ထိပ်တန်းအဆင့် ချပ်ဝတ်
Vol. 13 Ch. 191
"အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံး..."
ထျန်းရှီဂျွန် ချန်းလျိုယွဲ့ကို မယုံကြည်နိုင်သည့်မျက်လုံးတွေဖြင့် ကြည့်လိုက်၏။ ထို့နောက် သူမလက်ထဲရှိ စိတ်ဝိညာဥ်ဆေးသုံးလုံးကို ကြည့်လိုက်သည်။
သူ့မျက်နှာက မယုံကြည်နိုင်မှုတွေ အပြည့်ပင်။
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ အဆင့် ၃ စိတ်ဝိညာဥ်ဆေးအားလုံးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှ လာတာဖြစ်သည်။
သူ့ရှေ့ရှိ ဤစိတ်ဝိညာဥ်ဆေးလုံးတွေကို အရင်က တစ်ခါမှမမြင်ဖူးပေ။
ထိုအရာတွေက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှ မဟုတ်တာသေချာ၏။
စုရှန်ချွမ်း လည်း အံ့အားသင့်နေခဲ့သည်။
"ငါတို့ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက မဟုတ်ဘူးပဲ။ ဒုဥက္ကဠချန်း ဒါတွေ နင်ဘယ်ကရလာတာလဲ..."
ဤအရာက ကိစ္စသေးသေးလေး မဟုတ်ပေ။
ထိုအရာက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ နောက်ထပ် ကြယ်သုံးလုံးဝိညာဥ်သခင်ရှိနေသေးသည်ကို ညွှန်ပြနေ၏။
ထိုသတင်းသာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမဆီရောက်သွားလျှင် သံသယရှိစရာမလိုအောင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားမည်ပင်။
ချန်းလျိုယွဲ့ ဂုဏ်ယူစွာပြောလိုက်သည်။
"ဘာလဲ, ဒုဥက္ကဠစုက ငါတို့ဧည့်သည်ရဲ့ အတွင်းရေးတွေကို စုံစမ်းချင်နေတာလား...."
ထိုအရာက လေလံအိမ်မှာ ကန့်သတ်ချက်တစ်ခုပင်။
မည်သည့်ဖောက်သည်၏အတွင်းရေးအချက်အလက်မဆို သက်ဆိုင်ရာ ဒုဥက္ကဠသာ သိခွင့်ရှိ၏။
အခြားလူတွေကို စုံစမ်းဖို့ အပြင်းအထန် တားမြစ်ထား၏။
မဟုတ်လို့ ဖောက်သည်တစ်ယောက်၏အထောက်အထား ပေါက်ကြားသွားလျှင် အနည်းဆုံးက နှောက်ယှက်ခံရမှာဖြစ်ပြီး အဆိုးဆုံးကတော့ အသတ်ခံရမှာပဲဖြစ်သည်။
လေလံအိမ်က ထိုအရာကို တာဝန်မယူနိုင်ပေ။
ထျန်းရှီဂျွန် စုရှန်ချွမ်းကို တင်းမာစွာကြည့်လိုက်သည်။
"ဒုဥက္ကဠစု, မင်းက အတွေ့အကြုံရှိတဲ့သူဖြစ်ပြီး ဒီစည်းမျဥ်းကို ခုချိန်ထိနားမလည်သေးဘူးလား...."
"ငါတို့လေလံအိမ်က ပစ္စည်းတွေကိုပဲ အသိအမှတ်ပြုတာ။ လူတွေကိုမဟုတ်ဘူး..."
