← Chapters

လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်ကြောင့် သွေးရူးသွေးတန်းဖြစ်ကုန်ခြင်း

Vol. 13 Ch. 192

လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်ကြောင့် သွေးရူးသွေးတန်းဖြစ်ကုန်ခြင်း

Vol. 13 Ch. 192

"ရှစ်သောင်း..."

ဂျန်ဖန်း ကျောက်စိမ်းခြင်္သေ့ရုပ်လေးကိုကိုင်ပြီး ပြောလိုက်သည်။

လျိုချင်းရှန် အံ့အားသင့်သွား၏။

"နင်ရူးနေလား... ဒါအတွက် သလင်းကျောက် ရှစ်သောင်းသုံးတယ်...."

သလင်းကျောက် ၈ သောင်းဆိုတာ ဘာကို ဆိုလိုသနည်း။

အကြီးအကဲတစ်ယောက်တောင် ထိုပမာဏသုံးလျှင် အလွန်အမင်းနာကျင်သွားမည်ဖြစ်သည်။ သို့ပေမယ့် ဂျန်ဖန်းကတော့ တွေဝေမနေခဲ့ပေ။

ထို့ပြင် သူဝယ်နေသည့်အရာက ကာကွယ်ရေးချပ်ဝတ်တစ်ခုဖြစ်သည်။

မှော်ရတနာများစွာထဲ၌ ကာကွယ်ရေးချပ်ဝတ်က တန်ဖိုးအနည်းဆုံးပင်။

ဤပမာဏနှင့် စွမ်းအားကြီး တိုက်ခိုက်ရေးရတနာတစ်ခုဝယ်လိုက်တာကမှ ပိုကောင်းသေး၏။

ဂျန်ဖန်း တည်ငြိမ်စွာပြန်ပြောလိုက်သည်။

"သားရဲလှိုင်းနဲ့ရင်ဆိုင်ရင် မရေမတွက်နိုင်သားရဲတွေကို သတ်တာက ဒုတိယပဲ..."

"ကိုယ့်အသက်ကို ကာကွယ်တာကမှ အဓိက..."

"အသက်အတွက် သလင်းကျောက် ၈ သောင်းသုံးတာ ငါတော့ တန်တယ်ထင်တယ်...."

သူ့စိတ်ထဲ၌...

ထိုအရာက ပြန်လည်ကုသဆေးတွေထက်တောင် ပိုအရေးကြီး၏။

လျိုချင်းရှန် ငြင်းခုန်မနေတော့ပဲ နာကျင်သည့်အမူအရာသာ ပြသနိုင်၏။

"နင်က တကယ်ပဲ ပိုက်ဆံကို ပိုက်ဆံလို မဆက်ဆံဘူးပဲ...."

အောက်ရှိလူတွေကြား၌ ဆူညံသံတွေ ပွက်လောရိုက်ကုန်၏။

"နံပါတ်တစ်အခန်းထဲက ဘယ်သူလဲ? ဧရာမဂိုဏ်းအကြီးအကဲနဲ့တောင် လေလံပြိုင်ဆွဲရဲတယ်။ ဧရာမဂိုဏ်း ဘယ်လောက်မောက်မာလဲဆိုတာ မသိဘူးလားမသိဘူး...."

"နံပါတ်တစ် အခန်းနဲ့ပတ်သက်ပြီး မင်း နားလည်မှုများလွဲနေတာလား...."

"နံပါတ်တစ်အခန်းကို ရနိုင်မှတော့ သူတို့ကလည်း ဂိုဏ်းအကြီးအကဲတွေ ဒါမှမဟုတ် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ဖိတ်ခေါ်ထားတဲ့ဧည့်သည်ဖြစ်မှာပေါ့...."

"မင်းမေးသင့်တာက ဧရာမဂိုဏ်းက နံပါတ်တစ်အခန်းကလူကို ဆန့်ကျင်ရဲလားဆိုတာပဲ...."

အသေအချာပင်။

ဧရာမဂိုဏ်းအခန်း တစ်ခဏငြိမ်သွား၏။ ထို့နောက်အသက်ရွယ်ကြီးသည့်အသံတစ်ခု ထွက်ပေါ်လာ၏။

"နံပါတ်တစ် အခန်းက မိတ်ဆွေ, ငါတို့ဧရာမဂိုဏ်းက ဒီချပ်ဝတ် မင်းကို ပေးလိုက်မယ်...."

