ထွက်သွားသင့်တာမင်းပဲ
Vol. 13 Ch. 189
နံပါတ် ၁ သီးသန့်အခန်း က အတော်လေး ကြီးကျယ်ခမ်းနား၏။
နေရာတိုင်းက ကြွယ်ဝမှုနှင့် အခွင့်ထူးခံဆိုသည့်ခံစားချက်ကို ပေးစွမ်းနေ၏။
နံရံပေါ်ရှိ အလှဆင်ပစ္စည်းတွေတောင် သလင်းကျောက်တစ်သောင်းလောက် တန်ဖိုးရှိ၏။
စားပွဲပေါ်ရှိလက်ဖက်ရည်ပန်းကန်တွေကလည်း ထိပ်တန်းစိတ်ဝိညာဥ်သစ်သားသားဖြင့်ပြုလုပ်ထားတာဖြစ်သည်။
သာမန်အဖြစ်ဆုံးကုလားထိုင်တွေတောင် သလင်းကျောက်ထောင်ပေါင်းများစွာ တန်ဖိုးရှိ၏။
ရှိနေသည့် ထိပ်တန်းတပည့်အားလုံးက ကမ္ဘာကြီးကိုမြင်ဖူးကြ၏။
သို့ပေမယ့် သူတို့ရှေ့ရှိခမ်းနားထည်ဝါမှုက သူတို့ကို အံ့အားသင့်တုန်လှုပ်သွားစေတုန်းပင်။
ကျီရူယွဲ့လှပသည့်မျက်လုံးတွေ တောက်ပသွား၏။
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ လေလံအိမ်ဆိုတဲ့အတိုင်းပဲ..."
"နံပါတ်တစ်သီးသန့်ခန်းရဲ့အပြင်အဆင်က အနည်းဆုံး သလင်းကျောက်သောင်းချီကုန်လောက်တယ်...."
အခြားတပည့်တွေလည်း သဘောကျသည့်အမူအရာတွေ ပြသလာကြ၏။
"ဒါက ငါတို့ဂိုဏ်းချုပ်ရဲ့အိပ်ခန်းထက်တောင် ပိုကောင်းသေးတယ်...."
"တန်ဆာဆင်ဖို့ ဘယ်သူက ဒီလောက်အများကြီးသုံးမှာလဲ...."
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကလွဲပြီး ဘယ်သူမှမလုပ်ဘူး...."
ထိုအခိုက်အတန့်၌...
ကျီရူယွဲ့ အလယ်ရှိ ကျောက်စိမ်းထိုင်ခုံကို သတိထားမိလိုက်သည်။
၎င်းပေါ်၌ နဂါးနှင့် ဖီးနစ်ပုံတွေ ထွင်းထုထားပြီး အမြင့်ဆုံးခမ်းနားမှုကို ဖော်ပြနေ၏။
အရေးကြီးဆုံးက ထိုအရာကို ရေခဲကျောက်စိမ်းဖြင့်လုပ်ထားတာဖြစ်သည်။ ဂိုဏ်း ၉ ဂိုဏ်း နယ်မြေမှာ အတော်ရှားပြီး လက်သီးဆုပ်အရွယ်အစားကတောင် သလင်းကျောက်ထောင်ချီ တန်ဖိုးရှိ၏။
ထိုင်ခုံတစ်ခုလုံး၏ကုန်ကျစရိတ်ဆိုရင်တော့ စိတ်ကူးကြည့်လို့တောင် မရပေ။
"ဂျူနီယာမောင်လေးလင်း, ငါ အဲ့ထိုင်ခုံမှာ ထိုင်လို့ရမလား...."
ကျီရူယွဲ့လက်တင်တန်းကို ကိုင်ကြည့်လိုက်ပြီး မျက်လုံးတွေက တောင့်တမှုတွေအပြည့်ပင်။
သို့ပေမယ့် ဤလုပ်ရပ်က လင်းဂုဟိုင်ကို တင်းမာသွားစေခဲ့သည်။
"မင်းလက်ကိုဖယ်လိုက်စမ်း..."
