← Chapters

ထူးဆန်းသောမိန်းခလေး

Vol. 13 Ch. 185

ထူးဆန်းသောမိန်းခလေး

Vol. 13 Ch. 185

အစောင့်သုံးယောက်ပါးစပ်တွေတွန့်လိမ်သွား၏။

'ခင်ဗျားက စိတ်ရှည်တယ်?....'

'တိိမ်စိမ်းဂိုဏ်းတစ်ခုလုံးမှာ ခင်ဗျားထက်စိတ်မရှည်တဲ့လူ ရှိသေးလို့လား....'

သို့ပေမယ့် ဝမ်ဟုန်ယောင်က မြင့်မြတ်အကြီးအကဲချင်ရှေ့၌ သူမကိုယ်သူမ စိတ်ရှည်သည်ဟု ပြောနေသည်ဖြစ်၍ ထိုမြင့်မြတ်အကြီးအကဲ ဘယ်လောက် ဒေါသကြီးလဲဆိုတာ ပြနေ၏။

"အကြီးအကဲဝမ်ကိုတင်ပြပါတယ်, တပည့်တစ်ယောက်ပဲ အထဲဝင်သွားတာပါ...."

ဝမ်ဟုန်ယောင်၏အိုမင်းသည့်မျက်နှာ တွန့်လိမ်သွား၏။

"ဒါဆိုလည်း အဲ့ဒီတပည့်ကို ကိုယ့်အားကိုယ် ကိုးခိုင်းရတော့မှာပဲ...."

ဆေးဥယျာဥ်ထဲ၌....

ဂျန်ဖန်း အဆင့်မြင့်ဆေးဥယျာဥ်ကို တည့်တည့်မတ်မတ်ပဲသွားလိုက်သည်။

တစ်ခါကသူလိုချင်ခဲ့သည့်ဆေးပင်တွေ သူ့ရှေ့မှာ စိမ်းလန်းစိုပြေစွာ ကြီးထွားနေခဲ့သည်။

သူက ထိုအရာတွေကို စိတ်ကြိုက်ခူးယူနိုင်၏။

"အာနိသင်ကောင်းတဲ့ကုသဆေးက အဆင့်သုံးစိတ်ဝိညာဥ်ဆေးလုံးဖြစ်တဲ့ ပြန်လည်ကုသဆေးပဲ..."

ပြင်ပဒဏ်ရာတွေအတွက် ထိုဆေးလုံးက ချက်ချင်းသွေးတိတ်အောင်လုပ်နိုင်၏။ ကျိုးသွားတဲ့အရိုးတွေကိုလည်း နေ့ဝက်အတွင်းပြန်ကောင်းစေနိုင်ပြီး အတွင်းဒဏ်ရာအတွက်တော့ သောက်လိုက်တာနဲ့ ချက်ချင်းပြောက်ကင်းနိုင်တာပဲဖြစ်သည်။

အာနိသင်က ထိပ်တန်းမဟုတ်ပေမယ့်, တိုက်ပွဲပတ်ဝန်းကျင်တွေအတွက် စံပြဆေးလုံးတစ်မျိုးပင်။

ဆေးဖော်စပ်မည့်အစီအစဥ်တွေပြင်ဆင်ပြီးနောက် သူက ဆေးညွှန်းကို စဥ်းစားလိုက်၏။

"နဂါးမုတ်ဆိတ်မြက်၊ အစင်းသုံးကြောင်းသစ်သီး၊ နှစ်တစ်ရာသက်တမ်းရှိပိုစာသစ်ပင်အခေါက်...."

ရေရွတ်လိုက်ပြီး ရှာလိုက်သည်။

ရုတ်တရက် သူ့မျက်လုံးထောင့်မှ လူတစ်ရပ်စာလောက်မြင့်သည့် နဂါးမုတ်ဆိတ်မြက်တစ်အုပ်ကို တွေ့လိုက်သည်။

၎င်းတို့က အဖြူရောင်မုတ််ဆိတ်တွေနှင့်တူပြီး အစုအဝေးလိုက်ရှိနေကာ လေထဲမှာ ယိမ်းနွဲ့နေကြ၏။

သူက ချဥ်းကပ်သွား၏။

တူးဖော်မည့်ကိရိယာကိုမထုတ်ယူခင် မမျှော်လင့်ထားသည့်အေးစက်သည့်နှာမှုတ်သံတစ်ခု သူ့နောက်မှာ ထွက်ပေါ်လာ၏။

"နဂါးမုတ်ဆိတ်မြက်ခူးဖို့ နင့်ကို ဘယ်သူက ခွင့်ပြုချက်ပေးလိုက်တာလဲ။ ဒါက အတော်လေး နူးညံ့တယ်။ စီနီယာတွေလမ်းညွှန်မှုအောက်မှာပဲ ခူးယူနိုင်မှာ...."

