မှောင်ခိုဈေးဆိုင်ပိုင်ရှင်၏ လက်တွေ့အသုံးချသောအကြံပေးစကား
Vol. 13 Ch. 181
သူက ရင်းနှီးသည့်မှောင်ခိုစျေးကိုဒီအတိုင်းလမ်းလျောက်လာတာဖြစ်ပြီး မည်သည့်မျှော်လင့်ချက်မှမထားပေ။
သို့ပေမယ့် မယုံနိုင်စရာကောင်းစွာပင်၊ အမှန်တကယ်ပဲ သားရဲလိင်တံရောင်းသူတစ်ယောက်ရှိနေခဲ့၏။
ထို့ပြင် ထိုအရာက နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိသည့်သားရဲဘုရင်ဖြစ်ပြီး သာမန်နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိသည့်သားရဲလိင်တံထက်ပိုအာနိသင်ရှိ၏။
ကောင်းကင်ဘုံက ကောင်းချီးပေးခြင်းပင်။
ဆေးညွှန်းအတွက်မျှော်လင့်ချက်ရှိပြီပဲဖြစ်သည်။
ဂျန်ဖန်း မော့ကြည့်လိုက်၏။
ထိုအရာက မီးခိုရောင်ဆံပင်၊ မုတ်ဆိတ်မွေးတွေနှင့် မျက်နှာဝိုင်းဝိုင်းလူအိုကြီးတစ်ယောက်ဖြစ်၏။ နဖူးပေါ်၌အစိမ်းရောင်မှဲ့တစ်လုံးရှိနေပြီး ဘုရားကျောင်းမှ ဘုန်းတော်ကြီးတစ်ပါးလိုပင်။
တကယ်တော့ သူက အမှန်တကယ်ပင် သက်ရှိထင်ရှားရှိသည့်ဘုန်းတော်ကြီးတစ်ပါးပင်။
ဂျန်ဖန်းက ဝယ်သူမရှိမှာကို စိုးရိမ်နေခဲ့၏။
ချက်ချင်းခေါင်းညိတ်တော့မည့်အချိန်မှာပဲ ဝမ်ရှန်နန်ပြောသည့်မှောင်ခိုဈေးလျို့ဝှက်ချက်ကို သတိရသွား၏။
စိတ်မရှည်သည့်ဖောက်သည်ကို ယဥ်ကျေးနေစရာမလိုပေ ဆိုသည့်စကားပင်။
ဤလူအိုကြီးအလွန်စိတ်လှုပ်ရှားနေတာကို ကြည့်ခြင်းအားဖြင့် အတော်ဝယ်ချင်နေတာ သိသာ၏။
ထို့ပြင် အသက်ကဖြင့်ဒီလောက်ကြီးနေသော်လည်း မသင့်လျော်သည့်ကိစ္စတွေလုပ်နေဆဲဖြစ်သည်။
ထို့ကြောင့် ဂျန်ဖန်း ချုပ်တည်းမထားပဲ ဈေးမြှင့်လိုက်၏။
သူက လက်ခုနှစ်ချောင်း ထောင်ပြလိုက်၏။
"ခုနှစ်သောင်း?...."
ကျွမ်းယွမ်ယင် ဂျန်ဖန်း၏ရုတ်တရက် ဈေးမြှင့်မှုကို မြင်သည့်အခါ ချက်ချင်း မျက်မှောင်ကြုတ်သွား၏။
သူကို အရူးဟုထင်နေသည်လား....
သို့ပေမယ့် သားရဲလိင်တံကိုတွေးကြည့်လိုက်သည့်အခါ ထိုအရာက ဂိုဏ်း ၉ ဂိုဏ်း နယ်မြေတစ်ခုလုံး၌ တစ်ခုတည်းသောအရာဖြစ်နိုင်၏။
သလင်းကျောက်ခုနှစ်သောင်းကအတော်ဈေးကြီးသော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။
သူက ချက်ချင်းပေးဖို့ပြင်လိုက်၏။
ဘုရားရေ...