"သေချင်နေတာလား။ ဒါက ဧည့်သည်တော်ရဲ့ထိုင်ခုံ၊ ဘယ်လိုလုပ်ပြီး မင်းတို့ငါတို့တွေ သာမန်ကာဆန်ကာ ထိုင်လို့ရမှာလဲ...."
ကျီရူယွဲ့ ရုတ်တရက်ထိတ်လန့်သွားပြီး သူမလက်ကို အလျှင်အမြန်ပြန်ရုတ်ကာ အကြိမ်ကြိမ်တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်၊ ငါ တစ်ခဏစိတ်လွတ်သွားလို့ပါ...."
လင်းဂုဟိုင် စိတ်တိုနေခဲ့သည်။
ဤဝန်ထုပ်ဝန်ပိုးတွေကို ခေါ်လာရခြင်းက သူ့အခွင့်အရေးကို မှေးမှိန်သွားစေရုံသာမက ပြဿနာတွေပါဖြစ်စေ၏။
ထိုအကြီးအကဲဝင်လာလို့ သူ့နေရာမှာ ဘယ်ကမှန်းမသိတဲ့ဟာတွေထိုင်နေတာ မြင်သွားလျှင် ဘယ်လိုခံစားရမည်နည်း။
သူက တင်းမာစွာဖြင့် လူတိုင်းကို ကြည့်လိုက်သည်။
"မင်းတို့တွေအားလုံး ဂရုစိုက်တာ ပိုကောင်းမယ်..."
"ငါတို့သာ အဲ့ဒီအကြီးအကဲကို ဒေါသထွက်စေခဲ့ရင် အားလုံးအတွက် ရလဒ်ကောင်းမှာမဟုတ်ဘူး...."
ဟိုကိုင်ဒီကိုင်လုပ်နေသည့် ပါရမီရှင်တပည့်အုပ်စု ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ကြသည်။
လျိုချင်းရှန်လည်း အခန်းအပြင်အဆင်က အတော်ခမ်းနားတာကို ခံစားမိ၏။
သူမက သူမပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးနေခဲ့သည်။
ရုတ်တရက် သူမက စားပွဲပေါ်ရှိ လက်ဝါးအရွယ်ကျောက်စိမ်းခြင်္သေ့ရုပ်ကို သတိထားမိပြီး သိချင်စွာဖြင့် မေးလိုက်သည်။
"ဒါက ဘာလဲ...."
သူမက ထိုအရာကို ကောက်ယူဖို့ လက်ဆန့်ထုတ်လိုက်သည်။
လင်းဂုဟိုင်စိတ်ပျက်သွား၏။ သူက ဒေါ်သကိုဖိနှိပ်ကာ ပြောလိုက်သည်။
"ဂျူနီယာညီမလျို, ဒီမှာရှိတဲ့ပစ္စည်းကို ပေါ့ပေါ့ဆဆ မထိပါနဲ့..."
"ပျက်စီးသွားရင် ပြဿနာဖြစ်လိမ့်မယ်...."
လျိုချင်းရှန် ရှက်ရွံ့စွာဖြင့် လျာထုတ်လိုက်ပြီး သူမလက်က်ို ပြန်ရုတ်လိုက်၏။
သူမက ဤနေရာကို အတော်လေးသဘောကျ၏။ ထို့ကြောင့် စည်းမျဥ်းတွေကို လိုက်နာရမည်ပင်။
မမျှော်လင့်စွာပဲ....
ဂျန်ဖန် ရုတ်တရက် ကျောက်စိမ်းခြင်္သေ့ရုပကို ကောက်ကိုင်ပြီး အပေါ်အောက်စစ်ဆေးကြည့်ကာ ပြောလိုက်သည်။
"ကြည့်ရတာ ဒါက လေလံဆွဲရင် သုံးတဲ့ပစ္စည်းနဲ့တူတယ်...."
"စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ထည့်သွင်းလိုက်ရင် အောက်ကလေလံစင်မြင့်က ဒီသီးသန့်ခန်း လေလံဆွဲတာကို သိလိမ့်မယ်...."
