတစ်ကောင်က ရုတ်တရက် မြင့်မြတ်ဗာမီလီယမ်မီးတောက်၏ ဘေးတွင် ပေါ်လာပြီး မီးတောက် တိုင်များက ထိုးထွက်လာပြီး မြင့်မြတ်ဗာဗီလီယမ်မီးတောက်ကို ပေတစ်ရာအချင်းဝက်ရှိ စွမ်းအင်များအားလုံးမှ ခွဲခြားလိုက်ပေ၏။

"မီး ဝိညာဉ်၊ နေရာယူ..."

ကြောက်တုံးမှ ဖြစ်ပေါ်လာသော လိပ်တစ်ကောင်က ကျား၏ ဘေးသို့ ပျံသန်းသွားပြီး ကြီးမားသော တောင်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားတော့၏။

"မြေ ဝိညာဉ်၊ နေရာယူ..."

အပြာ​ရောင် ရေနဂါးတစ်​ကောင်က မြင့်မြတ် မီးတောက်ဆီသို့ ပျံသန်းသွားပြီး ကျား၏ ဘေးတွင် ရေတံတိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြင့်မြတ်မီးတောက်ကို ပေတစ်ရာ ပတ်ဝန်းကျင်မှ စွမ်းအင်များ အားလုံးမှ ကာကွယ်ပေးထား၏။

"ရေ ဝိညာဉ်၊ နေရာယူ..."

မီးနှင့် ရေ တွဲဖက်စွမ်းအားမှာ အလွန်အမင်း အစွမ်းထက်သော ချိတ်စည်းအားအင်ရှိပေ၏။

ထိုအင်မော်တယ် စိတ်ဝိညာဉ်များနှင့် ရင်ဆိုင်ရသောအခါ မြင့်မြတ်ဗာမီလီယမ်မီးတောက်က သိသိသာသာ အရောင် မှိန်လာသည်ကို လူတိုင်းက ခံစားမိပေ၏။

မခံမရပ်နိုင်သော ဒေါသဖြစ်ဟန်များက တပည့်များအားလုံး၏ မျက်နှာထက်တွင် ပေါ်လာပြီး အင်မော်တယ်စိတ်ဝိညာဉ်များ၏ ချိတ်ပိတ်စွမ်းအားကို ဆန်ကျင်နိုင်မည့် မျှော်လင့်ချက်ဖြင့်  သူတို့ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များကို ထုတ်လွှတ်ကာ စုပေါင်းအော်သံများ ဟစ်ကြွေးလိုက်ကြ၏။

လေထုထဲတွင် ဖြစ်ပွားနေသော တိုက်ပွဲက ပိုပို၍ ပြင်းထန်လာပြီး ရေခဲနတ်မိမယ်များ တစ်ယောက်ပြီး တစ်ယောက်က ဗာမီလီယမ်ငှက်ဂိုဏ်းမှ ကျင့်ကြံသူများ၏ မီးတောက်များဆီသို့ သက်ဆင်းသွားလေ၏။ သို့သော် သူတို့၏ အသက်စွမ်းအင်များကြောင့် လုံးဝ အေးခဲသွားသော ဂိုဏ်းတပည့်များလဲ များလှပေ၏။

အဖြူရောင် ဓားရှည်တစ်ချောင်းက ရေနဂါး၏ ဘေးတွင် ချိတ်ဆွဲနေပြီး အစွမ်းထက် ဓားဆန္ဒက ကောင်းကင်ဆီသို့ မြင့်တက်လာပြီး ကောင်းကင်ကို ခုတ်ပိုင်းတော့မလိုပင် ခြိမ်းခြောက်နေပေ၏။

"သတ္တု ဝိညာဉ်၊ နေရာယူ..."

အစိမ်းရောင် သစ်ပင်ဝိညာဉ်က ထင်ရှားသော အစိမ်းရောင် အလင်း၏ အလယ်တွင် ဆင်းသက်လာပြီး တောင်ကြီး၏ ဘေးတွင် တည်ရှိနေကာ အစိမ်းရောင်အလင်းတိုင်ကြီးတစ်ခု ထုတ်လွတ်နေလေ၏။ ကြွယ်ဝသော အသက်စွမ်းအားများက အစိမ်ရောင်အလင်းတိုင်ကြီးမှ ထုတ်လွတ်နေပြီး အချင်းဝက် ငါးကီလိုမီတာအထိ လွှမ်းခြုံထားကာ မြူနှင်းနတ်မိမယ်များ၏ ဒဏ်္ရာများနှင့် မလိုလားအပ်သော်လည်း ဗာမီလီယမ်ငှက်ဂိုဏ်းတပည့်များကိုပါ ဒဏ်ရာများကို ကုသပေးလေ၏။

"သစ်တော ဝိညာဉ်၊ နေရာယူ..."