ခုနှစ်သောင်းနဲ့တောင် ဝယ်တယ်?...
ဒီလူအိုကြီး ဘယ်လိုတောင်စိတ်အားထက်သန်နေပါလိမ့်....
ဂျန်ဖန်းမျက်လုံးတွေလင်းလက်သွားပြီး လက်နှစ်ချောင်းကိုကြက်ခြေခတ်ပုံစံပြကာ ဈေးထပ်တိုးလိုက်၏။(သင်္ချာကလို ရောမဂဏန်းပုံစံဖြစ်နိုင်တယ်)
"တစ်သိန်း..."
ကျွမ်းယွမ်ယင် ဒေါသမထွက်သော်လည်း အာဏာအပြည့်ပါသည့်အသံဖြင့် ပြင်းထန်စွာပြောလိုက်သည်။
"လူငယ်လေး,မင်းစီးပွားရေးလုပ်တဲ့ပုံစံက မဟုတ်သေးဘူးနော်...."
"ဘယ်သူကများ ချက်ချင်းကြီးဈေးတင်လို့လဲ...."
ဂျန်ဖန်း နှုတ်ခမ်းမဲ့ကာပြောလိုက်သည်။
"ယူမှာဆိုယူ, မယူရင် သွားလိုက်တော့...."
ဂျစ်!
ကျွမ်ယွမ်ယင် အံ့ကြိတ်လိုက်၏။
သူ့အဆင့်အတန့်နှင့် သလင်းကျောက်တစ်သိန်းကို တတ်နိုင်၏။
ရှာဖို့ခက်သည့်သားရဲအင်ပါယာသွေးမျိုးဆက်ရှိသည့် သားရဲလိင်တံအတွက်လည်း ထိုပမာဏကိုသုံးဖို့ဆန္ဒရှိ၏။
သို့ပေမယ့် ဂျန်ဖန်း၏ချက်ချင်းဈေးတင်ခြင်းက သူ့ကို ဒေါသထွက်သွားစေ၏။
ထိုအရာကိုဝယ်လျှင် သူအရူးဖြစ်သွားမည်ပင်။
မဝယပြန်လျှင်လည်း အခြားနေရာမရှိပေ။
တစ်ခဏကြာ အတွေးထဲမှာ ရုန်းကန်ပြီးနောက် ရှစ်ခေါက်ချိုးမျက်နှာဖြင့် လက်ဝါးအရွယ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမျက်နှာပြင်၌ စိတ်ဝိညာဥ်အလင်းတန်းတွေတောက်ပနေပြီး တစ်သိန်းဆိုသည့်ဂဏန်း ထွင်းထုထား၏။
"ယူလိုက်..."
သူက ဈေးဆိုင်ရှေ့သို့ပစ်ပေးလိုက်သည်။
ဂျန်ဖန်းတစ်ခဏကြောင်သွား၏။
ထိုအရာက ဘာကြီးလဲ....
ဝမ်ရှန်းနန်မျက်နှာ ပြောင်းလဲသွား၏။
သူမကအလျှင်အမြန်ပဲ သားရဲလိင်တံကိုထုပ်ကာ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေပေးလိုက်သည်။
"စီနီယာ, ဒီမှာပါ..."
ကျွမ်းယွမ်ယင် ယူလိုက်၏။ သူက ဂျန်ဖန်းကို ရက်စက်သည့်အကြည့်ဖြင့်ကြည့်ပြီး နှာမှုတ်ကာ ထွက်ခွာသွားတော့သည်။
ဂျန်ဖန်းအလျှင်အမြန်ပဲပြောလိုက်သည်။
"မင်းမပေးရသေး...."
ဝမ်ရှန်နန် အလျှင်အမြန်ပဲ သူ့ကိုတားလိုက်သည်။
"ဒါပိုက်ဆံမဟုတ်ဘူးလား..."