ဂျန်ဖန်း ရုတ်တရက် ထိတ်လန့်သွား၏။

သူက သူ့ကျင့်ကြံရေးကို အတော်အသင့်ကောင်းသည်ဟုယူဆထားပြီး နားလည်နိုင်စွမ်းက သာမန်လူတွေထက် အဆများစွာ ပိုသာ၏။

သို့ပေမယ့် သူ့အနား တစ်စုံတစ်ယောက်ချဉ်းကပ်လာတာ လုံးဝသတိမထားမိပေ။

လှည့်ကြည့်လိုက်သည့်အခါ နောက်မှာ ဘယ်သူမှရှိမနေပေ။

သူ့ဦးရေပြားထုန်ကျင်သွား၏။

"သရဲလား...."

တစ်စုံတစ်ခု သူ့ခြေထောက်ကို အပြင်းအထန်တက်မနင်းလိုက်ခင်ထိပင်။

"နင် ဘယ်ကြည့်နေတာလဲ...."

အသံက အောက်မှထွက်ပေါ်လာခဲ့သည်။

ဂျန်ဖန်း ငုံ့ကြည့်လိုက်သည့်အခါ ကလေးမလေးတစ်ယောက်ကိုမြင်လိုက်၏။ အရပ်အားဖြင့် ၄ ပေလောက်ရှည်ကာ သူ့ကို ပါးဖောင်းဖောင်းလေးတွေဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမက အသက် ၆ နှစ်ဝန်းကျင်လောက်သာ ပုံပေါ်၏။

မျက်နှာက ကြွေရုပ်လေးကဲ့သို့ ချစ်စရာကောင်းပြီး နူးညံ့သည့်အသားအရည်က တိလိုက်ရုံနှင့် စုတ်ပြဲသွားတော့မည့်အတိုင်းပင်။

သူမအသံက နူးညံ့ပြီး ကလေးဆန်လှသော်လည်း ဝတ်ဆင်ထားပုံက လူကြီးဆန်၏။

ဤကဲ့သို့ချစ်စရာကောင်းသည့်ကလေးမလေးက ပိတ်ကြမ်းအင်္ကျီကိုဝတ်ဆင်ထားပြီး ဆံပင်ပုံစံက အရွယ်ရောက်မိန်းမကြီးတစ်ယောက်၏ ရှေးဟောင်းပုံစံဆံထုံးကြီးထုံးထား၏။

"ကလေးမလေး, မင်းမိဘတွေကော..."

ဂျန်ဖန်း ဒူးထောက်ထိုင်ချလိုက်ပြီး ရုတ်တရက်ပေါ်လာသည့်မိန်းခလေးကို သိချင်စွာဖြင့် မေးလိုက်သည်။

ဤလောက်ချစ််စရာကောင်းသည့်ကလေးမလေးတစ်ယောက်က ဘယ်လိုလုပ် ဆေးဥယျာဥ်ထဲမှာရှိနေရသနည်း။

သူမကိုအုပ်ထိန်းသူတွေကကော ဘယ်မှာနည်း။

ကလေးမလေးက သြဇာရှိသည့်အသံဖြင့် ပြောလိုက်သည်။

"ငါက နင့်ကိုမေးသင့်တာ။ နင့်ရဲ့ အုပ်ထိန်းသူတွေ ဘယ်မှာလဲ...."

"ဘာလို့ အဆင့်မြင့် ဆေးဥယျာဥ်မှာ ပြဿနာလာရှာနေတာလဲ..."

ပြဿနာရှာတယ်?...

ဂျန်ဖန်း ပြုံးလိုက်ပြီး ကလေးမလေးခေါင်းကို ပုတ်လိုက်သည်။

"မင်းက အသက်ငယ်သလောက်, ဒေါသကြီးတာပဲ...."

"ကြည့်ထား၊ နဂါးမုတ်ဆိတ်မြက်ဘယ်လိုခူးရမယ်ဆိုတာ မင်းကို ပြပေးမယ်....."

ကလေးမလေးက ဂျန်ဖန်းလက်ကိုရှောင်လိုက်၏။ သူမမျက်နှာက တင်းမာနေခဲ့သည်။

"နဂါးမုတ်ဆိတ်မြက်က အတော်လေးနူးညံ့တယ်...."