ဂျန်ဖန်း စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

နံပါတ်တစ်အခန်းက အမှန်တကယ်ပင် သူ့ပိုက်ဆံအများကြီကို ကယ်တင်ခဲ့၏။

ထိုသို့သာမဟုတ်လျှင် တစ်ဖက်လူက ဤမျှလောက်လွယ်လွယ်ကူကူလက်လျော့မှာ မဟုတ်ပေ။

ဈေးက တစ်သိန်းကိုတောင်ကျော်သွားနိုင်တာပဲဖြစ်သည်။

ချန်းလျိုယွဲ့ ချပ်ဝတ်အား နံပါတစ်အခန်းသို့ ပျော်ရွင်စွာဖြင့် ယူလာခဲ့လိုက်သည်။

"သခင်လေးဂျန်, နင့်ရဲ့အားပေးမှုတွက် ကျေးဇူးတင်ပါတယ်...."

ဂျန်ဖန်း ပြုံးပြီး သလင်းကျောက်တုန်ကင်ကို ထုတ်ယူလိုက်၏။

မူလတုန်းက သူအနည်းငယ်နာကျင်မှုခံစားရ၏။

သို့ပေမယ့် ဤပိုက်ဆံတွေက မြင့်မြတ်အကြီးအကဲဆီမှ ညစ်လာတာကိုတွေးပြီး ချက်ချင်းပဲ စိတ်သက်သာယာရသွားခဲ့သည်။

သူက မြင့်မြတ်အကြီးအကဲပိုက်ဆံတွေကို သုံးနေခြင်းသာဖြစ်သည်။

ဘာကြောင့် နာကျင်ရမည်နည်း။

သလင်းကျောက်တုန်ကင်ကိုမြင်သည့်အခါ ချန်းလျိုယွဲ့ မနေနိုင်ပဲ တိတ်တဆိတ် အံ့သြသွား၏။

ဂျန်ဖန်းက အမှန်တကယ်ကို ထူးခြားသည့်လူတစ်ယောက်ပင်။ သလင်းကျောက်တုံကင်လိုပစ္စည်းမျိုးတောင် ရှိနေခဲ့သည်။ ထိုအရာက အကြီးအကဲတွေ၊ ဂိုဏ်းချုပ်တွေ၊ ဒါမှမဟုတ် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမစီနီယာတွေသာသုံးနိုင်သည့် ပစ္စည်းဖြစ်သည်။

သူမ ဂရုတစိုက်လက်ခံလိုက်ပြီး သလင်းကျောက်နှစ်သောင်းနှင့်ပြန်ပေးလိုက်သည်။

ထို့နောက် ချပ်ဝတ်ကိုထားခဲ့ပြီး ပြန်ထွက်လာခဲ့လိုက်သည်။

နောက်ဆက်တွဲလေလံပစ္စည်းတွေက ပထမတစ်ခုကဲ့သို့ စိတ်လှုပ်ရှားစရာ မကောင်းပေ။

ထို့ကြောင့် သူက လေလံမဆွဲတော့ပေ။

ချန်းလျိုယွဲ့ လေပြင်းပုလဲယူလာသည့်တိုင်အောင်ပင်....

လေလံအိမ်က စိတ်လှုပ်ရှားမှုကြောင့် နောက်တစ်ကြိမ် အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏။

"ဒါ လေပြင်းပုလဲပဲ။ ခြေတစ်လှမ်းတည်းနဲ့ ၁၀ ကိုက်ရောက်နိုင်တယ်...."

"ဒါက အတော်ရှားပါးတဲ့ ကောင်းကင်နဲ့မြေကြီးရတနာပဲ...."

"သားရဲလှိုင်းနဲ့ရင်ဆိုင်တဲ့အခါ ဒါက အသက်ကယ်နတ်ဘုရားရတနာပဲ..."

"သလင်းကျောက် တစ်သောင်း၊ ငါ့ဟွမ်းမိသားစု လိုချင်တယ်...."