သူမက ဆိုင်ရှေ့ရှိ ကျောက်စိမ်းပြားကို အံ့အားသင့်မှုအပြည့်ဖြင့် ကောက်ယူလိုက်သည်။
"ဒါက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ထုတ်ဝေတဲ့ သလင်းကျောက်တုန်ကင်ပြားပဲ။ ဒီတုန်ကင်နဲဆိုရင် အပေါ်ကပမာဏအတိုင်း နင်က ခန်းမှာ သလင်းကျောက်တွေထုတ်ယူလို့ရတယ်..."
"ဒီပစ္စည်းကတကယ်ပဲ သလင်းကျောက်တစ်သိန်းတန်တဲ့ တုန်ကင်ပြားပဲ...."
ဂျန်ဖန်း နားလည်သွား၏။
သလင်းကျောက်တုန်ကင်က သေမျိုးလောကမှာသုံးသည့်ငွေမှတ်စုစာရွက်နှင့်အတူတူပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သလင်းကျောက်အများကြီးကိုသယ်သွားရလျှင်အဆင်မပြေပေ။
သလင်းကျောက်တုန်ကင်ပြားသယ်တာက သံသယရှိစရာမလိုအောင် ပိုလွယ်ကူ၏။
"ဂျူနီယာမောင်လေးဂျန်, စောနက နင်ဈေးနှုန်းကို နှစ်ခါဆက်တိုက်မတင်လိုက်သင့်ဘူး..."
ဝမ်ရှန်နန် သလင်းကျောက်တုန်ကင်ပြားကိုစစ်ဆေးပြီး အလေးအနက်ပြောလိုက်သည်။
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ဂိုဏ်း ၉ ဂိုဏ်း ခေါင်းဆောင်တွေနဲ့ တောင်ထိပ်အကြီးအကဲတွေကိုပဲ သလင်းကျောက်တုန်ကင်ထုတ်ပေးတာ....'
"စောနက လူအိုကြီးရဲ့ အဆင့်အတန်းက သာမန်မဟုတ်လောက်ဘူး...."
"နင်တော့ သူ့ကို အပြစ်လုပ်မိသွားပြီ...."
အာ....
ဂျန်ဖန်း မနေနိုင်ပဲ အပြစ်ရှိသလို ခံစားလိုက်ရ၏။
သို့ပေမယ့် ခဏစဥ်းစားပြီးနောက် သလင်းကျောက်တုန်ကင်ကို ပေါ့ပေါ့ပါးပါးသိမ်းကာ ပြောလိုက်သည်။
"ရန်စမိပြီဆိုလည်း ရန်စမိပြီပေါ့...."
"ကမ္ဘာကြီးကအကျယ်ကြီးပါ။ သူက ငါ့ကိုရှာနိုင်မှာတဲ့လား...."
ဝမ်ရှန်နန် အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ဒါလည်းဟုတ်တာပဲ...."
"သူက အပြင်းစည်းက အကြီးအကဲတစ်ယောက်ဖြစ်လောက်မယ်။ နင်တို့နှစ်ယောက်တွေ့ဖို့က မဖြစ်နိုင်သလောက်ပဲ...."
နှစ်သောင်းတန် သားရဲလိင်တံကို တစ်သိန်းဖြင့် ဂျန်ဖန်းရောင်းခဲ့တာကိုတွေးပြီး သူမ မနေနိုင်ပဲ မနာလိုစွာ ရေရွတ်လိုက်သည်။
"ဂျူနီယာမောင်လေးဂျန်က အဖြူထည်လေးလို့ထင်ခဲ့တာ...."
"တကယ်တော့ ငါ့ထက်တောင်ဉာဏ်နီဉာဏ်နက်များနေသေးတယ်..."
"သူ့ဗိုက်ကိုသာခွဲကြည့်ရင် အထဲကအရာရားလုံးက အနက်ရောင်တွေချည်းနေမှာ....."
