← Chapters

ပေါ်သွားခြင်း

Vol. 13 Ch. 183

ပေါ်သွားခြင်း

Vol. 13 Ch. 183

နံပါတ်စဥ်အရ....

ပထမဦးဆုံးရှေ့ထွက်ရမည့်သူက နံပါတ်တစ်နေရာမှလျိုချင်းရှန်ပင်။

သူမက မတ်တပ်ရပ်ပြီးနောက် ပထမဦးစွာ နောက်ဆုံးတန်းရှိဂျန်ဖန်းကို လှည့်ကြည့်လိုက်သည်။

သူမမျက်နှာက သံသယတွေအပြည့်ပင်။

မျက်နှာလေဖြတ်နေတယ်?

စောနကပင် ရယ်မောစကားပြောနေသည်မဟုတ်လား....

ထိုကောင်ဘာလုပ်ဖို့ကြိုးစားနေသနည်း။

သူမသံသယတွေကိုဖိနှိပ်ကာ သရုပ်ဖော်မှုကို စတင်လိုက်၏။

အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်နှင့် ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်း ၏ စွမ်းအားက ရှိနေသည့်တပည့်အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ကျွမ်းယွမ်ယင် မျက်နှာမှာလည်း ရိုးသားသည့်အပြုံးတစ်ခု ရှိနေ၏။

"ဝူချန်း, မင်းက ထူးချွန်တဲ့သမီးတစ်ယောက်ကို ပျိုးထောင်ပေးခဲ့တာပဲ..."

"နောက်တောင်ထိပ်သခင်က သေချာပေါက် သူမပဲ..."

သူက အတော်လေးရက်ရော၏။

ချက်ချင်းပဲ ကျင့်ကြံရေးစာလိပ်တစ်ခုထုတ်ကာ ပေးလိုက်သည်။

"ဒါက သိမ်မွေ့အဆင့်မြင့် ကျင့်စဥ်နည်းလမ်းပဲ။ မင်းကိုပေးတာ...."

ခန်းမထဲရှိတပည့်အားလုံး တုန်လှုပ်သွား၏။

သိမ်မွေ့အဆင့်မြင့်နည်းစနစ်က တိမ်စိမ်းဂိုဏ်းတစ်ခုလုံးမှာတောင် အတော်ရှား၏။

ထိုကျင့်စဥ်နည်းလမ်း(စိတ်ဝိညာဥ်နည်းလမ်း)က ဂိုဏ်းချုပ်သာလေ့ကျင့်နိုင်သည့် အရာဖြစ်၏။

မဟာအကြီးအကဲက ထိတ်လန့်အံ့သြဖွယ်ကောင်းသော်လည်း ဤကျင့်စဥ်နည်းစနစ်ကို ထိတွေ့ရဖို့အရည်အချင်းမရှိပေ။ ထိုအရာက အစဥ်အလာအားဖြင့် ဂိုဏ်းချုပ်တွေသာ လေ့ကျင့်နိုင်၏။

ကျွမ်းယွမ်ဝေ ထိုကျင့်စဥ်နည်းလမ်းကို လျိုချင်းရှန်အားပေးတာက သူ့ရည်ရွယ်ချက်ကို ဖော်ပြနေတာပဲဖြစ်သည်။

သူက လျိုချင်းရှန်ကို အောင်မြင်သည့်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်အောင် ထောက်ပံ့ပေးချင်ခဲ့သည်။ အဓိပ္ပာယ်နက်နဲလှ၏။

လျိုချင်းရှန် အတော်လေးစိတ်လှုပ်ရှားနေပြီး ဒူးထောက်လိုက်သည်။

"ကျေးဇူးတင်ပါတယ်, မြင့်မြတ်အကြီးအကဲ..."