သူလည်း ဤဆေးတွေဖော်စပ်သည့်လူကို အတော်သိချင်နေသော်လည်း စည်းမျဥ်းတွေရှိနေ၍ ဥက္ကဠတစ်ယောက်အနေဖြင့်တောင် ဖောက်ဖျက်လို့မရပေ။
စုရှန်ချွမ်း အဆူခံရပြီးနောက် စိတ်ထဲမှာ မကျေမနပ်ခံစားလိုက်ရ၏။
ထိုကြောင့် စိတ်ဝိညာဥ်ဆေးလုံးတွေကိုကြည့်ပြီး ပြောလိုက်သည်။
"အဆင့်သုံး ဆေးလုံးဖြစ်တိုင်း ပစ္စည်းကောင်းဟုတ်မနေဘူး..."
"အကျိုးသက်ရောက်မှုက မသင့်တော်ရင် ဘယ်သူမှ ဝယ်မှာမဟုတ်ဘူး...."
ဒါက...
ချန်းလျိုယွဲ့လည်း မနေနိုင်ပဲ စိုးရိမ်သွား၏။
သူပြောတာ မမှားပေ။
အဆင့် ၃ က ပိုမြင့်မားသည့်အဆင့်ကို ညွှန်ပြနေရုံသာဖြစ်သည်။ အာနိသင်မရှိလျှင် လူနည်းစုလောက်ပဲ ၎င်းတို့ကို ဝယ်ချင်မည်ဖြစ်သည်။
ဂျန်ဖန်းသန့်စင်ခဲ့တာ ဘယ်လိုဆေးလုံးမျိုးလဲဆိုတာ သူမမသိပေ။
ထျန်ရှီဂျွန်အာရုံက ဆေးလုံးတွေပေါ်မှာရှိနေပြီး သိချင်စွာဖြင့်ပြောလိုက်သည်။
"ဒါတွေက အဆင့် ၃ ဆေးလုံးတွေဖြစ်မှတော့ သဘာဝအတိုင်း ကောင်းကောင်းတန်ဖိုးဖြတ်သင့်တယ်...."
သူက တစ်လုံးကို ကောက်ယူလိုက်၏။
ထို့နောက် မယုံနိုင်လောက်အောင် အဖိုးတန်သည့် မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းက လက်ဝါးအရွယ် သုံးချောင်းထောက်ကျောက်စိမ်းအိုးတစ်ခုဖြစ်ပြီး ပတ်ပတ်လည်၌ မရေမတွက်နိုင်သည့်စာလုံးတွေထွင်းထုထား၏။
ထျန်ရှီဂျွန် ဆေးလုံးကိုအထဲထည့်လိုက်၏။ ထို့နောက် စိတ်ဝိညာဥ်စွမ်းအားထည့်ကာ စားလုံးတွေကို အသက်သွင်းလိုက်၏။
မကြာခင်မှာပဲ သုံးချောင်းထောက်ကျောက်စိမ်းအိုးက ညင်သာစွာ စတင်လည်ပတ်လာ၏။
စားလုံးတွေက ပုံမှန်မဟုတ်စွာ တောက်ပလာပြီး ဆေးလုံးကို အကဲဖြတ်နေသကဲ့သို့ပင်။
ချန်းလျိုယွဲ့ စိုးရိမ်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။
ဆေးလုံးသုံးလုံးသာ တန်ဖိုးမြင့်နေခဲ့လျှင် သူမက စုရှန်ချွမ်းကိုကျော်ပြီး ဤတစ်ချိန်၌ အမြင့်ဆုံးလေလံပစ္စည်းနှင့် ဒုဥက္ကဠဖြစ်ပြီပင်။
ဥက္ကဠအနားယူသွားသည့်အချိန်၌ ထိုရာထူးကိုလက်လွဲယူဖို့ သူမမှာ အခွင့်အရေးရှိပြီပဲဖြစ်သည်။
သို့ပေမယ့် စုရှန်ချွမ်း အထင်မကြီးပဲ ယုံကြည်မှုရှိရှိပြောလိုက်သည်။
"ဘာပစ္စည်းကောင်းဖြစ်နိုင်မှာမိုလို့လဲ။ ငါ့ရဲ့ အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံးထက်ပိုကောင်းနိုင်မှာမိုလို့လား...."