"နင့်ကြောင့်ပျက်စီးသွားရင်, ရိုင်းစိုင်းလို့ ငါ့ကိုအပြစ်မတင်နဲ့...."

ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်သည်။

ဤကလေးမလေးက ဘာကြောင့် လူကြီးတစ်ယောက်လိုပြောနေရသနည်း။

ထို့ပြင် အတော်လည်း ဒေါသကြီး၏။

ဘယ်မိသားစုကများ သူတို့ကလေးကို ဤလောက်ထိအလိုလိုက်ထားသနည်း။ ဤကဲ့သို့စိတ်နေစိတ်ထားမျိုးဖြစ်သွားစေခဲ့သည်။

ခေါင်းခါယမ်းလိုက်ပြီး ဂျန်ဖန်း နဂါးမုတ်ဆိတ်မြက်ကို ခူးဖို့ပြင်လိုက်၏။

ကလေးမလေးပြောသည့်အတိုင်းပင်, ဤမြက်က အလွန်အမင်းနူးညံ့လှ၏။

၎င်းက အနည်းငယ်မျှသော ညစ်ညမ်းမှုကို မခံနိုင်ပေ။

မဟုတ်ပါက ချက်ချင်း ပျက်စီးသွားမှာပဲဖြစ်သည်။

ထို့ကြောင့် သူကမခူးခင် ရေခဲပိုးမျှင်လက်အိတ်ကို ဝတ်ဆင်လိုက်ပြီး အေးစက်သည့်ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်၏။

ထို့နောက် အထူးပြုလုပ်ထားသည့်ကျောက်စိမ်းဓားတစ်ချောင်းကိုထုတ်ယူကာ အမြစ်အထက်သုံးပေမှ ဂရုတစိုက်လှီးဖြတ်လိုက်၏။

ထို့နောက် သေသေချာချာလိမ်ပြီး ကျောက်စိမ်းသေတ္တာထဲကိုထည့်လိုက်သည်။

ကလေးမလေး၏မျက်နှာပေါ်၌ အံ့အားသင့်သည့်အမူအရာ ပေါ်လာခဲ့သည်။ သူမက မနေနိုင်ပဲ အနည်းငယ်ခေါင်းညိတ်ကာ သဘောကျသည့်လက္ခဏာပြသလာ၏။

နဂါးမုတ်ဆိတ်မြက်က အလွန်ပေါ့ပါးပြီး သုံးပေါင်ရဖို့အတွက် ဂျန်ဖန်း တစ်နာရီအချိန်ယူလိုက်ရ၏။

"ဘယ်လိုလဲ, ပျက်စီးသွားတာရှိလား...."

ဂျန်ဖန်း ကျောက်စိတ်သေတ္တာပြည့် နဂါးမုတ်ဆိတ်မြက်တွေကို လှုပ်ယမ်းပြလိုက်သည်။

ကလေးမလေး မျက်လုံးလှန်လိုက်၏။

"နင့်ကိုကြည့်စမ်း, မာနကြီးပြီး ကြွားဝါနေလိုက်တာများ..."

ဂျန်ဖန်း မရယ်ပဲ မနေနိုင်ဖြစ်သွားသည်။

သူက အမှန်တကယ်ပဲ ကလေးမလေးတစ်ယောက်၏ အထင်သေးခြင်းကို ခံနေရ၏။

"ကောင်းပြီလေ, မင်းဘာသာမင်းကစားနေအုန်း။ ငါ အခြားဆေးပင်တွေ ခူးလိုက်အုန်းမယ်..."

ဤသို့ဖြင့် ဂျန်ဖန်း အစင်းသုံးကြောင်းစိတ်ဝိညာဥ်သစ်သီးဆီကို သွားလိုက်သည်။

ကလေးမလေး သူမလက်တွေကို အင်္ကျီလက်ထဲထည့်ထားပြီး နောက်ကလိုက်လာကာ ဂျန်ဖန်းကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။

သူမက ဂျန်ဖန်းအမှားလုပ်ပြီး သစ်သီးပျက်စီးသွားမှာကို စောင့်နေခြင်းပင်။

သူမ,ချင်ဝမ်ချွမ် ရှေ့မှာ ရှိူးပြရဲ၏။ သူမ ထိုကောင့်ကို လွတ်ပေးမည်မဟုတ်ပေ။

အမှန်အကန်ပင်။ သူမက တကယ်ပဲ ဆေးတောင်ထိပ်မြင့်မြတ်အကြီးအကဲ ချင်ဝမ်ချွမ်ဖြစ်၏။

သူမငယ်ငယ်က မတော်တဆစိတ်ဝိညာဥ်သစ်သီးတစ်လုံးစားမိပြီး အသွင်အပြင်က ခြောက်နှစ်အရွယ်မှာ ရပ်တန့်သွားတာဖြစ်သည်။