ဂျန်ဖန်း စိတ်ရွင်လန်းနေပြီး ဝမ်ရှန်နန်ကိုကူပြီး သားရဲလိင်တံအားလုံး ရောင်းနေခဲ့သည်။
ထို့နောက် သီချင်းလေးတစ်ညည်းညည်းဖြင့် ဂိုဏ်းသခင်တောင်ထိပ်ကို ပြန်လာခဲ့လိုက်သည်။
သူ တံခါးဖွင့်လိုက်ချင်းပဲ....
အခန်းက တစ်ဝက်တစ်ပျက်ကိုက်ထားသည့် ကောင်းကင်နှင့်မြေကြီးရတနာတွေဖြင့် နောက်တစ်ကြိမ် ပြည့်နှက်နေခဲ့သည်။
ထိုကောင်က ဆေးဥယျာဥ်မှ ဆေးတွေထပ်ခိုးပြန်ပြီပင်။
ဂျန်ဖန်း ဆေးတောင်ထိပ်မှရလာသည့် ဆေးဝါးတွေကို ဒေါသတကြီးထုတ်ယူပြီး ချီလင်းလေးဆီပစ်ပေးလိုက်သည်။
"မင်း, သူခိုးလေး, ဖမ်းမိလို့ကတော့ ငါ့ဆီပြေးမလာနဲ့နော်...."
ချီလင်းလေးမျက်လုံးတွေ တောက်ပသွား၏။
၎င်းက ချက်ချင်းပဲ ပါးစပ်ထဲရှိ စိတ်ဝိညာဥ်ဂျင်ဆင်းကိုထွေးထုတ်လိုက်ပြီး စိတ်ဝိညာဥ်ဆေးတွေကို ဆုပ်ကိုင်လိုက်၏။
သာမန်ကောင်းကင်နှင့်မြေကြီးရတနာတွေနှင့် ယှဥ်လျှင် ၎င်းက သန့်စင်ပြီးသာ စိတ်ဝိညာဥ်ဆေးနှင့် ဆေးလုံးတွေကို ပိုနှစ်သက်၏။
ဂျန်ဖန်းအခန်းကိုခဏရှင်းလိုက်၏။ ထို့နောက် အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးသောက်ပြီး ခြေချိတ်ထိုင်ကာ ယနေ့သူချိုးဖြတ်ခဲ့သည့် အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ကို အခြေခိုင်အောင် လုပ်ဖို့စတင်လိုက်၏။
သူမသိတာက....
ခန်းမထဲ၌ လျိုဝူချန်း စိတ်ရှုပ်ထွေးနေခဲ့သည်။
"ဆရာ, ဘာဖြစ်လို့လဲ...."
ကျွမ်းယွမ်ယင် အမူအရာမကောင်းတာ သူသတိထားမိ၏။
ကြီးကြီးမားမားမကျေနပ်ချက်နှင့် ကြုံခဲ့ရသလို သူက မဲမှောင်သည့်မျက်နှာဖြင့်ပြန်ရောက်လာခဲ့သည်။
သို့ပေမယ့် တိမ်စိမ်းမြို့၌ ကျွမ်းယွမ်ယင်ကို မည်သူက ဒုက္ခပေးရဲမည်နည်း။
ကျွမ်းယွမ်ယင် သားရဲလိင်တံကို စားပွဲပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်သည်။
သေချာကြည့်လိုက်သည့်အခါ လျိုဝူချန်း ပျော်သွား၏။
"နတ်ဆိုးအင်ပါယာသွေးမျိုးဆက်ရှိတဲ့ သားရဲလိင်တံ? ပြီးတော့ သားရဲဘုရင်ဆီကဟာပဲ...."
"မယုံနိုင်စရာပဲ, ဆရာတကယ်ဝယ်နိုင်ခဲ့တာပဲ...."
ထိုအရာက ဆေးညွှန်းအတွက်မျှော်လင့်ချက်ရှိပြီးဟု ဆိုလိိုနေတာပဲဖြစ်သည်။
"ဒါပေမယ့် ဆရာ, မင်းပုံစံက ဘာလို့ မပျော်မရွင်ဖြစ်နေရတာလဲ...."