"ဒါက လက်ရှိမှာ လူစိတ်ဝင်စားမှုအများဆုံး ဆေးလုံးပဲ..."
ခရက်!
သုံးချောင်းထောက်ကျောက်စိမ်းအိုးလေးက ဖြည်းညင်းစွာပဲ ရပ်တန့်သွားခဲ့သည်။
စာလုံးတွေက လေထဲ၌ စာသားတစ်ခုကို ပြသလိုက်၏။
"ပြန်လည်ကုသဆေး၊ အဆင့် ၃ ဆေးလုံး။ ရှေးဟောင်းကုသဆေးလုံးကိုမျိုးထဲက တစ်လုံး...."
"အတွင်းဒဏ်ရာတွေ၊ အရိုးကျိုးတာတွေနဲ့ ပြင်ပဒဏ်ရာတွေကို ကုသနိုင်တယ်...."
"အံ့အားသင့်စရာကောင်းသည့်တန်ဖိုးရှိပြီး ကောင်းကင်အဆင့်အဖြစ် သတ်မှတ်နိုင်သည်။"
လူတိုင်း ကြောင်အသွားကြ၏။
သူတို့အားလုံး၏ မျက်နှာတွေက မယုံကြည်နိုင်မှုတွေအပြည့်ပင်။
လေလံအိမ်ရတနာတွေကို အဆင့် ၄ ဆင့် ခွဲခြားထား၏။
"ကောင်းကင်အဆင့်၊ မြေကြီးအဆင့်၊ အံ့ဖွယ်အဆင့် နှင့် အဝါရောင်အဆင့်တို့ပဲဖြစ်သည်။
၎င်းတို့ထဲ၌ အဝါရောင်အဆင့်ရှိသည့်ပစ္စည်းက လေလံတင်ဖို့ အရည်အချင်းပြည့်မှီရုံသာရှိ၏။
အံဖွယ်အဆင့်ကတော့ ကျော်ကြားသည့်လေလံပစ္စည်းတွေဖြစ်ကြသည်။
မြေကမ္ဘာအဆင့်ကတော့ ပုံမှန်အားဖြင့် နောက်ဆုံးပစ္စည်းတွေဖြစ်ကြ၏။
ကောင်းကင်အဆင့်ကတော့ သဘာဝအတိုင်း နောက်တကာ့နောက်ဆုံး ပစ္စည်းပင်ဖြစ်သည်။
သို့ပေမယ့် ၎င်းတို့က အတော်ရှားပါးပြီး လေလံပွဲ ၁၀ ပွဲမှာ တစ်ပွဲလောက်သာ မြင်ရ၏။
ဆံထွေးခက်ခက်ခဲခဲမြိုချလိုက်ပြီး ထျန်ရှီဂျွန် ပြောလိုက်သည်။
"ဒုဥက္ကဠချန်း, မင်းအတိအကျ..."
သူတောင်မှ တစ်ဖက်လူအကြောင်းစုံစမ်းပြီး စည်းမျဥ်းချိုးဖောက်လုနီးပါးပင်။
ဤဆေးလုံးက အတော်အံ့အားသင့်ဖို့ကောင်း၏။
ရှေးဟောင်းကုသဆေးကိုးမျိုးထဲမှ တစ်မျိုး....
ကောင်းကင်အဆင့်...
စုရှန်ချွမ်းအိုမင်းသည့်မျက်လုံးတွေ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေခဲ့၏။
ဤဆေးလုံး၏အကျိုးသက်ရောက်မှုက ကောင်းကင်ဘုံစယန္ဒယားခန်းမမှ ဆေးလုံးထက် အဆများစွာ ပိုကောင်း၏။
ချန်းလျိုယွဲ့ သူမ၏အနီရောင်နှုတ်ခမ်းလေးကိုကာလိုက်ပြီး မျက်လုံးတွေထဲမှာ တုန်လှုပ်မှုတွေ အပြည့်ပင်။
သူမတွေ့ခဲ့တာ ဘယ်လို ဝိညာဥ်သခင်မျိုးပါလိမ့်....