ဘယ်တော့မှ အသက်ကြီးမလာတော့ပဲ အမြဲတမ်း ၆နှစ်အရွယ်ကလေးမလေးအဖြစ်သာ ဖြစ်နေတော့၏။

ထိုအရာကြောင့် သူမစိတ်နေစိတ်ထားက ဆတ်ဆတ်ထိမခံပြီး ဒေါသကြီးတာပဲဖြစ်သည်။

အခြားမြင့်မြတ်အကြီးအကဲတွေအားလုံးက သူမကို ကြောက်ကြ၏။

သူမနောက်ကလိုက်လာတာကိုမြင်သည့်အခါ ဂျန်ဖန်း စိတ်ထဲမထားပေ။ သူက သစ်သီးသုံးပေါင်ခူးဖို့ အထူးနည်းတွေကို အသုံးပြုလိုက်၏။

ထို့နောက် နှစ်တစ်ရာသက်တမ်းရှိပိုးစာပင်သစ်ခေါက်ဆီသွားလိုက်သည်။

လုပ်ငန်းစဥ်တစ်ခုလုံးက ကျွမ်းကျင်တိကျနေပြီး အမှားတစ်ခုမှမရှိပေ။

ထိုအရာက ချင်ဝမ်ချွမ်းကို သဘောကျစွာခေါင်းညိတ်သွားစေ၏။

"နင်က ဘယ်တောာင်ထိပ်ရဲ့တပည့်လဲ...."

"ဒီလိုကျွမ်းကျင်တဲ့နည်းစနစ်တွေရှိတယ်ဆိုတော့ နင့်ဆရာက နင့်ကို သေချာသင်ပေးထားပုံရတယ်...."

ဂျန်ဖန်းရယ်လိုက်၏။

"ငါက ဂိုဏ်းသခင်တောင်ထိပ်တပည့်တစ်ယောက်ပါ။ နင်ကကော,ဘယ်သူ့ကလေးလဲ...."

ကလေး?....

ချင်းဝမ်ချွမ် သူ့ကို စိုက်ကြည့်လိုက်သည်။

ဤနှစ်တွေတစ်လျှောက် မရေမတွက်နိုင်သည့်လူတွေ နားလည်မှုလွဲပြီး ထိုကဲ့သို့ခေါ်ဝေါ်ခဲ့၏။

သူမက စိတ်မရှည်စွာပဲလက်ဝှေ့ယမ်းလိုက်သည်။

"ကိစ္စမရှိတော့ရင်, သွားတော့.... စိတ်ဝိညာဥ်မြက်တွေတက်နင်းမိလို့ကတော့ ငါ နင့်ခေါင်းကို ချေမွပစ်မယ်...."

ဂျန်ဖန်း မနေနိုင်ပဲ ရယ်လိုက်၏။

ဤကလေးက ဘယ်နေရာကလာသနည်း။

"ငါမှာလုပ်စရာရှိသေးတယ်။ နောက်မှပြန်မှာ..."

သူက ဆေးဥယျာဥ်၏လူအရောက်အပေါက်နည်းအသုံးမပြုသည့်အပိုင်းကို ရောက်လာခဲ့သည်။ ထို့နောက် ဆေးမီးဖိုသေးတစ်လုံးနှင့် ဆေးဖော်စပ်ကိရိယာတွေကို ထုတ်ယူလိုက်သည်။

ဆေးညွှန်းက ထိုက်ယင်ဝိညာဥ်နည်းလမ်းမှ ရတာဖြစ်ပြီး စာရေးသူက ဆေးညွှန်းကို အတည်မပြုရသေးပေ။

ထို့ကြောင့် အောင်မြင်စွာ သန့်စင်နိုင်ပါ့မလားဆိုတာ မသေချာပေ။

ဆေးဥယျာဥ်ကမထွက်ခွာခင် ကြိုးစားကြည့်တာ ပိုကောင်း၏။

ကျရှုံးခဲ့လျှင် အခြားဆေးညွှန်းပြောင်းပြီး ဆေးပင်တွေ ထပ်ခူးရမည်ပင်။

ချင်းဝမ်ယွမ်းနောက်ကလိုက်လာ၏။ သူမက ဂျန်ဖန်းကိရိယာတွေကို တစ်ချက်ကြည့်ပြီး အံ့အားသင့်စွာမေးလိုက်သည်။

"နင်က ဆေးဖော်စပ်တာကိုသိတယ်...."

