← Chapters

ဂျန်ဖန်း၏အဆင့်အတန်း

Vol. 13 Ch. 188

ဂျန်ဖန်း၏အဆင့်အတန်း

Vol. 13 Ch. 188

ဖြစ်နိုင်တာ ချန်းလျိုယွဲ့ပြောသည့်အရေးကြီးပုဂ္ဂိုလ်ဆိုတာ သူဖြစ်နိုင်၏။

"ဂျန်ဖန်း, နင် အဲ့ဒီစီနီယာကို တွေ့ချင်လား..."

လျိုချင်းရှန် စိတ်ဝင်စားသွား၏။

သို့ပေမယ့် ဂျန်ဖန်းနှင့် လင်ဂုဟိုင်ကြားရှိ မကျေနပ်မှုကို တွေ့မိပြီး ဂျန်ဖန်းဆုံးဖြတ်ချက်ကိုသာ ဦးစားပေးဖို့ ဆုံးဖြတ်လိုက်၏။

ဂျန်ဖန်း ခါးသီးစွာပြုံးလိုက်သည်။

ဤစီနီယာက သူကိုယ်တိုင်ဖြစ်နိုင်၏။

ဂျန်ဖန်း မတုံ့ပြန်ခင် လင်းဂုဟိုင် အနည်းငယ်မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဂျူနီယာညီမလျို, သူသွားဖို့ မသင့်တော်လောက်ဘူး...."

"ငါ့အဒေါပြောတောတော့ အဲ့စီနီယာက သြဇာအတော်ကြီးတယ်တဲ့။ အဆင့်အတန်းအချို့မရှိပဲနဲ့ သူ့ကို လက်ဖက်ရည်ဆက်သဖို့ အရည်အချင်းမပြည့်မှီဖူး..."

"ဂျူနီယာညီလေးဂျန်က ရှချောင်ကောရဲ့ဦးလေးဆိုတဲ့အဆင့်အတန်းရှိပေမယ့် နောက်ဆုံးမှာတော့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်ပဲလေ...."

"သူ့ကိုခေါ်သွားရင် စီီနီယာကို မကျေမနပ်ဖြစ်သွားစေလိမ့်မယ်...."

သူက ဘယ်လိုလုပ်ပြီး ဤကဲ့သို့အခွင့်အရေးကို ဂျန်ဖန်းနှင့် မျှဝေနိုင်မည်နည်း။

လျိုချင်းရှန်သာ သူနှင့်အတူ ဤပုဂ္ဂိုလ်ဆီသွားဖို့ အရည်အချင်းပြည့်မှီ၏။

ထိုမှသာ သူ, လင်းဂုဟိုင်၏ စွမ်းအားကြီးအဆက်အသွယ်ကို အပြည့်အဝသဘောပေါက်သွားမှာဖြစ်သည်။

ထိုအရာကိုကြားသည့်အခါ လျိုချင်းရှန် ပြတ်ပြတ်သားသားငြင်းလိုက်၏။

"ဒါဆိုလည်း နင့်ဘာသာနင်ပဲ သွားလိုက်တော့...."

"ငါ ဂျန်ဖန်းနဲ့ပဲ အများထိုင်ခုံမှာ ထိုင်တော့မယ်...."

"သွားကြစို့..."

ဂျန်ဖန်းမပါပဲနှင့် ဘာကြောင့် သူမက သွားရမည်နည်း။

ဤအပြုအမူက လင်းဂုဟိုင်ကို ဒေါသတကြီး အံ့ကြိတ်သွားစေခဲ့သည်။

ဘာကြောင့် လျိုချင်းရှန်က သူမနှင့်အတူ ထိုကောင်စုတ်ကို ခေါ်နေရသနည်း။

အကူအညီမဲ့စွာပဲ သူက ပြောလိုက်ရသည်။

"အဆင်ပြေပါတယ်, ဂျန်ဖန်းကိုလည် ခေါ်ခဲ့လိုက်ပေါ့...."

"ဒါပေမယ့် ဂျူနီယာညီလေးဂျန်က သူ့စကားနဲ့အပြုအမူတွေကို သတိထားရမယ်...."

"သူသာ စီနီယာကို အပြစ်လုပ်မိရင် ငါတို့တွေ အပြင်ကန်ထုတ်ခံရမှာ။ ဒါက ကိစ္စမရှိသေးဘူး။ ဒါပေမယ့် စီနီယာ သူ့ကို အပြစ်ပေးရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်...."

