ဖခင် (၁)
Vol. 29 Ch. 434
ဘပ်ဇ်!
ထိုအချိန်တွင် ခန်းမအလယ်၌ ဟိုလိုဂရမ် တစ်ခု ပေါ်လာခဲ့သည်။ ၎င်းသည် အဆင့်မြင့် အဝတ်အစားများ ဝတ်ဆင်ထားပြီး အိမ်မြှောင်နှင့် ဆင်တူသည့် တစ်ဦး ဖြစ်သည်။ သူသည် နေရာတစ်ခုလုံးကို စကန်ဖတ်ပြီး ဟန်ရှောင်းကို ကြည့်ကာ ရှုပ်ထွေးသော လေသံဖြင့် "ကျွန်တော်တို့ အဖွဲ့အစည်း အောက်က အာကာသယာဉ်ရဲ့ စနစ်ကို ဟက်ခ်ခံရတယ်။ ဘလက်စတား၊ ခင်ဗျား လုပ်တာလား။"
"ခင်ဗျားရဲ့ တုံ့ပြန်မှုက အရမ်းနှေးတယ်; ကျွန်တော် ခင်ဗျားကို စောင့်နေတာ။" ဟန်ရှောင်းသည် ဆိုဖာပေါ်သို့ နောက်သို့ မှီလိုက်ပြီး ဤ အိမ်မြှောင်လူကို မော့ကြည့်လိုက်သည်၊ ဆေးလ်ဗီးယား၏ ကိစ္စကို ယာယီ ဘေးဖယ်ထားလိုက်သည်။
ဤအာကာသယာဉ်သည် ဂလက်ဆီ ခရီးသွား အေဂျင်စီ တစ်ခုပိုင်ဆိုင်သောကြောင့် အဖွဲ့အစည်းတွင် အမြင့်ဆုံး ခွင့်ပြုချက် အဆင့် ရှိသည်။ အာကာသယာဉ်ကို အပြင်လူက ယူဆောင်သွားသည်နှင့် တပြိုင်နက် အဖွဲ့အစည်းသည် ချက်ချင်း သတိပြုမိပြီး ချိတ်ဆက်မှုကို ဖြတ်တောက်ခြင်း မရှိပါက အာကာသယာဉ်ကို ရှာဖွေမည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းသည် ဟက်ခ်ကင်းနည်းပညာ လိုအပ်ရုံသာမက နှောင့်ယှက်ပြီး ကျူးကျော်သည့် ဟာ့ဒ်ဝဲများ အားလုံးလည်း လိုအပ်သည်၊ ထိုအခါမှသာ အမြင့်ဆုံး ခွင့်ပြုချက် အဆင့်ကို ပိတ်ဆို့ထားနိုင်သည်။ ဟန်ရှောင်းသည် ကပ္ပတိန်၏ ခွင့်ပြုချက်ကို ယူထားသောကြောင့် သူသည် အာကာသယာဉ်၏ တကယ့်ပိုင်ရှင်သည် သူ့ကို ရှာတွေ့မည်ကို အစောကတည်းက သိထားသည်။
အာကာသယာဉ်သည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း ပိုင်ရှင်၏ အဝေးမှ စောင့်ကြည့်မှုကို ပိတ်ဆို့ရန် နည်းလမ်းမရှိပေ။ သူ၏ နည်းပညာ အဆင့်ဖြင့် အာကာသယာဉ်၏ အခြေခံ ဆက်တင်ကို ပြောင်းလဲရန်နှင့် အမြင့်ဆုံး ခွင့်ပြုချက် အဆင့်၏ အခွင့်အရေးများကို ဖျက်ရန် ရက်အနည်းငယ်မှ လဝက်ခန့် ကြာလိမ့်မည်။ ခွင့်ပြုချက် အဆင့် နက်ရှိုင်းလေလေ ၎င်း၏ ကာကွယ်ရေးသည် ပိုမိုအားကောင်းလေလေ ဖြစ်သည်၊ အခက်အခဲ၏ ခြားနားချက်သည် လုပ်ငန်းငယ် တစ်ခုကို ဟက်ခ်လုပ်ခြင်းနှင့် အစိုးရကို ဟက်ခ်လုပ်ခြင်းအကြား ခြားနားချက်နှင့် တူသည်။
