ရက်တစ်ထောင်ကျွေးမွေးထားသည့်စစ်သည်အားအသုံးပြုခြင်း
Vol. 13 Ch. 195
"စီနီယာအကိုဂျန်, မင်းအပြင်ထွက်ပြီး ခဏပုန်းအောင်းနေသင့်တယ်...."
အပြင်စည်းတပည့် အကြံပေးလိုက်သည်။
"ကိစ္စတွေတည်ငြိမ်သွားမှ ပြန်လာခဲ့လိုက်ပါ..."
"မင်းကိုရှာတွေ့သွားရင် ဧရာမဂိုဏ်းအကြီအကဲက အလွတ်ပေးမှာမဟုတ်ဘူး..."
ဂျန်ဖန်း သူ့ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ဧရာမဂိုဏ်းလိုချင်နေတာ ငါ့ကိုပဲမဟုတ်ဘူး...."
"သူတို့က သူတို့အာဏာကိုထူထောင်ချင်နေတာ။ ဂိုဏ်း ၉ ဂိုဏ်းကို ခြိမ်းခြောက်တဲ့အနေနဲ့ပေါ့...."
"သူတို့သာငါ့ကိုရှာမတွေ့ရင် အခြားပြင်းထန်တဲ့တောင်းဆိုမှုတွေ တောင်းဆိုလိမ့်မယ်....."
အပြင်စည်းတပည့် ရုတ်တရက် နားလည်သွား၏။
သူက ချက်ချင်းပဲ မချိပြုံးပြုံးလိုက်သည်။
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ...."
"သူလက်ထဲက အဲ့ကျောက်စိမ်းတံဆိပ်နဲ့ဆို တိမ်စိမ်းဂိုဏ်းက သူတို့ပြုသမျှနုရမှာပဲ...."
ဂျန်ဖန်း အပြင်းအထန်မျက်မှောင်ကြုတ်သွား၏။
ဟုတ်ပေသည်။
ပြဿနာက ထိုသန္ဓေသားကျောက်စိမ်းတံဆိပ်ပင်။
ထိုအရာရှိနေသရွေ့ ဧရာမဂိုဏ်းက တစ်ရက်ထက်တစ်ရက်ပိုပြီး ဗိုလ်ကျလာမှာပဲဖြစ်သည်။
သူတို့က ယနေ့မှာ တိမ်စိမ်းဂိုဏ်းကို ပြဿနာမရှာလျှင်တောင် အနာဂတ်မှာ လုပ်လာမှာ အသေအချာပင်။
"ဟူး... ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ရူးသွားတာလားမသိဘူး။ ဒီလိုအန္တရာယ်ရှိတဲ့ပစ္စည်းမျိုးကို ထုတ်ပေးလိုက်တယ်...."
အပြင်စည်းတပည့် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
"ငါတို့သာ အဲ့ကျောက်စိမ်းတံဆိပ်ကို ခိုးနိုင်ရင် ဧရာမဂိုဏ်း အရမ်းကာရောလုပ်ရဲမှာမဟုတ်ဘူး...."
"ဒါပေမယ့် ဘယ်သူကခိုးရဲမှာလဲ...."
ဟမ်?...
ဂျန်ဖန်းမျက်လုံးတွေ ရုတ်တရက်ပြူးကျယ်သွားပြီး အတွေးတစ်ခု သူစိတ်ထဲမှာ ပေါ်လာခဲ့သည်။
သေသေချာချာတွေးပြီးနောက် ထိုအရာက အတော်လေးဖြစ်နိုင်ချေရှိ၏။
"ခိုးတာကခက်ခဲတယ်ဆိုပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ဘူး...."