ထို့နောက် သာမန်အတိုင်း လျိုချင်းရှန်ဆီပစ်ပေးလိုက်သည်။
"အမ ကစားချင်ရင် ကစားလို့ရတယ်။ ဒါက ဘာမှသိပ်မတန်ဘူး။ ပျက်စီးသွားရင် ကြီးကြပ်ရေးမှူးဝမ်ကို အသစ်တစ်ခုအစားထိုးခိုင်းလိုက်မယ်...."
လျိုချင်းရှန် အလျှင်အမြန်ပဲ ဖမ်းယူလိုက်ပြီး ဆူပူလိုက်၏။
"ဂရုစိုက်စမ်းပါ။ နင့်ကြောင့် ပျက်စီးသွားအုန်းမယ်...."
ဤပေါ့ဆသည့်အပြုအမူက ပါရမီရှင်တပည့်တွေကို ရုတ်တရက် ထိတ်လန့်သွားစေခဲ့သည်။
"ဒီကောင်, သူကိုယ်သူ ဒီသီးသန့်ခန်းရဲ့ ပိုင်ရှင်များထင်နေတာလားမသိဘူး..."
"ကြီးကြပ်ရေးမှူးဝမ်ကို ပြန်အစားထိုးခိုင်းလို့ရတယ်လို့တောင် ပြောလိုက်သေးတယ်..."
"တကယ်ပျက်စီးသွားရင် ကြီးကြပ်ရေးမှူးဝမ်က ငါတို့ကို ကန်ထုတ်လိမ့်မယ်....."
ကျီရူယွဲ့လည်း ဒေါသထွက်သွား၏။
"ဂျူနီယာမောင်လေးလင်း, သူ့ကိုကြည့်စမ်းပါအုန်း။ တမင်တကာပြဿနာရှာနေတာ..."
လင်ဂုဟိုင် လူတိုင်းထက်ပို ဒေါသထွက်၏။
သူက အစကတည်းက ဂျန်ဖန်းကို မခေါ်ချင်ခဲ့ပေ။ လျိုချင်းရှန်အတွက်သာ တွန့်ဆုတ်စွာခေါ်လာရခြင်းဖြစ်သည်။
သို့ပေမယ့် ကြည့်ပါအုန်း....
ထိုကောင်က လုံးဝကို ကျေးဇူးတင်သည့်အမူအရာ မပြပေ။
ထိုအစား,ဤနေရာ၏ပိုင်ရှင်ကဲ့သို့ပြုမူနေပြီး သူ,လင်းဂုဟိုင်၏အကြံညာဏ်တွေကို လျစ်လျူရှူကာ ပြဿနာရှာနေခဲ့သည်။
"ဂျန်ဖန်, ဒါ ငါမင်းကို သတိပေးတာ နောက်ဆုံးအကြိမ်ပဲ။ ပစ္စည်းတွေကို လျောက်မကိုင်ပါနဲ့...."
"မင်းကြောင့် တစ်ခုခုပျက်စီးသွားရင်, ငါ ပြဿနာတက်လိမ့်မယ်။ မင်းအတွက်ဆိုပိုဆိုးမှာနော်...."
ဂျန်ဖန်း သူ့နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး ဆွံ့အသွား၏။
"ငါမင်းတို့ကို ဝင်ခွင့်ပြုထားတာပဲ။ ပြဿနာမရှိပါဘူး...."
"မဆူသေရွေ့ ချုပ်တည်းနေစရာမလိုပါဘူး။ လွတ်လွတ်လပ်လပ် နေကြပါ...."
ပြောပြီးနောက်....
သူက ကျောက်စိမ်းထိုင်ခုံပေါ်ထိုင်ချလိုက်သည်။
အေးစက်သက်တောင့်သက်သာဖြစ်မှုက ချက်ချင်းပဲ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး စိတ်ဝိညာဥ်အမျှင်တန်းတွေ အဆက်မပြတ် သူ့ဆီကို စီးဆင်းလာခဲ့ည်။
ထိုအရာက သူ့ခန္ဓာကိုယ်ကို အတော်လေး သက်တောင့်သက်သာဖြစ်စေ၏။
"မဆိုးပါဘူး။ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလေလံအိမ်က တကယ်ဝန်ဆောင်မှုကောင်းတာပဲ...."
