နောင်တ
Vol. 13 Ch. 190
"ဒေါ်လေး...."
လင်ဂုဟိုင် အလျှင်အမြန်ပဲ မိတ်ဆက်ပေးလိုက်သည်။
"ဒါတွေက ကျွန်တော့်သူငယ်ချင်းတွေပါ..."
ပါရမီရှင်တပည့်တွေအားလုံး သူတို့၏လေးစားမှုကို ပြလိုက်ကြ၏။
"ဒုဥက္ကချန်း..."
ချန်းလျိုယွဲ့ မျက်မှောင်ကြုတ်လိုက်၏။
သူမက သူမတူကို တစ်ယောက်တည်းလာခဲ့ဖို့ပြောခဲ့တာဖြစ်သည်။ ဘာကြောင့် သူငယ်ချင်းတွေအများကြီးခေါ်လာရသနည်း။
ဤလောက်ဆူညံနေမှတော့ ဂျန်ဖန်း စိတ်အနှောက်အယှက်ဖြစ်သွားလျှင် ဘယ်လိုလုပ်မည်နည်း။
"ဂုဟိုင်, နင် ဒီမှာ ဆူညံနေတာတော့ မဟုတ်ဘူးမလား...."
သူမက သတိထားပြီး ဂျန်ဖန်းကို ကြည့်လိုက်သည့်အခါ မပျော်မရွင်ဖြစ်နသည့်အမူအရာကို သတိထားမိပြီး နှလုံးခုန်နှုန်းတွေ မြန်သွား၏။
လင်ဂုဟိုင် ရယ်စရာကောင်းသည်ဟု ထင်လိုက်၏။
ဂျန်ဖန်းထင်တိုင်းကျဲနေခဲ့သည်မဟုတ်လား။
အချိန်ကိုက်ကို ဝဋ်ပြန်လည်ပြီပင်။
သူက လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"ဒေါ်လေး, ငါ့သူငယ်ချင်းတွေက အေးအေးဆေးဆေးနေကြတာပါ။ ဘာဆူညံမှုမှ မလုပ်ပါဘူး...."
ချန်းလျိုယွဲ့ စိတ်သက်သာယာရသွား၏။
ထို့နောက် သူမ နောက်တစ်ကြိမ်ခေါင်းရှုပ်သွား၏။
ထိုသို့ဆိုလျှင် ဘာကြောင့် ဂျန်ဖန်းက မပျော်မရွင်ဖြစ်နေသနည်း။
လင်းဂုဟိုင်၏နောက်ထပ်စကားတွေက သူမကို ရေခဲတုန်းကဲ့သို့ အေးစက်သွားစေခဲ့သည်။
"ဆူနေတဲ့တစ်ယောက်ကတော့ အဲ့ဂျန်ဖန်းဆိုတဲ့နာမည်နဲ့ကောင်ပဲ...."
လင်ဂုဟိုင် လှောင်ပြောင်လိုက်ပြီး ဂျန်ဖန်းကို ကြည့်လိုက်သည်။
"သူ ကျွန်တော့်နောက်ကို အရှက်မရှိလိုက်တာကကို အတော်တရားလွန်နေပြီ...."
"ပြောတာတွေလည်း နားမထောင်ဘူး..."
"သူ့ကို ပစ္စည်းတွေလျှောက်မကိုင်ဖို့ ကျွန်တော်ပြောတယ်။ ဒါပေမယ့် ဒီကောင်က လျှောက်ကိုင်နေတုန်းပဲ...."
"ပြီးတော့ ကျောက်စိမ်းခုံပေါ်မှာတောင် ထိုင်လိုက်သေးတယ်။ သူမှာကိုယ့်ကိုယ်နားလည်မှု နည်းနည်းလေးတောင် မရှိဘူးလားမသိဘူး...."
ထိုအရာကိုကြားသည့်အခါ ချန်းလျိုယွဲ့နှလုံးသား ကျုံ့ဝင်သွား၏။
သို့ပေမယ့် နောက်ထပ်စကားတွေက သူမကို ပိုလို့တောင် ဆိုးရွားသွားစေခဲ့သည်။
"ဘာက ပိုပြီးရယ်စရာကောင်းလဲဆိုတာ ဒေါ်လေးသိလား..."