အချိန်အတော်ကြာ ပျောက်ရှုံးနေသည့် စိတ်ဝိညာဥ်ဆေးလုံးကိုတောင် သန့်စင်နိုင်၏။
ထို့နောက် အံ့အားသင့်သည့်မျက်နှာဖြင့် သူမက ပြောလိုက်သည်။
"ဒါဆို, ဒီဆေးလုံးကို ဘယ်လိုကိုင်တွယ်သသင့်လဲ....."
အသိပြန်ဝင်လာပြီး ထျန်ရှီဂျွန်မျက်နှာ သဘောကျမှုတွေပြသလာ၏။
"မေးဖို့လိုသေးလို့လား...."
"သဘာဝအတိုင်း ဒုတိယနောက်ဆုံးလေလံပစ္စည်းပေါ့..."
"ဒါကို အခြားကောင်းကင်အဆင့် လေလံပစ္စည်းနဲ့အတူလေလံတင်မယ်...."
နံပါတ်တစ် သီးသန့်ခန်း၌....
ဂျန်ဖန်းနှင့် လျိုချင်းရှန် ပြင်းရိစွာစောင့်နေကြပြီး နောက်ဆုံးမှာတော့ လေလံပွဲစတင်တာကိုမြင်လိုက်ကြ၏။
စုရှန်ချွမ်း အပြုံးတစ်ခုနှင့် စင်ပေါ်တက်လာ၏။
"မိတ်ဆွေတို့, လှည့်လှည်လေလံပွဲကနေ ကြိုဆိုပါတယ်...."
"စည်းမျဥ်းဟောင်းတွေအတိုင်းပဲ ပထမဆုံးလေလံပစ္စည်းကို ငါကပဲ လေလံတင်သွားမှာပါ...."
သူက မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်၏။
ထိုအရာက ကြီးမားတောက်ပသည့်ဓားမော့ကြီးတစ်လက်ဖြစ်ပြီး အဆင့်က ထိပ်တန်းအဆင့်ဖြစ်၏။
"အံ့ဖွယ်အဆင့် လေလံပစ္စည်း, အဆင့်မြင့်ရတနာဓား။ ကြမ်းခင်းလေလံဈေး- သလင်းကျောက်တစ်ထောင်...."
ဂျန်ဖန်း အနည်းငယ် စုပ်သပ်လိုက်၏။
"ဒါက နေ့ခင်ကြောင်တောင်ကြီး ဓားပြတိုက်နေတာပဲ။ အလယ်အလတ်အဆင့် မှော်ရတနာက သလင်းကျောက်နှစ်ရာပဲတန်တာ။ အဆင့်မြင့်က တစ်ထောင်တဲ့လား..."
လျိုချင်းရှန် ဤကဲ့သို့ကိစ္စတွေကို ကျင့်သားရနေပြီး ပြောလိုက်သည်။
"အဆင့်မြင့်နဲ့ အလယ်အလတ်အဆင့်က မတူဘူး။ အဲ့နှစ်ခုရဲ့ခြားနားချက်က မိုးနဲ့မြေလိုပဲ...."
"တစ်ထောင်က နည်းတယ်လို့တောင်ပြောလို့ရတယ်။ ကြည့်နေပါ, နောက်ဆုံးဈေးက နင်စိတ်ကူးထားတာထက်ပိုများနေလိမ့်မယ်...."
တကယ်?...
ဂျန်ဖန်းက အမြဲတမ်း အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်တွေသာ သုံးခဲ့၏။
အဆင့်မြင့်နှင့် ၎င်းတို့ကြားက ကွာခြားချက်က ဤလောက်တောင်ကြီးသည်လား...