"အိမ်မက်မက်နလိုက်။ ပုံမှန်ချိန်မှာတောင် မင်းက သလင်းကျောက်တစ်သောင်းနဲ့ မရနိုင်ဘူး။ ယခုလိုမျိုး သားရဲလှိုင်းရောက်လာတော့မယ့်အချိန်မှာ မင်းက ဒါကို သလင်းကျောက် တစ်သောင်းနဲ့ရနိုင်မယ်ထင်နေတာလား....."

မျှော်လင့်ထားသည့်အတိုင်းပင်။

ချန်းလျိုယွဲ့ စဈေး တစ်သောင်းကို ကြေညာပြီးနောက်...

ဂိုဏ်းအမျိုးမျိးနဲ့ မိသားစုတွေ ကြေးမြင့်မြင့်ပေးပြီး လေလံဆွဲလာကြသည်။

နောက်ဆုံးမှာတော့ တူရိုက်သံသုံးကြိမ်ထွက်ပေါ်လာခဲ့၏။

"ဧရာမးဂိုဏ်း, သလင်းကျောက်နှစ်သောင်း။ ဂုဏ်ယူပါတယ်...."

လျိချင်းရှန် ရေရွတ်လိုက်၏။

"ဒါက တကယ်ပဲ သလင်းကျောက်နှစ်သောင်းနဲ့ရောက်ထွက်သွားတာပဲ..."

သူမက သူမလည်ပင်းရှိ လေပြင်းပုလဲကို ကိုင်ကြည့်လိုက်သည်။

ဂျန်ဖန်းကို မကြည့်ပဲမနေနိုင်ဖြစ်လာပြီး သူမနှလုံးသားနှင့် မျက်လုံးတွေထဲ၌ ချိုမြိန်မှုတွေရှိနေခဲ့သည်။

ခဏကြာပြီးနောက်...

ချန်းလျိုယွဲ့ သလင်းကျောက် သောင်းကိုးထောင်ဖြင့် ရောက်လာခဲ့သည်။

"သခင်လေးဂျန်, အခြားလူတွေကို ကော်မရှင်ခ ၁၀ ရာခိုင်နှုန်းယူပါတယ်။ ဒါပေမယ့် သခင်လေးဆီက ၅ ရာခိုင်နှုန်းပဲ ယူဖို့ ကျွန်မ ဥက္ကဠကို ပြောခဲ့ပါတယ်...."

ထိုအရာက သလင်းကျောက်တစ်ထောင် သက်သွာသွားစေခဲ့သည်။

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

"ကျေးဇူးတင်ပါတယ်...."

လေလံပွဲက နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီဖြစ်သည်။

နောက်လာမည့်ပစ္စည်းတွေက အလွန်တန်ဖိုးကြီးသည့်ရတနာတွေပဲဖြစ်သည်။

ဤသလင်းကျောက် သောင်းကိုးထောင်နှင့် သူက စိတ်ကျေနပ်သည်အထိ ပါဝင်နိုင်ခဲ့၏။

ဤတစ်ချိန် စုရှန်ချွမ်း စင်ပေါ်တက်လာရသည့်အလှည့်ပင်။

သူက ဆေးပုလင်းတစ်ခုကို ထုတ်ယူကာ ခေါင်းမော့ပြီး ပြောလိုက်သည်။

"ဒါက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ အဆင့် ၃ ဆေးလုံးဖြစ်တဲ့ စိတ်ဝိညာဥ်တစ်ရာဆေးလုံးပဲ..."

"ဒဏ်ရာဘယ်လောက်ပဲပြင်းထန်ပါစေ, နေ့ဝက်အတွင်းပျောက်ကင်းစေနိုင်တယ်...."

ပရိသတ် ချက်ချင်း တက်ကြွသွားကြသည်။

နတ်ဆိုးသားရဲတွေ၏ လက်သည်းတွေ၊ သွားတွေက သိုင်းပညာရှင်တွေ၏ပိန်းပါးသည့်ခန္ဓာကိုယ်တွေကို အလွန်အမင်းသေစေနိုင်၏။

ဤကဲ့သို့နေ့ဝက်အတွင်းပျောက်ကင်းစေနိုင်သည့် ဆေးလုံးမျိုးက အသက်ကယ်ဆေးတွေပဲဖြစ်ကြသည်။

အထူးသဖြင့် အန္တရာယ်တွေဖြင့် ပြည့်နှက်နေသည့်ပတ်ဝန်းကျင်မှာပင်။ ဆေးလုံးတိုင်းက အသက်တစ်ဝက်နှင့်ညီမျှ၏။

"အကြီးအကဲစု, ငါတို့အားလုံး စိတ်ဝိညာဥ်တစ်ရာဆေးလုံးအကြောင်းသိတယ်။ လေလံဈေးကိုသာ ကြေညာပါတော့...."