သူက အလျှင်အမြန်ပဲ တောင်ထိပ်သို့အပြေးပြန်ကာ သူ့နေအိမ်ကို သွားလိုက်သည်။
ဤအချိန်၌ ချီလင်းလေးက အမွေးထူစောင်တစ်ခုပေါ်မှာ အိပ်ပျော်နေခဲ့သည်။
၎င်းက စိတ်ဝိညာဥ်ဆေးများစွာကို ဆုပ်ကိုင်ထားပြီး ဆေးတစ်ပင်၏တစ်ဝက်က ၎င်းပါးစပ်ထဲမှာရှိနေခဲ့သည်။
ရံဖန်ရံခါ ၎င်းပါးစပ်က လှုပ်နေပြီး ကိုက်ဝါးသံတွေထွက်ပေါ်နေခဲ့သည်။
ဂျန်ဖန်း မျှော်လင့်ထားပြီးသည့် အမူအရာပြသလာ၏။
"ရက်တစ်ထောင်လောက်ပြုစုပျိုးထောင်ထားတဲ့စစ်သားကို အသုံးပြုဖို့အချိန်ရောက်ပြီ...."
"မင်းက ငါ့ရဲ့ စိတ်ဝိညာဥ်ဆေးလုံးတွေနဲ့ ဆေးပင်တွေအများကြီးစားထားပြီးပြီ။ အခု အလုပ်ပြန်လုပ်ပေးရမယ့်အချိန်ရောက်ပြီ...."
သူက ချီလင်းလေးအမှီးကိုကိုင်ကာ လေထဲမှာ လွဲယမ်းလိုက်၏။
ချီလင်းလေး အိမ်မှုန်စဝါးဖြင့်နှိုးလာပြီး ၎င်းခြေလက်တွေကို မကျေနပ်သည့်အမူအရာဖြင့် ခါယမ်းနေခဲ့သည်။
"စိတ်တိုလိုက်တာ။ ငါက စားသောက်စရာတွေ အများ, အများကြီးကိုအိမ်မက်နေတာ..."
"သခင့်ကြောင့် အားလုံးပျက်စီးသွားပြီ...."
၎င်းက မကျေနပ်မှုကို ဖော်ပြလိုက်သည်။
ဂျန်ဖန်းရယ်လိုက်ပြီး ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ထုတ်ယူလိုက်သည်။
"သခင်က မင်းရဲအိမ်မက်တွေအမှန်တကယ်ဖြစ်လာအောင် လုပ်ပေးမယ်....."
အစကတော့ ချီလင်းလေး ဂရုမစိုက်ပ။
သို့ပေမယ့် ဆေးလုံးရနံ့ကိုရပြီနောက် ၎င်းမျက်လုံးတွေတောက်ပလာပြီး လက်ထဲရှိ ဆေးပင်တွေကို လွင့်ပစ်လိုက်သည်။
"သခင်, ငါ့ကိုပေးပါ။ ငါ့ကိုပေးပါနော်...."
သို့ပေမယ့် ဂျန်ဖန်း သူ့လက်ကိုပိတ်လိုက်ပြီး ဆေးလုံးကိုသိမ်းလိုက်သည်။
ထိုအရာက ချီလင်းလေးကို စိုးရိမ်သွားစေပြီး မရပ်မနား သူ့ပတ်လည်မှာပြေးနေခဲ့၏။
အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံး၏ဆွဲဆောင်မှုက သာမန်စိတ်ဝိညာဥ်ဆေးတွေထက် အဆများစွာ ပိုသန်မာ၏။
ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်သည်။
"မင်းစားချင်ရင် ငါ့အတွက် တစ်ခုခုခိုးပေးရမယ်..."
"ငါ့အတွက်ခိုးပေးရင်း, မင်းဒီဆေးလုံးကို ရမယ်...."
ချီလင်းလေး ခေါင်းညိတ်လိုက်၏။ ထို့နောက် စိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်လိုက်သည်။
"ဒါပေမယ့် သခင်, လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းငါ့ကိုမပြောခဲ့ဘူးလား။ နောက်မခိုးရတော့ဘူးဆို...."
"အခုကျ ဘာလို့ ခိုးခိုင်းတာလဲ...."