လျိုဝူချန်း ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။
ကျွမ်ယွမ်ယင် နှာမှုတ်လိုက်၏။
"ဒါရဖို့ ငါဘယ်လောက်ပေးခဲ့ရတယ်ထင်လဲ။ တစ်သိန်းကွ, တစ်သိန်း... "
လျိုဝူချန်း နှလုံးသား အနည်းငယ် နာကျင်သွား၏။
သလင်းကျောက်တစ်သိန်းက ဂိုဏ်းသခင်တောင်ထိပ်အတွက်တောင် နည်းသည့်ပမာဏမဟုတ်ပေ။
သို့ပေမယ့် ထိုအရာက ကျွမ်းယွမ်ယင်ကို ခွန်အားအထွတ်အထိပ်ပြန်ရအောင်လုပ်ပေးနိုင်လျှင် တစ်သိန်းက တန်၏။
"တစ်သိန်းဆိုတော့လည်း တစ်သိန်းပေါ့။ ဒီပစ္စည်းက အဖိုးဖြတ်လို့မရပါဘူး။ ဝယ်နိုင်တာကကို ကံကောင်းနေပါပြီ...."
လျိုဝူချန်း နှစ်သိမ့်ဖို့ ကြိုးစားလိုက်၏။
ကျွမ်းယွမ်ယင် ဒေါသတကြီးပြောလိုက်သည်။
"ငါစိတ်တိုနေတာ ပိုက်ဆံကြောင့်မဟုတ်ဘူး။ ဒါရောင်းတဲ့ကောင်လေးက ဘယ်လောက်တောင် စောက်မြင်ကပ်စရာကောင်းလဲမင်းသိလား...."
ထို့နောက် သူကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြလိုက်သည်။
"သည်းမခံနိုင်စရာပဲ....'
လျိုဝူချန်း ဒေါသတကြီဖြင့် စားပွဲကို လက်ဝါးဖြင့်ရိုက်လိုက်သည်။
"ဒါ သက်သက်အနိုင်ကျင့်တာ...."
"ဈေးတင်တာကထားလိုက်အုန်း။ နှစ်ခါဆက်တိုက်တောင်လုပ်ခဲ့တယ်ဆိုတော့..."
"ဒီကောင်းတော်တော်ရဲတင်းတာပဲ...."
"ကျွန်တော် လူလွတ်ပြီး သူ့ကိုဖမ်းခိုင်းလိုက်မယ်...."
တစ်သိန်းဖြင့်ရောင်းတာနှင့် တစ်ချိန်တည်း ဈေးတစ်သိန်းတင်တာက မတူညီသည့်ကိစ္စနှစ်ခုပင်။
ဘယ်သူမှ ထိုအရာကို လက်မခံနိုင်ပေ။
ထိုစိတ်ပုတ်စိတ်ယုတ်ကောင်လေးက တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်ဟောင်းကိုတောင် ငွေညစ်ရဲ၏။
အတော်မထီလေးစားနိုင်လွန်းလှ၏။
လျိုဝူချန်းအတော်လေးဒေါသထွက်နေတာမြင်သည့်အခါ ကျွမ်းယွမ်ယင် အနည်းငယ် စိတ်သက်သာယာရသွားပြီး ပြောလိုက်သည်။
"ထားလိုက်ပါတော့..."
"ငါသာသူ့ကိုသင်ခန်းစာပေးချင်ရင်, အဲ့အချိန်ကတည်းကလုပ်ခဲ့ပြီးပြီ..."
"ငါကမကြာသေးခင်ကမှ တံခါးပိတ်ရာကနေထွက်လာတာ။ အခုငွေညစ်ခံရတော့ နည်းနည်းစိတ်မသက်မသာခံစားရရုံပါ..."