လင်းဂုဟိုင် မနေနိုင်ပဲ ရယ်လိုက်သည်။
"ကျွန်တော်သူ့ကို ထဖို့ပြောတယ်။ ဘာပြန်ပြောတယ်ထင်လဲ...."
"ကျွန်တော်တို့က ဆူနေလို့ ထွက်သွားတဲ့...."
"ရယ်စရာမကောင်းဘူးလား..."
ပါရမီရှင်တပည့်တွေလည်း ကျယ်လောင်စွာ ရယ်လိုက်ကြ၏။
"ဒုဥက္ကဠချန်း, ဂျူနီယာညီလေးလင်းစကားတွေက အမှန်ဆိုတာ ကျွန်တော်သက်သေခံပေးနိုင်တယ်...."
"ဒီကောင်က တကယ်ကို ရယ်စရာကောင်းလွန်းတယ်။ သူကိုယ်သူ သီးသန့်ခန်းပိုင်သလို ပြုမူနေတယ်...."
လျိုချင်းရှန် တောင်းပန်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။
သူမက အလျှင်အမြန်ပဲ ပြောလိုက်သည်။
"ဒုဥက္ကဠချန်း, ကျွန်မရဲ့ဂျူနီယာမောင်လေးက ပုံမှန်ဆိုဒီလိုမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး...."
သူမတောင်းပန်မှုက ကျီရူယွဲ့ အေးစက်စက်လှောင်ပြောင်မှု၏နှောက်ယှက်မှုကို ခံလိုက်ရသည်။
"ဘာလို့ စကားတွေအများကြီးဖြုန်းတီးနေမှာလဲ..."
"သူ့ကိုမောင်းထုတ်လိုက်ရင်ရပြီလေ...."
"ဒီနေရာက သူနေနိုင်တဲ့နေရာ မဟုတ်ဘူး...."
သို့ပေမယ့်...
သူမပြောလို့မပြီးခင်မှာပဲ ချန်းလျိုယွဲ့၏စူးရှသည့်အကြည့်က သူမအပေါ်ကြရောက်လာပြီး ပြင်းထန်စွာပါးပိတ်ရိုက်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း...."
ချန်းလျိုယွဲ့ဒေါသထွက်သွား၏။
သူမက ဂျန်ဖန်းကို စိတ်ဝိညာဥ်လက်ဖက်ရည်ဧည့်ခံဖို့ အပင်းပန်းခံကြိုးစားခဲ့ရ၏။
သို့ပေမယ့် အခုတော့ အမျှော်အမြင်မရှိသည့် ဤလူတွေက ဂျန်ဖန်းကို ရဲတင်းစွာ လှောင်ပြောင်နေခဲ့ကြ၏။
အတော်လေး တရားလွန်၏။
ကျီရူယွဲ့ ကြောင်သွား၏။ သူမက ပါးကိုလက်ဖြင့်ကာကာ လင်းဂုဟိုင်ကို စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။
သူမမျက်လုံးတွေ၌ မကျေနပ်မှုတွေအပြည့်ပင်။
လင်းဂုဟိုင်လည်း အံ့အားသင့်သွား၏။
"ဒေါ်လေး, ဘာလို့ ကျွန်တော့်မိတ်ဆွေကို ရိုက်တာလဲ...."
"ရိုက်သင့်တာက အဲ့အယုတ်တမာကောင်ဂျန်ဖန်းပဲ..."
ဖြန်း!
အစောကထက်ပိုပြင်းသည့်လက်ဝါးချက်တစ်ခု လင်းဂုဟိုင်မျက်နှာပေါ်ကျရောက်သွား၏။
ချန်းလျိုယွဲ့ ဒေါသတကြီး အံကြိတ်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။
"လင်းဂုဟိုင်, နင်က တော်တော်စောက်သုံးမကျတာပဲ..."