ဂျန်ဖန်း ရှက်သွားပြီး တည်ကြည်သည့်မျက်နှာဖြင့် ပြောလိုက်သည်။
"ယဥ်ကျေးတဲ့လူတစ်ယောက်ခိုးတဲ့အခါ အဲ့တာကိုခိုးတာလို့ခေါ်နိုင်သေးလို့လား...."
"ယူတယ်လို့ခေါ်တယ်...."
"ငါ့ကို ကျောက်စိမ်းတံဆိပ်တစ်ခုရအောင်ကူညီပေး, အဲ့တာကို ကျောက်စိမ်းသေတ္တာထဲမှာ ချိပ်ပိတ်ထားတယ်...."
"ငါမင်းကို အဲ့ဒါ တိတ်တဆိတ်ယူစေချင်တယ်။ မင်းလုပ်နိုင်မလား...."
သူက အနည်းငယ်စိုးရိမ်နေ၏။
အဆုံးမှာတော့ ချီလင်းလေးက နေရာပဲကူးပြောင်းနိုင်တာဖြစ်သည်။
သို့ပေမယ့် ကျောက်စိမ်းသေတ္တာက ကျဥ်းမြောင်းပြီး ချီလင်းလေးအမှန်တကယ်ကို ဝဝကစ်ကစ်လေးပင်။
အထဲသာမဝင်နိုင်လျှင် ပြဿနာပင်။
သို့ပေမယ့် ချီလင်းလေးက မတွေဝေပဲ ခေါင်းညိတ်လိုက်၏။
"အလွယ်လေးပါ...."
ထိုအရာကိုတွေးပြီး ၎င်းကချက်ချင်း သရုပ်ပြလိုက်၏။
မတ်တပ်ရပ်နေရင်းဖြင့် အနီးနားရှိ စိတ်ဝိညာဥ်ဆေးပင်ဆီကို ပါးစပ်ဟပြလိုက်သည်။
နောက်တစ်ခဏ၌...
စိတ်ဝိညာဥ်ဆေးပင် ရုတ်တရက် ပျောက်ကွယ်သွားပြီး ချီလင်းလေးပါးစပ်ထဲမှာ ပေါ်လာခဲ့သည်။
ဂျန်ဖန်း ကြောင်အသွား၏။
"မင်းက ပစ္စည်းတွေကို လေဟာနယ်ထဲကနေ ယူနိုင်တာလား...."
သူက ဒါကို အရင်က ဘယ်လိုလုပ် သတိမထားမိရသနည်း။
ချီလင်းလေး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ငါ သဘောပေါက်သွားတယ်လေ။ လက်တွေသုံးပြီး ပါးစပ်ထဲထည့်ရတာ အရမ်းပင်ပန်းတယ်..."
"လှဲနေရင်းနဲ့ ပါးစပ်ထဲအလိုလိုရောက်လာတာ ပိုသက်တောင့်သက်သာရှိတယ်..."
"ဒါနဲ့ပဲ ဒါကို သင်လိုက်တာ..."
ဂျန်ဖန်း ဆွံ့အသွား၏။
တစ်ခဏ သူက ထိုကောင်ကို အရမ်းပျင်းသည့်အတွက် ဆူရမလား ဒါမှမဟုတ် အားကောင်းလှသည့်လေဟာနယ်ပါရမီကြောင့် ချီးကျူးရမလားဆိုတာ မသိတော့ပေ။
သို့ပေမယ့် ထိုအရာက ဂျန်ဖန်း စိုးရိမ်တာကို ဖြေရှင်းပေးခဲ့၏။
ပစ္စည်းတွေကို လေဟာနယ်တစ်လျှောက်ယူနိုင်သည့် ထိုစွမ်းရည်နှင့်ဆိုလျှင် ကျောက်စိမ်းတံဆိပ်ယူတာကမခက်တော့ပေ။
"ဒါနဲ့, ကန့်သတ်ချက်တော့ ရှိတယ်မလား...."