မကြာခင် လေလံဆွဲတာ စတင်လိုက်၏။
ဂိုဏ်းအသီးသီးမှပါရမီရှင်တပည့်တွေနှင့် မိသားစုများစွာမှ သိုင်းပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် လေလံဆွဲကြ၏။
နောက်ဆုံးမှာတော့ ၎င်းက သလင်းကျောက် ငါးထောင်ကို ရောက်ရှိသွားခဲ့သည်။
"အဆင့်မြင့်မှော်ရတနာတစ်ခုက ဒီလောက်တောင် တန်တယ်ပေါ့..."
ဂျန်ဖန်း နောက်ဆုံးမှာတော့ မျက်ဝါးထင်ထင်မြင်လိုက်ရ၏။
လျိုချင်းရှန်ပြောလိုက်သည်။
"ဒါတောင်, ဓားမော့သုံးတဲ့လူ အနည်းငယ်ပဲရှိလို့။ ဒါသာ ဓားတစ်ချောင်းဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတစ်သောင်းလောက်ရတယ်..."
ဟစ်...
ဂျန်ဖန်း တိတ်တဆိတ် အံ့သြသွား၏။
အဆင့်မြင့်မှော်ရတနာက အတော်ဈေးကြီးတာပဲဖြစ်သည်။
သူ့နောက်ကျောရှိ ဝိညာဥ်အဆင့်မှော်လက်နက်ဖြစ်သည့် ခရမ်းဓားဆိုလျင် ဘယ်လောက်တောင်တန်လိမ့်မလဲဆိုတာ သိချင်နေခဲ့သည်။
စုရှန်ချွမ်း ဓားတန်ဖိုးကြောင့် အတော်လေးကျေနပ်နေ၏။
ထိုနောက် ချန်းလျိုယွဲ့ စင်မြင့်ပေါ်တက်လာပြီး ချပ်ဝတ်တစ််ခုလေလံတင်လိုက်၏။
ချိုသာသည့်အသံ လှပသည့်အသွင်ဖြင့် သူမက ပြောလိုက်သည်။
"ဒါက မြေကမ္ဘာအဆင့် လေလံပစ္စည်းဖြစ်တဲ့ ထိပ်တန်းအဆင့် ချပ်ဝတ်ပါ..."
"အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ အောက်က တိုက်ခိုက်မှုတွေကို ခုခံနိုင်တယ်..."
"ဒီလိုသားရဲလှိုင်းကာလအတွင်းမှာ အမြုတွေဖွဲ့စည်းခြင်းအဆင့်ရှိတဲ့သားရဲတွေဆိုတာ အများကြီးပဲ။ ဒီချပ်ဝတ်ရှိနေတာက လူကြီးမင်းတို့အတွက် ပိုလုံခြုံမှုရှိစေမှာပါ...."
ပရိတ်သတ် စိတ်လှုပ်ရှားမှုကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏။
"ဒုဥက္ကဠချန်းက အတော်ရဲရင့်တာပဲ။ အဖွင့်ကို မြေကမ္ဘာအဆင့်လေလံပစ္စည်းနဲ့ စတင်လာတယ်..."
"ကြည့်ရတာ သူမလက်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးရှိပုံပဲ။ မဟုတ်ရင် မြေကမ္ဘာအဆင့်ပစ္စည်းနဲ့ စရဲမှာမဟုတ်ဘူး...."
လေလံတင်သူတိုင်းက လူအုပ်၏ စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့ အဆင့်မြင့်ပစ္စည်းနှင့်သာ စတင်ကြ၏။
သို့ပေမယ့် မြေကမ္ဘာအဆင့်ပစ္စည်းနှင့် စတင်တာက လူတွေကို အုတ်အုတ်ကြက်ကြက်ဖြစ်သွားစေခဲ့သည်။
"ဒုဥက္ကဠချန်း, ကြမ်းခင်ဈေး ဘယ်လောက်လဲ၊ ဒါကို အသင်္ချေဓားဂိုဏ်းက လိုချင်တယ်...."