သူက သူမတူဖြစ်နေတာကြောင့် အခွင့်အရေးတစ်ခုပေးချင်ခဲ့၏။
လင်းဂုဟိုင်သာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့လျှင် လင်းမိသားစု ဝမ်ရှန်နန်ကဲ့သို့ပင် ဝိညာဥ်သခင်ကို တွယ်ကပ်နိုင်ပြီပင်။
သို့ပေမယ့် ဒီကောင်စုတ်က ဘာလုပ်လိုက်သနည်း။
အသုံးမကျသည့် မိတ်ဆွေတစ်အုပ်ကိုခေါ်လာပြီး ဂျန်ဖန်းကို အနှောက်အယှက်ပေးခဲ့၏။
ထို့ပြင် သူကပါ ဦးဆောင်စော်ကားနေသေး၏။
ဂျန်ဖန်းကို အယုတ်တမာကောင်လို့ခေါ်သည်လား....
"ဒေါ်လေ...နင်..."
လင်းဂုဟိုင် သူ့မျက်နှာကို မယုံကြည့်နိုင်စွာဖြင့်ကိုင်လိုက်၏။
ဘယ်လိုလုပ်ပြီး သူ့အဒေါ်က သူ့ကိုပါးရိုက်ရသနည်း။
ချန်းလျိုယွဲ့ ဒေါသထွက်နေ၏။
"သခင်လေးဂျန်က ငါဖိတ်ခေါ်ထားတဲ့ အထူးဧည့်သည်ပဲ...."
"နင့်ကို သူ့အတွက် လက်ဖက်ရည်ဧည့်ခံခိုင်းလိုက်တာလေ..."
"အခု နင်ဘာလုပ်ထားလဲ..."
သူမအသံက သီးသန့်ခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။
လူတိုင်း သစ်သားချောင်တွေကဲ့သို့ တောင့်တောင့်ကြီးမတ်တပ်ရပ်နေကြပြီး သူတို့နား သူတို့ မယုံနိုင်ဖြစ်နေ၏။
ချန်းလျိုယွဲ့ အထူးဖိတ်ကြားသည့်ဧည့်သည်က အမှန်တကယ်ကို ဂျန်ဖန်း ဖြစ်နေခဲ့သည်။
အစောပိုင်း ဝမ်ရှန်နန် သူတို့ကို ဝင်ခွင့်ပြုခဲ့တာ လင်ဂုဟိုင်အခက်တွေ့နေလို့မဟုတ်ပေ။ ဂျန်ဖန်း ခွင့်ပြုပေးလိုက်လို့သာဖြစ်သည်။
ထို့ပြင် ဂျန်ဖန်း ဤနေရာမှာ လွတ်လွတ်လပ်လပ် ပြုမူနိုင်၏။
အဘယ်ကြောင့်ဆိုသော် သီးသန့်ခန်းက သူ့အပိုင်ဖြစ်သောကြောင့်ပင်။
သူမတူကို ဆူပူပြီးနောက် ချန်းလျိုယွဲ့ ထိတ်လန့်စွာဖြင့် ဂျန်ဖန်းနားကပ်လာပြီး တောင်းပန်လိုက်သည်။
"သခင်လေးဂျန်, ကျွန်မတူအပြုအမူအတွက် ကျွန်မတောင်းပန်ပါတယ်...."
"ဧည့်ခံခိုင်းဖို့ ဝမ်ရှန်နန်ကိုပဲ လွတ်လိုက်ပါ့မယ်...."
ဂျန်ဖန်း လက်ဝှေ့ယမ်းပြလိုက်သည်။
"ဧည့်ခံခိုင်းဖို့ မလိုပါဘူး...."
"သူတို့အကုန်လုံးကိုသာ အပြင်ထွက်ခိုင်းလိုက်ပါ...."
ချန်းလျိုယွဲ့ ကြက်သေသေနေသည့် လင်ဂုဟိုင်ဘက်လှည့်ကာာ ဒေါသတကြီး ပြောလိုက်သည်။
"နင် နားလေးနေလား... နင့်မိတ်ဆွေတွေ ခေါ်ပြီးထွက်သွားတော့...."
