← Chapters

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏အမိန့်

Vol. 13 Ch. 184

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏အမိန့်

Vol. 13 Ch. 184

"မင်းပဲ...."

ကျွမ်းယွမ်ယင် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။

ရင်ဘတ်ထိရှည်သည့်မုတ််ဆိတ်မွေးတွေ လှုပ်ရှားမှုကြောင့် ဝဲပျံသွား၏။

သူက အဆိုးဆုံးအိမ်မက်ထဲမှာတောင် ထည့်မမက်ဖူးပေ။

သူ့ကို ငွေညှစ်ခဲ့သူက သူ၏ဂျူနီယာတပည့်ဖြစ်နေခဲ့၏။

"အဟမ်း...."

ဂျန်ဖန်း ကို့ရို့ကားယား ချောင်းဟန့်လိုက်၏။

"မနေ့က မြင့်မြတ်အကြီးအကဲဆိုတာ တပည့်မသိလိုက်ဘူး...."

"ပြစ်မှားမိတာရှိရင်, မြင့်မြတ်အကြီးအကဲ ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ...."

ခွင့်လွတ်ရမယ်?...

တံခါးပိတ်ကျင့်ကြံရာက ထွက်ထွက်ချင်း ပြင်းထန်သည့်သင်ခန်းစာပေးခံခဲ့ရ၏။

ထို့ပြင် သင်ခန်းစာပေးတာက သူ့မြေးတပည့်ဖြစ်နေခဲ့သည်။

သူက ကောင်းကင်ဘုံစက်ယန္တရာအထိတောင် မျက်နှာပျက်ရ၏။

ဘယ်လိုလုပ်ခွင့်လွတ်နိုင်မည်နည်း။

"ကောင်လေး, မင်းကသတ္တိတော့ရှိသားပဲ..."

ကျွမ်းယွမ်ယင် အံ့ကြိတ်ကာ ပြောလိုက်သည်။

ဂျန်ဖန်း တိတ်တဆိတ် သူ့ကံဆိုးမှုကို ကျိန်ဆဲလိုက်၏။

သူ၏ပထမဆုံးအကြိမ်ငွေညှစ်ခြင်းက မြင့်မြတ်အကြီးအကဲကို ဖြစ်နေခဲ့သည်။

သူ ဘယ်သူ့ကို သွားပြောရမည်နည်း။

ကျွမ်ယွမ်ယင်၏ အလွတ်မပေးသည့်ပုံကို မြင်သည့်အခါ ဂျန်ဖန်း ပြောဖို့သာ တတ်နိုင်တော့၏။

"ဒီလိုဆိုရင်ကော, ဘယ်လိုလဲ။ ကျွန်တော်မြင့်မြတ်အကြီအကဲကို ပိုက်ဆံပြန်ပေးမယ်လေ။ အကြီအကဲက သားရဲလိင်တံပြန်ပေး..."

ကျွမ်ယွမ်ယင် ထိတ်လန့်သွား၏။

ထိုကိစ္စသာပျံ့သွားလျှင် မြစ်ဝါမြစ်ထဲခုန်ချလျှင်တောင် သူ့နာမည်ကို အဖတ်ဆယ်နိုင်တော့မည်မဟုတ်ပေ။

"ပါးစပ်ပိတ်ထားစမ်း...."

သူက အလျှင်အမြန်ပဲ ဂျန်ဖန်းကို တားလိုက်၏။

သားရဲလိင်တံကိုပြန်ပေးဖို့မဖြစ်နိုင်ပေ။ သူက ထိုအရာကို အရေးတကြီးလိုအပ်နေ၏။

ထို့ပြင် သူက ဂျန်ဖန်းကို ဂိုဏ်းမှ မထုတ်ပယ်နိုင်ပေ။

ဂျန်ဖန်းသာလိုက်ဖြန့်လျှင် သူ့ဂုဏ်သတင်းသွားပြီပင်။

သူ့ကို မထုတ်ပယ်နိုင်သည့်အပြင် ငြိမ်းညမ်းရေးယူရမည်ပင်။

မဟုတ်လို့ ထိုကောင့်ကိုစိတ်ဆိုးအောင်လုပ်မိလျှင် ပဲပင်ပေါက်လုပ်မည်ဖြစ်သည်။

ထိုအရာကိုတွေးပြီး သူ့ဒေါသကိုထိန်းထားလိုက်ရပြီး ထွက်ပေါက်မရှာနိုင်ဖြစ်နိုင်၏။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းမြင့်မြတ်အကြီးအကဲ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြ၏။

ဝမ်ချန်းဂျန် စိတ်ထဲမှာ ပျော်ရွင်သွား၏။

"ထွက်မသွားခင်, မင်းက မြင့်မြတ်အကြီးအကဲကို ဒေါသထွက်အောင်လုပ်ခဲ့တာပဲ...."

