ခွေးသွေးများစိုဆွဲသွားခြင်း
Vol. 13 Ch. 186
အားကောင်းသည့်ဆေးရနံ့က မြူတစ်ခုကဲသို့ ထွက်ပေါ်လာခဲ့သည်။
ချင်ဝမ်ချွမ် အနည်းငယ်အံ့အားသင့်သွားပြီး မနေနိုင်ပဲ ရေရွတ်လိုက်သည်။
"ဒီဆေးလုံးရဲ့ ဆေးစွမ်းအားက နည်းနည်း အားကောင်းလွန်းမနေဘူးလား...."
သူမအမြင်အရ....
စဦးဝိညာဥ်သခင်တစ်ယောက်က အဆင့်နိမ့်ချီကျင့်ကြံခြင်းဆေးလုံးသာသန့်စင်နိုင်၏။
မဟုတ်လျှင်လည်း အခြားရိုးစင်းသည့်ဆေးလုံးလေးတွေသာသန့်စင်နိုင်ကြသည်။
သို့ပေမယ့် ဤကဲ့သို့သင်းပျံ့သည့်ရနံ့နှင့် သူမဘယ်လိုပဲကြည့်ကြည့် သာမန်ဆေးလုံးနှင့် မတူပေ။
"နင် ဘာလှည့်ကွက်တွေကစားနေတာလဲ...."
ချင်းဝမ်ချွမ် သံသယဖြင့်နှာမှုတ်လိုက်ပြီး သူမခေါင်းသေးသေးလေးကို ဆေးမီးဖိုနားကပ်ကာ အထဲကို ကြည့်လိုက်၏။
လက်မအရွယ် ကြည်လင်သည့်မြစိမ်းရောင်ဆေးလုံးတွေ သူမအမြင်ထဲပေါ်လာခဲ့သည်။
ဆေးလုံးတွေ၏မျက်နှာပြင်ပေါ်၌ ပါးလွာသည့်စိတ်ဝိညာဥ်အမျှင်တန်းလေးတွေ ခန့်မှန်းရခက်စွာ တောက်ပနေခဲ့၏။
"အ...အဆင့်သုံး စိတ်ဝိညာဥ်ဆေးလုံး...."
ချင်းဝမ်ယွမ် ပင့်သက်ရှိုက်လိုက်၏။
သူမမျက်လုံးတွေ သူမမယုံနိုင်ဖြစ်နေခဲ့သည်။
ဆေးဖော်စပ်သည့်ဖြစ်စဥ်တစ်ခုလုံးကို ခုလေးတင်သူမမျက်စိနှင့် တပ်အပ်မြင်ခဲ့တာတောင် ဤလူက အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံးဖော်စပ်နိုင်သည်အား မယုံနိုင်ဖြစ်နေသေး၏။
ထိုအရာက ကြယ်သုံးလုံးဝိညာဥ်သခင်မှ သန့်စင်နိုင်သည့်အရာပင်။
ဤပုဂ္ဂိုလ်က အမှန်တကယ်ပဲ ဝိညာဥ်သခင်တစ်ယောက်လား....
ထို့ပြင် ကြယ်သုံးလုံးဝိညာဥ်သခင်တောင်ဖြစ်၏။
"ဟေး, ကလေးမလေး, မင်းက တကယ်ပဲ ဆေးလုံးအဆင့်ကို ခွဲခြားနိုင်တာပဲ...."
ဂျန်ဖန်း အံ့အားသင့်စွာဖြင့် စုပ်သပ်လိုက်၏။ သူက ကလေးမလေးပါးကိုလိမ်ဆွဲလိုက်ပြီး ကြည့်လိုက်သည်။
"ထူးဆန်းတယ်, မင်းက အရမ်းငယ်သေးပေမယ့် ဆေးလုံးတွေကို နားလည်နေတယ်..."
"မင်းရဲ့မိဘတွေကလည်း ဝိညာဥ်သခင်တွေပဲ ဖြစ်ရမယ်...."
ထိုအရာကိုတွေးပြီး သူက မနေနိုင်ပဲ စိုးရိမ်လာသည်။
သူက ပြောလိုက်သည်။
"မင်းရဲ့အကိုကြီးဆေးဖော်စပ်တတ်တာကို လျို့ဝှက်ထားရမယ်နော်။ ဘယ်သူ့ကိုမှ မပြောရဘူး, ဟုတ်ပြီလား..."