နောက်တစ်ကြိမ် ဧရာမဂိုဏ်းအကြီးအကဲပင်။ သူက လွမ်းမိုးနိုင်သည့်အော်ရာဖြင့် ပြောလိုက်သည်။

စုရှန်ချွမ်း ဟက်ဟက်ပက်ပက် ရယ်လိုက်၏။

"ကောင်းပြီလေ, ငါ လေကြောရှည်မနေတော့ဘူး...."

"စိတ်ဝိညာဥ်တစ်ရာဆေးလုံး, ၁၀ လုံး၊ ကြမ်းခင်းလေလံဈေး သလင်းကျောက်တစ်ထောင်..."

သူ့ပါးစပ်မှ စကားတွေထွက်ပေါ်လာသည့်နှင့်တစ်ပြိုက်နက်...

ဧရာမအကြီးအကဲ အလျှင်အမြန်ပဲ ကြေညာလိုက်သည်။

"သလင်းကျောက်တစ်သောင်း..."

ဘာ?....

လူအုပ်ကြောင်အသွား၏။ အစကို တစ်သောင်းနှင့်စသွားသည်လား....

ဤအရာက များစွာသောအင်အားစုတွေကို နောက်ဆုတ်သွားစေခဲ့သည်။

ဆေးတစ်လုံးကို သလင်းကျောက်တစ်ထောင်တန်ဖိုးရှိ၏။

နံပါတ်တစ် အခန်းထဲ၌...

လျိုချင်းရှန် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"မြန်မြန်လေလံဆွဲ, ဂျန်ဖန်း...."

သူမအမြင်၌ ထိုအသက်ကယ်ဆေးလုံးတွေက မည်သည့်ချပ်ဝတ်ထက်မဆို ပိုလက်တွေ့ကျ၏။

ဂျန်ဖန်း နှုတ်ခမ်းမဲ့လိုက်သည်။

"ငါတို့က ဘာလို့ ဒီပစ္စည်းလိုမှာလဲ။ ငါ မင်းကို တစ်ပုလင်းပေးပြီးပြီမဟုတ်ဘူးလား...."

ပြန်လည်ကုသဆေး၏အာနိသင်က ထိုစိတ်ဝိညာဥ်တစ်ရာဆေးလုံးဟုခေါ်သည့်အရာထက် ဆယ်ဆပိုကောင်း၏။

လျိုချင်းရှန် ဆွံ့အသွား၏။

"ဒါပေမယ့် စိတ်ဝိညာဥ်တစ်ရာဆေးလုံးက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အဆင့် ၃ ဆေးလုံးလေ...."

"နင့်ဆေးလုံးတွေက ဒဏ်ရာကုနိုင်လို့လား..."

ဂျန်ဖန်း မျက်လုံးလှန်လိုက်၏။

"ဒါဆိုလည်း ပြန်ပေး...."

လျိုချင်းရှန် တစ်ဖက်လှည့်လိုက်ပြီး မကြားသလို ဟန်ဆောင်လိုက်သည်။

သူမက တီးတိုးပြောလိုက်သည်။

"နင်က လက်ဆောင်ကို ပြန်ပေးစေချင်တာလား။ ဆုတောင်းလေ...."

အောက်၌...

မရေမတွက်နိုင်သည့်လူတွေ သက်ပြင်းချလိုက်ကြ၏။ စိတ်ဝိညာဥ်တစ်ရာဆေး တစ်ပုလင်းလုံးကို ဧရာမဂိုဏ်းမှ ဝယ်သွားခဲ့သည်။

ထို့နောက် ချန်းလျိုယွဲ့ စင်မြင့်ပေါ်တက်လာခဲ့သည်။

သူမက ပြုံးလိုက်ပြီး လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်ကို ထုတ်ပြလိုက်၏။

"ကျွန်မထင်ပါတယ်။ ပါရမီရှင်တပည့်အများစုက ဒီပစ္စည်အတွက် ဒီနေရာကို ရောက်နေတာလို့..."