"နင်က အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ အခုကစပြီး ငါ့ကို အဒေါ်လို့ မခေါ်နဲ့တော့...."
"ငါ့မှာ ဒီလောက်စိတ်ပျက်စရာကောင်းတဲ့တူ မရှိဘူး...."
လင်ဂုဟိုင် လည်ချောင်းပိတ်ဆို့သွားပြီ စကားတစ်လုံးမှ မပြောနိုင်ပေ။
သစ်သားချောင်းတစ်ချောင်းကဲ့သို့ပင် တောင့်တင်းစွာဖြင့် ထွက်ခွာသွားခဲ့သည်။
အခြားပါရမီရှင်တပည့်တွေလည်း မျက်နှာညိုးငယ်စွာဖြင့် ထွက်ခွာသွားကြသည်။
လက်စသတ်တော့ သူတို့အထဲဝင်နိုင်ခဲ့တာ ဂျန်ဖန်းကြောင့် ဖြစ်နေခဲ့သည်။
သို့ပေမယ့် သူတို့က သူ့ကို ထပ်ခါထပ်ခါ လှောင်ပြောင်နေခဲ့သည်။
ကျီရူယွဲ့ သူမအနီရောင်နှုတ်ခမ်းလေးကိုကိုက်လိုက်ပြီး ဂျန်ဖန်းကို ကြည့်လိုက်သည်။
သူမ ဂျန်ဖန်းနားသွားချင်ပေမယ့် ချန်းလျိုယွဲ့အကြည့်က သူမကို ရပ်တန့်သွားစေခဲ့သည်။
တွန့်ဆုတ်စွာပဲ ထွက်ခွာသွားရတော့မည်ဖြစ်သည်။
သူမအတော်လေး စိတ်ပျက်နေ၏။
သူမ ဘာတွေးနေသနည်း။
ဘယ်လိုလုပ်ပြီး လူတစ်ယောက်တည်းကို နှစ်ကြိမ်ဆက်တိုက် အထင်မှားခဲ့ရသနည်း။
သူမက ကိုယ့်မျက်နှာကိုယ်သာ ဖြတ်ရိုက်လိုက်ချင်တော့သည်။
လူတိုင်းထွက်သွားပြီးနောက် ချန်းလျိုယွဲ့ နောက်တစ်ကြိမ်တောင်းပန်လိုက်၏။
ဂျန်ဖန်းပြောလိုက်သည်။
"မေ့လိုက်ပါ။ ဒါ မင်းအမှားမဟုတ်ပါဘူး...."
"ဒါ့ပြင်, မင်းမှာ ရည်ရွယ်ချက်ကောင်းရှိတာပဲ။ ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ..."
ပြောပြီးနောက် သူက ပြန်လည်ကုသေဆေးသုံးလုံးကို ထုတ်ယူလိုက်သည်။
"ဒီဆေးလုံးတွေကို လေလံတင်ပေးရင်, ငါ ကျေးဇူးတင်မိမှာ..."
ချန်းလျိုယွဲ့ သူမ၏စူးရှသည့်အကြည့်ဖြင့် ချက်ချင်းပဲ ဆေးလုံး၏ပုံမှန်မဟုတ်သည့် အရည်အသွေးကို သတိထားမိသွားသည်။ သူမက ပျော်ရွင်စွာဖြင့်လက်ခံလိုက်၏။
"ကောင်းပါပြီ, ကျွန်မ အရင်ဆုံး ဒါတွေကို တန်ဖိုးဖြတ်လိုက်ပါအုန်းမယ်...."
"တန်ဖိုးရှိတယ်ဆိုရင်တော့ လေလံတင်ဖို့ သေချာစီစဥ်ပေးပါ့မယ်...."
နောက်ဆုံး၌ အခန်းထဲမှာ လူနှစ်ယောက်သာ ကျန်ခဲ့တော့၏။
လျိုချင်းရှန် သူမ၏သိချင်စိတ်ကို နောက်ထပ် မဖိနှိပ်နိုင်တော့ပေ။
"ဂျန်ဖန်း, နင်က ဘယ်လိုလုပ်ပြီး ထိပ်တန်းသီးသန့်ခန်းရဲ့ပိုင်ရှင်ဖြစ်လာရတာလဲ..."