"မင်းသာသဘောတူမယ်ဆိုရင်, အကိုကြီးက မင်းကို ဒီစိတ်ဝိညာဥ်ဆေးလုံးပေးမယ်..."
ချင်းဝမ်ချွမ်လည်း အံ့အားသင့်နေ၏။
ထို့ကြောင့် သူမပါးလိမ်ဆွဲခံရပြီးနောက် တုံ့ပြန်ဖို့ အချိန်အတော်ကြာယူလိုက်ရသည်။
အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံးကိုကြည့်ပြီး သူမဘယ်လိုလုပ် ငြင်းဆန်နိုင်မည်နည်း။
လက်သေးသေးလေးတွေက ဆေးလုံးကို အလင်းတန်းတစ်ခုကဲ့သို့ ဆုပ်ကိုင်လိုက်ပြီး အလျှင်အမြန်ပဲ ရင်ဘတ်ထဲထည့်သိမ်းလိုက်၏။ ထို့နောက် ပြောလိုက်သည်။
"ကောင်းပြီလေ, ငါ ဒါကို လျို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားပေးမယ်...."
ဂျန်ဖန်း မပြောလျှင်တောင် သူမက ဤကိစ္စကို အလွယ်တကူ ထုတ်ပြောမည်မဟုတ်ပေ။
ဤအရာက ကြယ်သုံးလုံးဝိညာဥ်သခင်ဖြစ်၏။
ဤကဲ့သို့တန်ဖိုးရှိအချိတ်အဆက်ကို တိတ်တဆိတ်ထားရှိတာ ပိုမကောင်းပေဘူးလား။
ဘာကြောင့် လူတိုင်းကို လိုက်ပြောနေရမည်နည်း။
"ဒါဆိုလည်း လက်သန်းရင်းချိတ်ပြီး ကတိပြုရအောင်...."
ဂျန်ဖန်း သူ့လက်သန်းကို ဆန့်ထုတ်လိုက်သည်။
ချင်ဝမ်ယွမ်နဖူး အပြာရောင်သွေးကြောတွေ ထောင်ထသွား၏။
"နင်က ဘယ်လိုတောင် ကလေးဆန်ရတာလဲ..."
သူက အမှန်တကယ်ပဲ သူမကို ကလေးမလေးတစ်ယောက်ကဲ့သို့ ဆက်ဆံနေခဲ့သည်။
ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်။
ခြောက်နှစ်အရွယ်ကလေးကမလေးက သူ့ကို အထင်သေးနေ၏။
ဆေးညွှန်းကမှန်နေမှတော့ သူက စိတ်သက်သာယာရသွားခဲ့သည်။
ပစ္စည်းတွေကိုသိမ်းဆည်းပြီးနောက် သူက ပြောလိုက်သည်။
"မင်းက ဘယ်တောင်ထိပ်ကလဲ။ ငါပြန်လိုက်ပို့ပေးမယ်...."
ချင်ဝမ်ချွမ် တစ်ခဏတွေးပြီး ပြောလိုက်သည်။
"ဆေးတောင်ထိပ်က...."
ဂျန်ဖန်း ရုတ်တရက် နားလည်သွား၏။
"ဆေးတောင်ထိပ်။ ငါက အဲ့တောင်ထိပ်နဲ့ရင်းနှီးတယ်။ မင်းကို ပြန်လိုက်ပို့ပေးမယ်..."
ဤသို့ဖြင့် သူက သူမလက်ကိုကိုင်ကာ အပြင်ထွက်လာခဲ့လိုက်သည်။
ချင်ဝမ်ချွမ် အကြိမ်အနည်းငယ်ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ဂျန်ဖန်းဦးဆောင်မှုနှင့်အတူ ဆေးဥယျာဥ်မှ ထွက်လာလိုက်သည်။
သူတို့တွေ ဆေးဥယျာဥ်မှ ထွက်ထွက်ခြင်း...
အစောင့်သုံးယောက်အပြင် ဝမ်ဟုန်ယောင်ကိုပါ တွေ့လိုက်ရသည်။
"အကြီးအကဲဝမ်... ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။ ငါ ဆေးဥယျာဥ်ထဲမှာ ကလေးတစ်ယောက်တွေ့ခဲ့တယ်။ သူမပြောတာတော့ ဆေးတောင်ထိပ်ကတဲ့...."
"ကြည့်ကြည့်ပါအုန်း၊ သူမက မင်းတို့တောင်ထိပ်ကလားဆိုတာ..."