"ဒါ့ပြင်, မင်းက သူ့ကို ရေးကြီးခွင်ကျယ်ဖမ်းလိုက်ရင်, ငါ သားရဲလိင်တံဝယ်တာ တစ်လောကလုံးသိမသွားဘူးလား..."
ဒါက....
လျိုဝူချန်း ရွေးချယ်စရာမရှိပဲ သူ့ဒေါသကို မျိုးချလိုက်ရ၏။
ကျွမ်းယွမ်ယင် သားရဲလိင်တံကိုကောက်ယူလိုက်ပြီး အတော်လေး စိတ်သက်ယာရလာခဲ့သည်။ သူက နောက်ဆုံးမှာတော့ ဂိုဏ်းသခင်တောင်ထိပ်၏ လက်ရှိအခြေအနေကို စစ်ဆေးဖို့ စိတ်ပါလာခဲ့သည်။
"မနက်ဖြန် အတွင်းစည်းတပည့်အားလုံး ဆင့်ခေါ်လိုက်...."
"ဘယ်လိုမျိုးစေ့ကောင်းတွေရှိမလဲ ငါမြင်ချင်တယ်...."
လျိုဝူချန်း လက်ချင်းယှက်ပြီးပြောလိုက်သည်။
"ကောင်းပါပြီ, ကျွန်တော်လူတိုင်းကို လာခိုင်းလိုက်ပါ့မယ်...."
နောက်တစ်နေ့၌....
တစ်ညလုံးကျင့်ကြံပြီးနောက် ဂျန်ဖန်းစွမ်းအင်တွေ ပြည့်ဝနေခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ၇ က အခြေခိုင်သွားပြီပင်။
"တပည့်ရွေးချယ်ပွဲက ပြဿနာကြီးမဟုတ်လောက်တော့ဘူး...."
ဂျန်ဖန်း ခွဲခြမ်းစိတ်ဖြာကြည့်လိုက်၏။
တန်ထျန်လုံခွန်အားကုန်သုံးလျှင်တောင် သူက အသာအယာကိုင်တွယ်နိုင်၏။
သူ့ကိုဂိုဏ်းထဲမှထုတ်ပယ်ဖို့က မလွယ်ပေ။
တိန်! တိန်! တိန်!
ထိုအခိုက်အတန့်၌....
ခန်းမကြီး၏ဆင့်ခေါ်ခေါင်းလောင်း မြည်လာခဲ့သည်။
ဂျန်ဖန်းတွက်ချက်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွား၏။
"တာဝန်တွေပေးဖို့ လကုန်ရက်လည်းမရောက်သေးပါဘူး။ ဆရာက လူတိုင်းကို ဘာလို့ဆင့်ခေါ်နေတာလဲမသိဘူး...."
ထိုအချိန်မှာပဲ လျိုချင်းရှန်အသံ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။
"ဂျန်ဖန်း, ဂျန်ဖန်း, မြန်မြန်။ မြင့်မြတ်အကြီးအကဲက တပည့်တွေအကုန်လုံးကို ဆင့်နေတယ်...."
ဂျန်ဖန်း တက်ကြွသွား၏။
မကြာသေးခင်၌ သူက အခြားတောင်ထိပ် မြင့်မြတ်အကြီးအကဲတွေနှင့်သာတွေ့ခဲ့ရ၏။
သူတို့ကိုယ်ပိုင်တောင်ထိပ်၏မြင့်မြတ်အကြီးအကဲက နောက်ဆုံးမှာတော့ ကိုယ်ထင်ပြလာပြီပင်။
ဤအရာက သူအား အတော်လေးလုံခြုံသည့်ခံစားချက်ကို ပေးစွမ်းနေ၏။
သူကအလျှင်အမြန်ပဲ သပ်ရပ်အောင်လုပ်ပြီး ထွက်လာခဲ့သည်။
မြင့်မြတ်အကြီးအကဲ၏ အသွင်အပြင်ကို မြင်ရဖို့ စိတ်အားထက်သန်နေခဲ့၏။