ဂျန်ဖန်း စိတ်ထဲက ချီးကျူးလိုက်၏။
အနည်းဆုံး သူတို့က သီးသန်းခန်း အပြင်အဆင်၌ အတော်လေးအားစိုက်ထား၏။
ဤကဲ့သို့အားစိုက်ထုတ်မှုက များစွာသောသန်မာသူတွေကို လာဖို့ ဆွဲဆောင်နေခဲ့သည်။
ထို့ပြင် ဤကဲ့သို့ ဇိမ်ရှိသည့်ထိုင်ခုံမျိုးကို ထိုင်ပြီးနောက် မည်သူက လေလံပွဲမှ ထပြန်ချင်မည်နည်း။
သို့ပေမယ့် ဤအပြုအမူက လင်းဂုဟိုင်ကို နောက်ထပ်သည်းမခံဖြစ်သွားစေ၏။
"ဂျန်ဖန်း...."
လင်ဂုဟိုင်ဒေါသတကြီးအော်ဟစ်လိုက်ပြီး မျက်နှာမှာ ဒေါသတွေ အထင်းသားပင်။
"မင်းဘာလုပ်တာလဲ..."
"ခုချက်ချင်းထစမ်း..."
သူက ဒေါသထွက်နေပြီဖြစ်သည်။
အကြီးအကဲက အချိန်မရွေးရောက်လာနိုင်၏။
တစ်ယောက်ယောက်ကသာ သူ့ကျောက်စိမ်းထိုင်ခုံမှာ ထိုင်နေတာမြင်လျှင် ဘယ်လိုလုပ် ပျော်နိုင်မည်နည်း။
ထိုအခါ သူတို့အားလုံးကို ဒေါသတကြီး မောင်းထုတ်မည်ပင်။
ဂျန်ဖန်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဒီသီးသန့်ခန်းက ငါ့အတွက် ပြင်ထားတာ...."
"ငါနေချင်သလိုနေမှာပေါ့...."
"ဒါပေမယ့် မင်းကတော့ တကယ်ဆူလွန်းတယ်...."
"မင်းဆက်အော်နေအုန်းမယ်ဆိုရင် ထွက်သွား...."
လူတိုင်း စိတ်အားထက်သန်နေတာကိုမြင်သည့်အတွက် ဂျန်ဖန်း သူတို့ကို ဝင်ခိုင်းခဲ့တာပဲဖြစ်သည်။
သို့ပေမယ့် လင်ဂုဟိုင်၏ တပြစ်တောက်တောက် ပြောဆိုမှုက တကယ်ကို စိတ်ပျက်စရာကောင်းလွန်း၏။
ကျီရူယွဲ့ တစ်ခဏအံ့အားသင့်သွား၏။ ထို့နောက် ကျယ်လောင်စွာ ထရယ်လိုက်၏။
"နင်တို့ကြားကြလား...."
"ဒီသီးသန့်ခန်းက သူ့အတွက်ပြင်ပေးထားတာတဲ့...."
"ဘုရားရေ, ငါများ ထင်ယောင်ထင်မှားဖြစ်နေတာလား...."
ပါရမီရှင်တပည့်တွေလည်း ပါးစပ်တွေ တွန့်လိမ်ကုန်၏။
သူတို့က အချင်းချင်းတီးတိုးပြောလိုက်ကြသည်။
"ဒီကောင်ရူးများနေတာလားမသိဘူး..."
"အခြားဂိုဏ်းကအကြီးအကဲများစွာ ဒီမှာရှိနေပေမယ့် သူတို့က နံပါတ် ၁ သီးသန့်ခန်းအတွက်အရည်အချင်းမပြည့်မှီဘူး...."
"သူက ရှချောင်ကောရဲ့ သိုင်းပညာဦးလေးဖြစ်တယ်ဆိုရင်တောင် ဘယ်တော့မှ ဒီမှာ ထိုင်ဖို့ အရည်အချင်းရှိမှာမဟုတ်ဘူး....."