ဝမ်ဟုန်ယောင် အနီးကပ်ကြည့်လိုက်၏။
သူမမျက်လုံးတွေ ပြုတ်ထွက်မတတ် ပြူးကျယ်သွား၏။
မြင့်မြတ်အကြီးအကဲ?...
သူမက သူမကို ကလေးလိုဆက်ဆံတာ အမုန်းဆုံးမလား....
ဘာကြောင့် ဂျန်ဖန်းကို သူမလက် ကိုင်ခိုင်းနေရသနည်း။
"အ..."
သူမက ရှေ့တက်ပြီး သူမဆရာကို အရိုအသေပေးဖို့ပြင်လိုက်ပေမယ့် ချင်ဝမ်ချွမ် အကြည့်ကြောင့် ရပ်တန့်သွားခဲ့သည်။
တစ်ခဏရပ်သွားပြီး စိတ်ရှုပ်စွာဖြင့် သူမစကားတွေကို ပြောင်းလိုက်သည်။
"ဟုတ်တယ်, သူမက ငါတို့ဆေးတောင်ထိပ်ကပဲ...."
ဂျန်ဖန်း သူမကို ဝမ်ဟုန်ယောင်လက်ထဲလွဲပြောင်းပေးလိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"ဒီကလေးမလေးက အတော်အလားအလာရှိတယ်။ မျိုးစေ့ကောင်းလေးပါ...."
"ဒေါသကြီးတာလေးတစ်ခုပဲ။ ပိုများများဆုံးမပေးဖို့လိုအပ်တယ်..."
ဝမ်ဟုန်ယောင်မျက်မှာ တွန့်လိမ်သွား၏။
သူမ အသံတောင်မထွက်ရဲ၍ ဘာမှပြန်မပြောခဲ့ပေ။
မြင့်မြတ်အကြီးအကဲကို ဆုံးမမည်။
သူမ ဘယ်လိုလုပ်လုပ်ရဲမည်နည်း။
"ကိုယ့်ကိစ္စကိုအာရုံစိုက်စမ်းပါ..."
ချင်းဝမ်ချွမ် ဒေါသတကြီး ရေရွတ်လိုက်သည်။
ဂျန်ဖန်းဒူးထောက်ထိုင်ချလိုက်ပြီး သူမပါးလေးကို စိတ်တိုစွာ လိမ်ဆွဲလိုက်သည်။
"မင်းဒီလိုဆက်လုပ်နေရင်, မင်းမိဘတွေအကြီးအကျယ်ဆူတာ ခံရတော့မယ်...."
"နင်ဘယ်လိုလုပ်ရဲတာလဲ...."
ချင်းဝမ်ချွမ် ဒေါသတကြီး ဂျန်ဖန်းလက်ကို ရိုက်ထုတ်လိုက်သည်။
သူမက သူမငွေရောင်သွားလေးတွေကို အံ့ကြိတ်လိုက်၏။
ဂျန်ဖန်းသာ ကြယ်သုံးလုံးဝိညာဥ်သခင်ဆိုသည့် အချက်ကြောင့်မဟုတ်လျှင် အချိန်အတော်ကြာကတည်းက ထိုကောင့်ကို ရိုက်ပြီးပြီဖြစ်သည်။
"ဟ..ဟ... နောက်မှတွေ့မယ်, ကလေးမလေး...."
သူက လက်ဝှေ့ယမ်းပြီး ထွက်ခွာသွားခဲ့သည်။
ဝမ်ဟုန်ယောင်သာ အံ့အားသင့်စွာဖြင့်ကျန်နေခဲ့ပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေခဲ့သည်။
ဂျန်ဖန်း မြင့်မြတ်အကြီအကဲ၏မျက်နှာကိုလိမ်ဆွဲသွားတာတောင် လက်ကျိုးမသွားခဲ့ပေ။
ဤအရာက သူမသိထားသည့် ဒေါသကြီးသည့် မြင့်မြတ်အကြီးအကဲမှ ဟုတ်ရဲ့လား...
"ဘာလဲ? နင့်မှာ ပြောစရာတစ်ခုခုရှိလို့လား...."
ချင်းဝမ်ယွမ် အံ့အားသင့်နေသည့် ဝမ်ဟုန်ယောင်ကို စိုက်ကြည့်လိုက်သည်။
ဝမ်ဟုန်ယောင်ခန္ဓာကိုယ်တုန်ယင်သွားပြီး အလျှင်အမြန်ခေါင်းငုံံ့လိုက်၏။
"တပည့် မလုပ်ရဲပါဘူး...."