"ဝိညာဥ်သခင်တစ်ယောက်လား...."

ထိုအရာက အမှန်မဖြစ်နိုင်ဘူးဟု သူမ တွေးလိုက်သည်။

တိမ်စိမ်းဂိုဏ်း၌ ဝိညာဥ်သခင်တစ်ယောက်သာရှိ၏။

သို့ပေမယ့် လွန်ခဲ့သည့်နှစ်တွေကတည်းက ဂိုဏ်းမှ ထွက်ခွာသွားပြီဖြစ်သည်။

ဘယ်လိုလုပ်ပြီး ဂိုဏ်းသခင်တောင်ထိပ်တပည့်တစ်ယောက်က ဝိညာဥ်သခင်တစ်ယောက်ဖြစ်နိုင်မည်နည်း။

"ငါက အတော်လေးအထင်ကြီးစရာကောင်းတဲ့ ဝိညာဥ်သခင်တစ်ယောက်လေ...."

ဂျန်ဖန်း ကလေးတစ်ယောက်ရှေ့၌ သူ၏အစစ်အမှန်ဘက်ခြင်းကို အယောင်ဆောင်ခြင်းမရှိပဲ ပြသခဲ့၏။

"ဟ..ဟ..."

ချင်ဝမ်ယွမ်လှောင်ပြောင်လိုက်၏။

"နင်သာဝိညာဥ်သခင်ဆိုရင် ငါ ကျွမ်းထိုးပြမယ်...."

ဂျန်ဖန်းရယ်လိုက်သည်။

"မင်းပြောတာနော်...."

ထို့နောက် ချက်ချင်းပဲ အဓိကပါဝင်ပစ္စည်းသုံးမျိုးနှင့် အခြားအရံပစ္စည်းများစွာကို ထုတ်ယူလိုက်၏။

သူက နေရာပဲ ချက်ချင်း ဆေးဖော်စပ်တော့၏။

သန့်စင်ခြင်းမှစပြီး မီးဖိုးထဲထည့်ခြင်း၊ အပူထိန်းချုပ်ခြင်း၊ ဆေးလုံးပေါင်းစပ်ခြင်း၊ လုပ်ငန်းစဥ်အားလုံးက လျှင်မြန် တိကျနေခဲ့သည်။

ချင်ဝမ်ချွမ်မျက်လုံးတွေပြူးကျယ်နေပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

"သူက တကယ်ကို ဝိညာဥ်သခင်ပဲ..."

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

ဝိညာဥ်သခင်တစ်ယောက်က အကြီးအကဲတစ်ယောက်နှင့်တူညီသည့်အဆင့်အတန်းရှိ၏။

ဘယ်လိုလုပ်ပြီး လျိုဝူချန်းလက်အောက်က တပည့်တစ်ယောက် ဖြစ်နိုင်မည်နည်း။

လျိုဝူချန်း ရူးသွားသည်လား....

ဝိညာဥ်သခင်တစ်ယောက်ကို ဤကဲ့သို့ဆက်ဆံနေခဲ့သည်။

"ဖြစ်နိုင်တာ သူက စဦးဝိညာဥ်သခင်ဖြစ်လောက်တယ်။ တစ်ယောက်တည်းရပ်တည်ဖို့ အရည်အချင်းမပြည့်မှီလောက်ဘူး...."

ထိုအရာကိုတွေးပြီး ချင်းဝမ်ချွမ် ဖြစ်နိုင်ချေရှိသည်ဟု ထင်လိုက်၏။

မဟုတ်လျှင် လျိုဝူချန်း ခေါင်းထဲရေဝင်နေတာပဲဖြစ်ရမည်ပင်။

"အထင်းကြီးစရာကောင်းသားပဲ။ ဒါပေမယ့် စဦးဝိညာဥ်သခင်တစ်ယောက်ပါပဲ..."

ချင်းဝမ်ယွမ် ချေငံစွာကြည့်လိုက်သည်။

"စဦးဝိညာဥ်သခင်တစ်ယောက်ထုတ်တဲ့ဆေးက ဘယ်လိုအရည်အသွေးရှိလဲကြည့်ရတာပေါ့....."

စဦးဝိညာဥ်သခင်?...

ငါကလေ...

ဂျန်ဖန်းရယ်လိုက်ပြီး ချက်ချင်းပဲ ဆေးမိဖိုကို ဖွင့်လိုက်သည်။

All Chapters