လျိုချင်းရှန်လည်း ဂျန်ဖန်းစကားတွေကြောင့် စိတ်ရှုပ်သွား၏။
သူမက တီးတိုးပြောလိုက်သည်။
"ဂျန်ဖန်း, ဘာလို့ အဓိပ္ပာမရှိတာတွေပြောနေတာလဲ..."
"ဒီလိုဆိုရင် နင်လူတွေကို အပြစ်လုပ်မိလိမ့်မယ်...."
တိမ်စိမ်းဂိုဏ်းတပည့်ဂျန်ဖန်း နံပါတ်တစ် သီးသန့်ခန်းကို မမှန်ကန်သည့်နည်းဖြင့် ပိုင်သည်ဆိုသည့် စကားသာပျံ့သွားလျှင်...
ရောက်လာကြသည့်အကြီးအကဲတွေ ဒေါသထွက်သွားရုံသာမက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကပါ ဂျန်ဖန်းကို တစ်သက်စာ နာမည်ပျက်စရင်းသွင်းမည်ပင်။
လင်ဂုဟိုင် စားပွဲကို ဒေါသတကြီးရိုက်လိုက်ပြီး နောက်ထပ်သည်းမခံနိုင်တော့ပေ။
"မောက်မာနေတဲ့စောက်ရူးကောင်...."
"ငါက မင်ကို စေတနာနဲ့ ခေါ်လာပေးတာ...."
"မင်းက ငါ့ကို ဒီလို အခွင့်ကောင်းယူရဲတယ်ပေါ့...."
"ထွက်သွားစမ်း, ခုချက်ချင်းထွက်သွားစမ်း...."
"မင်းကို ဒီနေရာက မကြိုဆိုဘူး...."
ဂျန်ဖန်းမျက်နှာ အေးစက်သွား၏။
သူက ကျောက််စိမ်းထိုင်ခုံမှာထိုင်ရင်း ထမည့်ပုံမပြပေ။
ထိုအစား အေးစက်စွာပြောလိုက်သည်။
"ထွက်သွားသင့်တာ မင်း..."
"မင်းတို့အားလုံး ဆူလွန်းတယ်..."
"ထွက်သွားကြတော့..."
ကြင်နာမှုကို မြည်းတစ်ကောင်အသည်းကဲ့သို့မြင်နေကြ၏။
ကျေးဇူးမသိတတ်သည့် စိတ်ပျက်စရာလူတစ်သိုက်ပင်။
လျိုချင်းရှန် ရုတ်တရက် ထိတ်လန့်သွား၏။
သူမက ဂျန်ဖန်းကို မမှတ်မိလုနီးပါးပင်။
သူက ပုံမှန်ဆို နှိမ့်နှိမ့်ချချနေတတ်သည်မဟုတ်လား....
ဘယ်လိုလုပ်ပြီး ခုလောက်ထိ ကြိုးကြောင်းမဆီလျော်ပြီး မဆင်မခြင်လုပ်ရသနည်း။
အကြီးအကဲ၏ထိုင်ခုံကို အပိုင်သိမ်းပြီး အခြားလူတွေကို မောင်းထုတ်နေ၏။
အကြီးအကဲ ဒါမှမဟုတ် လေလံအိမ်ကလူတစ်ယောက်သာ ဒါကိုမြင်သွားလျှင် အတော်လေး ဒုက္ခများပြီပဲဖြစ်သည်။
ကျီ!
ကြောက်ရွံ့မှုက အမှန်တကယ်ဖြစ်လာပြီပင်။
လေထုတင်းမာနေသည့်အချိန်မှာပဲ...
သီးသန့်ခန်းတံခါး ပွင့်သွား၏။
ချန်းလျိုယွဲ့ စိတ်ဝိညာဥ်လက်ဖက်ရည်အပြည့်ပါသည့် ကျောက်စိမ်းသေတ္တာတစ်ခုကို ကိုင်ကာ လျှောက်ဝင်လာခဲ့သည်။
သူမမျက်နှာက အပြုံးတွေဖြင့် တောက်ပနေခဲ့သည်။
အထဲ၌ လူအများကြီးကိုမြင်သည့်အခါ သူမကြောင်သွား၏။
"လူတွေအများကြီးပါလား....."