"ဟုတ်ပါတယ်, ဒါက ဒဏ္ဍာရီလာ လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်ပါပဲ။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်တဲ့ စိတ်ဝိညာဥ်ဆေးပေါ့...."

"အာနိသင်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ဆေးလုံးထက် သုံးဆပိုကောင်းတယ်..."

"အောင်မြင်နိုင်ခြေက ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်...."

ပစ္စည်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်...

ပါရမီရှင်တပည့်တွေ၏မျက်လုံးတွေ အရောင်တောက်လာကြသည်။ ထို့အတူ အကြီးအကဲတွေအားလုံးလည်း တက်ကြွလာကြ၏။

သူတို့က လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

ထိုအရာရခြင်းက သူတို့ဂိုဏ်းထဲမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်တစ်ယောက် တိုးသွားခြင်းပင်။

အဖိုးမဖြတ်နိုင်ပေ။

ချန်းလျိုယွဲ့ ညင်သာစွာပြုံးလိုက်သည်။

"ဒီပစ္စည်းက အရင်က တစ်ခါမှထွက်ပေါ်မလာဘူးတော့ ကြမ်းခင်းဈေးရယ်လို့ မရှိပါဘူး...."

"လူတိုင်း လွတ်လွတ်လပ်လပ် လေလံဆွဲနိုင်ပါတယ်..."

ထိုစကားသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်....

ဧရာမဂိုဏ်းအကြီးအကဲ အင်အားပြည့်ဖြင့် ကြေညာလိုက်သည်။

"သလင်းကျောက်တစ်သောင်း, ငါတို့ ဧရာမဂိုဏ်းက ဒါကိုလိုချင်တယ်...."

"ဟမ့်, တစ်သောင်းနဲ့ အမြုတေဖွဲ့စည်းခြင်းသိုင်းပညာရှင်တစ်ယောက်လိုချင်နေတယ်။ စိတ်ကူးယဥ်နေတာပဲ။ ငါ့အသင်္ချေဓားဂိုဏ်းက သလင်းကျောက်နှစ်သောင်းပေးတယ်...."

"စိတ်ဝိညာဥ်သားရဲဂိုဏ်းလည်း ဒါကိုလိုချင်တယ်။ သလင်းကျောက် နှစ်သောင်းသုံးထောင်...."

"မြင့်မြတ်ဂိုဏ်း, သုံးသောင်း...."

"ရမ္မဂိုဏ်း, သုံးသောင်းလေးထောင်...."

.....

မကြုံဖူးသည့်လေလံဆွဲမှုကြောင့် ချန်းလျိုယွဲ့ ကျေနပ်သွား၏။

လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်က မျှော်လင့်ထားသည်ထက် ပိုပြီး လူကြိုက်များနေခဲ့သည်။

နောက်ဆုံး, ပြင်းထန်သည့်လေလံဆွဲမှုအပြီး၌....

အသင်္ချေဓားဂိုဏ်းက သလင်းကျောက် ငါးသောင်းဖြင့် အနိုင်ရသွားခဲ့သည်။

နံပါတ်တစ်အခန်းထဲ၌....

လျိုချင်းရှန် အံ့အားသင့်နေခဲ့သည်။

"အရင်တုန်းက နင်ငါ့ကိုပေးတဲ့ဟာက အဲ့ဒါမဟုတ်လား...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

လျိုချင်းရှန် ဂျန်ဖန်းပုခုံးကိုဆုပ်ကိုင်ပြီး ထပ်ခါထပ်ခါ လှုပ်ယမ်းလိုက်သည်။

"နင်ရူးနေလား? ဒါက သလင်းကျောက် ငါးသောင်းတန်တဲ့ ရတနာလေ...."

"ငါ့ကိုပေးတာ ဖြုန်းတီးရာမရောက်ဖူးလား...."

သူမလက်ရှိခံစားနေရာတာကို ဖော်ပြလို့တောင်မရပေ။

ပျော်ရွင်နေပေမယ့် ပြောမပြနိုင်သည့် လေးလံမှုလည်းရှိနေခဲ့သည်။

ဂျန်ဖန်း ထူးဆန်းစွာပြုံးလိုက်သည်။

"မစိုးရိိမ်ပါနဲ့..."

"ခုထိမပြီးသေးပါဘူး...."

All Chapters