လူအုပ်ထဲမှ...
အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲတစ်ယောက်က မစောင့်နိုင်တော့ပေ။
အကြီးအကဲတစ်ယောက်ကိုတောင် ငြိမ်ငြိမ်ထိုင်မနေနိုင်စေသည့်အချက်ကိုကြည့်ခြင်းအားဖြင့် ဤပစ္စည်း ဘယ်လောက်လူကြိုက်များလဲဆိုတာပြသနေတာပဲဖြစ်သည်။
ချန်းလျိုယွဲ့ ကြင်နာစွာပြောလိုက်သည်။
"ဒါက အတော်ရှားတဲ့ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်ပါ။ ဈေးကွက်ပေါက်ဈေးနဲ့ စလိုက်ပါ့မယ်...."
"သလင်းကျောက်နှစ်သောင်း..."
ဂျန်ဖန်းမျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။
သူက ကာကွယ်ရေးချပ်ဝတ်၏ အကျိုးကျေးဇူးတွေကို တွေ့ကြုံဖူး၏။
သလင်းဖြူသားရဲနှင့်ရင်ဆိုင်တုန်းက အံဖွယ်သွေးကြောသံမဏိချပ်ဝတ်က အရေးပါသည့်နေရာမှာ ရှိခဲ့၏။
ထို့ပြင် ထိုအရာက အလယ်အလတ်အဆင့် မှော်ရတနာသာဖြစ်သည်။
ယခု သူ့ရှေ့ရှိအရာက ထိပ်တန်းအဆင့် ကာကွယ်ရေးချပ်ဝတ်ဖြစ်၏။
သူက ဘယ်လိုလုပ်ပြီး မဝယ်ချင်ပဲ နေမည်နည်း။
သို့ပေမယ့် နောက်တစ်ခဏ၌ ဂျန်ဖန်း လျှာလိပ်သွား၏။
ကြွယ်ဝမှုဆိုတာ ဘာလဲဆိုတာ သူက မျက်ဝါးထင်ထင်တွေ့လိုက်ရ၏။
"သလင်းကျောက် သုံးသောင်း..."
"လေးသောင်း..."
"ငါးသောင်း...."
"ခြောက်သောင်း...."
တစ်ခဏအတွင်းမှာပဲ ဈေးနှုန်းက သလင်းကျောက် ခြောက်သောင်းကို ရောက်ရှိသွားခဲ့သည်။
ထိုအရာက ဈေးကွက်ပေါက်ဈေးထက် သုံးဆပင်ပိုနေပြီဖြစ်သည်။
"ခုနှစ်သောင်း, ဧရာမဂိုဏ်းက လိုချင်တယ်..."
ဧရာမဂိုဏ်းမှ အကြီးအကဲတစ်ယောက် ပြတ်သားစွာပဲ အမြင့်ဆုံးဈေးခေါ်လိုက်သည်။
ထိုအရာကိုမြင်သည့်အခါ အခြားလေလံဆွဲသူတွေ လက်လျော့လိုက်ကြ၏။
ချန်းလျိုယွဲ့ အတော်လေး ပျော်ရွင်သွား၏။
ပုံမှန်ဆို သုံးသောင်းနှင့်တောင် ရောင်းဖို့ခက်၏။
သို့ပေမယ့် သားရဲလှိုင်းရောက်လာတော့မည်ဖြစ်၍ အသက်ကယ်ပစ္စည်းတွေ၏ဈေးက မိုးပေါ်ခုန်တက်သွားတာပဲဖြစ်သည်။
"ခုနှစ်သောင်း တစ်ကြိမ်..."
"ခုနှစ်သောင်း နှစ်ကြိမ်..."
"ခုနှစ်သောင်း...."
သူမ တူထုတော့မည့်အချိန်မျာပဲ...
နံပါတ် ၁ အခန်းမှ တည်ငြိမ်သည့်အသံထွက်ပေါ်လာခဲ့သည်။