အိမ်မြှောင်လူသည် အာကာသယာဉ်ကို ခိုးယူသွားပြီဟု ထင်ခဲ့သော်လည်း လက်ရှိ အခြေအနေကို မြင်သောအခါ အခြား တစ်ခုခု ရှိပုံ ရသည်။ သူသည် သူ၏ ဒေါသကို ထိန်းလိုက်ပြီး ဘာတွေဖြစ်ပျက်ခဲ့သည်ကို မေးလိုက်သည်။
ဟန်ရှောင်းသည် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ရိုးရှင်းသော နည်းလမ်းဖြင့် ရှင်းပြခဲ့သည်။ ကပ္ပတိန်ကို အစားထိုးခံရပြီး တစ်စုံတစ်ဦးသည် ခရီးစဉ်အတွင်း ခရီးသည်များကို သတ်ရန် ကြိုးစားခဲ့သည်ကို သိသောအခါ အိမ်မြှောင်လူ၏ မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားသည်... သို့သော် လူသားများသည် ၎င်းကို မမြင်နိုင်ပေ။
"ကျွန်တော် ခင်ဗျားရဲ့ ခရီးသွား အေဂျင်စီကို ယုံကြည်လို့ ခင်ဗျားရဲ့ အာကာသယာဉ်ကို ငှားခဲ့တာ၊ ဒါပေမယ့် ဒီလို ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ခဲ့ရတယ်။ ခင်ဗျားတို့ရဲ့ ဂုဏ်သတင်းက အရမ်း စိတ်ပျက်စရာ ကောင်းတယ်။ ဖြစ်နိုင်ချေရှိတဲ့ ဖောက်သည်များက ဒီအကြောင်း ကြားရင် ဘယ်သူက ဒီလို မလုံခြုံတဲ့ ခင်ဗျားတို့ရဲ့ အာကာသယာဉ်ကို စီးချင်မှာလဲ။" ဟန်ရှောင်းသည် သူ၏ ရင်ဘတ်ကို ဖိလိုက်ပြီး ချဲ့ကားသောလေသံဖြင့် ပြောလိုက်သည်၊ နေ့ခင်းကြောင်တောင် ငွေညှစ်နေခြင်း ဖြစ်သည်။ "ကျစ်... ကျွန်တော် အခုထိ ထိတ်လန့်နေတုန်းပဲ၊ မသက်သာသေးဘူး။ ကျွန်တော် အရမ်း စိတ်ဆိုးတယ်။ ခင်ဗျား ကျွန်တော့်ကို လျော်ကြေးပေးရမယ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ပျက်စီးသွားသော လုပ်ခ၊ စိတ်ဒဏ်ရာ စစ်ဆေးမှုနှင့် အခြား အရာတွေရောပဲ "
အိမ်မြှောင်လူသည် သူ၏ အမြီးကို လွှဲလိုက်ပြီး စိတ်ပျက်သော လေသံဖြင့် "တောင်းပန်ပါတယ်၊ ဒါက ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ တာဝန် ပျက်ကွက်မှုပါ။ ကျွန်တော်တို့ သေချာပေါက် ဖြေရှင်းပြီး သင့်လျော်သော လျော်ကြေးများကို ပေးပါမယ်..."