"အရိုက်ခံရကနေ မင်း ပြေးမလွတ်ပါဘူး...."

သို့ပေမယ့်...

သူတွေးနေစဥ်မှာပဲ....

သူ့ကိုအံ့အားသင့်သွားစေသည့်အရာတစ်ခု ဖြစ်သွား၏။

အစောပိုင်း ပေါက်ကွဲတော့မည့် ကျွမ်းယွမ်ယင် ရုတ်တရက်ကြီး ကြင်နာစွာပြုံးလိုက်ပြီး ချီးကျူးလိုက်၏။

"စိတ်ဝိညာဥ်အမြစ်မရှိပဲနဲ့ ဒီအဆင့်ကိုရောက်နိုင်တာ မင်းရဲ့ ဇွဲကြီးမှုကို ပြနေတာပဲ...."

"သိုင်းပညာလမ်းကြောင်းမှာ ပါရမီက အရေးကြီးပေမယ့် ဇွဲ့လုံ့လကလည်း မရှိမဖြစ်ပဲ...."

"ငါ မင်းဆီမှာ ကြီးမားတဲ့အလားအလာတွေကိုမြင်နေရတယ်။ အနာဂတ်မှာအောင်မြင်အုန်းမယ်...."

ထို့နောက်....

အင်္ကျီလက်ထဲရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။

ထိုအရာက မလုံလောက်ဘူးဟုတွေးပြီး နောက်ထပ်တစ်ပုလင်းထုတ်ယူလိုက်၏။

"ယူလိုက်။ တပည့်အဆင့်သတ်မှတ်ပွဲကျရင် မင်းရဲ့လုပ်ဆောင်မှုကို ငါ မျှော်လင့်နေမယ်...."

ဟမ်?....

ဂျန်ဖန်း ပဟေဠိဖြစ်စွာဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးပုလင်းနှစ်ပုလင်းကို လက်ခံလိုက်၏။

ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက် ငါ့ကို ပြောပေးနိုင်ပါ့လား....

သူ့၌စိတ်ဝိညာဥ်အမြစ်မရှိတာရှာတွေ့သွားပြီး မြင့်မြတ်အကြီးအကဲကို ငွေညစ်ခဲ့တာလည်း ပေါ်သွားပြီဖြစ်ကာ ဘာကြောင့် ဘာမှမဖြစ်ရသနည်း။

ထိုအစား အခြေခံတည်ဆောက်ခြင်း ဆေးနှစ်ပုလင်းတောင် ဆုလဒ်အဖြစ်ရလိုက်၏။

ဝမ်ချန်းဂျန်တောင် တစ်ပုလင်းပဲရရှိခဲ့တာဖြစ်သည်။

သူကိုယ်တိုင်တော့မပြောနှင့် ကြည့်နေသည့်လျိုချင်းရှန်တောင် စိတ်ရှုပ်သွား၏။

အသေးစိတ်သိနေသည့်လျိုဝူချန်းသာ အကြောင်းပြချက်ကို ခန့်မှန်းမိ၏။

သူက မနေနိုင်ပဲ ရေရွတ်လိုက်၏။

"ဆရာ နောက်ဆုံးတော့ ငါလိုတိတ်တဆိတ်ခံစားရတဲ့ခံစားချက်ကို ကြုံဖူးပြီပေါ့..."

ထိုအရာကိုတွေးပြီး သူအနည်းငယ် ပျော်ရွင်သွား၏။

ဆရာ ကျွန်တော့ကို ခုနကပဲ မတရားဆူပူနေတာမလား....

အခုကောဘယ်လိုလဲ....

ဆရာလည်း ဂျန်ဖန်းဒုက္ခကိုခံနေရပြီလေ။

ဟ..ဟ...

ဝမ်ချန်းဂျန်မျက်နှာ အစိမ်းရောင်ပြောင်းသွား၏။

သူ၏ဆုလဒ်က အမှန်တကယ်ပဲ ဂျန်ဖန်းထက်နည်းနေခဲ့သည်။

ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်သနည်း။

သူက လက်သီးတင်းကျပ်စွာဆုပ်ပြီး အေးစက်စွာပြောလိုက်သည်။

"ဘဝင်မြင့်နေလိုက်စမ်းပါ...."