သူမ၏အစပြုမှုနှင့် နောက်ရှိတပည့်အားလုံးလည်း ကြိုးစားဖို့ စိတ်အားထက်သန်နေကြသည်။

အားလုံးက မြင့်မြတ်အကြီးအကဲဆီမှ ဆုလဒ်ရဖို့ သူတို့၏အကောင်းဆုံးတွေကို ပြချင်နေကြ၏။

ဝမ်ချန်းဂျန်က ရှေ့ထွက်လာသည့် ဒုတိယမြောက်လူဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ၈ စွမ်းအား၊ ခိုင်မာသည့်နည်းစနစ်တို့နှင်အတူ သူ၏သရုပ်ပြမှုက အတော်လေး ထူးခြားပြောင်မြောက်၏။

ကျွမ်းယွမ်ယင် မုတ်ဆိတ်မွေးသပ်ပြီး ပြောလိုက်သည်။

"အလားအလာကောင်းတယ့်ပါရမီပဲ။ ချင်းရှန်နဲ့ မင်းနဲ့ရှိရင် ငါတို့ဂိုဏ်းသခင်တောင်ထိပ်က တိမ်စိမ်းဂိုဏ်းမှာ နံပါတ်တစ် ဖြစ်နေအုန်းမှာပဲ။ ဘယ်သူမှ ငါတို့နေရာကို မလှုပ်ရှားနိုင်ဘူး....."

သူက ချက်ချင်းပဲ အခြေခံတည်ဆောက်ခြင်းဆေးတစ်ပုလင်း ထုတ်ပေးလိုက်၏။

"ယူလိုက်, ကြိုးစားပါ..."

ဝမ်ချန်းဂျန် အလွန်ပျော်ရွင်သွား၏။

အခြေခံတည်ဆောက်ခြင်းဆေးပုလင်း၌ ဆေးလုံး ၁၀ လုံးပါရှိပြီး သလင်းကျောက် တစ်ထောင်တန်ဖိုးရှိ၏။

သေချာပေါက်ပင်။ အရေးကြီးဆုံးအရာက မြင့်မြတ်အကြီးအကဲ၏နှစ်သက်ခံရခြင်းပင်။

အနာဂတ်၌ သူနှင့် လျိုချင်းရှန်ကို ဂိုဏ်းသခင်တောင်ထိပ်အား အတူတကွကြီးကြပ်စေချင်တယ်ဟု ပြောခဲ့၏။

ဤအတိုင်းဆိုလျှင် သူ့၌ လျိုချင်းရှန်ကို လက်ထပ်ဖိုအခွင့်အရေးရှိပြီး တာအိုစုံတွဲဖြစ်လာနိုင်၏။

ထိုအရာကိုတွေးပြီး သူက နောက်ဆုံးတန်းရှိ ဂျန်ဖန်းကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။

လျိုချင်းရှန် မင်းကိုသဘောကျတော့ကော ဘာဖြစ်လဲ...

မင်းမှာခွန်အားမရှိရင်, လျိုချင်းရှန်ဘေးမှာနေဖို့တောင် အရည်အချင်းမပြည့်မှီဘူး....

ထို့နောက်....

တပည့်တွေ သူတို့ခွန်အားတွေကို ပြသကြ၏။

သူတို့လုပ််ဆောင်မှုအပေါ်အခြေခံပြီး ကျွမ်းယွမ်ယင် ဆုလဒ်အမျိုးမျိုး ပေးခဲ့သည်။

သို့ပေမယ့်....

၁၅ ယောက်မြောက်ရောက်သည့်အခါ တပည့်တွေ၏ခွန်အားက ယေဘူယျအားဖြင့် ပိုနိမ့်ကျလာခဲ့သည်။

ကျွမ်ယွမ်ယင် ခေါင်းညိတ်ရုံသာညိတ်ပြီး သူတို့ကို ကြိုးစားဖို့အားပေး၏။

"နောက်တစ်ယောက်, နံပါတ် ၁၈, ဂျန်ဖန်း...."

လျိုဝူချန်း တွန့်ဆုတ်စွာဖြင့် ခေါ်လိုက်သည်။

ဂျန်ဖန်း ခေါင်းတောင့်တောင့်ကြီးဖြင့် ထရပ်လိုက်၏။

သူက ခေါင်းငုံ့ထားပြီး မြင့်မြတ်အကြီးအကဲနားချည်းကပ်သွားကာ လက်ချင်းယှက်နှုတ်ဆက်လိုက်၏။

"တပည့်ဂျန်ဖန်း, မြင့်မြတ်အကြီးအကဲကို နှုတ်ဆက်ပါတယ်...."

ကျွမ်းယွမ်ယင် အနည်းငယ်ခေါင်းညိတ်လိုက်၏။

"မင်းခွန်အားကိုပြပါ..."

တစ်ခဏတွေးပြီးနောက်...

ဂျန်ဖန်း သူ၏စိတ်ဝိညာဥ်စွမ်းအားကိုဖိနှိပ်ကာ အခြေခံတည်ဆောက်ခြင်းအဆင့် ၃ စွမ်းအားကိုသာ ထုတ်ပြလိုက်၏။

ထို့နောက် မသုံတာကြာပြီဖြစ်သည့် အဝါရောင်အဆင့်မြင့်ဓားသိုင်းကို ပြသလိုက်၏။

"ကြယ်ခုနှစ်စင်းဓား...."

သူ့သရုပ်ပြမှု အရမ်းကြီးမထူးချွန်သ၍ မြင့်မြတ်အကြီးအကဲက အာရုံစိုက်လိမ့်မည်မဟုတ်ပေ။

ကြည့်ပြီးနောက် ကျွမ်းယွမ်ယင် ညင်သာစွာခေါင်းညိတ်လိုက်၏။

"မဆိုးပါဘူး, ကြိုးစားပါ...."

ဟူး...

ဂျန်ဖန်းအသက်ပြင်းပြင်းရှူပြီး သူ့ဓားကိုသိမ်းလိုက်ကာ တိတ်တဆိတ် သူ့နေရာသို့ပြန်လာလိုက်၏။

သူ ကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့ပြီပင်။

လျိုဝူချန်းလည်း သက်ပြင်းချလိုက်၏။

ကံကောင်းစွာဖြင့် ဂျန်ဖန်းက စိတ်ဝိညာဥ်အမြစ်မရှိသော်လည်း အလားအလာအကုန်သုံးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်နိုင်ခဲ့၏။

မဟုတ်လျှင် သူဘာမှလုပ်နိုင်မည်မဟုတ်ပေ။ ထိုကောင့်၌ စိတ်ဝိညာဥ်အမြစ်မရှိတာ မြင့်မြတ်အကြီးအကဲ သိသွားမည်ပဲဖြစ်သည်။

ထိုအခါ မြင့်မြတ်အကြီးအကဲအလွန်ဒေါသထွက်သွားပြီး ရမ်းသမ်းပြီးတပည့်လက်ခံသည့်အတွက် သူ့ကို အပြစ်တင်မည်ပင်။

သို့ပေမယ့်...

ထိုအခိုက်အတန့်၌.....

အချိန်အတော်ကြာ အခွင့်အရေးစောင့်နေသည့် ဝမ်ချန်းဂျန် ကျွမ်းယွမ်ယင်ကြားလောက်သည့်အသံဖြင့် တမင်တကာ ရေရွတ်လိုက်သည်။

"ဒီကောင့်မှာစိတ်ဝိညာဥ်အမြစ်မရှိပဲနဲ့ ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားမျိုးရှိနေတာလဲ..."

ဟမ်?....

ကျွမ်းယွမ်ယင် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။

"တပည့်... ခဏနေပါအုန်း..."

ဂျန်ဖန်း ဒေါသထွက်သွား၏။

ဝမ်ချန်းဂျန်...

မင်းက ဒီလိုလှည့်ကွက်လာကစားတယ်ပေါ့...

လျိုဝူချန်းလည်း ဝမ်ချန်းဂျန်ကို စိုက်ကြည့်လိုက်သည်။

ကိစ္စတွေအဆင်ပြေကာနီးမှ သူ့ရေရွတ်သံက ပြဿနာကြီးကို ဖြစ်သွားစေ၏။

အကူအညီမဲ့စွာပဲ....

ဂျန်ဖန်း ပြန်လျှောက်လာပြီး သူ့ခေါင်းကို ပိုငုံ့ထားလိုက်သည်။

"ဘာများအမိန့်ပေးချင်လို့ပါလဲ, မြင့်မြတ်အကြီးအကဲ...."

ကျွမ်းယွမ်းယင် ဂျန်ဖန်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

"မင်းက တကယ်ပဲ စိတ်ဝိညဥ်အမြစ်မရှိဘူးလား...."