ဂျန်ဖန်း ချန်းလျိုယွဲ့ဖိတ်ကြားစာကို ထုတ်ယူလိုက်ပြီး စိတ်တိုစရာကောင်းအောင် ပြုံးလိုက်သည်။
"ဘယ်လိုလုပ်သိမှာလဲ...."
"ငါက ရုတ်တရက်ကြီး ဒီသီးသန့်ခန်းကို ရသွားတာပဲ...."
"ဒီလောက်ပြဿနာများမယ်မှန်းသာသိရင် လာခဲ့မှာမဟုတ်ဘူး...."
လျိုချင်းရှန် ဖိတ်ကြားစာကို စစ်ဆေးလိုက်ပြီး ထပ်တူ ပဟေဠိဖြစ်သွား၏။
"ဒါ အဓိပ္ပာယ်မရှိဘူး။ နင်က လေပြင်းပုလဲကို လေလံတင်ဖို့ပေးခဲ့ရင်တောင် အထူးဧည့်သည်အဖြစ်ဆက်ဆံမခံရသင့်ဘူး...."
"ဘာလို့သူတို့က နင့်ကို အခုလို အထူးတလည် ဆက်ဆံနေတာလဲ...."
"ဒီလိုမြင့်မားတဲ့လေးစားမှုမျိုးက ဂိုဏ်းချုပ်တစ်ယောက်နီးပါးကိုရှိနေပြီ..."
သူမက စားပွဲပေါ်ရှိ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်ဖက်ရည်ကို ကြည့်ပြီး ဝေဖန်လိုက်၏။
ဂျန်ဖန်းပြုံးလိုက်ပြီး သူ့ဘေးကို ပုတ်ပြလိုက်သည်။
"ကောင်းပြီ, ငါတို့ဒီမှာရှိနေမှတော့ ခံစားလိုက်ကြတာပေါ့...."
လျိုချင်းရှန် ဂျန်ဖန်းကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။
အများကြီးမတွေးတော့ပဲ သူမစကတ်ကိုမကာ ပျော်ရွင်စွာဖြင့် ကျောက်စိမ်းခုံပေါ်မှာ ထိုင်လိုက်သည်။
ရှေ့ရှိ သလင်းမျက်နှာပြင်မှ သူမက လေလံစင်မြင့်ပေါ်ရှိ အရာရာကို ရှင်းရှင်းလင်းလင်းမြင်နိုင်တာဖြစ်သည်။
စင်နောက်၌...
လေလံဝန်ထမ်းတွေ နောက်ဆုံးပြင်ဆင်မှုအတွက် အလုပ်များနေကြသည်။
ဥက္ကဠထျန်းရှီဂျွန် လေလံတင််မည့်ပစ္စည်းတွေကို စစ်ဆေးနေခဲ့သည်။
စုရှန်ချွမ် နှင့် ချန်းလျိုယွဲ့ စုဆောင်းထားသည့်ပစ္စည်းတွေကို ခွဲခြားထားပြီး နောက်ပိုင်းမှာ သူတို့ကိုယ်တိုင် လေလံပွဲကို ဦးစီးရမည်ဖြစ်သည်။
အမြန်အကဲဖြတ်ပြီးနောက် ထျန်ရှီဂျွန် ပြောလိုက်သည်။
"ကြည့်ရတာ ဒီတစ်ချိန် ဒုဥက္ကဠစုရဲ့လေလံပစ္စည်းတွေက ပိုမြင့်လောက်မယ်ထင်တယ်..."
ဘေးရှိ ဒုဥက္ကစု မုတ်ဆိတ်မွေးသပ်လိုက်ပြီး ပြုံးလိုက်သည်။
"ဒုက္ကဠချန်း ဒီတစ်ကြိမ် ပစ္စည်းကောင်းရှိတဲ့ဖောက်သည်တစ်ယောက်ရှိသွားရုံပါ..."