လုပ်ကြံသတ်ဖြတ်မှုများကို ကာကွယ်ရန် ခက်ခဲသည်။ သူ၏ ခရီးသွား အေဂျင်စီသည်လည်း ထိုပြဿနာထဲသို့ ဆွဲသွင်းခံခဲ့ရသော်လည်း သူဘာမှမတတ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ၏ အာကာသယာဉ်ပေါ်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
စကြာဝဠာတွင် ဂလက်ဆီခရီးသွား အေဂျင်စီများစွာ ရှိသောကြောင့် ယှဉ်ပြိုင်မှုသည် တော်တော် ပြင်းထန်သည်။ ဒီအကြောင်းကို ချဲ့ကားပြီး ဖြန့်ဝေလိုက်ပါက သူတို့၏ အမှတ်တံဆိပ် ပုံရိပ်ကို သေချာပေါက် ထိခိုက်လိမ့်မည်။ အနည်းဆုံး ဘလက်စတားသည် ပိုက်ဆံအတွက် အလုပ်လုပ်ပြီး သူတို့၏ စကားကို တည်တဲ့ ကြေးစားအဖွဲ့ တစ်ခုပင် - သူသည် လျော်ကြေးပေးဖို့ ဆန္ဒရှိပြီး ပျက်စီးမှုများကို ရှောင်ရှားလိုသည်။
ဤခရီးသွား အေဂျင်စီသည် အာကာသယာဉ် ဒါဇင် များစွာကို ပိုင်ဆိုင်ပြီး နေ့တိုင်း အီနာ တစ်ထောင်နီးပါး ရရှိသည်၊ ဟန်ရှောင်းသည် သူတို့ကို ပေးဆပ်စေရန် မလုပ်ပါက အချည်းနှီး ဖြစ်လိမ့်မည်။ ဟန်ရှောင်းသည် လွန်ကဲသော ပမာဏကို တိုက်ရိုက်ပြောလိုက်သည်၊ ထို့နောက် ညှိနှိုင်းမှု အချို့ ပြုလုပ်ပြီးနောက် သူတို့ နှစ်ဦးသည် အီနာ ၃၀,၀၀၀ လျော်ကြေးကို မနည်း သဘောတူလိုက်ကြသည်။
အီနာ ၃၀,၀၀၀ ရရှိပြီးနောက် ဟန်ရှောင်းတွင် အီနာ ၈၄၀,၀၀၀ ခန့် ရှိသည်။ သူသည် သူ၏ နှလုံးသားထဲတွင် သက်ပြင်းချလိုက်ပြီး ကြေးစားစစ်သား ဖြစ်ခြင်းနှင့် နှိုင်းယှဉ်ပါက ငွေညှစ်ခြင်းသည် ပိုက်ဆံရှာရန် ပိုမိုမြန်ဆန်သော နည်းလမ်း ဖြစ်သည်ဟု ခံစားလိုက်ရသည်... သို့သော် ကစားသမားများ၏ ပိုက်ဆံအိတ်မှ ရရှိသည်လောက် မမြန်ပေ။
"ခင်ဗျား ဒီ အာကာသယာဉ်ကို ပြန်မခေါ်ခင် ရက်အနည်းငယ် ကျွန်တော့်ကို ငှားလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ ခြေရာခံနိုင်ပြီး အာကာသယာဉ် ဘယ်မှာလဲ သိမှာပါ။" ဟန်ရှောင်းက ပြောသည်။
"ဒါက... ကောင်းပြီ။"
သဘောတူပြီးနောက် စိတ်ဆိုးနေသော အိမ်မြှောင်လူသည် ဆက်သွယ်မှုကို ပိတ်လိုက်သည်။
ဟန်ရှောင်းသည် အာကာသယာဉ်ကို ယူဆောင်သွားရန် ရည်ရွယ်ခြင်း မရှိပေ။ တရားဝင်ပိုင်ရှင်ရှိသော အာကာသယာဉ်ကို လုယက်ခြင်းသည် သူ့ကို ဆုကြေးထုတ်ခံရသူ ဖြစ်စေလိမ့်မည်။ မျက်မြင်သက်သေ မရှိပါက တစ်မျိုးဖြစ်သည်။ ဆိုးကျိုးများက ကောင်းကျိုးများထက် ပိုများပြီး ပိုင်ရှင်များကို ငွေညှစ်ခြင်းလောက် မလုံခြုံပေ။ သူ၏ ယခင်ဘဝတွင် ကစားသမားများ များစွာသည် လုပ်ဆောင်ချက်များဖြင့် အာကာသယာဉ်များကို လုယက်ခြင်း၏ အကျိုးဆက်များကို သက်သေပြခဲ့ကြသည်။ သူတို့အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဆုကြေးထုတ်ခံရပြီး ကြေးစားများ၊ ဆုကြေးမုဆိုးများနှင့် လူမှုအဖွဲ့အစည်းအားလုံး၏ ကင်းလှည့်နေသောတပ်ဖွဲ့များ၏ အမဲလိုက်ဖမ်းဆီးခြင်းကို ခံရလိမ့်မည်။ ဥပဒေလိုက်နာသော လူမှုအဖွဲ့အစည်းများနှင့် ရှိထားပြီးသော အလေးပေးမှုများသည်လည်း အကြီးအကျယ် ကျဆင်းသွားလိမ့်မည်။ တရားဝင် အဖွဲ့အစည်းများ ပိုင်ဆိုင်သော မြို့များ သို့မဟုတ် ဂြိုလ်များတွင် သူတို့ကို တွေ့ရှိပါက အစောင့်များက ဝိုင်းရံပြီး အကျဉ်းချခံရမည်။ ၎င်းသည် လုံးဝ မတန်ပေ။
ဟန်ရှောင်းသည် အလားတူ လမ်းကြောင်းအတိုင်း လျှောက်ရန် စိတ်ဝင်စားမှု မရှိပေ။ သူသည် အာကာသယာဉ်များကို အရေးတကြီး လိုအပ်မှု မရှိသောကြောင့် စွန့်စားရန် မလိုပေ။ ထို့အပြင် သူသည် ဘေးထွက် ဆိုးကျိုးများ မရှိဘဲ အာကာသယာဉ်များကို အခမဲ့ မည်သို့ ရယူရမည်ကို သိသောကြောင့် အာကာသယာဉ်ကို လုယက်ရန် စိတ်မဝင်စားသည်မှာ သေချာသည်။
ဤကိစ္စ ဖြေရှင်းပြီးနောက် ဟန်ရှောင်းသည် ဆေးလ်ဗီးယားကို ထပ်မံ ကြည့်လိုက်သည်။
ဤ ဆယ်ကျော်သက် မိန်းကလေးကို တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး ဘေးတွင် မှိုင်တွေနေသည်။ သူမ၏ အောက်မျက်ခမ်းများသည် ဆက်တိုက် တုန်ယင်နေပြီး အလွန် သနားစရာနှင့် နှလုံးကြေကွဲစရာ ကောင်းပုံ ရသည်။ သို့သော် ဤသည်မှာ မဟာယန္တရားပညာရှင်ဟန်အပေါ်တွင် လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ သေသွားသော ရန်သူများသာ ကောင်းသော ရန်သူများ ဖြစ်သည်။..
"နေစမ်းပါဦး... သူမကို ဒီလို ဘယ်သူ ချည်ထားတာလဲ‽"
ဟန်ရှောင်းသည် ဆေးလ်ဗီးယား အပေါ်တွင် အသုံးပြုထားသော အလွန်ကောင်းမွန်သော ချည်နှောင် စွမ်းရည်များကို ယခုမှ သတိပြုမိလိုက်သည်။
ဘန်ဟစ်ဒေါ့ဂ်သည် ချက်ချင်း သူ၏ လက်ကို မြှောက်လိုက်သည်။ သူသည် တောက်ပသော မျက်နှာဖြင့် "ကျွန်တော် လုပ်တာ။ မမိုက်ဘူးလား။" ဟု ပြောလိုက်သည်။
"မင်း တကယ် ကိုယ့်ကိုယ်ကိုယ် လွှတ်ပေးလိုက်တာပဲ။" ဓါးရူး၏ ပါးစပ်သည် တွန့်သွားသည်။
ဘေးတွင် ဟားလပ်စ်သည် ခေါင်းခါလိုက်ပြီး မေးလိုက်သည်။ "ဘလက်စတား၊ ခင်ဗျား သူမကို ဘာလုပ်ဖို့ စီစဉ်နေတာလဲ။"