ဂျန်ဖန်းဘယ်လိုဖြေရမည်ကို မသိပေ။

သူမှာ စိတ်ဝိညာဥ်အမြစ်မရှိတာမဟုတ်ပေ။ သူမှာ ကြည်လင်သည့်စိတ်ဝိညာဥ်အမြစ်ရှိပေမယ့် ထိုအရာက စမ်းသပ်လို့မရတာဖြစ်သည်။

လျိုဝူချန်း ဖုံးကွယ်ထားလို့မရတာကိုသိပြီး တွန်ဆုတ်စွာဖြင့်ဖြေလိုက်သည်။

"ဆရာ့ကိုတင်ပြပါတယ်။ ဂျန်ဖန်းက တကယ်ပဲ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်ပါ...."

ကျွမ်းယွမ်ယင် မျက်မှောင်ကြုတ်သွား၏။

သူက မေးလိုက်သည်။

"ဒီကလေးကို မင်းနဲ့သိတဲ့လူတစ်ယောက်က ပြောပေးတာလား....."

ပထမဦးစွာသူ့ခေါင်းထဲဝင်လာသည့်အတွေးက ဂျန်ဖန်းဟာ ဂိုဏ်းသခင်တောင်ထိပ်ကို နောက်ဖေးတံခါးမှဝင်ရောက်လာသူဆိုတာပင်။

ထိုအရာက အခြားတောင်ထိပ်တွေမှာ အသစ်အဆန်းမဟုတ်ပေ။

သို့ပေမယ့် ဂိုဏ်းသခင်တောင်ထိပ်၌ ထိုအရာကို တင်းတင်းကြပ်ကြပ်တားမြစ်ထား၏။

လျိုဝူချန်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်မဖြေနိုင်ဖြစ်နေ၏။

ဂျန်ဖန်းကို တပည့်အဖြစ်လက်ခံတာဟာ သူ့သမီးက ထိုကောင်နှင့် လင်မယားဆက်ဆံရေးရှိနေသောကြောင့်ပင်။

ဂျန်ဖန်းကောဟဟာလဖြန့်တာကိုရှောင်ရှားဖို့အတွက် သူက တွန့်ဆုတ်စွာပဲ ထိုကောင့်ကို ဂိုဏ်းသခင်တောင်ထိပ်သို့ ဝင်ခိုင်းခဲ့တာဖြစ်သည်။

သို့ပေမယ့် ဤအခိုက်အတန့်၌ သူဘယ်လိုလုပ် ထိုအကြောင်းကို ပြောနိုင်မည်နည်း။

"တကယ်လား...."

ကျွမ်းယွမ်ယင်မျက်နှာ၌ စိတ်ပျက်သည့်အမူအရာပြသလာပြီး ခက်ထန်စွာအပြစ်တင်လိုက်၏။

"မင်းကိုငါသတိပေးတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ..."

"ပုရွက်ဆိတ်ကျင်းတစ်ကျင်းက မိုင်တစ်ထောင်တာတမံတစ်ခုကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာလေ...."

"ငါတို့ဂိုဏ်းသခင်တောင်ထိပ်က ဂိုဏ်းချုပ်နေရာကို ဆက်ထိန်းသိန်းချင်သေးတယ်ဆိုရင် တပည့်တိုင်းက ပါရမီရှင်တွေထဲက ပါရမီရှင်တွေပဲဖြစ်နေရမယ်..."

"ဘယ်အကျင့်ပျက်ခြစားမှုမျိုးမဆို, တစ်နေ့မှာ အခြားတောင်ထိပ်တွေကျော်တက်တာ ခံရလိမ့်မယ်...."

သူက ပြောလေလေ ဒေါသထွက်လေလေဖြစ်သည်။

"ဒါ့ပြင်, မင်းဂိုဏ်းချုပ်နေရာရောက်ဖို့ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ မေ့သွားပြီလား...."

"သတိတာမထားရင်, နောက်ဂိုဏ်းချုပ်နေရာက ပြန်လည်မွေးဖွားခြင်းတောင်ထိပ် လက်ထဲရောက်သွားလိမ့်မယ်...."

"ဒီလိုအန္တရာယ်တွေကြားမှာတောင် မင်းက အနောက်တံခါးကနေ တပည့်ခေါ်လိုက်သေးတယ်...."

သူက ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်သည်။

ထိုအကြောင်းတွေးလေလေ သူက ပိုဒေါသထွက်လေလေပင်။

"မင်းမှာရွေးချယ်စရာမရှိဘူးဆိုရင်တောင်, အရင်ဆုံး သူ့ရဲ့ပင်ကိုယ်ပါရမီကို စစ်ဆေးကြည့်သင့်တယ်...."