လျိုချင်းရှန် မျက်လုံးတွေ တောက်ပသွား၏။

သူမက မေးလိုက်သည်။

"ဂျန်ဖန်း, နင်သွားမှာလား..."

ဂျန်ဖန်း မရယ်ပဲ မနေနိုင်ဖြစ်သွား၏။

အခန်းက မူလကတည်းက သူ့အတွက်ပြင်ဆင်ထားသည်ဖြစ်ရာ ဘာကြောင့် မသွားရမည်နည်း။

"ဒါပေါ့, သွားကြစို့..."

ဂျန်ဖန်း ပြောလိုက်၏။

ထိုအရာကြောင့် လင်းဂုဟိုင်နှင့် အခြားပါရမီရှင်တပည့်တွေ မျက်လုံးလှန်လိုက်ကြ၏။

ကျီရူယွဲ့ ဂျန်ဖန်းကို မကျေမနပ်စိုက်ကြည့်လိုက်၏။

ဂျန်ဖန်း သူမကိုလူရှေ့မှာ အရှက်ခွဲတာအား ခုချိန်ထိ မှတ်မိနေဆဲပင်။

ပြန်ဆုံတွေ့သည့်အခါ ဂျန်ဖန်း လင်းဂုဟိုင်အဆက်အသွယ်အားကိုးပြီး စိန်နားကပ်အယောင်နဲ့ပါးပြောင်နေတာ မြင်သည့်အခါ မနေနိုင်ပဲ လှောင်ပြောင်လိုက်၏။

"ငါထင်ခဲ့တာ ရှချောင်ကောက ဦးလေးဖြစ်တဲ့သူ့အတွက် အခန်းစီစဥ်ထားမယ် ထင်ခဲ့တာ...."

"လက်စသတ်တော့ ဂျူနီယာမောင်လေးလင်းကို မှီခိုနေရတုန်းပါလား...."

လင်ဂုဟိုင် အတော်လေး ကျေနပ်သွား၏။

နောက်ဆုံးအကြိမ်တုန်းက မျက်နှာပျက်ခဲ့ရတာ ယခုပြန်ရပြီပဲဖြစ်သည်။

သူက သဘောထားကြီးချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။

"အတိတ်ကအကြောင်းတွေ ပြောမနေပါနဲတော့..."

"ဂျူနီယာညီလေးဂျန်အရည်အချင်းနဲ့ ငါမရှိရင်တောင် အခန်းတစ်ခန်းရမယ်လို့ ယုံကြည်တယ်..."

ထိုအရာကြောင့် သူ့ကို မျက်နှာချိုသွေးနေသည့်တပည့်တွေကို ပိုလို့တောင် ဒေါသထွက်သွားစေခဲ့သည်။

"ဂျူနီယာညီလေးလင်းက အတော်စိတ်သဘောထားကြီးတာပဲ။ ဂျန်ဖန်းလို သူများအပေါ်မှီခိုတဲ့လူကိုတောင် သည်းခံနိုင်တယ်...."

"နောက်ဆုံးအကြိမ်က ရှချောင်ကောကြောင့်သူရှိုးပြနိုင်ခဲ့တာ။ အခုလည်း အခန်းရဖို့ လျိုချင််းရှန်ကို မှီခိုနေရတယ်လေ...."

"ယောက်ျားရင့်မာရုပ်ကြီးနဲ့ သူများအပေါ်မှီခိုဖို့တော့တွေဝေမနေဘူး..."

....

ထိုအရာကိုကြားသည့်အခါ လင်းဂုဟိုင် ကျေနပ်သွား၏။

ဤရက်တွေအတွင်း သူခံစားခဲ့ရသည့်ဒေါသတွေက နောက်ဆုံးမှာတော့ သက်သာရာရသွားပြီပင်။

"ဂျန်ဖန်း, မင်းကိုမင်း ငါနဲ့ပြိုင်နိုင်တယ်လို့ထင်နေတာလား....."

လင်းဂုဟိုင် စိတ်ထဲက လှောင်ပြောင်လိုက်၏။

လူတိုင်းလေလံပွဲနေရာထဲဝင်ရောက်လာကြပြီး နံပါတ်တစ် သီးသန့်ခန်းကို ဦးတည်လိုက်ကြသည်။

ဧည့်ကြိုတာဝန်ခံက ဝမ်ရှန်နန်ဖြစ်နေခဲ့သည်။

သူမက သဘာဝအတိုင်း ဒုဥက္ကဠချန်းတူကို မှတ်မိပြီး ပြုံးပြလိုက်သည်။

"သခင်လေးလင်း...."