ဟန်ရှောင်းသည် သေနတ်တစ်လက်နှင့် ကစားနေရင်း သူ့ကို လှမ်းကြည့်ပြီး "ခင်ဗျားရဲ့ လေသံအရ အကြံပြုချက် အချို့ ရှိပုံ ရတယ်။ ရှိရင် ပြောသင့်တယ်။ ကျွန်တော်က အာဏာရှင် မဟုတ်ဘူး—ကျွန်တော်က ဒီမိုကရေစီကို ယုံကြည်တယ်။"
ဟားလပ်စ်သည် ခဏရပ်ပြီး သူ၏ စကားများကို ဂရုတစိုက် ရွေးချယ်လိုက်သည်။ "သူမက ‘ရှင်တို့ ဂုဏ်သိက္ခာမရှိတဲ့ ကြေးစားစစ်သားတွေက အဲဒီ အာဏာရှင်တွေကို ဆင်းရဲဒုက္ခ ခံစားနေရတဲ့ လူတွေကို ဖိနှိပ်ဖို့ ကူညီခဲ့တယ်’ လို့ ပြောခဲ့တယ်။ ကျွန်တော် ထင်တယ် သူမ အသေးစိတ် အချို့ကို သေချာပေါက် နားလည်မှု လွဲနေတာ။ လန်လေ ဘယ်လိုလူ ဖြစ်လဲဆိုတာ ငါတို့ အားလုံး ကောင်းကောင်း သိကြတယ်၊ ဒါပေမယ့် သူမက သိပုံ မရဘူး။ ကျွန်တော် ထင်တယ်... ပထမဆုံး ဒီအကြောင်းကို မေးကြည့်တာ ပိုမကောင်းဘူးလား။"
ထို့နောက် ဟားလပ်စ်သည် သက်ပြင်းချပြီး ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က လက်စားချေခြင်းရဲ့ တွန်းအားကို နားလည်တယ်။ သူမက ကလေး တစ်ဦးပဲ ဖြစ်တယ်ဆိုတာကို မပြောနဲ့ဦး၊ ကျွန်တော့်အတွက် အမှောင်ကြယ်ရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အခွင့်အရေး ရှိရင် တုံ့ဆိုင်းမှာတောင် မဟုတ်ဘူး။"
"သြော်၊ ကောင်းတာပေါ့။" ဟန်ရှောင်း၏ ပါးစပ်သည် တွန့်သွားသည်။ သူသည် လှည့်လိုက်သည်၊ သူ၏ နောက်ရှိ ကစားသမားများကို ကြည့်ပြီး "မင်းတို့ရော။ အကြံပြုချက် ရှိလား။"
ကစားသမားများသည် မေးခံရမည်ကို မမျှော်လင့်ထားဘဲ ကြောင်သွားကြသည်။
"ကျွန်တော်တို့လား။ ဘာပဲ ဖြစ်ဖြစ်။"
"ဘာပဲဖြစ်ဖြစ် ကောင်းတယ်။"
"ဘာပဲဖြစ်ဖြစ် ကောင်းတယ်... ဒါပေမယ့် ဘယ်တစ်ခုက ပိုကောင်းတဲ့ ဆုလာဘ် ပေးတာလဲ။"
"ဒီမိန်းကလေးက တော်တော် လှတယ် - သူမကို သတ်ဖို့က နှမြောစရာ ကောင်းတယ်။"
ကစားသမားများသည် ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့ကြသည်။ အမျိုးသား ကစားသမားများသည် ဆုံးဖြတ်ချက် ခိုင်မာပြီး ပြီးအောင် လုပ်ဆောင်ရန် ပိုနှစ်သက်သည်။ အမျိုးသမီး ကစားသမားများသည် ပိုမိုနူးညံ့ပြီး အမှန်တရားကို ရှာဖွေရန် အကြံပြုခဲ့ကြသည်။
ဆေးလ်ဗီးယားသည် သူမ၏ သွားများကို တင်းကျပ်စွာ ကိုက်လိုက်ပြီး ပြင်းထန်သော မျက်နှာကို ပြသရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်သည် ဆက်လက် တုန်ယင်နေသည်။ သူမတွင် ခုခံရန် စွမ်းအား မရှိဘဲ အခြားသူ တစ်ဦးက သူမ၏ ကံကြမ္မာအား ဆုံးဖြတ်ပေးခြင်းကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။