"တပည့်အဆင့်သတ်မှတ်ခြင်းက မကြာခင်လာတော့မှာ။ အဲ့ချိန်ကျရင် မင်းဘယ်လိုလုပ်မလဲကြည့်ကြသေးတာပေါ့...."

ကိစ္စက တိတ်တဆိတ်ပဲ ပြီးဆုံးသွားခဲ့သည်။

လျိုဝူချန်း အသက်ပြင်းပြင်းရူလိုက်ပြီး သူ့အမူအရာက တဖြည်းဖြည်း လေးနက်လာခဲ့သည်။

ကျယ်လောင်အားကောင်းသည့်အသံဖြင့် သူက ပြောလိုက်သည်။

"ဒီနေ့တပည့်တွေအားလုံးလည်းရှိတော့ ငါ့မှာ ကြေညာစရာတစ်ခုရှိတယ်...."

လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။

လျိုဝူချန်း အလေးအနက်ဖြစ်နေတာကိုကြည့်ပြီး ထိုအရာက အရေးကြီးသည့်တစ်စုံတစ်ရာဖြစ်နိုင်၏။

"မကြာသေးခင်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ လက်ထောက်ခန်းမသခင်ယို့ ငါတို့ဂိုဏ်းကို အလည်လာသွားတယ်။ ပြီးတော့ သူအနဲ့အတူ ခန်းမသခင်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ယူလာခဲ့တယ်...."

လူအုပ် အကြည့်ချင်းဖလှည်လိုက်ကြ၏။

သူတို့ မအံ့သြပေ။

ယို့ယွင်ကျီလိုလူတစ်ယောက်က တိမ်စိမ်းဂိုဏ်းကို ရူခင်းကြည့်ဖို့တော့ အလည်လာမည်မဟုတ်ပေ။

လျိုဝူချန်း အသံမြှင့်ကာ ပြောလိုက်သည်။

"သားရဲလှိုင်းက ဂိုဏ်း ၉ ဂိုဏ်းကို ခြိမ်ခြောက်နေတဲ့ ကပ်ဘေးကြီးလို့ယူဆလို့ရတယ်..."

"ဒါကြောင့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ဂိုဏ်း ၉ ဂိုဏ်းကို အမိန့်ထုတ်ပြန်လိုက်တယ်...."

"ဂိုဏ်း ၉ ဂိုဏ်းက ပါရမီရှင်တပည့်တွေနဲ့ အကြီးအကဲတွေ သားရဲလှိုင်းကိုတိုက်ခိုက်ဖို့ ရှေ့တန်းကိုသွားရမယ်တဲ့...."

ထိုအရာကိုကြားသည့်အခါ...

လူတိုင်း၏အမူအရာတွေ လေးနက်သွား၏။

အချို့တပည့်တွေဆို ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ ကြိုတင်ခန့်မှန်းမိသည့် အခြားလူတွေလည်း သူတို့၏ ကြောက်လန့်မှုကို မဖုန်းကွယ်နိုင်ပေ။

နတ်ဆိုးသားရဲတွေက ဘယ်လောက်တောင် ကြမ်းကြုတ်လိုက်သနည်း။

ထို့ပြင် သားရဲလှိုင်းကတော ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သနည်း။

လူတစ်ယောက်က သတိသာမထားလျှင် စွမ်းအားကြီးအကြီးအကဲတွေတောင် သေသွားနိုင်၏။

သာမန်တပည့်တွေအတွက်ဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

လျိုဝူချန်း သူတို့ကို အားပေးလိုက်၏။

"မစ်ရှင်တွေက အန္တရာယ်များပေမယ့် ကောင်းကင်ဘုံစက်ယန္တရားခန်းမက ဆုလဒ်တွေကို ရက်ရက်ရောရော ပေးထားတယ်...."

"လူတစ်ယောက်က လုံလောက်တဲ့အကျိုးပြုမှတ်သာစုဆောင်းနိုင်ရင်, ခန်းမက ချွင်းချက်အနေနဲ့ လေ့ကျင့်ဖို့လက်ခံပေးမယ်တဲ့...."

ဘာ?....