လင်းဂုဟိုင် ချက်ချင်းပဲ နိမ့်ကျသည့်အသံဖြင့် ပြောလိုက်သည်။

သူက သူ့အဒေါ်၏မှာကြားချက်ကို မမေ့ပေ။

ဝမ်ရှန်နန်နှင့်တွေ့သည့်အခါမှာလည်း လေးစားမှုရှိရမည်ဖြစ်ပြီး ဒုဥက္ကဠကဲ့သို့ ဆက်ဆံရမည်ပင်။

သူမ၌အားကောင်းသည့်နောက်ခံရှိပြီး အပြစ်လုပ်လို့မရကြောင်း သူမအဒေါ်က အသေအချာပြောခဲ့၏။

မဟုတ်လျှင် လင်းမိသားစုကို ဒုက္ခတွေယူဆောင်လာမည်ဖြစ်၏။

လင်းဂုဟိုင်ထိုအရာကို အခိုင်အမာယုံကြည်ပြီး လျစ်လျူမရှုရဲပေ။

"နှုတ်ဆက်ပါတယ်, ကြီးကြပ်ရေးမှုဝမ်...."

လင်ဂုဟိုင် လေးလေးစားစား နှုတ်ဆက်လိုက်၏။

ဝမ်ရှန်နန် သူ၏ယဥ်ကျေးမှုကို အလွန်ကျေနပ်နေပြီး ပြောလိုက်သည်။

"ဒုဥက္ကဠချန်း နင့်ကို နံပါတ် ၁ အခန်းက အထူးဧည့်သည်ကို ဝန်ဆောင်မှုပေးခိုင်းလိုက်တာ အံ့သြစရာမရှိတော့ပါဘူး...."

"ဒီလိုနှိမ့်ချယဥ်ကျေးတဲ့စိတ်ဓာတ်နဲ့ နင်က ဧည့်သည်ကို ကောင်းကောင်းဧည့်ခံနိုင်မှာပါ...."

"ဒါပေမယ့်...."

သူမက နောက်ရှိ လူအုပ်ကို ကြည့်လိုက်၏။

"ဒါတွေအားလုံးက နင့်သူငယ်ချင်းတွေလား...."

"လူအရမ်းများလွန်းတယ်၊ သူတို့အကုန်လုံးတော့ ဝင်လို့မရဘူး..."

လက်ဖက်ရည်ဧည့်ခံဖို့ကလူတစ်ယောက်ဆိုလုံလောက်ပြီဖြစ်သည်။

ဤလောက်လူအများကြီး အခန်းထဲဝင်လာလျှင် မည်သူကကြိုက်မည်နည်း။

လင်းဂုဟိုင် အံ့သြမသွားပေ။

တကယ်တော့ သူက ဤလူတွေအားလုံးကို ခေါ်သွားဖို့ စီစဥ်မထားပေ။

ထိုကဲ့သို့အခွင့်အရေးကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်၏။

ဘာကြောင့် အခြားလူတွေနှင့် မျှဝေရမည်နည်း။

သူတို့ကို ဤကဲ့သို့သေဘာထားကြီးစွာခေါ်လာရတာက သဘာဝအတိုင်း မနာလိုစေချင်လို့ပဲဖြစ်သည်။

ဝမ်ရှန်နန်အမူအရာက လုံးဝကို သူမျှော်လင့်ထားသည့်အတိုင်းပင်။

ထို့ကြောင့် သူက ဒုက္ခများသည့်အမူအရာလုပ်လိုက်ပြီး နောက်ရှိ ပါရမီရှင်တပည့်တွေကို ပြောလိုက်သည်။

"လူတိုင်းပဲ, ဒါ ငါ့ရဲ့သတိမထားမိမှုပါ...."

"ငါတို့ ဘာလုပ်သင့်လဲ...."