ဟန်ရှောင်းသည် သူ၏ မျက်လုံးများကို မှေးလိုက်ပြီး သူမကို စိုက်ကြည့်ကာ စဉ်းစားနေသည်။
သူမကို ကိုင်တွယ်ဖို့ သူ့မှာ နည်းလမ်းပေါင်းစုံ ရှိပြီး သတ်ပစ်တာက အလွယ်ဆုံး ဖြစ်သည်။ ကြောက်ရွံ့နေပေမယ့် မာန်မာန ပြနေတဲ့ ဆေးလ်ဗီးယားကို သေနတ် မောင်းခလုတ် ဆွဲလိုက်တာနဲ့ အနာဂတ်က ကစားသမားများဟာ ဗီဒီယို ထောင်ပေါင်းများစွာကို ဆုံးရှုံးသွားကြပြီး သူမရဲ့ ခရီးစဉ်က မစတင်ခင်မှာပဲ သူ့လက်ပေါ်မှာ အဆုံးသတ်သွားလိမ့်မည်။ ဒီလိုလုပ်ဖို့ သူ့မှာ အကြောင်းပြချက် ရှိသည်။ သူက ရန်သူ တစ်ယောက်ကို သတ်ရုံသက်သက်ပင်၊ ဒါကြောင့် ဘယ်သူမှ ဒါက မှားတယ်လို့ ပြောလို့ မရပေ။
လက်တွင် လူပေါင်းများစွာရဲ့ သွေးများစွန်းထင်းနေသည့် ဟန်ရှောင်းသည် အနာဂတ်တွင် လူသိများမည့် ဇာတ်ကောင် တစ်ယောက်ကို ပိုပြီး ဂရုစိုက်မနေပေ။
သို့သော် သူသည် သွေးဆာနေသောလူတစ်ယောက် မဟုတ်ချေ။ သူ့အတွက် သတ်ဖြတ်ခြင်းသည် နည်းလမ်း တစ်ခုသာဖြစ်သည်၊ အကျိုးအမြတ်က သူ၏ အစစ်အမှန် ပန်းတိုင် ဖြစ်သည်။
သူ့စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းက ဆေးလ်ဗီးယားဆီကနေ သူ ပိုပြီး အကျိုးအမြတ် ရနိုင်မလား၊ သူမကို သတ်တာ ပိုအကျိုးရှိမလား၊ မသတ်တာ ပိုအကျိုးရှိမလား ဆိုတာပင်။
ဆေးလ်ဗီးယားက အနာဂတ်မှာ ကောင်းမလား ဆိုးမလားဆိုတာ အရေးမကြီးလှချေ။ မဟာ ယန္တရားပညာရှင်ဟန်သည် ရူးသွပ်နေသည့် ဟီလာလို တန်ဖိုးရှိသည့်လူ တစ်ယောက်ကိုသာ လိုအပ်သည်။ မဟုတ်သေးဘူး၊ သူ အော်ရိုရာကို ကယ်တင်ခဲ့သည်၊ ထို့ကြောင့် ဟီလာသည် မရူးတော့ပေ။ သို့သော်လည်း သူ့ယခင်ဘဝက ဇာတ်လမ်းအရ ဟီလာသည် ဂြိုလ် တစ်ခုလုံးကို သုတ်သင်ခဲ့သည်၊ ထို့ကြောင့် သူမကို အလွန် ဆိုးယုတ်သည်ဟု ခေါ်ခြင်းမှာ မလွန်လှပေ။ သူမရဲ့ စွမ်းအားသည် ဟန်ရှောင်း အာရုံစိုက်သောအရာဖြစ်သည်၊ သူမ၏ ကိုယ်ရည်ကိုယ်သွေး၊ အလှအပ၊ အဲဒီလို အရာတွေ မဟုတ်ပေ။
ရန်သူ အမျိုးအစားများစွာ ရှိ၏။ စေ့စပ် ညှိနှိုင်းလို့ မရတဲ့ ဂျာမီနယ် အဖွဲ့အစည်းနဲ့ အမှောင်ကြယ်လို ရန်သူများ၊ မိတ်ဆွေ ဖြစ်နိုင်တဲ့ ဒါမှမဟုတ် ရန်သူ ဖြစ်နိုင်တဲ့ ပြိုင်ဘက်များ၊ နားလည်မှုလွဲခြင်းကနေ ဖြစ်ပေါ်လာတဲ့ ရန်သူများ စသည်ဖြင့် ရှိကြသည်။ သူမြင်သည်မှာ ဆေးလ်ဗီးယားသည် နားလည်မှုလွဲခြင်းကနေ မွေးဖွားလာတဲ့ ရန်သူဖြစ်ပြီး ဟန်ရှောင်းသည် ဘာ နားလည်မှုလွဲမှားနေလဲဆိုတာကို သိနေသည်။