ဤစကားတွေနှင့်အတူ လူအုပ် အုတ်အုတ်ကျက်ကျက်သွားဖြစ်သွား၏။

ကောင်းကင်ဘုံစက်ယန္တရားခန်းမက ဘယ်လောက်ထူးခြားသည့်နေရာဖြစ်သနည်း။

ထိုနေရာမှာရှိသည့် အရင်းအမြစ်တွေက တိမ််စိမ်းဂိုဏ်းထက် ဆယ်ဆလောက်ပိုများ၏။

ခွေးတစ်ကောင်တောင် ထိုနေရာရောက်သွားလျှင် ပြိုင်ဘက်ကင်းဖြစ်လာမည်ပင်။

"ဒါ့ပြင်, အကျိုးပြုမှတ်တွေကိုအခြေခံပြီး ကျင့်ကြံရေးအရင်းအမြစ်အမျိုးမျိုးကိုလည်း လဲလှယ်နိုင်မယ်...."

"အဲ့ထဲမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်တဲ့ ဆေးလုံးတွေလဲပါတယ်...."

လူအုပ်စိတ်ဓာတ် တဖန်ပြန်လည်တက်ကြွလာခဲ့သည်။

မစ်ရှင်ကအလွန်အန္တရာယ်များသော်လည်း ထိုအရာက ဆယ်စုနှစ်မှတစ်ကြိမ် အတော်ရှားပါးသည့်အခွင်းအရေးဆိုတာ သူတို့နားလည်ကြ၏။

အကျိုးပြုမှတ်အလုံအလောက်သာရှိလျှင် ကံကြမ္မာကို ဆန့်ကျင်နိုင်မည်ဖြစ်သည်။

ဂျန်ဖန်း နှလုံးသားခုန်ပေါက်သွား၏။

ရိုးရိုးသားသားပြောရလျှင် တိမ်စိမ်းဂိုဏ်းအရင်းအမြစ်တွေက သူနောက်ထပ်တိုးတက်ဖို့ မလုံလောက်တော့ပေ။

ရှေ့ဆက်ဖို့ ပိုများသည့်အရင်းအမြစ်တွေလိုအပ်၏။

ကောင်းကင်ဘုံစက်ယန္တရားခန်းမမှထုတ်ပြန်သည့် ဤမစ်ရှင်က ရွှေရောင်အခွင့်အရေးတစ်ခုပင်။

"ဒါပေမယ့်, တပည့်အားလုံးတော့ သွားလို့မရဘူး...."

ထိုအခိုက်အတန့်၌ လျိုဝူချန်း တပည့်တွေ၏ အတွေးတွေကို နှောက်ယှက်လိုက်၏။

"သားရဲလှိုင်းက နတ်ဆိုးသားရဲတစ်ကောင်ချင်းစီကိုရင်ဆိုင်ရတာနဲ့မတူဘူး။ သူတို့က များသောအားဖြင့် အဖွဲ့လိုက်လှုပ်ရှားကြတာ။ သန်မာတဲ့ခွန်အားသာမရှိရင် ဒဏ်ရာရဖို့က အလွယ်လေးပဲ။ ဒါမှမဟုတ် သေတောင်သေသွားနိုင်တယ်....."

"ဒါကြောင့် တောင်ထိပ်ကိုးခု အကြီးအကဲတွေနဲ့ဆွေးနွေးပြီး တပည့်အဆင့်သတ်မှတ်ပွဲမှာ ကောင်းမွန်တဲ့အဆင့်နဲ့ အထက် တပည့်တွေပဲ သွားဖို့ခွင့်ပြုမယ်..."

ချက်ချင်းပဲ တပည့်တစ်ဝက်ကျော် စိတ်ဓာတ်ကျသွား၏။

ကောင်းမွန်သည့်အဆင့်ရဖို့က မလွယ်ပေ။

အထူးသဖြင့် ဤတစ်ချိန်က ပြန်လည်မွေးဖွားခြင်းတောင်ထိပ်မှ ဦးစီးဆောင်ရွက်တာဖြစ်သည်။

သူတို့က ဂိုဏ်းသခင်တောင်ထိပ်ကို ပစ်မှတ်ထားလျှင် ကောင်းမွန်သည့်အဆင့်ရဖို့က စိန်ခေါ်မှုပိုများသွားပြီပင်။

"ကောင်းပြီး, တပည့်အဆင့်သတ်မှတ်ပွဲက ငါးရက်နေရင် ကျင်းပမယ်...."

"ပြင်ဆင်ထားကြပါ...."

ခဏရပ်လိုက်ပြီး....

လျိုဝူချန်း ထပ်ပေါင်းပြောလိုက်သည်။

"ယုံကြည်မှုရှိတဲ့တပည့်တွေကတော့ အခုကတည်းက သားရဲလှိုင်းအတွက် ပြင်ဆင်ထားကြပါ...."