"အဆင့် ၄ စိတ်ဝိညာဥ်အမြစ်ဆိုရင်တောင် ငါလက်ခံပေးလို့ရသေးတယ်...."

"ဒါပေမယ့် စိတ်ဝိညာဥ်အမြစ်မရှိတာကြီးကြ မင်းဘယ်လိုရည်ရွယ်ချက်နဲ့လက်ခံလိုက်တာလဲ..."

လျိူဝူချန်း အပြင်းအထန်း အဆူခံနေရ၏။

လုံးဝ ပြန်မပြောရဲပေ။

သူက ရိုးရိုးသားသားပြောဖို့သာ တတ်နိုင်တော့၏။

"တပည့် အပြစ်ကိုဝန်ခံပါတယ်။ ဆရာ, အပြစ်ပေးပါ...."

ကျွမ်းယွမ်ယင် ဒေါသတကြီးနှာမှုတ်လိုက်၏။

"အပြစ်ပေးလို့ဘာထူးသွားမှာလဲ။ ဒီကိစ္စကို မင်းဘာသာမင်း ကိုင်တွယ်ပါ..."

ထိုအရာကိုကြားသည့်အခါ...

လူအုပ်၏မျက်နှာ ပြောင်းလဲသွား၏။

အားလုံး မြင့်မြတ်အကြီးအကဲ၏ရည်ရွယ်ချက်ကို နားလည်၏။

သူက လျိုဝူချန်းအား ဂျန်ဖန်းကို ဂိုဏ်းမှ ထုတ်ခိုင်းနေခြင်းပင်။

ဝမ်ချန်းဂျန် စိတ်ထဲမှာ ရယ်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင်။ မြင့်မြတ်အကြီအကဲက မျက်စိထဲသဲတစ်မှုန်ဝင်တာကိုတောင် သည်းမခံနိုင်ပေ။

စိတ်ဝိညာဥ်အမြစ်မရှိသည့်ဂျန်ဖန်းလိုလူတစ်ယောက်ကို ဘယ်တော့မှ လက်ခံမည်မဟုတ်ပေ။

လျိုချင်းရှန်မျက်နှာ ဖြူဖျော့သွား၏။

ဤအခိုက်အတန့်၌ ဂျန်ဖန်းလျို့ဝှက်ချက်ကို နောက်ထပ်ထိန်းမထားနိုင်တော့ဘူးဆိုတာသိလိုက်၏။

သူမမပြောခင် ဂျန်ဖန်း ခေါင်းမော့ကာ အရင်ဦးဆုံးပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲ, ငါ အနောက်တံခါးကနေ ဝင်လာတာမဟုတ်ဘူး...."

"တပည့်မဖြစ်ခင်, ကျွန်တော် ဆရာနဲ့ ဘာမှ မဆက်သွယ်ခဲ့ဘူး...."

ဂိုဏ်းမှထုတ်ပယ်ခံရတော့မည်ဖြစ်၍ သူ့ခေါင်းငုံ့ထားတာ မော့ထားတာက အဓိပ္ပာယ်မရှိတော့ပေ။

သူက မြင့်မြတ်အကြီးအကဲကို ရိုးသားစွာပဲ မျက်နှာချင်းဆိုင်လိုက်သည်။

ကျွမ်းယွမ်ယင် သူ့ကိုကြည့်လိုက်၏။

အဓိပ္ပာယ်က မင်းကိုငါက ယုံရမှာလား ဆိုတာပင်။

သို့ပေမယ့် ထိုအကြည့်မှာပဲ ကျွမ်းယွမ်ယင် ကြောင်အသွား၏။

သူက ဂျန်ဖန်းကိုစိုက်ကြည့်နေပြီး ချက်ချင်းပဲမှတ်မိသွား၏။

ဤအရာက မနေ့က စောက်ကျင့်မကောင်းသည့်ကလေးပင်။

နှစ်ခါဆက်တိုက်ဈေးတင်ပြီး သူ့ဆီမှ သလင်းကျောက် ငါးသောင်းညစ်သွားည့် တစ်ယောက်ပင်။ ထိုအရာကြောင့် သူ တစ်ညလုံးအိပ်မရခဲ့ပေ။

All Chapters