သိချင်စွာဖြင့် ဂျန်ဖန်း မေးလိုက်သည်။
ဘယ်လောက်နတ်ဘုရားဆန်သည့်လေဟာနယ်စွမ်းရည်မျိုးဖြစ်ပါစေ အကန့်အသတ်တော့ရှိရမည်ပင်။
သေချာပေါက်ပင်၊ ချီလင်းလေက မိုင်ထောင်ချီဝေးသည့် ဧရာမဂိုဏ်းမှပစ္စည်းတစ်ခုကို တိမ်စိမ်းဂိုဏ်းမှ လှမ်းမယူနိုင်ပေ။
ချီလင်းလေး ခေါင်းညိတ်လိုက်၏။
"ဆယ်ပေအတွင်းပဲ..."
မျှော်လင့်ထားသည့်အတိုင်းပင်။
ကံကောင်းစွာဖြင့် သူရှင်းရှင်းလင်းမေးထားလို့ပင်။ မဟုတ်လို့ ခိုးယူမှုကျရှုံးခဲ့လျှင် တစ်ဖက်လူကို အသိပေးလိုက်သလိုဖြစ်မည်ပဲဖြစ်သည်။
ထို့ကြောင့် ဂျန်ဖန်း အိတ်အလွတ်တစ်လုံးကို ကောက်ကာ သူ့ခါးမှာ ချည်ထားလိုက်သည်။
"အထဲဝင်ပုန်းနေလိုက်...."
"နောက်မှ ငါ အဲ့ကျောက်စိမ်းသေတ္တာနဲ့ ဆယ်ပေအတွင်းရောက်ဖို့ နည်းလမ်းရှာလိုက်မယ်...."
"မင်းက ကျောက်စိမ်းတံဆိပ်ကို ဒီအိတ်ထဲခိုးလာခဲ့...."
ချီလင်းလေး နာခံစွာဖြင့် အိတ်ထဲ ဝင်သွားခဲ့သည်။
"သခင်, စိတ်ချလက်ချနဲ့ ငါကိုသာ လွဲထားလိုက်စမ်းပါ...."
ဂိုဏ်းသခင်ခန်းမ၌...
လျိုဝူချန်းမျက်နှာ ဒေါသကြောင့် အစိမ်းရောင်ပြောင်းနေခဲ့သည်။
"တိုင်းပုပိုင်, မင်းအရမ်းလွန်လာပြီနော်...."
တိုင်ပုပိုင်က အသက် ၆၀ ကျော် လူကြီးတစ်ယောက်ဖြစ်၏။
ကြီးမားတုတ်ခိုင်သည့် သူ့ခန္ဓာကိုယ်က သံမဏိကဲ့သို့ကြမ်းတမ်းသည့်အော်ရာကိုထုတ်လွတ်နေခဲ့သည်။
သို့ပေမယ့် ဤကဲ့သို့ ခန္ဓာကိုယ်ကြီးပြီး ထွားထွားကြိုင်းကြိုင်းလူကြီးဖြစ်သော်လည်း အလွန်ကလိမ်ကကျစ်ကြပြီး ဉာဏ်များသည့် ထင်မြင်ချက်ကို ပေးစွမ်းနေ၏။
သူက ကျေနပ်ပေါ့ပါးစွာဖြင့် ခြေချိတ်ထိုင်နေပြီး လျိုဝူချန်းပြစ်တင်ပြောဆိုနေတာကို နားထောင်နေခဲ့သည်။
သူက အပြုံးတစ်ခုဖြင့် လက်ဆန့်ထုတ်ကာ ကျောက်စိမ်းသေတ္တာကို လက်ဖြင့်ပုတ်ပြလိုက်သည်။
"ဂိုဏ်းချုပ်လျို, မင်းလေသံကိုသတိထားပါ..."
လျိုဝူချန်း ဒေါသထွက်သွား၏။
အကြီးအကဲတစ်ယောက်က သူ့ကို ဤပုံစံဖြင့် စကားပြောရဲသည်လား....