ဘာလုပ်နိုင်အုန်းမည်နည်း။

ပါရမီရှင်တပည့်တွေ စိတ်ပျက်သွားပေမယ့် ဘာမှမပြောနိုင်ကြပေ။

အဆုံးမှာတော့ လင်ဂုဟိုင်၌ ရည်ရွယ်ချက်ကောင်းရှိ၏။ ထိုအရာက ဝမ်ရှန်နန် ခွင့်မပြုသည့်အတွက်ကြောင်သာ ဖြစ်သည်။

ကျီရူယွဲ့ သူမ၏စိတ်ပျက်မှုကို ထိန်းချုပ်ပြီး အားတင်းပြုံးကာ ပြောလိုက်သည်။

"ဂျူနီယာမောင်လေးလင်း, ဒါ နင့်အမှားမဟုတ်ပါဘူး။ အများခုံမှာပဲ ထိုင်ကြတာပေါ့...."

လျိုချင်းရှန်လည်း စိတ်ပျက်သည့်အမူအရာဖြစ်သွားပြီး ပြောလိုက်သည်။

"သွားစို့...."

ဂျန်ဖန်း ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။

"အမဝင်ချင်တယ်ဆိုရင် ဝင်သွားလိုက်ပါ..."

သူက လူအုပ်ထဲမှထွက်ကာ ဝမ်ရှန်နန် ရှေ့ကို လျှောက်လာလိုက်သည်။

"ပြဿနာမရှိပါဘူး၊ သူတို့ဝင်ချင်တယ်ဆိုရင် ဝင်ခိုင်းလိုက်ပါ...."

ထိုမှသာ ဝမ်ရှန်နန် ဂျန်ဖန်းကို သတိထားမိလိုက်၏။

သူမ ချက်ချင်းပဲ အသံပြောင်းလိုက်ပြီး ပြုံးလိုက်သည်။

"ကောင်းပါပြီ။ မင်းတို့အားလုံး ဝင်နိုင်ပြီ။ ဆူတော့ မဆူကြနဲ့နော်...."

အာ...

ပါရမီရှင် တပည့်တွေ ပျော်သွားပေမယ့် ဂျန်ဖန်းကို ပဟေဠိဖြစ်စွာကြည့်နေခဲ့ကြ၏။

ဘာဖြစ်သွားသနည်း။

ဘာကြောင့် ကြီးကြပ်ရေးမှုးဝမ်က ဂျန်ဖန်းပြောပြီးသည့်နောက် သဘောတူလိုက်ရသနည်း။

"ဘာလို့ ဂျူနီယာညီလေးဂျန်ရဲ့စကားက ဂျူနီယာညီလေးလင်းထက် ပိုထိရောက်နေရတာလဲ...."

"ဒါမဖြစ်သင့်ဘူးလေ။ ဖြစ်နိုင်တာ ဂျူနီယာညီလေးဂျန်မှာ နောက်ထပ် အံ့အားသင့်စရာ အထောက်အထားများရှိနေသေးတာလား...."

"ထူးဆန်းတယ်၊ လင်းဂုဟိုင်အဒေါက ဒုဥက္ကဠချန်းလေ။ သဘောတရားအရဆိုရင် ဒါက လင်းဂုဟိုင်ပိုင်နက်ဖြစ်သင့်တယ်။ ဘာလို့ဂျူနီယာညီလေးဂျန်စကားတွေက ပိုထိရောက်နေရတာလဲ...."

သူတို့က အချင်းချင်း တီးတိုးပြောနေခဲ့ကြပြီး ဂျန်ဖန်းကို လေးစားသည့်အကြည့်တွေဖြင့် ကြည့်လိုက်ကြသည်။

သူ၏ရှချောင်ကောနှင့်ပတ်သက်သည့် အထောက်အထားကြောင့် ဂျန်ဖန်းကို ကြည့်သည့်သူတို့အကြည့်တွေ ပြောင်းလဲသွားကြသည်။

လင်ဂုဟိုင် သူတို့စကားတွေနားထောင်ရတာ မခံမရပ်နိုင်ဖြစ်သွားပြီး နှာမှုတ်လိုက်၏။

"ကြီးကြပ်ရေးမှူးဝမ်က ငါ့အခက်အခဲကိုမြင်ပြီး မင်းတို့ကိုအားလုံးကို ဝင်ခိုင်းလိုက်တာ..."

"သူမမပြောခင် ဂျန်ဖန်းက အခွင့်အရေးယူသွားရုံပဲ..."

"သူ့စကားတွေက ဒီလေလံပွဲမှာ အရေးပါမယ်လို့ မင်းတို့ကထင်နေတာလား...."