"ကျွန်တော့်ရဲ့ ကျယ်ပြန့်တဲ့အဆက်အသွယ်ကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ...."
ထျန်ရှီဂျွန် လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"အသက်ကြီးလေ, ဉာဏ်ရှိလေပဲ...."
"မင်းပြင်ဆင်ထာတဲ့ ကုသဆေးက ဒီတစ်ကြိမ်မှာ လူကြိုက်များပြီး ဈေးကောင်းရလောက်တယ်...."
စုရှန်ချွမ်း ကြွားဝါလိုက်၏။
"ကျွန်တော် ဒီနေ့အတွက် သားရဲလှိုင်းထွက်ပေါ်မလာခင်ကတည်းက အတော်ကြာပြင်ဆင်ထားခဲ့တာ..."
"ဒါကြောင့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အဆင့် ၃ ကုသဆေးကို ရခဲ့တာ..."
"အခု, ဝယ်ချင်တဲ့လူတိုင်းက ကျွန်တော့်ဆီကပဲ ရနိုင်တော့မှာ..."
ထျန်းရှီဂျွန် အတော်လေး ကျေနပ်နေ၏။
စုရှန်ချွမ်းက မောက်မာပေမယ့် စွမ်းဆောင်ရည်က အငြင်းပွားစရာမဟုတ်ပေ။
သူနှင့်ယှဥ်လျှင် ချန်းလျိုယွဲ့ အတော်လေး အတွေ့အကြုံမရှိပေ။
သူမအတွက် စုရှန်ချွမ်းနှင့် ယှဥ်ဖို့က အတော်ခက်ခဲမည်ပင်။
မကြာခင် သူအနားယူချိန်၌ စုရှန်ချွမ်းက သံသယရှိစရာမလိုအောင် ထိုနေရာအတွက် အကောင်းဆုံးလူပဲဖြစ်သည်။
ထိုအခိုက်အတန့်၌...
ချန်းလျိုယွဲ့ စိတ်လှုပ်ရှားစွာဖြင့် အပြေးရောက်လာခဲ့သည်။
"ဥက္ကဠ, ကျွန်မ စိတ်ဝိညာဥ်ဆေးလုံး သုံးလုံး ရလာတယ်။ တန်ဖိုးဖြတ်ပေးပါအုန်း...."
အို?...
ထျန်းရှီဂျွန် မျက်မှောင်ကြုတ်လိုက်၏။
"လေလံပွဲက စတော့မှာလေ..."
လေလံတင်မည့်ပစ္စည်းတိုင်းက အသေးစိတ်ရွေးချယ်ထားတာဖြစ်သည်။
ဤဆေးသုံးလုံးလေလံတင်ပစ္စည်းထဲထည့်ခြင်းက ပစ္စည်းတစ်ခု ထုတ်ပယ်ပစ်ရမည်ဟု ဆိုလိုနေတာပဲဖြစ်သည်။
စုရှန်ချွမ်း ယုံကြည်မှုရှိစွာရယ်လိုက်၏။
"ဥက္ကဠ, ကြည့်ကြည့်လိုက်ပါ..."
"အခုချိန်မှ သူမတွေ့လာတဲ့ဆေးလုံးက ဘယ်လိုအရည်အသွေးရှိလဲ ငါမြင်ချင်သေးတယ်..."
"တန်ဖိုးဖြတ်ပေးလိုက်ပါ။ ဒါမှ သူမ လက်လျော့သွားမှာ...."
ထျန်းရှီဂျွန် သက်ပြင်းချလိုက်၏။
"ကောင်းပြီလေ, ငါ့ကို ပြကြည့်..."
"ဒါပေမယ့် ငါပြောထားမယ်နော်၊ ထိပ်တန်းအဆင့်ဆေးလုံးတွေ မဟုတ်ရင်တော့ လေလံတင်လို့မရဘူး။ ငါတို့ပွဲ ပျက်..."
သူပြောလို့မပြီးခင်မှာပဲ...
ချန်းလျိုယွဲ့လက်ဝါးထဲက ဆေးသုံးလုံးကို မြင်ပြီး အေးခဲသွား၏။