အတော်ရဲတင်းလှ၏။
သို့ပေမယ့် တစ်ဖက်လူရင်ခွင်ထဲရှိ ကျောက်စိမ်းသေတ္တာကိုကြည့်ပြီး သူ့ဒေါသကိုဖိနှိပ်ကာ ပြတ်ပြတ်သားသားပြောလိုက်သည်။'
"ဂျန်ဖန်းကိုလက်လွဲပေးဖို့က လုံးဝမဖြစ်နိုင်ဘူး...."
သူက ဂျန်ဖန်းကို သဘောမကျပေမယ့် ပြောရလျှင် ဂျန်ဖန်းက ဂိုဏ်းဂုဏ်သိက္ခာအတွက် ကောင်းဝူရွမ်းကို ဒဏ်ရာရစေခဲ့တာဖြစ်သည်။
ထို့ပြင် သူ့တပည့်လည်းဖြစ်၏။
ထို့ကြောင့် ဧရာမဂိုဏ်းကို လွဲပေးဖို့က မဖြစ်နိုင်ပေ။
တိုင်ပုပိုင် မျက်လုံးမှေးပြီး ပြောလိုက်သည်။
"အို?, ဒါဆို တိမ်စိမ်းဂိုဏ်းက သန္ဓေသားတံဆိပ်ရဲ့စွမ်းအားကို ခံစားကြည့်ချင်တာလား...."
လျိုဝူချန်းမျက်နှာ အေးစက်နေဆဲဖြစ်ပြီး ပြန်ပြောလိုက်သည်။
"မင်းစမ်းကြည့်နိုင်တယ်...."
"ငါသေသွားရင်တောင် အနည်းဆုံး မင်း တိမ်စိမ်းဂိုဏ်းကနေ အသက်ရှင်လျက်ထွက်သွားနိုင်မှာမဟုတ်ဘူး...."
တိုင်းပုပိုင်မျက်ခုံးတွေ တွန့်လိမ်သွား၏။
သန္ဓေသားတံဆိပ်၏ခြိမ်းခြောက်နိုင်စွမ်းက အမှန်တကယ်သုံးလိုက်တာထက် အများကြီးပို၏။
တစ်ဖက်လူကို မခြိမ်ခြောက်နိုင်လျှင် ၎င်းအကျိုးသက်ရောက်မှု အကြီးအကျယ်လျော့ကျသွားမည်ပင်။
သို့ပေမယ့် လျိုဝူချန်း မကြောက်လျှင်တောင် အခြားအကြီးအကဲတွေတော့ မဆိုလိုပေ။
တိုင်ပုပိုင် ပတ်ဝန်းကျင်ရှိ တည်ငြိမ်သည့်မျက်နှာတွေနှင့် အကြီးအကဲတွေကို ကြည့်ပြီး ဖြေးညင်းစွာပြောလိုက်သည်။
"ငါက ဒါကို ဂိုဏ်းချုပ်လျိုအပေါ်မှာ သုံးမယ်လို့ ဘယ်သူပြောလဲ...."
"မင်းတို့မဟာအကြီးအကဲအပေါ်သုံးမယ်၊ ဒါမှမဟုတ် ဆေးတောင်ထိပ်သခင် ဒါမှမဟုတ် မြင့်မြတ်အကြီးအကဲတွေ ငါကြိုက်တဲ့ဆီသုံးနိုင်တာပဲ...."
"ကျောက်စိမ်းတံဆိပ်နဲ့ဆို ငါကြိုက်တဲ့သူကို သတ်နိုင်တယ်..."
ထိုအရာကို ကြားသည့်အခါ....
အကြီးအကဲတွေ မျက်လုံးတွေ တွန့်လိမ်သွားပြီး ကြောက်ရွံ့သွားကြသည်။
ဖုန်းဂုချန်း စားပွဲကို ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"ဂိုဏ်းချုပ်, မင်းက အသုံးမကျတဲ့လူတစ်ယောက်အတွက် ဂိုဏ်းအကြီးအကဲတွေအားလုံးရဲ့အသက်ကို စတေးမလို့လား...."