"ငါ့ဘယ်သူလဲဆိုတာလဲအမှတ်ရအုန်း။ ပြီးတော့ သူ့အဆင့်အတန်းက ဘာမိုလို့လဲ...."

ဤရှင်းပြချက်....

ရှင်းလင်းစွာပဲ သူတို့သံသယတွေကို လွင့်ပျောက်သွားစေခဲ့သည်။

ကျီရူယွဲ့၏ ဆွဲဆောင်မှုရှိရှိသည့်မျက်နှာက နောက်တစ်ကြိမ်တောက်ပလာခဲ့သည်။

"ဒါကိုပဲ ငါလည်းတွေးနေတာ...."

"ငါတို့အားလုံးက ဂျူနီယာမောင်လေးလင်းရဲ့ ကျေးဇူးကြောင့် ဒီနေရာရောက်နေကြတာ...."

"စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်ကြောင့်မဟုတ်ဘူး...."

များစွာသောတပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် လင်းဂဟိုင်နောက်မှနေ၍ နံပါတ်တစ် သီးသန့်ခန်းကို ဝင်ရောက်သွားကြ၏။

လျိုချင်းရှန် အံ့အားသင့်နေ၏။

"လင်းဂုဟိုင်က စိတ်ပျက်စရာကောင်းပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလေလံပွဲမှာ သြဇာအချို့တော့ရှိသားပဲ...."

"သူ တကယ်ပဲ လူအုပ်ကို အထဲ ခေါ်သွားနိုင်တယ်..."

"စီနီယာမကျေမနပ်ဖြစ်သွားမှာ မကြောက်ဖူးလားမသိဘူး..."

ဂျန်ဖန်း ပခုံးတွန့်ပြလိုက်သည်။

"သူတို့မဆူသရွေ့ အဆင်ပြေပါတယ်...."

သူတို့ဝင်သွားပြီးနောက်....

ချန်းလျိုယွဲ့ရောက်လာပြီး မေးလိုက်သည်။

"ရှန်နန်, သခင်လေးဂျန် ရောက်ပြီလား..."

ဝမ်ရှန်နန် ခေါင်းညိတ်လိုက်၏။

"ရောက်ပါပြီ၊ သူ ခုလေးတင်ဝင်သွားတယ်...."

ချန်းလျိုယွဲ့ စိတ်သာယာရသွား၏။

သူမအတွက် ယနေ့ ဂျန်ဖန်းထက်အရေးကြီးသည့်ဧည့်သည်မရှိပေ။

သူမက ကောင်းမွန်သည့်ဆက်ဆံရေးဖန်တီးဖို့ သူ့အတွက် အကောင်းဆုံးအခန်းကို စီစဥ်ထားခဲ့သည်။

"ဒါနဲ့စကားမစပ်, ငါတူကော ဘယ်မှာလဲ..."

ချန်းလျိုယွဲ့ မေးလိုက်သည်။ သူမက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"သခင်လေးဂျန်အထင်ကြီးမှုရဖို့ ငါ့မှာတော့ သူ့အတွက် ခက်ခက်ခဲခဲ အခွင့်အရေးဖန်တီးပေးထားလိုက်ရတာ...."

"သူကတော့ ရှိမနေဘူး...."

"အခန်းထဲမှာ ကြိုစောင့်နေသင့်တာကို အခုတော့ သခင်လေးဂျန်ကို စောင့်နေစေချင်တာလားမသိဘူး....."

ဝမ်ရှန်နန် သူမပါးစပ်ကိုကာလိုက်ပြီး တစ်ခစ်ခစ်ရယ်လိုက်၏။

"သခင်လေးလင်းလည်း အထဲဝင်သွားပါပြီ...."

ချန်းလျိုယွဲ့ နောက်ဆုံးမှာတော့ စိတ်သက်သာယာရသွားခဲ့သည်။

"ဒီလိုမှ ပိုသင့်တော်သေးတယ်...."

"ငါ့ရဲ့အကောင်းဆုံး စိတ်ဝိညာဥ်လက်ဖက်ရည်ကို သွားယူလိုက်။ ငါကိုယ်တိုင်သွားပို့မယ်...."

"ကောင်းပါပြီ, ဒုဥက္ကဠ..."

ဝမ်ရှန်နန် ချက်ချင်းပဲ ထွက်သွားခဲ့သည်။

All Chapters