ဒြပ်စင်ကြီး ငါးခုက နေရာယူပြီးသောအခါ အလွန်အမင်း ကြီးမားသော မန္တန်ဖွဲ့စည်းခြင်းတစ်ခုက မြင့်မြတ်မီးတောက်၏ အောက်တွင် ထွက်ပေါ်စပြုလာလေ၏။ ကြောက်မက်ဖွယ် ချိတ်ပိတ်နိုင်စွမ်းအားက မန္တန်ဖွဲ့စည်းခြင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး အကြားမှ မီးတောက်များအားလုံးကို ပျောက်ကွယ်သွားစေကာ မြင့်မြတ်ဗာမီလီယမ်မီးတောက်မှာ သိသိသာသာပင် အကျိုးသက်ရောက်စေကာ မူလတောက်ပမှု၏ တဝက်ထက်ပင်လျော့နည်းသွားစေအောင် မှေးမှိန်သွားလေ၏။

အနက်ရောင် အဝိုင်းတစ်ခုက မြင့်မြတ်မီးတောက်၏ အထက်တွင် တိုက်ရိုက်ထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် ကျယ်ပြန့်လှသော မင်ကဲ့သို့နက်မှောင်နေသည့် အမှောင်ထုကို ဖော်ပြလိုက်ပြီး ဤလောကကြီးထဲရှိ အရာအားလုံးကို ဝါးမျိုးပစ်နိုင်ဟန် ပေါက်နေလေ၏။

အနက်ရောင် အဝိုင်းကို မြင်သောအခါ ချန်ရှင်းရန်၏ နှလုံးသားက နစ်မြုပ်သွားလေ၏။ ထိုသည်က ရှေးဟောင်း ဓမ္မအသုံးအဆောင်ဖြစ်သော မီးတောင်စုစည်း အဝိုင်းဖြစ်လေ၏။ သိရသည်မှာတော့ ထိုသည်က အံ့ဖွယ်မီးတောက်များအားလုံးကို သိုလှောင်နိုင်ပြီး အစွမ်းထက် မြင့်မြတ်မီးတောက်များကို ချိတ်ပိတ်နိုင်သော ပျောက်ဆုံးနေသည့် ရှေးဟောင်း ဓမ္မအသုံးအဆောင်ဖြစ်သည်ဟုပင်။

ထိုသည်က ဗာမီလီယမ်ငှက်ဂိုဏ်းအချိန်အတော်ကြာသည်အထိ လိုက်ရှာနေသော တစ်စုံတစ်ခုဖြစ်၏။ ထိုသည်က မြူနှင်းနတ်သမီးများထံတွင်  တစ်ချိန်လုံး ရှိနေမည်ဟု မည်သူက တွေးမိပါမည်နည်း...။

အံ့ဖွယ်တာအို သေတ္တာနှင့် မီးတောက် စုစည်း အဝိုင်းတို့၏ စုပေါင်းစွမ်းအားဖြင့် ဆိုပါက မြူနှင်းနတ်သမီးများက မြင်မြတ်မီးတောက်ကို ချိတ်ပိတ်ကာ မြင့်မြတ်ရေခဲကုန်းမြေများဆီသို့ ပြန်သယ်သွားနိုင်သည့် ရင်းမြစ်များ အမှန်တကယ်ပင် ရှိနေပါ၏...။

စိတ်ဆုံးဖြတ်ထားမှု၏ ခက်ထန်သော အမူအရာတစ်ခုက ချန်ရှင်းရန်၏ မျက်နှာထက်တွင် ပေါ်လာပြီး အနီရောင် ပုတီးစေ့တစ်လုံးအား သူ့လက်ထဲတွင် ချေမွလိုက်လေ၏။ သူ့ခန္ဓာကိုယ်မှ ကြက်သွေးရောင်မီးတောက်များ ချက်ချင်းပင် ထိုးထွက်လာပြီး သူ့၏ အော်ရာက သိသိသာသာနှုန်းဖြင့် ထိုးတက်သွားပြီး မန်ဇီဆီသို့ မရပ်တန့်နိုင်သောအားဖြင့် တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။

မြင့်မြတ်နန်းတော်ခေါင်းဆောင် သုံးဦးက လောင်ကျွမ်းနေသော ကြက်သွေးရောင် မီးတောက်များကြောင့် နောက်ဆုပ်လိုက်ရပြီး သူတို့၏ မျက်နှာထက်တွင် အံ့ဩဟန်များ ပေါ်လာကြလေ၏။

မြင့်မြတ်နန်းတော်ခေါင်းဆောင်များထဲမှ တစ်ယောက်က ကြက်သွေးရောင် မီးတောက်ကြောင့် လက်မောင်းတစ်ဖက်ပင် ပြာကျသွားသော်လည်း ကြက်သွေးရောင် မီးတောင်များက ဆက်လက်လောင်ကျွမ်းနေပြီး သူမ၏ ခန္ဓာကိုယ်အား ရပ်တန့်ဟန်မရှိပဲ တိုက်စားသွားလေ၏။