"ပြဿနာက ဂျန်ဖန်းကြောင့် ဖြစ်တာလေ။ အကျိုးဆက်ကို သူခံသင့်တာပေါ့...."
လျိုဝူချန်း ချက်ချင်း ဒေါသထွက်သွား၏။
"မင်းဘယ်လိုတောင်ပြောရဲတာလဲ...."
"မင်းက ဘာလို့ သေန္ဓသားကျောက်စိမ်းတံဆိပ်ကို လေလံမဆွဲခဲ့တာလဲ..."
"ငါတို့တိမ်စိမ်းဂိုဏ်းက သလင်းကျောက်နှစ်သန်းကို မတတ်နိုင်ဘူးလား...."
ဖုန်းဂုချန်း တိတ်ဆိတ်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရ၏။
သူ့အတ္တကြောင့်သာမဟုတ်လျှင် တိမ်စိမ်းဂိုဏ်း အခုလို အခက်တွေ့နေမှာမဟုတ်ပေ။
တိုင်ပုပိုင်နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွားပြီး အသံက သက်သာယာရသွား၏။
"ဒါပေါ့, ငါ, တိုင်ပုပိုင်က ကျိုးကြောင်းမဆီလျော်တဲ့လူမဟုတ်ပါဘူး...."
"မင်းတို့ တကယ်ပဲ ဂျန်ဖန်းကို လက်လွဲမပေးချင်ဘူးဆိုရင် လျှော်ကြေးအနေနဲ့ သလင်းကျောက် ငါးသိန်းပေးလိုက်...."
ထိုအရာက သူ၏ အမှန်တကယ် ရည်ရွယ်ချက်ပင်။
သူတို့ ဂျန်ဖန်းကို လွဲပေးတာ မလွဲပေးတာက အရေးမကြီးပေ။
ကောင်းဝူရွမ်းသတိမေ့နေတာ ဂျန်ဖန်းကြောင့်မဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိ၏။
အဓိကက အာဏာထူထောင်ပြီး ခြိမ်းခြောက်ငွေညှစ်ဖို့ပင်။
လျိုဝူချန်း ဒေါသထွက်လာ၏။
"မင်းဟာသပြောနေတာလား။ သလင်းကျောက်ငါးသိန်း, ဟုတ်လား...."
တိမ်စိမ်းဂိုဏ်းအတွက် သလင်းကျောက်ငါးသိန်းက အလွန်များသည့်ပမာဏပင်။
ထို့ပြင် ထိုအရာက ခြိမ်းခြောက် ငွေညှစ်နေတာဖြစ်၏။
ဤကဲ့သို့ အစော်ကားခံရမှုကို မည်သူက သည်းခံနိုင်မည်နည်း။
အခြားအကြီးအကဲတွေလည်း ဒေါသတကြီးကြည့်လိုက်ကြပြီး အပြင်းအထန်ငြင်းဆန်လိုက်ကြ၏။
တိုင်ပုပိုင် ကျောက်စိိမ်းသေတ္တာကို နောက်တစ်ကြိမ်ကိုင်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"သလင်းကျောက်ငါးသိန်း ဒါမှမဟုတ် ဂျန်ဖန်း...."
"မင်းတို့ဆုံးဖြတ်ပါ..."
တစ်ဝက်လောက် တိတ်သွား၏။
သူတို့က စတင်တိုင်ပင်လာကြသည်။
သို့ပေမယ့် ရုတ်တရက် ရှင်းလင်းပြတ်သားသည့်အသံတစ်ခု ခန်းမအပြင်မှ ထွက်ပေါ်လာခဲ့သည်။
"ရွေးချယ်ဖို့မလိုပါဘူး...."
"ငါရောက်လာပြီ...."