လန်လေသည် ရာဇဝတ်သား သူပုန်တစ်ဦး ဖြစ်သော်လည်း ဖခင်တစ်ယောက်အနေနဲ့ သူဟာ သူမရဲ့ လုပ်ရပ်များအတွက် ဆင်ခြေများကို ရှာပြီး သူ့သမီးဆီကနေ တစ်ခုခုကို သေချာပေါက် ဖုံးကွယ်ထားခဲ့သည်၊ သို့မဟုတ် လိမ်ခဲ့သည်။ ထို့ကြောင့် ဆေးလ်ဗီးယားက သူမရဲ့ ဖခင်ရဲ့ လုပ်ရပ်များဟာ အာဏာရှင်ကို ဆန့်ကျင်ပြီး တိုက်ခိုက်နေတာဖြစ်ပြီး သူဟာ သူ့လူတွေကို ကယ်တင်နေတာလို့ ထင်နေ၏။
သူ့ရဲ့ ယခင်ဘဝက အတွေ့အကြုံအရ ဆေးလ်ဗီးယားဟာ တော်တော် ဖြောင့်မတ်သည် - သူမသည် မုန်းတီးမှုနဲ့ မုသားများကြောင့်သာ အမြင်ကွယ်နေခြင်း ဖြစ်သည်။ သူမသည် သူမ၏ဖခင် ဘယ်လိုလူဖြစ်တယ်ဆိုတာကို သိရင် ဟန်ရှောင်းရဲ့ ယခင်ဘဝမှာ လုပ်ခဲ့သလို သူမ၏ လက်စားချေခြင်းကို စွန့်လွှတ်နိုင်သည်။ ဟန်ရှောင်းဟာ ကြာမြင့်စွာကတည်းက အမှန်တရားကို သိထားပြီး ဆေးလ်ဗီးယားရဲ့ ရှုထောင့်ကို ဘယ်လို အမြန် ပြောင်းလဲရမယ်ဆိုတာ သိသည်။ သူ့အတွက် အဲဒါတွေဟာ သေးငယ်တဲ့ လုပ်ရပ်များသာ ဖြစ်တယ်... ဒါပေမယ့် ဒါက သော့ချက် မဟုတ်ပေ။
သော့ချက်က ဒါကို လုပ်ခြင်းကနေ သူ ဘာအကျိုးအမြတ် ရနိုင်မလဲ။
အင်း... မစ်ရှင် တစ်ခုခု စတင်နိုင်တယ်။ ဆုလာဘ် အချို့ ရှိတဲ့အတွက် သူမ ဆီမှာ တန်ဖိုး အချို့ ရှိနေသေးတယ်။ ဒါက ဖြစ်သင့်တယ်၊ သူမကို ယာယီ အသက်ရှင်စေပြီး ပထမ မစ်ရှင်ကို ပြီးအောင်လုပ်မယ်၊ အဲ့နောက် အခြေအနေ ပေါ် မူတည်ပြီး ဖြေရှင်းမယ်။ သူမ ဆက်လက် ရန်လိုနေမယ်ဆိုရင်... သူမကို မြေမြှုပ်ပစ်ရမယ်။
သူမကို လွှတ်ပေးမှာလား။ ဒါက လုံးဝ မဖြစ်နိုင်ဘူး။
စီးပွားရေးသမား တစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်ရင် ဆေးလ်ဗီးယားဟာ လူတစ်ယောက်သက်သက် မဟုတ်ပေ၊ တန်ဖိုးရှိသည့် အရင်းအမြစ် တစ်ခု ဖြစ်တယ်။ လမ်းပေါ်မှာ ပိုက်ဆံပစ်ပြီး အရင်းအမြစ်များကို ဖြုန်းတီးနိုင်တဲ့ အထိ သူ့ပိုင်ဆိုင်မှုများက မကြီးမားပေ။
ဟန်ရှောင်းသည် ထလိုက်ပြီး "သိမ်းဆည်းပြီး ထွက်ခွာရန် ပြင်ဆင်ပါ။ သူမကို သတိလစ်အောင် လုပ်ပြီး သော့ခတ်ထားလိုက်ပါ။"
ဆေးလ်ဗီးယား၏ မျက်နှာငယ်လေးသည် တုန်လှုပ်မှုဖြင့် ပြည့်နှက်နေသည်။ သူမသည် မော့ကြည့်ပြီး "ရှင် ကျွန်မကို ဘယ်ကို ခေါ်သွားမှာလဲ။"
"မင်းရဲ့ အဖေကို တွေ့ဖို့။" ဟန်ရှောင်းက အေးစက်စွာ ပြောလိုက်သည်။
ဆေးလ်ဗီးယား၏ မျက်လုံးများသည် ချက်ချင်း ပြူးလာသည်; သူမသည် မယုံကြည်နိုင်ပေ။
စာစဉ် (၂၉)၊ အခန်း (၄၃၄) ပြီး၏။
လင်းဆက်
+++++