ချန်ရှင်းရန်က မန်ဇီကို သူ့ခန္ဓာကိုယ် ပတ်လည်တွင် တောက်လောင်နေသော ကြက်သွေးရောင် မီးတောက်များဖြင့် တိုက်ခိုက်ပြီး သူမထံသို့ ခွန်အားကြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

မန်ဇီ၏ နောက်တွင် အလင်းပြားလေးတစ်ခုက ပေါ်လာပြီး ထိုသည်က မြင့်မြတ်ရေခဲကုန်မြေများ၏ တိုင်သူပြည်သားများအားလုံး၏ ဒူးထောက် ဦးညွှတ်အလေးပြုသည့် ရေခဲနံရံဆေးရေးပန်းချီတစ်ခုဖြစ်​ေလ၏။

သူမက သူမ၏တောင်ဝှေးကို ညွှန်ပြလိုက်ပြီး အဆုံးမဲ့ ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်း၏ စွမ်းအားများက အထူးမြူနှင်း အော်ရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ရှင်းရန် အပါအဝင် သူ့လမ်းကြောင်းရှိ အရာရာကို အေးခဲသွားစေ၏။

ချန်ရှင်းရန်၏ အရှိန်က ရပ်တန့်သွားကာ ဒေါသကြီး အေးစက်စက် မျက်နှာထားက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။ မန်ဇီက သူ့၏ ဒေါသကို အမူအရာမဲ့ ရင်ဆိုင်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "လျှပ်စီး ဝိညာဉ်၊ နေရာယူ..."

လျှပ်စီး ငှက်တစ်ကောင်က လျှပ်စီးတိုင်ကြီးတစ်ခုကို အဖြူ​ရောင် ဓားရှည်၏ ဘေးရှိ လေထဲသို့ ထုတ်လွှတ်လိုက်၏။

အင်မော်တယ် စိတ်ဝိညာဉ် ​၆ခုက နေရာယူပြီး ဖြစ်ကာ ဂိုဏ်းတပည့်များအားလုံးက ပူဆွေးဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ဤအခြေအနေကို ပြောင်းပြန်လှန်ရန်အတွက် ဘာမှ မလုပ်နိုင်ကြပါချေ။

အကြီးအကဲများပင်လျှင် ပူဆွေးကာ အကူ့ညီမဲ့သော ခံစားချက်တစ်ခုဖြင့် ပိတ်မိနေကြလေ၏။

သို့သော်လည်း ထိုအချိန်မှာပင် လျှပ်စီးတိုင်ကြီးတစ်ခုက ရုတ်တရက် ဦးတည်ချက်ပြောင်းကာ ချန်ရှင်းရန်ကို ကျော်ဖြတ်သွားပြီး သူ့ပတ်လည်ရှိ အထူးမြူနှင်း နယ်ပယ်ကို ထိုးဖောက်ကာ မန်ဇီကို ရိုက်ခတ်သွားလေ၏။

လျှပ်စီးတိုင်ကြီးက အဖျက်အဆီးတစ်သိုက်ကို ချန်ရစ်ထားကာ မန်ဇီကို ပေတစ်သောင်းအထိ လွင့်စင်သွားပေ၏။

ကောင်းကင်နှင့်မြေကြီးက ရုတ်တရက် လုံးဝ တိတ်ဆိတ်သွားကာ လူတိုင်းက မန်ဇီကို အံ့ဩတကြီး ငေးကြည့်လာ၏။

မြူနှင်း နတ်မိမယ်များအားလုံးနှင့် ဗာမီလီယမ်ငှက်ဂိုဏ်းအကြီးအကဲများနှင့် တပည့်များက အရှင်နတ်သမီး ရေခဲနတ်ဘုရားမ မန်ဇီပေါ်သို့ အကြည့်ရောက်သွားကြလေ၏။

မန်ဇီ၏ အဖြူရောင် ဝတ်ရုံက အနည်းငယ် မီးကျွမ်းသွားပြီး အောက်ဘက်ရှိ သူမ၏ ဖြူဖွေးသော အရေပြားကို ​ဖော်ပြလာ၏။ သူမ၏ အရေပြားပေါ်တွင် မီးကျွမ်းကွက်များရှိနေသော်လည်း သို့ဖြစ်၍ သူမက လျှပ်စီးတိုင်ကို ဒဏ်ရာမရပဲ မခံနိုင်သည်မှာ ရှင်းလင်းလှပေ၏။

သူမ၏ ငွေရောင်ဆံပင်က လေထဲတွင် ကခုန်နေပြီး သူမက သူမ၏ ရွှေရောင် မျက်ဝန်းများဖြင့် လျှပ်စီး ဝိညာဉ်အား စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်၏။

လျှပ်စီး ငှက်က တောင်ပံတစ်ခုနှင့် ခေါင်းကို ပွတ်ကာ စိတ်ရှုပ်ထွေးမှုကို ပြသနေလေ၏။

စာစဉ် ၃၁ ပြီး၏။

-----------

All Chapters