ချင်ဝမ်ယွမ် သူမ၏နီရဲထုန်ကျဥ်နေသည့်ပါးလေးကိုပွတ်သပ်လိုက်ပြီး နှာမှုတ်လိုက်သည်။
"ငါတွေးနေတာလဲ အဲ့တာပဲ...."
ဝမ်ဟုန်ယောင် ပြောစရာစကား ကင်းမဲ့သွား၏။
ဆရာ့ပါးကိုလိမ်ဆွဲသွားတာ ဂျန်ဖန်းလေ။ ဘာလို့ကျွန်မကို လာမဲနေတာလဲ....
သို့ပေမယ့် သူမဘာပြောနိုင်မည်နည်း။
နာခံစွာနှင့်သာ ခေါင်းငုံ့ထားနိုင်၏။
"ငါအပြင်မှာကြားခဲ့တယ်။ နင် တပည့်တစ်ယောက်အတွက် ကျောက်ဝူဂျီနဲ့တိုက်ခိုက်ခဲ့တယ်ဆို...."
ချင်ဝမ်ချွမ် လက်နှောက်ပစ်ထားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဝမ်ဟုန်ယောင် ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်, ဆရာ...."
ချင်ဝမ်ချွမ် မကျေနပ်စွာဖြင့်ပြောလိုက်သည်။
"နင်ဘယ်လောက်နိမ့်ကျလိုက်လဲကြည့်စမ်း..."
"ရင်ပြင်မှာထားခံရတဲ့တပည့်အားလုံးက အကုန်အမှိုက်တွေချည်းပဲ...."
"ဒါကို နင်က တကယ်ပဲ သူတို့အတွက် တိုက်ခိုက်ခဲ့တယ်ပေါ့။ အပြင်ကလူတွေ ဆေးတောင်ထိပ်က အဲ့ဒီအသုံးမကျတဲ့လူတွေအတွက်တောင် အရူးအမူးဖြစ်နေတယ်လို့ ထင်ကုန်ပြီ...."
"နင် မရှက်ဘူးလား...."
ဝမ်ဟုန်ယောင် အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။
"ဆရာ, မင်းနားမလည်ပါဘူး။ အဲ့ဒီတပည့်က တကယ်ကို ထူးခြားတယ်..."
"သူ့ကိုမရလိုက်တာကမှ ဆေးတောင်ထိပ်အတွက် ဆုံးရှုံးမှုကြီးပဲ...."
ချင်ဝမ်ချွမ် ဒေါသတကြီးရယ်လိုက်၏။
"ခေါင်းမာနေတုန်းပဲ..."
"ဘယ်လိုပါရမီရှင်းတွေကို ဆေးတောင်ထိပ်က မမြင်ဖူးလို့လဲ။ ဒါက တိုက်ခိုက်ဖို့ ထိုက်တန်တယ်ပေါ့...."
"ပြန်ရောက်ရင် နင့်လုပ်ရပ်အတွက် ပြန်သုံးသပ်ပါ...."
"နင်က ငါ့ကို အရှက်ရစေတယ်..."
"ဟမ့်..."
ဝမ်ဟုန်ယောင် ခါးသီးသွား၏။
သူမဆရာက လုံးဝကို ရှင်းပြတာ နားမထောင်ပေ။
ထိုအခိုက်အတန့်၌...
ချင်းဝမ်ချွမ်စိတ်လျှော့လိုက်ပြီး ထွက်ခွာသွားသည့် ဂျန်ဖန်းပုံရိပ်ကို ကြည့်ပြီး သူမမျက်လုံးတွေအနည်းငယ် ကျဥ်းမြောင်းသွား၏။
"ဂိုဏ်းသခင်တောင်ထိပ်က တကယ် ကောင်းချီးပေးခံရတာပဲ..."
"ဒီလိုတပည့်မျိုးရသွားတယ်..."
"သူ့နာမည်က ဘာတဲ့လဲ..."
ဝမ်ဟုန်ယောင် ဖုံးကွယ်မထားရဲပဲ ပြောလိုက်သည်။
"ဂျန်ဖန်းပါ..."
ချင်ဝမ်ချွမ် တစ်ခဏစဥ်းစားပြီး မေးလိုက်သည်။
"မျိုးရိုးနာမည်ဂျန်လား..."