"အသက်ကယ်ပစ္စည်းတွေစုဆောင်ကြဖို့ သတိရပါ။ အသက်က အရေးကြီးဆုံးပဲ..."

လူတိုင်း နားလည်ကြ၏။

ထွက်လာပြီးနောက်...

သူတို့က ချက်ချင်းပဲ တောင်အောက်ဆင်းကာ တိမ်စိမ်းမြို့သို့ အထောက်အပံ့ပစ္စည်းတွေ ဝယ်ဖို့သွားကြတော့၏။

"ဂျန်ဖန်း, ငါတို့လည်း သွားရအောင်...."

လျိုချင်းရှန် ကောင်းကင်ဘုံစက်ယန္တရားခန်းမှ၌ ကျင့်ကြံရမည့်အခွင်းအရေးကို စိတ်အားထက်သန်နေပြီး ဂျန်ဖန်းကို ဆွဲခေါ်သွားခဲ့သည်။

"စီနီယာအမ, မင်းမှာ ဆေးဥယျာဥ်တံဆိပ်ပြားရှိလား။ ငါ ဆေးပင်အချို့စုဆောင်းချင်လို့...."

အသက်ကယ်ပစ္စည်းတွေက များသောများဖြင့် ကာကွယ်ရေးချပ်ဝတ်၊ လွတ်မြောက််ရေးအဆောင်နှင့် အရေးကြီးဆုံးကတော့ ကုသရေးစိတ်ဝိညာဥ်ဆေးလုံးတို့ပဲဖြစ်ကြသည်။

တိမ်စိမ်းမြို့မှာရသည့် ကုသရေးဆေးတွေက အဆင့်နိမ့်ဆေးလုံးတွေသာဖြစ်ပြီး အာနိသင်က အကန့်အသတ်ရှိ၏။

သူကိုယ်တိုင်လုပ်လျှင် ပိုကောင်း၏။

လျိုချင်းရှန် အံ့အားသင့်သွားပေမယ့် အများကြီးမတွေးတော့ပဲ တံဆိပ်ပြားတစ်ခု ချက်ချင်းပေးလိုက်၏။

"ဒီမှာယူလိုက်, နောက်မှတွေ့ကြတာပေါ့...."

သူမက ဦးစွာထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်း တံဆိပ်ပြားကိုကိုင်ကာ ဆေးဥယျာဥ်သို့လာလိုက်၏။

အစောင့်တွေ တံဆိပ်ပြားကိုစစ်ပြီး ပြောလိုက်သည်။

"အဆင့်မြင့်တံဆိပ်ပြား၊ မင်းက အဆင့်မြင့်ဆေးပင် ၁၀ ပေါင်စုဆောင်းနိုင်မယ်...."

၁၀ ပေါင်?....

ထိုအရာက လိုအပ်သည်ထက်ပိုနေခဲ့သည်။

သူဝင်သွားပြီးမကြာမီ....

ဝမ်ဟုန်ယောင်အပြေးရောက်လာပြီး ပြောလိုက်သည်။

"ငါ့ဆေးတောင်ထိပ်က မြင့်မြတ်အကြီးအကဲအထဲမှာလား..."

အစောင့်သုံးယောက် ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်, အကြီးအကဲဝမ်။ မြင့်မြတ်အကြီးအကဲချင် ဂိုဏ်းကိုပြန်ရောက်ရောက်ချင်း ဆေးဥယျာဥ်ထဲကိုဝင်သွားပါတယ်...."

ဝမ်ဟုန်ယောင် ရယ်ရမလိုငိုရမလိုဖြစ်သွား၏။

သူမဆရာ ချင်းဝမ်ချွမ်က လွန်ခဲ့သည့်လကအပြင်ထွက်သွားပြီး ပြန်ရောက်တာနှင့် ဆေးဥယျာဥ်ကို ချက်ချင်းသွားခဲ့သည်။

သူက ဆေးပင်တွေနှင့်သာ အမြဲမွေ့လျော်နေခဲ့သည်။

ထို့နောက် သူမတစ်စုံတစ်ခုကို တွေးမိပြီး မေးလိုက်သည်။

"နောက်ထပ်ဘယ်သူမှ ဝင်မသွားဘူးမလား....'

"ငါ့ဆရာက ငါ့လိုစိတ်ရှည်တတ်တဲ့လူမဟုတ်ဘူး..."

"တပည့်တွေကြောင့် ဆေးပင်တွေပျက်စီးသွားတာမြင်ရင် ချက်ချင်းဒေါသထွက်သွားလိမ့်မယ်...."

All Chapters