"တိမ်စိမ်းဂိုဏ်းနယ်မြေထဲမှာ ဂျန်မျိုးရိုးနာမည်နဲ့ အင်အားကြီးမိသားစုမရှိပါဘူး..."
သူမစိတ်ထဲ၌ ဤကဲ့သို့ထူးချွန်သည့်ဝိညာဥ်သခင်တစ်ယောက်က ထိပ်တန်းဂုဏ်သရေရှိမိသားစုကြီးမှသာ လာနိုင်၏။
မမျှော်လင့်စွာပဲ....
ဝမ်ဟုန်ယောင်က ထူးဆန်းသည့်အမူအရာဖြင့် ပြောလိုက်သည်။
"သူက သာမန်မိသားစုတစ်ခုပါ...."
"အို?..."
ချင်းဝမ်ချွမ် အံ့သြသွား၏။
"ဒီနေ့ခေတ်သိုင်းပညာနယ်ပယ်မှာ အညတတရနောက်ခံနဲ့ ပါရမီရှင်တွေ ရှိပါသေးလား...."
"ဒါ အတော်ရှားတယ်...."
"လူအများကြီးထဲကမှ ဒီလိုတပည့်မျိုးရလိုက်တာ ဂိုဏ်းသခင်တောင်ထိပ်ရဲ့ကံကောင်းမှုကို ထပ်မံပြသလိုက်တာပဲ..."
"ဆေးတောင်ထိပ်သာ သူတို့တစ်ဝက်လောက်ကံကောင်းရင် အတော်ကောင်းမယ်..."
ထိုစကားတွေကြောင့် ဝမ်ဟုန်ယောင် ကြောင်အသွား၏။
အံ့အားသင့်စွာဖြင့် သူမက မေးလိုက်သည်။
"မြင့်မြတ်အကြီးအကဲ, မင်းက ဂျန်ဖန်းကို အတော်အထင်ကြီးတာပဲ...."
ထိုကောင်ဂျန်ဖန်း ဆေးဥယျာဥ်ထဲ၌ ချင်ဝမ််ယွမ်၏အပြင်းအထန်ဆူပူမခံရတာကကို အတော်လေးမမျှော်လင့်ထားသည့်အရာဖြစ်နေပြီဖြစ်သည်။
ယခုလည်း သူ့ကို ချီးကျူးနေပြန်၏။
သူမအမူအရာက ထူးဆန်းလှ၏။
ချင်းဝမ်ချွမ် သဘောကျသည့်အမူအရာ ပြသလာ၏။
"အထင်းကြီးတာထက်ပိုပါတယ်...."
"ဆေးတောင်ထိပ်မှာသာ ဒီလိုတပည့်မျိုးရှိရင် ဂိုဏ်းသခင်တောင်ထိပ်ကို ဖြုတ်ချပြီး ဂိုဏ်းချုပ်နေရာရဖို့က အလွယ်လေးပဲ...."
"ဘာ?...."
ဝမ်ဟုန်ယောင် အတော်လေး တုန်လှုပ်သွား၏။
ဂျန်ဖန်းက အမှန်တကယ်ပဲ ထူးချွန်ပြီး ဆေးပညာပါရမီကောင်း၏။ ရှန်ဂွမ်းရှန်တောင် သူ့ကို ချီကျူးခဲ့တာဖြစ်သည်။
သို့ပေမယ့် ဆေးတောင်ထိပ်ကံကြမ္မာကို ပြောင်းလဲတာကတော့ ချဲ့ကားပြောနေတာ မဟုတ်ဘူးလား....
"ဘာကိုဘာလဲ...."
ချင်းဝမ်ချွမ် သူမကို စိုက်ကြည့်လိုက်၏။
"နင့်မှာသာ အရည်အချင်းရှိရင် ဒီလိုတပည့်မျိုးရှာတွေ့သင့်တယ်။ အဲ့ဒါဆို ငါသေပျော်ပြီ...."
"ဒါပေမယ့် နင်က အမှိုက်တပည့်တွေပဲ လိုက်လုနေတယ်...."
ဝမ်ဟုန်ယောင် အဆက်မပြတ်အဆူခံနေရတာကို မခံနိုင်တော့ပေ။
သူမက အားနည်းစွာ ပြောလိုက်သည်။
"ဒါပေမယ့် ဂျန်ဖန်းက ကျွန်မ ကျောက်ဝူဂျိနဲ့တိုက်ခိုက်ရတဲ့တပည့်ပဲလေ...."
"...."